ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 5, 2015

အံ႕ၾသခ်က္ ( ၉ ) ေလာက္ရွိတဲ႕ နယူးေယာက္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
မတူညီတဲ႕ ေရေျမေဒသကေန လူတိုင္းၾကိဳက္တဲ႕ျမိဳ႕တစ္ျမိဳ႕ကိုေျပာင္းေရႊ႕ေနထုိင္တဲ႕အခါ ထူးျခားတဲ႕ယဥ္ေက်းမႈနဲ႕ နဖူးေတြ႕ဒူးေတြ႕ ျဖစ္လာရတယ္။ ေဆာင္းပါးရွင္ ထရာဗစ္လိုင္လီ - Travis Lyles ေျပာျပတာက
.
ဗာဂ်ီးနီးယားျပည္နယ္ နယူးေပါ႕နယူးစ္ျမိဳ႕ကေန ကြ်န္ေတာ္ထြက္ခဲ႕တယ္။ ျပည္နယ္ထဲမွာေတာ႕ အေတာ္ေသးတဲ႕ျမိဳ႕ေလးတစ္ျမိဳ႕လို႕ေျပာရမွာေပါ႕။ အခုဆို နယူးေယာက္ ကို ကြ်န္ေတာ္ေရာက္ေနတာ ( ၂ ) လရွိျပီ .. အေတြ႕အၾကံဳေတြက တကယ္႕အံ႕မခန္းပဲ..။
.
.
တကယ္ေတာ႕ နယူးေယာက္ဆုိတာ အျမဲမျပတ္လႈပ္ရွားေနတဲ႕ျမိဳ႕ၾကီးဗ်။ ၾကံဳရမယ္႕ေနရာအားလံုးမွာ အလ်င္အျမန္ဆံုးျဖတ္ခ်က္ခ်ႏိုင္ဖို႕လိုတယ္။ ဒါက ကြ်န္ေတာ္ေနခဲ႕တဲ႕ ေတာျမိဳ႕ေလးနဲ႕ကြာတဲ႕အခ်က္ပဲ။ နယူးေယာက္ျမိဳ႕ဟာ ကြ်န္ေတာ႕ကို အံ႕အားသင္႕ေစတယ္။
.
ကြ်န္ေတာ္ရဲ႕ဇိမ္ခံခံေနတတ္တဲ႕ဘဝေလးထဲကေန နယူးေယာက္ရဲ႕ေန႕ညေတြကို ခဏခဏ ထထၾကည္႕ရတယ္။ အမွန္က ဒီျမိဳ႕ၾကီးက ခင္မ်ားတို႕အေပၚမွာ တည္ထားတာဆိုရင္ ယံုႏုိင္မလား? ကိုယ္္တိုင္ခံစားၾကည္႕မိတဲ႕အခါ တိုးပြားလာတဲ႕ဒဏ္ရာေတြမွာ ေဝဒနာေတြအျပည္႕ပါပဲ။ အခုေတာ႕ အဲဒီအနာတရေတြမွာပဲ ကြ်န္ေတာ္အိမ္လုပ္ေနတတ္ေနပါျပီ။ ေျပာရရင္ အံ႕ၾသခ်က္က ( ၉ ) ေလာက္ရွိတယ္။

.
.
၁ ။။။။။။။။။။ ကုိယ္႕အလုပ္သာကုိယ္ ဂရုစုိက္တာ မရိုင္းပါ
.
ေတာင္ပိုင္းျပည္နယ္မွာေနခဲ႕တုန္းက တစ္ေယာက္နဲ႕တစ္ေယာက္ “ ေနေကာင္းလား? ” ၊ “ မင္းအလုပ္အကိုင္ေကာင္းတယ္မလား? ” ဆုိတာေတြနဲ႕ ႏႈတ္ဆက္ၾကတယ္။ ဒီအက်င္႕က နယူးေယာက္မွာ အလုပ္မျဖစ္ဘူးေလ။
.
လူေတြက တသီးပုဂၢလေနခ်င္ၾကတယ္။ သူတို႕သြားလိုတဲ႕ခရီးကို ဦးေခါင္းတစုိက္စုိက္ သြားေနတတ္ၾကတယ္။ သူတို႕က ခင္မ်ားကို ဂရုစိုက္မွာမဟုတ္ဘူး။ တစ္နည္းအားျဖင္႕ ခင္္မ်ားကိုရွိတယ္လို႕ကိုမထင္တာ။ ကိုယ္႕လမ္းကိုယ္ဆက္ေလွ်ာက္ေနၾကတာ နယူးေယာက္ပဲ။
.
ဒီလုိျဖစ္ေနလို႕ သူတုိ႕ကုိရုိင္းတယ္လို႕ေျပာလို႕မရဘူး။ သူတုိ႕မွာသြားစရာေနရာေတြရွိတယ္။ လုပ္စရာအလုပ္ေတြရွိေနတယ္။ ဒါကပံုမွန္ပဲ။
.
.
၂ ။။။။။။။။။။ ေနရာတိုင္းမွာ နားၾကပ္ေတြတပ္ထားၾကတယ္
.
ဒီျမိဳ႕ကိုေရာက္ေရာက္ခ်င္း နားၾကပ္တပ္ျပီးသြားေနသူေတြဘယ္ေလာက္ေတာင္ေတြ႕ခဲ႕ျပီးျပီဆုိတာ မမွတ္မိေတာ႕ဘူး။ လမ္းေလွ်ာက္ေနသူေတြကလည္း နားၾကပ္နဲ႕။ ရထားစီးသူေတြကလည္း နားၾကပ္နဲ႕။ သူတုိ႕ၾကည္႕ရတာ ေခါင္း နဲ႕ နားၾကပ္ နဲ႕ ေကာ္ကပ္ထားသလားေအာက္ေမ႕ရတယ္။
.
ကြ်န္ေတာ္နားမလည္တာက နယူးေယာက္သားေတြဟာ သီခ်င္းကိုစြဲလမ္းလြန္းတာလား? နားပိတ္ထားခ်င္တာပဲလား? ဆုိတာပါပဲ။ တစ္ခါတစ္ေလေတာ႕ သူတုိ႕ဟာ ပတ္ဝန္းက်င္ကို ဂရုမစုိက္ခ်င္လို႕ နားၾကပ္ၾကီးတကားကားနဲ႕ ေလွ်ာက္သြားေနတယ္လို႕ နားလည္လာတယ္။ သူတို႕နားၾကပ္မွာ သီခ်င္းက အျမဲဖြင္႕ထားတာမွ မဟုတ္တာ။
.
.
၃ ။။။။။။။။။။ သိပ္ၾကပ္တဲ႕ နယူးေယာက္
.
ေတာင္ပိုင္းသားေတြက ေနရာက်ယ္မွၾကိဳက္တယ္။ ဒါေၾကာင္႕လားေတာ႕မေျပာတတ္ဘူး .. ကြ်န္ေတာ္စေျပာင္းလာခါစက ေတာ္ေတာ္ကသိကေအာက္ႏုိင္တယ္။ လူေတြဟာ တစ္ေယာက္နဲ႕႔တစ္ေယာက္ပူးကပ္ေနလိုက္ၾကတာ .. အိမ္ခန္းေသးေသးေလးထဲမွာ၊ လမ္းက်ဥ္းက်ဥ္းေလးထဲမွာ၊ ေနာက္ဆံုး ရထားတြဲထဲမွာ .. အရာအားလံုးဟာ ၾကပ္သပ္ညွပ္ေနတာပဲ။
.
ကြ်န္ေတာ္ေနတဲ႕ အပါ႕မင္႕ေရာက္ခါစက မီးျခစ္ပံုးေလာက္အခန္းထဲမွာေနႏိုင္ဖို႕ ကိုယ္႕ဟာကိုယ္ ေတာ္ေတာ္သြန္သင္ရတယ္။ ပထမရက္ပိုင္းေတြေလာက္ကဆို ကြ်န္ေတာ္လည္ပင္းကိုလာညွစ္ေနတယ္လို႕ ခံစားရတယ္။ မလြဲသာမေရွာင္သာနဲ႕ ေနာက္ပိုင္းမွာ ေတြ႕တဲ႕လူေတြနဲ႕ သမမွ်တေအာင္ၾကိဳးစားေနရေတာ႕တယ္။
.
ပထမဦးဆံုးေျမေအာက္ရထားစီးတုန္းကဆို ေအာ္ဂလီဆန္ျပီး ေျပးထြက္ခ်င္မိတယ္။ ေဘးကလူေတြက ဝုိင္းထိန္းေပးလိုက္ၾကလို႕သာ သရုပ္ပ်က္ျပီးလြင္႕မထြက္လာတာ။ ေျပာခဲ႕သလိုပဲ ေနာက္ေတာ႕ ဒါကိုလည္း က်င္႕သားရလာခဲ႕တယ္။ ဒါေပမယ္႕ တကယ္အလန္႕တၾကားျဖစ္ခဲ႕တယ္ဆုိတာေတာ႕ ကြ်န္ေတာ္ဝန္ခံပါတယ္။
.
.
၄ ။။။။။။။။။။ အျမန္လႈပ္ရွားေနတဲ႕ျမိဳ႕
.
ဗာဂ်ီးနီးယားမွာ အားလံုးဟာ ျဖည္းျဖည္းေလးေလး နဲ႕ Easygoing ပဲ။ လူေတြကေျပာလြန္းလို႕ နယူးေယာက္ဟာ ျမန္လြန္းဆန္လြန္းတယ္ဆိုတာ ၾကံဳမွပဲလက္ခံလိုက္ရေတာ႕တယ္။
.
ႏွစ္စဥ္ ရထားခရီးစဥ္အၾကိမ္ေပါင္း ( ၁၇၅ဝ ) သန္း ရွိတယ္။ နည္းနည္းေနာေနာမဟုတ္ဘူးေနာ္ .. တြက္ၾကည္႕ဦး။ ေမာင္းေနတာကလည္း ( ၂၄ ) နာရီ။ ဒါကုိၾကည္႕ျခင္းအားျဖင္႕ လူေတြလား? ပ်ားေတြလား? ပုတုန္းေတြလား? ဆိုတာ ခ်ာခ်ာလည္ ျမိဳ႕ပတ္ၾကည္႕ရလိမ္႕မယ္။ ဒါက လိုက္မီဖို႕အခက္ဆံုးပဲ။
.
.
၅ ။။။။။။။။။။ ေကာ္ဖီရူးေနတဲ႕ျမိဳ႕
.
နယူးေယာက္ျမိဳ႕ဟာ ေကာ္ဖီနဲ႕ေမာင္းႏွင္ေနတယ္။ လူ ( ၁ဝဝ ) မွာ ( ၆၃ ) ေယာက္ ေကာ္ဖီေသာက္တယ္။ ဒါေၾကာင္႕ လူ ( ၃ ) ေယာက္မွာ ( ၂ ) ေယာက္ဟာ သူတုိ႕သိပ္ၾကိဳက္တဲ႕ေကာ္ဖီအတြက္ တစ္ပတ္စာဝင္ေငြကေန ( ၂၅ ) ေဒၚလာေလာက္ သံုးစြဲရတယ္။
.
ကြ်န္ေတာ္တုိ႕ေတာင္ပိုင္းသားေတြလည္း ေကာ္ဖီၾကိဳက္တာပါပဲ။ ဒါေပမယ္႕ နယူးေယာက္သားေတြေကာ္ဖီစြဲပံုကိုၾကည္႕ျပီးေတာ႕ သူတုိ႕ရဲ႕ “ ေကာ္ဖီရမက္ - Coffee Passion ” ကို လက္ဖ်ားခါတယ္။
.
.
၆ ။။။။။။။။။။ နယူးေယာက္မွာ လက္ဘက္ရည္အခ်ိဳ ရွာမရႏိုင္ဘူး
.
စားေသာက္ဆုိင္တစ္ခ်ိဳ႕က လက္ဖက္ရည္အခ်ိဳ  - Sweet Tea တည္ၾကတယ္။ အခ်ိဳကဲလြန္းတဲ႕ ေတာင္ပိုင္းသားလက္ဘက္ရည္ေပါ႕။ တစ္ခါေသာက္လိုက္ရင္ ခ်က္ခ်င္းၾကီး ဆီးခ်ိဳေရာဂါရသြားေလာက္ေအာင္ခ်ိဳတာဗ်။ ဒါကိုပဲ ကြ်န္ေတာ္တုိ႕ဖက္ျပီးၾကီးခဲ႕တယ္။
.
အခု နယူးေယာက္မွာေရာင္းတဲ႕ လက္ဘက္ရည္က ေရေသာက္ရသလိုပဲ။ ဒီအခ်က္ကေတာ႕ ကြ်န္ေတာ႕ေတာျမိဳ႕ကေလးကို မမီွတဲ႕အခ်က္ပါ။
.
.
၇ ။။။။။။။။။။ နယူးေယာက္က ထင္သလိုေၾကာက္ဖို႕မေကာင္းသလို အႏၱရာယ္လည္းမမ်ားပါဘူး
.
ဒီျမိဳ႕ကိုမလာခင္တုန္းက နယူးေယာက္မွာ ရာဇဝတ္မႈထူေျပာျပီး ကမၻာ႕သမုိင္းမွာ အႏၱရာယ္အၾကီးဆံုးျမိဳ႕လုိ႕ သိခဲ႕တယ္။ တကယ္ေလ႕လာမိလိုက္ေတာ႕ အရင္သိထားတာေတြ လက္ေတြ႕မွာမဟုတ္ဘူးဆိုတာ သိလာရတယ္။
.
အမႈအခင္းေတြဟာ ႏွစ္အနည္းငယ္အတြင္းမွာ သိသိသာသာေလ်ာ႕နည္းလာတာကုိ ကိန္းဂဏန္းေတြက ညႊြန္ျပလာေနတယ္။ ( ၁၉၈ဝ ) ခုႏွစ္ေနာက္ပိုင္းမွာ နယူးေယာက္ျမိဳ႕ၾကီးကို တရားဥပေဒစုိးမုိးမႈေအာက္ကို သိသိသာသာဆြဲသြင္းႏိုင္ခဲ႕တယ္။ ျပည္နယ္ေထာက္လွမ္းေရးဗ်ဴရို - FBI ရဲ႕ စာရင္းမ်ားအရ အေမရိကန္ႏုိင္ငံမွာ နယူးေယာက္ျမိဳ႕ဟာ “ လံုျခံဳစိတ္အခ်ရဆံုးျမိဳ႕ၾကီး ” လို႕ ေျပာထားေနပါျပီ။
.
ဒါေပမယ္႕ ခင္မ်ားတုိ႕ပတ္ဝန္းက်င္ကုိေတာ႕သတိထားရမွာေပါ႕။ ကြ်န္ေတာ္ေလ႕လာမိသေလာက္ နယူးေယာက္သားေတြဟာ အင္မတန္ေပ်ာ္ခ်င္ၾကသလုိ သူတစ္ပါးကိုလည္း ထိခိုက္နာၾကင္ေစလိုမႈ အလ်ဥ္းမေတြ႕ရပါဘူး။
.
.
၈ ။။။။။။။။။။ အိပ္ယာဝင္ေနာက္က်တဲ႕ျမိဳ႕
.
နယူးေယာက္ကိုေရာက္ခါစက ဆိုင္ဖြင္႕ခ်ိန္၊ ပိတ္ခ်ိန္ေတြ နဲ႕ ေတာ္ေတာ္လြဲခဲ႕ရတာဗ်။ ဘားေတြ၊ ကလပ္ေတြ၊ စားေသာက္ဆုိင္ေတြ၊ စတုိးဆိုင္ေတြပါမက်န္ ( ၂၄ ) နာရီပတ္လံုးမဖြင္႕ေတာင္မွ ညဥ္႕နက္တဲ႕အထိဖြင္႕ၾကတယ္။ အကဘားေတြက မနက္ ( ၄ ) နာရီအထိ အသာေလးေပါ႕။ ကလပ္တက္ရင္ ေနာက္တစ္ရက္မိုးလင္းခါနီးမွ အိမ္ျပန္မယ္ဆုိလည္း ရေသးတယ္။
.
ကြ်န္ေတာ္ေနခဲ႕တဲ႕ျမိဳ႕ေလးမွာေတာ႕ သန္းေခါင္ေက်ာ္ ( ၂ ) နာရီဆို ေတာ္ေတာ္ေနာက္က်တယ္လို႕ သတ္မွတ္ၾကတယ္။ ေနာက္တစ္ခုက နယူးေယာက္မွာ ည ( ၈ ) နာရီအထိ ညစာထြက္မစားၾကေသးတာပဲ။ တစ္ခါတစ္ေလ ည ( ၁ဝ ) နာရီ ၊ ( ၁၁ ) နာရီမွ စားၾကတယ္။ အဲဒီေလာက္ေနာက္က်ျပီးစားတာ ညစာတဲ႕ေလ။
.
.
၉ ။။။။။။။။။။ နယူးေယာက္မွာေစ်းၾကီးသဗ်ိဳ႕
.
ဆိုးရြားလွတဲ႕နယူးေယာက္ကေစ်းႏႈန္းေတြကို မေျပာင္းခင္ေလးမွာ ကြ်န္ေတာ္ၾကိဳတင္ၾကားထားခဲ႕တယ္။ ဒါေၾကာင္႕ေရာက္ရင္ေတာ႕အေကာင္းဖက္ကျမင္ေအာင္ၾကည္႕မယ္လို႕ ျပင္ဆင္ထားခဲ႕မိတယ္။ ဒါေတြဟာ လက္ေတြ႕မွာ ျဖစ္မလာခဲ႕ပါဘူး။
.
ေစ်းၾကီးလွတဲ႕ ဗာဂ်ီးနီးယားကမ္းေျခမွာ လူတစ္ေယာက္တစ္နပ္စာကုိ ( ၁၂ ) ေဒၚလာဆုိရင္ ရျပီ။ အဲ .. နယူးေယာက္ျမိဳ႕ၾကီးမွာေတာ႕ ေတာ္ရိေရာ္ရိအေျခခံတစ္ေယာက္စာကုိ အနည္းဆံုး ( ၁၈ ) ေဒၚလာပဲ။
.
ဓါတ္ဆီလည္း မတရားေစ်းၾကီးတယ္။ နယူးေယာက္သားေတြက ကားမစီးေမာင္းၾကေတာ႕ သူတို႕အဖုိ႕ေတာ႕ ေအး … ေဆး … ပဲ။
.
မဟားဒယားၾကီးလြန္းတဲ႕ေစ်းကေတာ႕ ေက်ာတစ္ခင္းစာထက္ေယာင္ေယာင္ေလးပိုတဲ႕ အိမ္ငွားခပဲ။ ဗာဂ်ီးနီးယားကမ္းေျခမွာ တစ္ေယာက္ခန္းအိမ္အငွားက ပ်မ္းမွ် တစ္လ ေဒၚလာ ( ၉၅ဝ ) ။ နယူးေယာက္မွာဆုိရင္ ဒီအတိုင္းကို ( ၃ ) ဆ ေပးရလိမ္႕မယ္ … သိပ္မမ်ားပါဘူး .. ( ၂၉၇ဝ ) ေဒၚလာတည္းပါ..။
.
.
( ေဆာင္းပါးရွင္သည္ နယူးေယာက္ျမိဳ႕ကုိမေရာက္ဖူးပါ။ စာပါအေၾကာင္းအရာမ်ားသည္ မူလစာေရးဆရာ၏အာေဘာ္သာျဖစ္ျပီး ေဆာင္းပါးရွင္၏ အာေဘာ္မဟုတ္ေၾကာင္း သိေစအပ္ပါသည္ )
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
08-05-2015
.
ရည္ညြန္းကိုးကား - Business Insider
.
.
Myanmar Unicode Version:
.
.
 “ အံ့ဩချက် ( ၉ ) လောက်ရှိတဲ့ နယူးယောက် ” 
 ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) 
.
မတူညီတဲ့ ရေမြေဒေသကနေ လူတိုင်းကြိုက်တဲ့မြို့တစ်မြို့ကိုပြောင်းရွှေ့နေထိုင်တဲ့အခါ ထူးခြားတဲ့ယဉ်ကျေးမှုနဲ့ နဖူးတွေ့ဒူးတွေ့ ဖြစ်လာရတယ်။ ဆောင်းပါးရှင် ထရာဗစ်လိုင်လီ - Travis Lyles ပြောပြတာက
.
ဗာဂျီးနီးယားပြည်နယ် နယူးပေါ့နယူးစ်မြို့ကနေ ကျွန်တော်ထွက်ခဲ့တယ်။ ပြည်နယ်ထဲမှာတော့ အတော်သေးတဲ့မြို့လေးတစ်မြို့လို့ပြောရမှာပေါ့။ အခုဆို နယူးယောက် ကို ကျွန်တော်ရောက်နေတာ ( ၂ ) လရှိပြီ .. အတွေ့အကြုံတွေက တကယ့်အံ့မခန်းပဲ..။
.
.
တကယ်တော့ နယူးယောက်ဆိုတာ အမြဲမပြတ်လှုပ်ရှားနေတဲ့မြို့ကြီးဗျ။ ကြုံရမယ့်နေရာအားလုံးမှာ အလျင်အမြန်ဆုံးဖြတ်ချက်ချနိုင်ဖို့လိုတယ်။ ဒါက ကျွန်တော်နေခဲ့တဲ့ တောမြို့လေးနဲ့ကွာတဲ့အချက်ပဲ။ နယူးယောက်မြို့ဟာ ကျွန်တော့ကို အံ့အားသင့်စေတယ်။
.
ကျွန်တော်ရဲ့ဇိမ်ခံခံနေတတ်တဲ့ဘဝလေးထဲကနေ နယူးယောက်ရဲ့နေ့ညတွေကို ခဏခဏ ထထကြည့်ရတယ်။ အမှန်က ဒီမြို့ကြီးက ခင်များတို့အပေါ်မှာ တည်ထားတာဆိုရင် ယုံနိုင်မလား? ကိုယ်တိုင်ခံစားကြည့်မိတဲ့အခါ တိုးပွားလာတဲ့ဒဏ်ရာတွေမှာ ဝေဒနာတွေအပြည့်ပါပဲ။ အခုတော့ အဲဒီအနာတရတွေမှာပဲ ကျွန်တော်အိမ်လုပ်နေတတ်နေပါပြီ။ ပြောရရင် အံ့ဩချက်က ( ၉ ) လောက်ရှိတယ်။

.
.
၁ ။။။။။။။။။။ ကိုယ့်အလုပ်သာကိုယ် ဂရုစိုက်တာ မရိုင်းပါ
.
တောင်ပိုင်းပြည်နယ်မှာနေခဲ့တုန်းက တစ်ယောက်နဲ့တစ်ယောက် “ နေကောင်းလား? ” ၊ “ မင်းအလုပ်အကိုင်ကောင်းတယ်မလား? ” ဆိုတာတွေနဲ့ နှုတ်ဆက်ကြတယ်။ ဒီအကျင့်က နယူးယောက်မှာ အလုပ်မဖြစ်ဘူးလေ။
.
လူတွေက တသီးပုဂ္ဂလနေချင်ကြတယ်။ သူတို့သွားလိုတဲ့ခရီးကို ဦးခေါင်းတစိုက်စိုက် သွားနေတတ်ကြတယ်။ သူတို့က ခင်များကို ဂရုစိုက်မှာမဟုတ်ဘူး။ တစ်နည်းအားဖြင့် ခင်များကိုရှိတယ်လို့ကိုမထင်တာ။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်နေကြတာ နယူးယောက်ပဲ။
.
ဒီလိုဖြစ်နေလို့ သူတို့ကိုရိုင်းတယ်လို့ပြောလို့မရဘူး။ သူတို့မှာသွားစရာနေရာတွေရှိတယ်။ လုပ်စရာအလုပ်တွေရှိနေတယ်။ ဒါကပုံမှန်ပဲ။
.
.
၂ ။။။။။။။။။။ နေရာတိုင်းမှာ နားကြပ်တွေတပ်ထားကြတယ်
.
ဒီမြို့ကိုရောက်ရောက်ချင်း နားကြပ်တပ်ပြီးသွားနေသူတွေဘယ်လောက်တောင်တွေ့ခဲ့ပြီးပြီဆိုတာ မမှတ်မိတော့ဘူး။ လမ်းလျှောက်နေသူတွေကလည်း နားကြပ်နဲ့။ ရထားစီးသူတွေကလည်း နားကြပ်နဲ့။ သူတို့ကြည့်ရတာ ခေါင်း နဲ့ နားကြပ် နဲ့ ကော်ကပ်ထားသလားအောက်မေ့ရတယ်။
.
ကျွန်တော်နားမလည်တာက နယူးယောက်သားတွေဟာ သီချင်းကိုစွဲလမ်းလွန်းတာလား? နားပိတ်ထားချင်တာပဲလား? ဆိုတာပါပဲ။ တစ်ခါတစ်လေတော့ သူတို့ဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ချင်လို့ နားကြပ်ကြီးတကားကားနဲ့ လျှောက်သွားနေတယ်လို့ နားလည်လာတယ်။ သူတို့နားကြပ်မှာ သီချင်းက အမြဲဖွင့်ထားတာမှ မဟုတ်တာ။
.
.
၃ ။။။။။။။။။။ သိပ်ကြပ်တဲ့ နယူးယောက်
.
တောင်ပိုင်းသားတွေက နေရာကျယ်မှကြိုက်တယ်။ ဒါကြောင့်လားတော့မပြောတတ်ဘူး .. ကျွန်တော်စပြောင်းလာခါစက တော်တော်ကသိကအောက်နိုင်တယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ပူးကပ်နေလိုက်ကြတာ .. အိမ်ခန်းသေးသေးလေးထဲမှာ၊ လမ်းကျဉ်းကျဉ်းလေးထဲမှာ၊ နောက်ဆုံး ရထားတွဲထဲမှာ .. အရာအားလုံးဟာ ကြပ်သပ်ညှပ်နေတာပဲ။
.
ကျွန်တော်နေတဲ့ အပါ့မင့်ရောက်ခါစက မီးခြစ်ပုံးလောက်အခန်းထဲမှာနေနိုင်ဖို့ ကိုယ့်ဟာကိုယ် တော်တော်သွန်သင်ရတယ်။ ပထမရက်ပိုင်းတွေလောက်ကဆို ကျွန်တော်လည်ပင်းကိုလာညှစ်နေတယ်လို့ ခံစားရတယ်။ မလွဲသာမရှောင်သာနဲ့ နောက်ပိုင်းမှာ တွေ့တဲ့လူတွေနဲ့ သမမျှတအောင်ကြိုးစားနေရတော့တယ်။ 
.
ပထမဦးဆုံးမြေအောက်ရထားစီးတုန်းကဆို အော်ဂလီဆန်ပြီး ပြေးထွက်ချင်မိတယ်။ ဘေးကလူတွေက ဝိုင်းထိန်းပေးလိုက်ကြလို့သာ သရုပ်ပျက်ပြီးလွင့်မထွက်လာတာ။ ပြောခဲ့သလိုပဲ နောက်တော့ ဒါကိုလည်း ကျင့်သားရလာခဲ့တယ်။ ဒါပေမယ့် တကယ်အလန့်တကြားဖြစ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်ဝန်ခံပါတယ်။
.
.
၄ ။။။။။။။။။။ အမြန်လှုပ်ရှားနေတဲ့မြို့
.
ဗာဂျီးနီးယားမှာ အားလုံးဟာ ဖြည်းဖြည်းလေးလေး နဲ့ Easygoing ပဲ။ လူတွေကပြောလွန်းလို့ နယူးယောက်ဟာ မြန်လွန်းဆန်လွန်းတယ်ဆိုတာ ကြုံမှပဲလက်ခံလိုက်ရတော့တယ်။
.
နှစ်စဉ် ရထားခရီးစဉ်အကြိမ်ပေါင်း ( ၁၇၅ဝ ) သန်း ရှိတယ်။ နည်းနည်းနောနောမဟုတ်ဘူးနော် .. တွက်ကြည့်ဦး။ မောင်းနေတာကလည်း ( ၂၄ ) နာရီ။ ဒါကိုကြည့်ခြင်းအားဖြင့် လူတွေလား? ပျားတွေလား? ပုတုန်းတွေလား? ဆိုတာ ချာချာလည် မြို့ပတ်ကြည့်ရလိမ့်မယ်။ ဒါက လိုက်မီဖို့အခက်ဆုံးပဲ။
.
.
၅ ။။။။။။။။။။ ကော်ဖီရူးနေတဲ့မြို့
.
နယူးယောက်မြို့ဟာ ကော်ဖီနဲ့မောင်းနှင်နေတယ်။ လူ ( ၁ဝဝ ) မှာ ( ၆၃ ) ယောက် ကော်ဖီသောက်တယ်။ ဒါကြောင့် လူ ( ၃ ) ယောက်မှာ ( ၂ ) ယောက်ဟာ သူတို့သိပ်ကြိုက်တဲ့ကော်ဖီအတွက် တစ်ပတ်စာဝင်ငွေကနေ ( ၂၅ ) ဒေါ်လာလောက် သုံးစွဲရတယ်။
.
ကျွန်တော်တို့တောင်ပိုင်းသားတွေလည်း ကော်ဖီကြိုက်တာပါပဲ။ ဒါပေမယ့် နယူးယောက်သားတွေကော်ဖီစွဲပုံကိုကြည့်ပြီးတော့ သူတို့ရဲ့ “ ကော်ဖီရမက် - Coffee Passion ” ကို လက်ဖျားခါတယ်။
.
.
၆ ။။။။။။။။။။ နယူးယောက်မှာ လက်ဘက်ရည်အချို ရှာမရနိုင်ဘူး
.
စားသောက်ဆိုင်တစ်ချို့က လက်ဖက်ရည်အချို  - Sweet Tea တည်ကြတယ်။ အချိုကဲလွန်းတဲ့ တောင်ပိုင်းသားလက်ဘက်ရည်ပေါ့။ တစ်ခါသောက်လိုက်ရင် ချက်ချင်းကြီး ဆီးချိုရောဂါရသွားလောက်အောင်ချိုတာဗျ။ ဒါကိုပဲ ကျွန်တော်တို့ဖက်ပြီးကြီးခဲ့တယ်။
.
အခု နယူးယောက်မှာရောင်းတဲ့ လက်ဘက်ရည်က ရေသောက်ရသလိုပဲ။ ဒီအချက်ကတော့ ကျွန်တော့တောမြို့ကလေးကို မမှီတဲ့အချက်ပါ။
.
.
၇ ။။။။။။။။။။ နယူးယောက်က ထင်သလိုကြောက်ဖို့မကောင်းသလို အန္တရာယ်လည်းမများပါဘူး
.
ဒီမြို့ကိုမလာခင်တုန်းက နယူးယောက်မှာ ရာဇဝတ်မှုထူပြောပြီး ကမ္ဘာ့သမိုင်းမှာ အန္တရာယ်အကြီးဆုံးမြို့လို့ သိခဲ့တယ်။ တကယ်လေ့လာမိလိုက်တော့ အရင်သိထားတာတွေ လက်တွေ့မှာမဟုတ်ဘူးဆိုတာ သိလာရတယ်။
.
အမှုအခင်းတွေဟာ နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာလျော့နည်းလာတာကို ကိန်းဂဏန်းတွေက ညွန်ပြလာနေတယ်။ ( ၁၉၈ဝ ) ခုနှစ်နောက်ပိုင်းမှာ နယူးယောက်မြို့ကြီးကို တရားဥပဒေစိုးမိုးမှုအောက်ကို သိသိသာသာဆွဲသွင်းနိုင်ခဲ့တယ်။ ပြည်နယ်ထောက်လှမ်းရေးဗျူရို - FBI ရဲ့ စာရင်းများအရ အမေရိကန်နိုင်ငံမှာ နယူးယောက်မြို့ဟာ “ လုံခြုံစိတ်အချရဆုံးမြို့ကြီး ” လို့ ပြောထားနေပါပြီ။
.
ဒါပေမယ့် ခင်များတို့ပတ်ဝန်းကျင်ကိုတော့သတိထားရမှာပေါ့။ ကျွန်တော်လေ့လာမိသလောက် နယူးယောက်သားတွေဟာ အင်မတန်ပျော်ချင်ကြသလို သူတစ်ပါးကိုလည်း ထိခိုက်နာကြင်စေလိုမှု အလျဉ်းမတွေ့ရပါဘူး။
.
.
၈ ။။။။။။။။။။ အိပ်ယာဝင်နောက်ကျတဲ့မြို့
.
နယူးယောက်ကိုရောက်ခါစက ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်တွေ နဲ့ တော်တော်လွဲခဲ့ရတာဗျ။ ဘားတွေ၊ ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေပါမကျန် ( ၂၄ ) နာရီပတ်လုံးမဖွင့်တောင်မှ ညဉ့်နက်တဲ့အထိဖွင့်ကြတယ်။ အကဘားတွေက မနက် ( ၄ ) နာရီအထိ အသာလေးပေါ့။ ကလပ်တက်ရင် နောက်တစ်ရက်မိုးလင်းခါနီးမှ အိမ်ပြန်မယ်ဆိုလည်း ရသေးတယ်။
.
ကျွန်တော်နေခဲ့တဲ့မြို့လေးမှာတော့ သန်းခေါင်ကျော် ( ၂ ) နာရီဆို တော်တော်နောက်ကျတယ်လို့ သတ်မှတ်ကြတယ်။ နောက်တစ်ခုက နယူးယောက်မှာ ည ( ၈ ) နာရီအထိ ညစာထွက်မစားကြသေးတာပဲ။ တစ်ခါတစ်လေ ည ( ၁ဝ ) နာရီ ၊ ( ၁၁ ) နာရီမှ စားကြတယ်။ အဲဒီလောက်နောက်ကျပြီးစားတာ ညစာတဲ့လေ။
.
.
၉ ။။။။။။။။။။ နယူးယောက်မှာဈေးကြီးသဗျို့
.
ဆိုးရွားလှတဲ့နယူးယောက်ကဈေးနှုန်းတွေကို မပြောင်းခင်လေးမှာ ကျွန်တော်ကြိုတင်ကြားထားခဲ့တယ်။ ဒါကြောင့်ရောက်ရင်တော့အကောင်းဖက်ကမြင်အောင်ကြည့်မယ်လို့ ပြင်ဆင်ထားခဲ့မိတယ်။ ဒါတွေဟာ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။
.
ဈေးကြီးလှတဲ့ ဗာဂျီးနီးယားကမ်းခြေမှာ လူတစ်ယောက်တစ်နပ်စာကို ( ၁၂ ) ဒေါ်လာဆိုရင် ရပြီ။ အဲ .. နယူးယောက်မြို့ကြီးမှာတော့ တော်ရိရော်ရိအခြေခံတစ်ယောက်စာကို အနည်းဆုံး ( ၁၈ ) ဒေါ်လာပဲ။
.
ဓါတ်ဆီလည်း မတရားဈေးကြီးတယ်။ နယူးယောက်သားတွေက ကားမစီးမောင်းကြတော့ သူတို့အဖို့တော့ အေး … ဆေး … ပဲ။
.
မဟားဒယားကြီးလွန်းတဲ့ဈေးကတော့ ကျောတစ်ခင်းစာထက်ယောင်ယောင်လေးပိုတဲ့ အိမ်ငှားခပဲ။ ဗာဂျီးနီးယားကမ်းခြေမှာ တစ်ယောက်ခန်းအိမ်အငှားက ပျမ်းမျှ တစ်လ ဒေါ်လာ ( ၉၅ဝ ) ။ နယူးယောက်မှာဆိုရင် ဒီအတိုင်းကို ( ၃ ) ဆ ပေးရလိမ့်မယ် … သိပ်မများပါဘူး .. ( ၂၉၇ဝ ) ဒေါ်လာတည်းပါ..။
.
.
( ဆောင်းပါးရှင်သည် နယူးယောက်မြို့ကိုမရောက်ဖူးပါ။ စာပါအကြောင်းအရာများသည် မူလစာရေးဆရာ၏အာဘော်သာဖြစ်ပြီး ဆောင်းပါးရှင်၏ အာဘော်မဟုတ်ကြောင်း သိစေအပ်ပါသည် )
.
ခင်မင်ခြင်းများစွာဖြင့်
.
08-05-2015
.

ရည်ညွန်းကိုးကား - Business Insider
.
“ အံ႕ၾသခ်က္ ( ၉ ) ေလာက္ရွိတဲ႕ နယူးေယာက္ ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ ( ၂၁ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၁ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link: http://www.mediafire.com/download/knb2vri1pb8tm81/NetGuide+Vol.4%2C+No.11.pdf



No comments: