ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, March 10, 2020

wwwဒေါ့တရုတ်ပြည်ဒေါ့ကရိုနာဗိုင်းရပ်စ်‌ဒေါ့ကွန်း

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

            ၂ဝ၂ဝ မတ်လ ဒုတိယသီတင်းပတ်ထဲရောက်လာတော့ ဘာမဆိုအကုန်လုပ်သည်-Made in China တရုတ်ပြည်ကြီးက ကမ္ဘာအရပ်ရပ်ကိုပို့တဲ့တင်ပို့ကုန်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်‌လည်း ပါလာသပေါ့ဗျာ။ ကိုတရုတ်ကြီးရဲ့လက်တံရှည်မရှည်ကြည့်လိုက်ရင် သူ့ပို့ကုန် ဗိုင်းရပ်စ်ဟာ အာတန္တိကတိုက်ကလွဲရင် ကျန်တဲ့တိုက်တွေ၊ တိုင်းပြည်တွေ၊ နိုင်ငံငယ်တွေမှာ အကုန်အစုံရောက်ရှိနေပါပေါ့လား။

            တကယ်တော့ ကျွန်တော်ဒီစာကိုရေးနေတာ တရုတ်ပြည်သူ ပြည်သားတွေကိုချီးကျူးဖို့ပါ။ တစ်ချိန်ကငတ်မွတ်ခဲ့တဲ့တိုင်းပြည်တွေထဲမှာ တရုတ်ပြည်လောက်ဘယ်သူကုန်ထုတ်နိုင်သလဲ? မူဝါဒအလွဲနဲ့တိုင်းပြည်ကိုတိုးတက်ဖို့ကြိုးစားတဲ့ခေါင်းဆောင်တွေရဲ့အောက်မှာ တရုတ်ပြည်သူတွေလောက်ဘယ်သူထမင်းအငတ်ခံနိုင်သလဲ?
? ‌မူပိုင်ခွင့်ကိုဘေးချိတ်ထား၊ စျေးနှုန်းကိုအပိုင်းပိုင်းအစိတ်စိတ်ဆွဲချထားနိုင်တဲ့ တရုတ်ပြည်ရဲ့ အတုလုပ်နိုင်စွမ်းကို ဘယ်သူမချီးကျူးဘဲနေနိုင်ပါသလဲ?


            ဆင်တစ်ကောင်ကို ပုဏ္ဏား ၆ ယောက်က ဟိုစမ်း ဒီစမ်း နဲ့ လွဲနေဦးမယ်။ တရုတ်ပြည်က ကမ္ဘာကြီးရဲ့ တစ်ကယ့်စက်ရုံကြီးဆိုတာ မလွဲဘူးဗျ။ အမေရိကားမှာ ဆန်အိုးကြီးလို့ယူဆထားတဲ့ ယိုးဒယားကဂျက်ဆမင်းဆန်၊ ဗီယက်နမ်ကအတောင့်ရှည်ဆန်၊ အိန္ဒိယကဘက်ဆမာထီဆန်အိတ်တွေအားလုံးဟာ စက်ရုံကြီးမှာ ကရိုနာဗိုင်းရပ်စ်တွေ့ပြီး ဒီဘက်မြေရောက်လာပြီလည်းပြောလိုက်ရော ဆိုင်တွေမှာ ရောင်းစရာမကျန်အောင် အကုန်လုံးကုန်သွားတာက သက်သေပြနေပါတယ်။

            ဒီစက်ရုံကမထုတ်လုပ်ရင် မိတ်ဆွေ iPhone ဝယ်လို့မရနိုင်ဘူး။ ဒီစက်ရုံကမထုတ်လုပ်ရင် မိတ်ဆွေရဲ့ ‌ရောဂါပိုးကူးမှာကြောက်လို့ မိနစ် ၂ဝ ကြာအောင်အတန်တန်ဆေးထားတဲ့လက်ချောင်းထိပ်ကလက်သည်းရှည်တွေကိုမညှပ်နိင်ဘူး။ မယုံမရှိနဲ့ တကယ်ပြောတာ။
            အပြည်ပြည်ဆိုင်ရာကအားကိုးထားသမျှတရုတ်ပြည်ကြီးက ကုန်ထုတ်လုပ်မှုနည်းပါးလာ၊ မြို့ထဲကလူ မြို့ပြင်မထွက်နိုင်၊ မြို့ပြင်ကလူ မြို့ထဲမဝင်နိုင်၊ နိုင်ငံထဲကလူ နိုင်ငံအပြင်မထွက်နိုင်၊ နိုင်ငံအပြင်ကလူ ပြည်တော်မပြန်နိုင်၊ ခရီးသွားသူက မရှိ၊ လေဆိပ်တွေက‌ ခြောက်ကပ်၊ ရှိတဲ့လေယာဉ်တွေရဲ့ ၈ဝ% မောင်းနှင်နေမှ လေကြောင်းလိုင်းအသက်ဝင်နေမယ်ဆိုလို့ ကောင်းကင်ပေါ်မှာ လူ ၁ဝ ယောက်နဲ့ လေယာဉ်တွေမောင်းကြ စတဲ့ စတဲ့ လှိုင်းတွေဟာ လိပ်ပြာလေးတစ်ကောင် ကမ္ဘာတစ်ဖက်ခြမ်းက တောင်ပံခတ်လိုက်တာကြောင့်မဟုတ်ရင် မီးဟုန်းဟုန်းတောက်စေဖို့ ဖနောင့်တစ်ချက်ပေါက်လိုက်တာလို့ပြောဦးမလို့လား?

            အခွင့်အရေးကောင်းဆိုတာ ၂ ခါ မလာဘူး တဲ့ ဆိုစကားတွေကြားဖူးတယ်။ အသက်ကိုဉာဏ်စောင့်တယ်ဆိုတာ ဒီတစ်ခေါက် ကရိုနာက သင်ပေးနေတယ်။ Pandemic-ကပ်ရောဂါဟာလည်း “အထိနာမယ် ကြည့်ရှောင်ကွာ” လို့ သတိပေးနေတယ်။ ဒီနေရာမှာ “wwwဒေါ့တရုတ်ပြည်ဒေါ့ကရိုနာဗိုင်းရပ်စ်‌ဒေါ့ကွန်း” စာမျက်နှာပေါ်က မြန်မာ့နှစ်ကူးအကြိုသင်္ကြန်စာဟောစာတမ်းကို ဖတ်ပြဖို့ရှိပါတယ်။

__ သောကြာသားများ တာစားအံ့

__ လက်သေချာမဆေးလျှင် ‌ရောဂါကူးအံ့

__ ယာယီခရီးများ ရပ်နားလတံ့

__ ကမ္ဘာ့စီးပွားရေး ကျအံ့

__ အွန်လိုင်းသင်ကြားရေး ထွန်းပွားလတံ့

__ အင်တာနက်ကုန်ပစ္စည်းပို့လုပ်ငန်း ကြီးထွားလတံ့

__ ငွေကြေးရကိန်း လူအများစုတွင်နည်းအံ့

__ မသိသူကျော်သွားလတံ့

__ သိသူဖော်စားလတံ့

__ ကောင်းမွန်သောအတွေ့အကြုံနှင့်ယှဉ်ကာ ဘဝလမ်းကြောင်းအပြောင်းအလဲဖြစ်အံ့။



ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-09-2020


<Zawgyi>

“wwwေဒါ့တ႐ုတ္ျပည္ေဒါ့ကရိုနာဗိုင္းရပ္စ္‌ေဒါ့ကြန္း”
            ၂ဝ၂ဝ မတ္လ ဒုတိယသီတင္းပတ္ထဲေရာက္လာေတာ့ ဘာမဆိုအကုန္လုပ္သည္-Made in China တ႐ုတ္ျပည္ႀကီးက ကမၻာအရပ္ရပ္ကိုပို႔တဲ့တင္ပို႔ကုန္ေတြထဲမွာ ကိုရိုနာဗိုင္းရပ္စ္‌လည္း ပါလာသေပါ့ဗ်ာ။ ကိုတ႐ုတ္ႀကီးရဲ့လက္တံရွည္မရွည္ၾကည့္လိုက္ရင္ သူ႔ပို႔ကုန္ ဗိုင္းရပ္စ္ဟာ အာတႏၲိကတိုက္ကလြဲရင္ က်န္တဲ့တိုက္ေတြ၊ တိုင္းျပည္ေတြ၊ နိုင္ငံငယ္ေတြမွာ အကုန္အစုံေရာက္ရွိေနပါေပါ့လား။

            တကယ္ေတာ့ ကၽြန္ေတာ္ဒီစာကိုေရးေနတာ တ႐ုတ္ျပည္သူ ျပည္သားေတြကိုခ်ီးက်ဴးဖို႔ပါ။ တစ္ခ်ိန္ကငတ္မြတ္ခဲ့တဲ့တိုင္းျပည္ေတြထဲမွာ တ႐ုတ္ျပည္ေလာက္ဘယ္သူကုန္ထုတ္နိုင္သလဲ? မူဝါဒအလြဲနဲ႔တိုင္းျပည္ကိုတိုးတက္ဖို႔ႀကိဳးစားတဲ့ေခါင္းေဆာင္ေတြရဲ့ေအာက္မွာ တ႐ုတ္ျပည္သူေတြေလာက္ဘယ္သူထမင္းအငတ္ခံနိုင္သလဲ?
? ‌မူပိုင္ခြင့္ကိုေဘးခ်ိတ္ထား၊ ေစ်းႏႈန္းကိုအပိုင္းပိုင္းအစိတ္စိတ္ဆြဲခ်ထားနိုင္တဲ့ တ႐ုတ္ျပည္ရဲ့ အတုလုပ္နိုင္စြမ္းကို ဘယ္သူမခ်ီးက်ဴးဘဲေနနိုင္ပါသလဲ?


            ဆင္တစ္ေကာင္ကို ပုဏၰား ၆ ေယာက္က ဟိုစမ္း ဒီစမ္း နဲ႔ လြဲေနဦးမယ္။ တ႐ုတ္ျပည္က ကမၻာႀကီးရဲ့ တစ္ကယ့္စက္႐ုံႀကီးဆိုတာ မလြဲဘူးဗ်။ အေမရိကားမွာ ဆန္အိုးႀကီးလို႔ယူဆထားတဲ့ ယိုးဒယားကဂ်က္ဆမင္းဆန္၊ ဗီယက္နမ္ကအေတာင့္ရွည္ဆန္၊ အိႏၵိယကဘက္ဆမာထီဆန္အိတ္ေတြအားလုံးဟာ စက္႐ုံႀကီးမွာ ကရိုနာဗိုင္းရပ္စ္ေတြ႕ၿပီး ဒီဘက္ေျမေရာက္လာၿပီလည္းေျပာလိုက္ေရာ ဆိုင္ေတြမွာ ေရာင္းစရာမက်န္ေအာင္ အကုန္လုံးကုန္သြားတာက သက္ေသျပေနပါတယ္။

            ဒီစက္႐ုံကမထုတ္လုပ္ရင္ မိတ္ေဆြ iPhone ဝယ္လို႔မရနိုင္ဘူး။ ဒီစက္႐ုံကမထုတ္လုပ္ရင္ မိတ္ေဆြရဲ့ ‌ေရာဂါပိုးကူးမွာေၾကာက္လို႔ မိနစ္ ၂ဝ ၾကာေအာင္အတန္တန္ေဆးထားတဲ့လက္ေခ်ာင္းထိပ္ကလက္သည္းရွည္ေတြကိုမညႇပ္နိင္ဘူး။ မယုံမရွိနဲ႔ တကယ္ေျပာတာ။

            အျပည္ျပည္ဆိုင္ရာကအားကိုးထားသမၽွတ႐ုတ္ျပည္ႀကီးက ကုန္ထုတ္လုပ္မႈနည္းပါးလာ၊ ၿမိဳ႕ထဲကလူ ၿမိဳ႕ျပင္မထြက္နိုင္၊ ၿမိဳ႕ျပင္ကလူ ၿမိဳ႕ထဲမဝင္နိုင္၊ နိုင္ငံထဲကလူ နိုင္ငံအျပင္မထြက္နိုင္၊ နိုင္ငံအျပင္ကလူ ျပည္ေတာ္မျပန္နိုင္၊ ခရီးသြားသူက မရွိ၊ ေလဆိပ္ေတြက‌ ေျခာက္ကပ္၊ ရွိတဲ့ေလယာဥ္ေတြရဲ့ ၈ဝ% ေမာင္းႏွင္ေနမွ ေလေၾကာင္းလိုင္းအသက္ဝင္ေနမယ္ဆိုလို႔ ေကာင္းကင္ေပၚမွာ လူ ၁ဝ ေယာက္နဲ႔ ေလယာဥ္ေတြေမာင္းၾက စတဲ့ စတဲ့ လွိုင္းေတြဟာ လိပ္ျပာေလးတစ္ေကာင္ ကမၻာတစ္ဖက္ျခမ္းက ေတာင္ပံခတ္လိုက္တာေၾကာင့္မဟုတ္ရင္ မီးဟုန္းဟုန္းေတာက္ေစဖို႔ ဖေနာင့္တစ္ခ်က္ေပါက္လိုက္တာလို႔ေျပာဦးမလို႔လား?

            အခြင့္အေရးေကာင္းဆိုတာ ၂ ခါ မလာဘူး တဲ့ ဆိုစကားေတြၾကားဖူးတယ္။ အသက္ကိုဉာဏ္ေစာင့္တယ္ဆိုတာ ဒီတစ္ေခါက္ ကရိုနာက သင္ေပးေနတယ္။ Pandemic-ကပ္ေရာဂါဟာလည္း “အထိနာမယ္ ၾကည့္ေရွာင္ကြာ” လို႔ သတိေပးေနတယ္။ ဒီေနရာမွာ “wwwေဒါ့တ႐ုတ္ျပည္ေဒါ့ကရိုနာဗိုင္းရပ္စ္‌ေဒါ့ကြန္း” စာမ်က္ႏွာေပၚက ျမန္မာ့ႏွစ္ကူးအႀကိဳသၾကၤန္စာေဟာစာတမ္းကို ဖတ္ျပဖို႔ရွိပါတယ္။

__ ေသာၾကာသားမ်ား တာစားအံ့

__ လက္ေသခ်ာမေဆးလၽွင္ ‌ေရာဂါကူးအံ့

__ ယာယီခရီးမ်ား ရပ္နားလတံ့

__ ကမၻာ့စီးပြားေရး က်အံ့

__ အြန္လိုင္းသင္ၾကားေရး ထြန္းပြားလတံ့

__ အင္တာနက္ကုန္ပစၥည္းပို႔လုပ္ငန္း ႀကီးထြားလတံ့

__ ေငြေၾကးရကိန္း လူအမ်ားစုတြင္နည္းအံ့

__ မသိသူေက်ာ္သြားလတံ့

__ သိသူေဖာ္စားလတံ့

__ ေကာင္းမြန္ေသာအေတြ႕အၾကဳံႏွင့္ယွဥ္ကာ ဘဝလမ္းေၾကာင္းအေျပာင္းအလဲျဖစ္အံ့။



ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
03-09-2020

No comments: