ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, August 30, 2014

စည်းရုံးလာတဲ့ ပရိုဂရမ်တွေ ။ ၁

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီ်း )
.
.
 ကျောင်းစ ဖွင့်တာဘယ်နှစ်ရက်မှမရှိသေးဘူး ကျောင်းသားကို စည်းရုံးတဲ့စာက အိမ်ကိုရောက်လာပြီ။ ကျောင်းသားကို ၂ဝ၁၅ နွေရာသီကျောင်းပိတ်ရက်မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီးထွက်လို့ရတယ်။ စာသင်ဖို့အစီအစဉ်လည်းပါတယ်။ ဆန်ဖရန်ပင်လယ်အော်ဒေသ အထက်တန်းကျောင်းသားချည်းစုပြီး ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံတွေ ရှာမှီးသင်ယူဖို့ တစ်ဒေသမှာ တစ်ခုတည်းရှိတဲ့ ဒေသန္တသရရှုခင်းတွေ စာသင်နှစ်ရဲ့နောက်ဆုံးအချိန်မှာ အလှည့်အပြောင်းခရီးသွားဖို့ နဲ့ ကိုယ်တိုင်ကိုယ်ကျလေ့လာနိုင်ဖို့ ဖိတ်ကြားတာဖြစ်တယ်လို့ရေးထားတယ်။ မိမိသားသမီးရဲ့ အချက်အလက်တွေအတွက် ကျောင်းသားမိဘ စိတ်မပူရလေအောင် သူတို့ကုမ္ပဏီရဲ့ လက်တွဲပါတနာဖြစ်တဲ့ The National Research Center for College and University Admissions ကနေ “ စွမ်း ” ရဲ့ လိပ်စာ ရရှိခဲ့တယ်လို့ ရှင်းပြထားပါတယ်။
.
.
---- စွမ်းဟာ ကျောင်းသားသံတမန် အနေနဲ့ ရွေးချယ်ခံရမှာဖြစ်ပြီး ပုံမှန်နဲ့မတူတဲ့ အထူးအခွင့်အရေးတွေနဲ့ ခရီးသွားခွင့်ရရှိမှာဖြစ်တယ်။ ပါဝင်ဆင်နွဲခြင်းဖြင့် နိုင်ငံပြင်ပမှာ မျက်စိပွင့် နားပွင့် ဖြစ်စေပြီး မိမိကိုယ်ကိုယ် တစ်ခြားကျောင်းသားတွေထက် ထူးကဲရပ်တည်နိုင်စေမှာဖြစ်တယ်။ ဒီကနေတစ်ဆင့် ကောလိပ်ရွေးချယ်ရာမှာဖြစ်ဖြစ်၊ ပညာသင်ဆု Scholarship လျှောက်ရာမှဖြစ်ဖြစ် ရင်ထဲ နှလုံးသားထဲမှာ ယုံကြည်မှု ကိန်းဝပ်စေလောက်အောင် စာသင်ချင်စိတ်၊ မိမိကိုယ်ကိုယုံကြည်စိတ် မြဲမြဲမြံမြံ ရရှိလာစေပါမယ်။
.
.
သူတို့ရဲ့ People to People အစီအစဉ်နဲ့အတူ
.
ကျောင်းသားဟာ နိုင်ငံတကာ ကျောင်းသားသံတမန်တစ်ဦးဖြစ်ခဲ့ဖူးတာကြောင့် ကောလိပ်ကျောင်း စဝင်တဲ့အခါ အများနဲ့ အသာလေး ယှဉ်ပြိုင်နိုင်ပါမယ်။
.
ဒီမြို့ ဒီနေရာ ဒီကောလိပ်မှာပဲ တက်နေတာထက်စာရင် တစ်ခြားဘဝတွေကို လေ့လာခြင်းအားဖြင့် ကွဲပြားခြားနားတဲ့ အတွေ့အကြုံသင်ခန်းစာကောင်းတွေ ရရှိပါမယ်။
.
ကမ္ဘာကို မြင်ကြည့်ရုံသာမက ဘဝတစ်ခုလုံးကိုပါ ပြောင်းလဲသွားစေတဲ့ အဆင့်မြင့် ဂုဏ်ထူးတန်းအတွေ့အကြုံတွေ ဆင့်ပွားပိုင်ဆိုင်နိုင်ပါမယ်။
.
ယုံကြည်မှုတိုးလာမယ်၊ ရင့်ကျက်လာမယ်၊ လွတ်လပ်မှုအခြေခံတဲ့ မိမိကိုယ်ကိုစောင့်ရှောက်တတ်မှုတို့ရရှိလာရုံမက ဆုပေးစံနစ်တွေကိုပါ နားလည်လာမယ် … စသဖြင့် ထပ်ရှင်းထားပါတယ်။
.
.
---- အစည်းအဝေးအတွက် စွမ်း ရဲ့ ထိုင်ခုံနေရာကိုဦးထားချင်ရင် www.ptprsvp.com/SwanHtut အင်တာနက်စာမျက်နှာမှာ စက်တင်ဘာ ( ၂ ) ရက်နေ့မတိုင်ခင် စာရင်ပေးသွင်းထားနိုင်ပါတယ်။ အွန်လိုင်းစာမျက်နှာမှာ သူတို့ရဲ့ ခေါင်းဆောင်အစီအစဉ် Program Leaders တွေ ဖတ်နိုင်သလို  ကျောင်းသားဟောင်းတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ မှတ်ချက်တွေကိုတော့ Facebook မှာ ဖတ်နိုင်ပါတယ်။
.
---- ဒီအစည်းအဝေးကို တက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မတူညီတဲ့ယဉ်ကျေးမှုကိုလေ့လာပြီး တစ်ကိုယ်ရေ ရင့်ကျက်ခြင်းဆိုင်ရာလှုပ်ရှားမှုများ နဲ့ စွမ်း ရဲ့ ပညာရေးအောင်မြင်မှုကို အထွဋ်အထိပ်ပို့ပေးနိုင်အောင် တစ်သက်မမေ့နိုင်တဲ့ စွန့်စားခန်းများက ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လာရောက်လေ့လာစေလိုပါတယ်။
.
စာပြီးတာနဲ့ အောက်မှာ ဥက္ကဋ္ဌ ဆိုပြီး သူ့နာမည် Jean-Paul Houlette , Head of Admissions for California လို့ထိုးထားကာ စွမ်းရဲ့ ဖိတ်စာနံပါတ်ကို ဖော်ပြထားတယ်။
.
.
---- ဒါဟာ ကျောင်းသားတွေကို ဝန်ဆောင်မှုရောင်းတဲ့ နောက်ဆုံးပေါ် ဈေးရောင်းတိုက်ကွက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တစ်မူထူးခြားတဲ့စာတွေလာထားပြီး အလျဉ်းသင့်သလို တင်ပြသွားပါမယ်။ ဘယ်တော့သွားမယ်၊ ဘယ်လောက်ကုန်ကျမယ်၊ သူတို့က ဘယ်လောက်စိုက်ပေးမယ်ဆိုတာတွေ မပါတာ မိတ်ဆွေများ သတိထားမိကြပါသလား။ ကျွန်တော်တို့ ငယ်ငယ်တုန်းက စာတော်ရင် လမ်းစဉ်လူငယ်လေ့လာရေးခရီးထွက်ရတဲ့ပုံစံပါပဲ။
.
.
---- စာအရေးအသားက ကော့- ပြန် - လန် နေလို့ မျက်စိလည်မသွားပါနဲ့။ စီးပွားရေးလုပ်နေတာပါ။ ပညာရေး ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်မျိုးပါ။ မတူတာက လမ်းစဉ်လူငယ်က အစိုးရအထောက်အပံ့နဲ့ စားရိတ်ငြိမ်းသွားရတာဖြစ်ပြီး ဒီဖိတ်စာက ဒေါ်လာ ထောင်ချီကုန်မယ့် ကိစ္စဖြစ်ပါတယ်။ ပြီးတော့ လမ်းစဉ်လူငယ်တုန်းက ပြည်တွင်းအစီအစဉ်ဖြစ်ပြီး အခုစာက ပြည်ပ ဖြစ်ပါတယ်။ အမေရိကားအထက်တန်းကျောင်းသားတွေကို တရုတ်ပြည်ပြန်သွားလေ့လာရမယ်ဆိုတာ တစ်ခုထူးဆန်းမနေဘူးလားနော်။
.
ဆက်ပြီးလေ့လာနိုင်ရန်
.
.

စည်းရုံးလာတဲ့ ပရိုဂရမ်တွေ ။ ၁ " စာမူသည် ၂ဝ၁၄ စက်တင်ဘာလ ( ၁၃ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၅၁ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။ 
Download Link : http://www.mediafire.com/download/t7ly8fkqaswu969/Vol._3,_No._51.pdf



No comments: