ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, March 18, 2014

အသင်းအဖွဲ့နှင့်နေတတ်သော “ လူ ” နှင့် “ နိုင်ငံ ”


နိဒါန်း


      တစ်ကိုယ်ရေကိစ္စများမြောင်လှတဲ့ လူသတ္တဝါ ဟာ တစ်ကိုယ်တည်းနေတတ်တဲ့ သက်ရှိတစ်မျိုးမဟုတ်ပါ ၊ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်ကိုယ်တော် ကျင်လည်ရတဲ့ အနေအထားတွေ စီးပွားရေး ၊ လူမှုရေး ၊ အိမ်ထောင်ရေး သာမက နိုင်ငံရေးတွေမှာ ပြစရာ သက်သေသာဓကတွေရှိပါတယ် ၊ လုပ်ငန်းကိုင်ငန်းမှာ အင်မတန်ထူးချွန်တဲ့ လူချမ်းသာများဟာ သူတို့အရွယ် သူတို့အင်အားနဲ့ တစ်ကိုယ်ရေသီးသန့်ကျွမ်းကျင်မှုတစ်ခုခုရှိလို့သာ အခုလက်ရှိအနေအထားကို ရောက်နေကြတာပါ ၊ တစ်ချို့အနေအထားကျပြန်တော့ ကိုယ်တစ်ယောက်တည်းအရမ်းတော်ပေမယ့် ပတ်ဝန်းကျင်အထောက်အပံ့မပါရင် စင်းလုံးချောမအောင်မြင်နိုင်ပြန်ပါဘူး ၊ ရင်းနှီးမြုပ်နှံမှု “ ငွေ ” အသိုက်အဝန်းဝိုင်းရံမှု က လည်း မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အရေးအကြီးအချက်တစ်ချက်ဖြစ်ပါတယ် ။



စီးပွားရေး

          တိုးတက်ပြီးအမေရိကန် ၊  ဗြိတိန်တို့နဲ့ ဥပမာပြရရင် အမေရိကန်မှာ လုပ်ငန်းအောင်မြင်ဖို့ လွယ်ကူပြီး လုပ်ငန်းကြာရှည်ရပ်တည်ဖို့ခက်ပါတယ် ၊ လုပ်ငန်းစဖို့အရေးအကြီးဆုံးက လုပ်ငန်းအစီအမံရှိတဲ့ လူပုဂ္ဂိုလ်-Personnel ဖြစ်ပါတယ် ၊ ဒီတော့ ဘယ်က စလိုက်တာလဲ ၊ တစ်ဦးတစ်ယောက်က စပါတယ် ၊ တစ်ကိုယ်ရေအတွေးအခေါ်-Idea နဲ့ စပါတယ် ၊ တစ်ကိုယ်ရေအစီအမံ-Plan နဲ့ စတင်ပါတယ် ၊ တစ်ဆက်တည်းမှာ အဲဒီလူဟာ အထီးကျန်ပတ်ဝန်းကျင်-Isolated Community မှာရှိမနေမှဖြစ်ပါမယ် ၊ ရှိနေရင်လည်း စီးပွားရေးမှာအောင်မြင်ဖို့မသေချာပေမယ့် အနုပညာနယ်ပယ်မှာ ထူးချွန်ပြီး လူမှုဆက်ဆံရခက်တဲ့ စာရေးဆရာ ၊ ပြဇာတ်ဆရာ ၊ ပန်းချီဆရာ တို့ အောင်မြင်တာမျိုးကတော့ ချွင်းချက်ပါ ။