ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 21, 2015

မစ္ရွင္ေတာင္တက္ဒသန

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

( ၁ )
အျဖစ္က မႏွစ္ကနဲ႕မတူတာအမွန္ပါပဲ။ ေတာင္ေပၚကဆင္းလာျပီလုိ႕ ရုိက္လာတဲ႕ “ စြမ္း ” ရဲ႕ မက္ေဆ႕ရတာနဲ႕ ဖုန္းက Navigator မွာ Mission Peak လို႕႔ရုိက္ထည္႕လိုက္ေတာ႕ သြားေနက် I-880 ကသြားရင္ ( ၂ ) မိနစ္ပိုျမန္မယ္၊ ( ၁၅ ) မိုင္ပိုေမာင္းရမယ္။ ဒါေပမယ္႕ I-238 နဲ႕ I-680 က သြားရင္ေတာ႕ မုိင္နည္းမယ္။ လမ္းမကြ်မ္းဘူး။ အခ်ိန္ပိုၾကာမယ္။ ဒါနဲ႕ စိတ္က ဇေဝဇဝါျဖစ္သြားတယ္။ တစ္ခုခုေတာ႕ ဆံုးျဖတ္ရမယ္။ ကေလးေတြက အဆင္းဆိုေျပးဆင္းၾကေတာ႕ ျမန္မွာ။ အခ်ိန္ နဲ႕ ဓါတ္ဆီ ဘယ္ဟာပိုအေရးၾကီးသလဲ တြက္လိုက္တယ္။ ဆီကုန္ပေလ႕ေစ ျမန္ဖို႕လိုတယ္။ လမ္းသိဖို႕လိုတယ္။
.
အျမန္လမ္းေတြရဲ႕အခ်ိတ္အဆက္ေတြၾကားမွာ ကြ်န္ေတာ႕ကင္မရီေလးဟာ မုိင္နည္းသြားလိုက္ မိုင္ပိုသြားလိုက္နဲ႕ တရိပ္ရိပ္ေျပးေနတယ္။ တစ္ခ်က္တစ္ခ်က္ ေနကာမ်က္မွန္ၾကားက အလစ္ဝင္လာတဲ႕ ေနေရာင္ျခည္ရဲ႕ အညိႈးအစူးကိုခံရတဲ႕ မ်က္စိတစ္ဖက္မွာ မ်က္ဝတ္ေတြနဲ႕ မ်က္ႏွာမွမသစ္ခဲ႕ရေသးတာကုိ သတိရလုိက္မိတယ္။ မီးပြိဳင္႕မွာရပ္လိုက္တဲ႕အခါမ်ိဳးက်မွ ေရွ႕ေနကာမွာပါတဲ႕ မွန္ေသးေသးေလးကေန မ်က္ႏွာကိုစစ္ၾကည္႕လုိက္တယ္။ ရႈတ္ပြေနတဲ႕ဆံပင္အေဖြးလိုက္ၾကီးကိုဖံုးထားေပးတဲ႕ ဦးထုပ္တစ္လံုးကလြဲရင္ အားလံုးကပံုမွန္ပဲ။ ေၾသာ္ .. ငါ႕မ်က္ဝန္းေတြေတာင္ ညိဳကြက္ျပီး တြဲခိုအိက်ေနပါေရာ႕လား။
.
( ၂ )
ေမာင္းမထုတ္လိုက္ရပဲ အေတြးစေတြေျပးထြက္သြားခ်ိန္မွာ ကားစီယာတိုင္ကုိ မကိုင္ခ်င္ပဲျပန္ကိုင္ရင္း စိတ္မပါတပါေမာင္းရျပန္္တယ္။ ဒီတစ္ေကြ႕ခ်ိဳးလိုက္တာနဲ႕ ဖုန္းရဲ႕လမ္းျပေျမပံုက ေတာင္တက္လမ္းကုိ စေခၚသြားပါတယ္။ စိတ္ထဲကခ်ိန္းေနတဲ႕ ေတာင္တက္ဂီယာကို ( ၂ဝ၁၁ ) ကားအင္ဂ်င္က မာန္ပါပါနဲ႕ ဟီးထေနေအာင္ဆြဲတင္လုိက္တာနဲ႕ ရွမ္းရိုးမနဲ႕ဆင္တူတဲ႕ေတာင္ကုန္းတစ္ခုကို ညာဖက္ပန္းေကြ႕ျပီး ရုန္းထလိုက္သြားတယ္။
.
ခံုးမတ္မတ္တစ္ခုကိုစတက္မယ္အလုပ္မွာ ဝိတ္အျပည္႕နဲ႕ေျပးဆင္းလာတဲ႕ ( ၁၂ ) ဘီးကားကို မျဖစ္မေနေရွာင္ရေတာ႕ မရႈရတာၾကာတဲ႕ ဓါတ္ဆီမီးခိုးနံ႕ျပင္းျပင္းေလး ကားတံခါးၾကားထဲ တိုးဝင္အလာမွာ မစ္ရွင္ေတာင္တက္ရတာ ေတာင္ၾကီးအသြား ယင္းမာပင္လမ္းက ပေစာက္ေကြ႕ကို ျပန္ေခၚသြားသလို ရင္ခုန္လိုက္ရတာ အရမ္းပါပဲ။

.
ပိုဆိုးေစတဲ႕အမွတ္တရေတြက လမ္းက တစ္လမ္းေမာင္းစာပဲရွိတယ္။ အေမရိကားမွာ ဒီလိုလမ္းကို ( ၆ ) ႏွစ္အတြင္းမွာ ထိပ္ဆံုးေတြ႕ဖူးတာျဖစ္သလို ခ်ံဳႏြယ္ကုိင္းပင္ေတြဟာ အင္းေလးအဝင္ ေညာင္ေရႊနားက ဘုရားပ်က္မွာ ကားပ်က္ခဲ႕တဲ႕ညကုိ ျပန္သတိရေစတယ္။
.
ေနေရာင္ျခည္က သဘာဝအပင္ငယ္ေလးေတြကုိ မညွာမတာ ညိႈးႏြမ္းေစခဲ႕သလို ေတာင္ပိုင္းရွမ္းျပည္အထြက္ ဟုိပံုးနားက ပအုိဝ္႕ေျမနီနဲ႕ခပ္ဆင္ဆင္ေျမသားေတြကို ဖန္ဆင္းေပးထားတယ္။ တစ္ခ်က္တစ္ခ်က္ေကြ႕လိုက္လို႕မ်ား ေအာက္ကိုငဲ႕ၾကည္႕လုိက္ရင္ ရဲသူေအာင္ကားက်သြားတဲ႕ေခ်ာက္ကမ္းပါးကိုမွန္းျပီးေတာ႕ စိတ္ေျခာက္ျခားေနမိလို႕ စိတ္ကိုမနည္းၾကီးေဖ်ာက္ေနရတယ္။ ဆက္ေမာင္းရမယ္။
.
( ၃ )
လမ္းက်ဥ္းတို႕ရဲ႕ထံုးစံအတုိင္း ကတၱရာေတြဟာ ျမဲျမဲျမံျမံလဲေလ်ာင္းျပီးမေနႏိုင္ပါ။ မည္းနက္တဲ႕လမ္းေတြဟာ အိုမင္းရင္႕ေရာ္လြန္းလို႕ ခပ္လွမ္းလွမ္းကလွ်ိဳၾကီးထဲကေရေသေတြကုိ လွမ္းေသာက္ေနတယ္။ ကြ်န္ေတာ႕ကားကာ “ သူ႕ကုိၾကိဳက္သလိုေမာင္းပါ .. ေဘးမက်ရင္ေတာ္ျပီ ” လို႕ က်င္႕သားရခဲ႕ေပမယ္႕ ေမာင္းခြင္႕ျပဳထားတာ တစ္နာရီ ( ၁ဝ ) မုိင္ဆိုတဲကအျမန္ႏႈန္းကို သေဘာက်ေနပံုမရဘူး။ လမ္းေဘးခပ္ေစာင္းေစာင္းမွာ ေရးထားတာက “ လမ္းလြဲရွိသည္ - Turnout  ” ဆိုတဲ႕ ဆိုင္းဘုတ္။ အတက္လည္းဒီလမ္း အဆင္းလည္းဒီလမ္းတစ္လမ္းတည္း။ ဒီေတာ႕ ေခါင္းခ်င္းဆံုလာရင္ ဒီေနရာအပိုေလးမွာ ေဘးၾကိဳခ်ျပီး တစ္ဖက္ကားကုိဦးစားေပးလမ္းေရွာင္ေပးၾကတာ .. ခ်စ္စရာ။
.
ဒိုင္ခြက္မွာစစ္လုိက္္ေတာ႕ ( ၃ ) ဆေလာက္ျမန္တဲ႕အရွိန္နဲ႕ လမ္းေလွ်ာက္ဆင္းလာတဲ႕ ေတာင္တက္ေလ႕က်င္႕ခန္းလုပ္သူေတြကုိ လမ္းခ်ေရွာင္ရတယ္။ တစ္ခ်ိဳ႕ေျခက်င္ဆင္းလာသူေတြမွာ အခ်စ္ေတာ္ေခြးေလးေတြပါလာၾကတယ္။ ခဏနားရင္းေရတုိက္ေနတာျမင္ရေတာ႕ ကားအင္ဂ်င္ပူလို႕ ဝက္ျဖဴေရမွာနားတုန္းေသာက္ခဲ႕တဲ႕ ဝါးလံုးျခမ္းေတာင္က်ေရေလာက္ေတာ႕ ဘယ္ေကာင္းပါ႕မလဲလို႕ ေတြးမိျပန္ေရာ။
.
( ၄ )
“ This road won’t take you to the summit of the peak ” ဆိုတဲ႕စာတန္းအရ ဒီလမ္းအတုိင္းသြားရင္ေတာင္ထိပ္မေရာက္ဘူးဆိုေပမယ္႕ ကြ်န္ေတာ္က ကားပါကင္သြားေနတာပဲေလ လို႕ ေတြးရင္းဆက္ေမာင္းတယ္။ လမ္းက်ဥ္းသြားလည္းေပ်ာ္တယ္။ အေကြ႕လမ္းလည္းေပ်ာ္တယ္။ ေတာင္ဆင္းေတာင္တက္လည္းေပ်ာ္တာပဲ။ စိမ္းလန္းေတာေတာင္ေတြရဲ႕ ေလာကအေပၚေကြ႕ဆင္းသြယ္ဝုိက္မႈကုိ အရသာခံရင္း လမ္းရဲ႕ဘယ္ဖက္ျခမ္းမွာ ေမြးျမဴေရးျခံေတြေတြ႕ေတာ႕ ေအာင္ပန္းအဝင္က စေတာ္ဘယ္ရီထိုင္ေရာင္းေနတဲ႕ျခံေလးေတြကုိ သတိရမိတယ္။ ေရးထားတာက ေမြးျမဴေရးျခံ - Ranch မဟုတ္ပဲ Rancho ျဖစ္ေနတာကိုေတာ႕ စကားလံုးအသစ္တစ္လံုးရျပီဆုိျပီး ဝမ္းသာအယ္လဲျဖစ္ခဲ႕ရျပန္တယ္။
.
လမ္းဆံုးေတာ႕ရြာေတြ႕ဆုိေပမယ္႕ ကြ်န္ေတာ္ေတြ႕ခဲ႕တာက ေဘးတစ္ဖက္တစ္ခ်က္ဝဲယာမွာ ဘုရားငါးဆူလမ္းခြဲနားကစိုက္ခင္းေတြလုိမ်ိဳး နဲ႕ ေရွ႕ဆက္သြားတဲ႕အခါ “ လမ္းဆံုးျပီ - The End ” ဆိုတဲ႕ သံတံခါးၾကီးက လမ္းအလယ္တည္႕တည္႕မွာ ဆီးၾကိဳေနေလရဲ႕။ ရြာမေတြ႕ပဲ ေရွ႕ဆက္လို႕မရဘူးဆိုတဲ႕ တားဆီးတဲ႕စာတန္းေလးကသာ ေစာင္႕ဆုိင္းေနပါတယ္။ ကြ်န္ေတာ္ လမ္းမွားလာျပီ။ ကားကို ဂငယ္ေကြ႕ေကြ႕ျပီး လာလမ္းအတုိင္းျပန္ဆင္းလာတဲ႕အခါ စိုးရိမ္စိတ္အျပည္႕နဲ႕ စြမ္း ရဲ႕ “ မေရာက္ေသးဘူးလား ” လို႕ လွမ္းေခၚတဲ႕အသံဟာ လက္ကိုင္ဖုန္းထဲကေနထြက္ေပၚလာေတာ႕တယ္။
.
“ Navigator က ေခၚတဲ႕အတိုင္းလိုက္သြားတာပဲ သားရယ္ .. လိပ္စာေပး .. ျပန္ဆင္းျပီးလိုက္လာခဲ႕မယ္ ”  ဆုိျပီး ေတာင္ခါးပန္းကေန ေဇာက္ထုိးၾကီးေျပးဆင္းလာတဲ႕ ကင္မရီေလးဟာ သခင္ရဲ႕အလုိက် မာန္ဟုန္စီးျပီး ဟီးထေနပါတယ္။ ဒီအခါမွ ျမန္မာႏုိင္ငံ ရွမ္းရိုးမေတာင္တန္းေတြေပၚ ခဏအိမ္ျပန္ေနတဲ႕ကြ်န္ေတာ႕စိတ္ေတြကုိ အေမရိကန္ေျမေပၚက မစ္ရွင္ေတာင္ေပၚကိုျပန္ေခၚႏုိင္ခဲ႕ျပီး ဟုိင္းလပ္ကားကိုဇိမ္ခံေမာင္းခဲ႕တဲ႕ကြ်န္ေတာ႕ရဲ႕လက္ေခ်ာင္းေလးေတြဟာလည္း ကားအျဖဴေလးကုိထိန္းေက်ာင္းဖို႕ အိပ္မက္ထဲကလန္႕ႏို္းလာပါေတာ႕တယ္။
.
( ၅ )
ကားေမာင္းရင္း လိပ္စာအမွန္ကုိရွာလို႕မရတဲ႕အခါ လက္ေတြ႕ဘဝရဲ႕တယ္လီဖုန္း နဲ႕ ျဂိဳဟ္တုအဆက္အသြယ္ရဲ႕ လမ္းျပမႈကိုအားကိုးရျပန္တယ္။ ေတာင္တစ္ျခမ္းကိုျပန္ေကြ႕အဆင္းမွာ Satellite Signal Lost ဆိုျပီး စက္ပစၥည္းရဲ႕ခြ်တ္ယြင္းမႈ နဲ႕ ေဆာ႕ဝဲလ္တို႕ရဲ႕ မျမဲျခင္းသေဘာကို ကားေမာင္းရင္း မ်က္ဝါးထင္ထင္ေတြ႕ေနရတယ္။ စြမ္း ထပ္ပို႕ေပးလာတဲ႕ Mission Peak Parking လိပ္စာ Link ကုိႏွိပ္လိုက္တာနဲ႕အခ်ိန္ကိုက္ ကြ်န္ေတာ႕ကားဟာ မစ္ရွစ္ေတာင္ေျခကို ျပန္ေရာက္ေနပါျပီ။ အဓိပၸာယ္ကေတာ႕ ဘယ္သြားမလဲ .. အေရွ႕ဖက္လား .. အေနာက္ဖက္လား .. ဒီလမ္းမွားခဲ႕ရင္ ေနာက္တစ္ေတာင္ထပ္တက္ရမလား ဆုိတဲ႕ ပံုစံမ်ိဳးနဲ႕ ကားအင္ဂ်င္ကေတာ႕ အနည္းငယ္ျငီးျငဴေနပါတယ္။
.
ျပတဲ႕လမ္းအတိုင္းလိုက္သြားတဲ႕အခါ ေနာက္ဆံုးေတာ႕ မစ္ရွင္ေတာင္ကားပါကင္မွာ စိတ္မရွည္စြာေစာင္႕ေနတဲ႕ စြမ္းရဲ႕သူငယ္ခ်င္းတစ္သိုက္ နဲ႕ သူ႕သူငယ္ခ်င္းတစ္ေယာက္ရဲ႕အေဖတုိ႕ကို ကားတစ္စီးနဲ႕အတူ ေတြ႕လိုက္ရတယ္။ ( ၁ ) နာရီခြဲေလာက္ပိုေစာင္႕လုိက္ရတဲ႕သူတို႕ကို ေတာင္းပန္တဲ႕မ်က္ႏွာမ်ိဳးနဲ႕ၾကိဳလိုက္ျပီး ပါကင္ခံုးအဆင္းေလးအတိုင္း ေမာင္းလာခဲ႕တယ္။ အေကြ႕မွာေတြ႕လိုက္တဲ႕ လမ္းနံမယ္ေၾကာင္႕ ဒီတစ္ခါေတာ႕ ကြ်န္ေတာ႕စိတ္ေတြ အတိတ္ကာလကိုျပန္သြားတာမဟုတ္ပဲ အေမရိကန္အနာဂါတ္ကို ခရီးဆန္႕သြားပါတယ္။ ဒါနဲ႕အတူ ကြ်န္ေတာ္လိုက္သြားမိတယ္ ..အေတာင္ပံမပါတဲ႕ ေနာင္တတစ္စံု နဲ႕အတူ ဘဝင္မက်ျဖစ္လိုက္ရတဲ႕ဘဝတခုပါလား..။
.
( ၆ )
Stanford Avenue .. ဟုတ္ပါတယ္ .. တကၠသိုလ္တစ္ခုကေတာင္ နာမည္ယူထားတဲ႕ျမိဳ႕ကေလးကုိအစြဲျပဳထားတဲ႕ လမ္းနာမည္ပါ။ ဒီေက်ာင္းၾကီးထြက္ဆိုရင္ နာမည္ၾကီးၾကတယ္။ စာေတာ္ၾကတယ္။ ဝင္ဖို႕ခက္ခဲတယ္။ ျပိဳင္ဆိုင္မႈျပင္းထန္တယ္။ အထင္ကရပုဂၢိကေက်ာင္းျဖစ္တာနဲ႕အညီ က်ဴရွင္ခေစ်းၾကီးတယ္။ ဒါေတြအားလံုး ကြ်န္ေတာ႕ေခါင္းထဲကုိ အစုလုိက္အျပံဳလိုက္ဝင္လာတယ္။ ကြ်န္ေတာ္ တစ္စခ်င္းဆြဲထုတ္ျပီးျပန္ေတြးမိတယ္။ ပညာေရးအေၾကာင္းေတြလား … ဟုတ္တယ္ေလ .. ကြ်န္ေတာ္တုိ႕ အေမရိကားကိုဘာေၾကာင္႕လာတာလဲ?
.
ေျမဆီလႊာအသစ္ကိုေျပာင္းေရႊ႕လာတဲ႕အခါ ကေလးေတြပါလာၾကတယ္။ တစ္ခ်ိဳ႕က ငယ္ငယ္ေလးကတည္းကလိုက္လာရသလို ၾကီးမွလုိက္လာတဲ႕ သားသမီးေတြလည္းရွိတယ္။ ဘယ္ဘာသာစကားေျပာခဲ႕ေျပာခဲ႕ အေမရိကားေရာက္ရင္အသစ္ကျပန္စရတာခ်ည္းပဲ။ ဒါေၾကာင္႕မုိ႕ သူတို႕ရဲ႕ေနာင္ေရးဆိုရင္ ပုိျပီးရင္းႏွီးျမွဳပ္ႏွံရတယ္။ အခ်ိန္ေပးရတယ္။ အေျခခံပညာေက်ာင္းကေန အဆင္႕ျမင္႕ျမင္႕ေတြးေတာဆင္ျခင္ႏုိင္တဲ႕ ယွဥ္ျပိဳင္ပညာေရးနယ္ပယ္ - Competitive Education Field စည္းဝိုင္းအတြင္းထဲကို မိိတ္ဆက္ေပးရတယ္။
.
ဒီေနရာမွာ ကေလးေတြရဲ႕ဘာသာရပ္ေရြးခ်ယ္မႈဟာ အနာဂါတ္နာမယ္ၾကီးအလုပ္အကိုင္လမ္းေၾကာင္းေပၚက လူတိုင္းအထင္ၾကီးတဲ႕ အထင္ကရေမဂ်ာျဖစ္ေနႏုိင္သလို ဝါသနာအရ သူ႕စိတ္ၾကိဳက္ဘာသာရပ္အေပၚလိုက္ျပီးေရြးခ်ယ္ခဲ႕မႈလည္း ျဖစ္ႏုိင္တယ္ေလ။ လမ္းေၾကာင္းမွန္အတုိင္း တစိုက္မတ္္မတ္ေလွ်ာက္လွမ္းသြားခဲ႕ၾကသူကေလးမ်ားအတြက္ မိဘေတြကစိတ္ေအးရပါတယ္။ ဒါမွမဟုတ္ ဒီတစ္လမ္းကိုစမ္းေလွ်ာက္လုိက္၊ မၾကိဳက္လုိ႕ ေနာက္တစ္လမ္းကိုထပ္စမ္းလိုက္၊ အဲဒါကိုမွမၾကိဳက္ျပန္ဘူး ဘယ္မွဆက္မသြားပဲ လမ္းဆံုလမ္းခြမွာရပ္ေနလိုက္ ျဖစ္ေနတဲ႕ သားသမီးတို႕ရဲ႕မိဘေတြမွာ အင္မတန္ေမာရတယ္။ ရင္ေလးရတယ္။
.
( ၇ )
သိတဲ႕အတုိင္း “ မင္းကိုယ္တုိင္ေရာ ဘယ္တုန္းက ဘယ္ေလာက္ၾကိဳးစားခဲ႕လို႕လဲ ” လို႕ အေမးခံရတဲ႕လူတစ္ေယာက္မွာ ဒီလိုသားသမီးတစ္ဦးတစ္ေလပါလာျပီဆိုရင္ေတာ႕ မစ္ရွင္ေတာင္ကို ကားနဲ႕ေမာင္းတက္သြားရင္း ေနာက္ဆံုးမွာ လိုရင္းမေရာက္ပဲ ခင္းထားတဲ႕ကတၱရာလမ္းကုန္ျပီး ေရွ႕ဆက္သြားလို႕မရတဲ႕ ကြ်န္ေတာ႕ရဲ႕အမွားနဲ႕ဘာမ်ားထူးျခားဦးမွာလဲ။ ေနာက္ဆံုးေတာ႕ မူလလက္ငုတ္ေတာင္ေျခကိုျပန္ဆင္းရဦးမွာပဲ။ အဲဒီကမွ ကိုယ္႕ရဲ႕လိုရင္းျဖစ္တဲ႕ “ လမ္းမွန္သို႕ခရီးဆက္ျခင္း - Clear Way to the Right Path ” ကို ျပန္ရွာေဖြျပီး ေမာင္းႏွင္ရဦးမယ္။
.
အဲဒီမွာ ျပန္မရႏုိင္ေတာ႕တဲ႕ ကိုယ္႕ရဲ႕ပ်ိဳျမစ္ျခင္း၊ ျပန္အသံုးခ်လို႕မရေတာ႕တဲ႕ ေရႊေရာင္တက္ၾကြေန႕ရက္မ်ား နဲ႕ ေပးဆပ္ရင္းႏွီးျမွဳပ္ႏွံထားတဲ႕ မိဘေတြရဲ႕ကိုယ္က်ိဳးစြန္႕ျခင္း စတာေတြကုိ အမွန္တကယ္ဆံုးရွံဴးလိုက္ရျပီပဲ။ ကာယကံရွင္လူငယ္ေတြအေနနဲ႕ အေမရိကားမွာ တစ္ဖက္ကေငြရွာရင္း ေနာက္တစ္ဖက္က ေက်ာင္းဆက္တက္ရဦးမယ္ဆိုရင္ေတာ႕ သြားရမယ္႕ခရီးဟာ မစ္ရွင္ေတာင္ကိုတက္ရတာထက္ ပိုခက္ခဲေနမွာ ေသခ်ာပါတယ္။ ဒါကလည္း ပညာေရးမို႕လို႕ အနာဂါတ္အတြက္အေရးၾကီးလြန္းလွတာနဲ႕အညီ ေတာင္တက္ျခင္းနဲ႕ မယုတ္မလြန္ ဥပမာေပးရျခင္း ျဖစ္ပါတယ္။
.
အေရွ႕ကဆြဲ၊ အေနာက္ကတြန္းမွ နည္းနည္းေရြ႕တဲ႕ သားသမီးေတြရွိသလို ဘာဖိအားမွေပးစရာမလိုပဲ ကုိယ္႕လမ္းကုိယ္ေဖာက္တဲ႕ လမ္းေၾကာင္းမွန္သားသမီးေတြပိုင္ဆိုင္ရမယ္ဆုိရင္ပဲ မိဘေတြဟာ အလြန္ေပ်ာ္ရႊင္ရသလို ပင္ပန္းသမွ် တစ္ဝက္တိတိ သက္သာကင္းစင္ေစပါလိမ္႕မယ္။ ဒါေၾကာင္႕ သားသမီးေတြဘာကိုဝါသနာပါသလဲဆုိတာကို မိဘေတြက ခ်က္ေစ႕လက္ေစ႕သိဖို႕လုိအပ္လွတယ္။
.
ဒါေၾကာင္႕ ခရီးတစ္ခုမသြားခင္ လမ္းျပေျမပံုနဲ႕ကိုယ္သြားရမယ္႕ေနရာကို ၾကိဳတင္ေလ႕လာရသလို တကၠသိုလ္၊ ေကာလိပ္တက္မယ္႕ သားသမီးေတြ လိုခ်င္တဲ႕ေမဂ်ာေတြကိုလည္း ထဲထဲဝင္ဝင္သိေနသင္႕တယ္။ မေတာ္လို႕  မိဘအလုိက် မတက္ခ်င္တဲ႕ေမဂ်ာကို သားသမီးကတက္ရတဲ႕အခါ လမ္းခုလတ္က်မွ မေပ်ာ္မရႊင္ျဖစ္ျပီး ျပန္လွည္႕လာရင္ မစ္ရွင္ေတာင္ေပၚေတာ႕ေရာက္ျပီး ေတာင္ထိပ္မေရာက္တဲ႕ ကြ်န္ေတာ႕ရဲ႕လမ္းမွားမႈမ်ိဳးနဲ႕ဆင္တူေနပါလိမ္႕မယ္။
.
ကြ်န္ေတာ္က ကားနဲ႕ဆုိေတာ႕ ျပန္ေမာင္းဆင္းလာရတာလြယ္ကူေသးတယ္။ ျပန္ေစာင္႕လိုက္ရတာလည္း ( ၁ ) နာရီခြဲသာသာေလာက္ပဲဆုိေတာ႕ သိပ္မသိသာေပဘူး။ သားသမီးယူတဲ႕ေမဂ်ာဟာ ဝါသနာမပါပဲ “ မွား ” လို႕ကေတာ႕ ( ၁ ) ႏွစ္ခြဲထက္မက အခ်ိန္ကုန္သြားႏိုင္ပါတယ္။ စိတ္ဓါတ္လည္းက်ဆင္းသြားႏိုင္သလုိ ဘယ္မွဆက္မသြားခ်င္ေလာက္ေအာင္ အားကုန္ႏြမ္းလ်စိတ္ေလွ်ာ႕သြားမယ္ဆိုရင္ မခက္ကုန္ဘူးလား။ ဘယ္သူပဲျဖစ္ျဖစ္ ဘဝပညာေရးေတာင္ကုိ တက္ကုိတက္ရမယ္။ ဒီေန႕လား .. မနက္ျဖန္လား ေတာင္ထိပ္ကိုေရာက္မွျဖစ္မယ္..။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
06-21-2015 for 06-13-2015
.
.
.
Myanmar Unicode Version:
.
.
“ မစ်ရှင်တောင်တက်ဒသန ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
အဖြစ်က မနှစ်ကနဲ့မတူတာအမှန်ပါပဲ။ တောင်ပေါ်ကဆင်းလာပြီလို့ ရိုက်လာတဲ့ “ စွမ်း ” ရဲ့ မက်ဆေ့ရတာနဲ့ ဖုန်းက Navigator မှာ Mission Peak လို့ရိုက်ထည့်လိုက်တော့ သွားနေကျ I-880 ကသွားရင် ( ၂ ) မိနစ်ပိုမြန်မယ်၊ ( ၁၅ ) မိုင်ပိုမောင်းရမယ်။ ဒါပေမယ့် I-238 နဲ့ I-680 က သွားရင်တော့ မိုင်နည်းမယ်။ လမ်းမကျွမ်းဘူး။ အချိန်ပိုကြာမယ်။ ဒါနဲ့ စိတ်က ဇဝေဇဝါဖြစ်သွားတယ်။ တစ်ခုခုတော့ ဆုံးဖြတ်ရမယ်။ ကလေးတွေက အဆင်းဆိုပြေးဆင်းကြတော့ မြန်မှာ။ အချိန် နဲ့ ဓါတ်ဆီ ဘယ်ဟာပိုအရေးကြီးသလဲ တွက်လိုက်တယ်။ ဆီကုန်ပလေ့စေ မြန်ဖို့လိုတယ်။ လမ်းသိဖို့လိုတယ်။
.
အမြန်လမ်းတွေရဲ့အချိတ်အဆက်တွေကြားမှာ ကျွန်တော့ကင်မရီလေးဟာ မိုင်နည်းသွားလိုက် မိုင်ပိုသွားလိုက်နဲ့ တရိပ်ရိပ်ပြေးနေတယ်။ တစ်ချက်တစ်ချက် နေကာမျက်မှန်ကြားက အလစ်ဝင်လာတဲ့ နေရောင်ခြည်ရဲ့ အညှိုးအစူးကိုခံရတဲ့ မျက်စိတစ်ဖက်မှာ မျက်ဝတ်တွေနဲ့ မျက်နှာမှမသစ်ခဲ့ရသေးတာကို သတိရလိုက်မိတယ်။ မီးပွိုင့်မှာရပ်လိုက်တဲ့အခါမျိုးကျမှ ရှေ့နေကာမှာပါတဲ့ မှန်သေးသေးလေးကနေ မျက်နှာကိုစစ်ကြည့်လိုက်တယ်။ ရှုတ်ပွနေတဲ့ဆံပင်အဖွေးလိုက်ကြီးကိုဖုံးထားပေးတဲ့ ဦးထုပ်တစ်လုံးကလွဲရင် အားလုံးကပုံမှန်ပဲ။ ဪ .. ငါ့မျက်ဝန်းတွေတောင် ညိုကွက်ပြီး တွဲခိုအိကျနေပါရော့လား။
.
( ၂ )
မောင်းမထုတ်လိုက်ရပဲ အတွေးစတွေပြေးထွက်သွားချိန်မှာ ကားစီယာတိုင်ကို မကိုင်ချင်ပဲပြန်ကိုင်ရင်း စိတ်မပါတပါမောင်းရပြန်တယ်။ ဒီတစ်ကွေ့ချိုးလိုက်တာနဲ့ ဖုန်းရဲ့လမ်းပြမြေပုံက တောင်တက်လမ်းကို စခေါ်သွားပါတယ်။ စိတ်ထဲကချိန်းနေတဲ့ တောင်တက်ဂီယာကို ( ၂ဝ၁၁ ) ကားအင်ဂျင်က မာန်ပါပါနဲ့ ဟီးထနေအောင်ဆွဲတင်လိုက်တာနဲ့ ရှမ်းရိုးမနဲ့ဆင်တူတဲ့တောင်ကုန်းတစ်ခုကို ညာဖက်ပန်းကွေ့ပြီး ရုန်းထလိုက်သွားတယ်။ 
.
ခုံးမတ်မတ်တစ်ခုကိုစတက်မယ်အလုပ်မှာ ဝိတ်အပြည့်နဲ့ပြေးဆင်းလာတဲ့ ( ၁၂ ) ဘီးကားကို မဖြစ်မနေရှောင်ရတော့ မရှုရတာကြာတဲ့ ဓါတ်ဆီမီးခိုးနံ့ပြင်းပြင်းလေး ကားတံခါးကြားထဲ တိုးဝင်အလာမှာ မစ်ရှင်တောင်တက်ရတာ တောင်ကြီးအသွား ယင်းမာပင်လမ်းက ပစောက်ကွေ့ကို ပြန်ခေါ်သွားသလို ရင်ခုန်လိုက်ရတာ အရမ်းပါပဲ။
.
ပိုဆိုးစေတဲ့အမှတ်တရတွေက လမ်းက တစ်လမ်းမောင်းစာပဲရှိတယ်။ အမေရိကားမှာ ဒီလိုလမ်းကို ( ၆ ) နှစ်အတွင်းမှာ ထိပ်ဆုံးတွေ့ဖူးတာဖြစ်သလို ချုံနွယ်ကိုင်းပင်တွေဟာ အင်းလေးအဝင် ညောင်ရွှေနားက ဘုရားပျက်မှာ ကားပျက်ခဲ့တဲ့ညကို ပြန်သတိရစေတယ်။ 
.
နေရောင်ခြည်က သဘာဝအပင်ငယ်လေးတွေကို မညှာမတာ ညှိုးနွမ်းစေခဲ့သလို တောင်ပိုင်းရှမ်းပြည်အထွက် ဟိုပုံးနားက ပအိုဝ့်မြေနီနဲ့ခပ်ဆင်ဆင်မြေသားတွေကို ဖန်ဆင်းပေးထားတယ်။ တစ်ချက်တစ်ချက်ကွေ့လိုက်လို့များ အောက်ကိုငဲ့ကြည့်လိုက်ရင် ရဲသူအောင်ကားကျသွားတဲ့ချောက်ကမ်းပါးကိုမှန်းပြီးတော့ စိတ်ခြောက်ခြားနေမိလို့ စိတ်ကိုမနည်းကြီးဖျောက်နေရတယ်။ ဆက်မောင်းရမယ်။
.
( ၃ )
လမ်းကျဉ်းတို့ရဲ့ထုံးစံအတိုင်း ကတ္တရာတွေဟာ မြဲမြဲမြံမြံလဲလျောင်းပြီးမနေနိုင်ပါ။ မည်းနက်တဲ့လမ်းတွေဟာ အိုမင်းရင့်ရော်လွန်းလို့ ခပ်လှမ်းလှမ်းကလျှိုကြီးထဲကရေသေတွေကို လှမ်းသောက်နေတယ်။ ကျွန်တော့ကားကာ “ သူ့ကိုကြိုက်သလိုမောင်းပါ .. ဘေးမကျရင်တော်ပြီ ” လို့ ကျင့်သားရခဲ့ပေမယ့် မောင်းခွင့်ပြုထားတာ တစ်နာရီ ( ၁ဝ ) မိုင်ဆိုတဲကအမြန်နှုန်းကို သဘောကျနေပုံမရဘူး။ လမ်းဘေးခပ်စောင်းစောင်းမှာ ရေးထားတာက “ လမ်းလွဲရှိသည် - Turnout  ” ဆိုတဲ့ ဆိုင်းဘုတ်။ အတက်လည်းဒီလမ်း အဆင်းလည်းဒီလမ်းတစ်လမ်းတည်း။ ဒီတော့ ခေါင်းချင်းဆုံလာရင် ဒီနေရာအပိုလေးမှာ ဘေးကြိုချပြီး တစ်ဖက်ကားကိုဦးစားပေးလမ်းရှောင်ပေးကြတာ .. ချစ်စရာ။
.
ဒိုင်ခွက်မှာစစ်လိုက်တော့ ( ၃ ) ဆလောက်မြန်တဲ့အရှိန်နဲ့ လမ်းလျှောက်ဆင်းလာတဲ့ တောင်တက်လေ့ကျင့်ခန်းလုပ်သူတွေကို လမ်းချရှောင်ရတယ်။ တစ်ချို့ခြေကျင်ဆင်းလာသူတွေမှာ အချစ်တော်ခွေးလေးတွေပါလာကြတယ်။ ခဏနားရင်းရေတိုက်နေတာမြင်ရတော့ ကားအင်ဂျင်ပူလို့ ဝက်ဖြူရေမှာနားတုန်းသောက်ခဲ့တဲ့ ဝါးလုံးခြမ်းတောင်ကျရေလောက်တော့ ဘယ်ကောင်းပါ့မလဲလို့ တွေးမိပြန်ရော။ 
.
( ၄ )
“ This road won’t take you to the summit of the peak ” ဆိုတဲ့စာတန်းအရ ဒီလမ်းအတိုင်းသွားရင်တောင်ထိပ်မရောက်ဘူးဆိုပေမယ့် ကျွန်တော်က ကားပါကင်သွားနေတာပဲလေ လို့ တွေးရင်းဆက်မောင်းတယ်။ လမ်းကျဉ်းသွားလည်းပျော်တယ်။ အကွေ့လမ်းလည်းပျော်တယ်။ တောင်ဆင်းတောင်တက်လည်းပျော်တာပဲ။ စိမ်းလန်းတောတောင်တွေရဲ့ လောကအပေါ်ကွေ့ဆင်းသွယ်ဝိုက်မှုကို အရသာခံရင်း လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ မွေးမြူရေးခြံတွေတွေ့တော့ အောင်ပန်းအဝင်က စတော်ဘယ်ရီထိုင်ရောင်းနေတဲ့ခြံလေးတွေကို သတိရမိတယ်။ ရေးထားတာက မွေးမြူရေးခြံ - Ranch မဟုတ်ပဲ Rancho ဖြစ်နေတာကိုတော့ စကားလုံးအသစ်တစ်လုံးရပြီဆိုပြီး ဝမ်းသာအယ်လဲဖြစ်ခဲ့ရပြန်တယ်။
.
လမ်းဆုံးတော့ရွာတွေ့ဆိုပေမယ့် ကျွန်တော်တွေ့ခဲ့တာက ဘေးတစ်ဖက်တစ်ချက်ဝဲယာမှာ ဘုရားငါးဆူလမ်းခွဲနားကစိုက်ခင်းတွေလိုမျိုး နဲ့ ရှေ့ဆက်သွားတဲ့အခါ “ လမ်းဆုံးပြီ - The End ” ဆိုတဲ့ သံတံခါးကြီးက လမ်းအလယ်တည့်တည့်မှာ ဆီးကြိုနေလေရဲ့။ ရွာမတွေ့ပဲ ရှေ့ဆက်လို့မရဘူးဆိုတဲ့ တားဆီးတဲ့စာတန်းလေးကသာ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော် လမ်းမှားလာပြီ။ ကားကို ဂငယ်ကွေ့ကွေ့ပြီး လာလမ်းအတိုင်းပြန်ဆင်းလာတဲ့အခါ စိုးရိမ်စိတ်အပြည့်နဲ့ စွမ်း ရဲ့ “ မရောက်သေးဘူးလား ” လို့ လှမ်းခေါ်တဲ့အသံဟာ လက်ကိုင်ဖုန်းထဲကနေထွက်ပေါ်လာတော့တယ်။ 
.
“ Navigator က ခေါ်တဲ့အတိုင်းလိုက်သွားတာပဲ သားရယ် .. လိပ်စာပေး .. ပြန်ဆင်းပြီးလိုက်လာခဲ့မယ် ”  ဆိုပြီး တောင်ခါးပန်းကနေ ဇောက်ထိုးကြီးပြေးဆင်းလာတဲ့ ကင်မရီလေးဟာ သခင်ရဲ့အလိုကျ မာန်ဟုန်စီးပြီး ဟီးထနေပါတယ်။ ဒီအခါမှ မြန်မာနိုင်ငံ ရှမ်းရိုးမတောင်တန်းတွေပေါ် ခဏအိမ်ပြန်နေတဲ့ကျွန်တော့စိတ်တွေကို အမေရိကန်မြေပေါ်က မစ်ရှင်တောင်ပေါ်ကိုပြန်ခေါ်နိုင်ခဲ့ပြီး ဟိုင်းလပ်ကားကိုဇိမ်ခံမောင်းခဲ့တဲ့ကျွန်တော့ရဲ့လက်ချောင်းလေးတွေဟာလည်း ကားအဖြူလေးကိုထိန်းကျောင်းဖို့ အိပ်မက်ထဲကလန့်န်ိုးလာပါတော့တယ်။
.
( ၅ )
ကားမောင်းရင်း လိပ်စာအမှန်ကိုရှာလို့မရတဲ့အခါ လက်တွေ့ဘဝရဲ့တယ်လီဖုန်း နဲ့ ဂြိုဟ်တုအဆက်အသွယ်ရဲ့ လမ်းပြမှုကိုအားကိုးရပြန်တယ်။ တောင်တစ်ခြမ်းကိုပြန်ကွေ့အဆင်းမှာ Satellite Signal Lost ဆိုပြီး စက်ပစ္စည်းရဲ့ချွတ်ယွင်းမှု နဲ့ ဆော့ဝဲလ်တို့ရဲ့ မမြဲခြင်းသဘောကို ကားမောင်းရင်း မျက်ဝါးထင်ထင်တွေ့နေရတယ်။ စွမ်း ထပ်ပို့ပေးလာတဲ့ Mission Peak Parking လိပ်စာ Link ကိုနှိပ်လိုက်တာနဲ့အချိန်ကိုက် ကျွန်တော့ကားဟာ မစ်ရှစ်တောင်ခြေကို ပြန်ရောက်နေပါပြီ။ အဓိပ္ပာယ်ကတော့ ဘယ်သွားမလဲ .. အရှေ့ဖက်လား .. အနောက်ဖက်လား .. ဒီလမ်းမှားခဲ့ရင် နောက်တစ်တောင်ထပ်တက်ရမလား ဆိုတဲ့ ပုံစံမျိုးနဲ့ ကားအင်ဂျင်ကတော့ အနည်းငယ်ငြီးငြူနေပါတယ်။ 
.
ပြတဲ့လမ်းအတိုင်းလိုက်သွားတဲ့အခါ နောက်ဆုံးတော့ မစ်ရှင်တောင်ကားပါကင်မှာ စိတ်မရှည်စွာစောင့်နေတဲ့ စွမ်းရဲ့သူငယ်ချင်းတစ်သိုက် နဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့အဖေတို့ကို ကားတစ်စီးနဲ့အတူ တွေ့လိုက်ရတယ်။ ( ၁ ) နာရီခွဲလောက်ပိုစောင့်လိုက်ရတဲ့သူတို့ကို တောင်းပန်တဲ့မျက်နှာမျိုးနဲ့ကြိုလိုက်ပြီး ပါကင်ခုံးအဆင်းလေးအတိုင်း မောင်းလာခဲ့တယ်။ အကွေ့မှာတွေ့လိုက်တဲ့ လမ်းနံမယ်ကြောင့် ဒီတစ်ခါတော့ ကျွန်တော့စိတ်တွေ အတိတ်ကာလကိုပြန်သွားတာမဟုတ်ပဲ အမေရိကန်အနာဂါတ်ကို ခရီးဆန့်သွားပါတယ်။ ဒါနဲ့အတူ ကျွန်တော်လိုက်သွားမိတယ် ..အတောင်ပံမပါတဲ့ နောင်တတစ်စုံ နဲ့အတူ ဘဝင်မကျဖြစ်လိုက်ရတဲ့ဘဝတခုပါလား..။
.
( ၆ )
Stanford Avenue .. ဟုတ်ပါတယ် .. တက္ကသိုလ်တစ်ခုကတောင် နာမည်ယူထားတဲ့မြို့ကလေးကိုအစွဲပြုထားတဲ့ လမ်းနာမည်ပါ။ ဒီကျောင်းကြီးထွက်ဆိုရင် နာမည်ကြီးကြတယ်။ စာတော်ကြတယ်။ ဝင်ဖို့ခက်ခဲတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တယ်။ အထင်ကရပုဂ္ဂိကကျောင်းဖြစ်တာနဲ့အညီ ကျူရှင်ခဈေးကြီးတယ်။ ဒါတွေအားလုံး ကျွန်တော့ခေါင်းထဲကို အစုလိုက်အပြုံလိုက်ဝင်လာတယ်။ ကျွန်တော် တစ်စချင်းဆွဲထုတ်ပြီးပြန်တွေးမိတယ်။ ပညာရေးအကြောင်းတွေလား … ဟုတ်တယ်လေ .. ကျွန်တော်တို့ အမေရိကားကိုဘာကြောင့်လာတာလဲ?
.
မြေဆီလွှာအသစ်ကိုပြောင်းရွှေ့လာတဲ့အခါ ကလေးတွေပါလာကြတယ်။ တစ်ချို့က ငယ်ငယ်လေးကတည်းကလိုက်လာရသလို ကြီးမှလိုက်လာတဲ့ သားသမီးတွေလည်းရှိတယ်။ ဘယ်ဘာသာစကားပြောခဲ့ပြောခဲ့ အမေရိကားရောက်ရင်အသစ်ကပြန်စရတာချည်းပဲ။ ဒါကြောင့်မို့ သူတို့ရဲ့နောင်ရေးဆိုရင် ပိုပြီးရင်းနှီးမြှုပ်နှံရတယ်။ အချိန်ပေးရတယ်။ အခြေခံပညာကျောင်းကနေ အဆင့်မြင့်မြင့်တွေးတောဆင်ခြင်နိုင်တဲ့ ယှဉ်ပြိုင်ပညာရေးနယ်ပယ် - Competitive Education Field စည်းဝိုင်းအတွင်းထဲကို မိတ်ဆက်ပေးရတယ်။
.
ဒီနေရာမှာ ကလေးတွေရဲ့ဘာသာရပ်ရွေးချယ်မှုဟာ အနာဂါတ်နာမယ်ကြီးအလုပ်အကိုင်လမ်းကြောင်းပေါ်က လူတိုင်းအထင်ကြီးတဲ့ အထင်ကရမေဂျာဖြစ်နေနိုင်သလို ဝါသနာအရ သူ့စိတ်ကြိုက်ဘာသာရပ်အပေါ်လိုက်ပြီးရွေးချယ်ခဲ့မှုလည်း ဖြစ်နိုင်တယ်လေ။ လမ်းကြောင်းမှန်အတိုင်း တစိုက်မတ်မတ်လျှောက်လှမ်းသွားခဲ့ကြသူကလေးများအတွက် မိဘတွေကစိတ်အေးရပါတယ်။ ဒါမှမဟုတ် ဒီတစ်လမ်းကိုစမ်းလျှောက်လိုက်၊ မကြိုက်လို့ နောက်တစ်လမ်းကိုထပ်စမ်းလိုက်၊ အဲဒါကိုမှမကြိုက်ပြန်ဘူး ဘယ်မှဆက်မသွားပဲ လမ်းဆုံလမ်းခွမှာရပ်နေလိုက် ဖြစ်နေတဲ့ သားသမီးတို့ရဲ့မိဘတွေမှာ အင်မတန်မောရတယ်။ ရင်လေးရတယ်။
.
( ၇ )
သိတဲ့အတိုင်း “ မင်းကိုယ်တိုင်ရော ဘယ်တုန်းက ဘယ်လောက်ကြိုးစားခဲ့လို့လဲ ” လို့ အမေးခံရတဲ့လူတစ်ယောက်မှာ ဒီလိုသားသမီးတစ်ဦးတစ်လေပါလာပြီဆိုရင်တော့ မစ်ရှင်တောင်ကို ကားနဲ့မောင်းတက်သွားရင်း နောက်ဆုံးမှာ လိုရင်းမရောက်ပဲ ခင်းထားတဲ့ကတ္တရာလမ်းကုန်ပြီး ရှေ့ဆက်သွားလို့မရတဲ့ ကျွန်တော့ရဲ့အမှားနဲ့ဘာများထူးခြားဦးမှာလဲ။ နောက်ဆုံးတော့ မူလလက်ငုတ်တောင်ခြေကိုပြန်ဆင်းရဦးမှာပဲ။ အဲဒီကမှ ကိုယ့်ရဲ့လိုရင်းဖြစ်တဲ့ “ လမ်းမှန်သို့ခရီးဆက်ခြင်း - Clear Way to the Right Path ” ကို ပြန်ရှာဖွေပြီး မောင်းနှင်ရဦးမယ်။
.
အဲဒီမှာ ပြန်မရနိုင်တော့တဲ့ ကိုယ့်ရဲ့ပျိုမြစ်ခြင်း၊ ပြန်အသုံးချလို့မရတော့တဲ့ ရွှေရောင်တက်ကြွနေ့ရက်များ နဲ့ ပေးဆပ်ရင်းနှီးမြှုပ်နှံထားတဲ့ မိဘတွေရဲ့ကိုယ်ကျိုးစွန့်ခြင်း စတာတွေကို အမှန်တကယ်ဆုံးရှူံးလိုက်ရပြီပဲ။ ကာယကံရှင်လူငယ်တွေအနေနဲ့ အမေရိကားမှာ တစ်ဖက်ကငွေရှာရင်း နောက်တစ်ဖက်က ကျောင်းဆက်တက်ရဦးမယ်ဆိုရင်တော့ သွားရမယ့်ခရီးဟာ မစ်ရှင်တောင်ကိုတက်ရတာထက် ပိုခက်ခဲနေမှာ သေချာပါတယ်။ ဒါကလည်း ပညာရေးမို့လို့ အနာဂါတ်အတွက်အရေးကြီးလွန်းလှတာနဲ့အညီ တောင်တက်ခြင်းနဲ့ မယုတ်မလွန် ဥပမာပေးရခြင်း ဖြစ်ပါတယ်။
.
အရှေ့ကဆွဲ၊ အနောက်ကတွန်းမှ နည်းနည်းရွေ့တဲ့ သားသမီးတွေရှိသလို ဘာဖိအားမှပေးစရာမလိုပဲ ကိုယ့်လမ်းကိုယ်ဖောက်တဲ့ လမ်းကြောင်းမှန်သားသမီးတွေပိုင်ဆိုင်ရမယ်ဆိုရင်ပဲ မိဘတွေဟာ အလွန်ပျော်ရွှင်ရသလို ပင်ပန်းသမျှ တစ်ဝက်တိတိ သက်သာကင်းစင်စေပါလိမ့်မယ်။ ဒါကြောင့် သားသမီးတွေဘာကိုဝါသနာပါသလဲဆိုတာကို မိဘတွေက ချက်စေ့လက်စေ့သိဖို့လိုအပ်လှတယ်။ 
.
ဒါကြောင့် ခရီးတစ်ခုမသွားခင် လမ်းပြမြေပုံနဲ့ကိုယ်သွားရမယ့်နေရာကို ကြိုတင်လေ့လာရသလို တက္ကသိုလ်၊ ကောလိပ်တက်မယ့် သားသမီးတွေ လိုချင်တဲ့မေဂျာတွေကိုလည်း ထဲထဲဝင်ဝင်သိနေသင့်တယ်။ မတော်လို့  မိဘအလိုကျ မတက်ချင်တဲ့မေဂျာကို သားသမီးကတက်ရတဲ့အခါ လမ်းခုလတ်ကျမှ မပျော်မရွှင်ဖြစ်ပြီး ပြန်လှည့်လာရင် မစ်ရှင်တောင်ပေါ်တော့ရောက်ပြီး တောင်ထိပ်မရောက်တဲ့ ကျွန်တော့ရဲ့လမ်းမှားမှုမျိုးနဲ့ဆင်တူနေပါလိမ့်မယ်။ 
.
ကျွန်တော်က ကားနဲ့ဆိုတော့ ပြန်မောင်းဆင်းလာရတာလွယ်ကူသေးတယ်။ ပြန်စောင့်လိုက်ရတာလည်း ( ၁ ) နာရီခွဲသာသာလောက်ပဲဆိုတော့ သိပ်မသိသာပေဘူး။ သားသမီးယူတဲ့မေဂျာဟာ ဝါသနာမပါပဲ “ မှား ” လို့ကတော့ ( ၁ ) နှစ်ခွဲထက်မက အချိန်ကုန်သွားနိုင်ပါတယ်။ စိတ်ဓါတ်လည်းကျဆင်းသွားနိုင်သလို ဘယ်မှဆက်မသွားချင်လောက်အောင် အားကုန်နွမ်းလျစိတ်လျှော့သွားမယ်ဆိုရင် မခက်ကုန်ဘူးလား။ ဘယ်သူပဲဖြစ်ဖြစ် ဘဝပညာရေးတောင်ကို တက်ကိုတက်ရမယ်။ ဒီနေ့လား .. မနက်ဖြန်လား တောင်ထိပ်ကိုရောက်မှဖြစ်မယ်..။
.
ခင်မင်ခြင်းများစွာဖြင့်
.

06-21-2015 for 06-13-2015
.
.

“ မစ္ရွင္ေတာင္တက္ဒသန ” စာမူသည္ ၂ဝ၁၆ ခုႏွစ္၊ ဇြန္လ ( ၄ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၃၇ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။





No comments: