ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, October 15, 2017

အမေရိကန် Electronic Diversity Visa Lottery Server ကျသွားရခြင်း၏တရားခံ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) 
.
. ဟားဟားဟား . . အခုတော့ အမှောင်ကျနေပြီမဟုတ်လား
ငါတို့ကိုပေးမဝင်တဲ့ မင်းတို့အမေရိကား
ဘယ်သူမှမဝင်ရဘူးကွ
ဘယ်ရမလဲ ငါတို့ဟက်ကာတွေအကြောင်းသိပြီမလား? (Yemen)
.
. အေး . . မင်းတို့ပြောတော့ မင်းတို့လုပ်တာပေါ့
တကယ်က ငါတို့လုပ်လိုက်တာကွ
သူတို့သမ္မတအသစ်ကငါတို့ကို
"အကြမ်းဖက်အဖွဲ့တွေလုံခြုံတဲ့မြေ"တဲ့
သူတို့ဆီကို
တစ်ကမ္ဘာလုံးကလူတွေမဝင်ရလဲ . . အေးရော (Somalia)
.
. နေကြပါဦး . . နေကြပါဦး . .
ဘယ်လိုတွေဖြစ်နေကြတာလဲ
ငါတို့လွှတ်ထားတဲ့ ဟက်ကာတွေကို
အထင်သေးလို့ပေါ့လေ
ဘယ့်နှယ် . . ဒေသဆိုင်ရာလုံခြုံရေးအချက်အလက်တွေကို
သူတို့ကိုမပေးနိုင်လို့ဆိုပြီး ဘန်း ထားတာ
အခု သူများတွေလဲပေးမဝင် နဲ့တော့ ဒါဘဲ (Libya)
.
. မင်းတို့ဟာက မြေပြင်ပေါ်မှာတင် မဟုတ်ဘူး
Facebook ပေါ်ပါ တက်ပစ်နေတာပါကလား
သမ္မတပွဲတုန်းက
ငါတို့ Russia ကိုလုပ်ခိုင်းလိုက်တာလေ
အခုတစ်ခေါက်တော့
ငါတို့ရဲ့အထူးကွန်မန်ဒိုဟက်ကာတွေအကြောင်း
ကောင်းကောင်းကြီးသိသွားပြီပေါ့ ဟားဟား (Syria)

.
. ပြောထား . . ပြောထား . . မင်းတို့ ဝအောင် ပြောထား
ဒီမှာ . . စစ်တိုက်တယ်ဆိုတာ
နျူကလီးယားရှိမှတိုက်လို့ရတာမဟုတ်ဘူး
အရည်အချင်းရှိသူတွေ သူ့နိုင်ငံထဲပေးမဝင်တာလည်း
စစ်တိုက်တာဘဲ
ဒါပေမယ့် ငါတို့လက်ချက်ဆိုတာ
အခုမှ ပြောတာ (Iran)
.
. မင်းတို့ဘာပြောပြော
အမေရိကားတစ်ခုခုဖြစ်ရင် ငါတို့လုပ်တာချည်းပဲ
ကမ္ဘာမြေမှာ ဘယ်နေရာရောက်ရောက်
ငါတို့လွှတ်ထားတဲ့သူတွေ ဒီလောက်များတာ
ဒါတောင် ဟက်ကာပဲ ရှိသေးတယ်နော်
မင်းတို့အမေရိကားကို
DV Lottery နဲ့ ဘယ်သူမှ မဝင်စေရဘူး . . ကြည့်ထား (ISIS)
.
.
. ဟားဟား မင်းတို့အားလုံးက အတူတူပဲ
လေးကြီးလိုက် မိုးကြီးလိုက်နဲ့
တကယ်တမ်း ဘိုကေအဝါနဲ့လူကိုမတိုက်နိုင်ဘူး
ဘာတဲ့ . . ငါ့ကိုကျတော့ ဒုံးပျံလူသားလေး ဘာလေး နဲ့
အောာက်တိုဘာလ (၁၈) ရက်နေ့ကျရင်
ငါတို့ကို ဗီဆာဘန်း မယ်တဲ့လေ
ကြည့်ကြသေးတာပေါ့
ငါကလည်း သူ့ဆာဗာကို
ဒီလိုလေး လုပ်လိုက်ရုံပါဘဲ . . ဟဲဟဲဟဲ (North Korea)
.
.

.
. နိုး . နိုး . နိုး ခင်ဗျားတို့အားလုံး မှားနေပြီ
(အဲဒီအချိန်မှာ သူတို့နိုင်ငံကလုပ်တာပါလို့
အရှေ့ကပြောခဲ့တဲ့နိုင်ငံတွေက ပါးစပ်အဟောင်းသားနဲ့)
.
.
ကျွန်တော်လုပ်တာပါဗျာ
.
(မင်းက ဘယ်လိုလုပ်လိုက်တာလဲ) တစ်ပြိုင်တည်း ဝိုင်းမေးလိုက်ကြတယ်
.
.
ဟိုတစ်နေ့က
ဆာဗာထဲ ပိုးဟတ်ဝင်တာကိုမြင်တော့
ဖတ်လက်စစာအုပ်နဲ့ရိုက်ချလိုက်တာ
မီးခလုပ်ကိုရိုက်မိသွားလို့
ပလပ်ပြုတ်သွားတယ်
.
(ဟာ . . မင်းက အဲဒါ ပလပ်ပြန်တပ်လိုက်ပေါ့) အားမလိုအားမရ ဝိုင်းပြောကြတယ်
.
.
ပလပ်က (၃) ပင်ထိုးဆိုတော့
ကျွန်တော့နိုင်ငံမှာမရှိဘူးလေ
ဖြစ်ချင်တော့
ထိပ်ကတစ်ပင်ကောက်သွားလို့
ပြန်ထိုးလို့မရတော့ဘူး
.
(ဒါဆို ဘက်ထရီနဲ့ဆက်မောင်းလေ)
အရှေ့ကအဖွဲ့ဝင်နိုင်ငံတွေ
တော်တော်စိတ်မရှည်တော့ဘူး
.
.
ဆက်မောင်းချင်ပါတယ်
ဒါပေမယ့် ဘက်ထရီကိုချိတ်လိုက်တာ
အဖို နဲ့ အမ မှားချိတ်မိလို့ . .
အဲဒါနဲ့
Down for Maintenance! ဆိုတာပြထားရင်း
တိတ်တိတ်လေးပြင်နေတာပါဗျာ
.
(ငါမပြောလိုက်ချင်ဘူး
မသိပါဘူး . . ငါတို့က ငါတို့ရဲ့ဟက်ကာတွေ
လက်စွမ်းပြသွားတယ်ပဲ ထင်နေတာ)
.
(အေးလေ) ကျန်တဲ့နိုင်ငံတွေအားလုံးတစ်သံတည်းညည်တွားကြတယ်
.
.
(နေစမ်းပါဦး
မင်းဖတ်နေတဲ့စာအုပ်နဲ့ရိုက်ချလိုက်တယ်ဆိုတော့
အဲဒီအချိန်ကြီးကျမှ
မင်းက ဘာစာအုပ်ဖတ်နေတာတုန်း) လို့ တစ်နိုင်ငံက ဝင်မေးတော့
.
ဟီး ဟီး . . .
(၂ဝဝ၈) မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပေဒစာအုပ်ပါဗျာ (Myanmar)
.
.
. အားလုံးရွှင်မြူးကြပါစေ (သရော်စာ) Info Ref: politico.com
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 10-15-2017











No comments: