ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ
My Blog List
Wednesday, December 12, 2018
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          ဒီ့ထက်ပိုဆိုးတာက "ဘယ်သူမှမပြောနဲ့နော် . . မင်းကိုယုံလို့ပြောပြတာ" ဆိုပြီး အတင်းတွေကို သတင်းအဖြစ် ထင်ယောင်ထင်မှားပေးချင်ပြန်တယ်။ အဆိုးဆုံးကတော့ မဟုတ်တာကိုအဟုတ်လုပ်၊ ဟုတ်တာကို မဟုတ်သလိုလုပ်ပြီး သတင်းအမှားတွေပေးချင်နေတာပါပဲ။
          ဒီကြားထဲမှာ အရည်မရ အဖတ်မရဆိုတာက ရှိသေးတယ်။ သူများအကြောင်းမိမိစပ်စုထားသမျှ မိမိရင်ထဲမှာ ဘာအသိဥာဏ်မှမကျန်ခဲ့တဲ့၊ သူတပါးကိုအကျိုးပြုစရာဘာအကြောင်းမှမရှိတဲ့၊ ဘာမှထင်ကျန်အကျိုးပြုစရာမှမရှိတဲ့စကားတွေ၊ စကားစုတွေကိုပေးကြတယ်။
         ထပ်ရှိသေးတယ် . . ရှိသေးတယ် . . မိမိမှာရှိတာကိုပေးချင်တာ။ သူတို့ကဘာဖြစ်တယ် . . ဟိုလူတွေကဘာဖြစ်တယ် . . ဒင်းတို့ကချမ်းသာမှာပေါ့ ဟိုဒင်း ဟိုဟာတွေနဲ့စီးပွားလုပ်ကြတာကိုး . . ဆိုတဲ့ မစ္ဆရိယ အကုသိုလ်ကို အတုံးလိုက် အတစ်လိုက်ကြီးကိုပေးတာ . . ရက်ရက်စက်စက်ကြီးကို အပြီးတိုင်စွန့်ကြဲတာ . .။
မိတ်ဆွေတို့ရော မိမိမှာရှိတဲ့ ဘယ်အရာကို သူများကိုပေးချင်ပါသလဲ?
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-12-2018
Unicode Version:
          "You Cannot Give What You Do Not Have" ဒီစကားစုလေးကိုတော့ ကားမောင်းရင်းနားထောင်နေတဲ့ Podcast ကနေ ရခဲ့တာပါ။ ဒါနဲ့ပဲ မီးပွိုင့်မာကားရပ်တုန်း မမေ့အောင် ဖုန်းမတ်စုထဲ မရအရ ရေးမတ်ခဲ့တယ်။
          ကျွန်တော်တို့လူသားတွေဟာ မိမိမာမရိတာကိုသူတစ်ပါးကိုပေးချင်ကြတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မုတွေကိုတော့ တွန့်တိုတယ်။ မပေးချင်ကြဘူး။ အခမဲ့ရတဲ့ အကြံပေးချင်တယ်၊ ထင်ကြေးပေးချင်တယ်၊ သြဇာပေးချင်တယ် . . နောက်ဆုံး စေတနာနဲ့ပြောပြတာပါဆိုပြီး တွန်းအားပေးချင်တယ်။
          ဒီ့ထက်ပိုဆိုးတာက "ဘယ်သူမမပြောနဲ့နော် . . မင်းကိုယုံလို့ပြောပြတာ" ဆိုပြီး အတင်းတွေကို သတင်းအဖြစ် ထင်ယောင်ထင်မားပေးချင်ပြန်တယ်။ အဆိုးဆုံးကတော့ မဟုတ်တာကိုအဟုတ်လုပ်၊ ဟုတ်တာကို မဟုတ်သလိုလုပ်ပြီး သတင်းအမားတွေပေးချင်နေတာပါပဲ။
          ဒီကြားထဲမ အရည်မရ အဖတ်မရဆိုတာက ရိသေးတယ်။ သူများအကြောင်းမိမိစပ်စုထားသမျ မိမိရင်ထဲမ ဘာအသိဉာဏ်မကျန်ခဲ့တဲ့၊ သူတပါးကိုအကျိုးပြုစရာဘာအကြောင်းမမရိတဲ့၊ ဘာမထင်ကျန်အကျိုးပြုစရာမမရိတဲ့စကားတွေ၊ စကားစုတွေကိုပေးကြတယ်။
          ထပ္ရိသေးတယ် . . ရိသေးတယ် . . မိမိမာရိတာကိုပေးချင်တာ။ သူတို့ကဘာဖြစ်တယ် . . ဟိုလူတွေကဘာဖြစ်တယ် . . ဒင်းတို့ကချမ်းသာမာပေါ့ ဟိုဒင်း ဟိုဟာတွေနဲ့စီးပွားလုပ်ကြတာကိုး . . ဆိုတဲ့ မစ္ဆရိယ အကုသိုလ်ကို အတုံးလိုက်် အတစ်လိုက်ကြီးကိုပေးတာ . . ရက်ရက်စက်စက်ကြီးကို အပြီးတိုင်စွန့်ကြဲတာ . .။
          ဒီလိုပေးကြ ကမ်းကြတဲ့စည်းကမ်းနိသယတွေထဲ ကပ်သပ်ပြီးပြောသူကရိသေးတယ်။ မင်းမ အကုန်မသိသေးတာ ဘာကြောင့် နောက်လူတွေကို ပြန်ဖြန့်ဝေပေးချင်တာလဲ တဲ့။ ဒါကတော့ ဖော်မြူလာထဲထည့်သွင်းဖို့ ပေးထားချက်တွေကိုက်ညီမယ့်ပုစ္ဆာတစ်ပုဒ်တော့မဟုတ်ပါဘူး။
          မိမိမာမရိသေးလည်းပေးလို့ရတာတစ်မျိုးတော့ိနေသေးတယ်။ ဘာလဲဆိုတော့ အသိဉာဏ်ဗဟုသုတတွေကို မိမိလေ့လာနေရင်းနဲ့တစ်ချိန်တည်း သူများတကာကိုမျဝေလို့ရတယ်။ မိမိဖတ်ထားတဲ့စာကို သူများကိုပြောပြလို့ရတယ်။ မိမိနားထောင်နေတဲ့ဘဝတေးသွားကို ချစ်ခင်ရသူတွေနဲ့အတူတူနားထောင်လို့ရတယ်။ မိမိသွားမယ့်ခရီးလမ်းကို အတူတူခေါ်သွားလို့ရပါတယ်။
မိတ်ဆွေတို့ရော မိမိမာရိတဲ့ ဘယ်အရာကို သူများကိုပေးချင်ပါသလဲ?
ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-12-2018
No comments: