ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, September 20, 2019

ကံေကာင္းျခင္းေတြယူေဆာင္လာေပးမယ္႕ DV-2021

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
DV-2021 ကံစမ္းမဲတင္ႏိုင္ဖို႕ ၂ဝ၁၉ ခုႏွစ္ ေအာက္တုိဘာလ (၂) ရက္ေန႕ ကို ေစာင္႕ေမွ်ာ္ေပးပါ။ အေမရိကန္ႏိုင္ငံ ေဝၚရွင္တန္အခ်ိန္ေန႕လည္ (၁၂) နာရီဆိုရင္ ျမန္မာႏိုင္ငံမွာ ဗုဒၶဟူးေန႕ ည (၁ဝး၃ဝ) အခ်ိန္ရွိေနမွာျဖစ္ပါတယ္။ ေနာက္ဆံုးတင္ရမယ္႕အခ်ိန္ကေတာ႕ (ဝ၅/၁၁/၂ဝ) ျဖစ္ပါတယ္။

DV-Diversity Visa တင္ဖို႕ ဘာေငြေၾကးမွေပးစရာမလိုပါဘူး။ ေငြေတာင္းေနျပီဆုိရင္ေတာ႕ သြားေနတဲ႕အင္တာနက္စာမ်က္ႏွာမွားေနတယ္လုိ႕သိလိုက္ပါ။ အင္တာနက္ရွိတဲ႕ Device တစ္ခုခုကေန ကိုယ္ပိုင္အခ်က္အလက္ေတြနဲ႕တင္ႏုိင္ပါတယ္။

မသိနားမလည္ရင္ သိနားလည္သူကိုေမးျပီး အကူအညီေတာင္းတင္ခုိင္းတဲ႕အခါ မွန္ကန္တဲ႕အေၾကာင္းအရာေတြကိုသာတင္သင္႕ျပီး အတည္ျပဳေပးတဲ႕ Confirmation Number ပါတဲ႕ Confirmation Page ကုိ ျပန္ယူထားဖို႕အင္မတန္အေရးၾကီးပါတယ္။

တစ္ေယာက္ေယာက္က မိမိကုိယ္စားတင္ေပးတယ္ဆိုေစဦး အခ်ိန္တန္လို႕အေျဖတုိက္ႏုိင္တဲ႕ကာလမွာ မိမိကုိယ္တုိင္စစ္ႏုိင္ဖို႕ သက္ေသေတြ၊ မိတၱဴေတြ နဲ႕ အီးေမးလ္လိပ္စာေတြကို သိမ္းဆည္းထားသင္႕ပါတယ္။ ကံစမ္းမဲေပါက္မေပါက္ကိုျပန္လည္စစ္ေဆးႏုိင္မယ္႕အခ်ိန္ကေတာ႕ DV တင္ျပီး (၆) လ အၾကာ (ဝ၅/ဝ၅/၂ဝ၁၉) မွာ ျဖစ္ပါတယ္။
ေတာင္းထားတဲ႕အခ်က္အလက္ေတြထဲမွာ

၁။ ႏိုင္ငံကူးလက္မွတ္မွာပါတဲ႕နာမည္

၂။ လိင္ (အမ်ိဳးသား/အမ်ိဳးသမီး)

၃။ ေမြးေန႕သကၠရာဇ္

၄။ ေမြးဖြားတဲ႕ျမိဳ႕

၅။ ေမြးဖြားတဲ႕ႏုိင္ငံ

၆။ DV တင္ခြင္႕ရွိတဲ႕ႏိုင္ငံ တို႕အျပင္

DV-2021 ကစျပီး ေတာင္းဆိုမႈအသစ္ျဖစ္တဲ႕

၇။ ႏုိင္ငံကူးလက္မွတ္-The Passport Number ၊ ထုတ္ေပးတဲ႕တုိင္းျပည္-Country of Issuance နဲ႕ သက္တမ္းကုန္မယ္႕ရက္-Expiration Date (ပင္တုိင္ေလွ်ာက္မည္႕သူ၏ႏုိင္ငံကူးလက္မွတ္ကုိသာထည္႕သြင္းရပါမည္။ အိမ္ေထာင္ဘက္ႏွင္႕သားသမီးတုိ႕၏ႏုိင္ငံကူးလက္မွတ္မ်ားကုိ DV-2021 ေလွ်ာက္စဥ္တြင္ ထည္႕သြင္းေပးရန္မလိုေသးပါ)

၈။ (၆) လအတြင္းရိုက္ထားတဲ႕ ၂" X ၂" ပတ္လည္ ဓါတ္ပံု (ေယာက္်ား/မိန္းမ/ကေလး အကုန္)

၉။ လိ္ပ္စာ

၁ဝ။ ဖုန္းနံပါတ္

၁၁။ အီးေမးလ္လိပ္စာ

၁၂။ ပညာအရည္အခ်င္း

၁၃။ အိမ္ေထာင္ရွိ/မရွိ

၁၄။ သား/သမီးအေရအတြက္
တို႕ကုိထည္႕သြင္းျပီးရင္ လက္ခံစာရြက္/စာမ်က္ႏွာကို သိမ္းထားပါ။ အခ်က္အလက္တူတာကို (၂) ၾကိမ္တင္မိရင္ ပယ္မဲပါ။

DV တင္ဖို႕အသက္ကန္႕သတ္ခ်က္မထားပါ။ လိုအပ္ခ်က္ထဲမွာ အနည္းဆံုး (၁ဝ) တန္းေအာင္ထားရင္ (၁၆-၁၈) ႏွစ္ရွိေနရင္ ေလွ်ာက္ႏိုင္ပါတယ္။ DV တင္ထားျပီးေတာ႕မွာ ႏို္္င္ငံကူးစာအုပ္လဲတာ၊ စာအုပ္ေပ်ာက္ေလွ်ာက္ထားတာကိုလည္း ေျဖရွင္းခြင္႕ေပးထားပါတယ္။

ေရြးခ်ယ္ခံရတယ္လို႕သိတဲ႕ေနာက္ KCC-Kentucky Consular Center ကို ဘာေၾကာင္႕ ႏိုင္ငံကူးလက္မွတ္ မရွိ/တစ္အုပ္ထက္ပိုေနတယ္ဆုိတာေတြကို အေၾကာင္းရင္းမွန္ေတြနဲ႕ေပးတင္ပါလိမ္႕မယ္။ စိတ္အခ်ရဆံုးကေတာ႕ လက္ရွိတင္ထားတဲ႕ ႏုိင္ငံကူးလက္မွတ္ကုိ မိတၱဴဆြဲထားဖို႕ပါ။ ဒါမွ ေပ်ာက္ဆံုးတဲ႕အခါ အေထာက္အထားက်န္ရစ္မွာျဖစ္ပါတယ္။

ေဆြမ်ိဳးေတြကေခၚလို႕အေမရိကားကိုသြားဖို႕အမႈတြဲက်ျပီးေစာင္႕ဆုိင္းေနသူေတြလည္း DV ေလွ်ာက္တင္ႏုိင္ပါတယ္။

လြန္ခဲ႕တဲ႕ (၅) ႏွစ္အတြင္း ျပည္ဝင္ျပီးသားအေရအတြက္ (၅ဝဝဝဝ) ေက်ာ္ေနတဲ႕ Bangladesh, Brazil, Canada, China (ျပည္မဖြား), Colombia, Dominican Republic, El Salvador, Guatemala, Haiti, India, Jamaica, Mexico, Nigeria, Pakistan, Philippines, South Korea, United Kingdom (Northern Ireland မပါ) နဲ႕ Vietnam ႏုိင္ငံသားေတြကေတာ႕ DV ေလွ်ာက္တင္ခြင္႕မရေတာ႕ပါဘူး။

ေငးမေနနဲ႕ ေတြးမေနနဲ႕ မိတ္ေဆြ။ အာရွတိုက္ထဲက နီေပါႏုိင္ငံမွာေတာင္ DV ေပါက္ျပီး အမရိကားေရာက္တဲ႕အေရအတြက္ဟာ ျမန္မာကံထူးရွင္ေတြထက္ (၉) ဆ မ်ားပါတယ္။ ဘာသိခ်င္လို႕ ညာသိခ်င္လို႕ဆိုျပီးလည္း သိပ္လိုက္ေမးမေနပါနဲ႕။ အေပၚကေျပာျပထားတဲ႕အခ်က္ေတြကို အဆင္သင္႕ျပင္ထား၊ စိတ္ရွင္းရွင္းထားျပီး အမွားမပါေအာင္သာ ေအာက္တိုဘာလ ျမန္မာယူနီကုဒ္ေျပာင္းျပီး ေနာက္တစ္ရက္မွာပဲ အေမရိကားကိုအတည္တက်ျပည္ဝင္ခြင္႕ရျပီးေျပာင္းေရႊ႕လာႏုုိင္မယ္႕ DV-2021 ကုိ ေလွ်ာက္တင္ရင္ခုန္လိုက္ၾကစို႕လား။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
09-20-2019

𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧:

"ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် DV-2021"
 DV-2021 ကံစမ်းမဲတင်နိုင်ဖို့ ၂ဝ၁၉ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ကို စောင့်မျှော်ပေးပါ။ အမေရိကန်နိုင်ငံ ဝေါ်ရှင်တန်အချိန်နေ့လည် (၁၂) နာရီဆိုရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ည (၁ဝး၃ဝ) အချိန်ရှိနေမှာဖြစ်ပါတယ်။ နောက်ဆုံးတင်ရမယ့်အချိန်ကတော့ (ဝ၅/၁၁/၁၉) ဖြစ်ပါတယ်။

              DV-Diversity Visa တင်ဖို့ ဘာငွေကြေးမှပေးစရာမလိုပါဘူး။ ငွေတောင်းနေပြီဆိုရင်တော့ သွားနေတဲ့အင်တာနက်စာမျက်နှာမှားနေတယ်လို့သိလိုက်ပါ။ အင်တာနက်ရှိတဲ့ Device တစ်ခုခုကနေ ကိုယ်ပိုင်အချက်အလက်တွေနဲ့တင်နိုင်ပါတယ်။

              မသိနားမလည်ရင် သိနားလည်သူကိုမေးပြီး အကူအညီတောင်းတင်ခိုင်းတဲ့အခါ မှန်ကန်တဲ့အကြောင်းအရာတွေကိုသာတင်သင့်ပြီး အတည်ပြုပေးတဲ့ Confirmation Number ပါတဲ့ Confirmation Page ကို ပြန်ယူထားဖို့အင်မတန်အရေးကြီးပါတယ်။

              တစ်ယောက်ယောက်က မိမိကိုယ်စားတင်ပေးတယ်ဆိုစေဦး အချိန်တန်လို့အဖြေတိုက်နိုင်တဲ့ကာလမှာ မိမိကိုယ်တိုင်စစ်နိုင်ဖို့ သက်သေတွေ၊ မိတ္တူတွေ နဲ့ အီးမေးလ်လိပ်စာတွေကို သိမ်းဆည်းထားသင့်ပါတယ်။ ကံစမ်းမဲပေါက်မပေါက်ကိုပြန်လည်စစ်ဆေးနိုင်မယ့်အချိန်ကတော့  DV တင်ပြီး (၆) လ အကြာ (ဝ၅/ဝ၅/၂ဝ၂ဝ) မှာ ဖြစ်ပါတယ်။

               တောင်းထားတဲ့အချက်အလက်တွေထဲမှာ

၁။ နိုင်ငံကူးလက်မှတ်မှာပါတဲ့နာမည်

၂။ လိင် (အမျိုးသား/အမျိုးသမီး)

၃။ မွေးနေ့သက္ကရာဇ်

၄။ မွေးဖွားတဲ့မြို့

၅။ မွေးဖွားတဲ့နိုင်ငံ

၆။ DV တင်ခွင့်ရှိတဲ့နိုင်ငံ တို့အပြင်

DV-2021 ကစပြီး တောင်းဆိုမှုအသစ်ဖြစ်တဲ့

၇။ နိုင်ငံကူးလက်မှတ်-The Passport Number ၊ ထုတ်ပေးတဲ့တိုင်းပြည်-Country of Issuance နဲ့ သက်တမ်းကုန်မယ့်ရက်-Expiration Date (ပင်တိုင်လျှောက်မည့်သူ၏နိုင်ငံကူးလက်မှတ်ကိုသာထည့်သွင်းရပါမည်။ အိမ်ထောင်ဘက်နှင့်သားသမီးတို့၏နိုင်ငံကူးလက်မှတ်များကို DV-2021 လျှောက်စဉ်တွင် ထည့်သွင်းပေးရန်မလိုသေးပါ)

၈။ (၆) လအတွင်းရိုက်ထားတဲ့ ၂" X ၂" ပတ်လည် ဓါတ်ပုံ (ယောက်ျား/မိန်းမ/ကလေး အကုန်)

၉။ လိ်ပ်စာ

၁ဝ။ ဖုန်းနံပါတ်

၁၁။ အီးမေးလ်လိပ်စာ

၁၂။ ပညာအရည်အချင်း

၁၃။ အိမ်ထောင်ရှိ/မရှိ

၁၄။ သား/သမီးအရေအတွက်
တို့ကိုထည့်သွင်းပြီးရင် လက်ခံစာရွက်/စာမျက်နှာကို သိမ်းထားပါ။ အချက်အလက်တူတာကို (၂) ကြိမ်တင်မိရင် ပယ်မဲပါ။

              DV တင်ဖို့အသက်ကန့်သတ်ချက်မထားပါ။ လိုအပ်ချက်ထဲမှာ အနည်းဆုံး (၁ဝ) တန်းအောင်ထားရင် (၁၆-၁၈) နှစ်ရှိနေရင် လျှောက်နိုင်ပါတယ်။ DV တင်ထားပြီးတော့မှာ နို််င်ငံကူးစာအုပ်လဲတာ၊ စာအုပ်ပျောက်လျှောက်ထားတာကိုလည်း ဖြေရှင်းခွင့်ပေးထားပါတယ်။

           ရွေးချယ်ခံရတယ်လို့သိတဲ့နောက် KCC-Kentucky Consular Center ကို ဘာကြောင့် နိုင်ငံကူးလက်မှတ် မရှိ/တစ်အုပ်ထက်ပိုနေတယ်ဆိုတာတွေကို အကြောင်းရင်းမှန်တွေနဲ့ပေးတင်ပါလိမ့်မယ်။ စိတ်အချရဆုံးကတော့ လက်ရှိတင်ထားတဲ့ နိုင်ငံကူးလက်မှတ်ကို မိတ္တူဆွဲထားဖို့ပါ။ ဒါမှ ပျောက်ဆုံးတဲ့အခါ အထောက်အထားကျန်ရစ်မှာဖြစ်ပါတယ်။

               ဆွေမျိုးတွေကခေါ်လို့အမေရိကားကိုသွားဖို့အမှုတွဲကျပြီးစောင့်ဆိုင်းနေသူတွေလည်း DV လျှောက်တင်နိုင်ပါတယ်။

              လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ပြည်ဝင်ပြီးသားအရေအတွက် (၅ဝဝဝဝ) ကျော်နေတဲ့ Bangladesh, Brazil, Canada, China (ပြည်မဖွား), Colombia, Dominican Republic, El Salvador, Guatemala, Haiti, India, Jamaica, Mexico, Nigeria, Pakistan, Philippines, South Korea, United Kingdom (Northern Ireland မပါ) နဲ့  Vietnam နိုင်ငံသားတွေကတော့ DV လျှောက်တင်ခွင့်မရတော့ပါဘူး။

               ငေးမနေနဲ့ တွေးမနေနဲ့ မိတ်ဆွေ။ အာရှတိုက်ထဲက နီပေါနိုင်ငံမှာတောင် DV ပေါက်ပြီး အမရိကားရောက်တဲ့အရေအတွက်ဟာ မြန်မာကံထူးရှင်တွေထက် (၉) ဆ များပါတယ်။ ဘာသိချင်လို့ ညာသိချင်လို့ဆိုပြီးလည်း သိပ်လိုက်မေးမနေပါနဲ့။ အပေါ်ကပြောပြထားတဲ့အချက်တွေကို အဆင်သင့်ပြင်ထား၊ စိတ်ရှင်းရှင်းထားပြီး အမှားမပါအောင်သာ အောက်တိုဘာလ မြန်မာယူနီကုဒ်ပြောင်းပြီး နောက်တစ်ရက်မှာပဲ အမေရိကားကိုအတည်တကျပြည်ဝင်ခွင့်ရပြီးပြောင်းရွှေ့လာနုုိင်မယ့် DV-2021 ကို လျှောက်တင်ရင်ခုန်လိုက်ကြစို့လား။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
09-20-2019

No comments: