ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 29, 2016

အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? ( ၉ ) ပိုင္း

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
အရင္းရွင္စံနစ္ - Capitalism ရဲ႕အဓိပၸာယ္ဖြင္႕ဆုိခ်က္ကိုရွာၾကည္႕ရင္ " an economic and political system in which a country's trade and industry are controlled by private owners for profit, rather than by the state " လို႕ ေတြ႕ရပါတယ္။ အၾကမ္းအားျဖင္႕ အုပ္ခ်ဳပ္သူအစုိးရက မခ်ဳပ္ကိုင္တဲ႕ အျမတ္အစြန္းအားျဖင္႕ ကုိယ္ပုိင္ရင္းႏွီးျမွဳပ္ႏွံသူမ်ားရဲ႕ “ စီးပြားေရး + ႏိုင္ငံေရးစံနစ္ ” လို႕ နားလည္လို႕ရပါတယ္။
.
တစ္ဖန္  အရင္းအႏွီး - Capital ကို ၾကည္႕လုိက္တဲ႕အခါ " wealth in the form of money or other assets owned by a person or organization or available or contributed for a particular purpose such as starting a company or investing " အရ အေမရိကားမွာ အလုပ္လုပ္ရင္ အရင္းအႏွီးရွိမွ လုပ္ႏုိင္တာကို ေတြ႕ရပါမယ္။
.
.
ေျပာရရင္ေတာ႕ ေငြယူနစ္ ( ၁ဝဝ ) တန္ လုပ္ငန္းတစ္ခုလုပ္မယ္ဆိုရင္ တစ္ခုခုနစ္နာခဲ႕ရင္ လုပ္ငန္းခြင္အာမခံ၊ စားေသာက္ဆုိင္ဆုိရင္ စားသံုးသူအာမခံ စသျဖင္႕ အရံကုန္ဖို႕ေငြယူနစ္ ( ၄ဝ ) ထပ္ရွိမွ ရပါမယ္။ ဒါေၾကာင္႕ ေငြယူနစ္ ( ၁၅ဝ ) ရွိမွ ( ၁ဝဝ ) တန္လုပ္ငန္းတစ္ခုလုပ္ႏုိင္မယ္႕သေဘာရွိပါတယ္။ ဒါေၾကာင္႕ ျမန္မာလုိေတြး၊ ျမန္မာလိုရင္းျပီး ဒီမွာ ျမန္မာႏုိင္ငံမွာလုိ ကိုယ္ပိုင္လုပ္ငန္းလုပ္ဖို႕ ခက္ခဲပါတယ္။
.
တစ္ျခားတစ္ဖက္မွာလည္း တစ္နာရီ ( အနည္းဆံုး ) အေျခခံ ( ၁ဝ ) ေဒၚလာ၊ တစ္ပတ္ နာရီ ( ၄ဝ ) လုပ္ျပီး အပူအပင္မရွိ စေန နဲ႕ တနဂၤေႏြ တစ္ပတ္ ( ၂ ) ရက္ နားခြင္႕ရွိတဲ႕ႏုိင္ငံမွာ ေအးျငိမ္းသက္သာစြာ ဝန္ထမ္းျဖစ္သြားရတဲ႕ ျမန္မာလုပ္ငန္းရွင္မ်ားကို ကိုယ္ခ်င္းစာမိျပန္တယ္။
.
.
ဒါေၾကာင္႕ အရင္းအႏွီးရွိသူခ်င္းေပါင္းစုရင္း ကုမၸဏီဆုိတာ ျဖစ္လာရတယ္။ အေပါင္းအစု - Enterprise ဆုိတာ ဖြဲ႕လာၾကတယ္။ ဒီေငြစုေငြရံုးၾကီးကေန လွည္႕ဝင္လာမယ္႕ Return က ဘယ္ကေနျပန္လာမလဲဆိုတာက  အေရးအၾကီးလွသလို ေငြျပန္မေပၚႏုိင္တဲ႕အခါ အဲဒီ နာရီစားလုပ္ခကိုေတာင္မရွင္းႏုိင္လို႕ အလုပ္ျဖဳတ္လူေလွ်ာ႕တယ္ဆုိတဲ႕ Layoff ကိစၥေတြ ျဖစ္လာရျပန္တယ္။

.
တစ္ဆက္တည္းမွာ ျပိဳင္ဘက္ကုမၸဏီနဲ႕ မယွဥ္ႏုိင္တဲ႕အခါ ဘဏ္ေၾကြးပတ္ပတ္လည္ဝုိင္းျပီး ေနာက္ဆံုး Chapter 11 ေဒဝါလီခံဖို႕ ေလွ်ာက္ထားရတဲ႕အဆင္႕ကို သက္ဆင္းရတတ္ပါတယ္။ ဒီကာလမွာ တရားရံုးက ခြင္႕ျပဳရင္ ရရန္ရွိတဲ႕အေၾကြးေတြကိုသိမ္း၊ လက္က်န္ပစၥည္းေတြကိုၾကိဳးစားေရာင္း၊ စာရင္းအင္းေတြကုိ ျမင္သာေအာင္ဆြဲထုတ္ယူထားျပီး ေပးရန္ရွိတဲ႕ ျမီရွင္ဘဏ္ေတြကို ေစာင္႕ခုိင္းတဲ႕ ဥပေဒမ်ိဳးပါ။
.
.
ဒါေပမယ္႕ Chapter 11 အရ ကုမၸဏီဟာ ဒီေန႕အသက္ဝင္ မနက္ျဖန္ပိတ္သိမ္း ဆုိတာမ်ိဳးမဟုတ္ပဲ ျပန္လည္ထူေထာင္ေရးကာလေဒဝါလီခံမႈ - Rehabilitation Bankruptcy အမ်ိဳးအစားျဖစ္ပါတယ္။ ဒါေၾကာင္႕ သူ႕မွာ ေပးရန္-ရရန္ စာရင္းရွင္းႏုိင္ေလာက္တဲ႕ အမာခံပစၥည္းအခ်က္အလက္ေတြ ရွိေနေသးတဲ႕ သေဘာပါ။
.
သုိ႕ေသာ္လည္း ကုမၸဏီက Chapter 7 ကုိ အမႈတင္ - File ျပီဆုိရင္ေတာ႕ ရသေလာက္ကုိသာ လက္ႏိႈက္ယူရေတာ႕မယ္႕ Liquidation Bankruptcy ျဖစ္သြားပါျပီ။ အိမ္တုိင္ကိုေတာင္ ခြ်တ္ေရာင္းရေတာ႕မယ္႕အေျခအေနမွာ ဘာကိုမွ ေမွ်ာ္လင္႕လုိ႕ မရေတာ႕ပါဘူး။
.
.
ေဆာင္းပါးအေၾကာင္းအရာသိပ္မေလးရေအာင္ ေခါင္းစဥ္ဘက္ကိုျပန္သြားရရင္ ဒီလိုကုမၸဏီေတြကို ျပိဳင္ဘက္ကုမၸဏီေတြက ဝယ္ပါတယ္။ အားနည္းေနတဲ႕ကုမၸဏီမွာ သစၥာရွိတဲ႕ေဖာက္သည္ေတြ၊ သန္းနဲ႕ခ်ီတဲ႕ ဝယ္ယူသူေတြရဲ႕ဘဏ္စာရင္းအခ်က္အလက္ေတြ၊ ကမၻာ နဲ႕ အေမရိကန္ႏုိင္ငံတုိ႕မွာရွိတဲ႕ ေစ်းကြက္ကြန္ယက္ေတြကို ကုမၸဏီနာမည္နာေပမယ္႕ ေအာက္ေစ်းနဲ႕ဝယ္ၾကပါတယ္။
.
ထင္ရွားတဲ႕ဥပမာ အိုင္ဖုန္း - iPhone ထြက္လာေတာ႕ ဖုန္းအတြင္းလည္ပတ္မႈစံနစ္ OS - Operating System မွာ လိုက္လံအဆင္႕မျမွင္႕တင္ႏုိင္ခဲ႕တဲ႕ ႏုိကီယာ - Nokia ဟာ မုိက္ခရိုေဆာ႕ - Microsoft ကို အက်တန္းမွာ ေအာက္ေစ်းနဲ႕ခ်ေရာင္းခဲ႕ရတယ္။
.
.
ေနာက္ပိုင္ရွင္ ဝင္းဒုိးမိုဘုိင္း OS ကို ယံုၾကည္လြန္းတဲ႕ မုိက္ခရုိေဆာ႕ က အမွန္တစ္ကယ္သံုးစြဲသူေတြရဲ႕ အာသီသကိုလ်စ္လ်ဴရႈျပီး ႏုိကီယာဖုန္းထဲကို ဝင္းဒုိးသြင္းျပီးေရာင္းတဲ႕အခါ မိုဘိုင္းဖုန္းလုပ္ငန္းၾကီးဟာ ေငြေၾကးဘယ္မွ်ပံုေအာသံုးစြဲေပမယ္႕ ျပန္တက္မလာပဲ ပတၱျမားေကာင္းႏြံနစ္ခဲ႕ရပါျပီ။ 
.
ေနာက္ဆံုးသတင္းအရ မိုဘိုင္းက႑ကို ႏွစ္ျခမ္းခြဲျပီး တရုတ္ နဲ႕ ဖင္လန္ကုမၸဏီတုိ႕ကို မူရင္းဝယ္ေစ်းထက္  အဆေပါင္းမ်ားစြာနည္းပါးစြာ ျပန္ေရာင္းထုတ္ခဲ႕ရတယ္။ အခုေတာ႕ အျမင္မွန္ရျပီး Google ရဲ႕ Android လည္ပတ္မႈစံနစ္နဲ႕ ထည္႕သြင္းေရာင္းခ်ေတာ႕မယ္႕   ႏုိကီယာဖုန္းအသစ္ကို ျမင္ေတြ႕လာရဖြယ္ရွိေနပါတယ္။
.
.
ဆက္ေရးစရာအမ်ားၾကီးရွိပါေသးတယ္။ စိတ္ဝင္စားရင္ အပိုင္း ( ၂ ) ေစာင္႕ေမွ်ာ္ေပးၾကပါ။
.
ခင္လ်က္
.
05-28-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၁ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အရင်းရှင်စံနစ် - Capitalism ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုရှာကြည့်ရင် " an economic and political system in which a country's trade and industry are controlled by private owners for profit, rather than by the state " လို့ တွေ့ရပါတယ်။ အကြမ်းအားဖြင့် အုပ်ချုပ်သူအစိုးရက မချုပ်ကိုင်တဲ့ အျမတ္အစြန္းအားျဖင္႕ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံသူများရဲ့ “ စီးပွားရေး + နိုင်ငံရေးစံနစ် ” လို့ နားလည်လို့ရပါတယ်။
.
တစ်ဖန်  အရင်းအနှီး - Capital ကို ကြည့်လိုက်တဲ့အခါ " wealth in the form of money or other assets owned by a person or organization or available or contributed for a particular purpose such as starting a company or investing " အရ အမေရိကားမှာ အလုပ်လုပ်ရင် အရင်းအနှီးရှိမှ လုပ်နိုင်တာကို တွေ့ရပါမယ်။
.
.
ပြောရရင်တော့ ငွေယူနစ် ( ၁ဝဝ ) တန် လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် တစ်ခုခုနစ်နာခဲ့ရင် လုပ်ငန်းခွင်အာမခံ၊ စားသောက်ဆိုင်ဆိုရင် စားသုံးသူအာမခံ စသဖြင့် အရံကုန်ဖို့ငွေယူနစ် ( ၄ဝ ) ထပ်ရှိမှ ရပါမယ်။ ဒါကြောင့် ငွေယူနစ် ( ၁၅ဝ ) ရှိမှ ( ၁ဝဝ ) တန်လုပ်ငန်းတစ်ခုလုပ်နိုင်မယ့်သဘောရှိပါတယ်။ ဒါကြောင့် မြန်မာလိုတွေး၊ မြန်မာလိုရင်းပြီး ဒီမှာ မြန်မာနိုင်ငံမှာလို ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ခက်ခဲပါတယ်။
.
တစ်ခြားတစ်ဖက်မှာလည်း တစ်နာရီ ( အနည်းဆုံး ) အခြေခံ ( ၁ဝ ) ဒေါ်လာ၊ တစ်ပတ် နာရီ ( ၄ဝ ) လုပ်ပြီး အပူအပင်မရှိ စနေ နဲ့ တနင်္ဂနွေ တစ်ပတ် ( ၂ ) ရက် နားခွင့်ရှိတဲ့နိုင်ငံမှာ အေးငြိမ်းသက်သာစွာ ဝန်ထမ်းဖြစ်သွားရတဲ့ မြန်မာလုပ်ငန်းရှင်များကို ကိုယ်ချင်းစာမိပြန်တယ်။
.
.
ဒါကြောင့် အရင်းအနှီးရှိသူချင်းပေါင်းစုရင်း ကုမ္ပဏီဆိုတာ ဖြစ်လာရတယ်။ အပေါင်းအစု - Enterprise ဆိုတာ ဖွဲ့လာကြတယ်။ ဒီငွေစုငွေရုံးကြီးကနေ လှည့်ဝင်လာမယ့် Return က ဘယ်ကနေပြန်လာမလဲဆိုတာက  အရေးအကြီးလှသလို ငွေပြန်မပေါ်နိုင်တဲ့အခါ အဲဒီ နာရီစားလုပ်ခကိုတောင်မရှင်းနိုင်လို့ အလုပ်ဖြုတ်လူလျှော့တယ်ဆိုတဲ့ Layoff ကိစ္စတွေ ဖြစ်လာရပြန်တယ်။
.
တစ်ဆက်တည်းမှာ ပြိုင်ဘက်ကုမ္ပဏီနဲ့ မယှဉ်နိုင်တဲ့အခါ ဘဏ်ကြွေးပတ်ပတ်လည်ဝိုင်းပြီး နောက်ဆုံး Chapter 11 ဒေဝါလီခံဖို့ လျှောက်ထားရတဲ့အဆင့်ကို သက်ဆင်းရတတ်ပါတယ်။ ဒီကာလမှာ တရားရုံးက ခွင့်ပြုရင် ရရန်ရှိတဲ့အကြွေးတွေကိုသိမ်း၊ လက်ကျန်ပစ္စည်းတွေကိုကြိုးစားရောင်း၊ စာရင်းအင်းတွေကို မြင်သာအောင်ဆွဲထုတ်ယူထားပြီး ပေးရန်ရှိတဲ့ မြီရှင်ဘဏ်တွေကို စောင့်ခိုင်းတဲ့ ဥပဒေမျိုးပါ။
.
.
ဒါပေမယ့် Chapter 11 အရ ကုမ္ပဏီဟာ ဒီနေ့အသက်ဝင် မနက်ဖြန်ပိတ်သိမ်း ဆိုတာမျိုးမဟုတ်ပဲ ပြန်လည်ထူထောင်ရေးကာလဒေဝါလီခံမှု - Rehabilitation Bankruptcy အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် သူ့မှာ ပေးရန်-ရရန် စာရင်းရှင်းနိုင်လောက်တဲ့ အမာခံပစ္စည်းအချက်အလက်တွေ ရှိနေသေးတဲ့ သဘောပါ။
.
သို့သော်လည်း ကုမ္ပဏီက Chapter 7 ကို အမှုတင် - File ပြီဆိုရင်တော့ ရသလောက်ကိုသာ လက်နှိုက်ယူရတော့မယ့် Liquidation Bankruptcy ဖြစ်သွားပါပြီ။ အိမ်တိုင်ကိုတောင် ချွတ်ရောင်းရတော့မယ့်အခြေအနေမှာ ဘာကိုမှ မျှော်လင့်လို့ မရတော့ပါဘူး။
.
.
ဆောင်းပါးအကြောင်းအရာသိပ်မလေးရအောင် ခေါင်းစဉ်ဘက်ကိုပြန်သွားရရင် ဒီလိုကုမ္ပဏီတွေကို ပြိုင်ဘက်ကုမ္ပဏီတွေက ဝယ်ပါတယ်။ အားနည်းနေတဲ့ကုမ္ပဏီမှာ သစ္စာရှိတဲ့ဖောက်သည်တွေ၊ သန်းနဲ့ချီတဲ့ ဝယ်ယူသူတွေရဲ့ဘဏ်စာရင်းအချက်အလက်တွေ၊ ကမ္ဘာ နဲ့ အမေရိကန်နိုင်ငံတို့မှာရှိတဲ့ ဈေးကွက်ကွန်ယက်တွေကို ကုမ္ပဏီနာမည်နာပေမယ့် အောက်ဈေးနဲ့ဝယ်ကြပါတယ်။
.
ထင်ရှားတဲ့ဥပမာ အိုင်ဖုန်း - iPhone ထွက်လာတော့ ဖုန်းအတွင်းလည်ပတ်မှုစံနစ် OS - Operating System မှာ လိုက်လံအဆင့်မမြှင့်တင်နိုင်ခဲ့တဲ့ နိုကီယာ - Nokia ဟာ မိုက်ခရိုဆော့ - Microsoft ကို အကျတန်းမှာ အောက်ဈေးနဲ့ချရောင်းခဲ့ရတယ်။
.
.
နောက်ပိုင်ရှင် ဝင်းဒိုးမိုဘိုင်း OS ကို ယုံကြည်လွန်းတဲ့ မိုက်ခရိုဆော့ က အမှန်တစ်ကယ်သုံးစွဲသူတွေရဲ့ အာသီသကိုလျစ်လျူရှုပြီး နိုကီယာဖုန်းထဲကို ဝင်းဒိုးသွင်းပြီးရောင်းတဲ့အခါ မိုဘိုင်းဖုန်းလုပ်ငန်းကြီးဟာ ငွေကြေးဘယ်မျှပုံအောသုံးစွဲပေမယ့် ပြန်တက်မလာပဲ ပတ္တမြားကောင်းနွံနစ်ခဲ့ရပါပြီ။
.
နောက်ဆုံးသတင်းအရ မိုဘိုင်းကဏ္ဍကို နှစ်ခြမ်းခွဲပြီး တရုတ် နဲ့ ဖင်လန်ကုမ္ပဏီတို့ကို မူရင်းဝယ်ဈေးထက်  အဆပေါင်းများစွာနည်းပါးစွာ ပြန်ရောင်းထုတ်ခဲ့ရတယ်။ အခုတော့ အမြင်မှန်ရပြီး Google ရဲ့ Android လည်ပတ်မှုစံနစ်နဲ့ ထည့်သွင်းရောင်းချတော့မယ့်   နိုကီယာဖုန်းအသစ်ကို မြင်တွေ့လာရဖွယ်ရှိနေပါတယ်။
.
.
ဆက်ရေးစရာအများကြီးရှိပါသေးတယ်။ စိတ်ဝင်စားရင် အပိုင်း ( ၂ ) စောင့်မျှော်ပေးကြပါ။
.
ခင်လျက်
.
05-28-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၂ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
မုိက္ခရိုေဆာ႕ဟာ ႏုိကီယာကို အဝယ္မွားခဲ႕ေပမယ္႕ အေရွ႕ေစာေစာပိုင္းမွာ အက္စတိုးနီးယားႏိုင္ငံသားပုိင္ အင္တာနက္တယ္လီဖုန္းေခၚဆိုမႈကြန္ယက္ - Skype ကုိ ေစ်းၾကီးၾကီးေပးဝယ္လိုက္တာ သူ႕လုပ္ငန္းကြန္ယက္အတြက္ ေတာ္ေတာ္အေထာက္အကူရခဲ႕တယ္။
.
ဒါေၾကာင္႕လည္း ေနာက္တစ္ပြဲထပ္ရိုက္ျပီး Apple ၊ Samsung နဲ႕ Google တုိ႕ၾကီးစုိးေနတဲ႕ လက္ကိုင္ဖုန္းေစ်းကြက္ကုိ လုပ္ငန္းခြင္မရင္းႏွီးတဲ႕အျပင္ လုပ္လက္စမရွိ၊ ကြ်မ္းက်င္မႈမျပည္႕ဝတဲ႕ ရုပ္ျပပစၥည္းထုတ္လုပ္မႈ - Hardware Production အကြက္နဲ႕ဝင္လိုက္တာမွာ တက္တက္စင္ေအာင္ကြဲသြားတဲ႕သေဘာ ရွိပါတယ္။
.
.
အခ်ိဳရည္ေစ်းကြက္စျဖစ္ခဲ႕တဲ႕ ( ၁၉ ) ရာစုေလာက္မွာ ကုိကာကိုလာ - Coca Cola အခ်ိဳရည္စတင္မိတ္ဆက္ျပီးတဲ႕ေနာက္ ( ၇ ) ႏွစ္အၾကာမွာ ပက္စီကိုလာ - Pepsi Cola က မေမွ်ာ္လင္႕တဲ႕ေဖာ္ျမဴလာနဲ႕ ဆင္တူနီးပါးအခ်ိဳရည္ကို မွတ္ပံုတင္ခဲ႕တယ္။ ဒီအခါမွာ အရွိန္အဟုန္ေကာင္းျပီး ေစ်းကြက္မွာ အျမတ္အစြန္းအၾကီးအက်ယ္ရေနတဲ႕ ကိုကာကိုလာက အတင္းလုိက္ဝယ္ပါတယ္။
.
ဒါကိုျငင္းလိုက္တဲ႕ ပက္စီကုိလာဟာ ( ၁၉၃၁ ) ခုႏွစ္မွာ ျဖစ္ပ်က္ခဲ႕တဲ႕ အေမရိကန္စီးပြားေရးပ်က္ကပ္ေတာ႕ လြတ္ေအာင္မေရွာင္လြဲႏိုင္ခဲ႕ဘူး။ ဒါေၾကာင္႕ ေနာက္ပိုင္ရွင္တစ္ေယာက္ကို လက္လြဲေရာင္းခ်ရင္း ပက္စီကိုလာကို အသက္ဆက္ခဲ႕တယ္။ ဒီတစ္ေလွ်ာက္မွာလည္း ကုိကာကုိလာရဲ႕ ကုမၸဏီတစ္ခုလံုးကို ဝါးျမိဳခ်င္တဲ႕ အပိုင္ဝယ္ - Acquisition ကို ပတ္ေရွာင္ႏုိင္ခဲ႕တယ္။ ဒါေၾကာင္႕ ကိုကာကိုလာအတြက္ တစ္သက္လံုးယွဥ္ျပိဳင္ရမယ္႕ က်ားအမည္းေကာင္အေနနဲ႕ အနီေရာင္မလႊမ္းႏို္င္တာ အခုေခတ္အထိပါပဲ။
.
.
အေမရိကားမွာ လုပ္သက္အႏွစ္ ( ၃ဝ ) ေက်ာ္ေနျပီျဖစ္တဲ႕ ဖိလစ္ပင္းအဖိုးၾကီးတစ္ဦးက ေျပာဖူးတယ္ " ကမၻာနဲ႕အဆက္အသြယ္ရွိတဲ႕ ႏုိင္ငံတစ္ခုမွာ အခ်ိဳရည္ရွိရင္ ကိုကာကုိလာ ရွိတယ္ .. ကိုကာကိုလာရွိရင္ အေမရိကန္ရွိတယ္ " တဲ႕ သူေျပာခဲ႕တာ ျပီးခဲ႕တဲ႕ ( ၃ ) ႏွစ္က...။
.
သူ႕စကားအတိုင္းေလ႕လာၾကည္႕လိုက္တာ အဲဒီတုန္းက ကမၻာေပၚမွာ ကိုကာကိုလာတရားဝင္ေရာင္းဝယ္မႈမရွိတာ က်ဴးဘား၊ ေျမာက္ကိုးရီးယား နဲ႕ ျမန္မာႏုိင္ငံတုိ႕ပဲ က်န္တယ္။ အမွန္ပဲေလ .. ဒီ ( ၃ ) ႏုိင္ငံက အေမရိကန္ရဲ႕စီးပြားေရးဒဏ္ခတ္မႈကိုခံထားရေတာ႕ ကိုကာကိုလာကုိ ေမွာင္ခုိဝယ္ေသာက္ရတယ္။ မရရင္ အိမ္နီးနားခ်င္းႏုိင္ငံကေန တစ္ဆင္႕ဝယ္ေသာက္ရတယ္။
.
.
ဒါေၾကာင္႕ပဲ စီးပြားေရးတံခါးဖြင္႕ျပီဆိုတာနဲ႕ ပထမဦးဆံုးဝင္ေရာက္လာတဲ႕ကုမၸဏီအနည္းစုထဲမွာ အနီေရာင္လႊမ္းတဲ႕ ကိုကာကိုလာ ေစာေစာစီစီးပါလာလုိ႕ ျမန္မာေတြ ေစ်းမွန္မွန္ေသာက္ခြင္႕ရလာတယ္။ တစ္နည္းအားျဖင္႕ အေမရိကန္အရင္းရွင္ကုမၸဏီကုိ က်ပ္ေငြကေန ေဒၚလာအျဖစ္ေျပာင္းျပီးေပးသြင္းခြင္႕ရတာနဲ႕ အတူတူပါပဲ။
.
ကုိကာကိုလာဟာ ျပည္တြင္းလည္းဝင္လာေရာ ျမန္မာေတြၾကိဳက္တာ Alpine ေသာက္ေရသန္႕ နဲ႕ Blue Mountain အခ်ိဳရည္ျဖစ္ေနတာကို သြားေတြ႕တယ္။ ဒါေၾကာင္႕ ျပည္တြင္းတိုင္းရင္းသားသူေ႒းၾကီး ေဒါက္တာစိုင္းဆမ္းထြန္းပုိင္ လြယ္ဟိန္းကုမၸဏီကုိ ဝယ္ဖို႕ကမ္းလွမ္းတဲ႕အခါ ဆရာက မေရာင္းခဲ႕ပဲ ဂ်ပန္အဆာဟိကုမၸဏီကိုေျပးကပ္ျပီး အနီေကာင္ကိုယွဥ္ျပိဳင္ဖို႕ ၾကိဳစားေနတာကို ရန္ကုန္သားေတြအသိဆံုးျဖစ္မွာပါ။
.
.
ထုိနည္းတူစြာ တံခါးပြင္႕လာတဲ႕ျမန္မာႏုိင္ငံကုိ သက္တမ္း ( ၁၇၈ ) ႏွစ္ရွိျပီျဖစ္တဲ႕ P&G - Procer & Gamble လူသံုးကုန္ပစၥည္းထုတ္ကုမၸဏီဟာ ျမန္မာႏုိင္ငံကို ကိုးလ္ဂိတ္သြားတုိက္ေဆးနဲ႕အတူ တရားဝင္ ဝင္ေရာက္လာတယ္။ သူလည္းပဲ ျမန္မာျပည္ေပါက္အေနာက္ပိုင္းသားေတြပိုင္ဆိုင္တဲ႕ ေလဆာသြားတုိက္ေဆးရဲ႕ ဂုဏ္သတင္းေက်ာ္ေဇာမႈ နဲ႕ ေစ်းကြက္ၾကီးမားမႈကို မ်က္စိစူးလည္း စူး ..  သြားရည္လည္း က်တယ္။
.
သူ႕အေနနဲ႕ အေပၚကေနယွဥ္ျပိဳင္ရတာ အားသာေပမယ္႕ ဆူးေျငာင္႕ခလုပ္ကို ေဒၚလာ ( ၉၉ ) သန္း နဲ႕ ေျဖရွင္းလုိက္တယ္။ ဟုတ္ပါတယ္ .. ေလဆာကို ကုိးလ္ဂိတ္ကဝယ္ယူသြားျပီးတဲ႕ေနာက္မွာ အေကာင္းစားလုိခ်င္လုိ႕ တစ္ေထာင္ေက်ာ္တန္ ကိုးလ္ဂိတ္ပဲတုိက္တုိက္၊ ေစ်းသက္သာတဲ႕ ႏွစ္ရာေက်ာ္တန္ေလဆာပဲတုိက္တိုက္ အေမရိကားသိမ္းငွက္ၾကီးအိပ္ကပ္ထဲ ေငြစိမ္းေတြေရာက္သြားမွာ အေသအခ်ာပါပဲ..။
.
ဆက္ေရးပါဦးမယ္..။
.
ခင္လ်က္
.
05-29-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၂ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မိုက်ခရိုဆော့ဟာ နိုကီယာကို အဝယ်မှားခဲ့ပေမယ့် အရှေ့စောစောပိုင်းမှာ အက်စတိုးနီးယားနိုင်ငံသားပိုင် အင်တာနက်တယ်လီဖုန်းခေါ်ဆိုမှုကွန်ယက် - Skype ကို ဈေးကြီးကြီးပေးဝယ်လိုက်တာ သူ့လုပ်ငန်းကွန်ယက်အတွက် တော်တော်အထောက်အကူရခဲ့တယ်။
.
ဒါကြောင့်လည်း နောက်တစ်ပွဲထပ်ရိုက်ပြီး Apple ၊ Samsung နဲ့ Google တို့ကြီးစိုးနေတဲ့ လက်ကိုင်ဖုန်းဈေးကွက်ကို လုပ်ငန်းခွင်မရင်းနှီးတဲ့အပြင် လုပ်လက်စမရှိ၊ ကျွမ်းကျင်မှုမပြည့်ဝတဲ့ ရုပ်ပြပစ္စည်းထုတ်လုပ်မှု - Hardware Production အကွက်နဲ့ဝင်လိုက်တာမှာ တက်တက်စင်အောင်ကွဲသွားတဲ့သဘော ရှိပါတယ်။
.
.
အချိုရည်ဈေးကွက်စဖြစ်ခဲ့တဲ့ ( ၁၉ ) ရာစုလောက်မှာ ကိုကာကိုလာ - Coca Cola အချိုရည်စတင်မိတ်ဆက်ပြီးတဲ့နောက် ( ၇ ) နှစ်အကြာမှာ ပက်စီကိုလာ - Pepsi Cola က မမျှော်လင့်တဲ့ဖော်မြူလာနဲ့ ဆင်တူနီးပါးအချိုရည်ကို မှတ်ပုံတင်ခဲ့တယ်။ ဒီအခါမှာ အရှိန်အဟုန်ကောင်းပြီး ဈေးကွက်မှာ အမြတ်အစွန်းအကြီးအကျယ်ရနေတဲ့ ကိုကာကိုလာက အတင်းလိုက်ဝယ်ပါတယ်။
.
ဒါကိုငြင်းလိုက်တဲ့ ပက်စီကိုလာဟာ ( ၁၉၃၁ ) ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမေရိကန်စီးပွားရေးပျက်ကပ်တော့ လွတ်အောင်မရှောင်လွဲနိုင်ခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်ရှင်တစ်ယောက်ကို လက်လွဲရောင်းချရင်း ပက်စီကိုလာကို အသက်ဆက်ခဲ့တယ်။ ဒီတစ်လျှောက်မှာလည်း ကိုကာကိုလာရဲ့ ကုမ္ပဏီတစ်ခုလုံးကို ဝါးမြိုချင်တဲ့ အပိုင်ဝယ် - Acquisition ကို ပတ်ရှောင်နိုင်ခဲ့တယ်။ ဒါကြောင့် ကိုကာကိုလာအတွက် တစ်သက်လုံးယှဉ်ပြိုင်ရမယ့် ကျားအမည်းကောင်အနေနဲ့ အနီရောင်မလွှမ်းန်ိုင်တာ အခုခေတ်အထိပါပဲ။
.
.
အမေရိကားမှာ လုပ်သက်အနှစ် ( ၃ဝ ) ကျော်နေပြီဖြစ်တဲ့ ဖိလစ်ပင်းအဖိုးကြီးတစ်ဦးက ပြောဖူးတယ် " ကမ္ဘာနဲ့အဆက်အသွယ်ရှိတဲ့ နိုင်ငံတစ်ခုမှာ အချိုရည်ရှိရင် ကိုကာကိုလာ ရှိတယ် .. ကိုကာကိုလာရှိရင် အမေရိကန်ရှိတယ် " တဲ့ သူပြောခဲ့တာ ပြီးခဲ့တဲ့ ( ၃ ) နှစ်က...။
.
သူ့စကားအတိုင်းလေ့လာကြည့်လိုက်တာ အဲဒီတုန်းက ကမ္ဘာပေါ်မှာ ကိုကာကိုလာတရားဝင်ရောင်းဝယ်မှုမရှိတာ ကျူးဘား၊ မြောက်ကိုးရီးယား နဲ့ မြန်မာနိုင်ငံတို့ပဲ ကျန်တယ်။ အမှန်ပဲလေ .. ဒီ ( ၃ ) နိုင်ငံက အမေရိကန်ရဲ့စီးပွားရေးဒဏ်ခတ်မှုကိုခံထားရတော့ ကိုကာကိုလာကို မှောင်ခိုဝယ်သောက်ရတယ်။ မရရင် အိမ်နီးနားချင်းနိုင်ငံကနေ တစ်ဆင့်ဝယ်သောက်ရတယ်။
.
.
ဒါကြောင့်ပဲ စီးပွားရေးတံခါးဖွင့်ပြီဆိုတာနဲ့ ပထမဦးဆုံးဝင်ရောက်လာတဲ့ကုမ္ပဏီအနည်းစုထဲမှာ အနီရောင်လွှမ်းတဲ့ ကိုကာကိုလာ စောစောစီစီးပါလာလို့ မြန်မာတွေ ဈေးမှန်မှန်သောက်ခွင့်ရလာတယ်။ တစ်နည်းအားဖြင့် အမေရိကန်အရင်းရှင်ကုမ္ပဏီကို ကျပ်ငွေကနေ ဒေါ်လာအဖြစ်ပြောင်းပြီးပေးသွင်းခွင့်ရတာနဲ့ အတူတူပါပဲ။
.
ကိုကာကိုလာဟာ ပြည်တွင်းလည်းဝင်လာရော မြန်မာတွေကြိုက်တာ Alpine သောက်ရေသန့် နဲ့ Blue Mountain အချိုရည်ဖြစ်နေတာကို သွားတွေ့တယ်။ ဒါကြောင့် ပြည်တွင်းတိုင်းရင်းသားသူဋ္ဌေးကြီး ဒေါက်တာစိုင်းဆမ်းထွန်းပိုင် လွယ်ဟိန်းကုမ္ပဏီကို ဝယ်ဖို့ကမ်းလှမ်းတဲ့အခါ ဆရာက မရောင်းခဲ့ပဲ ဂျပန်အဆာဟိကုမ္ပဏီကိုပြေးကပ်ပြီး အနီကောင်ကိုယှဉ်ပြိုင်ဖို့ ကြိုစားနေတာကို ရန်ကုန်သားတွေအသိဆုံးဖြစ်မှာပါ။
.
.
ထိုနည်းတူစွာ တံခါးပွင့်လာတဲ့မြန်မာနိုင်ငံကို သက်တမ်း ( ၁၇၈ ) နှစ်ရှိပြီဖြစ်တဲ့ P&G - Procer & Gamble လူသုံးကုန်ပစ္စည်းထုတ်ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ကိုးလ်ဂိတ်သွားတိုက်ဆေးနဲ့အတူ တရားဝင် ဝင်ရောက်လာတယ်။ သူလည်းပဲ မြန်မာပြည်ပေါက်အနောက်ပိုင်းသားတွေပိုင်ဆိုင်တဲ့ လေဆာသွားတိုက်ဆေးရဲ့ ဂုဏ်သတင်းကျော်ဇောမှု နဲ့ ဈေးကွက်ကြီးမားမှုကို မျက်စိစူးလည်း စူး ..  သွားရည်လည်း ကျတယ်။
.
သူ့အနေနဲ့ အပေါ်ကနေယှဉ်ပြိုင်ရတာ အားသာပေမယ့် ဆူးငြောင့်ခလုပ်ကို ဒေါ်လာ ( ၉၉ ) သန်း နဲ့ ဖြေရှင်းလိုက်တယ်။ ဟုတ်ပါတယ် .. လေဆာကို ကိုးလ်ဂိတ်ကဝယ်ယူသွားပြီးတဲ့နောက်မှာ အကောင်းစားလိုချင်လို့ တစ်ထောင်ကျော်တန် ကိုးလ်ဂိတ်ပဲတိုက်တိုက်၊ ဈေးသက်သာတဲ့ နှစ်ရာကျော်တန်လေဆာပဲတိုက်တိုက် အမေရိကားသိမ်းငှက်ကြီးအိပ်ကပ်ထဲ ငွေစိမ်းတွေရောက်သွားမှာ အသေအချာပါပဲ..။
.
ဆက်ရေးပါဦးမယ်..။
.
ခင်လျက်
.
05-29-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၃ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
အခုလက္ရွိနာမည္ၾကီးေနတဲ႕ကုမၸဏီေတြဟာ တစ္ခ်ိန္က မိမိရဲ႕ထြက္ကုန္ - Product ၊ မိမိရဲ႕ေတြ႕ရွိခ်က္ - Discovery နဲ႕ မူလလမ္းေၾကာင္းကေနဆန္းသစ္တီထြင္မႈ - Innovation တို႕ေပၚမွာ အပင္ေပါက္လာတဲ႕အသီးအပြင္႕ေတြေၾကာင္႕သာ ေအာင္ျမင္လာၾကပါတယ္။
.
မ်ားေသာအားျဖင္႕ ေငြရွိလို႕ကုမၸဏီေထာင္တယ္၊ မ်ိဳးရိုးအလိုက္ခ်မ္းသာလို႕ ေက်ာ္ၾကားခ်မ္းသာတယ္ဆိုတာထက္ ဝါသနာတူရာ၊ တက္ေရာက္ေနတဲ႕ေက်ာင္းတူရာ၊ တကၠသိုလ္မွာသင္ယူတဲ႕ဘာသာရပ္တူရာ အခန္းေဖာ္၊ မိတ္ေဆြသူငယ္ခ်င္းတုိ႕ ပူးေပါင္းဦးေႏွာက္စားမႈ - Brain Storming လုပ္ၾကရင္း အခန္းက်ဥ္းထဲမွာ၊ စာသင္ခန္းထဲမွာ၊ ေနာက္ဆံုး ကားဂုိေဒါင္ထဲမွာစခဲ႕တဲ႕သမိုင္းေတြ အေမရိကန္ေျမဆီလႊြာေပၚမွာ အမ်ားအျပားရွိၾကတယ္။
.
.
ဥပမာအေနနဲ႕ျပရရင္ နာမည္ၾကီးကြန္ပ်ဴတာေတြထုတ္လုပ္တဲ႕ HP – Hewlett-Packard ဆိုရင္ ဒီနာမည္ကိုစံျပေရြးခ်ယ္ခဲ႕ရံုမကပဲ ကနဦးတည္ေထာင္သူ - Co-Founder ႏွစ္ဦးျဖစ္တဲ႕ ဘီလ္ဟ်ဴးလက္ - Bill Hewlett နဲ႕ ေဒ႕ပက္ခါ႕ဒ္ - Dave Packard တို႕နာမည္ေတြရဲ႕ ေနာက္ပိတ္နာမယ္တစ္လံုးစီကို ယူထားတာျဖစ္ပါတယ္။
.
သူတုိ႕စခဲ႕တဲ႕သေႏၶတည္ဂိုေဒါင္ဟာ လူအမ်ားခ်စ္ၾကတဲ႕ ပန္းသီးဖုန္း - Apple iProduct တုိ႕ျဖစ္တည္ရာ စတိဗ္ေဂ်ာ႕ရဲ႕ သမိုင္းဝင္ကားဂုိေဒါင္ - Garage နဲ႕ ကားနဲ႕ ( ၁၉ ) မိနစ္ ေမာင္းသြားရင္ေရာက္ပါတယ္။ “ H ” နဲ႕ “ P ” ႏွစ္ေယာက္လံုးဟာ လွ်ပ္စစ္အင္ဂ်င္နီယာေက်ာင္းဆင္းပညာတတ္ေတြျဖစ္ျပီး သူတုိ႕ရဲ႕ ဒီဂိုေဒါင္ေလးဟာလည္း သူတုိ႕တက္ခဲ႕တဲ႕ နာမည္ၾကီး စတင္းဖို႕ဒ္တကၠသိုလ္ - Stanford University ရဲ႕ ေရွ႕နားေလးမွာ ရွိပါတယ္။
.
.
ေနာက္ဥပမာတစ္ခုထုတ္ျပရရင္ အီလီႏြိဳက္ျပည္နယ္မွာစတင္တည္ေထာင္ခဲ႕တဲ႕ နာမည္ေက်ာ္လမ္းျပေျမပံု - GPS – Global Positioning System ရဲ႕ အထင္ကရကုမၸဏီ ဂါမင္ - Garmin ရဲ႕ ကုမၸဏီနာမည္မွာ ဘာအဓိပၸာယ္မွ ထိမ္ဝွက္ထားတာ မရွိပါဘူး။ တည္ေထာင္သူ ဂယ္ရီဘားရဲ - Gary Burrell နဲ႕ မင္းခို - Min Kao တို႕ရဲ႕ ထိပ္စီးနာမည္စာလံုးေပါင္း ( ၃ ) လံုးခ်င္း ဆက္ထားတာပါ။
.
Garmin ကုမၸဏီရဲ႕ကံအေၾကာင္းလွပံုကလည္း အဲဒီေခတ္ အဲဒီအခါတုန္းက GPS ပစၥည္းဆိုတာ လမ္းေပၚကကားေတြေပၚမွာေတြ႕ရဖုိ႕မေျပာနဲ႕ .. အစိုးရ၊ ေထာက္လွမ္းေရးတုိ႕ကုိင္ဖို႕ေတာင္ ေဒၚလာ ( ၃ဝဝဝ ) ေလာက္ေပးေနရဲ႕အခ်ိန္မ်ိဳးပါ။
.
ဒီေနရာမွာ ဂယ္ရီ နဲ႕ မင္း တုိ႕ဟာ ေရဒီယုိအသံလႊင္႕လိႈင္းကုိ ျဂိဳလ္တုရဲ႕တည္ေနရာျပသေကၤတ နဲ႕ ခ်ိတ္ဆက္ယူႏုိင္ေအာင္ တည္ထြင္ဆန္းသစ္ႏိုင္တဲ႕အတြက္ အေမရိကန္စစ္တပ္ - U.S Army ကေတာင္ ျပန္ဝယ္သံုးရတဲ႕ေနာက္ စီးပြားေရးတစ္ဟုန္ထုိးတက္သြားျပီး ေအာင္ျမင္မႈအထြဋ္အထိပ္ကုိေရာက္လာရတာ “ ႏွစ္ေယာက္ေပါင္းစည္းျခင္းရဲ႕ကံ ” လုိ႕ ေျပာလို႕ရပါတယ္။
.
.
အထက္ကေျပာခဲ႕သလို ႏွစ္ဦးေကာင္း ႏွစ္ေယာက္ေကာင္းမဟုတ္ပဲ “ တစ္ေကာင္တည္း ဒါေပမယ္႕ .. ျခေသၤ႕ ”  လို႕ ေျပာရေလာက္ေအာင္ “ ဘာလိုခ်င္သလဲ? ကၾကီး ကေန အ အထိ အကုန္ရမယ္ ” ဆုိတဲ႕ အမ္မဇြန္ - Amazon အြန္လိုင္းေစ်းသည္ၾကီးကုိ ခ်န္လွပ္ခဲ႕လို႕မရပါဘူး။ အမွန္က အခုလက္ရွိေခတ္မွာ အေမရိကန္စီးပြားေရးအေၾကာင္းေျပာရရင္ ဂ်က္ဖ္ေဘးဇုိစ္ - Jeff Bezos က အေမရိကန္လက္လီဝယ္သံုးသူေတြရဲ႕ပံုစံအလွည္႕အေျပာင္းကို ေဖာ္ေဆာင္ခဲ႕သူလို႕ေတာင္ ေျပာလို႕ရပါတယ္။
.
.
ဂ်က္ဖ္ေဘးဇုိစ္ ရဲ႕ Amazon ဟာ ..
.
၁.. အင္တာနက္မွာစာရိုက္ရွာလိုက္ရင္ ထိပ္ဆံုးကေပၚလာေအာင္ Amazon စာလံုးကုိယူရတယ္ဆုိတဲ႕အေၾကာင္း၊
.
၂.. ကမၻာေပၚမွာအၾကီးဆံုးျမစ္ Amazon River ကုိတည္ျပီး သူ႕စီးပြားေရးအင္ပါယာဟာ အၾကီးမားဆံုးျဖစ္ရမယ္ဆုိတဲ႕အေၾကာင္း၊
.
၃.. Amazon ကုမၸဏီအမွတ္တံဆိပ္ - Logo ရဲ႕ေအာက္က ျပံဳးေနတဲ႕ျမွားေလးဟာ ဘာလိုလိုအကုန္ရွိတယ္ဆိုတဲ႕ “ A to Z ” ကုိ ဆုိလိုတဲ႕အေၾကာင္း၊
.
၄.. ဘာဝယ္ဝယ္အခြန္ေဆာင္ရတဲ႕အေမရိကားမွာ ဝယ္ယူသူေတြအခြန္မေပးရေအာင္ ျပည္နယ္ဖြံ႕ျဖိဳးမႈအရအခြန္ကင္းလြတ္ခြင္႕ရွိတဲ႕ ေဝါရွင္တန္ျပည္နယ္ရဲ႕ျမိဳ႕ေတာ္ ဆီယက္တဲ - Seattle ျမိဳ႕ကိုေရြးခ်ယ္ခဲ႕တဲ႕အေၾကာင္း၊
.
၅.. ( ၂ဝဝဝ ) ခုႏွစ္ အင္တာနက္ေပါက္ကြဲမႈ - Dot-Com Bubble ( ၂ဝဝဝ ) မတိုင္ခင္ေလးတင္ အြန္လိုင္းကေန ပစၥည္းေရာင္းခ်တဲ႕ Online Retail အလုပ္ကို ( ၂၃ဝဝ% ) အထိ ျမွင္႕တင္ႏိုင္ခဲ႕တဲ႕အေၾကာင္း .. စတာေတြကုိ သူမ်ားေတြအေရးမ်ားလြန္းလို႕ ထပ္မေျပာျပေတာ႕ပါဘူး။
.
.
ဒီလို ထိပ္ပိုင္းေရာက္ေအာင္တက္ခဲ႕တဲ႕ကုမၸဏီေတြကုိ ေသခ်ာပတ္ေစ႕ ေလ႕လာၾကည္႕ရင္ ပညာတတ္ခ်င္လုိ႕ေက်ာင္းတက္၊ ေက်ာင္းေရာက္ေတာ႕စိတ္ပါတဲ႕ေမဂ်ာတစ္ခု ( ဒါမွမဟုတ္ ) တစ္ခုထက္ပိုတဲ႕ေမဂ်ာ - Double Major ယူရင္း ကုိယ္တုိင္ေသာ္၄င္း၊ တစ္ဦးတစ္ေယာက္နဲ႕ေပါင္းျပီးေသာ္၄င္း   စခဲ႕ရတာခ်ည္းပါပဲ။
.
ပထမေတာ႕ ရုန္းရင္း ကန္ရင္း .. ေငြလည္ပတ္လာတဲ႕တစ္ေန႕မွာ “ ျမတ္မယ္ ” ဆိုတဲ႕ ကိစၥတစ္ခုကို ေငြရွင္ အရင္းရွင္ေတြက ဝင္ရင္းၾကဖို႕ လက္မတြန္႕ၾကပါဘူး။ ဒီကေနတစ္ဆင္႕တက္ျပီး အျမတ္ရဲ႕ အစိတ္အပိုင္းတစ္ခ်ိဳ႕ကို လုပ္ငန္းခ်ဲ႕ရင္း သုေတသနေတြတြဲလုပ္ကာ အမ်ားပိုင္ကုမၸဏီအျဖစ္အသြင္ေျပာင္းႏုိင္တာကေန ေငြလံုးၾကီးသြားျပီဆိုရင္ ဘယ္သူမွ မလိုက္ႏုိင္ေတာ႕ပါဘူး။
.
.
ဒါေပမယ္႕ ဘာပဲေျပာေျပာ အမိႈက္ေကာက္သမားဘဝကေန သူေ႒းျဖစ္တယ္ .. အလုပ္သမားဘဝကေန သူေ႒းျဖစ္သြားတယ္ဆုိတာေတြ အေမရိကားမွာ မရွိမဟုတ္ ရွိႏုိင္ေပမယ္႕ ရွားလွပါတယ္။ အမွန္ကေတာ႕ ပညာတတ္ျပီး တတ္တဲ႕ပညာကုိ အညြန္႕အဖူး တက္ခူးႏုိင္ေအာင္ စိတ္ကူးနဲ႕ရူးႏုိင္လို႕သာ ထူးႏုိင္ခဲ႕တာလို႕ ေျပာခ်င္ပါတယ္။
.
.
ဖတ္ဖို႕မပ်င္းေသးဘူးဆိုရင္ ဆက္ေရးပါဦးမယ္။
.
ခင္လ်က္
.
05-31-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၃ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အခုလက်ရှိနာမည်ကြီးနေတဲ့ကုမ္ပဏီတွေဟာ တစ်ချိန်က မိမိရဲ့ထွက်ကုန် - Product ၊ မိမိရဲ့တွေ့ရှိချက် - Discovery နဲ့ မူလလမ်းကြောင်းကနေဆန်းသစ်တီထွင်မှု - Innovation တို့ပေါ်မှာ အပင်ပေါက်လာတဲ့အသီးအပွင့်တွေကြောင့်သာ အောင်မြင်လာကြပါတယ်။
.
များသောအားဖြင့် ငွေရှိလို့ကုမ္ပဏီထောင်တယ်၊ မျိုးရိုးအလိုက်ချမ်းသာလို့ ကျော်ကြားချမ်းသာတယ်ဆိုတာထက် ဝါသနာတူရာ၊ တက်ရောက်နေတဲ့ကျောင်းတူရာ၊ တက္ကသိုလ်မှာသင်ယူတဲ့ဘာသာရပ်တူရာ အခန်းဖော်၊ မိတ်ဆွေသူငယ်ချင်းတို့ ပူးပေါင်းဦးနှောက်စားမှု - Brain Storming လုပ်ကြရင်း အခန်းကျဉ်းထဲမှာ၊ စာသင်ခန်းထဲမှာ၊ နောက်ဆုံး ကားဂိုဒေါင်ထဲမှာစခဲ့တဲ့သမိုင်းတွေ အမေရိကန်မြေဆီလွာပေါ်မှာ အများအပြားရှိကြတယ်။
.
.
ဥပမာအနေနဲ့ပြရရင် နာမည်ကြီးကွန်ပျူတာတွေထုတ်လုပ်တဲ့ HP – Hewlett-Packard ဆိုရင် ဒီနာမည်ကိုစံပြရွေးချယ်ခဲ့ရုံမကပဲ ကနဦးတည်ထောင်သူ - Co-Founder နှစ်ဦးဖြစ်တဲ့ ဘီလ်ဟျူးလက် - Bill Hewlett နဲ့ ဒေ့ပက်ခါ့ဒ် - Dave Packard တို့နာမည်တွေရဲ့ နောက်ပိတ်နာမယ်တစ်လုံးစီကို ယူထားတာဖြစ်ပါတယ်။
.
သူတို့စခဲ့တဲ့သန္ဓေတည်ဂိုဒေါင်ဟာ လူအများချစ်ကြတဲ့ ပန်းသီးဖုန်း - Apple iProduct တို့ဖြစ်တည်ရာ စတိဗ်ဂျော့ရဲ့ သမိုင်းဝင်ကားဂိုဒေါင် - Garage နဲ့ ကားနဲ့ ( ၁၉ ) မိနစ် မောင်းသွားရင်ရောက်ပါတယ်။ “ H ” နဲ့ “ P ” နှစ်ယောက်လုံးဟာ လျှပ်စစ်အင်ဂျင်နီယာကျောင်းဆင်းပညာတတ်တွေဖြစ်ပြီး သူတို့ရဲ့ ဒီဂိုဒေါင်လေးဟာလည်း သူတို့တက်ခဲ့တဲ့ နာမည်ကြီး စတင်းဖို့ဒ်တက္ကသိုလ် - Stanford University ရဲ့ ရှေ့နားလေးမှာ ရှိပါတယ်။
.
.
နောက်ဥပမာတစ်ခုထုတ်ပြရရင် အီလီနွိုက်ပြည်နယ်မှာစတင်တည်ထောင်ခဲ့တဲ့ နာမည်ကျော်လမ်းပြမြေပုံ - GPS – Global Positioning System ရဲ့ အထင်ကရကုမ္ပဏီ ဂါမင် - Garmin ရဲ့ ကုမ္ပဏီနာမည်မှာ ဘာအဓိပ္ပာယ်မှ ထိမ်ဝှက်ထားတာ မရှိပါဘူး။ တည်ထောင်သူ ဂယ်ရီဘားရဲ - Gary Burrell နဲ့ မင်းခို - Min Kao တို့ရဲ့ ထိပ်စီးနာမည်စာလုံးပေါင်း ( ၃ ) လုံးချင်း ဆက်ထားတာပါ။
.
Garmin ကုမ္ပဏီရဲ့ကံအကြောင်းလှပုံကလည်း အဲဒီခေတ် အဲဒီအခါတုန်းက GPS ပစ္စည်းဆိုတာ လမ်းပေါ်ကကားတွေပေါ်မှာတွေ့ရဖို့မပြောနဲ့ .. အစိုးရ၊ ထောက်လှမ်းရေးတို့ကိုင်ဖို့တောင် ဒေါ်လာ ( ၃ဝဝဝ ) လောက်ပေးနေရဲ့အချိန်မျိုးပါ။
.
ဒီနေရာမှာ ဂယ်ရီ နဲ့ မင်း တို့ဟာ ရေဒီယိုအသံလွှင့်လှိုင်းကို ဂြိုလ်တုရဲ့တည်နေရာပြသင်္ကေတ နဲ့ ချိတ်ဆက်ယူနိုင်အောင် တည်ထွင်ဆန်းသစ်နိုင်တဲ့အတွက် အမေရိကန်စစ်တပ် - U.S Army ကတောင် ပြန်ဝယ်သုံးရတဲ့နောက် စီးပွားရေးတစ်ဟုန်ထိုးတက်သွားပြီး အောင်မြင်မှုအထွဋ်အထိပ်ကိုရောက်လာရတာ “ နှစ်ယောက်ပေါင်းစည်းခြင်းရဲ့ကံ ” လို့ ပြောလို့ရပါတယ်။
.
.
အထက်ကပြောခဲ့သလို နှစ်ဦးကောင်း နှစ်ယောက်ကောင်းမဟုတ်ပဲ “ တစ်ကောင်တည်း ဒါပေမယ့် .. ခြင်္သေ့ ”  လို့ ပြောရလောက်အောင် “ ဘာလိုချင်သလဲ? ကကြီး ကနေ အ အထိ အကုန်ရမယ် ” ဆိုတဲ့ အမ်မဇွန် - Amazon အွန်လိုင်းဈေးသည်ကြီးကို ချန်လှပ်ခဲ့လို့မရပါဘူး။ အမှန်က အခုလက်ရှိခေတ်မှာ အမေရိကန်စီးပွားရေးအကြောင်းပြောရရင် ဂျက်ဖ်ဘေးဇိုစ် - Jeff Bezos က အမေရိကန်လက်လီဝယ်သုံးသူတွေရဲ့ပုံစံအလှည့်အပြောင်းကို ဖော်ဆောင်ခဲ့သူလို့တောင် ပြောလို့ရပါတယ်။
.
.
ဂျက်ဖ်ဘေးဇိုစ် ရဲ့ Amazon ဟာ ..
.
၁.. အင်တာနက်မှာစာရိုက်ရှာလိုက်ရင် ထိပ်ဆုံးကပေါ်လာအောင် Amazon စာလုံးကိုယူရတယ်ဆိုတဲ့အကြောင်း၊
.
၂.. ကမ္ဘာပေါ်မှာအကြီးဆုံးမြစ် Amazon River ကိုတည်ပြီး သူ့စီးပွားရေးအင်ပါယာဟာ အကြီးမားဆုံးဖြစ်ရမယ်ဆိုတဲ့အကြောင်း၊
.
၃.. Amazon ကုမ္ပဏီအမှတ်တံဆိပ် - Logo ရဲ့အောက်က ပြုံးနေတဲ့မြှားလေးဟာ ဘာလိုလိုအကုန်ရှိတယ်ဆိုတဲ့ “ A to Z ” ကို ဆိုလိုတဲ့အကြောင်း၊
.
၄.. ဘာဝယ်ဝယ်အခွန်ဆောင်ရတဲ့အမေရိကားမှာ ဝယ်ယူသူတွေအခွန်မပေးရအောင် ပြည်နယ်ဖွံ့ဖြိုးမှုအရအခွန်ကင်းလွတ်ခွင့်ရှိတဲ့ ဝေါရှင်တန်ပြည်နယ်ရဲ့မြို့တော် ဆီယက်တဲ - Seattle မြို့ကိုရွေးချယ်ခဲ့တဲ့အကြောင်း၊
.
၅.. ( ၂ဝဝဝ ) ခုနှစ် အင်တာနက်ပေါက်ကွဲမှု - Dot-Com Bubble ( ၂ဝဝဝ ) မတိုင်ခင်လေးတင် အွန်လိုင်းကနေ ပစ္စည်းရောင်းချတဲ့ Online Retail အလုပ်ကို ( ၂၃ဝဝ% ) အထိ မြှင့်တင်နိုင်ခဲ့တဲ့အကြောင်း .. စတာတွေကို သူများတွေအရေးများလွန်းလို့ ထပ်မပြောပြတော့ပါဘူး။
.
.
ဒီလို ထိပ်ပိုင်းရောက်အောင်တက်ခဲ့တဲ့ကုမ္ပဏီတွေကို သေချာပတ်စေ့ လေ့လာကြည့်ရင် ပညာတတ်ချင်လို့ကျောင်းတက်၊ ကျောင်းရောက်တော့စိတ်ပါတဲ့မေဂျာတစ်ခု ( ဒါမှမဟုတ် ) တစ်ခုထက်ပိုတဲ့မေဂျာ - Double Major ယူရင်း ကိုယ်တိုင်သော်၎င်း၊ တစ်ဦးတစ်ယောက်နဲ့ပေါင်းပြီးသော်၎င်း   စခဲ့ရတာချည်းပါပဲ။
.
ပထမတော့ ရုန်းရင်း ကန်ရင်း .. ငွေလည်ပတ်လာတဲ့တစ်နေ့မှာ “ မြတ်မယ် ” ဆိုတဲ့ ကိစ္စတစ်ခုကို ငွေရှင် အရင်းရှင်တွေက ဝင်ရင်းကြဖို့ လက်မတွန့်ကြပါဘူး။ ဒီကနေတစ်ဆင့်တက်ပြီး အမြတ်ရဲ့ အစိတ်အပိုင်းတစ်ချို့ကို လုပ်ငန်းချဲ့ရင်း သုတေသနတွေတွဲလုပ်ကာ အများပိုင်ကုမ္ပဏီအဖြစ်အသွင်ပြောင်းနိုင်တာကနေ ငွေလုံးကြီးသွားပြီဆိုရင် ဘယ်သူမှ မလိုက်နိုင်တော့ပါဘူး။
.
.
ဒါပေမယ့် ဘာပဲပြောပြော အမှိုက်ကောက်သမားဘဝကနေ သူဋ္ဌေးဖြစ်တယ် .. အလုပ်သမားဘဝကနေ သူဋ္ဌေးဖြစ်သွားတယ်ဆိုတာတွေ အမေရိကားမှာ မရှိမဟုတ် ရှိနိုင်ပေမယ့် ရှားလှပါတယ်။ အမှန်ကတော့ ပညာတတ်ပြီး တတ်တဲ့ပညာကို အညွန့်အဖူး တက်ခူးနိုင်အောင် စိတ်ကူးနဲ့ရူးနိုင်လို့သာ ထူးနိုင်ခဲ့တာလို့ ပြောချင်ပါတယ်။
.
.
ဖတ်ဖို့မပျင်းသေးဘူးဆိုရင် ဆက်ရေးပါဦးမယ်။
.
ခင်လျက်
.
05-31-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၄ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
ကုမၸဏီအမ်ားစုဟာ ကုန္ပစၥည္း “ တစ္ခုခု ” ကို ေရာင္းပါတယ္။ တစ္ခုခုလို႕ေျပာရတာက ေရာင္းကုန္ဟာ လူသံုးကုန္ - Commodity လို႕ျခံဳေျပာရရင္ လူေတြမရွိမျဖစ္လိုအပ္တဲ႕ Needs  နဲ႕ မရွိလည္းရေသးတဲ႕ အပိုၾကိဳက္ႏွစ္သက္မႈ - Wants တို႕ ကုိ ထပ္ခြဲႏုိင္ပါတယ္။
.
တိုင္းျပည္နဲ႕ခ်ီတဲ႕စီးပြားေရးေတြမွာေတာ႕ ကိုင္တြယ္လို႕ရတဲ႕ ရုပ္ရွိတဲ႕ပစၥည္း  - Goods နဲ႕ လက္ဆုပ္လက္ကိုင္ယူျပဖို႕ခက္ခဲတဲ႕ဝန္ေဆာင္မႈ - Services တုိ႕ရွိျပန္ပါတယ္။ ဆက္ျပီးရွင္းျပရရင္ ..
.
.
ၾကားျဖတ္ဥပမာအေနနဲ႕ ကနဦးမုိက္ခရိုေဆာ႕ ဟာ ေဆာ႕ဖ္ဝဲလ္ကုမၸဏီတစ္ခုပါ။ ဝင္းဒုိးဆုိတဲ႕ ဝန္ေဆာင္မႈထည္႕သြင္းပါမွ ကြန္ပ်ဴတာဆိုတဲ႕ရုပ္ဝတၳဳၾကီးက လည္ပတ္မွာျဖစ္ပါတယ္။ ဒါကိုတီထြင္မိတဲ႕ ဘီလ္ဂိတ္ဟာ သူ႕ေဆာ႕ဖ္ဝဲလ္သြင္းျပီးသားကြန္ပ်ဴတာေတြကုိ အျမတ္တင္ေရာင္းစားတဲ႕ကုမၸဏီေတြရဲ႕အက်ိဳးစီးပြားကုိကာကြယ္တဲ႕အေနနဲ႕ သူ႕ဆီမွာ ႏွစ္မ်ားစြာ ဘာကြန္ပ်ဴတာမွ ေရာင္းစရာမရွိပါဘူး။
.
မိုက္ခရိုေဆာ႕ ရဲ႕ နာမယ္ေက်ာ္ၾကားမႈ နဲ႕ ေဆာ႕ဖ္ဝဲလ္ရဲ႕အသံုးလြယ္ကူမႈေရစီးေၾကာင္းကုိ မိုက္ကယ္ဒဲလ္ဆုိတဲ႕ လက္ရဲဇက္ရဲရွိလွတဲ႕တကၠသိုလ္ေက်ာင္းသားဟာ အလုိက္သင္႕စီးေမွ်ာႏုိင္ခဲ႕တယ္။ ဒါေၾကာင္႕ ဒဲလ္ဟာ ကြန္ပ်ဴတာအစိတ္အပိုင္းေတြကို တစ္စစီတြဲဆက္ျပီးအလံုးလိုက္ေရာင္းတဲ႕ ကုိယ္ပိုင္ကြန္ပ်ဴတာ - PC ( Personal Computer ) တစ္ေခတ္ကုိ ထူေထာင္ႏုိင္ခဲ႕တယ္။ ဒါဟာ ေစ်းကြက္ - Market ရဲ႕ လိုအပ္ခ်က္ - Needs ျဖစ္တဲ႕ ကြန္ပ်ဴတာ - Goods နဲ႕ ဝန္ေဆာင္မႈ - Services တုိ႕ကုိ ကုန္တုိက္ကပစၥည္း - Commodity လို အတြဲနဲ႕ အစြံထုတ္လိုက္တာ ျဖစ္ပါတယ္။
.
.
အဲဒီေခတ္ အဲဒီအခါတုန္းက ေစ်းၾကီးလွျပီး လူတိုင္းလက္လွမ္းမမွီတဲ႕ PC ေစ်းႏႈန္းကို မ်ားမ်ားေရာင္းရေအာင္ မုိက္ကယ္ဒဲလ္ဟာ ေနာက္တစ္ကြက္ ထပ္ေရႊ႕ျပန္တယ္။ အဲဒါကေတာ႕ ကြန္ပ်ဴတာလိုခ်င္သူေတြ ဟုိဆုိင္ေျပး .. ဒီဆိုင္ေျပးမလုပ္ရေအာင္္ www.dell.com အြန္လိုင္းစတုိးကေန ဝယ္ေစတာပါပဲ။
.
တစ္ဆက္တည္း ကြန္ပ်ဴတာအေၾကာင္းနားမလည္သူေတြ၊ ဘယ္သူ႕ကုိေမးရမွန္းမသိသူေတြအတြက္ သူ႕အြန္လိုင္းေစ်းေရာင္းစာမ်က္ႏွာမွာ ကိုယ္႕ဘတ္ဂ်က္နဲ႕ကိုက္ညီမယ္႕ ဆက္စပ္တပ္ဆင္ျခင္း - Customization  လုပ္ခြင္႕ေပးတာဟာ စားသံုးသူအလိုက် - Consumer Satisfaction ကို အပိုဆုေပးလိုက္တာပဲ ျဖစ္ပါတယ္။
.
.
ဘဏ္စံနစ္တိုးတက္မႈနဲ႕အတူ ေဒၚလာေငြေၾကးဟာ သုံးစြဲသူေတြၾကားမွာ ေငြစကၠဴအရြက္ - Physical Currency ကေန အြန္လိုင္းေငြေၾကး - eBill အျဖစ္ လြယ္လြယ္ကူကူအသြင္ေျပာင္းလာတဲ႕တစ္ေခတ္မွာ လူေတြဟာ ဘာဝယ္ဝယ္ လိုင္းေပၚတက္ဝယ္ၾကတယ္။
.
ၾကိဳက္တာကိုရွာ၊ ထုိက္သင္႕တဲ႕ေစ်းကုိေပး၊ အေကာင္႕ထဲမွာရွိတဲ႕ေငြနဲ႕ဝယ္၊ အခ်ိန္တန္လို႕ တံခါးလာေခါက္တဲ႕ ပါဆယ္ပို႕သမားထံကေန ပစၥည္းရ .. သိပ္စိတ္ခ်မ္းသာဖို႕ေကာင္းတဲ႕ ဝန္ေဆာင္ေပါင္းစပ္မႈတစ္ခုဆိုတာ ရွင္းျပေနဖို႕မလိုေတာ႕ပါဘူးေနာ္..။
.
.
အေရွ႕ေဆာင္းပါးကေျပာခဲ႕သလို အကုန္ရတဲ႕ အမ္မဇြန္လို ေနာက္တစ္ေနရာရွိပါေသးတယ္။ ဒါေပမယ္႕  သူ႕မွာ အမ္မဇြန္ရဲ႕ ဆီယက္တဲျမိဳ႕က ဂုိေဒါင္ၾကီးလုိ ဘာပစၥည္းမွ လက္ဝယ္မရွိပါဘူး။ ဒါေပမယ္႕ မိတ္ေဆြတို႕ဘာလိုခ်င္သလဲ .. တက္ရွာလို႕ရတယ္။ သမရိုးက်လုပ္ရုိးလုပ္စဥ္အတိုင္း အစအဆံုးဝယ္လို႕ရတယ္။ ေငြရွင္းျပီးရင္ မိတ္ေဆြတို႕ဆီကို ပစၥည္းပို႔ေပးမယ္။
.
အီးေဘး - eBay ဟာ ဝန္ေဆာင္မႈေပးတဲ႕ ( ေကာ္မရွင္စား ) ကုမၸဏီတစ္ခုပါ။ သူ႕မွာ ေရာင္းခ်င္လြန္းလို႕ပါဆုိသူေတြကတစ္ဘက္၊ ဝယ္မဝယ္မေသခ်ာဘူး .. အရင္ၾကည္႕ၾကည္႕မယ္ဆုိသူေတြကတစ္ဘက္ .. ၾကားကေန အလုပ္ျဖစ္သြားရင္ ေငြအလိမ္မခံရေရး၊ ပစၥည္းမေပ်ာက္ေရး၊ သတ္မွတ္ထားတဲ႕ရက္ ကုန္ပစၥည္းေရာက္ေရး နဲ႕ ေဖာ္ျပထားတဲ႕အရည္အေသြးနဲ႕ကိုက္ညီဖို႕အေရးေတြကို ေရာင္းသူဘက္က ရာခုိင္ႏႈန္းေကာ္မရွင္ ခံစားျပီး လုပ္ကိုင္ေဆာင္ရြက္တဲ႕ကုမၸဏီျဖစ္ပါတယ္။
.
.
အဲ .. ေရာင္းသူကတစ္ဦးတည္း .. လိုခ်င္သူက တစ္ရာ .. ႏွစ္ရာ ဆုိရင္ ေစ်းပုိေပးသူကရႏုိင္ဖို႕ ေလလံဆြဲရပါေတာ႕မယ္။ သတ္မွတ္တဲ႕ရက္၊ နာရီအထိ ေစာင္႕ဆုိင္းျပီး ေနာက္ဆံုးမိနစ္အထိ ေစ်းေပး - Bid လို႕ရတဲ႕အျပင္ ေလလံမွာ ေစ်းအျမင္႕ဆံုးေပးသူကုိ ေအာင္အလံအပ္မွာ ျဖစ္ပါတယ္။ ဒီအခါမွာ မိတ္ေဆြက ေငြရွင္းဖုိ႕အဆင္သင္႕ျဖစ္ေနဖို႕ေတာ႕ လိုပါတယ္။
.
ဘာေၾကာင္႕ eBay မွာ ဂုိေဒါင္မရွိပဲ စီးပြားေရးလုပ္လုိ႕ရေနပါသလဲ? ရွင္းပါတယ္။ ကမၻာ႕လူသား သန္း ( ၇ဝဝဝ ) ေက်ာ္မွာ အင္တာနက္ရွိတဲ႕ေနရာတုိင္းမွာ eBay အတြက္ ဝယ္ယူလိုသူရွာရမခက္သလို ေရာင္းသူေတြကလည္း ေပါမွေပါ ပါ။ ဒါေၾကာင္႕ တစ္ကမၻာလံုးဟာ eBay ရဲ႕ ဂိုေဒါင္ေတြ ျဖစ္ေနပါတယ္။
.
.
သူ႕လို Physical Goods မရွိပဲ ေဒၚလာဘီလ်ံနဲ႕ခ်ီခ်မ္းသာတဲ႕ အြန္လိုင္းကုမၸဏီတစ္ခုမကရွိပါေသးတယ္။ တရုတ္ေဗလုဝပိုင္ဆိုင္တဲ႕ အလီဘာဘာလက္ကားအြန္လိုင္းေပၚတယ္ က အင္အားအၾကီးဆံုးလို႕ ေျပာလုိ႕ရပါတယ္။ ထူးျခားတာတစ္ခုက အလီဘာဘာမွာ တစ္ခုခ်င္း ( လက္လီ ) ဝယ္လုိ႕မရပဲ အမ်ိဳးအစားတစ္ခုကုိအမ်ားၾကီးဝယ္ယူႏိုင္ဖို႕ဝန္ေဆာင္မႈေပးတဲ႕ လက္ကားလုပ္ငန္းရွင္ပြဲစားအၾကီးစား ျဖစ္ပါတယ္။
.
ပုိင္ရွင္ ဂ်က္မာ ဟာ တရုတ္လူမ်ိဳးတစ္ေယာက္ျဖစ္ျပီး ဘာလို႕ အေမရိကန္ေဆာင္းပါးထဲထည္႕ေရးရတာလဲဆုိတာ ေမးစရာရွိပါတယ္။ သူ႕ကုမၸဏီကုိ အမ်ားပိုင္ - Public ျပဳလုပ္ရာမွာ ေဟာင္ေကာင္စေတာ႕အိပ္ခ်ိန္းက မကုိင္တြယ္ႏုိင္တဲ႕အတြက္ နယူးေယာက္စေတာ႕အိပ္ခ်ိန္းကုိ အပ္လုိက္တာမွာ သူ႕ပိုင္ဆုိင္မႈဟာ တရုတ္ႏုိင္ငံမွာ အျမင္႕မားဆံုးျဖစ္သြားပါေတာ႕တယ္။
.
.
ေနာက္အေၾကာင္းအခ်က္တစ္ခုက အေမရိကန္လူမ်ိဳးေတြ နဲ႕ အခ်ိဳ႕ေသာအေနာက္တုိင္းသားေတြဟာ သူတို႕ႏုိင္ငံေတြကေရာင္းတဲ႕ ဝဘ္ဆိုဒ္ေတြတင္မကပဲ နယ္ကြ်ံျပီး တရုတ္အလီဘာဘာဆိုဒ္အထိဝင္ေရာက္ဝယ္ယူလာၾကတာေၾကာင္႕ပါ။ ျပီးေတာ႕ ပို႕တဲ႕ကုန္ပစၥည္းအမ်ိဳးအစားေတာ္ေတာ္မ်ားမ်ားကိုလည္း ျပည္ၾကီးကေနပို႕တဲ႕အျပင္ အမ်ားစုက Made in China ဆုိေတာ႕ ဒီေပါက္ေဖာ္ၾကီးကို အေမရိကန္စာရင္းထဲမထည္႕ရင္ ဘယ္သူ႕ကုိမွ ထည္႕လို႕ရေတာ႕မွာမဟုတ္ပါဘူး။
.
ဆက္ေရးပါဦးမယ္။
.
ခင္လ်က္
.
06-01-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၄ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ကုမ္ပဏီအများစုဟာ ကုန်ပစ္စည်း “ တစ်ခုခု ” ကို ရောင်းပါတယ်။ တစ်ခုခုလို့ပြောရတာက ရောင်းကုန်ဟာ လူသုံးကုန် - Commodity လို့ခြုံပြောရရင် လူတွေမရှိမဖြစ်လိုအပ်တဲ့ Needs  နဲ့ မရှိလည်းရသေးတဲ့ အပိုကြိုက်နှစ်သက်မှု - Wants တို့ ကို ထပ်ခွဲနိုင်ပါတယ်။
.
တိုင်းပြည်နဲ့ချီတဲ့စီးပွားရေးတွေမှာတော့ ကိုင်တွယ်လို့ရတဲ့ ရုပ်ရှိတဲ့ပစ္စည်း  - Goods နဲ့ လက်ဆုပ်လက်ကိုင်ယူပြဖို့ခက်ခဲတဲ့ဝန်ဆောင်မှု - Services တို့ရှိပြန်ပါတယ်။ ဆက်ပြီးရှင်းပြရရင် ..
.
.
ကြားဖြတ်ဥပမာအနေနဲ့ ကနဦးမိုက်ခရိုဆော့ ဟာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုပါ။ ဝင်းဒိုးဆိုတဲ့ ဝန်ဆောင်မှုထည့်သွင်းပါမှ ကွန်ပျူတာဆိုတဲ့ရုပ်ဝတ္ထုကြီးက လည်ပတ်မှာဖြစ်ပါတယ်။ ဒါကိုတီထွင်မိတဲ့ ဘီလ်ဂိတ်ဟာ သူ့ဆော့ဖ်ဝဲလ်သွင်းပြီးသားကွန်ပျူတာတွေကို အမြတ်တင်ရောင်းစားတဲ့ကုမ္ပဏီတွေရဲ့အကျိုးစီးပွားကိုကာကွယ်တဲ့အနေနဲ့ သူ့ဆီမှာ နှစ်များစွာ ဘာကွန်ပျူတာမှ ရောင်းစရာမရှိပါဘူး။
.
မိုက်ခရိုဆော့ ရဲ့ နာမယ်ကျော်ကြားမှု နဲ့ ဆော့ဖ်ဝဲလ်ရဲ့အသုံးလွယ်ကူမှုရေစီးကြောင်းကို မိုက်ကယ်ဒဲလ်ဆိုတဲ့ လက်ရဲဇက်ရဲရှိလှတဲ့တက္ကသိုလ်ကျောင်းသားဟာ အလိုက်သင့်စီးမျှောနိုင်ခဲ့တယ်။ ဒါကြောင့် ဒဲလ်ဟာ ကွန်ပျူတာအစိတ်အပိုင်းတွေကို တစ်စစီတွဲဆက်ပြီးအလုံးလိုက်ရောင်းတဲ့ ကိုယ်ပိုင်ကွန်ပျူတာ - PC ( Personal Computer ) တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တယ်။ ဒါဟာ ဈေးကွက် - Market ရဲ့ လိုအပ်ချက် - Needs ဖြစ်တဲ့ ကွန်ပျူတာ - Goods နဲ့ ဝန်ဆောင်မှု - Services တို့ကို ကုန်တိုက်ကပစ္စည်း - Commodity လို အတွဲနဲ့ အစွံထုတ်လိုက်တာ ဖြစ်ပါတယ်။
.
.
အဲဒီခေတ် အဲဒီအခါတုန်းက ဈေးကြီးလှပြီး လူတိုင်းလက်လှမ်းမမှီတဲ့ PC ဈေးနှုန်းကို များများရောင်းရအောင် မိုက်ကယ်ဒဲလ်ဟာ နောက်တစ်ကွက် ထပ်ရွှေ့ပြန်တယ်။ အဲဒါကတော့ ကွန်ပျူတာလိုချင်သူတွေ ဟိုဆိုင်ပြေး .. ဒီဆိုင်ပြေးမလုပ်ရအောင် www.dell.com အွန်လိုင်းစတိုးကနေ ဝယ်စေတာပါပဲ။
.
တစ်ဆက်တည်း ကွန်ပျူတာအကြောင်းနားမလည်သူတွေ၊ ဘယ်သူ့ကိုမေးရမှန်းမသိသူတွေအတွက် သူ့အွန်လိုင်းဈေးရောင်းစာမျက်နှာမှာ ကိုယ့်ဘတ်ဂျက်နဲ့ကိုက်ညီမယ့် ဆက်စပ်တပ်ဆင်ခြင်း - Customization  လုပ်ခွင့်ပေးတာဟာ စားသုံးသူအလိုကျ - Consumer Satisfaction ကို အပိုဆုပေးလိုက်တာပဲ ဖြစ်ပါတယ်။
.
.
ဘဏ်စံနစ်တိုးတက်မှုနဲ့အတူ ဒေါ်လာငွေကြေးဟာ သုံးစွဲသူတွေကြားမှာ ငွေစက္ကူအရွက် - Physical Currency ကနေ အွန်လိုင်းငွေကြေး - eBill အဖြစ် လွယ်လွယ်ကူကူအသွင်ပြောင်းလာတဲ့တစ်ခေတ်မှာ လူတွေဟာ ဘာဝယ်ဝယ် လိုင်းပေါ်တက်ဝယ်ကြတယ်။
.
ကြိုက်တာကိုရှာ၊ ထိုက်သင့်တဲ့ဈေးကိုပေး၊ အကောင့်ထဲမှာရှိတဲ့ငွေနဲ့ဝယ်၊ အချိန်တန်လို့ တံခါးလာခေါက်တဲ့ ပါဆယ်ပို့သမားထံကနေ ပစ္စည်းရ .. သိပ်စိတ်ချမ်းသာဖို့ကောင်းတဲ့ ဝန်ဆောင်ပေါင်းစပ်မှုတစ်ခုဆိုတာ ရှင်းပြနေဖို့မလိုတော့ပါဘူးနော်..။
.
.
အရှေ့ဆောင်းပါးကပြောခဲ့သလို အကုန်ရတဲ့ အမ်မဇွန်လို နောက်တစ်နေရာရှိပါသေးတယ်။ ဒါပေမယ့်  သူ့မှာ အမ်မဇွန်ရဲ့ ဆီယက်တဲမြို့က ဂိုဒေါင်ကြီးလို ဘာပစ္စည်းမှ လက်ဝယ်မရှိပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ဘာလိုချင်သလဲ .. တက်ရှာလို့ရတယ်။ သမရိုးကျလုပ်ရိုးလုပ်စဉ်အတိုင်း အစအဆုံးဝယ်လို့ရတယ်။ ငွေရှင်းပြီးရင် မိတ်ဆွေတို့ဆီကို ပစ္စည်းပို့ပေးမယ်။
.
အီးဘေး - eBay ဟာ ဝန်ဆောင်မှုပေးတဲ့ ( ကော်မရှင်စား ) ကုမ္ပဏီတစ်ခုပါ။ သူ့မှာ ရောင်းချင်လွန်းလို့ပါဆိုသူတွေကတစ်ဘက်၊ ဝယ်မဝယ်မသေချာဘူး .. အရင်ကြည့်ကြည့်မယ်ဆိုသူတွေကတစ်ဘက် .. ကြားကနေ အလုပ်ဖြစ်သွားရင် ငွေအလိမ်မခံရရေး၊ ပစ္စည်းမပျောက်ရေး၊ သတ်မှတ်ထားတဲ့ရက် ကုန်ပစ္စည်းရောက်ရေး နဲ့ ဖော်ပြထားတဲ့အရည်အသွေးနဲ့ကိုက်ညီဖို့အရေးတွေကို ရောင်းသူဘက်က ရာခိုင်နှုန်းကော်မရှင် ခံစားပြီး လုပ်ကိုင်ဆောင်ရွက်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
.
.
အဲ .. ရောင်းသူကတစ်ဦးတည်း .. လိုချင်သူက တစ်ရာ .. နှစ်ရာ ဆိုရင် ဈေးပိုပေးသူကရနိုင်ဖို့ လေလံဆွဲရပါတော့မယ်။ သတ်မှတ်တဲ့ရက်၊ နာရီအထိ စောင့်ဆိုင်းပြီး နောက်ဆုံးမိနစ်အထိ ဈေးပေး - Bid လို့ရတဲ့အပြင် လေလံမှာ ဈေးအမြင့်ဆုံးပေးသူကို အောင်အလံအပ်မှာ ဖြစ်ပါတယ်။ ဒီအခါမှာ မိတ်ဆွေက ငွေရှင်းဖို့အဆင်သင့်ဖြစ်နေဖို့တော့ လိုပါတယ်။
.
ဘာကြောင့် eBay မှာ ဂိုဒေါင်မရှိပဲ စီးပွားရေးလုပ်လို့ရနေပါသလဲ? ရှင်းပါတယ်။ ကမ္ဘာ့လူသား သန်း ( ၇ဝဝဝ ) ကျော်မှာ အင်တာနက်ရှိတဲ့နေရာတိုင်းမှာ eBay အတွက် ဝယ်ယူလိုသူရှာရမခက်သလို ရောင်းသူတွေကလည်း ပေါမှပေါ ပါ။ ဒါကြောင့် တစ်ကမ္ဘာလုံးဟာ eBay ရဲ့ ဂိုဒေါင်တွေ ဖြစ်နေပါတယ်။
.
.
သူ့လို Physical Goods မရှိပဲ ဒေါ်လာဘီလျံနဲ့ချီချမ်းသာတဲ့ အွန်လိုင်းကုမ္ပဏီတစ်ခုမကရှိပါသေးတယ်။ တရုတ်ဗေလုဝပိုင်ဆိုင်တဲ့ အလီဘာဘာလက်ကားအွန်လိုင်းပေါ်တယ် က အင်အားအကြီးဆုံးလို့ ပြောလို့ရပါတယ်။ ထူးခြားတာတစ်ခုက အလီဘာဘာမှာ တစ်ခုချင်း ( လက်လီ ) ဝယ်လို့မရပဲ အမျိုးအစားတစ်ခုကိုအများကြီးဝယ်ယူနိုင်ဖို့ဝန်ဆောင်မှုပေးတဲ့ လက်ကားလုပ်ငန်းရှင်ပွဲစားအကြီးစား ဖြစ်ပါတယ်။
.
ပိုင်ရှင် ဂျက်မာ ဟာ တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ဘာလို့ အမေရိကန်ဆောင်းပါးထဲထည့်ရေးရတာလဲဆိုတာ မေးစရာရှိပါတယ်။ သူ့ကုမ္ပဏီကို အများပိုင် - Public ပြုလုပ်ရာမှာ ဟောင်ကောင်စတော့အိပ်ချိန်းက မကိုင်တွယ်နိုင်တဲ့အတွက် နယူးယောက်စတော့အိပ်ချိန်းကို အပ်လိုက်တာမှာ သူ့ပိုင်ဆိုင်မှုဟာ တရုတ်နိုင်ငံမှာ အမြင့်မားဆုံးဖြစ်သွားပါတော့တယ်။
.
.
နောက်အကြောင်းအချက်တစ်ခုက အမေရိကန်လူမျိုးတွေ နဲ့ အချို့သောအနောက်တိုင်းသားတွေဟာ သူတို့နိုင်ငံတွေကရောင်းတဲ့ ဝဘ်ဆိုဒ်တွေတင်မကပဲ နယ်ကျွံပြီး တရုတ်အလီဘာဘာဆိုဒ်အထိဝင်ရောက်ဝယ်ယူလာကြတာကြောင့်ပါ။ ပြီးတော့ ပို့တဲ့ကုန်ပစ္စည်းအမျိုးအစားတော်တော်များများကိုလည်း ပြည်ကြီးကနေပို့တဲ့အပြင် အများစုက Made in China ဆိုတော့ ဒီပေါက်ဖော်ကြီးကို အမေရိကန်စာရင်းထဲမထည့်ရင် ဘယ်သူ့ကိုမှ ထည့်လို့ရတော့မှာမဟုတ်ပါဘူး။
.
ဆက်ရေးပါဦးမယ်။
.
ခင်လျက်
.
06-01-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၅ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
အြန္လိုင္းေစ်းကြက္လုပြဲေတြက လူမျမင္ရေပမယ္႕ ေျမျပင္ေပၚက ကုမၸဏီ - Store Front ၾကီးေတြရဲ႕တိုက္ပြဲက ျပင္းထန္လွပါတယ္။ ကြ်န္ေတာ္တို႕ ျမန္မာႏုိင္ငံလို ပစၥည္းခ်င္းတူရင္ သူ႕ထက္ငါ ေစ်းေပါေအာင္ေရာင္းလိုက္မယ္ဆုိတဲ႕ နည္းဗ်ဴဟာလည္းပါသင္႕သေလာက္ပါေပမယ္႕ အေမရိကန္စားသံုးသူေတြဟာ ပစၥည္းအရည္အေသြးကို အေလးထားတဲ႕အခါ ကုမၸဏီၾကီးေတြဟာ တစ္ျခားနည္းလမ္း ေျပာင္းသံုးလာၾကတယ္။
.
.
အဲဒီအထဲမွာ ကုိယ္႕ကုမၸဏီကဖြင္႕တဲ႕ဆုိင္မွာအျမဲလာဝယ္ေအာင္ အသင္းဝင္ကဒ္ေတြ ထုတ္ေပးတယ္ .. ျမန္မာႏုိင္ငံမွာလုိ Membership လိုဟာမ်ိဳးေပါ႕။
.
အသင္းဝင္ကဒ္ေပးတာခ်င္းတူေနရင္ ကုိယ္႕ကုမၸဏီ နဲ႕ ဘဏ္ကဒ္ကုမၸဏီနဲ႕အက်ိဳးတူပူးေပါင္းျပီး အခုဝယ္သြား-ေငြေနာက္မွရွင္း လုိ႕ရတဲ႕ အေၾကြးဝယ္ကဒ္ေတြ ထုတ္ေပးၾကတယ္။
.
Credit Card ထုတ္ေပးတာခ်င္းတူေနရင္ ကိုယ္႕ကုမၸဏီကဘဏ္ကဒ္နဲ႕လာဝယ္ရင္ ဘာဝယ္ဝယ္ ( ၅% ) ေလွ်ာ႕ေပးတယ္ ဆုိတဲ႕ ေလွ်ာ႕ေစ်း Discount Card ေတြ ထြင္ၾကျပန္တယ္။
.
ေလွ်ာ႕ေစ်းကဒ္ခ်င္းတူရင္ေတာင္ ကိုယ္တုိ႕ဆိုင္က ဝယ္သြားတဲ႕ပစၥည္း ဘာအေၾကာင္းေၾကာင္႕ပဲျဖစ္ျဖစ္ မၾကိဳက္လို႕ျပန္လာေပးရင္ ကဒ္ျပားသာယူလာခဲ႕ .. ေငြရွင္းထားတဲ႕ေဗာက္ခ်ာျပစရာမလိုဘူး ဆုိျပီး ေျဖေလ်ာ႕လာၾကပါတယ္။
.
.
ဒါေပမယ္႕ ေစ်းဝယ္သူေတြထဲမွာ ေငြသံုးႏုိင္သူေတြရွိသလို ေစ်းသက္သာတဲ႕ေနရာကို ေစ႕ေစ႕ေပါက္ေပါက္ရွာေဖြတဲ႕သူေတြလည္း ရွိၾကတယ္။ အဲဒီလို လူအမ်ားကိုစည္းရံုးႏုိင္ဖို႕ ေနာက္တစ္ေခါက္ဝယ္တဲ႕အခါ ေဒၚလာ ( ၅ဝ ) ဖိုးျပည္႕ေအာင္ဝယ္ရင္ ( ၁၅ ) ေဒၚလာ ေလွ်ာ႕ေပးမယ္ .. တုိ႕၊ ဘယ္ေန႕ ဘယ္ရက္မွာ ( ဘာမွဝယ္ေပးစရာ မလိုဘူး ) လက္ေဆာင္ေလးတစ္ခု လာယူပါ .. တုိ႕၊ ဘာအထိမ္းအမွတ္ေန႕၊ ညာအထိမ္းအမွတ္ေန႕၊ အထူးေလွ်ာ႕ေစ်း - On Sale ဆုိတာမ်ိဳး .. တုိ႕ လုပ္လာၾကတယ္။
.
အေမရိကန္ေတြလည္း ေလွ်ာ႕ေစ်းၾကိဳက္တာနဲ႕အညီ ဆုိင္ကထည္႕ေပးလိုက္တဲ႕ လက္ကမ္းေၾကာ္ျငာ၊ စာတုိက္ကေန အိမ္ကိုေရာက္လာတဲ႕ သတင္းစာေၾကာ္ျငာ -Ad တုိ႕ကုိကိုင္ျပီး သက္သာတဲ႕ပစၥည္းတစ္ခု ႏွစ္ခုဝယ္ဖုိ႕အတြက္ အဲဒီဆိုင္ကုိ ( ခ်ိန္းထားတဲ႕ရက္မွာ ) မေရာက္ေရာက္ေအာင္ သြားၾကတယ္။
.
.
ဒါေၾကာင္႕ အလကားေပးတာက ( ၂ ) ေဒၚလာဖိုးေလာက္ .. အျငိမ္မေနတဲ႕မ်က္စိက ဟုိၾကည္႕ ဒီၾကည္႕ဆုိေတာ႕ မ်က္မွန္းတမ္းမိရာ ဟုိနည္းနည္း ဒီနည္းနည္းဝယ္သြားတဲ႕အခါ ဆိုင္က တစ္ျခားတြဲကုန္ေတြ အမ်ားၾကီးေရာင္းလိုက္ရတယ္။
.
ဒါ႕အျပင္ ေငြရွင္း - Check Out လုပ္ဖို႕တန္းစီရတဲ႕လမ္းေဘးတစ္ေလွ်ာက္မွာ ပီေကဗူး၊ ေခ်ာ႕ကလက္၊ ခ်ိဳခ်ဥ္၊ လက္ေဆာင္ကဒ္၊ လီပို၊ အာလူးေၾကာ္ထုတ္၊ ဖုန္းခြံ၊ အားသြင္းၾကိဳး စတဲ႕ ေသးေသးေကြးေကြးေလးေတြကို ပတ္ပတ္လည္မွာ မတ္တပ္စဥ္ေလးေတြနဲ႕ စီစီရီရီ ခ်ထားေပးတယ္။ ဒီေတာ႕ ကေလးပါလာတဲ႕သူေတြ နဲ႕ လူငယ္ေလးတုိ႕က ေစ်းၾကီးတယ္ တို႕၊ အထုတ္ငယ္တယ္ တို႕ ..  မၾကည္႕ေတာ႕ပဲ ေငြရွင္းတဲ႕ထဲ ထည္႕လိုက္ၾကတဲ႕အခါ အပိုဆုအေနနဲ႕ ေရာင္းရျပန္တယ္။
.
.
အဲဒီအခါမွာ ဆုိင္က ကိုယ္႕ကုိေစ်းေလွ်ာ႕ေပးလိုက္တာလား? ပစၥည္းအမ်ားၾကီးကုိ ေရာင္းလႊတ္လိုက္တာလား ? ဆုိတာ မေဝခြဲႏုိင္ပဲ အခ်ိန္တန္လို႕ အေၾကြးဝယ္ကဒ္ေငြေတာင္းခံလႊာ - Bill လာမွ တစ္နင္႕တစ္ပိုးၾကီး အေၾကြးဆပ္ၾကရေလတယ္။
.
ဒါေပမယ္႕ အေမရိကန္လူမ်ိဳးေတြဟာ အခုေနာက္ပိုင္းမွသာ တရုတ္တုိ႕စီးပြားတက္လာလုိ႕ ဒုတိယျဖစ္သြားတာ .. အရင္ကတည္းက စားသံုးသူဝယ္ယူႏုိင္အား  - Consumer Buying Power အျမင္႕ဆံုးအဆင္႕မွာ ရပ္တည္လာတာ ႏွစ္ေတာ္ေတာ္ေတာင္ ရွိေနပါျပီ။
.
.
အခု ရန္ကုန္ ေရႊေတာင္တန္းလမ္းထိပ္မွာဖြင္႕ထားတဲ႕ ( ၁၈ဝဝ ) က်ပ္တန္ ဆုိင္ကုိ ဒီမွာ ဒုိင္ဆို - Daiso အေနနဲ႕ဖြင္႕ထားတာ ေတြ႕ရတယ္။ သူ႕ဆိုင္ထဲမွာ ( အမ်ားအားျဖင္႕ ) ဘာယူယူ ( $1.50 ) တစ္ေဒၚလာခြဲ ပဲ ေပးရတယ္။ ပစၥည္းအေနအထားက ဂ်ပန္လုပ္ဆိုေတာ႕ ( ေအာက္က Made in China ကိုေတာ႕ မၾကည္႕နဲ႕ေပါ႕ဗ်ာ ) လက္ရာေတြက တစ္မူထူးျခားတယ္။
.
ဒီ႕ထက္အရင္ေပၚေနတာက ( ၉၉ ) ျပား စတုိး  - 99 Cent only Stores နဲ႕ ေဒၚလာပေဒသာပင္ - Dollar Tree တို႕မွာ ေစ်းသက္သာေတာ႕ လြယ္လြယ္ကူကူဝယ္သံုးၾကတယ္။ အမွန္တစ္ကယ္ေရာင္းခ်င္တာက တစ္ေဒၚလာ .. ေစ်းႏႈန္းကပ္ေတာ႕ ( ၉၉ ) ျပား ဆုိေတာ႕ တစ္ေဒၚလာေတာင္မေပးရဘူးဆိုတဲ႕ စိတ္လွည္႕စားမႈေစ်းေရာင္းဗ်ဴဟာကုိ ကြ်န္ေတာ္ကေတာ႕ မခ်ီးက်ဴးပဲ မေနႏိုင္ပါဘူး။
.
.
ကယ္လီဖိုးနီယားဘက္မွာ အဓိကေရာင္းေနတာက အထက္ကေျပာခဲ႕တဲ႕ ( ၂ ) ဆိုင္ပါ။ တစ္ျခားျပည္နယ္ေတြမွာ တစ္ျခားနာမယ္ေတြနဲ႕ တစ္ေဒၚလာတန္ဆုိင္ေတြ ထပ္ရွိပါေသးတယ္။ လူေတြက ေဒၚလာ ( ၃ဝ ) .. ( ၄ဝ ) ေလာက္လို႕ေျပာလုိက္ရင္ မ်ားတယ္ .. မ်ားတယ္ နဲ႕ .. တစ္ကယ္လည္း ( ၉၉ ) ျပားဆိုင္မွာ ဟုိတစ္ခု ဒီတစ္ခုထည္႕ရင္း ေငြရွင္းေကာင္တာမွာ ေဒၚလာ ( ၆ဝ ) ေက်ာ္ဖိုးေလာက္ကို လွည္းနဲ႕အျပည္႕သယ္သြားတဲ႕ လူမည္းေတာ္ေတာ္မ်ားမ်ားကို ကြ်န္ေတာ္ၾကံဳဖူးတယ္။
.
ဒါေၾကာင္႕ အေမရိကန္စီးပြားေရးမွာ ဘာၾကီးလုပ္မွ .. ညာၾကီးလုပ္မွ .. ဘယ္ေလာက္အထိလုပ္ငန္းၾကီးမွ ဆိုတာမ်ိဳး မရွိပါဘူး။ စားသံုးသူဦးေရ နဲ႕ လူတန္းေစ႕ေနႏုိင္သူေတြမ်ားျပားလွတဲ႕အခါ တစ္ခုခုဆုိရင္ ျပားဂဏန္းေစ်းႏႈန္းနဲ႕ေရာင္းရင္လည္း ေဒၚလာ သန္း ( ၅ဝဝ ) ေက်ာ္တန္ ကုမၸဏီျဖစ္ႏုိင္ပါတယ္ .. ေဒၚလာသန္းေထာင္ခ်ီတန္တဲ႕ ျပားတန္ကုမၸဏီလည္း ျဖစ္ႏုိင္ပါတယ္။
.
.
အေရးၾကီးဆံုးက အၾကံေကာင္းဖို႕ နဲ႕ အဲဒီအၾကံကိုဘယ္လိုအေကာင္အထည္ေဖာ္မလဲ ဆိုတာကသာ ကုမၸဏီထူေထာင္သူေတြရဲ႕ေနာင္ေရးကုိ အဆံုးအျဖတ္ေပးသြားမွာ ျဖစ္ပါေတာ႕တယ္။
.
ဆက္ေရးခ်င္ေသးတယ္ဗ်ာ..။
.
ခင္လ်က္
.
06-02-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၅ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အွန်လိုင်းဈေးကွက်လုပွဲတွေက လူမမြင်ရပေမယ့် မြေပြင်ပေါ်က ကုမ္ပဏီ - Store Front ကြီးတွေရဲ့တိုက်ပွဲက ပြင်းထန်လှပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ပစ္စည်းချင်းတူရင် သူ့ထက်ငါ ဈေးပေါအောင်ရောင်းလိုက်မယ်ဆိုတဲ့ နည်းဗျူဟာလည်းပါသင့်သလောက်ပါပေမယ့် အမေရိကန်စားသုံးသူတွေဟာ ပစ္စည်းအရည်အသွေးကို အလေးထားတဲ့အခါ ကုမ္ပဏီကြီးတွေဟာ တစ်ခြားနည်းလမ်း ပြောင်းသုံးလာကြတယ်။
.
.
အဲဒီအထဲမှာ ကိုယ့်ကုမ္ပဏီကဖွင့်တဲ့ဆိုင်မှာအမြဲလာဝယ်အောင် အသင်းဝင်ကဒ်တွေ ထုတ်ပေးတယ် .. မြန်မာနိုင်ငံမှာလို Membership လိုဟာမျိုးပေါ့။
.
အသင်းဝင်ကဒ်ပေးတာချင်းတူနေရင် ကိုယ့်ကုမ္ပဏီ နဲ့ ဘဏ်ကဒ်ကုမ္ပဏီနဲ့အကျိုးတူပူးပေါင်းပြီး အခုဝယ်သွား-ငွေနောက်မှရှင်း လို့ရတဲ့ အကြွေးဝယ်ကဒ်တွေ ထုတ်ပေးကြတယ်။
.
Credit Card ထုတ်ပေးတာချင်းတူနေရင် ကိုယ့်ကုမ္ပဏီကဘဏ်ကဒ်နဲ့လာဝယ်ရင် ဘာဝယ်ဝယ် ( ၅% ) လျှော့ပေးတယ် ဆိုတဲ့ လျှော့ဈေး Discount Card တွေ ထွင်ကြပြန်တယ်။
.
လျှော့ဈေးကဒ်ချင်းတူရင်တောင် ကိုယ်တို့ဆိုင်က ဝယ်သွားတဲ့ပစ္စည်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် မကြိုက်လို့ပြန်လာပေးရင် ကဒ်ပြားသာယူလာခဲ့ .. ငွေရှင်းထားတဲ့ဗောက်ချာပြစရာမလိုဘူး ဆိုပြီး ဖြေလျော့လာကြပါတယ်။
.
.
ဒါပေမယ့် ဈေးဝယ်သူတွေထဲမှာ ငွေသုံးနိုင်သူတွေရှိသလို ဈေးသက်သာတဲ့နေရာကို စေ့စေ့ပေါက်ပေါက်ရှာဖွေတဲ့သူတွေလည်း ရှိကြတယ်။ အဲဒီလို လူအများကိုစည်းရုံးနိုင်ဖို့ နောက်တစ်ခေါက်ဝယ်တဲ့အခါ ဒေါ်လာ ( ၅ဝ ) ဖိုးပြည့်အောင်ဝယ်ရင် ( ၁၅ ) ဒေါ်လာ လျှော့ပေးမယ် .. တို့၊ ဘယ်နေ့ ဘယ်ရက်မှာ ( ဘာမှဝယ်ပေးစရာ မလိုဘူး ) လက်ဆောင်လေးတစ်ခု လာယူပါ .. တို့၊ ဘာအထိမ်းအမှတ်နေ့၊ ညာအထိမ်းအမှတ်နေ့၊ အထူးလျှော့ဈေး - On Sale ဆိုတာမျိုး .. တို့ လုပ်လာကြတယ်။
.
အမေရိကန်တွေလည်း လျှော့ဈေးကြိုက်တာနဲ့အညီ ဆိုင်ကထည့်ပေးလိုက်တဲ့ လက်ကမ်းကြော်ငြာ၊ စာတိုက်ကနေ အိမ်ကိုရောက်လာတဲ့ သတင်းစာကြော်ငြာ -Ad တို့ကိုကိုင်ပြီး သက်သာတဲ့ပစ္စည်းတစ်ခု နှစ်ခုဝယ်ဖို့အတွက် အဲဒီဆိုင်ကို ( ချိန်းထားတဲ့ရက်မှာ ) မရောက်ရောက်အောင် သွားကြတယ်။
.
.
ဒါကြောင့် အလကားပေးတာက ( ၂ ) ဒေါ်လာဖိုးလောက် .. အငြိမ်မနေတဲ့မျက်စိက ဟိုကြည့် ဒီကြည့်ဆိုတော့ မျက်မှန်းတမ်းမိရာ ဟိုနည်းနည်း ဒီနည်းနည်းဝယ်သွားတဲ့အခါ ဆိုင်က တစ်ခြားတွဲကုန်တွေ အများကြီးရောင်းလိုက်ရတယ်။
.
ဒါ့အပြင် ငွေရှင်း - Check Out လုပ်ဖို့တန်းစီရတဲ့လမ်းဘေးတစ်လျှောက်မှာ ပီကေဗူး၊ ချော့ကလက်၊ ချိုချဉ်၊ လက်ဆောင်ကဒ်၊ လီပို၊ အာလူးကြော်ထုတ်၊ ဖုန်းခွံ၊ အားသွင်းကြိုး စတဲ့ သေးသေးကွေးကွေးလေးတွေကို ပတ်ပတ်လည်မှာ မတ်တပ်စဉ်လေးတွေနဲ့ စီစီရီရီ ချထားပေးတယ်။ ဒီတော့ ကလေးပါလာတဲ့သူတွေ နဲ့ လူငယ်လေးတို့က ဈေးကြီးတယ် တို့၊ အထုတ်ငယ်တယ် တို့ ..  မကြည့်တော့ပဲ ငွေရှင်းတဲ့ထဲ ထည့်လိုက်ကြတဲ့အခါ အပိုဆုအနေနဲ့ ရောင်းရပြန်တယ်။
.
.
အဲဒီအခါမှာ ဆိုင်က ကိုယ့်ကိုဈေးလျှော့ပေးလိုက်တာလား? ပစ္စည်းအများကြီးကို ရောင်းလွှတ်လိုက်တာလား ? ဆိုတာ မဝေခွဲနိုင်ပဲ အချိန်တန်လို့ အကြွေးဝယ်ကဒ်ငွေတောင်းခံလွှာ - Bill လာမှ တစ်နင့်တစ်ပိုးကြီး အကြွေးဆပ်ကြရလေတယ်။
.
ဒါပေမယ့် အမေရိကန်လူမျိုးတွေဟာ အခုနောက်ပိုင်းမှသာ တရုတ်တို့စီးပွားတက်လာလို့ ဒုတိယဖြစ်သွားတာ .. အရင်ကတည်းက စားသုံးသူဝယ်ယူနိုင်အား  - Consumer Buying Power အမြင့်ဆုံးအဆင့်မှာ ရပ်တည်လာတာ နှစ်တော်တော်တောင် ရှိနေပါပြီ။
.
.
အခု ရန်ကုန် ရွှေတောင်တန်းလမ်းထိပ်မှာဖွင့်ထားတဲ့ ( ၁၈ဝဝ ) ကျပ်တန် ဆိုင်ကို ဒီမှာ ဒိုင်ဆို - Daiso အနေနဲ့ဖွင့်ထားတာ တွေ့ရတယ်။ သူ့ဆိုင်ထဲမှာ ( အများအားဖြင့် ) ဘာယူယူ ( $1.50 ) တစ်ဒေါ်လာခွဲ ပဲ ပေးရတယ်။ ပစ္စည်းအနေအထားက ဂျပန်လုပ်ဆိုတော့ ( အောက်က Made in China ကိုတော့ မကြည့်နဲ့ပေါ့ဗျာ ) လက်ရာတွေက တစ်မူထူးခြားတယ်။
.
ဒီ့ထက်အရင်ပေါ်နေတာက ( ၉၉ ) ပြား စတိုး  - 99 Cent only Stores နဲ့ ဒေါ်လာပဒေသာပင် - Dollar Tree တို့မှာ ဈေးသက်သာတော့ လွယ်လွယ်ကူကူဝယ်သုံးကြတယ်။ အမှန်တစ်ကယ်ရောင်းချင်တာက တစ်ဒေါ်လာ .. ဈေးနှုန်းကပ်တော့ ( ၉၉ ) ပြား ဆိုတော့ တစ်ဒေါ်လာတောင်မပေးရဘူးဆိုတဲ့ စိတ်လှည့်စားမှုဈေးရောင်းဗျူဟာကို ကျွန်တော်ကတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။
.
.
ကယ်လီဖိုးနီယားဘက်မှာ အဓိကရောင်းနေတာက အထက်ကပြောခဲ့တဲ့ ( ၂ ) ဆိုင်ပါ။ တစ်ခြားပြည်နယ်တွေမှာ တစ်ခြားနာမယ်တွေနဲ့ တစ်ဒေါ်လာတန်ဆိုင်တွေ ထပ်ရှိပါသေးတယ်။ လူတွေက ဒေါ်လာ ( ၃ဝ ) .. ( ၄ဝ ) လောက်လို့ပြောလိုက်ရင် များတယ် .. များတယ် နဲ့ .. တစ်ကယ်လည်း ( ၉၉ ) ပြားဆိုင်မှာ ဟိုတစ်ခု ဒီတစ်ခုထည့်ရင်း ငွေရှင်းကောင်တာမှာ ဒေါ်လာ ( ၆ဝ ) ကျော်ဖိုးလောက်ကို လှည်းနဲ့အပြည့်သယ်သွားတဲ့ လူမည်းတော်တော်များများကို ကျွန်တော်ကြုံဖူးတယ်။
.
ဒါကြောင့် အမေရိကန်စီးပွားရေးမှာ ဘာကြီးလုပ်မှ .. ညာကြီးလုပ်မှ .. ဘယ်လောက်အထိလုပ်ငန်းကြီးမှ ဆိုတာမျိုး မရှိပါဘူး။ စားသုံးသူဦးရေ နဲ့ လူတန်းစေ့နေနိုင်သူတွေများပြားလှတဲ့အခါ တစ်ခုခုဆိုရင် ပြားဂဏန်းဈေးနှုန်းနဲ့ရောင်းရင်လည်း ဒေါ်လာ သန်း ( ၅ဝဝ ) ကျော်တန် ကုမ္ပဏီဖြစ်နိုင်ပါတယ် .. ဒေါ်လာသန်းထောင်ချီတန်တဲ့ ပြားတန်ကုမ္ပဏီလည်း ဖြစ်နိုင်ပါတယ်။
.
.
အရေးကြီးဆုံးက အကြံကောင်းဖို့ နဲ့ အဲဒီအကြံကိုဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာကသာ ကုမ္ပဏီထူထောင်သူတွေရဲ့နောင်ရေးကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတော့တယ်။
.
ဆက်ရေးချင်သေးတယ်ဗျာ..။
.
ခင်လျက်
.
06-02-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၆ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
လက္လီေစ်းကြက္မွာ အျပိဳင္အဆိုင္ ေဖာက္သည္လုတတ္ရံုနဲ႕ေတာ႕ အေမရိကားမွာ ကုန္စံုဆုိင္ကုမၸဏီဖြင္႕စားဖို႕မလြယ္ပါဘူး။ မိမိေရာင္းကုန္က အျမတ္ေသခ်ာရဖို႕ဆုိရင္ ျပိဳင္ဘက္ - Competitor နဲ႕ တူညီတဲ႕ေရာင္းကုန္ေတြအတြက္ အရင္းသက္သာျပီး ေစ်းပုိတင္ေရာင္းႏုိင္ပါမွ ကုမၸဏီေရရွည္တည္တံ႕ႏုိင္မယ္ဆိုတာကို တြက္ဆလာၾကတယ္။
.
သမိုင္းအရ အေမရိကန္တုိ႕ၾကံဳခဲ႕တဲ႕ ( ၁၉၈ဝ) ၊ ( ၁၉၉ဝ ) ၊ ( ၂ဝဝဝ ) ၊ ( ၂ဝဝ၇ )   ခုႏွစ္ေတြက စီးပြားေရးပ်က္ကပ္ - Recession ေတြမွာ အေၾကာင္းကုိယ္စီ ရွိခဲ႕တယ္။ ( ၁၉၈ဝ ) မွာ အလုပ္လက္မဲ႕ႏႈန္းတုိးလာမႈကိုမေျဖရွင္းႏုိင္တာ နဲ႕ အီရန္ေတာ္လွန္ေရးေတြေၾကာင္႕ ေရနံေစ်းႏွစ္ျပန္တက္သြားခဲ႕လို႕ အညြန္႕တလူလူတက္ေနတဲ႕ အေမရိကန္စီးပြားေရး ႏွစ္ၾကိမ္ဆက္တုိက္ ပ်က္ကိန္းဆိုက္ခဲ႕တယ္။
.
.
( ၁၉၉ဝ ) မွာ အေမရိကားကို စစ္ပြဲေတြထဲဆြဲေခၚသြားတဲ႕သမၼတေတြေၾကာင္႕ ေငြတုိးႏႈန္းၾကီးျမင္႕လာမႈနဲ႕အတူ မထင္မွတ္ပဲ ေရနံေစ်းကေမာက္ကမျဖစ္သြားတဲ႕ေနာက္မွာ ႏိုင္ငံဟာ ဘယ္သူ႕ကိုအားကိုးရမွန္းမသိတဲ႕ဘဝကို သက္ဆင္းခဲ႕ရျပန္တယ္။
.
အဲဒီအခိ်န္မွာ တရုတ္ႏုိင္ငံက အယူသည္းေပမယ္႕ စီးပြားေရးျပည္႕ဝမွ သန္းေထာင္ခ်ီလုထုကို ဆန္ျပဳတ္အစား ထမင္းအဝေကြ်းႏုိင္မယ္ဆိုတဲ႕ တရုတ္ေခါင္းေဆာင္ေတြ အျမင္မွန္ရလာတယ္။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္တုိ႕ျမန္မာႏုိင္ငံမွာေတာ႕ ေသနတ္သံေတြၾကား ေလးေထာင္႕ရမ္တစ္ပုလင္းကို ( ၅ ) က်ပ္နဲ႕ ရန္ကုန္တရုတ္တန္းမွာ အေရာင္းအဝယ္ေကာင္းေနၾကတုန္း..။
.
.
အင္တာနက္တုိးတက္လာမႈနဲ႕အတူ ပြင္႕လင္းလာတဲ႕နည္းပညာေတြေၾကာင္႕ အေမရိကားစီးပြားေရးဟာ ( ၁ဝ ) ႏွစ္ဆက္တုိက္ တုိးတက္ခဲ႕တယ္။ ဒါေပမယ္႕ အဟန္႕အတားအၾကီးမားဆံုးတစ္ခုက ေရွ႕ကေန ၾကိဳေစာင္႕ေနပါတယ္။ အဲဒါကေတာ႕ Y2k – ( ၂ဝဝဝ ) ခုႏွစ္မွာၾကံဳရတဲ႕ ေဒါ႕ကြန္းေပါက္ကြဲမႈၾကီး - Dot-Com Bubble ပါပဲ။
.
အေမရိကန္ကုမၸဏီေတြဟာ မၾကာခဏ ခဲမွန္ဖူးတဲ႕စာသူငယ္လုိ ဒီတစ္ခါေတာ႕ ပါးႏွပ္သြားပါျပီ။ သူ႕ကုမၸဏီထက္ငါ ေစ်းသက္သာရာရွာဖို႕ တုိင္းျပည္ျပင္ပမွာလက္ခစားနဲ႕အလုပ္အပ္တဲ႕ - Outsourcing ကို အေကာင္အထည္ေဖာ္ၾကတယ္။ အဲဒီအခ်ိန္နဲ႕တစ္ျပိဳင္နက္တည္းမွာ လူမ်ိဳးတူျပီး အုပ္ခ်ဳပ္မႈမတူတဲ႕ ေဟာင္ေကာင္ႏုိင္ငံရဲ႕မ်က္ႏွာခ်င္းဆိုင္ေရွ႕တည္႕တည္႕မွာ တရုတ္ႏုိင္ငံရဲ႕ “ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈေမွ်ာ္စက္မႈဇံု ” ကို တည္ေဆာက္ခ်ိန္နဲ႕တိုက္ဆုိင္ေနပါေတာ႕တယ္။
.
.
ဒါေၾကာင္႕ ( ၂ဝဝ၇ ) ခုႏွစ္ အိမ္ျခံေျမေစ်းကြက္ေတြပ်က္ျပီး ေျခေခါက္လဲေတာ႕မယ္႕ အေမရိကန္စီးပြားေရးကို အစိုးရ နဲ႕ ျပည္ပရင္းႏွီးျမွဳပ္ႏွံသူေတြက ဝိုင္းကူက်ားကန္ေပးခဲ႕ရတယ္။ ဒါေပမယ္႕ အေမရိကန္ရဲ႕အေၾကြးလည္ပတ္မႈစံနစ္ေပၚမွာ ဝိုင္းဝန္းခိုစီးခဲ႕ၾကတဲ႕ ကမၻာ႕ႏုိင္ငံအသီးသီးဟာ စီးပြားေရးပ်က္ကဒ္ကေန မလြတ္ေျမာက္ခဲ႕ပါဘူး။
.
အဲဒီလို စီးပြားေရးပ်က္ကဒ္ေတြျဖစ္ေတာ႕ အေမရိကန္ျပည္သူေတြဘာျဖစ္သလဲ? ဝင္ေငြက်ဆင္းတယ္၊ အသံုးအစြဲေခြ်တာၾကတယ္၊ ေရာင္းမထြက္တဲ႕ကုန္ေတြပံုေနေတာ႕ ကုမၸဏီေတြ သန္႕သြားတယ္။ အထူးရလဒ္ကေတာ႕ ကုန္ေစ်းႏႈန္းက်ဆင္းလာတယ္။
.
.
ျပန္တည္ျငိမ္လာတဲ႕ နလံထအေမရိကန္မွာ စီးပြားေရးကုမၸဏီၾကီးေတြက လုပ္အားနဲ႕ရင္းျပီးထုတ္ရတဲ႕ကုန္ - Labor Productivity ေတြ အစား နည္းပညာေတြ၊ မူပိုင္ခြင္႕ေတြ၊ ကုန္သြယ္ေရးလ်ိဳ႕ဝွက္ခ်က္ေတြ၊ ကုိယ္ပုိင္ကုန္ပစၥည္းတံဆိပ္တို႕အားလံုးကိုျခံဳငံုမိတဲ႕ ဥာဏပစၥည္းပိုင္ဆိုင္မႈ - Intellectual Property ကို ေျပာင္းမွ သူမ်ားႏုိင္ငံကို အထက္ကေန ေစခုိင္းႏိုင္မယ္၊ စီမံႏိုင္မယ္ဆိုတာကို ရိပ္စားမိလာၾကတယ္။
.
.
ဒါေၾကာင္႕ အဲဒီခ်ိန္ အဲဒီအခါက တစ္နာရီလုပ္ခ ( ၅.၁၅ ) ေဒၚလာေပးရတဲ႕ျပည္တြင္းအလုပ္ကို တစ္ရက္လံုးခိုင္းမွ ( ၅ ) ေဒၚလာေလာက္ေပးရတဲ႕ ဘရာဇီး၊ အီဂ်စ္၊ အာဂ်င္တီးနား၊ မကၠဆီကုိ တို႕အျပင္ ကြ်န္ေတာ္တုိ႕ရဲ႕ေခါင္းရင္းက အင္အားၾကီးအာရွတိုက္ႏုိင္ငံၾကီးတုိ႕အထိ ေရႊ႕ခဲ႕ၾကတယ္။
.
အမွန္က အေမရိကန္ကုမၸဏီေတြ ဒီလုိလုပ္ျပီး ေစ်းပတ္ေရာင္းလာတာ အႏွစ္ ( ၃ဝ ) ေလာက္ပဲ ရွိပါေသးတယ္။ အဲဒီတုန္းက ျပည္တြင္းစစ္အရွိန္ေကာင္းေနတဲ႕ ကြ်န္ေတာ္တို႕မွာ ဖင္ခုထိုင္ထားတဲ႕ သယံဇာတေတြကလြဲလုိ႕ ဘာဆိုဘာမွ ေမွ်ာ္လင္႕စရာမရွိခဲ႕ပါဘူး။
.
.
ထင္သာျမင္သာတဲ႕ဥပမာတစ္ခ်ိဳ႕ကိုျပရရင္ နာမယ္ၾကီးလွတဲ႕ ႏုိက္ကီ - Nike မွာ ကုမၸဏီပိုင္တဲ႕ဖိနပ္စက္ရံု မရွိပါဘူး။ ဒါေပမယ္႕ သူ႕ဖိနပ္ေတြဟာ ဘယ္ေနရာ ဘယ္စက္ရံုကေနထြက္လာ ထြက္လာ .. ေရာင္းလို႕ကိုမေလာက္ၾကဘူး။ အသစ္ထြက္မယ္ဆုိတာနဲ႕ ေဒၚလာ ( ၂၅ဝ ) တန္ Nike ဖိနပ္ကို ညအိပ္ေစာင္႕ဝယ္ယူရတဲ႕အထိ သမိုင္းေကာင္းခဲ႕တယ္။
.
ထုိနည္းတူစြာ အျပည္ျပည္အရပ္ရပ္က အစိတ္အပုိင္းေတြထုတ္လုပ္ျပီး တပ္ဆင္ျခင္း - Assembling ကို တရုတ္ျပည္မွာ အလုပ္အပ္ထားတဲ႕ ပ်ိဳတိုင္းၾကိဳက္တဲ႕ iPhone ဟာလည္း အေမရိကား ကယ္လီဖိုးနီးယား ကူပါထီးႏုိျမိဳ႕ရံုးခ်ဳပ္မွာ ဒီဇုိင္းဆြဲပါတယ္။ မူလပစၥည္းကိုပုိ႕ေဆာင္ - Ship လုပ္ေပးမယ္႕ႏုိင္ငံကေတာ႕ တရုတ္ျပည္ဆုိတာ အားလံုးသိျပီးသားပါ။
.
.
အခုလို လုပ္အားခကြာျခားမႈကေန သူတို႕တစ္ေတြ အျမတ္အစြန္းၾကီးမားစြာရၾကတယ္။ အစုိးရကလည္း လုပ္ငန္းရွင္ေတြေျပလည္ေနသမွ် တုိင္းျပည္ကျငိမ္သက္ေနတာမို႕ ကမၻာတစ္လႊားက စစ္မီး စစ္ေငြ႕ရွိတဲ႕ေနရာတုိင္းမွာ လက္နက္ေရာင္းဖို႕ အျမဲၾကံစည္ေနပါတယ္။
.
ျပည္တြင္းကအလုပ္လက္မဲ႕ေတြနည္းလာေအာင္ တစ္နာရီကုိ ( ၁၂ ) ေဒၚလာေလာက္ေပးတဲ႕ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းသစ္ေတြကုိ ကုမၸဏီေတြကေဖာ္ေဆာင္ရင္း အေမရိကန္စီးပြားေရးတိုးတက္တယ္ဆုိတဲ႕ဂုဏ္ပုဒ္ကို ဆက္ထိန္းလာႏုိင္ခဲ႕တယ္။
.
.
ဒီလိုနဲ႕ အေမရိကားက လုပ္ခနာရီစား နဲ႕ ျပည္ပ ဖြံ႕ျဖိဳးတုိးတက္မႈေႏွးေကြးတဲ႕ Outsourcing ႏိုင္ငံေတြရဲ႕ အေျခခံနာရီစားလုပ္ခ - Wage ေတြ တစ္ျဖည္းျဖည္းကြာလာတယ္။
ဒါေၾကာင္႕ ..
.
လုပ္ခမ်ားမ်ားလိုခ်င္သလား ? ေက်ာင္းတက္ပါ။
.
ေက်ာင္းတက္ဖို႕ေငြမရွိဘူးလား ? ေငြေခ်းတက္ပါ။ ( Student Loan )
.
ဘာပညာမွမတတ္ဘူးလား ? အေျခခံ - Entry Level ကေန အနည္းဆံုးလုပ္ခ - Minimum Wage နဲ႕ အလုပ္လုပ္ပါ ဆိုတဲ႕ ပံုစံျဖစ္လာတယ္။
.
.
ဒါေၾကာင္႕လည္း အဂၤလန္မွာေက်ာင္းတက္မယ္ .. အေမရိကားမွာ ေက်ာင္းတက္မယ္ ဆုိတာေတြ ျဖစ္လာရံုမက ေက်ာင္းစီးပြားေရးလုပ္ကိုင္တဲ႕အဖြဲ႕အစည္း ကုမၸဏီၾကီးေတြ နဲ႕ စာအုပ္စာေပထုတ္လုပ္တဲ႕ကုမၸဏီၾကီးေတြဟာ မတရားခ်မ္းသာလာၾကပါတယ္။
.
ဆက္ေရးပါမယ္။
.
ခင္လ်က္
.
06-04-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၆ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
လက်လီဈေးကွက်မှာ အပြိုင်အဆိုင် ဖောက်သည်လုတတ်ရုံနဲ့တော့ အမေရိကားမှာ ကုန်စုံဆိုင်ကုမ္ပဏီဖွင့်စားဖို့မလွယ်ပါဘူး။ မိမိရောင်းကုန်က အမြတ်သေချာရဖို့ဆိုရင် ပြိုင်ဘက် - Competitor နဲ့ တူညီတဲ့ရောင်းကုန်တွေအတွက် အရင်းသက်သာပြီး ဈေးပိုတင်ရောင်းနိုင်ပါမှ ကုမ္ပဏီရေရှည်တည်တံ့နိုင်မယ်ဆိုတာကို တွက်ဆလာကြတယ်။
.
သမိုင်းအရ အမေရိကန်တို့ကြုံခဲ့တဲ့ ( ၁၉၈ဝ) ၊ ( ၁၉၉ဝ ) ၊ ( ၂ဝဝဝ ) ၊ ( ၂ဝဝ၇ )   ခုနှစ်တွေက စီးပွားရေးပျက်ကပ် - Recession တွေမှာ အကြောင်းကိုယ်စီ ရှိခဲ့တယ်။ ( ၁၉၈ဝ ) မှာ အလုပ်လက်မဲ့နှုန်းတိုးလာမှုကိုမဖြေရှင်းနိုင်တာ နဲ့ အီရန်တော်လှန်ရေးတွေကြောင့် ရေနံဈေးနှစ်ပြန်တက်သွားခဲ့လို့ အညွန့်တလူလူတက်နေတဲ့ အမေရိကန်စီးပွားရေး နှစ်ကြိမ်ဆက်တိုက် ပျက်ကိန်းဆိုက်ခဲ့တယ်။
.
.
( ၁၉၉ဝ ) မှာ အမေရိကားကို စစ်ပွဲတွေထဲဆွဲခေါ်သွားတဲ့သမ္မတတွေကြောင့် ငွေတိုးနှုန်းကြီးမြင့်လာမှုနဲ့အတူ မထင်မှတ်ပဲ ရေနံဈေးကမောက်ကမဖြစ်သွားတဲ့နောက်မှာ နိုင်ငံဟာ ဘယ်သူ့ကိုအားကိုးရမှန်းမသိတဲ့ဘဝကို သက်ဆင်းခဲ့ရပြန်တယ်။
.
အဲဒီအချိန်မှာ တရုတ်နိုင်ငံက အယူသည်းပေမယ့် စီးပွားရေးပြည့်ဝမှ သန်းထောင်ချီလုထုကို ဆန်ပြုတ်အစား ထမင်းအဝကျွေးနိုင်မယ်ဆိုတဲ့ တရုတ်ခေါင်းဆောင်တွေ အမြင်မှန်ရလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ သေနတ်သံတွေကြား လေးထောင့်ရမ်တစ်ပုလင်းကို ( ၅ ) ကျပ်နဲ့ ရန်ကုန်တရုတ်တန်းမှာ အရောင်းအဝယ်ကောင်းနေကြတုန်း..။
.
.
အင်တာနက်တိုးတက်လာမှုနဲ့အတူ ပွင့်လင်းလာတဲ့နည်းပညာတွေကြောင့် အမေရိကားစီးပွားရေးဟာ ( ၁ဝ ) နှစ်ဆက်တိုက် တိုးတက်ခဲ့တယ်။ ဒါပေမယ့် အဟန့်အတားအကြီးမားဆုံးတစ်ခုက ရှေ့ကနေ ကြိုစောင့်နေပါတယ်။ အဲဒါကတော့ Y2k – ( ၂ဝဝဝ ) ခုနှစ်မှာကြုံရတဲ့ ဒေါ့ကွန်းပေါက်ကွဲမှုကြီး - Dot-Com Bubble ပါပဲ။
.
အမေရိကန်ကုမ္ပဏီတွေဟာ မကြာခဏ ခဲမှန်ဖူးတဲ့စာသူငယ်လို ဒီတစ်ခါတော့ ပါးနှပ်သွားပါပြီ။ သူ့ကုမ္ပဏီထက်ငါ ဈေးသက်သာရာရှာဖို့ တိုင်းပြည်ပြင်ပမှာလက်ခစားနဲ့အလုပ်အပ်တဲ့ - Outsourcing ကို အကောင်အထည်ဖော်ကြတယ်။ အဲဒီအချိန်နဲ့တစ်ပြိုင်နက်တည်းမှာ လူမျိုးတူပြီး အုပ်ချုပ်မှုမတူတဲ့ ဟောင်ကောင်နိုင်ငံရဲ့မျက်နှာချင်းဆိုင်ရှေ့တည့်တည့်မှာ တရုတ်နိုင်ငံရဲ့ “ ပြည်ပရင်းနှီးမြှုပ်နှံမှုမျှော်စက်မှုဇုံ ” ကို တည်ဆောက်ချိန်နဲ့တိုက်ဆိုင်နေပါတော့တယ်။
.
.
ဒါကြောင့် ( ၂ဝဝ၇ ) ခုနှစ် အိမ်ခြံမြေဈေးကွက်တွေပျက်ပြီး ခြေခေါက်လဲတော့မယ့် အမေရိကန်စီးပွားရေးကို အစိုးရ နဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ဝိုင်းကူကျားကန်ပေးခဲ့ရတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အကြွေးလည်ပတ်မှုစံနစ်ပေါ်မှာ ဝိုင်းဝန်းခိုစီးခဲ့ကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ စီးပွားရေးပျက်ကဒ်ကနေ မလွတ်မြောက်ခဲ့ပါဘူး။
.
အဲဒီလို စီးပွားရေးပျက်ကဒ်တွေဖြစ်တော့ အမေရိကန်ပြည်သူတွေဘာဖြစ်သလဲ? ဝင်ငွေကျဆင်းတယ်၊ အသုံးအစွဲချွေတာကြတယ်၊ ရောင်းမထွက်တဲ့ကုန်တွေပုံနေတော့ ကုမ္ပဏီတွေ သန့်သွားတယ်။ အထူးရလဒ်ကတော့ ကုန်ဈေးနှုန်းကျဆင်းလာတယ်။
.
.
ပြန်တည်ငြိမ်လာတဲ့ နလံထအမေရိကန်မှာ စီးပွားရေးကုမ္ပဏီကြီးတွေက လုပ်အားနဲ့ရင်းပြီးထုတ်ရတဲ့ကုန် - Labor Productivity တွေ အစား နည်းပညာတွေ၊ မူပိုင်ခွင့်တွေ၊ ကုန်သွယ်ရေးလျို့ဝှက်ချက်တွေ၊ ကိုယ်ပိုင်ကုန်ပစ္စည်းတံဆိပ်တို့အားလုံးကိုခြုံငုံမိတဲ့ ဥာဏပစ္စည်းပိုင်ဆိုင်မှု - Intellectual Property ကို ပြောင်းမှ သူများနိုင်ငံကို အထက်ကနေ စေခိုင်းနိုင်မယ်၊ စီမံနိုင်မယ်ဆိုတာကို ရိပ်စားမိလာကြတယ်။
.
.
ဒါကြောင့် အဲဒီချိန် အဲဒီအခါက တစ်နာရီလုပ်ခ ( ၅.၁၅ ) ဒေါ်လာပေးရတဲ့ပြည်တွင်းအလုပ်ကို တစ်ရက်လုံးခိုင်းမှ ( ၅ ) ဒေါ်လာလောက်ပေးရတဲ့ ဘရာဇီး၊ အီဂျစ်၊ အာဂျင်တီးနား၊ မက္ကဆီကို တို့အပြင် ကျွန်တော်တို့ရဲ့ခေါင်းရင်းက အင်အားကြီးအာရှတိုက်နိုင်ငံကြီးတို့အထိ ရွှေ့ခဲ့ကြတယ်။
.
အမှန်က အမေရိကန်ကုမ္ပဏီတွေ ဒီလိုလုပ်ပြီး ဈေးပတ်ရောင်းလာတာ အနှစ် ( ၃ဝ ) လောက်ပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ပြည်တွင်းစစ်အရှိန်ကောင်းနေတဲ့ ကျွန်တော်တို့မှာ ဖင်ခုထိုင်ထားတဲ့ သယံဇာတတွေကလွဲလို့ ဘာဆိုဘာမှ မျှော်လင့်စရာမရှိခဲ့ပါဘူး။
.
.
ထင်သာမြင်သာတဲ့ဥပမာတစ်ချို့ကိုပြရရင် နာမယ်ကြီးလှတဲ့ နိုက်ကီ - Nike မှာ ကုမ္ပဏီပိုင်တဲ့ဖိနပ်စက်ရုံ မရှိပါဘူး။ ဒါပေမယ့် သူ့ဖိနပ်တွေဟာ ဘယ်နေရာ ဘယ်စက်ရုံကနေထွက်လာ ထွက်လာ .. ရောင်းလို့ကိုမလောက်ကြဘူး။ အသစ်ထွက်မယ်ဆိုတာနဲ့ ဒေါ်လာ ( ၂၅ဝ ) တန် Nike ဖိနပ်ကို ညအိပ်စောင့်ဝယ်ယူရတဲ့အထိ သမိုင်းကောင်းခဲ့တယ်။
.
ထိုနည်းတူစွာ အပြည်ပြည်အရပ်ရပ်က အစိတ်အပိုင်းတွေထုတ်လုပ်ပြီး တပ်ဆင်ခြင်း - Assembling ကို တရုတ်ပြည်မှာ အလုပ်အပ်ထားတဲ့ ပျိုတိုင်းကြိုက်တဲ့ iPhone ဟာလည်း အမေရိကား ကယ်လီဖိုးနီးယား ကူပါထီးနိုမြို့ရုံးချုပ်မှာ ဒီဇိုင်းဆွဲပါတယ်။ မူလပစ္စည်းကိုပို့ဆောင် - Ship လုပ်ပေးမယ့်နိုင်ငံကတော့ တရုတ်ပြည်ဆိုတာ အားလုံးသိပြီးသားပါ။
.
.
အခုလို လုပ်အားခကွာခြားမှုကနေ သူတို့တစ်တွေ အမြတ်အစွန်းကြီးမားစွာရကြတယ်။ အစိုးရကလည်း လုပ်ငန်းရှင်တွေပြေလည်နေသမျှ တိုင်းပြည်ကငြိမ်သက်နေတာမို့ ကမ္ဘာတစ်လွှားက စစ်မီး စစ်ငွေ့ရှိတဲ့နေရာတိုင်းမှာ လက်နက်ရောင်းဖို့ အမြဲကြံစည်နေပါတယ်။
.
ပြည်တွင်းကအလုပ်လက်မဲ့တွေနည်းလာအောင် တစ်နာရီကို ( ၁၂ ) ဒေါ်လာလောက်ပေးတဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းသစ်တွေကို ကုမ္ပဏီတွေကဖော်ဆောင်ရင်း အမေရိကန်စီးပွားရေးတိုးတက်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကို ဆက်ထိန်းလာနိုင်ခဲ့တယ်။
.
.
ဒီလိုနဲ့ အမေရိကားက လုပ်ခနာရီစား နဲ့ ပြည်ပ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့ Outsourcing နိုင်ငံတွေရဲ့ အခြေခံနာရီစားလုပ်ခ - Wage တွေ တစ်ဖြည်းဖြည်းကွာလာတယ်။
ဒါကြောင့် ..
.
လုပ်ခများများလိုချင်သလား ? ကျောင်းတက်ပါ။
.
ကျောင်းတက်ဖို့ငွေမရှိဘူးလား ? ငွေချေးတက်ပါ။ ( Student Loan )
.
ဘာပညာမှမတတ်ဘူးလား ? အခြေခံ - Entry Level ကနေ အနည်းဆုံးလုပ်ခ - Minimum Wage နဲ့ အလုပ်လုပ်ပါ ဆိုတဲ့ ပုံစံဖြစ်လာတယ်။
.
.
ဒါကြောင့်လည်း အင်္ဂလန်မှာကျောင်းတက်မယ် .. အမေရိကားမှာ ကျောင်းတက်မယ် ဆိုတာတွေ ဖြစ်လာရုံမက ကျောင်းစီးပွားရေးလုပ်ကိုင်တဲ့အဖွဲ့အစည်း ကုမ္ပဏီကြီးတွေ နဲ့ စာအုပ်စာပေထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဟာ မတရားချမ်းသာလာကြပါတယ်။
.
ဆက်ရေးပါမယ်။
.
ခင်လျက်
.
06-04-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၇ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
အတက္အက်ျမန္တဲ႕ အေမရိကားရဲ႕စီးပြားေရးလိႈင္းဂယက္ၾကားမွာ အေျခက်က်စီးနင္းလိုက္ပါႏိုင္တဲ႕ကုမၸဏီေတြဟာ ေနရာတစ္ခုမွာ ဆက္လက္ရပ္တည္ေနၾကတယ္။ ဒါေပမယ္႕ သူတို႕တစ္ေတြဟာ ေခတ္စံနစ္သစ္သံုးစြဲသူေတြရဲ႕ ေတာင္းဆိုမႈအရ နည္းပညာကုိ ဦးထိပ္ပန္ရင္း သူ႕ထက္ငါ “ အသစ္ .. အသစ္ ” ကို ထုတ္ႏႈတ္ျပသႏုိင္ဖို႕ကုိသာ အားသာေနၾကတယ္။
.
တစ္ဦးက ဒီတစ္ခုကိုထြင္လိုက္ .. ေနာက္တစ္ဦးက “ ငါ႕မွာလည္း မင္းတို႕လုပ္တာမ်ိဳးရွိတဲ႕အျပင္ ဒါေတြက ပိုဆန္းသစ္ေသးတယ္ ” ဆုိတဲ႕ ျပိဳင္ဆိုင္မႈၾကားမွာ ေစ်းကြက္ဗ်ဴဟာေတြဟာ ေနာက္ေကာက္မက်ရေလေအာင္ မနည္းလိုက္ပါေနရတယ္။ အဆိုးဆံုး နဲ႕ အားျပိဳင္မႈအေကာင္းဆံုးက ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံမွာလိုပဲ တယ္လီေကာ္ျမဴနီေကးရွင္းဆက္သြယ္ေရးက႑မွာ ျဖစ္ပါတယ္။
.
.
အေမရိကားမွာ အဓိက ဖုန္းကုမၸဏီ ( ၅ ) ခု ရွိပါတယ္။ သက္တမ္းအရင္႕ဆံံုးတယ္လီဖုန္းလိုင္းဟာ Sprint Corporation ျဖစ္ပါတယ္။ တည္ေထာင္ထားတာ ႏွစ္ေပါင္းရာေက်ာ္ရွိေနျပီး အခုလက္ရွိေက်ာ္ၾကားမႈနဲ႕တြက္ရင္ေတာ႕ နံပါတ္ ( ၄ ) အဆင္႕မွာ ရွိပါတယ္။ Sprint ဟာ ၾကိဳးဖုန္းတစ္ေခတ္ဆန္းေအာင္လုပ္ခဲ႕သူျဖစ္ျပီး ( ၂ဝ၁၃ ) ခုႏွစ္မွာ ဂ်ပန္ႏုိင္ငံ Softback Corporation က ဝယ္ယူသြားျပီမို႕ အေမရိကန္ႏုိင္ငံသားပိုင္ကုမၸဏီေတာ႕ မဟုတ္ေတာ႕ပါဘူး။
.
Sprint ဟာ တယ္လီကြန္ျမဴနီေကးရွင္းေခတ္ကုိဦးေဆာင္ခဲ႕သူျဖစ္ေပမယ္႕ ျပန္႕က်ဲေနတဲ႕ တိုးတက္မႈေႏွးေကြးတဲ႕ကုမၸဏီအမ်ားအျပားကိုဝယ္ယူသိမ္းသြင္းခဲ႕ရာကေန ၾကီးသထက္ၾကီးတဲ႕ကုမၸဏီျဖစ္လာပါတယ္။ ဒါေပမယ္႕ ေနာက္ပိုင္းေခတ္မွာ လူအမ်ားသံုးတဲ႕ GSM စံနစ္ကို လ်င္လ်င္ျမန္ျမန္ေျပာင္းလဲမႈမလုပ္လိုပဲ အခုလက္ရွိ CDMA နဲ႕သာ ေပ်ာ္ပိုက္ေနတာ ျဖစ္ပါတယ္။
.
.
T-Mobile လိုဂို ကုိ ပန္းခရမ္းေရာင္ေအာက္ခံေပၚမွာဆြဲထားတာကေတာ႕ အေမရိကားက တတိယအင္အားအၾကီးဆံုး ေအာ္ပေရတာတစ္ခုပါ။ ကနဦး ဥေရာပကုမၸဏီျဖစ္ျပီး ႏုိင္ငံမ်ားစြာမွာ နာမယ္အမ်ိဳးမ်ိဳးနဲ႕ လုပ္ကုိင္ေနတာျဖစ္လုိ႕ ကြန္ယက္လည္းစံုသလို ေစ်းေရာင္းတဲ႕ပံုစံလည္း ထူးျခားပါတယ္။
.
တစ္ျခားဆရာၾကီးလိုင္းေတြ သူတို႕ဖုန္းကို တစ္ျခားကုမၸဏီရဲ႕ကဒ္ထည္႕သံုးမွာစုိးလို႕ ခ်ဳပ္ - Lock လုပ္ထားခ်ိန္မွာ ဘာလာလာ Unlocked အတိုင္း ေရာင္းပါတယ္။ အစပိုင္းမွာ လုိင္းမမိတာမ်ိဳးေတြကို သံုးစြဲသူေတြ ျငိဳျငင္ၾကတာေၾကာင္႕ တာဝါတိုင္မ်ားစြာစုိက္ျပီး ေစ်းကြက္ရွယ္ယာျပန္ရေအာင္ စည္းရံုးတဲ႕အခါ ျပန္လည္ေအာင္ျမင္လာပါတယ္။
.
.
ဒုတိယအေကာင္းဆံုးလိုင္းက iPhone ေပၚကာစ အေမရိကန္ျပည္တြင္းျဖန္႕ခ်ိေရးကုိ လက္ဝါးၾကီးအုပ္ႏုိင္ခဲ႕တဲ႕ AT&T ျဖစ္ပါတယ္။ သူက GSM လိုင္းပါ။ ပထမ တစ္ဦးတည္း၊ ႏွစ္ဦးတြဲ ဆုိျပီး လိုင္းအသစ္ဖြင္႕ႏုိင္ျပီး ထပ္တိုးလုိင္းတစ္လိုင္းကို ေစ်းေလွ်ာ႕ထားပါတယ္။ မိသားစုလုိင္း ( ၅ ) လိုင္းအထိဖြင္႕ခြင္႕ရွိရာကေန အင္တာနက္အသံုးမ်ားလာတဲ႕ 4G LTE တစ္ေခတ္မွာ ထပ္တုိး ( ၅ ) လိုင္း .. စုစုေပါင္း ( ၁ဝ ) ဦးအထိ ေဒတာမွ်ေဝသံုးစြဲျခင္း - Data Share Plan နဲ႕ ရိုက္စားမိေနပါတယ္။
.
သူ႕မွာ လိုင္းဖုန္းေတြလည္းရွိသလို တယ္လီေဗးရွင္းထုတ္လႊြင္႕မႈ - TV ကုိ အင္တာနက္ နဲ႕ တြဲဝယ္ရင္ Bundle အေနနဲ႕ ပရုိမိုးရွင္းအမ်ိဳးမ်ိဳးရွိပါတယ္။ ျပီးေတာ႕ အေမရိကားရဲ႕ ဖုန္းေလာကမွာ လူေတြၾကိဳက္တဲ႕လက္ကိုင္ဖုန္းကိုေစ်းေလွ်ာ႕ေရာင္းျပီး လူေတြမၾကိဳက္တဲ႕ ( ၂ ) ႏွစ္စာခ်ဳပ္ - 2 Years Contract စံနစ္ကို ျမဲျမဲျမံျမံက်င္႕သံုးတဲ႕ကုမၸဏီျဖစ္ပါတယ္။
.
.
ဖုန္းေလာကထိပ္သီး Verizon Wireless ဟာ ဆယ္လူလာလုိင္း နဲ႕ အင္တာနက္တို႕အျပင္ TV လုိင္းတို႕ကိုပါ ဝန္ေဆာင္မႈေပးပါတယ္။ သူ႕ဖုန္းလုိင္းဟာ အေမရိကားမွာ မမိတဲ႕ေနရာမရွိဘူးဆိုျပီး လူေတြက ယံုယံုၾကည္ၾကည္သံုးစြဲၾကတဲ႕အျပင္ သူ႕ဖုန္းလိုင္းဟာ အားလံုးထဲမွာ ေစ်းအၾကီးဆံုးပါ။
.
သူ႕ေခတ္ သူ႕အခါမွာဆို Motorola ကုမၸဏီနဲ႕ပူေပါင္းျပီး ကိုယ္ပုိင္ Droid ဖုန္းတစ္ေခတ္ ျဖစ္လိုက္ပါေသးတယ္။ AT&T က ေကာင္တာမွာ iPhone ကုိ ေအးေအးေဆးေဆးထုိင္ေရာင္းေနတဲ႕အခ်ိန္ Verizon ကုိ စတိေဂ်ာ႕ဘ္ က ကန္ထရုိက္မေပးပါဘူး။ ဒီလုိနဲ႕ ေနာက္ထပ္ ( ၂ ) ႏွစ္ေလာက္က်မွ ညိွႏိႈင္းမႈအရ ေရာင္းခြင္႕ရခဲ႕တယ္။
ဒါေၾကာင္႕လည္း AT&T က အားေတာ္ေတာ္ေကာင္းသြားခဲ႕တယ္လို႕ ေျပာလို႕ရပါတယ္။
.
.
အားလံုးရဲ႕ ေနာက္ဆံုးကေန ကပ္လုိက္တာကေတာ႕ Metro PCS ျဖစ္ပါတယ္။ အမွန္က သူက အေရွ႕ပုိင္း ေအာ္ပေရတာ ( ၄ ) ခု နဲ႕ ဘယ္လုိမွ မယွဥ္ႏုိင္ပါ။ သုိ႕ေပမယ္႕ သူ႕မွာ ထူးျခားတဲ႕ ပရုိမုိးရွင္းေတြေၾကာင္႕ နံပါတ္ ( ၅ ) စာရင္းမွာထည္႕ေပးထားတာပါ။
.
CDMA – Code Division Multiple Access လိႈင္းနဲ႕အလုပ္လုပ္တဲ႕ဖုန္းေတြမွာ သူက ဖုန္းေျပာ၊ စာပုိ႕၊ အင္တာနက္ ၾကိဳက္သေလာက္ အကန္႕အသတ္မရွိ - Unlimited အေနနဲ႕ ေရာင္းပါတယ္။ ေနာက္တစ္ခုက Metro PCS က ေစ်းကို ရွင္းရွင္းေရာင္းတယ္။ သူ႕ဖုန္းလိုင္းဟာ ေငြၾကိဳသြင္း - Prepaid ျဖစ္တယ္။ တစ္လစာၾကိဳသြင္းျပီး ၾကိဳက္သလိုသံုးႏုိင္သလို ရပ္ခ်င္ရင္ မသံုးခ်င္တဲ႕လအကုန္မွာ ေငြမသြင္းပဲ ရပ္ထားလို႕ရတယ္။ ဘာေႏွာင္ၾကိဳးမွ မရွိပါဘူး။
.
အခုလက္ရွိမွာေတာ႕ Metro PCS ကို T-Mobile က ဝယ္လိုက္လို႕ CDMA အျပင္ T-Mobile ရဲ႕ 4G ေပၚမွာ အလုပ္လုပ္ပါတယ္။ သူ႕ဖုန္းေတြက Sim Card စုိက္လို႕ မရတာက ခက္ပါတယ္။ Metro PCS ကို ဖုန္းအေပၚမွာ ေငြသိပ္မသံုးခ်င္သူ၊ အမ်ိဳးအစားေကာင္းတဲ႕ေနာက္ဆံုးေပၚဖုန္းမကိုင္ခ်င္ေသးသူ၊ တစ္ကမၻာလံုးနဲ႕ဖုန္းမျပတ္တမ္းေျပာခ်င္သူ၊ အေမရိကားကိုေရာက္တာမၾကာေသးသူေတြက အမ်ားအားျဖင္႕ ေစ်းသက္သာေအာင္ ဝယ္သံုးၾကပါတယ္။
.
.
အေမရိကားရဲ႕ လက္ကုိင္ဖုန္းေဒတာအင္တာနက္ဟာ ကမၻာေပၚမွာ အေကာင္းဆံုးမဟုတ္ပါဘူး။ ဒါေပမယ္႕ ကိုယ္႕ဖုန္းလုိုင္းေရာင္းရဖုိ႕ တစ္ျခားကုမၸဏီနာမည္ၾကီးတပ္ျပီး ခ်ိဳးဖဲ႕ေၾကျငာတဲ႕ အေရာင္းျမွင္႕တင္တဲ႕ေၾကာ္ျငာေတြက အသည္းယားစရာေကာင္းလွပါတယ္။
.
ျမန္မာဆန္ဆန္ ဥပမာေပးရရင္ ..
.
လိပ္လိုေႏွးတဲ႕ MPT  ထက္ ( ၂ ) ဆျမန္တဲ႕ တယ္လီေနာ ကြ။
.
ေဖ႕ဘုတ္အခမဲ႕သံုးလို႕ရတယ္ဆုိျပီး “ မညာ ” တဲ႕ ကြ်န္ေတာ္တုိ႕ အိုရီဒူးကို လူတိုင္းေျပာင္းသံုးၾကပါတယ္။
.
တယ္လီေနာ လို အပိုေတြမေျပာဘူး။ တုိ႕ MPT ကုိ ပုိပုိပြတ္ဖို႕ ဖြတ္အင္တာနက္ ( ၆ ) က်ပ္ ဆုိတာမ်ိဳးေတြေပါ႕..။
.
.
ဆက္ေရးပါဦးမယ္
.
ခင္လ်က္
.
06-06-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၇ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အတက်အကျမြန်တဲ့ အမေရိကားရဲ့စီးပွားရေးလှိုင်းဂယက်ကြားမှာ အခြေကျကျစီးနင်းလိုက်ပါနိုင်တဲ့ကုမ္ပဏီတွေဟာ နေရာတစ်ခုမှာ ဆက်လက်ရပ်တည်နေကြတယ်။ ဒါပေမယ့် သူတို့တစ်တွေဟာ ခေတ်စံနစ်သစ်သုံးစွဲသူတွေရဲ့ တောင်းဆိုမှုအရ နည်းပညာကို ဦးထိပ်ပန်ရင်း သူ့ထက်ငါ “ အသစ် .. အသစ် ” ကို ထုတ်နှုတ်ပြသနိုင်ဖို့ကိုသာ အားသာနေကြတယ်။
.
တစ်ဦးက ဒီတစ်ခုကိုထွင်လိုက် .. နောက်တစ်ဦးက “ ငါ့မှာလည်း မင်းတို့လုပ်တာမျိုးရှိတဲ့အပြင် ဒါတွေက ပိုဆန်းသစ်သေးတယ် ” ဆိုတဲ့ ပြိုင်ဆိုင်မှုကြားမှာ ဈေးကွက်ဗျူဟာတွေဟာ နောက်ကောက်မကျရလေအောင် မနည်းလိုက်ပါနေရတယ်။ အဆိုးဆုံး နဲ့ အားပြိုင်မှုအကောင်းဆုံးက ကျွန်တော်တို့မြန်မာနိုင်ငံမှာလိုပဲ တယ်လီကော်မြူနီကေးရှင်းဆက်သွယ်ရေးကဏ္ဍမှာ ဖြစ်ပါတယ်။
.
.
အမေရိကားမှာ အဓိက ဖုန်းကုမ္ပဏီ ( ၅ ) ခု ရှိပါတယ်။ သက်တမ်းအရင့်ဆုံးတယ်လီဖုန်းလိုင်းဟာ Sprint Corporation ဖြစ်ပါတယ်။ တည်ထောင်ထားတာ နှစ်ပေါင်းရာကျော်ရှိနေပြီး အခုလက်ရှိကျော်ကြားမှုနဲ့တွက်ရင်တော့ နံပါတ် ( ၄ ) အဆင့်မှာ ရှိပါတယ်။ Sprint ဟာ ကြိုးဖုန်းတစ်ခေတ်ဆန်းအောင်လုပ်ခဲ့သူဖြစ်ပြီး ( ၂ဝ၁၃ ) ခုနှစ်မှာ ဂျပန်နိုင်ငံ Softback Corporation က ဝယ်ယူသွားပြီမို့ အမေရိကန်နိုင်ငံသားပိုင်ကုမ္ပဏီတော့ မဟုတ်တော့ပါဘူး။
.
Sprint ဟာ တယ်လီကွန်မြူနီကေးရှင်းခေတ်ကိုဦးဆောင်ခဲ့သူဖြစ်ပေမယ့် ပြန့်ကျဲနေတဲ့ တိုးတက်မှုနှေးကွေးတဲ့ကုမ္ပဏီအများအပြားကိုဝယ်ယူသိမ်းသွင်းခဲ့ရာကနေ ကြီးသထက်ကြီးတဲ့ကုမ္ပဏီဖြစ်လာပါတယ်။ ဒါပေမယ့် နောက်ပိုင်းခေတ်မှာ လူအများသုံးတဲ့ GSM စံနစ်ကို လျင်လျင်မြန်မြန်ပြောင်းလဲမှုမလုပ်လိုပဲ အခုလက်ရှိ CDMA နဲ့သာ ပျော်ပိုက်နေတာ ဖြစ်ပါတယ်။
.
.
T-Mobile လိုဂို ကို ပန်းခရမ်းရောင်အောက်ခံပေါ်မှာဆွဲထားတာကတော့ အမေရိကားက တတိယအင်အားအကြီးဆုံး အော်ပရေတာတစ်ခုပါ။ ကနဦး ဥရောပကုမ္ပဏီဖြစ်ပြီး နိုင်ငံများစွာမှာ နာမယ်အမျိုးမျိုးနဲ့ လုပ်ကိုင်နေတာဖြစ်လို့ ကွန်ယက်လည်းစုံသလို ဈေးရောင်းတဲ့ပုံစံလည်း ထူးခြားပါတယ်။
.
တစ်ခြားဆရာကြီးလိုင်းတွေ သူတို့ဖုန်းကို တစ်ခြားကုမ္ပဏီရဲ့ကဒ်ထည့်သုံးမှာစိုးလို့ ချုပ် - Lock လုပ်ထားချိန်မှာ ဘာလာလာ Unlocked အတိုင်း ရောင်းပါတယ်။ အစပိုင်းမှာ လိုင်းမမိတာမျိုးတွေကို သုံးစွဲသူတွေ ငြိုငြင်ကြတာကြောင့် တာဝါတိုင်များစွာစိုက်ပြီး ဈေးကွက်ရှယ်ယာပြန်ရအောင် စည်းရုံးတဲ့အခါ ပြန်လည်အောင်မြင်လာပါတယ်။
.
.
ဒုတိယအကောင်းဆုံးလိုင်းက iPhone ပေါ်ကာစ အမေရိကန်ပြည်တွင်းဖြန့်ချိရေးကို လက်ဝါးကြီးအုပ်နိုင်ခဲ့တဲ့ AT&T ဖြစ်ပါတယ်။ သူက GSM လိုင်းပါ။ ပထမ တစ်ဦးတည်း၊ နှစ်ဦးတွဲ ဆိုပြီး လိုင်းအသစ်ဖွင့်နိုင်ပြီး ထပ်တိုးလိုင်းတစ်လိုင်းကို ဈေးလျှော့ထားပါတယ်။ မိသားစုလိုင်း ( ၅ ) လိုင်းအထိဖွင့်ခွင့်ရှိရာကနေ အင်တာနက်အသုံးများလာတဲ့ 4G LTE တစ်ခေတ်မှာ ထပ်တိုး ( ၅ ) လိုင်း .. စုစုပေါင်း ( ၁ဝ ) ဦးအထိ ဒေတာမျှဝေသုံးစွဲခြင်း - Data Share Plan နဲ့ ရိုက်စားမိနေပါတယ်။
.
သူ့မှာ လိုင်းဖုန်းတွေလည်းရှိသလို တယ်လီဗေးရှင်းထုတ်လွင့်မှု - TV ကို အင်တာနက် နဲ့ တွဲဝယ်ရင် Bundle အနေနဲ့ ပရိုမိုးရှင်းအမျိုးမျိုးရှိပါတယ်။ ပြီးတော့ အမေရိကားရဲ့ ဖုန်းလောကမှာ လူတွေကြိုက်တဲ့လက်ကိုင်ဖုန်းကိုဈေးလျှော့ရောင်းပြီး လူတွေမကြိုက်တဲ့ ( ၂ ) နှစ်စာချုပ် - 2 Years Contract စံနစ်ကို မြဲမြဲမြံမြံကျင့်သုံးတဲ့ကုမ္ပဏီဖြစ်ပါတယ်။
.
.
ဖုန်းလောကထိပ်သီး Verizon Wireless ဟာ ဆယ်လူလာလိုင်း နဲ့ အင်တာနက်တို့အပြင် TV လိုင်းတို့ကိုပါ ဝန်ဆောင်မှုပေးပါတယ်။ သူ့ဖုန်းလိုင်းဟာ အမေရိကားမှာ မမိတဲ့နေရာမရှိဘူးဆိုပြီး လူတွေက ယုံယုံကြည်ကြည်သုံးစွဲကြတဲ့အပြင် သူ့ဖုန်းလိုင်းဟာ အားလုံးထဲမှာ ဈေးအကြီးဆုံးပါ။
.
သူ့ခေတ် သူ့အခါမှာဆို Motorola ကုမ္ပဏီနဲ့ပူပေါင်းပြီး ကိုယ်ပိုင် Droid ဖုန်းတစ်ခေတ် ဖြစ်လိုက်ပါသေးတယ်။ AT&T က ကောင်တာမှာ iPhone ကို အေးအေးဆေးဆေးထိုင်ရောင်းနေတဲ့အချိန် Verizon ကို စတိဂျော့ဘ် က ကန်ထရိုက်မပေးပါဘူး။ ဒီလိုနဲ့ နောက်ထပ် ( ၂ ) နှစ်လောက်ကျမှ ညှိနှိုင်းမှုအရ ရောင်းခွင့်ရခဲ့တယ်။
ဒါကြောင့်လည်း AT&T က အားတော်တော်ကောင်းသွားခဲ့တယ်လို့ ပြောလို့ရပါတယ်။
.
.
အားလုံးရဲ့ နောက်ဆုံးကနေ ကပ်လိုက်တာကတော့ Metro PCS ဖြစ်ပါတယ်။ အမှန်က သူက အရှေ့ပိုင်း အော်ပရေတာ ( ၄ ) ခု နဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါ။ သို့ပေမယ့် သူ့မှာ ထူးခြားတဲ့ ပရိုမိုးရှင်းတွေကြောင့် နံပါတ် ( ၅ ) စာရင်းမှာထည့်ပေးထားတာပါ။
.
CDMA – Code Division Multiple Access လှိုင်းနဲ့အလုပ်လုပ်တဲ့ဖုန်းတွေမှာ သူက ဖုန်းပြော၊ စာပို့၊ အင်တာနက် ကြိုက်သလောက် အကန့်အသတ်မရှိ - Unlimited အနေနဲ့ ရောင်းပါတယ်။ နောက်တစ်ခုက Metro PCS က ဈေးကို ရှင်းရှင်းရောင်းတယ်။ သူ့ဖုန်းလိုင်းဟာ ငွေကြိုသွင်း - Prepaid ဖြစ်တယ်။ တစ်လစာကြိုသွင်းပြီး ကြိုက်သလိုသုံးနိုင်သလို ရပ်ချင်ရင် မသုံးချင်တဲ့လအကုန်မှာ ငွေမသွင်းပဲ ရပ်ထားလို့ရတယ်။ ဘာနှောင်ကြိုးမှ မရှိပါဘူး။
.
အခုလက်ရှိမှာတော့ Metro PCS ကို T-Mobile က ဝယ်လိုက်လို့ CDMA အပြင် T-Mobile ရဲ့ 4G ပေါ်မှာ အလုပ်လုပ်ပါတယ်။ သူ့ဖုန်းတွေက Sim Card စိုက်လို့ မရတာက ခက်ပါတယ်။ Metro PCS ကို ဖုန်းအပေါ်မှာ ငွေသိပ်မသုံးချင်သူ၊ အမျိုးအစားကောင်းတဲ့နောက်ဆုံးပေါ်ဖုန်းမကိုင်ချင်သေးသူ၊ တစ်ကမ္ဘာလုံးနဲ့ဖုန်းမပြတ်တမ်းပြောချင်သူ၊ အမေရိကားကိုရောက်တာမကြာသေးသူတွေက အများအားဖြင့် ဈေးသက်သာအောင် ဝယ်သုံးကြပါတယ်။
.
.
အမေရိကားရဲ့ လက်ကိုင်ဖုန်းဒေတာအင်တာနက်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဖုန်းလိုင်းရောင်းရဖို့ တစ်ခြားကုမ္ပဏီနာမည်ကြီးတပ်ပြီး ချိုးဖဲ့ကြေငြာတဲ့ အရောင်းမြှင့်တင်တဲ့ကြော်ငြာတွေက အသည်းယားစရာကောင်းလှပါတယ်။
.
မြန်မာဆန်ဆန် ဥပမာပေးရရင် ..
.
လိပ်လိုနှေးတဲ့ MPT  ထက် ( ၂ ) ဆမြန်တဲ့ တယ်လီနော ကွ။
.
ဖေ့ဘုတ်အခမဲ့သုံးလို့ရတယ်ဆိုပြီး “ မညာ ” တဲ့ ကျွန်တော်တို့ အိုရီဒူးကို လူတိုင်းပြောင်းသုံးကြပါတယ်။
.
တယ်လီနော လို အပိုတွေမပြောဘူး။ တို့ MPT ကို ပိုပိုပွတ်ဖို့ ဖွတ်အင်တာနက် ( ၆ ) ကျပ် ဆိုတာမျိုးတွေပေါ့..။
.
.
ဆက်ရေးပါဦးမယ်
.
ခင်လျက်
.
06-06-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အပုိင္း ( ၈ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
တရုတ္ႏိုင္ငံၾကီး စီးပြားေရးေတာင္႕တင္းလာတဲ႕ေနာက္ပိုင္း အာရွုတိုက္မွာဖြံ႕ျဖိဳးလာတဲ႕ ခရီးသြားလုပ္ငန္း နဲ႕ ထူးျခားတဲ႕ေရေျမသဘာဝရႈခင္းခံစားမႈ - Sight Seeing ဟာ ဥေရာပ နဲ႕ အေမရိကားဘက္မွာေတာ႕ ေခတ္စားခဲ႕တာ ၾကာပါျပီ။
.
ဒါေၾကာင္႕မုိ႕ အေနာက္ဘက္ျခမ္း ဆန္ဖရန္စစၥကို လို ဆိပ္ကမ္းျမိဳ႕ဟာ ကုန္တင္ကုန္ခ်စီးပြားေရးအလုပ္ကို ေနာင္ေတာ္ အုတ္ကလန္ - Oakland ျမိဳ႕ ကို လႊဲေပးျပီး အထင္ကရျဖစ္တဲ႕ Landmark မ်ား ကိုလည္ပတ္ဖို႕ နဲ႕ ခရီးသြားလုပ္ငန္းဝင္ေငြအေပၚကို ေတာ္ေတာ္ေလး မွီခုိလာပါတယ္။
.
.
ဒါတင္မကေသးဘူး .. ေရာက္လာတဲ႕ခရီးသြားေတြေျပလည္ဖို႕ ၾကပ္တည္းတဲ႕ကားရပ္နားရာေနရာ - Parking ေတြ ေဖာ္ထုတ္ၾကတဲ႕စီးပြားေရးဟာ ျမိဳ႕ျပတုိ႕ရဲ႕ျပယုဒ္တို႕နဲ႕အညီ တင္႕တယ္လွပါတယ္။ ဒါေပမယ္႕ ျမိဳ႕တစ္ျမိဳ႕ရဲ႕ဘယ္လိုမွတိုးခ်ဲ႕လို႕မရေတာ႕တဲ႕ တစ္ဘက္ကပင္လယ္ၾကီးကိုလွမ္းၾကည္႕ရင္း ကားပါကင္ေတြဟာ အေဆာက္အဦေတြေပၚကို တက္လာရတယ္။
.
.
တစ္ဆက္တည္း ခရီးသြားလုပ္ငန္းတုိးတက္လာမႈနဲ႕အညီ အငွားတကၠစီလုပ္ငန္းလုပ္ကိုင္တဲ႕ကုမၸဏီၾကီးေတြ၊ ကားပါကင္ေဆာက္ျပီးရပ္နားခြင္႕ေကာက္ခံတဲ႕ကုမၸဏီၾကီးေတြ နဲ႕ ေလဆိပ္က နာရီလိုက္ရပ္နားရာ - Hourly Parking ေတြကိုေပးရတဲ႕ကုန္က်စားရိတ္ဟာ ျမိဳ႕ၾကီးျပၾကီးမွာ က်က်နန အေျခမခ်ရေသးသူေတြအတြက္ေတာ႕ ဟုတ္မွဟုတ္ပါ႕မလား လို႕ ထင္စရာအေၾကာင္းရွိပါတယ္။
.
ဒီလိုနဲ႕ နည္းပညာအရာမွာေတာ္ေပ႕ဆုိတဲ႕ စြန္႕ဦးတီထြင္သူေတြဟာ ျမိဳ႕ျပမွာ ကားတားစီးတဲ႕ Car Hailing Service ေတြကို ေနာက္တစ္ေခတ္ဆန္းေအာင္ လုပ္ကိုင္လာၾကတယ္။ အခုေခတ္မွာ ကားအသစ္ေတြကို လက္ကိုင္ဖုန္းကေန လက္မေလးနဲ႕ႏွိပ္ျပီး ေခၚစီးႏုိင္ရံုမက ေစ်းႏႈန္းကသင္႕တင္႕ေတာ႕ လူတိုင္းစီးႏုိင္ၾကတယ္။ မွာလိုက္ ( ေခၚလုိက္တဲ႕ ) ကားကို အထူးေစာင္႕ေနစရာမလုိသလုိ တကၠစီဂိတ္ရွိတဲ႕ေနရာကိုလည္း တကူးတကသြားစရာမလိုပါဘူး။ သိပ္ေကာင္းတာတစ္ခုက ကားကုမၸဏီနဲ႕ ဖုန္းေပၚမွာ စကားေျပာစရာမလိုတာပါ။
.
.
ဆန္ဖရန္စစၥကိုျမိဳ႕ကေန စခဲ႕တဲ႕ အူဘာ - Uber တကၠစီကုမၸဏီမွာ ကိုယ္ပုိင္ကား မရွိပါဘူး။ အေၾကာင္းကေတာ႕ သူ႕ကုမၸဏီအမည္ေအာက္မွာေမာင္းေနတဲ႕ကားသမားမ်ားဟာ မိတ္ေဆြတို႕ ကြ်န္ေတာ္တို႕လို သာမန္ျပည္သူေတြျဖစ္ပါတယ္။ ဝန္ထမ္းေတြမဟုတ္ၾကသလို အထက္မွာလည္း ( အိမ္ကမိန္းမကလြဲရင္ ) သူေ႒းအမိန္႕ နာခံစရာမလိုပါဘူး။ ခရီးသည္သြားခ်င္တဲ႕ေနရာကို ေဘးကင္းရန္သီပို႕ေပးႏုိင္ရင္ တာဝန္ေက်ပါျပီ။
.
ဆိုလိုတာက Uber ကားေမာင္းသူ - Uber Driver ေတြဟာ ျမိဳ႕ဟုိဘက္ထိပ္ကလူျဖစ္ႏုိင္သလို မိတ္ေဆြရဲ႕အိမ္နီးနာခ်င္းတစ္ေယာက္လည္း ျဖစ္ႏိုင္ပါတယ္။ အလုပ္နားတဲ႕အခ်ိန္ေတြ နဲ႕ အလုပ္ပိတ္ရက္ေတြမွာ အိမ္စီးကားကို ဂုိေဒါင္ထဲအလွမထားပဲ အပိုဝင္ေငြရွာဖို႕ေမာင္းၾကတဲ႕ကိုယ္ပိုင္ကားေတြကို Uber က အလုပ္ေပးထားတာေၾကာင္႕ပါ။ ဘာသာ၊ လူမ်ိဳး၊ အသား အေရ၊ အသက္ အရြယ္ ခြဲျခားစရာမလိုပဲ အမ်ိဳးသမီးေမာင္းတဲ႕အငွားကားကိုစီးရလို႕ အံ႕ၾသစရာမရွိပါဘူး။
.
.
အူဘာ - Uber ဆုိတာ စူပါ - Super လို႕ အမည္ရတဲ႕ ဂ်ာမန္စကားလို႕ သိရပါတယ္။ Uber App ကို မိတ္ေဆြတို႕ရဲ႕ဖုန္းထဲမွာ ဘဏ္ကဒ္နဲ႕ခ်ိတ္ဆက္ျပီးရင္ အင္တာနက္ရွိတဲ႕ေနရာတုိင္းကေန ကားေခၚစီးႏုိင္ပါတယ္။ မိတ္ေဆြရွိေနတဲ႕ေနရာ နဲ႕ မိတ္ေဆြသြားခ်င္တဲ႕ေနရာကို Uber က GPS ေျမပံုကေန ေထာက္လွမ္းသိရွိပါတယ္။
.
လုပ္ကိုင္ပံုက ဖုန္းထဲက ေဒါင္းေလာ႕ဒ္ ဆြဲခ်ျပီးသား Uber App မွာ သြားခ်င္တဲ႕လိပ္စာကိုထည္႕ပါ။ ခ်င္ခ်င္းပဲ ေငြဘယ္ေလာက္က်မယ္ဆုိတာကို ျပပါလိမ္႕မယ္။ တစ္ဆက္တည္းမွာ မိတ္ေဆြနဲ႕အနီးဆံုးမွာရွိေနတဲ႕ အပိုဝင္ေငြ ( ပင္မဝင္ေငြ ) ရခ်င္တဲ႕ ကိုယ္ပိုင္ကားတစ္စီး ( ကားေကာင္း ကားသန္႕ ) နဲ႕ ( အမ်ားအားျဖင္႕ ) ပိုင္ရွင္ကိုယ္တိုင္ေမာင္းျပီး ဘယ္ႏွစ္မိနစ္အတြင္း လာၾကိဳမယ္ဆုိတာကို ျပပါတယ္။
.
.
ဒါေၾကာင္႕ ( U ) ဆိုတဲ႕ Uber Sticker ပါတဲ႕ကားေလးေရာက္လာရင္ အခန္႕သားလိုက္ပါသြားျပီး ခရီးဆံုးျပီဆုိရင္လည္း ေငြသားထုတ္ေပးစရာ မလိုပါဘူး။ ေစ်းေမးစရာမလိုသလို လမ္းေဘးခ်ရပ္ျပီး ေစ်းစကားေျပာစရာလည္း မလိုအပ္ေတာ႕ပါဘူး။ Uber ဝဘ္ဆုိဒ္မွာ စာရင္းေပးသြင္းထားတဲ႕ဘဏ္ကဒ္ထဲကေန ႏႈတ္ယူသြားမွာပါ။
.
ကားပုိင္ရွင္ေတြအေနနဲ႕ ကိုယ္အားရင္ ခရီးသည္လက္ခံတဲ႕ Uber App ကိုဖြင္႕ထားလိုက္၊ မေမာင္းခ်င္ရင္ပိတ္ထားလိုက္ ေအး ..ေဆး ..ပါ ပဲ။ တစ္ေန႕လံုးမွာ ( ၂ ) နာရီေလာက္နားျပီး ေမာင္းခ်င္တဲ႕အခ်ိန္ Uber App ျပန္ဖြင္႕ထားလိုက္ရင္ မိနစ္ပိုင္းေလးအတြင္းမွာ အနီးအနားက ခရီးသြားကို အခန္႕သားေလးသြားၾကိဳ ပို႕ေဆာင္ရံုနဲ႕ ေငြဝင္ႏုိင္ပါတယ္။
.
.
အခုေျပာခ်င္တာက Uber တစ္ခုတည္း မဟုတ္ပါဘူး။ ကားငွားစီးတဲ႕ App ေတြေၾကာင္႕ သမားရိုးက်ကားအငွားတကၠစီကုမၸဏီေတြ စီးပြားေရးအထိနာၾကရတယ္။ ဒါေၾကာင္႕ ဘာလင္၊ ပဲရစ္၊ လန္ဒန္ နဲ႕ မက္ဒရစ္ ျမိဳ႕ေတြမွာ ေမာင္းကြက္ေပ်ာက္လာတဲ႕ မူလတကၠစီသမားေတြက လမ္းေပၚထြက္ျပီးဆႏၵျပၾကတယ္။ သယ္ယူပို႕ေဆာင္ေရးဥပေဒျပင္ဆင္ေရးေတြအတြက္ ေတာင္းဆိုမႈေတြ လုပ္ၾကတယ္။ အာမခံကုမၸဏီေတြ အလုပ္ရႈတ္ၾကရတယ္။
.
အခု ဒီလို လက္ကိုင္ဖုန္းကေန ကားငွားစီးတဲ႕လုပ္ငန္းဟာ ကမၻာ႕ႏုိင္ငံအမ်ားအျပားမွာ တူညီတဲ႕ App တစ္ခုတည္းေပၚမွာ တစ္ေျပးညီအလုပ္လုပ္ပါတယ္။ Uber နဲ႕ ျပိဳင္ဘက္ Lyft ဆိုတာ ေပၚလာျပီး သတိထားရတဲ႕စာရင္းထဲမွာ Lyft ပါဝင္လာတယ္။ သူကေတာ႕ ကားေရွ႕မွာဘန္ပါမွာ ခ်ိတ္ထားလို႕ရတဲ႕ အပန္းေရာင္ဒီဇုိင္းႏႈတ္ခမ္းေမႊးအရုပ္ကိုေပးထားလို႕ ကြဲျပားပါတယ္။
.
.
Uber ရဲ႕လုပ္ငန္းခ်ဲ႕ထြင္ျခင္းဟာ ကမၻာၾကီးက်ံဳ႕သြားတဲ႕ Globalization ကုိ သက္ေသျပေနသကဲ႕သို႕ ရွိေနပါတယ္။
.
သူ႕ဆီကုိ တရုတ္အင္တာနက္ရွာေဖြေရးကုမၸဏီ ဘိုင္ဒူး - Baidu က ရွယ္ယာထည္႕ဝင္ပူးေပါင္းလာတယ္။ ဂ်ပန္တိုယုိတာ - Toyota ကား ကုမၸဏီက သူ႕ကားအသစ္ေတြကုိ Uber မွာေမာင္းေနရင္း ကာလရွည္ၾကာအငွားခ်ေပးႏုိင္ဖို႕ စီစဥ္တယ္။ အင္ဒိုနီးရွားက သူ႕ႏုိင္ငံမွာ Uber ကားေမာင္းဖို႕ဆုိရင္ ကားအငွားလိုင္စင္တင္ရမယ္လို႕ သတိေပးထားတယ္။
.
အိႏိၵယႏုိင္ငံမွာ ေငြသား - Cash ေပးျပီးစီးလို႕ရေအာင္ စမ္းသပ္တယ္။ ေနာက္ပိုင္း အိႏိၵယႏုိင္ငံတြင္းက ေဒသခံမုိဘုိင္းေငြေၾကးနဲ႕ေပးလို႕ရေအာင္စီစဥ္ေပးတယ္။ အခုေနာက္ဆံုးမွာ ေဆာ္ဒီအာေရးဗီးယားက ေစ်းက်ေနတဲ႕ေရနံစီးပြားေရးကိုက်ားကန္ဖို႕ အေမရိကန္ Uber ကုမၸဏီမွာ ေဒၚလာ သန္း ( ၃၅ဝဝ ) ဝင္ရင္းႏွီးတယ္။
.
.
ျပိဳင္ဘက္ကုမၸဏီေတြက အားတူရာစုရင္း မဟာမိတ္ကားကုမၸဏီမ်ိဳး အက်ိဳးတူလုပ္ျပီး Uber ကိုျပိဳင္ဖို႕ၾကိဳးစားလာတယ္။ ထင္ရွားတဲ႕အေနနဲ႕ အေမရိကန္နာမည္ၾကီး GM – General Motor ကားကုမၸဏီက ေဒၚလာသန္း ( ၅ဝဝ ) ပါဝင္မႈ နဲ႕ Lyft ကို အေထာက္အကူျပဳတယ္။
.
အစၥေရးအေျခစိုက္ ဥေရာပ Gett – GetTaxi ကားအငွားကုမၸဏီကုိ ဂ်ပိုးကားကုမၸဏီ VW – Volkswagen က ေဒၚလာသန္း ( ၃ဝဝ ) ထည္႕ဝင္ျပီး လုပ္ငန္းေအာင္ျမင္ေအာင္ ေျမေတာင္ေျမွာက္ေပးတယ္။
.
အထင္ရွားဆံုးကေတာ႕ တရုတ္ကားငွား Didi Kuaidi ကုမၸဏီမွာ နည္းပညာကုမၸဏီ Apple က ေဒၚလာသန္း ( ၁ဝဝဝ ) ထည္႕ဝင္လိုက္တာပါပဲ။
.
အေရွ႕ေတာင္အာရွမွာ မေလးရွားအေျခစိုက္ Grab ကားအငွားကုမၸဏီက မေလးရွား၊ တရုတ္၊ စကၤာပူ၊ ဂ်ပန္ ရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕ေငြေတြနဲ႕ မေလးရွား၊ ဖိလစ္ပုိင္၊ ထုိင္း၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ နဲ႕ စကၤာပူတို႕ကို ၾကီးစုိးထားတယ္။
.
.
ဒီလုိျပန္႕က်ဲေနတဲ႕ အေမရိကန္ ဧရာမ Uber ကားအငွားကုမၸဏီကုိယွဥ္ျပိဳင္ဖို႕ Lyft က ဦးေဆာင္ျပီး ကမၻာလံုးဆိုင္ယာကြန္ယက္တစ္ခုဖြဲ႕လာတယ္။ အဲဒီထဲမွာ တရုတ္က Didi ၊ အေရွ႕ ေတာင္အာရွက Grab  နဲ႕ အိႏိၵယ က အိုလာ - Ola တို႕ နဲ႕ မဟာမိတ္ျပဳၾကတယ္။
.
အက်ိဳးဆက္အေနနဲ႕ Lyft  Mobile App သံုးျပီး ကားငွားစီးသူတစ္ေယာက္ဟာ အေပၚကေျပာထားတဲ႕ႏုိင္ငံေတြေရာက္ရင္ အက်ိဳးတူပူးေပါင္းထားတဲ႕ကားကုမၸဏီထဲက ၾကိဳက္တဲ႕ကားကုိ မွာစီးႏုိင္ေအာင္ေဆာင္ရြက္ထားျပီး အေမရိကန္ Uber ၾကီးကို ျပိဳင္ဆိုင္မွာျဖစ္ပါတယ္။
.
.
ဒါေၾကာင္႕ စီးပြားေရးေတာ႕လုပ္တာေတာ႕ လုပ္တာေပါ႕ .. အလုပ္သြား အလုပ္ျပန္ဖို႕ နဲ႕ ခရီးေဝးအပန္းေျဖသြားတာကလြဲရင္ လူေတြကို တကၠစီအျမဲငွားစီးရေလေအာင္ လုပ္ေနသကဲ႕သို႕ ျဖစ္ေနတယ္။ ဒါ႕အျပင္ ကိုယ္ပိုင္ေငြနည္းနည္းရွိလုိ႕ ကားအငွားဆြဲစားတာမ်ိဳးမဟုတ္ေတာ႕ပဲ ေဒၚလာဘီလ်ံခ်ီျပီး ဝင္ေရာက္လံုးေထြးသတ္ပုတ္ၾကမယ္႕စီးပြားေရးဟာ အေမရိကားမွာ ၾကီးထြားလာတယ္။
.
နည္းပညာ၊ မိုဘုိင္းေငြေၾကး နဲ႕ ကားအငွားလုပ္ငန္းတြဲမိတဲ႕အခါ အခ်ီၾကီးၾကီးဝင္ရင္းၾကသူေတြေၾကာင္႕ ကားအငွားလုပ္ငန္းဟာ လူစံုျပီးပြဲစည္လာတယ္။
.
ေနာက္ပိုင္းမွာ ဓါတ္ဆီမသံုးတဲ႕ဘက္ထရီကား၊ လွ်ပ္စစ္ကား၊ ေမာင္းသူမဲ႕ - Driverless Car တို႕အျပင္ အခုေနာက္ဆံုး Uber က Driverless Taxi ကုိ ၾကိတ္ၾကံေနတယ္ဆုိတဲ႕အေၾကာင္း ေဖာက္သည္ခ်လိုက္ပါတယ္။
.
ဆက္ေရးဖို႕ သိပ္မ်ားမ်ားမက်န္ေတာ႕ပါဘူး။
.
ခင္လ်က္
.
06-08-2016
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပိုင်း ( ၈ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
တရုတ်နိုင်ငံကြီး စီးပွားရေးတောင့်တင်းလာတဲ့နောက်ပိုင်း အာရှုတိုက်မှာဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်း နဲ့ ထူးခြားတဲ့ရေမြေသဘာဝရှုခင်းခံစားမှု - Sight Seeing ဟာ ဥရောပ နဲ့ အမေရိကားဘက်မှာတော့ ခေတ်စားခဲ့တာ ကြာပါပြီ။
.
ဒါကြောင့်မို့ အနောက်ဘက်ခြမ်း ဆန်ဖရန်စစ္စကို လို ဆိပ်ကမ်းမြို့ဟာ ကုန်တင်ကုန်ချစီးပွားရေးအလုပ်ကို နောင်တော် အုတ်ကလန် - Oakland မြို့ ကို လွှဲပေးပြီး အထင်ကရဖြစ်တဲ့ Landmark များ ကိုလည်ပတ်ဖို့ နဲ့ ခရီးသွားလုပ်ငန်းဝင်ငွေအပေါ်ကို တော်တော်လေး မှီခိုလာပါတယ်။
.
.
ဒါတင်မကသေးဘူး .. ရောက်လာတဲ့ခရီးသွားတွေပြေလည်ဖို့ ကြပ်တည်းတဲ့ကားရပ်နားရာနေရာ - Parking တွေ ဖော်ထုတ်ကြတဲ့စီးပွားရေးဟာ မြို့ပြတို့ရဲ့ပြယုဒ်တို့နဲ့အညီ တင့်တယ်လှပါတယ်။ ဒါပေမယ့် မြို့တစ်မြို့ရဲ့ဘယ်လိုမှတိုးချဲ့လို့မရတော့တဲ့ တစ်ဘက်ကပင်လယ်ကြီးကိုလှမ်းကြည့်ရင်း ကားပါကင်တွေဟာ အဆောက်အဦတွေပေါ်ကို တက်လာရတယ်။
.
.
တစ်ဆက်တည်း ခရီးသွားလုပ်ငန်းတိုးတက်လာမှုနဲ့အညီ အငှားတက္ကစီလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီကြီးတွေ၊ ကားပါကင်ဆောက်ပြီးရပ်နားခွင့်ကောက်ခံတဲ့ကုမ္ပဏီကြီးတွေ နဲ့ လေဆိပ်က နာရီလိုက်ရပ်နားရာ - Hourly Parking တွေကိုပေးရတဲ့ကုန်ကျစားရိတ်ဟာ မြို့ကြီးပြကြီးမှာ ကျကျနန အခြေမချရသေးသူတွေအတွက်တော့ ဟုတ်မှဟုတ်ပါ့မလား လို့ ထင်စရာအကြောင်းရှိပါတယ်။
.
ဒီလိုနဲ့ နည်းပညာအရာမှာတော်ပေ့ဆိုတဲ့ စွန့်ဦးတီထွင်သူတွေဟာ မြို့ပြမှာ ကားတားစီးတဲ့ Car Hailing Service တွေကို နောက်တစ်ခေတ်ဆန်းအောင် လုပ်ကိုင်လာကြတယ်။ အခုခေတ်မှာ ကားအသစ်တွေကို လက်ကိုင်ဖုန်းကနေ လက်မလေးနဲ့နှိပ်ပြီး ခေါ်စီးနိုင်ရုံမက ဈေးနှုန်းကသင့်တင့်တော့ လူတိုင်းစီးနိုင်ကြတယ်။ မှာလိုက် ( ခေါ်လိုက်တဲ့ ) ကားကို အထူးစောင့်နေစရာမလိုသလို တက္ကစီဂိတ်ရှိတဲ့နေရာကိုလည်း တကူးတကသွားစရာမလိုပါဘူး။ သိပ်ကောင်းတာတစ်ခုက ကားကုမ္ပဏီနဲ့ ဖုန်းပေါ်မှာ စကားပြောစရာမလိုတာပါ။
.
.
ဆန်ဖရန်စစ္စကိုမြို့ကနေ စခဲ့တဲ့ အူဘာ - Uber တက္ကစီကုမ္ပဏီမှာ ကိုယ်ပိုင်ကား မရှိပါဘူး။ အကြောင်းကတော့ သူ့ကုမ္ပဏီအမည်အောက်မှာမောင်းနေတဲ့ကားသမားများဟာ မိတ်ဆွေတို့ ကျွန်တော်တို့လို သာမန်ပြည်သူတွေဖြစ်ပါတယ်။ ဝန်ထမ်းတွေမဟုတ်ကြသလို အထက်မှာလည်း ( အိမ်ကမိန်းမကလွဲရင် ) သူဋ္ဌေးအမိန့် နာခံစရာမလိုပါဘူး။ ခရီးသည်သွားချင်တဲ့နေရာကို ဘေးကင်းရန်သီပို့ပေးနိုင်ရင် တာဝန်ကျေပါပြီ။
.
ဆိုလိုတာက Uber ကားမောင်းသူ - Uber Driver တွေဟာ မြို့ဟိုဘက်ထိပ်ကလူဖြစ်နိုင်သလို မိတ်ဆွေရဲ့အိမ်နီးနာချင်းတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်နားတဲ့အချိန်တွေ နဲ့ အလုပ်ပိတ်ရက်တွေမှာ အိမ်စီးကားကို ဂိုဒေါင်ထဲအလှမထားပဲ အပိုဝင်ငွေရှာဖို့မောင်းကြတဲ့ကိုယ်ပိုင်ကားတွေကို Uber က အလုပ်ပေးထားတာကြောင့်ပါ။ ဘာသာ၊ လူမျိုး၊ အသား အရေ၊ အသက် အရွယ် ခွဲခြားစရာမလိုပဲ အမျိုးသမီးမောင်းတဲ့အငှားကားကိုစီးရလို့ အံ့ဩစရာမရှိပါဘူး။
.
.
အူဘာ - Uber ဆိုတာ စူပါ - Super လို့ အမည်ရတဲ့ ဂျာမန်စကားလို့ သိရပါတယ်။ Uber App ကို မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ ဘဏ်ကဒ်နဲ့ချိတ်ဆက်ပြီးရင် အင်တာနက်ရှိတဲ့နေရာတိုင်းကနေ ကားခေါ်စီးနိုင်ပါတယ်။ မိတ်ဆွေရှိနေတဲ့နေရာ နဲ့ မိတ်ဆွေသွားချင်တဲ့နေရာကို Uber က GPS မြေပုံကနေ ထောက်လှမ်းသိရှိပါတယ်။
.
လုပ်ကိုင်ပုံက ဖုန်းထဲက ဒေါင်းလော့ဒ် ဆွဲချပြီးသား Uber App မှာ သွားချင်တဲ့လိပ်စာကိုထည့်ပါ။ ချင်ချင်းပဲ ငွေဘယ်လောက်ကျမယ်ဆိုတာကို ပြပါလိမ့်မယ်။ တစ်ဆက်တည်းမှာ မိတ်ဆွေနဲ့အနီးဆုံးမှာရှိနေတဲ့ အပိုဝင်ငွေ ( ပင်မဝင်ငွေ ) ရချင်တဲ့ ကိုယ်ပိုင်ကားတစ်စီး ( ကားကောင်း ကားသန့် ) နဲ့ ( အများအားဖြင့် ) ပိုင်ရှင်ကိုယ်တိုင်မောင်းပြီး ဘယ်နှစ်မိနစ်အတွင်း လာကြိုမယ်ဆိုတာကို ပြပါတယ်။
.
.
ဒါကြောင့် ( U ) ဆိုတဲ့ Uber Sticker ပါတဲ့ကားလေးရောက်လာရင် အခန့်သားလိုက်ပါသွားပြီး ခရီးဆုံးပြီဆိုရင်လည်း ငွေသားထုတ်ပေးစရာ မလိုပါဘူး။ ဈေးမေးစရာမလိုသလို လမ်းဘေးချရပ်ပြီး ဈေးစကားပြောစရာလည်း မလိုအပ်တော့ပါဘူး။ Uber ဝဘ်ဆိုဒ်မှာ စာရင်းပေးသွင်းထားတဲ့ဘဏ်ကဒ်ထဲကနေ နှုတ်ယူသွားမှာပါ။
.
ကားပိုင်ရှင်တွေအနေနဲ့ ကိုယ်အားရင် ခရီးသည်လက်ခံတဲ့ Uber App ကိုဖွင့်ထားလိုက်၊ မမောင်းချင်ရင်ပိတ်ထားလိုက် အေး ..ဆေး ..ပါ ပဲ။ တစ်နေ့လုံးမှာ ( ၂ ) နာရီလောက်နားပြီး မောင်းချင်တဲ့အချိန် Uber App ပြန်ဖွင့်ထားလိုက်ရင် မိနစ်ပိုင်းလေးအတွင်းမှာ အနီးအနားက ခရီးသွားကို အခန့်သားလေးသွားကြို ပို့ဆောင်ရုံနဲ့ ငွေဝင်နိုင်ပါတယ်။
.
.
အခုပြောချင်တာက Uber တစ်ခုတည်း မဟုတ်ပါဘူး။ ကားငှားစီးတဲ့ App တွေကြောင့် သမားရိုးကျကားအငှားတက္ကစီကုမ္ပဏီတွေ စီးပွားရေးအထိနာကြရတယ်။ ဒါကြောင့် ဘာလင်၊ ပဲရစ်၊ လန်ဒန် နဲ့ မက်ဒရစ် မြို့တွေမှာ မောင်းကွက်ပျောက်လာတဲ့ မူလတက္ကစီသမားတွေက လမ်းပေါ်ထွက်ပြီးဆန္ဒပြကြတယ်။ သယ်ယူပို့ဆောင်ရေးဥပဒေပြင်ဆင်ရေးတွေအတွက် တောင်းဆိုမှုတွေ လုပ်ကြတယ်။ အာမခံကုမ္ပဏီတွေ အလုပ်ရှုတ်ကြရတယ်။
.
အခု ဒီလို လက်ကိုင်ဖုန်းကနေ ကားငှားစီးတဲ့လုပ်ငန်းဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ တူညီတဲ့ App တစ်ခုတည်းပေါ်မှာ တစ်ပြေးညီအလုပ်လုပ်ပါတယ်။ Uber နဲ့ ပြိုင်ဘက် Lyft ဆိုတာ ပေါ်လာပြီး သတိထားရတဲ့စာရင်းထဲမှာ Lyft ပါဝင်လာတယ်။ သူကတော့ ကားရှေ့မှာဘန်ပါမှာ ချိတ်ထားလို့ရတဲ့ အပန်းရောင်ဒီဇိုင်းနှုတ်ခမ်းမွှေးအရုပ်ကိုပေးထားလို့ ကွဲပြားပါတယ်။
.
.
Uber ရဲ့လုပ်ငန်းချဲ့ထွင်ခြင်းဟာ ကမ္ဘာကြီးကျုံ့သွားတဲ့ Globalization ကို သက်သေပြနေသကဲ့သို့ ရှိနေပါတယ်။
.
သူ့ဆီကို တရုတ်အင်တာနက်ရှာဖွေရေးကုမ္ပဏီ ဘိုင်ဒူး - Baidu က ရှယ်ယာထည့်ဝင်ပူးပေါင်းလာတယ်။ ဂျပန်တိုယိုတာ - Toyota ကား ကုမ္ပဏီက သူ့ကားအသစ်တွေကို Uber မှာမောင်းနေရင်း ကာလရှည်ကြာအငှားချပေးနိုင်ဖို့ စီစဉ်တယ်။ အင်ဒိုနီးရှားက သူ့နိုင်ငံမှာ Uber ကားမောင်းဖို့ဆိုရင် ကားအငှားလိုင်စင်တင်ရမယ်လို့ သတိပေးထားတယ်။
.
အိန္ဒိယနိုင်ငံမှာ ငွေသား - Cash ပေးပြီးစီးလို့ရအောင် စမ်းသပ်တယ်။ နောက်ပိုင်း အိန္ဒိယနိုင်ငံတွင်းက ဒေသခံမိုဘိုင်းငွေကြေးနဲ့ပေးလို့ရအောင်စီစဉ်ပေးတယ်။ အခုနောက်ဆုံးမှာ ဆော်ဒီအာရေးဗီးယားက ဈေးကျနေတဲ့ရေနံစီးပွားရေးကိုကျားကန်ဖို့ အမေရိကန် Uber ကုမ္ပဏီမှာ ဒေါ်လာ သန်း ( ၃၅ဝဝ ) ဝင်ရင်းနှီးတယ်။
.
.
ပြိုင်ဘက်ကုမ္ပဏီတွေက အားတူရာစုရင်း မဟာမိတ်ကားကုမ္ပဏီမျိုး အကျိုးတူလုပ်ပြီး Uber ကိုပြိုင်ဖို့ကြိုးစားလာတယ်။ ထင်ရှားတဲ့အနေနဲ့ အမေရိကန်နာမည်ကြီး GM – General Motor ကားကုမ္ပဏီက ဒေါ်လာသန်း ( ၅ဝဝ ) ပါဝင်မှု နဲ့ Lyft ကို အထောက်အကူပြုတယ်။
.
အစ္စရေးအခြေစိုက် ဥရောပ Gett – GetTaxi ကားအငှားကုမ္ပဏီကို ဂျပိုးကားကုမ္ပဏီ VW – Volkswagen က ဒေါ်လာသန်း ( ၃ဝဝ ) ထည့်ဝင်ပြီး လုပ်ငန်းအောင်မြင်အောင် မြေတောင်မြှောက်ပေးတယ်။
.
အထင်ရှားဆုံးကတော့ တရုတ်ကားငှား Didi Kuaidi ကုမ္ပဏီမှာ နည်းပညာကုမ္ပဏီ Apple က ဒေါ်လာသန်း ( ၁ဝဝဝ ) ထည့်ဝင်လိုက်တာပါပဲ။
.
အရှေ့တောင်အာရှမှာ မလေးရှားအခြေစိုက် Grab ကားအငှားကုမ္ပဏီက မလေးရှား၊ တရုတ်၊ စင်္ကာပူ၊ ဂျပန် ရင်းနှီးမြှုပ်နှံသူတွေရဲ့ငွေတွေနဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် နဲ့ စင်္ကာပူတို့ကို ကြီးစိုးထားတယ်။
.
.
ဒီလိုပြန့်ကျဲနေတဲ့ အမေရိကန် ဧရာမ Uber ကားအငှားကုမ္ပဏီကိုယှဉ်ပြိုင်ဖို့ Lyft က ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ယာကွန်ယက်တစ်ခုဖွဲ့လာတယ်။ အဲဒီထဲမှာ တရုတ်က Didi ၊ အရှေ့ တောင်အာရှက Grab  နဲ့ အိန္ဒိယ က အိုလာ - Ola တို့ နဲ့ မဟာမိတ်ပြုကြတယ်။
.
အကျိုးဆက်အနေနဲ့ Lyft  Mobile App သုံးပြီး ကားငှားစီးသူတစ်ယောက်ဟာ အပေါ်ကပြောထားတဲ့နိုင်ငံတွေရောက်ရင် အကျိုးတူပူးပေါင်းထားတဲ့ကားကုမ္ပဏီထဲက ကြိုက်တဲ့ကားကို မှာစီးနိုင်အောင်ဆောင်ရွက်ထားပြီး အမေရိကန် Uber ကြီးကို ပြိုင်ဆိုင်မှာဖြစ်ပါတယ်။
.
.
ဒါကြောင့် စီးပွားရေးတော့လုပ်တာတော့ လုပ်တာပေါ့ .. အလုပ်သွား အလုပ်ပြန်ဖို့ နဲ့ ခရီးဝေးအပန်းဖြေသွားတာကလွဲရင် လူတွေကို တက္ကစီအမြဲငှားစီးရလေအောင် လုပ်နေသကဲ့သို့ ဖြစ်နေတယ်။ ဒါ့အပြင် ကိုယ်ပိုင်ငွေနည်းနည်းရှိလို့ ကားအငှားဆွဲစားတာမျိုးမဟုတ်တော့ပဲ ဒေါ်လာဘီလျံချီပြီး ဝင်ရောက်လုံးထွေးသတ်ပုတ်ကြမယ့်စီးပွားရေးဟာ အမေရိကားမှာ ကြီးထွားလာတယ်။
.
နည်းပညာ၊ မိုဘိုင်းငွေကြေး နဲ့ ကားအငှားလုပ်ငန်းတွဲမိတဲ့အခါ အချီကြီးကြီးဝင်ရင်းကြသူတွေကြောင့် ကားအငှားလုပ်ငန်းဟာ လူစုံပြီးပွဲစည်လာတယ်။
.
နောက်ပိုင်းမှာ ဓါတ်ဆီမသုံးတဲ့ဘက်ထရီကား၊ လျှပ်စစ်ကား၊ မောင်းသူမဲ့ - Driverless Car တို့အပြင် အခုနောက်ဆုံး Uber က Driverless Taxi ကို ကြိတ်ကြံနေတယ်ဆိုတဲ့အကြောင်း ဖောက်သည်ချလိုက်ပါတယ်။
.
ဆက်ရေးဖို့ သိပ်များများမကျန်တော့ပါဘူး။
.
ခင်လျက်
.
06-08-2016
.
.
.
" အေမရိကန္ကုမၸဏီေတြဘယ္လုိအလုပ္လုပ္ၾကသလဲ ? အျပီးသတ္။ အပုိင္း ( ၉ ) "
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.

.
ႏိုင္ငံတြင္းမွာ ကုန္သြယ္ေရးစီးဆင္းမႈေကာင္းမြန္ျပီး ကမၻာမွာစစ္ေရးအင္အားအၾကီးဆံုးျဖစ္တဲ႕ အေမရိကန္ႏိုင္ငံမွာ သာမန္စီးပြားေရးအျပင္ ႏိုင္ငံရဲ႕ေငြလည္ပတ္မႈေတာ္ေတာ္မ်ားမ်ားကို ေခ်ာဆီထည္႕ေပးေနတဲ႕လုပ္ငန္းမ်ားစြာရွိပါတယ္။
.
ဒါေတြကို ကုမၸဏီေတြလုပ္တာရွိသလုိ ဝန္ထမ္းေတြ၊ ရဲေတြ နဲ႕ အလႊာအသီးသီးက လူအစံုလုပ္ၾကတယ္။ ဒါေပမယ္႕ အဲဒီကုမၸဏီေတြကို အစုိးရရံုးေတြမွာ သတင္းအခ်က္အလက္ေတြ သြားရွာၾကည္႕ရင္မေတြ႕ႏုိင္ပါဘူး။ ဒါ႕အျပင္ သူတုိ႕ရဲ႕ဘဏ္စာရင္းကိုလည္း တစ္ျခားလူအမည္နဲ႕ထားတာေတြကုိ ေတြ႕ရတတ္ပါတယ္။
.
.
တားဆီးထားတဲ႕နယ္စပ္ဂိတ္ေတြကို ကားေဘာ္ဒီထဲမွာထည္႕သြင္းျပီး ျဖတ္သန္းၾကတယ္။ စစ္ေဆးေရးဂိတ္ေတြကို ခရီးသည္ပါဆင္ဂ်ာကားတစ္စီးလံုးရဲ႕ကိုယ္ထည္ထဲမွာ ဝွက္သြင္းၾကတယ္။ နည္းလမ္းေတြရိုးလာတဲ႕အခါ ေျမေအာက္လိႈင္ေခါင္း - Tunnel တူးျပီး ကူးၾကတယ္။
.
ေျမေပၚကျဖတ္ရခက္လာတဲ႕အခါ ေရထဲကေန နည္းလမ္းရွာတယ္။ အသားေတြ ငါးေတြၾကားမွာေရာျပီး သေဘၤာစီးလာၾကတယ္။ ကြန္တိန္နာထဲမွာ တီဗီ၊ ကြန္ပ်ဴတာဆက္စပ္ပစၥည္းေတြၾကားမွာ လိုက္ပါၾကတယ္။ ေမာ္ေတာ္ဘုတ္စီးျပီး လိႈင္းၾကမ္း၊ ေလၾကမ္းမွာ နယ္စပ္ကမ္းလွည္႕ေရတပ္ကို လွည္႕ပတ္ျပီး ဝင္ၾကတယ္။
.
.
ေရထဲေရာ ေျမေပၚေရာ ခက္ခဲလာတဲ႕အခါ ေလေၾကာင္းကေန အသြင္းအမ်ိဳးမ်ိဳးေျပာင္းျပီး ခ်ီတက္လာျပန္တယ္။ ဝွက္သယ္လုိ႕ရတဲ႕ ခရီးသည္အိပ္ေဆာင္ေတြသာမက လူေတြရဲ႕အစာအိမ္ထဲမွာ မ်ိဳခ်သယ္ေဆာင္ၾကတယ္။ ေနာက္ပိုင္း ၾကပ္တည္းလာတဲ႕စစ္ေဆးေရးေတြေၾကာင္႕ စက္ေတြလြတ္တဲ႕ ကိုယ္ဝန္ေဆာင္ေတြ နဲ႕ ကယ္ရီရိုက္လာၾကတယ္။
.
အေမရိကန္ကုိသြင္းဖို႕သံုးတဲ႕ မကၠစီကိုႏုိင္ငံဘက္ကေလယာဥ္အေသးစားေတြနဲ႕ လစ္ရင္လစ္သလုိ မုိးပ်ံလာတယ္။ ဒါမ်ိဳးယဥ္သြားျပန္ရင္ ဖမ္းမိရင္ လူမမိေစတဲ႕ အေဝးထိန္းလူမဲ႕ေမာင္းႏွင္တဲ႕ယာဥ္ပ်ံ - Drone ေတြနဲ႕ ပါဆယ္ထုတ္ေတြ ဒီဘက္ျခံစည္းရိုးထဲကို ပစ္ခ်ၾကတယ္။
.
.
ေကာင္းေရာင္းေကာင္းဝယ္လုပ္ၾကတဲ႕ကုမၸဏီေတြရဲ႕ လည္ပတ္မႈေငြေၾကးက ဘယ္ေလာက္ရွိမွန္းမသိရေပမယ္႕ အထက္ကေျပာျပခဲ႕သလုိ ေျမကူး၊ ေရလူး၊ ေလရူးေတြေပၚက ဝင္လာၾကတဲ႕ တရားမဝင္မူးယစ္ေဆးဝါးေတြကို အေမရိကန္တစ္ႏုိင္ငံလံုးက သန္းေပါင္းမ်ားစြာေသာလူေတြဝယ္သံုးၾကတဲ႕ေငြေၾကးပမာဏဟာ သမၼတအိမ္ျဖဴေတာ္္ရဲ႕ ( ၂ဝ၁ဝ ) ထုတ္ျပန္ခ်က္အရ ေဒၚလာ ( ၁ဝ၉ ) ဘီလ်ံရွိတယ္ဆိုတာ သိရတယ္။
.
ဒီေငြေတြဘယ္ကေနလာၾကပါသလဲ? ကုမၸဏီေတြ၊ ရံုးေတြ၊ ဝန္ထမ္းေတြ၊ အစုိးရတာဝန္ထမ္းေဆာင္သူေတြ နဲ႕ ေက်ာင္းသားလူငယ္ေတြရဲ႕ နာရီစားလုပ္ခ - Hourly Wage နဲ႕ လစာ - Salary တို႕ကေန ထြက္လာပါတယ္။
.
ထီထုိးသလိုပါပဲ .. တစ္ေယာက္နည္းနည္းနဲ႕ဝိုင္းဝန္းဝယ္ယူသံုးစြဲေပးလုိက္တဲ႕ မူးယစ္ေဆးဝါးစီးပြားေရးလုပ္ကိုင္တဲ႕ အမည္မသိ - Anonymous လူပုဂၢိဳလ္ေတြ၊ ကုမၸဏီေတြ ဘယ္ေလာက္ပါဝင္ပတ္သက္ေနမယ္ဆုိတာကို မွန္းဆၾကည္႕ႏုိင္ပါတယ္။
.
.
ေဆးဝါး - Medicine ကုိ Drug လို႕တစ္မ်ိဳး သံုးႏႈန္းပါတယ္။ တရားဝင္ေဆးဝါးျဖစ္ရင္ေတာ႕ Legal Drug လို႕သံုးပါတယ္။ ဒါမွမဟုတ္ တရားဝင္ေသာ / မဝင္ေသာ မေရးသားပဲ Drug ဆိုရင္ေတာ႕ တရားမဝင္ ( မူးယစ္ေဆးဝါး ) လို႕ မွတ္ယူပါတယ္။ ဒါေပမယ္႕ တားျမစ္ေဆးေတြပါဝင္ေပမယ္႕ ေရာဂါကုဖို႕ေဖာ္စပ္ထားတဲ႕ေဆးရံုးသံုးေဆးဝါးဆုိရင္ေတာ႕ Medication  လို႕သံုးတာကုိ သတိခ်ပ္သင္႕ပါတယ္။
.
အမွန္က အေမရိကားကုိဝင္တဲ႕ မူးယစ္ေဆးဝါးမွာ အရင္ေခတ္က ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ ေနာက္ပိုင္းမွာ ကိုကင္း၊ ေဆးေျခာက္ တို႕ နဲ႕ တစ္ျခားအမည္ခံစိတ္ၾကြေဆးဝါးေတြအထိ အမ်ိဳးမ်ိဳးရွိၾကတယ္။ အကၡရာစဥ္ေျပာင္းျပန္အေနနဲ႕ ေဆးေျခာက္ - Marijuana ကုိ Zambi, Weed, Stack, Root, Reefer, Pot, Kush, Herb, Ganj, Ganja, Gandhi, Dope, Contraband , Chillums , Baby တုိ႕ဆုိျပီး နာမည္ဝွက္အေနနဲ႕ေခၚၾကတာကို အမ်ိဳးမ်ိဳးမွတ္သားဖူးပါတယ္။
.
.
ေျမဧရိယာက်ယ္ဝန္းလွတဲ႕ အေမရိကားမွာ စီးပြားေရးလုပ္ငန္းမ်ားစြာ ရွိၾကတယ္။ နယ္စပ္ထိစပ္မႈရွည္လ်ားတဲ႕ အိမ္နီးနားခ်င္းႏုိင္ငံေတြကသြင္းလာတဲ႕ လူသားအက်ိဳးမျပဳေဆးဝါးေတြေၾကာင္႕ ရဲဝန္ထမ္း၊ အေမရိကန္ေထာက္လွမ္းေရး - FBI – Federal Bureau of Inspection ၊ အေမရိကန္မူးယစ္ထိန္းခ်ဳပ္ေရးအဖြဲ႕ - DEA ( Drug Enforcement Administration ) ေတြကေန ဟိုးေအာက္ေျခအထိ အလုပ္မ်ိဳးစံုရၾကတယ္။
.
အေမရိကားမွာေရာင္းျပီးေပၚလာတဲ႕ေငြမည္းေတြကို အမည္ခံဖို႕ ဘဏ္ကုမၸဏီေတြ မတရားၾကီးထြားလာတယ္ .. ေငြလည္ပတ္မႈျမင္႕တက္လာတယ္။ အမွန္က အိမ္နီးနားခ်င္းကေနသြင္းလာေပမယ္႕ အမည္မခံတဲ႕လ်ိဳ႕ဝွက္မူးယစ္သူေ႒းၾကီးေတြက အဲဒီေငြေတြကို အရွံဳးျပေနတဲ႕အေယာင္ေဆာင္ကုမၸဏီၾကီးေတြဖြင္႕ျပီး အျမတ္ေငြစာရင္းေတြျပၾကေတာ႕ ဘ႑ာေရးက႑မွာ မီးခုိးၾကြက္ေလွ်ာက္ အလုပ္ေကာင္းၾကတယ္။
.
.
အဲဒီေငြေတြနဲ႕ စတိုးဆုိင္ေတြေထာင္ေတာ႕ ေဒသဆုိင္ရာျပည္သူေတြ အလုပ္ရၾကတယ္။ သူတို႕ကပဲ နာမယ္ၾကီးစားေသာက္ဆုိင္ေတြ အမ်ားအျပားပိုင္ၾကေတာ႕ လူအမ်ားၾကားမွာ အပုတ္နံ႕သင္းသင္းေလး နဲ႕ ဟင္းေစာ္နံ႕တဲ႕ေဒၚလာေတြ လူထုထဲစီးဝင္လာတယ္။
.
သစၥာေစာင္႕သိမႈ - Loyalty ကုိ ထိန္းသိမ္းဖို႕ တရားမဝင္လက္နက္ေရာင္းဝယ္ေရးေစ်းကြက္ ၾကီးသထက္ၾကီးလာတယ္။ တစ္ဆက္တည္း လက္စေဖ်ာက္မႈ၊ လူသတ္မႈ၊ လုယက္မႈ၊ အၾကမ္းဖက္မႈ နဲ႕ အုပ္စုလိုက္တစ္ဖက္နဲ႕တစ္ဖက္ေသနတ္ပစ္ခတ္မႈတို႕ဟာ အျမစ္မျပတ္ႏုိင္တဲ႕မူးယစ္ေဆးဝါးကုန္သြယ္မႈၾကီးထြားလာမႈကေန ကုမၸဏီေတြ နဲ႕ လူအမ်ားၾကီးကို အလုပ္ေပးထားတဲ႕ ျပယုဒ္ပါပဲ။
.
.
စီးပြားေရးေကာင္းမႈ၊ မေကာင္းမႈေတြက ဒီလိုဝင္ေငြေတြရဲ႕ထြက္ေပါက္ျဖစ္တဲ႕ အစိုးရကလက္လွမ္းမမွီတဲ႕ ေငြေၾကးခဝါခ်မႈ - Money Laundering ေတြကုိ ေလ႕လာၾကည္႕တဲ႕အခါ သူတို႕ေရာင္းလုိက္တဲ႕မူးယစ္ေဆးဝါးေငြေတြဟာ မကၠဆီကုိဘက္ကို စိန္တံုး အျဖစ္၊ ေရႊတံုးအျဖစ္ ျပန္သြားၾကတယ္။
.
ဒါေၾကာင္႕ တရားမဝင္ေငြလႊဲလုပ္တဲ႕ ကုမၸဏီေတြ မတရားခ်မ္းသာလာၾကျပန္တယ္။ တရားဝင္လုပ္ခြင္႕ရွိတဲ႕ ေလာင္းကစားရံုေတြကေန တရားမဝင္ေငြေၾကးေတြဟာ ေနာက္ဆံုးမွာ အေရာင္ကြ်တ္သြားၾကတယ္။ လူကုန္ကူးမႈေတြဟာ လုပ္ငန္းခြင္အသီးသီး နဲ႕ ဒုကၡသည္အျဖစ္ခံယူျပီး လူထုထဲမွာ စိမ္႕ဝင္သြားၾကတယ္။
.
.
အမ်ားျမင္သာတဲ႕ဥပမာတစ္ခုေပးရရင္ တရုတ္ႏုိင္ငံက အက်ီၤအေကာင္းစားေတြကုိမွာျပီး ေလာ႕အိမ္႕ဂ်လိစ္ လုိ ျမိဳ႕ၾကီးေတြရဲ႕ဂုိေဒါင္ေတြထဲမွာ အုတ္အေရာေရာ ေက်ာက္အေရာေရာ အေမရိကားကိုသြင္းၾကျပန္တယ္။
.
ဒါေၾကာင္႕ အေမရိကားမွာသံုးစြဲေနတဲ႕မူးယစ္ေဆးဝါးေတြေၾကာင္႕ လူသန္းေပါင္းမ်ားစြာ နဲ႕ ပုန္းလ်ွိဳးကြယ္ဝွက္ကုမၸဏီမ်ားစြာတုိရဲ႕ဝန္ထမ္းမ်ားအျပင္ အာရွတုိက္ကစက္မႈဇံုေတြအထိ အလုပ္ေပးထားမႈေတြ ရွိလာပါတယ္။
.
.
အခုျမန္မာႏုိင္ငံတစ္ဝုိက္မွာထုတ္လုပ္တဲ႕ ယာဘ ( ေခၚ ) စိတ္ၾကြရူးသြပ္ေဆးျပားတစ္ျပားကို ေတာၾကိဳေတာင္ၾကားထဲမွာ ဘယ္ေလာက္မွမေပးရပါဘူး။
.
ဒါေပမယ္႕ ဖမ္းမိတဲ႕ ျမန္မာအစိုးရရဲ႒ာနရဲ႕ ထုတ္ျပန္မႈေတြအရ တစ္ျပားကို ျမန္မာေငြ ( ၂ဝဝဝ ) နဲ႕ တြက္တာ ေရဒီယုိသတင္းေတြမွာ နားေထာင္ဖူးပါတယ္။
.
.
ဒီေဆးျပားကိုပဲ ႏုိက္ကလပ္မွာ၊ လမ္းေဘးမွာ၊ ေမွာ္ထဲမွာ တစ္ျပားကို က်ပ္ေငြ ( ၅ဝဝဝ ) နဲ႕ ဝယ္ရတယ္လို႕ ဖတ္ရတယ္။ ဒါေၾကာင္႕ ဘယ္ေလာက္ျမတ္လိုက္တဲ႕လုပ္ငန္းၾကီးဆုိတာ ကေလးေတြေတာင္သိႏုိင္ပါတယ္။
.
ဒီလုိအျမတ္အစြန္းေကာင္းလို႕လည္း အလႊာအသီးသီးကလူေတြ မစြန္႕လႊတ္ႏုိင္တာ ျဖစ္ေလာက္ပါတယ္။ လက္နက္အေရာင္းအဝယ္လုပ္ႏုိင္ေလာက္တဲ႕ ေငြေၾကးခ်မ္းသာမႈဟာ ဒီလုိလူတန္းစားေတြေလာက္နဲ႕မွ အလုပ္လုပ္လို႕ရၾကတယ္။ ဒါ႕အျပင္ နည္းပညာထြန္းကားတဲ႕ အေမရိကားမွာ တရားမဝင္လ်ွပ္စစ္ေငြေၾကးေတြနဲ႕ တစ္ေခတ္ဆန္းလာတာကုိ အစုိးရက မနည္းၾကီးသတိထားေနရျပန္တယ္။
.
.
ဒါေၾကာင္႕ ေဆာင္းပါး ( ၁ ) ကေန ( ၉ ) အထိ ျခံဳျပီးေျပာရရင္ အေမရိကားဟာ ေရေျမေတာေတာင္က်ယ္ဝန္းလွသလို လုပ္ငန္းေတြလည္း ေတာ္ေတာ႕ကိုစံုလွပါတယ္။ မေကာင္းမႈလည္းရွိသလို ေကာင္းမႈေကာင္းေၾကာင္းေတြနဲ႕ ရုိးသားၾကိဳးစားျပီးခ်မ္းသာသြားသူေတြ အမ်ားၾကီးပါ။
.
ဒါေၾကာင္႕ ေအာင္ျမင္တဲ႕ကုမၸဏီေတြမ်ားသလို ခလုတ္တုိက္ျပီး ဝန္ထမ္းစားရိတ္ေထာင္းျပီးမခံသာလုိ႕ ပိတ္သိမ္းသြားရတဲ႕ကုမၸဏီေတြ ကြ်န္ေတာ႕မ်က္စိေရွ႕မွာတင္ ျမင္ေနရတယ္။
.
.
ေသေသခ်ာခ်ာစဥ္းစားၾကည္႕ရင္ အစံုလုပ္တဲ႕အေမရိကန္ကုမၸဏီေတြၾကားမွာ မိမိရဲ႕လုပ္အားက ျဖဴစင္သန္႕ရွင္းတဲ႕လုပ္အားျဖစ္ဖို႕၊ လူသားအက်ိဳးျပဳတဲ႕အားထုတ္မႈတစ္ခုျဖစ္ဖို႕ ဗဟုသုတ၊ အသိပညာေတြကို မျပတ္တမ္းဆည္းပူးေလ႕လာတာ အေကာင္းဆံုးပါ။
.
ဒါေၾကာင္႕ ေစတနာအားျဖင္႕ စာအုပ္စာေပထဲမွာ၊ မီဒီယာေတြထဲမွာ၊ လူမႈကြန္ယက္ေတြမွာ စာမ်ားမ်ားဖတ္ျပီး သတိတရားနဲ႕ယွဥ္တဲ႕သံုးသပ္ဆင္ျခင္းကသာ အထိေရာက္ဆံုးနည္းလမ္းဆုိတာကို ေျပာၾကားရင္း ကြ်န္ေတာ႕ရဲ႕ေဆာင္းပါး ( ၉ ) တြဲကို အဆံုးသတ္လိုက္ပါရေစ။
.
ျပီးပါျပီ
.
ခင္လ်က္
.
06-11-2016
.
Reference: ဖတ္ဖူးတဲ႕စာအစံု၊ အင္တာနက္၊ Google ၊ Business Insider ၊ Investopedia  ၊ Netflix ( Streaming )
.
.
.
Myanmar Unicode Version:
.
.
" အမေရိကန်ကုမ္ပဏီတွေဘယ်လိုအလုပ်လုပ်ကြသလဲ ? အပြီးသတ်။ အပိုင်း ( ၉ ) "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
နိုင်ငံတွင်းမှာ ကုန်သွယ်ရေးစီးဆင်းမှုကောင်းမွန်ပြီး ကမ္ဘာမှာစစ်ရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ သာမန်စီးပွားရေးအပြင် နိုင်ငံရဲ့ငွေလည်ပတ်မှုတော်တော်များများကို ချောဆီထည့်ပေးနေတဲ့လုပ်ငန်းများစွာရှိပါတယ်။
.
ဒါတွေကို ကုမ္ပဏီတွေလုပ်တာရှိသလို ဝန်ထမ်းတွေ၊ ရဲတွေ နဲ့ အလွှာအသီးသီးက လူအစုံလုပ်ကြတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီတွေကို အစိုးရရုံးတွေမှာ သတင်းအချက်အလက်တွေ သွားရှာကြည့်ရင်မတွေ့နိုင်ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ဘဏ်စာရင်းကိုလည်း တစ်ခြားလူအမည်နဲ့ထားတာတွေကို တွေ့ရတတ်ပါတယ်။
.
.
တားဆီးထားတဲ့နယ်စပ်ဂိတ်တွေကို ကားဘော်ဒီထဲမှာထည့်သွင်းပြီး ဖြတ်သန်းကြတယ်။ စစ်ဆေးရေးဂိတ်တွေကို ခရီးသည်ပါဆင်ဂျာကားတစ်စီးလုံးရဲ့ကိုယ်ထည်ထဲမှာ ဝှက်သွင်းကြတယ်။ နည်းလမ်းတွေရိုးလာတဲ့အခါ မြေအောက်လှိုင်ခေါင်း - Tunnel တူးပြီး ကူးကြတယ်။
.
မြေပေါ်ကဖြတ်ရခက်လာတဲ့အခါ ရေထဲကနေ နည်းလမ်းရှာတယ်။ အသားတွေ ငါးတွေကြားမှာရောပြီး သင်္ဘောစီးလာကြတယ်။ ကွန်တိန်နာထဲမှာ တီဗီ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေကြားမှာ လိုက်ပါကြတယ်။ မော်တော်ဘုတ်စီးပြီး လှိုင်းကြမ်း၊ လေကြမ်းမှာ နယ်စပ်ကမ်းလှည့်ရေတပ်ကို လှည့်ပတ်ပြီး ဝင်ကြတယ်။
.
.
ရေထဲရော မြေပေါ်ရော ခက်ခဲလာတဲ့အခါ လေကြောင်းကနေ အသွင်းအမျိုးမျိုးပြောင်းပြီး ချီတက်လာပြန်တယ်။ ဝှက်သယ်လို့ရတဲ့ ခရီးသည်အိပ်ဆောင်တွေသာမက လူတွေရဲ့အစာအိမ်ထဲမှာ မျိုချသယ်ဆောင်ကြတယ်။ နောက်ပိုင်း ကြပ်တည်းလာတဲ့စစ်ဆေးရေးတွေကြောင့် စက်တွေလွတ်တဲ့ ကိုယ်ဝန်ဆောင်တွေ နဲ့ ကယ်ရီရိုက်လာကြတယ်။
.
အမေရိကန်ကိုသွင်းဖို့သုံးတဲ့ မက္ကစီကိုနိုင်ငံဘက်ကလေယာဉ်အသေးစားတွေနဲ့ လစ်ရင်လစ်သလို မိုးပျံလာတယ်။ ဒါမျိုးယဉ်သွားပြန်ရင် ဖမ်းမိရင် လူမမိစေတဲ့ အဝေးထိန်းလူမဲ့မောင်းနှင်တဲ့ယာဉ်ပျံ - Drone တွေနဲ့ ပါဆယ်ထုတ်တွေ ဒီဘက်ခြံစည်းရိုးထဲကို ပစ်ချကြတယ်။
.
.
ကောင်းရောင်းကောင်းဝယ်လုပ်ကြတဲ့ကုမ္ပဏီတွေရဲ့ လည်ပတ်မှုငွေကြေးက ဘယ်လောက်ရှိမှန်းမသိရပေမယ့် အထက်ကပြောပြခဲ့သလို မြေကူး၊ ရေလူး၊ လေရူးတွေပေါ်က ဝင်လာကြတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေကို အမေရိကန်တစ်နိုင်ငံလုံးက သန်းပေါင်းများစွာသောလူတွေဝယ်သုံးကြတဲ့ငွေကြေးပမာဏဟာ သမ္မတအိမ်ဖြူတော်္ရဲ့ ( ၂ဝ၁ဝ ) ထုတ်ပြန်ချက်အရ ဒေါ်လာ ( ၁ဝ၉ ) ဘီလျံရှိတယ်ဆိုတာ သိရတယ်။
.
ဒီငွေတွေဘယ်ကနေလာကြပါသလဲ? ကုမ္ပဏီတွေ၊ ရုံးတွေ၊ ဝန်ထမ်းတွေ၊ အစိုးရတာဝန်ထမ်းဆောင်သူတွေ နဲ့ ကျောင်းသားလူငယ်တွေရဲ့ နာရီစားလုပ်ခ - Hourly Wage နဲ့ လစာ - Salary တို့ကနေ ထွက်လာပါတယ်။
.
ထီထိုးသလိုပါပဲ .. တစ်ယောက်နည်းနည်းနဲ့ဝိုင်းဝန်းဝယ်ယူသုံးစွဲပေးလိုက်တဲ့ မူးယစ်ဆေးဝါးစီးပွားရေးလုပ်ကိုင်တဲ့ အမည်မသိ - Anonymous လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ ဘယ်လောက်ပါဝင်ပတ်သက်နေမယ်ဆိုတာကို မှန်းဆကြည့်နိုင်ပါတယ်။
.
.
ဆေးဝါး - Medicine ကို Drug လို့တစ်မျိုး သုံးနှုန်းပါတယ်။ တရားဝင်ဆေးဝါးဖြစ်ရင်တော့ Legal Drug လို့သုံးပါတယ်။ ဒါမှမဟုတ် တရားဝင်သော / မဝင်သော မရေးသားပဲ Drug ဆိုရင်တော့ တရားမဝင် ( မူးယစ်ဆေးဝါး ) လို့ မှတ်ယူပါတယ်။ ဒါပေမယ့် တားမြစ်ဆေးတွေပါဝင်ပေမယ့် ရောဂါကုဖို့ဖော်စပ်ထားတဲ့ဆေးရုံးသုံးဆေးဝါးဆိုရင်တော့ Medication  လို့သုံးတာကို သတိချပ်သင့်ပါတယ်။
.
အမှန်က အမေရိကားကိုဝင်တဲ့ မူးယစ်ဆေးဝါးမှာ အရင်ခေတ်က ဘိန်းဖြူ၊ ဘိန်းစိမ်း၊ နောက်ပိုင်းမှာ ကိုကင်း၊ ဆေးခြောက် တို့ နဲ့ တစ်ခြားအမည်ခံစိတ်ကြွဆေးဝါးတွေအထိ အမျိုးမျိုးရှိကြတယ်။ အက္ခရာစဉ်ပြောင်းပြန်အနေနဲ့ ဆေးခြောက် - Marijuana ကို Zambi, Weed, Stack, Root, Reefer, Pot, Kush, Herb, Ganj, Ganja, Gandhi, Dope, Contraband , Chillums , Baby တို့ဆိုပြီး နာမည်ဝှက်အနေနဲ့ခေါ်ကြတာကို အမျိုးမျိုးမှတ်သားဖူးပါတယ်။
.
.
မြေဧရိယာကျယ်ဝန်းလှတဲ့ အမေရိကားမှာ စီးပွားရေးလုပ်ငန်းများစွာ ရှိကြတယ်။ နယ်စပ်ထိစပ်မှုရှည်လျားတဲ့ အိမ်နီးနားချင်းနိုင်ငံတွေကသွင်းလာတဲ့ လူသားအကျိုးမပြုဆေးဝါးတွေကြောင့် ရဲဝန်ထမ်း၊ အမေရိကန်ထောက်လှမ်းရေး - FBI – Federal Bureau of Inspection ၊ အမေရိကန်မူးယစ်ထိန်းချုပ်ရေးအဖွဲ့ - DEA ( Drug Enforcement Administration ) တွေကနေ ဟိုးအောက်ခြေအထိ အလုပ်မျိုးစုံရကြတယ်။
.
အမေရိကားမှာရောင်းပြီးပေါ်လာတဲ့ငွေမည်းတွေကို အမည်ခံဖို့ ဘဏ်ကုမ္ပဏီတွေ မတရားကြီးထွားလာတယ် .. ငွေလည်ပတ်မှုမြင့်တက်လာတယ်။ အမှန်က အိမ်နီးနားချင်းကနေသွင်းလာပေမယ့် အမည်မခံတဲ့လျို့ဝှက်မူးယစ်သူဋ္ဌေးကြီးတွေက အဲဒီငွေတွေကို အရှုံးပြနေတဲ့အယောင်ဆောင်ကုမ္ပဏီကြီးတွေဖွင့်ပြီး အမြတ်ငွေစာရင်းတွေပြကြတော့ ဘဏ္ဍာရေးကဏ္ဍမှာ မီးခိုးကြွက်လျှောက် အလုပ်ကောင်းကြတယ်။
.
.
အဲဒီငွေတွေနဲ့ စတိုးဆိုင်တွေထောင်တော့ ဒေသဆိုင်ရာပြည်သူတွေ အလုပ်ရကြတယ်။ သူတို့ကပဲ နာမယ်ကြီးစားသောက်ဆိုင်တွေ အများအပြားပိုင်ကြတော့ လူအများကြားမှာ အပုတ်နံ့သင်းသင်းလေး နဲ့ ဟင်းစော်နံ့တဲ့ဒေါ်လာတွေ လူထုထဲစီးဝင်လာတယ်။
.
သစ္စာစောင့်သိမှု - Loyalty ကို ထိန်းသိမ်းဖို့ တရားမဝင်လက်နက်ရောင်းဝယ်ရေးဈေးကွက် ကြီးသထက်ကြီးလာတယ်။ တစ်ဆက်တည်း လက်စဖျောက်မှု၊ လူသတ်မှု၊ လုယက်မှု၊ အကြမ်းဖက်မှု နဲ့ အုပ်စုလိုက်တစ်ဖက်နဲ့တစ်ဖက်သေနတ်ပစ်ခတ်မှုတို့ဟာ အမြစ်မပြတ်နိုင်တဲ့မူးယစ်ဆေးဝါးကုန်သွယ်မှုကြီးထွားလာမှုကနေ ကုမ္ပဏီတွေ နဲ့ လူအများကြီးကို အလုပ်ပေးထားတဲ့ ပြယုဒ်ပါပဲ။
.
.
စီးပွားရေးကောင်းမှု၊ မကောင်းမှုတွေက ဒီလိုဝင်ငွေတွေရဲ့ထွက်ပေါက်ဖြစ်တဲ့ အစိုးရကလက်လှမ်းမမှီတဲ့ ငွေကြေးခဝါချမှု - Money Laundering တွေကို လေ့လာကြည့်တဲ့အခါ သူတို့ရောင်းလိုက်တဲ့မူးယစ်ဆေးဝါးငွေတွေဟာ မက္ကဆီကိုဘက်ကို စိန်တုံး အဖြစ်၊ ရွှေတုံးအဖြစ် ပြန်သွားကြတယ်။
.
ဒါကြောင့် တရားမဝင်ငွေလွှဲလုပ်တဲ့ ကုမ္ပဏီတွေ မတရားချမ်းသာလာကြပြန်တယ်။ တရားဝင်လုပ်ခွင့်ရှိတဲ့ လောင်းကစားရုံတွေကနေ တရားမဝင်ငွေကြေးတွေဟာ နောက်ဆုံးမှာ အရောင်ကျွတ်သွားကြတယ်။ လူကုန်ကူးမှုတွေဟာ လုပ်ငန်းခွင်အသီးသီး နဲ့ ဒုက္ခသည်အဖြစ်ခံယူပြီး လူထုထဲမှာ စိမ့်ဝင်သွားကြတယ်။
.
.
အများမြင်သာတဲ့ဥပမာတစ်ခုပေးရရင် တရုတ်နိုင်ငံက အကျီၤအကောင်းစားတွေကိုမှာပြီး လော့အိမ့်ဂျလိစ် လို မြို့ကြီးတွေရဲ့ဂိုဒေါင်တွေထဲမှာ အုတ်အရောရော ကျောက်အရောရော အမေရိကားကိုသွင်းကြပြန်တယ်။
.
ဒါကြောင့် အမေရိကားမှာသုံးစွဲနေတဲ့မူးယစ်ဆေးဝါးတွေကြောင့် လူသန်းပေါင်းများစွာ နဲ့ ပုန်းလျှိုးကွယ်ဝှက်ကုမ္ပဏီများစွာတိုရဲ့ဝန်ထမ်းများအပြင် အာရှတိုက်ကစက်မှုဇုံတွေအထိ အလုပ်ပေးထားမှုတွေ ရှိလာပါတယ်။
.
.
အခုမြန်မာနိုင်ငံတစ်ဝိုက်မှာထုတ်လုပ်တဲ့ ယာဘ ( ခေါ် ) စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြားကို တောကြိုတောင်ကြားထဲမှာ ဘယ်လောက်မှမပေးရပါဘူး။
.
ဒါပေမယ့် ဖမ်းမိတဲ့ မြန်မာအစိုးရရဲဋ္ဌာနရဲ့ ထုတ်ပြန်မှုတွေအရ တစ်ပြားကို မြန်မာငွေ ( ၂ဝဝဝ ) နဲ့ တွက်တာ ရေဒီယိုသတင်းတွေမှာ နားထောင်ဖူးပါတယ်။
.
.
ဒီဆေးပြားကိုပဲ နိုက်ကလပ်မှာ၊ လမ်းဘေးမှာ၊ မှော်ထဲမှာ တစ်ပြားကို ကျပ်ငွေ ( ၅ဝဝဝ ) နဲ့ ဝယ်ရတယ်လို့ ဖတ်ရတယ်။ ဒါကြောင့် ဘယ်လောက်မြတ်လိုက်တဲ့လုပ်ငန်းကြီးဆိုတာ ကလေးတွေတောင်သိနိုင်ပါတယ်။
.
ဒီလိုအမြတ်အစွန်းကောင်းလို့လည်း အလွှာအသီးသီးကလူတွေ မစွန့်လွှတ်နိုင်တာ ဖြစ်လောက်ပါတယ်။ လက်နက်အရောင်းအဝယ်လုပ်နိုင်လောက်တဲ့ ငွေကြေးချမ်းသာမှုဟာ ဒီလိုလူတန်းစားတွေလောက်နဲ့မှ အလုပ်လုပ်လို့ရကြတယ်။ ဒါ့အပြင် နည်းပညာထွန်းကားတဲ့ အမေရိကားမှာ တရားမဝင်လျှပ်စစ်ငွေကြေးတွေနဲ့ တစ်ခေတ်ဆန်းလာတာကို အစိုးရက မနည်းကြီးသတိထားနေရပြန်တယ်။
.
.
ဒါကြောင့် ဆောင်းပါး ( ၁ ) ကနေ ( ၉ ) အထိ ခြုံပြီးပြောရရင် အမေရိကားဟာ ရေမြေတောတောင်ကျယ်ဝန်းလှသလို လုပ်ငန်းတွေလည်း တော်တော့ကိုစုံလှပါတယ်။ မကောင်းမှုလည်းရှိသလို ကောင်းမှုကောင်းကြောင်းတွေနဲ့ ရိုးသားကြိုးစားပြီးချမ်းသာသွားသူတွေ အများကြီးပါ။
.
ဒါကြောင့် အောင်မြင်တဲ့ကုမ္ပဏီတွေများသလို ခလုတ်တိုက်ပြီး ဝန်ထမ်းစားရိတ်ထောင်းပြီးမခံသာလို့ ပိတ်သိမ်းသွားရတဲ့ကုမ္ပဏီတွေ ကျွန်တော့မျက်စိရှေ့မှာတင် မြင်နေရတယ်။
.
.
သေသေချာချာစဉ်းစားကြည့်ရင် အစုံလုပ်တဲ့အမေရိကန်ကုမ္ပဏီတွေကြားမှာ မိမိရဲ့လုပ်အားက ဖြူစင်သန့်ရှင်းတဲ့လုပ်အားဖြစ်ဖို့၊ လူသားအကျိုးပြုတဲ့အားထုတ်မှုတစ်ခုဖြစ်ဖို့ ဗဟုသုတ၊ အသိပညာတွေကို မပြတ်တမ်းဆည်းပူးလေ့လာတာ အကောင်းဆုံးပါ။
.
ဒါကြောင့် စေတနာအားဖြင့် စာအုပ်စာပေထဲမှာ၊ မီဒီယာတွေထဲမှာ၊ လူမှုကွန်ယက်တွေမှာ စာများများဖတ်ပြီး သတိတရားနဲ့ယှဉ်တဲ့သုံးသပ်ဆင်ခြင်းကသာ အထိရောက်ဆုံးနည်းလမ်းဆိုတာကို ပြောကြားရင်း ကျွန်တော့ရဲ့ဆောင်းပါး ( ၉ ) တွဲကို အဆုံးသတ်လိုက်ပါရစေ။
.
ပြီးပါပြီ
.
ခင်လျက်
.
06-11-2016
.
Reference: ဖတ်ဖူးတဲ့စာအစုံ၊ အင်တာနက်၊ Google ၊ Business Insider ၊ Investopedia  ၊ Netflix ( Streaming )












No comments: