ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, July 8, 2016

အေဖတစ္ေယာက္ရဲ႕တန္ဖိုး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္လူလားေျမာက္လို႕ အိမ္ေထာင္တစ္ခုတည္ေဆာက္ျပီး စီးပြားေရးအေျခက်တဲ႕အခါမွ အေဖ႕ကိုလက္လႊတ္ဆံုးရွံဴးခဲ႕ရတာ သူတစ္ကာထက္ တစ္ခုကံေကာင္းတယ္လို႕ဆိုရမယ္ထင္ပါတယ္။ ဒါေပမယ္႕ မိစံု ဖစံု ပညာစံု ၾကင္ယာစံုရသူေတြနဲ႕ေတာ႕ သြားမႏိႈင္းခ်င္ပါဘူး။ သူတုိ႕တစ္ေတြရဲ႕ ဘဝေပးကံက ကြ်န္ေတာ႕ထက္ျမင္႕လြန္းလွပါတယ္။
.
အေဖ႕ကို ကြ်န္ေတာ္ငယ္ငယ္ေလးကတည္းက အပါး လုိ႕ ေခၚေနက်ပါ။ အခုလုိစာေတြေရးတဲ႕အခါ ကုိယ္ပုိင္စကား အပါး ထက္စာရင္ လူသားအားလံုးရဲ႕ ဖခင္ ဆုိတဲ႕ဂုဏ္ထူးကိုခ်ီးေျမွာက္ခ်င္လို႕ အေဖ လို႕ပဲ ဆက္ေခၚပါရေစ။
.
.
ေမြးဖြားသန္႕စင္ေပးတဲ႕ မာတာမိခင္က ေရေသာက္ျမစ္ဆိုရင္ ရင္ေသြးဆုိတဲ႕အပင္ၾကီးထြားဖို႕ အေဖဟာ ပင္စည္ၾကီး ပါပဲ။ ဒီလိုေတာင္႕တင္းခုိင္မာမႈ နဲ႕ အရပ္ေလးမ်က္ႏွာက အတိုက္အခိုက္ေလၾကမ္းေတြကုိ ခုခံကာကြယ္ေပးတယ္။ ပူျပင္းလွတဲ႕ စူးစူးရွရွမြန္းတည္႕ေနကို အေဖ႕ရဲ႕ သစ္အုိရြက္လက္တက္ေတြနဲ႕ ကာမိုးထားေပးတယ္။ ဒီအခါမွာ ကြ်န္ေတာ္ဟာ အေဖ႕ကို အရာရာအားကိုးရင္း ၾကီးျပင္းခဲ႕တယ္။
.
ေနရာတကာမွာ အေဖပါမွ ျဖစ္မယ္ .. ေရာက္ေလရာမွာ ဦး -  ရဲ႕ သား ဆုိျပီး ဂုဏ္ယူေလ႕ရွိတယ္။ ေက်ာင္းသြားတဲ႕အခါ မုန္႕ဖုိးဆုိရင္ အေဖေပးရင္ ပိုရတယ္ .. အရြက္ၾကီးေတြ ရတတ္တယ္။ အလုပ္တစ္ဖက္နဲ႕မုိ႕ ေက်ာင္းလိုက္ပို႕တာ ၾကိဳတာ အေဖမလုပ္ႏုိင္ေပမယ္႕ ေက်ာင္းရဲ႕အာစရိယပူေဇာ္ပြဲ ဆုိ အေဖေရာက္ေအာင္တက္တယ္။
.
.
အေဖ႕အတြက္ ဗမာစကားဟာ ေမြးခ်င္းေပါက္ဘာသာစကားမဟုတ္ေပမယ္႕ ဗမာလိုေျပာတဲ႕အေဖ႕အသံဟာ ေတာ္ေတာ္ခ်စ္ဖို႕ေကာင္းတယ္။ ဒါေပမယ္႕ အေဖဟာ စကားနည္းတယ္ .. လိုမွ ေျပာေလ႕ရွိတယ္။ အေဖလာျပီဆုိ ေက်ာင္းအုပ္ဆရာမၾကီးကအစ ဆရာေတြၾကားမွာ လႈပ္လႈပ္ရွားရွားျဖစ္သြားေလ႕ရွိတယ္။

.
အေၾကာင္းကေတာ႕ အဲဒီေခတ္က တစ္က်ပ္သားကို ေရႊေစ်း ( ၂၈ဝဝ ) က်ပ္ ရွိတဲ႕အခ်ိန္မွာ ေက်ာင္းရံပံုေငြကို ( ၅ဝဝ ) က်ပ္ အျမဲထည္႕တဲ႕ အေဖ႕ကို အားလံုးက ေမွ်ာ္ၾကတယ္။ ေက်ာင္းသားမိဘေတြရဲ႕ေရွ႕ဆံုးတန္းထိုင္ခံုမွာ အေဖ႕ကို ေနရာေပးတယ္။ အေဖ႕ရဲ႕အဓိကလုပ္ေဆာင္ခ်က္က ေက်ာင္းကို အလွဴေငြထည္႕ ေထာက္ပံ႕ခ်င္တာပါပဲ။ ကြ်န္ေတာ္တို႕အလယ္တန္းေက်ာင္းရဲ႕ ကပြဲ၊ ကဗ်ာရြက္ပြဲ၊ သီခ်င္းဆိုျပိဳင္ပြဲအခ်ိန္ေတြေရာက္ျပီဆုိရင္ ဆရာမၾကီးကိုခြင္႕ေတာင္းျပီး အေဖက ျပန္ျပီ။
.
.
ငယ္ငယ္တုန္းကတည္းက ျပည္ၾကီးကေရာက္လာျပီး ဗမာစကားမကြ်မ္းေသးတဲ႕ ကန္စြန္းဥ ( အရပ္ေခၚ ေပါက္ေဖာ္ ) ေတြကို အေဖ အျမဲကူညီတယ္။ အိမ္ကို ေရာက္ေရာက္လာတတ္တဲ႕ အေဖနဲ႕စကားေျပာသူေတြက အိမ္တြင္းျပသနာျဖစ္လို႕ တရားရံုးကိုေရာက္လာတတ္သူေတြ ပံုစံနဲ႕ပါ။
.
သူတို႕ရဲ႕ ေယာက္်ားက ဘယ္လိုျဖစ္တယ္ .. မိန္းမက ဘာလုပ္လိုက္တယ္ .. ဂရုမစိုက္ဘူး .. တစ္ေယာက္ကိုတစ္ေယာက္အႏိုင္က်င္႕တယ္ စသျဖင္႕ တုိင္တန္းသံကို ေတာ္ေတာ္ငယ္ငယ္ကေလးဘဝကတည္းက မွတ္မိေနခဲ႕တယ္။ လာတဲ႕ တရုတ္မအဖြားၾကီးေတြရဲ႕ ႏွာရည္တရႊဲရြဲ မ်က္ရည္စက္လက္ ငိုညည္းသံေတြကုိလည္း အေဖက နားေထာင္ေပးျပီး ေျပရာေျပေၾကာင္း ျပန္နားခ်ေပးတာပါပဲ။
.
.
အစုိးရရံုးကိစၥေတြဆိုရင္ အဲဒီေခတ္က UCC စာအုပ္ကိုင္ထားသူေတြ နဲ႕ ဧည္႕ႏုိင္ငံသားခံယူထားသူေတြက ဆက္ဆံရမွာ ေၾကာက္ရြံ႕ၾကတယ္။ ဒီကြက္လပ္ကို သူ႕အိပ္သူစိုက္ သူ႕ထမင္းသူစားျပီး အေဖက ျဖည္႕စြမ္းေပးခဲ႕တယ္။ ေနာက္ရက္ေတြက်ေတာ႕ ေက်းဇူးတင္လြန္းလို႕ Top Choice မုန္႕ပံုးနီးေလးကိုင္ျပီးေရာက္လာတဲ႕ ကန္ေတာ႕သူေတြကိုလည္း အေဖက လက္ေဆာင္ပစၥည္းေတြ ျပန္ယူသြားခုိင္းတတ္တယ္။
.
ကူညီမႈရဲ႕အဆံုးတစ္ဖက္အထိ အေဖ အျမဲအေရာက္ပို႕တတ္တယ္။ သူတစ္ပါးကိုကူညီရင္ သူဘာျပန္ရရမယ္ဆုိတဲ႕မ်က္လံုးမ်ိဳး အေဖ႕မ်က္ႏွာေပၚမွာ ကြ်န္ေတာ႕တစ္သက္မျမင္ခဲ႕ဖူးဘူး။ သိပါတယ္ .. အေဖ ဟာ ရန္ကုန္၊ ေတာင္ၾကီး နယ္အစံု က်င္လည္က်က္စားရင္း ေလာကဒဏ္ရာဒဏ္ခ်က္ေတြကို ေရပတ္တုိက္ခဲ႕ရတယ္ဆုိတာ ငယ္စဥ္ကတည္းကေန အခုထိ ကြ်န္ေတာ္အသဲစြဲေအာင္ သိေနပါတယ္။
.
.
ဘယ္ေလာက္အထိကူညီတတ္သလဲဆုိရင္ အေဖနဲ႕တြဲျပီး ကုမၸဏီ ( ကံုးစီး - ) အတူတူလုပ္တဲ႕ ညီအစ္ကိုအမ်ိဳးေတြၾကားမွာ ကတံုးေပၚထိပ္ကြက္ ဘယ္တုန္းကမွ မလုပ္ခဲ႕ဖူးဘူး။ ခံခဲ႕ရသူလို႕စဥ္းစားၾကည္႕ရင္ အေဖ႕နာမယ္ ထိပ္ဆံုးပဲ။ အက်ိဳးအျမတ္ျမင္လို႕ ဝယ္ထားတဲ႕ အိမ္၊ ျခံ၊ ေျမ ေတြ ေကာင္စီဝင္ေတြေတာင္းသမွ် အေဖက အကုန္ယူသြားခုိင္းျပီး သူကုိယ္တုိင္ကေတာ႕ ( ၁၅ ) ႏွစ္စာခ်ဳပ္နဲ႕ အိမ္ငွားေနခဲ႕တယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္ငယ္ငယ္က အေနအစား နိမ္႕ပါးခဲ႕တယ္။
.
အေဖသင္ေပးသမွ်ထဲမွာ အေစာဆံုးရခဲ႕တဲ႕အတတ္ပညာကေတာ႕ ကုန္သြယ္ေရး ပါ။ စီးပြားေရးလုပ္တာ အေဖကြ်မ္းက်င္တယ္။ ဗမာစာကို ေရးတတ္ ဖတ္တတ္ရံု နဲ႕တင္ ျမန္မာေတာ္ေတာ္မ်ားမ်ားကို အေဖ အလုပ္ခန္႕ထားခဲ႕တယ္။ အစုိးရဝန္ထမ္း၊ ရဲ၊ စစစ၊ ေထာက္လွမ္းေရး စသူေတြက အေဖ႕နား မၾကာခဏ လက္ဘက္ရည္ဖိုးဆိုျပီး ေခ်ာင္းေပါက္ေအာင္လာသလို ကြ်န္ေတာ္တို႕အိမ္ဟာ သူတို႕အတြက္ စားအိမ္ ေသာက္အိမ္တစ္ေဆာင္ ျဖစ္ခဲ႕တယ္။
.
.
သေဘာေကာင္းလွတဲ႕ အေဖဟာ စီးပြားေရးမွာ ေအာင္ျမင္ေပမယ္႕ ကံုးစီး တစ္္ခုလံုးရဲ႕ ကုန္က်စားရိတ္ကို ထမ္းထားရလို႕ ပင္ပန္းလွတယ္။ စာရင္းရွင္းတိုင္း အေဖဟာ အရင္းပဲရတယ္။ အသီးအညႊန္႕ေတြကို ကံုးစီးဝင္ေတြက ေအးျငိမ္းသက္သာ ရရွိခံစားၾကရတယ္။ ဒါကို အျမဲေထာက္ျပတဲ႕ အေမ နဲ႕ သားသမီးေတြကို ေက်းဇူးရွင္ေတြကို မပစ္မွားဖို႕ အေဖ အျမဲဆူတယ္။ ထမင္းရွင္ကို ေလးစားရမယ္ .. ေက်းဇူးရွင္ကို သိတတ္ရမယ္ လို႕ အေဖ က အျမဲသင္ေပးတယ္။
.
ခႏၶာကုိယ္ၾကီးထြားျပီး ဝဖိုင္႕ေနတဲ႕အေဖဟာ မေမွ်ာ္လင္႕ပဲ ( ၃ ) ၾကိမ္အထိ ေလျဖတ္ခဲ႕တယ္။ အၾကိမ္ၾကိမ္ ေသြးေၾကာေတြရဲ႕ပိတ္ဆံုးအေရးယူတာခံရတဲ႕အေဖ႕က်န္းမာေရးဟာ လမ္းေကာင္းေကာင္းမေလွ်ာက္ႏုိင္တဲ႕ဘဝကို တြန္းပို႕ခဲ႕တယ္။ ( ၁ဝ ) ႏွစ္ ေက်ာ္ၾကာ အေဖဟာ ထုိင္ခံုေပၚမွာ .. တီဗီြတစ္လံုးေရွ႕မွာ ကံကုန္တဲ႕အထိ ထုိင္သြားရရွာတယ္။
.
.
အေဖတစ္ေယာက္ရဲ႕တန္ဖိုးကုိ အေဖမရွိမွ ပိုသိလာရတယ္။ ကိုယ္တုိုင္စတင္ရတဲ႕ လူ႕ဘဝက အသာေလး အေခ်ာေလးမွ မဟုတ္ၾကတာ..။ အေထာက္အကူမရတဲ႕ ဘဝထူေထာင္မႈ၊ အကူအညီမရတဲ႕လုပ္ငန္းခ်ဲ႕ထြင္မႈေတြမွာ အေဖ႕ရဲ႕အကူအညီကို ကြ်န္ေတာ္အျမဲေတာင္႕တမိတယ္။ အခုလို ဒီဘက္ေျမကိုေရာက္ခြင္႕ၾကံဳေတာ႕ နယ္ေျမသစ္မွာအေဖဘယ္လိုရုန္းကန္ခဲ႕ရတယ္ဆုိတာကုိ ပိုလို႕သာ ကိုယ္ခ်င္းစာမိလာတယ္။ အေဖ႕တန္ဖိုးကို ပိုသိလာတယ္။
.
ဒီအသက္အရြယ္မွာ ကြ်န္ေတာ႕သားသမီးေတြအတြက္ ေမွ်ာ္လင္႕ခ်က္ေတြကို ရုပ္လံုးေဖာ္ရင္း အေဖ႕ရဲ႕ငယ္ဘဝႏုရြယ္မႈဆံုးရွံဴးခဲ႕ရတာေတြကို အေတြးပံုရိပ္ထဲ ထင္ထင္သာသာ ျမင္လာတယ္။ အေဖဆုိရင္ သူ႕သားသမီး၊ လူမႈေရးကိစၥ၊ ဘဝလွပဖို႕လႈပ္ရွားေနရင္းနဲ႕ ေလျဖတ္ခဲ႕တဲ႕အခါမွာ သူလုပ္ခ်င္တဲ႕ကိစၥတစ္ခုကို အထမေျမာက္ခဲ႕ဘူး။ အေဖဟာ သူအသက္ ( ၆ဝ ) ေရာက္တဲ႕အခါ ဘာစီးပြားေရးမွမလုပ္ပဲ တရုတ္ဘံုေက်ာင္းမွာ အမ်ားေကာင္းက်ိဳးျပဳစကားျပန္ လုပ္ေပးခ်င္တာတဲ႕ေလ။ ေလျဖတ္သြားတာနဲ႕ မျဖစ္ေျမာက္ခဲ႕တဲ႕ အေဖ႕ရဲ႕ဆႏၵတစ္ခုေပါ႕..။
.
.
ကြ်န္ေတာ္ဟာ သိပ္ေတာ္တဲ႕သားတစ္ေယာက္မဟုတ္သလို သိပ္လိမၼာတဲ႕အေဖ႕ရဲ႕သားတစ္ေယာက္မျဖစ္ခဲ႕ပါဘူး။ ဒါေပမယ္႕ ကြ်န္ေတာ႕နားထဲကို အေဖ႕ရဲ႕သြန္သင္ဆံုးမမႈေတြကို အနားကပ္ျပီး မၾကာခဏလာေျပာတဲ႕အသံလိုလို အျမဲၾကားေယာင္မိတယ္။ အကုန္အစင္မလုိက္နာႏိုင္ေပမယ္႕ မွတ္မိသေလာက္ လူသားအက်ိဳးျပဳဖို႕ အေဖ႕အသံကို ကြ်န္ေတာ္မွတ္မိေနတယ္။
.
အစ္မက မိဘကိုေခၚလို႕ရတဲ႕အခ်ိန္ အေဖကျငင္းခဲ႕ေတာ႕ ေမာင္ႏွမခ်င္းျပန္ေခၚရတဲ႕အခါ  ကြ်န္ေတာ္တုိ႕မိသားစုဟာ အေမရိကားေရာက္ဖို႕ ( ၁၇ ) ႏွစ္ ၾကာခဲ႕တယ္။ ဒါဟာ ကြ်န္ေတာ႕အတြက္ ရင္႕က်က္မွ ဒီဘက္ေျမေပၚမွာ အေျခက်တာဟာ အေဖ ျမန္မာျပည္ကုိေရာက္ခဲ႕တဲ႕ လြတ္လပ္ေရးရျပီးေခတ္ကာလထက္စာရင္ ရုန္းကန္ရတာ အမ်ားၾကီးသက္သာပါတယ္ အေဖ..။
.
.
တစ္ခုပဲ အေဖ ..။ အခုလုိ စာေတြ ဘာေတြေရးလာတဲ႕အခ်ိန္မွာ အရင္တစ္ခ်ိန္က အေဖ႕ေျပာစကားေတြ နဲ႕ အသိပညာပို႕ခ်ေပးတဲ႕ အေဖေျပာျပခဲ႕တဲ႕ပံုျပင္ေတြကို မွတ္တမ္းမတင္ႏုိင္ခဲ႕မိတာကို သိပ္ႏွေျမာမိတယ္။ အခုလို နည္းပညာေတြျမင္႕မားျပီး သိမ္းရ ဆည္းရလြယ္ကူေပမယ္႕ မွတ္ဥာဏ္ထဲမွာ သိပ္မက်န္ခဲ႕ဘူး။ ဒါေပမယ္႕ ကြ်န္ေတာ႕အတြင္းသ႑န္ရဲ႕ Hard Drive ထဲမွာေတာ႕ အေဖေပးခဲ႕တဲ႕ ဘဝအင္အားေတြကေတာ႕ အျပည္႔ရွိေနပါတယ္ အေဖ .. ေရ ..။
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
.
07-08-2016
.
.
.
Unicode Version:
.
.
“ အဖေတစ်ယောက်ရဲ့တန်ဖိုး ”
.
ကျွန်တော်လူလားမြောက်လို့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး စီးပွားရေးအခြေကျတဲ့အခါမှ အဖေ့ကိုလက်လွှတ်ဆုံးရှူံးခဲ့ရတာ သူတစ်ကာထက် တစ်ခုကံကောင်းတယ်လို့ဆိုရမယ်ထင်ပါတယ်။ ဒါပေမယ့် မိစုံ ဖစုံ ပညာစုံ ကြင်ယာစုံရသူတွေနဲ့တော့ သွားမနှိုင်းချင်ပါဘူး။ သူတို့တစ်တွေရဲ့ ဘဝပေးကံက ကျွန်တော့ထက်မြင့်လွန်းလှပါတယ်။
.
အဖေ့ကို ကျွန်တော်ငယ်ငယ်လေးကတည်းက အပါး လို့ ခေါ်နေကျပါ။ အခုလိုစာတွေရေးတဲ့အခါ ကိုယ်ပိုင်စကား အပါး ထက်စာရင် လူသားအားလုံးရဲ့ ဖခင် ဆိုတဲ့ဂုဏ်ထူးကိုချီးမြှောက်ချင်လို့ အဖေ လို့ပဲ ဆက်ခေါ်ပါရစေ။
.
.
မွေးဖွားသန့်စင်ပေးတဲ့ မာတာမိခင်က ရေသောက်မြစ်ဆိုရင် ရင်သွေးဆိုတဲ့အပင်ကြီးထွားဖို့ အဖေဟာ ပင်စည်ကြီး ပါပဲ။ ဒီလိုတောင့်တင်းခိုင်မာမှု နဲ့ အရပ်လေးမျက်နှာက အတိုက်အခိုက်လေကြမ်းတွေကို ခုခံကာကွယ်ပေးတယ်။ ပူပြင်းလှတဲ့ စူးစူးရှရှမွန်းတည့်နေကို အဖေ့ရဲ့ သစ်အိုရွက်လက်တက်တွေနဲ့ ကာမိုးထားပေးတယ်။ ဒီအခါမှာ ကျွန်တော်ဟာ အဖေ့ကို အရာရာအားကိုးရင်း ကြီးပြင်းခဲ့တယ်။
.
နေရာတကာမှာ အဖေပါမှ ဖြစ်မယ် .. ရောက်လေရာမှာ ဦး -  ရဲ့ သား ဆိုပြီး ဂုဏ်ယူလေ့ရှိတယ်။ ကျောင်းသွားတဲ့အခါ မုန့်ဖိုးဆိုရင် အဖေပေးရင် ပိုရတယ် .. အရွက်ကြီးတွေ ရတတ်တယ်။ အလုပ်တစ်ဖက်နဲ့မို့ ကျောင်းလိုက်ပို့တာ ကြိုတာ အဖေမလုပ်နိုင်ပေမယ့် ကျောင်းရဲ့အာစရိယပူဇော်ပွဲ ဆို အဖေရောက်အောင်တက်တယ်။
.
.
အဖေ့အတွက် ဗမာစကားဟာ မွေးချင်းပေါက်ဘာသာစကားမဟုတ်ပေမယ့် ဗမာလိုပြောတဲ့အဖေ့အသံဟာ တော်တော်ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် အဖေဟာ စကားနည်းတယ် .. လိုမှ ပြောလေ့ရှိတယ်။ အဖေလာပြီဆို ကျောင်းအုပ်ဆရာမကြီးကအစ ဆရာတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားလေ့ရှိတယ်။
.
အကြောင်းကတော့ အဲဒီခေတ်က တစ်ကျပ်သားကို ရွှေဈေး ( ၂၈ဝဝ ) ကျပ် ရှိတဲ့အချိန်မှာ ကျောင်းရံပုံငွေကို ( ၅ဝဝ ) ကျပ် အမြဲထည့်တဲ့ အဖေ့ကို အားလုံးက မျှော်ကြတယ်။ ကျောင်းသားမိဘတွေရဲ့ရှေ့ဆုံးတန်းထိုင်ခုံမှာ အဖေ့ကို နေရာပေးတယ်။ အဖေ့ရဲ့အဓိကလုပ်ဆောင်ချက်က ကျောင်းကို အလှူငွေထည့် ထောက်ပံ့ချင်တာပါပဲ။ ကျွန်တော်တို့အလယ်တန်းကျောင်းရဲ့ ကပွဲ၊ ကဗျာရွက်ပွဲ၊ သီချင်းဆိုပြိုင်ပွဲအချိန်တွေရောက်ပြီဆိုရင် ဆရာမကြီးကိုခွင့်တောင်းပြီး အဖေက ပြန်ပြီ။
.
.
ငယ်ငယ်တုန်းကတည်းက ပြည်ကြီးကရောက်လာပြီး ဗမာစကားမကျွမ်းသေးတဲ့ ကန်စွန်းဥ ( အရပ်ခေါ် ပေါက်ဖော် ) တွေကို အဖေ အမြဲကူညီတယ်။ အိမ်ကို ရောက်ရောက်လာတတ်တဲ့ အဖေနဲ့စကားပြောသူတွေက အိမ်တွင်းပြသနာဖြစ်လို့ တရားရုံးကိုရောက်လာတတ်သူတွေ ပုံစံနဲ့ပါ။
.
သူတို့ရဲ့ ယောက်ျားက ဘယ်လိုဖြစ်တယ် .. မိန်းမက ဘာလုပ်လိုက်တယ် .. ဂရုမစိုက်ဘူး .. တစ်ယောက်ကိုတစ်ယောက်အနိုင်ကျင့်တယ် စသဖြင့် တိုင်တန်းသံကို တော်တော်ငယ်ငယ်ကလေးဘဝကတည်းက မှတ်မိနေခဲ့တယ်။ လာတဲ့ တရုတ်မအဖွားကြီးတွေရဲ့ နှာရည်တရွှဲရွဲ မျက်ရည်စက်လက် ငိုညည်းသံတွေကိုလည်း အဖေက နားထောင်ပေးပြီး ပြေရာပြေကြောင်း ပြန်နားချပေးတာပါပဲ။
.
.
အစိုးရရုံးကိစ္စတွေဆိုရင် အဲဒီခေတ်က UCC စာအုပ်ကိုင်ထားသူတွေ နဲ့ ဧည့်နိုင်ငံသားခံယူထားသူတွေက ဆက်ဆံရမှာ ကြောက်ရွံ့ကြတယ်။ ဒီကွက်လပ်ကို သူ့အိပ်သူစိုက် သူ့ထမင်းသူစားပြီး အဖေက ဖြည့်စွမ်းပေးခဲ့တယ်။ နောက်ရက်တွေကျတော့ ကျေးဇူးတင်လွန်းလို့ Top Choice မုန့်ပုံးနီးလေးကိုင်ပြီးရောက်လာတဲ့ ကန်တော့သူတွေကိုလည်း အဖေက လက်ဆောင်ပစ္စည်းတွေ ပြန်ယူသွားခိုင်းတတ်တယ်။
.
ကူညီမှုရဲ့အဆုံးတစ်ဖက်အထိ အဖေ အမြဲအရောက်ပို့တတ်တယ်။ သူတစ်ပါးကိုကူညီရင် သူဘာပြန်ရရမယ်ဆိုတဲ့မျက်လုံးမျိုး အဖေ့မျက်နှာပေါ်မှာ ကျွန်တော့တစ်သက်မမြင်ခဲ့ဖူးဘူး။ သိပါတယ် .. အဖေ ဟာ ရန်ကုန်၊ တောင်ကြီး နယ်အစုံ ကျင်လည်ကျက်စားရင်း လောကဒဏ်ရာဒဏ်ချက်တွေကို ရေပတ်တိုက်ခဲ့ရတယ်ဆိုတာ ငယ်စဉ်ကတည်းကနေ အခုထိ ကျွန်တော်အသဲစွဲအောင် သိနေပါတယ်။
.
.
ဘယ်လောက်အထိကူညီတတ်သလဲဆိုရင် အဖေနဲ့တွဲပြီး ကုမ္ပဏီ ( ကုံးစီး - 公司 ) အတူတူလုပ်တဲ့ ညီအစ်ကိုအမျိုးတွေကြားမှာ ကတုံးပေါ်ထိပ်ကွက် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ခံခဲ့ရသူလို့စဉ်းစားကြည့်ရင် အဖေ့နာမယ် ထိပ်ဆုံးပဲ။ အကျိုးအမြတ်မြင်လို့ ဝယ်ထားတဲ့ အိမ်၊ ခြံ၊ မြေ တွေ ကောင်စီဝင်တွေတောင်းသမျှ အဖေက အကုန်ယူသွားခိုင်းပြီး သူကိုယ်တိုင်ကတော့ ( ၁၅ ) နှစ်စာချုပ်နဲ့ အိမ်ငှားနေခဲ့တယ်။ ဒါကြောင့် ကျွန်တော်ငယ်ငယ်က အနေအစား နိမ့်ပါးခဲ့တယ်။
.
အဖေသင်ပေးသမျှထဲမှာ အစောဆုံးရခဲ့တဲ့အတတ်ပညာကတော့ ကုန်သွယ်ရေး ပါ။ စီးပွားရေးလုပ်တာ အဖေကျွမ်းကျင်တယ်။ ဗမာစာကို ရေးတတ် ဖတ်တတ်ရုံ နဲ့တင် မြန်မာတော်တော်များများကို အဖေ အလုပ်ခန့်ထားခဲ့တယ်။ အစိုးရဝန်ထမ်း၊ ရဲ၊ စစစ၊ ထောက်လှမ်းရေး စသူတွေက အဖေ့နား မကြာခဏ လက်ဘက်ရည်ဖိုးဆိုပြီး ချောင်းပေါက်အောင်လာသလို ကျွန်တော်တို့အိမ်ဟာ သူတို့အတွက် စားအိမ် သောက်အိမ်တစ်ဆောင် ဖြစ်ခဲ့တယ်။
.
.
သဘောကောင်းလှတဲ့ အဖေဟာ စီးပွားရေးမှာ အောင်မြင်ပေမယ့် ကုံးစီး တစ်ခုလုံးရဲ့ ကုန်ကျစားရိတ်ကို ထမ်းထားရလို့ ပင်ပန်းလှတယ်။ စာရင်းရှင်းတိုင်း အဖေဟာ အရင်းပဲရတယ်။ အသီးအညွှန့်တွေကို ကုံးစီးဝင်တွေက အေးငြိမ်းသက်သာ ရရှိခံစားကြရတယ်။ ဒါကို အမြဲထောက်ပြတဲ့ အမေ နဲ့ သားသမီးတွေကို ကျေးဇူးရှင်တွေကို မပစ်မှားဖို့ အဖေ အမြဲဆူတယ်။ ထမင်းရှင်ကို လေးစားရမယ် .. ကျေးဇူးရှင်ကို သိတတ်ရမယ် လို့ အဖေ က အမြဲသင်ပေးတယ်။
.
ခန္ဓာကိုယ်ကြီးထွားပြီး ဝဖိုင့်နေတဲ့အဖေဟာ မမျှော်လင့်ပဲ ( ၃ ) ကြိမ်အထိ လေဖြတ်ခဲ့တယ်။ အကြိမ်ကြိမ် သွေးကြောတွေရဲ့ပိတ်ဆုံးအရေးယူတာခံရတဲ့အဖေ့ကျန်းမာရေးဟာ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ဘဝကို တွန်းပို့ခဲ့တယ်။ ( ၁ဝ ) နှစ် ကျော်ကြာ အဖေဟာ ထိုင်ခုံပေါ်မှာ .. တီဗွီတစ်လုံးရှေ့မှာ ကံကုန်တဲ့အထိ ထိုင်သွားရရှာတယ်။
.
.
အဖေတစ်ယောက်ရဲ့တန်ဖိုးကို အဖေမရှိမှ ပိုသိလာရတယ်။ ကိုယ်တိုင်စတင်ရတဲ့ လူ့ဘဝက အသာလေး အချောလေးမှ မဟုတ်ကြတာ..။ အထောက်အကူမရတဲ့ ဘဝထူထောင်မှု၊ အကူအညီမရတဲ့လုပ်ငန်းချဲ့ထွင်မှုတွေမှာ အဖေ့ရဲ့အကူအညီကို ကျွန်တော်အမြဲတောင့်တမိတယ်။ အခုလို ဒီဘက်မြေကိုရောက်ခွင့်ကြုံတော့ နယ်မြေသစ်မှာအဖေဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ပိုလို့သာ ကိုယ်ချင်းစာမိလာတယ်။ အဖေ့တန်ဖိုးကို ပိုသိလာတယ်။
.
ဒီအသက်အရွယ်မှာ ကျွန်တော့သားသမီးတွေအတွက် မျှော်လင့်ချက်တွေကို ရုပ်လုံးဖော်ရင်း အဖေ့ရဲ့ငယ်ဘဝနုရွယ်မှုဆုံးရှူံးခဲ့ရတာတွေကို အတွေးပုံရိပ်ထဲ ထင်ထင်သာသာ မြင်လာတယ်။ အဖေဆိုရင် သူ့သားသမီး၊ လူမှုရေးကိစ္စ၊ ဘဝလှပဖို့လှုပ်ရှားနေရင်းနဲ့ လေဖြတ်ခဲ့တဲ့အခါမှာ သူလုပ်ချင်တဲ့ကိစ္စတစ်ခုကို အထမမြောက်ခဲ့ဘူး။ အဖေဟာ သူအသက် ( ၆ဝ ) ရောက်တဲ့အခါ ဘာစီးပွားရေးမှမလုပ်ပဲ တရုတ်ဘုံကျောင်းမှာ အများကောင်းကျိုးပြုစကားပြန် လုပ်ပေးချင်တာတဲ့လေ။ လေဖြတ်သွားတာနဲ့ မဖြစ်မြောက်ခဲ့တဲ့ အဖေ့ရဲ့ဆန္ဒတစ်ခုပေါ့..။
.
.
ကျွန်တော်ဟာ သိပ်တော်တဲ့သားတစ်ယောက်မဟုတ်သလို သိပ်လိမ္မာတဲ့အဖေ့ရဲ့သားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့နားထဲကို အဖေ့ရဲ့သွန်သင်ဆုံးမမှုတွေကို အနားကပ်ပြီး မကြာခဏလာပြောတဲ့အသံလိုလို အမြဲကြားယောင်မိတယ်။ အကုန်အစင်မလိုက်နာနိုင်ပေမယ့် မှတ်မိသလောက် လူသားအကျိုးပြုဖို့ အဖေ့အသံကို ကျွန်တော်မှတ်မိနေတယ်။
.
အစ်မက မိဘကိုခေါ်လို့ရတဲ့အချိန် အဖေကငြင်းခဲ့တော့ မောင်နှမချင်းပြန်ခေါ်ရတဲ့အခါ  ကျွန်တော်တို့မိသားစုဟာ အမေရိကားရောက်ဖို့ ( ၁၇ ) နှစ် ကြာခဲ့တယ်။ ဒါဟာ ကျွန်တော့အတွက် ရင့်ကျက်မှ ဒီဘက်မြေပေါ်မှာ အခြေကျတာဟာ အဖေ မြန်မာပြည်ကိုရောက်ခဲ့တဲ့ လွတ်လပ်ရေးရပြီးခေတ်ကာလထက်စာရင် ရုန်းကန်ရတာ အများကြီးသက်သာပါတယ် အဖေ..။
.
.
တစ်ခုပဲ အဖေ ..။ အခုလို စာတွေ ဘာတွေရေးလာတဲ့အချိန်မှာ အရင်တစ်ချိန်က အဖေ့ပြောစကားတွေ နဲ့ အသိပညာပို့ချပေးတဲ့ အဖေပြောပြခဲ့တဲ့ပုံပြင်တွေကို မှတ်တမ်းမတင်နိုင်ခဲ့မိတာကို သိပ်နှမြောမိတယ်။ အခုလို နည်းပညာတွေမြင့်မားပြီး သိမ်းရ ဆည်းရလွယ်ကူပေမယ့် မှတ်ဥာဏ်ထဲမှာ သိပ်မကျန်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့အတွင်းသဏ္ဍန်ရဲ့ Hard Drive ထဲမှာတော့ အဖေပေးခဲ့တဲ့ ဘဝအင်အားတွေကတော့ အပြည့်ရှိနေပါတယ် အဖေ .. ရေ ..။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.

07-08-2016

No comments: