ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, May 4, 2016

ေလအေၾကာင္း ယာဥ္အေၾကာင္း

ေဆာင္းပါးရွင္ - ကုိညီညီ ( ေတာင္ၾကီး )
.
ကြ်န္ေတာ္တို႕ မနက္နဲ႕ညေနဘက္ထြက္ေလွ်ာက္တဲ႕လမ္းကေန ဟုိဘက္ကမ္းကိုလွမ္းၾကည္႕ရင္ ဆန္ဖရန္စစၥကိုျမိဳ႕ နဲ႕ အုတ္ကလန္ေလဆိပ္ - OAK ကို လွမ္းျမင္ေနရတယ္။ ဆတ္ကနဲေကာင္းကင္ကိုေမာ႕ၾကည္႕မိတဲ႕အခါ အျမဲတမ္းလုိလို ေလယာဥ္ ( ၅ ) စင္းကေန ( ၉ ) စင္းေလာက္အထိ တစ္ျပိဳင္တည္း ျမင္ရတတ္တယ္။ ဒါေၾကာင္႕ အက်င္႕ၾကီးျဖစ္ေနတဲ႕ ကြ်န္ေတာ႕စိတ္ေတြဟာလည္း ခဏနားရင္းေလ႕က်င္႕ခန္းလုပ္ရာ စမ္းေခ်ာင္းငယ္ေလးက တံတားနားမေရာက္ခင္အထိ ေကာင္းကင္ထဲမွာ ယာဥ္ဘယ္ႏွစ္စီးရွိတယ္ဆိုတာ အျမဲလိုက္ေရမိေနပါေတာ႕တယ္။
.
ဆန္ဖရန္စစၥကိုအျပည္ျပည္ဆိုင္ရာေလဆိပ္ - SFO ဟာ ျမိဳ႕တြင္းကေန ေတာင္ဘက္ ( ၁၃ ) မုိင္ခန္႕အကြာမွာ တည္ရွိပါတယ္။ ဒါ႕အျပင္ ေလာ႕စ္အိန္႕ဂ်လိစ္ေလဆိပ္ - LAX ျပီးရင္ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ဒုတိယအလုပ္အမ်ားဆံုးဆိုတာသိရသလို ေျမာက္အေမရိကတုိက္ရဲ႕ အဓိကက်တဲ႕ ဂိတ္ေပါက္တစ္ခုျဖစ္ေနျပန္တယ္။ ဒါေၾကာင္႕ အာရွ နဲ႕ဆက္သြယ္မလား? ဥေရာပကို ခရီးဆက္မလား? ဆန္ဖရန္စစၥကိုကိုသာေရာက္လုိ႕ကေတာ႕ ေငြရွိရင္ အကုန္အဆင္ေျပရပါေစမယ္။
.
.
ကြ်န္ေတာ္စပ္စုၾကည္႕တယ္ .. တစ္နည္းအားျဖင္႕ အခ်က္အလက္ေတြရမယ္႕ေနရာေတြကေန SFO အေၾကာင္းလိုက္ရွာၾကည္႕တဲ႕အခါ ထူးျခားခ်က္ေတြကုိ သတိထားမိလာတယ္။ ရံဖန္ရံခါ ကြ်န္ေတာ္ျမင္ရတဲ႕ ေလယာဥ္ေတြဟာ SFO မွာ ဘယ္ႏွစ္စင္း ဆင္းလို႕ ဘယ္ႏွစ္စင္း ျပန္တက္ၾကတယ္ဆိုတာသိလာရတဲ႕အခါ ပိုလို႕သာ အံ႕ၾသမိရျပန္တယ္။
.
ေလေၾကာင္းဘေလာ႕ဂ္စာမ်က္ႏွာေတြရဲ႕ေရးသားခ်က္အရ SFO ဟာ ေလေၾကာင္းလုိင္း ( ၄၉ ) လုိင္း နဲ႕ အေမရိကန္ျပည္တြင္း နဲ႕ ျပည္ပကမၻာျမိဳ႕ေတြ စုစုေပါင္း ( ၁၅၃ ) ျမိဳ႕အေရာက္ ခရီးသည္ေတြကုိ သယ္ေဆာင္ေပးေနပါသတဲ႕..။
.
.
( ၂ဝ၁၁ ) ခုႏွစ္စာရင္းအရ တစ္ရက္အတြင္း SFO မွာ ေလယာဥ္ေတြ ( ၅၈၃ ) ၾကိမ္  အဆင္း + အတက္လုပ္ခဲ႕တယ္ဆုိတဲ႕မွတ္တမ္းေတြ ဖတ္ရတယ္။ ဒီကိန္းဂဏန္းဟာ ဆန္ဖရန္စစၥကိုျမိဳ႕ရဲ႕ ခရီးသြားလုပ္ငန္းတုိးတက္လာတာနဲ႕အညီ ( ၂ဝ၁၅ ) ခုႏွစ္မွာ ( ၁၂ဝ၄ ) ၾကိမ္ ျဖစ္လာခဲ႕တယ္။ အခု ဒီစာကိုေရးးေနတဲ႕အခ်ိန္ SFO ရဲ႕ တရားဝင္စာမ်က္ႏွာ www.flysfo.com မွာ ထြက္ခြာ - Departure ( ၇၇ဝ ) ၾကိမ္ နဲ႕  Arrival ( ၇၉၆  ) ၾကိမ္ စုစုေပါင္း ( ၁၅၆၆ ) ၾကိမ္ ျပေနပါတယ္။
.
တစ္ဆက္တည္း ( ၂ဝ၁၅ ) စာရင္းအရ ေလယာဥ္ခရီးစဥ္ေပါင္း ( ၄၂၉၈၁၅ ) ျဖတ္သန္းနားခိုခဲ႕ျပီး ခရီးသည္ဦးေရ သန္း ( ၅ဝ ) ေက်ာ္ကို ဝန္ေဆာင္မႈေပးျပီးျပီလုိ႕ ေဖာ္ျပေနပါတယ္။
.
.
ကြ်န္ေတာ္တို႕ဗမာေတြ မဂၤလာဒံုေလဆိပ္ကေန အေမရိကားလာဖို႕ဆုိရင္ အမ်ားအားျဖင္႕ ကယ္လီဖုိးနီးယားဘက္ဆုိကို SFO ဒါမွမဟုတ္ LAX တစ္ခုခုကို လက္မွတ္ဝယ္ရပါလိမ္႕မယ္။ ဟုိတစ္ဘက္ျခမ္းနယူးေယာက္ျပည္နယ္ဆိုရင္ JFK ေလဆိပ္ကို ဝယ္စီးၾကတယ္။
.
တရုတ္ေလေၾကာင္း China Airlines နဲ႕ဆုိ ထုိင္ဝမ္မွာ တစ္နာရီသာသာနားျပီး ပစိဖိတ္သမုဒၵရာကို ညဘက္ၾကီးျဖတ္လို႕ SFO , LAX ကုိ စီးရပါတယ္။
.
ဒါေပမယ္႕ ဂ်ပန္ေလေၾကာင္းစီးရင္ေတာ႕ ဘန္ေကာက္ နဲ႕ တိုက်ိဳမွာ ေခတၱနားရမွာပါ။
.
စကၤာပူေလေၾကာင္းနဲ႕ဆို စကၤာပူ နဲ႕ ေဟာင္ေကာင္တို႕ကုိ ပတ္ေခၚသြားတဲ႕အတုိင္းစီးရဖို႕ရွိေနတဲ႕အေၾကာင္း ဗဟုသုတပြားမ်ားလိုက္ရပါတယ္။
.
.
ခင္လ်က္
.
05-04-2016
.
Ref: Wiki, Quora, www.flysfo.com
.
.
.
“ လေအကြောင်း ယာဉ်အကြောင်း  ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကျွန်တော်တို့ မနက်နဲ့ညနေဘက်ထွက်လျှောက်တဲ့လမ်းကနေ ဟိုဘက်ကမ်းကိုလှမ်းကြည့်ရင် ဆန်ဖရန်စစ္စကိုမြို့ နဲ့ အုတ်ကလန်လေဆိပ် - OAK ကို လှမ်းမြင်နေရတယ်။ ဆတ်ကနဲကောင်းကင်ကိုမော့ကြည့်မိတဲ့အခါ အမြဲတမ်းလိုလို လေယာဉ် ( ၅ ) စင်းကနေ ( ၉ ) စင်းလောက်အထိ တစ်ပြိုင်တည်း မြင်ရတတ်တယ်။ ဒါကြောင့် အကျင့်ကြီးဖြစ်နေတဲ့ ကျွန်တော့စိတ်တွေဟာလည်း ခဏနားရင်းလေ့ကျင့်ခန်းလုပ်ရာ စမ်းချောင်းငယ်လေးက တံတားနားမရောက်ခင်အထိ ကောင်းကင်ထဲမှာ ယာဉ်ဘယ်နှစ်စီးရှိတယ်ဆိုတာ အမြဲလိုက်ရေမိနေပါတော့တယ်။
.
ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ် - SFO ဟာ မြို့တွင်းကနေ တောင်ဘက် ( ၁၃ ) မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ ဒါ့အပြင် လော့စ်အိန့်ဂျလိစ်လေဆိပ် - LAX ပြီးရင် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဒုတိယအလုပ်အများဆုံးဆိုတာသိရသလို မြောက်အမေရိကတိုက်ရဲ့ အဓိကကျတဲ့ ဂိတ်ပေါက်တစ်ခုဖြစ်နေပြန်တယ်။ ဒါကြောင့် အာရှ နဲ့ဆက်သွယ်မလား? ဥရောပကို ခရီးဆက်မလား? ဆန်ဖရန်စစ္စကိုကိုသာရောက်လို့ကတော့ ငွေရှိရင် အကုန်အဆင်ပြေရပါစေမယ်။
.
.
ကျွန်တော်စပ်စုကြည့်တယ် .. တစ်နည်းအားဖြင့် အချက်အလက်တွေရမယ့်နေရာတွေကနေ SFO အကြောင်းလိုက်ရှာကြည့်တဲ့အခါ ထူးခြားချက်တွေကို သတိထားမိလာတယ်။ ရံဖန်ရံခါ ကျွန်တော်မြင်ရတဲ့ လေယာဉ်တွေဟာ SFO မှာ ဘယ်နှစ်စင်း ဆင်းလို့ ဘယ်နှစ်စင်း ပြန်တက်ကြတယ်ဆိုတာသိလာရတဲ့အခါ ပိုလို့သာ အံ့ဩမိရပြန်တယ်။
.
လေကြောင်းဘလော့ဂ်စာမျက်နှာတွေရဲ့ရေးသားချက်အရ SFO ဟာ လေကြောင်းလိုင်း ( ၄၉ ) လိုင်း နဲ့ အမေရိကန်ပြည်တွင်း နဲ့ ပြည်ပကမ္ဘာမြို့တွေ စုစုပေါင်း ( ၁၅၃ ) မြို့အရောက် ခရီးသည်တွေကို သယ်ဆောင်ပေးနေပါသတဲ့..။
.
.
( ၂ဝ၁၁ ) ခုနှစ်စာရင်းအရ တစ်ရက်အတွင်း SFO မှာ လေယာဉ်တွေ ( ၅၈၃ ) ကြိမ်  အဆင်း + အတက်လုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေ ဖတ်ရတယ်။ ဒီကိန်းဂဏန်းဟာ ဆန်ဖရန်စစ္စကိုမြို့ရဲ့ ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အညီ ( ၂ဝ၁၅ ) ခုနှစ်မှာ ( ၁၂ဝ၄ ) ကြိမ် ဖြစ်လာခဲ့တယ်။ အခု ဒီစာကိုရေးနေတဲ့အချိန် SFO ရဲ့ တရားဝင်စာမျက်နှာ www.flysfo.com မှာ ထွက်ခွာ - Departure ( ၇၇ဝ ) ကြိမ် နဲ့  Arrival ( ၇၉၆  ) ကြိမ် စုစုပေါင်း ( ၁၅၆၆ ) ကြိမ် ပြနေပါတယ်။
.
တစ်ဆက်တည်း ( ၂ဝ၁၅ ) စာရင်းအရ လေယာဉ်ခရီးစဉ်ပေါင်း ( ၄၂၉၈၁၅ ) ဖြတ်သန်းနားခိုခဲ့ပြီး ခရီးသည်ဦးရေ သန်း ( ၅ဝ ) ကျော်ကို ဝန်ဆောင်မှုပေးပြီးပြီလို့ ဖော်ပြနေပါတယ်။
.
.
ကျွန်တော်တို့ဗမာတွေ မင်္ဂလာဒုံလေဆိပ်ကနေ အမေရိကားလာဖို့ဆိုရင် အများအားဖြင့် ကယ်လီဖိုးနီးယားဘက်ကုိ SFO ဒါမှမဟုတ် LAX တစ်ခုခုကို လက်မှတ်ဝယ်ရပါလိမ့်မယ်။ ဟိုတစ်ဘက်ခြမ်းနယူးယောက်ပြည်နယ်ဆိုရင် JFK လေဆိပ်ကို ဝယ်စီးကြတယ်။
.
တရုတ်လေကြောင်း China Airlines နဲ့ဆို ထိုင်ဝမ်မှာ တစ်နာရီသာသာနားပြီး ပစိဖိတ်သမုဒ္ဒရာကို ညဘက်ကြီးဖြတ်လို့ SFO , LAX ကို စီးရပါတယ်။
.
ဒါပေမယ့် ဂျပန်လေကြောင်းစီးရင်တော့ ဘန်ကောက် နဲ့ တိုကျိုမှာ ခေတ္တနားရမှာပါ။
.
စင်္ကာပူလေကြောင်းနဲ့ဆို စင်္ကာပူ နဲ့ ဟောင်ကောင်တို့ကို ပတ်ခေါ်သွားတဲ့အတိုင်းစီးရဖို့ရှိနေတဲ့အကြောင်း ဗဟုသုတပွားများလိုက်ရပါတယ်။
.
.
ခင်လျက်
.
05-04-2016
.
Ref: Wiki, Quora, www.flysfo.com




No comments: