ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 27, 2019

ေက်းဇူးတင္ခင္မင္လ်က္လမ္းခြဲလိုက္ရပါသည္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
(၆၃) လ ဆက္တုိက္လက္တြဲျပီးအလုပ္လုပ္ခဲ႕ျပီးေနာက္မွာ NetGuide နည္းပညာဂ်ာနယ္နဲ႕ဝမ္းနည္းဖြယ္ရာလမ္းခြဲစရာၾကံဳလာရပါျပီ။ ဒစ္ဂ်စ္တယ္နည္းပညာထုိးေဖာက္လို႕ Facebook ဟာ ျမန္မာျပည္သူေတြလက္ထဲေရာက္ျပီးသကာလ ပံုႏွိပ္စာေစာင္ေရာင္းခ်ရမႈေလ်ာ႕ပါးလာတဲ႕လိႈင္းဒဏ္ကုိခံရတဲ႕အထဲမွာ NetGuide လည္းပါဝင္ခဲ႕ပါတယ္။ ေျပာရရင္ေတာ႕ NetGuide က အေတာ္ေလးေတာင္႕ခံထားႏုိင္ပါေသးတယ္။

သူတို႕ေနာက္ဆံုးႏႈတ္ဆက္တဲ႕စာေလးကိုဖတ္ၾကည္႕ပါဦး ။

အစ္ကိုေရ

ညီမတို႔ဂ်ာနယ္စာမ်က္ႏွာေတြရယ္ အခုျဖစ္ေပၚေနတဲ့အခက္အခဲေတြကို အစည္းအေဝးလုပ္ျပီး ဂ်ာနယ္ေဖာင္ေရေတြေလ်ာ့ရေတာ့မွာမို႔ အစ္ကို႔ေဆာင္းပါးေတြကို ညီမတို႔ NetGuide အေနနဲ႕ေရွ႕ဆက္ယူဖို႔ အဆင္မေျပေတာ့တာကို စိတ္မေကာင္းျခင္းမ်ားစြာျဖင့္ အသိေပးပါရေစရွင္႕။

ညီမတို႔ဆီမွာ အစ္ကို႔စာမူေတြက်န္ေသးပါတယ္။ ဒီလကုန္၀န္းက်င္ေလာက္အထိေတာ့ ဂ်ာနယ္မွာပါဦးမွာပါအစ္ကို။ အခုလုိအေၾကာင္းၾကားရတာ တကယ္စိတ္မေကာင္းပါဘူး။

ေက်းဇူးတင္ပါတယ္အစ္ကို။ ညီမတို႔ဂ်ာနယ္အတြက္ေစတနာထားျပီး အတတ္ႏုိင္ဆံုးကူညီေရးသားေပးတဲ့အတြက္ပါ။

ဒီလိုျဖစ္တာဟာ ေကာင္းဖို႕လား? ဆုိးဖုိ႕လား?
ေခတ္ကုိက ဒီလိုေခတ္ဆိုေတာ႕ ေရစီးေၾကာင္း၊ ေလစီးေၾကာင္းေတြကုိဆန္႕က်င္ေနလို႕မရပါဘူး။ အမ်ားလက္ခံတဲ႕ဆံုရပ္တစ္ခုကုိသြားေနတာျဖစ္လုိ႕ အေျပာင္းအလဲရဲ႕အစလို႕ကြ်န္ေတာ္ယူဆပါတယ္။ NetGuide ဟာ တစ္ေန႕မွာ နည္းပညာသံုးမီဒီယာတစ္ခုအေနနဲ႕ျပန္လည္ထြန္းေတာက္လာတဲ႕အခ်ိန္ ျပန္လက္တြဲဖုိ႕အဆင္သင္႕ျဖစ္ဖို႕ ကြ်န္ေတာ္ျပင္ဆင္ေနပါ႕မယ္။

အခုအခ်ိန္ကာလအတိ စိတ္ရွည္ရွည္လက္တြဲေပးခဲ႕တဲ႕ NetGuide ပုိင္ရွင္ နဲ႕ အယ္ဒီတာခ်ဳပ္ မဥမၼာတုိ႕အျပင္ ကြ်န္ေတာ္မျမင္ မေတြ႕ဖူး စကားမေျပာဖူးတဲ႕ အဖြဲ႕သားတစ္ေယာက္မက်န္ကို ဒီစာစုေလးကေနတဆင္႕ေက်းဇူးတင္စကားေျပာရင္း ႏႈတ္ဆက္လိုက္ပါတယ္။ လံုးခ်င္းစာအုပ္တစ္အုပ္ထုတ္ျဖစ္ႏုိင္တဲ႕အဆင္႕ေရာက္ေအာင္ပို႕ေဆာင္ေပးခဲ႕တဲ႕အတြက္ ေက်းဇူးတင္ခင္မင္လ်က္ပါ။

အခုအခ်ိန္ကစျပီး ကြ်န္ေတာ္ေရးေနတဲ႕စာမူေတြကိုသံုးစြဲခ်င္တဲ႕မဂၢဇင္း ဂ်ာနယ္တုိက္တုိ႕က ကြ်န္ေတာ႕ကိုဆက္သြယ္ျပီျဖစ္ပါတဲ႕အေၾကာင္း အျပဳသေဘာေဆာင္ေဖာ္ျပလိုက္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
06-27-2019



Unicode Version:

  (၆၃) လ ဆက်တိုက်လက်တွဲပြီးအလုပ်လုပ်ခဲ့ပြီးနောက်မှာ NetGuide နည်းပညာဂျာနယ်နဲ့ဝမ်းနည်းဖွယ်ရာလမ်းခွဲစရာကြုံလာရပါပြီ။ ဒစ်ဂျစ်တယ်နည်းပညာထိုးဖောက်လို့ Facebook ဟာ မြန်မာပြည်သူတွေလက်ထဲရောက်ပြီးသကာလ ပုံနှိပ်စာစောင်ရောင်းချရမှုလျော့ပါးလာတဲ့လှိုင်းဒဏ်ကိုခံရတဲ့အထဲမှာ NetGuide လည်းပါဝင်ခဲ့ပါတယ်။ ပြောရရင်တော့ NetGuide က အတော်လေးတောင့်ခံထားနိုင်ပါသေးတယ်။

သူတို့နောက်ဆုံးနှုတ်ဆက်တဲ့စာလေးကိုဖတ်ကြည့်ပါဦး ။

အစ်ကိုရေ

ညီမတို့ဂျာနယ်စာမျက်နှာတွေရယ် အခုဖြစ်ပေါ်နေတဲ့အခက်အခဲတွေကို အစည်းအဝေးလုပ်ပြီး ဂျာနယ်ဖောင်ရေတွေလျော့ရတော့မှာမို့ အစ်ကို့ဆောင်းပါးတွေကို ညီမတို့ NetGuide အနေနဲ့ရှေ့ဆက်ယူဖို့ အဆင်မပြေတော့တာကို စိတ်မကောင်းခြင်းများစွာဖြင့်  အသိပေးပါရစေရှင့်။

ညီမတို့ဆီမှာ အစ်ကို့စာမူတွေကျန်သေးပါတယ်။ ဒီလကုန်ဝန်းကျင်လောက်အထိတော့ ဂျာနယ်မှာပါဦးမှာပါအစ်ကို။ အခုလိုအကြောင်းကြားရတာ တကယ်စိတ်မကောင်းပါဘူး။ 

ကျေးဇူးတင်ပါတယ်အစ်ကို။ ညီမတို့ဂျာနယ်အတွက်စေတနာထားပြီး အတတ်နိုင်ဆုံးကူညီရေးသားပေးတဲ့အတွက်ပါ။

ဒီလိုဖြစ်တာဟာ ကောင်းဖို့လား? ဆိုးဖို့လား?

             ခေတ်ကိုက ဒီလိုခေတ်ဆိုတော့ ရေစီးကြောင်း၊ လေစီးကြောင်းတွေကိုဆန့်ကျင်နေလို့မရပါဘူး။ အများလက်ခံတဲ့ဆုံရပ်တစ်ခုကိုသွားနေတာဖြစ်လို့ အပြောင်းအလဲရဲ့အစလို့ကျွန်တော်ယူဆပါတယ်။ NetGuide ဟာ တစ်နေ့မှာ နည်းပညာသုံးမီဒီယာတစ်ခုအနေနဲ့ပြန်လည်ထွန်းတောက်လာတဲ့အချိန် ပြန်လက်တွဲဖို့အဆင်သင့်ဖြစ်ဖို့ ကျွန်တော်ပြင်ဆင်နေပါ့မယ်။

          အခုအချိန်ကာလအတိ စိတ်ရှည်ရှည်လက်တွဲပေးခဲ့တဲ့ NetGuide ပိုင်ရှင် နဲ့ အယ်ဒီတာချုပ် မဥမ္မာတို့အပြင် ကျွန်တော်မမြင် မတွေ့ဖူး စကားမပြောဖူးတဲ့ အဖွဲ့သားတစ်ယောက်မကျန်ကို ဒီစာစုလေးကနေတဆင့်ကျေးဇူးတင်စကားပြောရင်း နှုတ်ဆက်လိုက်ပါတယ်။ လုံးချင်းစာအုပ်တစ်အုပ်ထုတ်ဖြစ်နိုင်တဲ့အဆင့်ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခင်မင်လျက်ပါ။

          အခုအချိန်ကစပြီး ကျွန်တော်ရေးနေတဲ့စာမူတွေကိုသုံးစွဲချင်တဲ့မဂ္ဂဇင်း ဂျာနယ်တိုက်တို့က ကျွန်တော့ကိုဆက်သွယ်ပြီဖြစ်ပါတဲ့အကြောင်း အပြုသဘောဆောင်ဖော်ပြလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)

06-27-2019

No comments: