ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, November 1, 2016

ပင္လယ္ေရမ်က္ႏွာျပင္အျမင္႕ ( ၄၇၁၂ ) ေပ အထက္ကျမိဳ႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ေတာင္ၾကီးျမိဳ႕အေၾကာင္းေရးတာမ်ားေတာ႕ ကြ်န္ေတာ္ ေတာ္ေတာ္ေပ်ာ္ေနတယ္လုိ႕ထင္ေနသူေတြကို ေမးၾကည္႕ခ်င္ပါတယ္။ ကိုယ္႕ေမြးေျမ ကိုယ္႕ေမြးျမိဳ႕ ေရာက္ေတာ႕ မေပ်ာ္တဲ႕သူမ်ား ရွိပါသလား လုိ႕ေပါ႕။ ေပ်ာ္ပါတယ္ .. ဒါေပမယ္႕ အျပည္႕အဝေပ်ာ္ဖို႕ခက္တဲ႕ အေနအထားနဲ႕ပါ။
.
စီးပြားေရးအေၾကာင္းမပါရင္ ေတာင္ၾကီးက မျပည္႕စံုပါဘူး။ သိပ္က်ယ္တဲ႕ျမိဳ႕မဟုတ္ေပမယ္႕ ေတာင္ၾကီးဟာ ဆံုမွတ္ - Epicenter ျဖစ္တယ္။
.
ရွမ္းျပည္ေတာင္စြန္းကေန အေရွ႕ပိုင္းထြက္မလား? ေအာက္ကိုငံု႕ၾကည္႕ရတဲ႕ လြင္ျပင္ၾကီးကိုထုိးဆင္းသြားမလား?  တစ္ေအာင္႕တစ္အားနားလို႕ ေရစပ္အင္းေလးနားကို သြားမလား?  အမ်ိဳးအေဆြေတြဆံုလုိ႕ အားလံုးစံုလင္တဲ႕ေျမပါ။
.
.
ေစ်းထဲမွာ ေစ်းဝယ္သူေတြကုိၾကည္႕လုိက္ .. ေျခေထာက္မွာေျမနီမစြန္းရင္ ဒါ ေတာင္ၾကီးေစ်းမဟုတ္ပါဘူး။ ေစ်းေန႕ ေစ်းပါတ္ေန႕မွာ ထီးၾကီးၾကီးေတြၾကား လမ္းေကာင္းေကာင္းေလွ်ာက္လို႕မရတာ ေတာင္ၾကီးပါ။ မုိးၾကီးရြာလိုက္ .. တစ္ညေလာက္သည္းသည္းထန္လိုက္တိုင္း ျမိဳ႕လယ္ေခါင္က ေသြးျပန္ေၾကာ ပင္မေျမာင္းၾကီး အနံ႕အသက္ေကာင္းသြားတာ ေတာင္ၾကီးပါ။

.
ဒီလုိ အဂၤါရပ္ေတြအျပင္ ဟုိနား ဒီနား မုိးတိုးမတ္တပ္ အေဆာက္အဦျမင္႕ျမင္႕ၾကီးေတြ ကြ်န္ေတာ္တုိ႕ေပၚ ငံု႕မိုးလာတာလည္း ေတာင္ၾကီးပါပဲ။
.
ဒါ႕အျပင္ ျမိဳ႕ကလူေတြ ရြာနီးခ်ဳပ္စပ္ကုိ ေစ်းထြက္ေရာင္း၊ စက္မႈဇံုက ျမိဳ႕ေပၚတက္ အလုပ္လုပ္၊ စတီးဂ်ိဳင္႕ဆြဲလုပ္သားေတြက ေဆာက္လုပ္ေရးခြင္ေတြမွာ .. စိန္ပန္း၊ ေရႊေတာင္ရပ္ကြက္ေတြထဲက ပုရြက္ဆိပ္တပ္စုၾကီးထြက္လာေနတာကိုျမင္ရရင္ ဒါ ေတာင္ၾကီးပါ။
.
.
ဒီလို ျပည္႕စံုျခင္းမ်ားနဲ႕ေတာေတာင္စိမ္းျမိဳ႕ကေလးကုိ ၁ လံုး ရာသီ၊ ၂ လံုး ရာသီ၊ ၃ လံုး ရာသီ မိုးပ်ံေဘာ္လံုးေတြေၾကာင္႕ အဆိပ္မသင္႕ေစရင္ ျမိဳ႕ကပိုက်န္းမာမယ္။
.
ဒီလိုျပည္႕စံုျခင္းမ်ားနဲ႕ ခပ္ရွည္ရွည္ျမိဳ႕သြယ္ေလးကို အပန္းေရာင္ေဆးခဲမ်ား နဲ႕ မပိတ္ဆို႕ဘူးဆိုရင္ ခလုပ္ဆူးေျငာင္႕မသင္႕ လမ္းမက်ပ္ဘူးေပါ႕ကြယ္။
.
ဒီလုိျပည္႕စံုျခင္မ်ားနဲ႕ အေႏြးထည္ဝတ္ျမိဳ႕ကေလးကို သူရာျပင္း သူရာေပ်ာ႕ ဖန္ပုလင္းေတြနဲ႕ အလွမဆင္ဘူးဆိုရင္ ျမိဳ႕က မပူေတာ႕ဘူးေပါ႕ကြယ္။
.
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
ေတာင္ၾကီးျမိဳ႕
11-01-2016
.
.
.
Unicode Version:
.
.
“ ပင်လယ်ရေမျက်နှာပြင်အမြင့် ( ၄၇၁၂ ) ပေ အထက်ကမြို့ ”
.
တောင်ကြီးမြို့အကြောင်းရေးတာများတော့ ကျွန်တော် တော်တော်ပျော်နေတယ်လို့ထင်နေသူတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ့်မွေးမြေ ကိုယ့်မွေးမြို့ ရောက်တော့ မပျော်တဲ့သူများ ရှိပါသလား လို့ပေါ့။ ပျော်ပါတယ် .. ဒါပေမယ့် အပြည့်အဝပျော်ဖို့ခက်တဲ့ အနေအထားနဲ့ပါ။
.
စီးပွားရေးအကြောင်းမပါရင် တောင်ကြီးက မပြည့်စုံပါဘူး။ သိပ်ကျယ်တဲ့မြို့မဟုတ်ပေမယ့် တောင်ကြီးဟာ ဆုံမှတ် - Epicenter ဖြစ်တယ်။
.
ရှမ်းပြည်တောင်စွန်းကနေ အရှေ့ပိုင်းထွက်မလား? အောက်ကိုငုံ့ကြည့်ရတဲ့ လွင်ပြင်ကြီးကိုထိုးဆင်းသွားမလား?  တစ်အောင့်တစ်အားနားလို့ ရေစပ်အင်းလေးနားကို သွားမလား?  အမျိုးအဆွေတွေဆုံလို့ အားလုံးစုံလင်တဲ့မြေပါ။
.
.
ဈေးထဲမှာ ဈေးဝယ်သူတွေကိုကြည့်လိုက် .. ခြေထောက်မှာမြေနီမစွန်းရင် ဒါ တောင်ကြီးဈေးမဟုတ်ပါဘူး။ ဈေးနေ့ ဈေးပါတ်နေ့မှာ ထီးကြီးကြီးတွေကြား လမ်းကောင်းကောင်းလျှောက်လို့မရတာ တောင်ကြီးပါ။ မိုးကြီးရွာလိုက် .. တစ်ညလောက်သည်းသည်းထန်လိုက်တိုင်း မြို့လယ်ခေါင်က သွေးပြန်ကြော ပင်မမြောင်းကြီး အနံ့အသက်ကောင်းသွားတာ တောင်ကြီးပါ။
.
ဒီလို အင်္ဂါရပ်တွေအပြင် ဟိုနား ဒီနား မိုးတိုးမတ်တပ် အဆောက်အဦမြင့်မြင့်ကြီးတွေ ကျွန်တော်တို့ပေါ် ငုံ့မိုးလာတာလည်း တောင်ကြီးပါပဲ။
.
ဒါ့အပြင် မြို့ကလူတွေ ရွာနီးချုပ်စပ်ကို ဈေးထွက်ရောင်း၊ စက်မှုဇုံက မြို့ပေါ်တက် အလုပ်လုပ်၊ စတီးဂျိုင့်ဆွဲလုပ်သားတွေက ဆောက်လုပ်ရေးခွင်တွေမှာ .. စိန်ပန်း၊ ရွှေတောင်ရပ်ကွက်တွေထဲက ပုရွက်ဆိပ်တပ်စုကြီးထွက်လာနေတာကိုမြင်ရရင် ဒါ တောင်ကြီးပါ။
.
.
ဒီလို ပြည့်စုံခြင်းများနဲ့တောတောင်စိမ်းမြို့ကလေးကို ၁ လံုး ရာသီ၊ ၂ လံုး ရာသီ၊ ၃ လံုး ရာသီ မိုးပျံဘော်လုံးတွေကြောင့် အဆိပ်မသင့်စေရင် ျမိဳ႕ကပိုက်န္းမာမယ္။
.
ဒီလိုပြည့်စုံခြင်းများနဲ့ ခပ်ရှည်ရှည်မြို့သွယ်လေးကို အပန်းရောင်ဆေးခဲများ နဲ့ မပိတ်ဆို့ဘူးဆိုရင် ခလုပ်ဆူးငြောင့်မသင့် လမ်းမကျပ်ဘူးပေါ့ကွယ်။
.
ဒီလိုပြည့်စုံခြင်များနဲ့ အနွေးထည်ဝတ်မြို့ကလေးကို သူရာပြင်း သူရာပျော့ ဖန်ပုလင်းတွေနဲ့ အလှမဆင်ဘူးဆိုရင် မြို့က မပူတော့ဘူးပေါ့ကွယ်။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
တောင်ကြီးမြို့
11-01-2016



No comments: