ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, December 21, 2014

အမေရိကားကို အသစ်ပြောင်းရွှေ့နေထိုင်သူ အကြောင်းတွေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
.
အမေရိကားကို အသစ်ပြောင်းရွှေ့နေထိုင်သူ - New Immigrant  အကြောင်းကိုသိချင်လို့ ကိုယ်ပိုင်မက်ဆေ့ကနေမေးလာတဲ့ မလင်းနန္ဒာကျော်ကို ဒီလိုဖြေပေးချင်ပါတယ်။
.
မိသားစုအကြောင်းပြု - Family Based ပြောင်းရွှေ့နေထိုင်ခွင့်ရှိသူအားလုံးကို အမေရိကားက New Immigrant  လို့ သတ်မှတ်ပါတယ်။ လာရောက်ခွင့်ရှိသူတွေကိုခေါ်ဖို့ ဒီနိုင်ငံကနေ “ ခေါ်နိုင်သူ - Petitioner ”  အတန်းအစား ( ၂ ) မျိုးခွဲထားပြန်တယ်။
.
ပထမ အမေရိကန်နိုင်ငံသားခံယူပြီးသား U.S. Citizen ကနေ
1.. အိမ်ထောင်ဖက် - Spouse
.
2.. သား သို့မဟုတ် သမီး
.
3.. မိဘ
.
4.. မောင်နှမသားချင်း တို့ဖြစ်ပြီး
.
.
ဒုတိယ Green Card ကိုင်ဆောင်သူ - A U.S Lawful Permanent Resident က
.
1.. အိမ်ထောင်ဖက်
.
2.. အိမ်ထောင်မကျသေးတဲ့ သား သို့မဟုတ် သမီး .. စတာတွေကို ခေါ်ဖို့ အမှုတွဲလျှောက်ခွင့်ရှိတယ်။
.
.
“ လာရောက်ခွင့်ရှိသူ ” တွေကိုလည်း ( ၂ ) အုပ်စု သတ်မှတ်ထားပြန်တယ်။ ( IR ) အုပ်စု နဲ့ ( F ) အုပ်စုလို့ ယေဘုယျ မှတ်ထားနိုင်ပါတယ်။ ( IR ) အရှည်ကောက်က Immediate Relative ကို ခေါ်တာဖြစ်ပြီး ( F ) က မိသားစု - Family First Preference စာသားကို ကိုယ်စားပြုတယ်။

.
( IR ) အုပ်စုမှာ ( လေ့လာသူများ အင်္ဂလိပ်လိုသာ ဖတ်ကျင့်စေလိုပါသည် )
.
·         IR-1: IR-1: Spouse of a U.S. Citizen  
.

·         IR-2: Unmarried Child Under 21 Years of Age of a U.S. Citizen
.

·         IR-3: Orphan adopted abroad by a U.S. Citizen  
.

·         IR-4: Orphan to be adopted in the U.S. by a U.S. citizen
.
  
·         IR-5: Parent of a U.S. Citizen who is at least 21 years old .. ဆိုပြီး ( ၅ ) မျိုးခွဲထားတယ်။
.
.
( F ) အုပ်စုမှာ ( လေ့လာသူများ အင်္ဂလိပ်လိုသာ ဖတ်ကျင့်စေလိုပါသည် )
.
·         Family First Preference (F1): Unmarried sons and daughters of U.S. citizens, and their minor children, if any. (23,400)
.

·         Family Second Preference (F2): Spouses, minor children, and unmarried sons and daughters (age 21 and over) of LPRs. At least seventy-seven percent of all visas available for this category will go to the spouses and children; the remainder is allocated to unmarried sons and daughters. (114,200)
.

·         Family Third Preference (F3): Married sons and daughters of U.S. citizens, and their spouses and minor children. (23,400)
.

·         Family Fourth Preference (F4): Brothers and sisters of U.S. citizens, and their spouses and minor children, provided the U.S. citizens are at least 21 years of age. (65,000) … တို့ဖြစ်ကြပြီး
.
·         .
“ Note: Grandparents, aunts, uncles, in-laws, and cousins cannot sponsor a relative for immigration.” ဒီစာကြောင်းက အထက်ပါခေါ်ခွင့်ရှိသူ အတန်းအစား ( ၂ ) မျိုးကနေ
.
·         အဖိုး၊ အဖွား၊ အဒေါ်၊ ဦးလေး၊ ခမည်းခမက် နဲ့ တစ်ဝမ်းကွဲတော်စပ်သူတွေကို ခေါ်ယူခွင့်မရှိဘူးလို့ ပြောထားတာပါ။
.
.
.
အမေရိကားကို “ အပြီးအပိုင် ” ပြောင်းရွှေ့လာလို့ရတဲ့ နည်းလမ်းက ( ၄ ) မျိုးရှိနေပြန်ပါတယ်။ ( ၁ ) မိသားစုခေါ်ယူခြင်း - Family ( ၂ ) ကလေးမွေးစားခြင်း - Intercountry Adoptions ( ၃ ) အလုပ်ခန့်ခြင်း - Employment နဲ့ ( ၄ ) ဒီဗွီမဲပေါက်ခြင်း - Diversity Visa တို့ ဖြစ်ကြတယ်။
.
.
ဒီအထိလောက်ဆိုရင် အမေရိကားကို ဘယ်လိုအခြေအနေတွေနဲ့ “ တရားဝင် ” နည်းလမ်းကျ ပြောင်းရွှေ့နေထိုင်ခွင့်ရှိတယ်ဆိုတာ နားလည်လောက်ပြီလို့ ယူဆမိပါတယ်။
.
.
အမေရိကားအကြောင်းစဉ်းစားရင် ဝဘ်ဆိုဒ်တွေကို အတတ်နိုင်ဆုံး ကိုယ်ကိုယ်တိုင်အင်္ဂလိပ်လိုဖတ်ကြည့်မှ ပိုနားလည်ပါမယ်။ မသိရင်မေးပါ။ ဖြေပေးမည့်သူက ပေါ်လာစမြဲပါ။ ဒီလိုဖတ်ရင်းနဲ့ ကျွန်တော့အင်္ဂလိပ်စာတွေ အရောင်သွေးနိုင်ခဲ့တယ်ဆိုတာတော့ ဝန်ခံပါရစေ။
.
ဆက်၍လေ့လာနိုင်ရန် - http://travel.state.gov/content/visas/english.html
.
koko2yeye@gmail.com


No comments: