ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 13, 2016

ခရီးသည္ေတြကိုမေျပာျပတဲ႕ ေလယာဥ္မွဴးတုိ႕ရဲ႕အေၾကာက္တရားမ်ား

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ေဝဟင္မွာ ေလယာဥ္ေမာင္းႏုိင္ဖို႕ဆိုတာ ေတာ္ရံုတန္ရံုေလ႕က်င္႕ထားရံုနဲ႕မရႏိုင္ပါ။ ကုိယ္၏က်န္းမာျခင္း၊ စိတ္၏အရာရာအေပၚအျမန္ႏွင္႕မွန္မွန္ဆံုးျဖတ္ႏုိင္ျခင္း၊ အခက္အခဲၾကားမွ အသက္ေပါင္းမ်ားစြာကုိကယ္ထုတ္ႏုိင္ျခင္း စတဲ႕ ဖ်တ္လတ္တဲ႕စိတ္မ်ားပိုင္ဆိုင္လာေအာင္ အမ်ိဳးမ်ိဳးစခန္းသြင္းေလ႕က်င္႕၊ အဖံုဖံုစမ္းသပ္ခံျပီးမွ ေလဟုန္မွာစီယာတိုင္ကိုင္ခြင္႕ရတာမ်ိဳး ျဖစ္ပါတယ္။
.
အင္တာနက္စာမ်က္ႏွာ Reddit သံုးစြဲသူတစ္ဦးရဲ႕ “ ခရီးသည္ေတြသိျမင္ႏုိင္ေလာက္တဲ႕ ေလယာဥ္မွဴးေတြအေၾကာက္ဆံုးဟာ ဘယ္အခ်ိန္ေတြျဖစ္ပါသလဲ ” ဆုိတဲ႕မွတ္ခ်က္တစ္ခုေၾကာင္႕ အမ်ားျပည္သူသိပ္မသိတဲ႕၊ သာမန္အားျဖင္႕ သိဖို႕နက္နဲတဲ႕အေၾကာင္းရင္းေလးေတြကို ေလ႕လာခြင္႕ရလာပါတယ္။
.
မွတ္ခ်က္အတြက္ တစ္ဆင္႕ခ်င္းေျဖေပးသြားတာက ဒီလိုပါ..။
.
.
.
။။။။။။။။။။ ေလယာဥ္တစ္စီးလံုး မီးပ်က္သြားတဲ႕အခါ ။။။။။။။။။။
.
.
အဲယားဘတ္စ္ ၃၂ဝ - Airbus 320 ေမာင္းေနတဲ႕ ေလယာဥ္မွဴးတစ္ဦးက အျမင္႕ေပ ( ၂၃ဝဝဝ ) အေရာက္မွာ ေလယာဥ္တစ္စီးလံုး ဘာမီးမွမရွိေတာ႕တဲ႕အျဖစ္အပ်က္ကို ျပန္ေျပာျပေနပါတယ္။
.
တစ္ကယ္လို႕ တစ္နာရီ ကီလိုမီတာ ( ၁ဝဝ ) အျမန္ႏႈန္းနဲ႕ အျမန္လမ္းေပၚမွာေမာင္းေနတဲ႕ကားရဲ႕မွန္ေတြအကုန္လံုးကို အေမွာင္က်သြားေအာင္ကာပစ္လိုက္ရင္ ဘယ္လိုျဖစ္သြားမလဲ ?

.
ဘာ ဒိုင္ခြက္၊ ဘာ မီတာကုိမွလည္း မျမင္ရေတာ႕ဘူး .. ဘယ္ ဆက္သြယ္ေရးခလုတ္မွလည္း မီးမလင္းေတာ႕ဘူး ... လီဗာလည္း နင္းမရဘူး .. ဘရိတ္လည္း ဖမ္းမရဘူး .. ဒါေပမယ္႕ အဲဒီထိန္းမရတဲ႕ကားဟာ အရွိန္တစ္ခုနဲ႕သြားေနတာကို သိေနတယ္..။ ဘယ္ေလာက္ စိတ္ပ်က္ဖို႕ေကာင္းသလဲ..။
.
.
.
။။။။။။။။။။ အနံ႕အသက္ဆိုးေတြကုိ မခံႏုိင္တဲ႕အခါ ။။။။။။။။။။
.
.
ဂါးဒီယန္းသတင္းစာရဲ႕အစီရင္ခံစာတစ္ေစာင္အရ ေလယာဥ္ဦးခန္း - Cockpit ထဲမွာ မခံမရပ္ႏုိင္ေလာက္တဲ႕ ဂက္စ္ေငြ႕၊ မီးခိုး နဲ႕ ေရေငြ႕ေတြရွဴမိဖို႕ဆုိတာ ျဖစ္ေနက် ျမင္ေနက် မဟုတ္ပါ။
.
သုိ႕ေသာ္လည္း စီးပြားကိုက္တင္တဲ႕ေလယာဥ္ရဲ႕ထူထပ္တဲ႕လူဦးေရေၾကာင္႕ ခရီးသည္ေတြသယ္လာတဲ႕ ပစၥည္းပစၥယေတြကေန မူးေလာက္တဲ႕ေရေမႊးနံ႕၊ ရီေဝေဝျဖစ္သြားေလာက္တဲ႕ တုိင္းရင္းသားေပါင္းစံုတို႕ရဲ႕ ကာလာစံုကုိယ္အနံ႕ေတြေၾကာင္႕ ကပၸတိန္ နဲ႕ လက္ေထာက္ေလယာဥ္မွဴးတို႕ၾကား ေကာင္းမြန္စြာဆက္သြယ္စကားေျပာလုိ႕မရတဲ႕အခ်ိန္ေတြဆုိတာ ရွိၾကပါတယ္။
.
တစ္ကယ္ျဖစ္ျပီဆိုရင္ ေလယာဥ္ဝန္ထမ္းေတြကိုေဆးရံုတင္ရတတ္သလို ေလယာဥ္မွဴးေတြမွာလည္း အေရးေပၚေအာက္စီဂ်င္ရွဴရတဲ႕အေနအထားေတြ ရွိခဲ႕ပါတယ္။ ဒီလိုကိစၥေတြကိုေတာ႕  ခရီးသည္ေတြကုိ ထုတ္ျပန္ေျပာျပေလ႕မရွိပါဘူး။
.
.
.
။။။။။။။။။။ ေလယာဥ္မွဴးသတိေမ႕ေမ်ာသြားတဲ႕အခါ ။။။။။။။။။။
.
.
လူအမ်ားထင္ေနၾကသလို ေလလိႈင္းလူးတဲ႕အခ်ိန္ - Turbulence ဟာ ေလယာဥ္ပ်က္က်ေလာက္ေအာင္ ျခိမ္းေျခာက္မႈ မရွိပါဘူး။ ဒီလုိဆိုလုိက္လို႕ ခရီးသည္ေတြနဲ႕ေလယာဥ္မွဴးတို႕ဟာ ထိခိုက္ဒဏ္ရာမရဘူးလို႕ မယူဆသြားေစခ်င္ဘူး။
.
တစ္ခါတုန္းကဆို အတက္အက်ၾကမ္းလြန္းတဲ႕ေလလိႈင္းပုတ္တဲ႕အခါ ေမာင္းသက္ ( ၁၂ ) ႏွစ္ရွိျပီးထားတဲ႕ကပၸတိန္ဟာ ထိန္းခ်ဳပ္ခန္းရဲ႕မ်က္ႏွာက်က္ႏႈတ္ခမ္းနဲ႕ရိုက္မိတာမွာ သတိေမ႕သြားဖူးပါတယ္။
.
လက္ေထာက္ေလယာဥ္မွဴးက ေလယာဥ္တစ္စီးလံုးကို ပိုင္ႏုိင္စြာထိန္းေက်ာင္းျပီးသြားတဲ႕ေနာက္မိနစ္အနည္းငယ္အၾကာမွာ ကံေကာင္းေထာက္မစြာ ကပၸတိန္ၾကီးျပန္သတိရလာပါတယ္။ ဒါကိုေရာ ရာနဲ႕ခ်ီတဲ႕ ခရီးသည္ေတြ သိမယ္ထင္ပါသလား? အမွန္တစ္ကယ္မွာေတာ႕ အျဖစ္အပ်က္က ဒီေလာက္အထိ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ မျပီးဆံုးခဲ႕ပါဘူး။
.
.
.
။။။။။။။။။။ မီးေတာင္ကျပာမႈန္ေတြကို မႈတ္ထုတ္လိုက္တဲ႕အခါ  ။။။။။။။။။။
.
.
မီးေတာင္ေၾကာင္႕ျဖစ္ေပၚလာတဲ႕ ေလထုထဲက ျပာမႈန္ေတြဟာ ေလယာဥ္ေတြရဲ႕ေဘးကင္းလံုျခံဳေရးကို ျခိမ္းေျခာက္ပါတယ္။ ျပာေတြေၾကာင္႕ဖြဲ႕တည္လာတဲ႕တိမ္တိုက္ထဲေရာက္ေနၾကတဲ႕ ခရီးသည္ေတြဟာ ဒီကိစၥဘယ္ေလာက္အထိ အႏၱရာယ္ရွိတယ္ဆိုတာကို သိမွသိၾကပါ႕မလား?
.
တစ္ခါတုန္းကဆို အက္နာမီးေတာင္ - Mount Etna က မႈတ္ထုတ္လိုက္တဲ႕ ျပာတိမ္တိုက္မည္းထဲကို မလြဲမသာေရာက္သြားရတဲ႕အခါ ေလယာဥ္မွဴးခမ်ာ အေရးေပၚသက္ဆင္းဖို႕မေၾကျငာႏုိင္မွီ ေလယာဥ္ကုိ မိနစ္ ( ၂ဝ ) ၾကာ ေၾကာက္ရြံ႕တုန္လႈပ္စြာ ထိန္းေမာင္းခဲ႕ရပါတယ္။
.
.
အမ်ားသိၾကတဲ႕အတိုင္း မီးေတာင္ျပာေငြ႕ထဲမွာ ေက်ာက္ေသြးေက်ာက္စ နဲ႕ ဖန္သားအပုိင္းအစေတြပါတဲ႕အျပင္ ခရီးရွည္ႏွင္လာတဲ႕ ဂ်က္အင္ဂ်င္ရဲ႕အပူခ်ိန္ဟာလည္း အဲဒီျဒပ္ထုေတြကို အရည္ေဖ်ာ္ဖို႕အဆင္သင္႕ျဖစ္ေနတတ္ပါတယ္။
.
ဒါ႕အျပင္ ေလယာဥ္အတြင္းပိုင္းစက္ခန္းရဲ႕ အေရးၾကီးတဲ႕ ေလဖိအားစက္ေတြကို ဘရိတ္ဓားနဲ႕မႊမ္းေနသလို ဖ်က္ဆီးႏုိင္ရံုမက ေလဝင္ေလထြက္ေပါက္ေတြကုိပိတ္ေစႏုိင္တာမုိ႕လို႕ အင္ဂ်င္ကုိရပ္တန္႕သြားေစႏုိင္တဲ႕အထိ အစြမ္းရွိၾကတယ္။
.
အဆိုးဆံုးအခ်က္က လွ်ပ္စီးပါ။ မီးေတာင္ျပာတိမ္မည္းေတြသယ္လာတဲ႕ မျမင္ရတဲ႕လွ်ပ္စစ္ေရွာ႕ခ္ ေတြေၾကာင္႕ ေလယာဥ္ရဲ႕ ထိန္းခ်ဳပ္လည္ပတ္တဲ႕ ကြန္ပ်ဴတာစံနစ္ခြ်တ္ယြင္းျခင္းကုိ ခ်က္ခ်င္းျဖစ္ေပၚေစတတ္ပါတယ္။ ကံအေၾကာင္းမလွရင္ အႏၱရာယ္စက္ကြင္းထဲကို အခ်ိန္မေရြးက်ေရာက္သြားႏုိင္ပါတယ္။
.
.
.
။။။။။။။။။။ ေလယာဥ္ဦးခန္းျပဴတင္းေပါက္ ပြင္႕ထြက္သြားတဲ႕အခါ ။။။။။။။။။။
.
.
ျပန္ေျပာျပတဲ႕အေတြ႕အၾကံဳတစ္ခုအရ  ေလယာဥ္ေရွ႕မွန္ပြင္႕ထြက္သြားတဲ႕အခ်ိန္မွာ အခုေျပာျပသူရဲ႕အေမဟာ ေလယာဥ္ထိန္းခ်ဳပ္ခန္းအတြင္းမွာ ရွိေနခဲ႕တာပါတဲ႕..။ ဒါေပမယ္႕ ကံအေၾကာင္းအားေလ်ာ္စြာ ေလယာဥ္ဟာ ကြင္းအတြင္းဆင္းျပီးခါစအခ်ိန္ျဖစ္လို႕ အားလံုးေဘးကင္းခဲ႕တယ္။ အဲဒီလိုမွမဟုတ္ပဲ ေလထဲမွာျဖစ္ခဲ႕ရင္ေတာ႕ ဇာတ္လမ္းက တစ္မ်ိဳးတစ္ဖံုေျပာင္းသြားႏုိင္ပါတယ္။
.
ဒီလိုအျဖစ္မ်ိဳးနဲ႕ခပ္ဆင္ဆင္ မေတာ္တဆမႈေနာက္တစ္ခုက ( ၁၉၉ဝ ) ခုႏွစ္မွာ ျဖစ္ပြားခဲ႕ပါေသးတယ္။ အဲဒီတုန္းက ေလယာဥ္ကပၸတိန္ကို ျပင္ပက ေလေအးၾကမ္းၾကီးက စုတ္ယူသြားခဲ႕တာပါ။ ဒါေပမယ္႕ လ်ွင္ျမန္ဖ်တ္လတ္တဲ႕ အနားကလက္ေထာက္ေလယာဥ္မွဴးက ကပၸတိန္ရဲ႕လက္ေကာက္ဝတ္ကေန ျမဲျမဲျမံျမံဆြဲထားလို႕ အေရးေပၚမဆင္းသက္ႏုိင္ခင္အခ်ိန္အထိ ျပဴတင္းေပါက္မွာ မိနစ္ ( ၂ဝ ) ေက်ာ္ၾကာ တန္းလန္းၾကီးျဖစ္ေနခဲ႕ပါတယ္။
.
ဒါေပမယ္႕ သူ အသက္ရွင္ခဲ႕တယ္။ အခု ဒီ မေမ႕ႏုိင္ဖြယ္ရာ စြန္႕စားခန္းကို ေသေဘးကသီသီေလးလြတ္ခဲ႕တဲ႕ ကပၸတိန္ကိုယ္တိုင္ ျပန္ေျပာျပခဲ႕တာျဖစ္ပါတယ္။
.
.
.
။။။။။။။။။။ ေလထဲမွာ ဗံုးလန္႕တဲ႕အခါ ။။။။။။။။။။
.
.
တစ္ခါတုန္းက ေမ႕ေလာက္ေအာင္ေမာင္းရတဲ႕ ပင္လယ္သမုဒၵရာၾကီးကိုျဖတ္ေက်ာ္တုန္း ေလယာဥ္ထဲမွာဗံုးပါလာတယ္လို႕သိရတဲ႕အခါမ်ိဳးမွာ ေလယာဥ္မွဴးတစ္ေယာက္ ဘယ္ေလာက္စိတ္ညစ္မယ္ဆိုတာ ေတြးၾကည္႕ႏုိင္ပါတယ္။
.
သူလုပ္ႏုိင္တာက ေစာင္႕ဖို႕  .. ျပီးရင္ ဘာမွမျဖစ္ပါေစနဲ႕လို႕ ေမွ်ာ္လင္႕ဖုိ႕ .. ဆုိတာကလြဲရင္ တစ္ျခားဘာမွမတတ္ႏုိင္ပါဘူး။ ေအာက္မွာက ပင္လယ္ၾကီးဆိုေတာ႕ အေရးေပၚေျပးဆင္းလို႕လည္း မရဘူးေလ။ အဲဒီအျဖစ္အပ်က္ကုိ ခရီးသည္တစ္ေယာက္တစ္ေလမွ မသိရွိသြားၾကပါဘူး။
.
.
.
။။။။။။။။။။ ေလထဲမွာ ေနာက္ထပ္ေလယာဥ္တစ္စီးနဲ႕ တိုက္မလိုျဖစ္တဲ႕အခါ ။။။။။။။။။။
.
.
တစ္ခါတစ္ေလမွာ ေျမျပင္ေလယာဥ္ထိန္းခ်ဳပ္ေရးစခန္းေတြက အမွား ထထလုပ္ပါတယ္။ က်ယ္ေျပာလွတဲ႕ေကာင္းကင္ယံထဲမွာ ေလယာဥ္ေတြတုိက္မလိုျဖစ္ရတာ မၾကာခဏပါ။
.
ကပ္သီးေလးလြဲသြားတဲ႕ေလယာဥ္နဲ႕ ထိမိလုနီးနီးျဖစ္ခဲ႕တာကို ကပၸတိန္တစ္ေယာက္က ေျပာျပေနပါတယ္။ ေလယာဥ္တစ္စီးလံုး သိမ္႕သိမ္႕တုန္သြားတာမို႕လို႕ ျဖစ္လိုက္လို႕ကေတာ႕ မလြယ္ေရးခ်ာ႕ မလြယ္ပါ။ ခရီးသည္တစ္ခ်ိဳ႕သတိျပဳမိေပမယ္႕ ေလယာဥ္ဝန္ထမ္းေတြက ေလလိႈင္းလူးတဲ႕ Turbulence လို႕ပဲ ေၾကျငာလိုက္ပါတယ္။
.
ဒါကိုၾကံဳခဲ႕တဲ႕ ကပၸတိန္က “ ခရီးသည္တစ္ဦးဦးကေမးရင္ေတာ႕ အမွန္အတိုင္း ရိုးရုိးသားသားေျပာျပလိုက္မွာပါ။ ဒါေပမယ္႕ ဘယ္ေလာက္အထိ ရွပ္ပ်ံသြားတယ္ဆုိတာကိုေတာ႕ အသိေပးျဖစ္မွာမဟုတ္ပါဘူး ” လို႕ ဖြင္႕ဟသြားပါတယ္။
.
.
.
။။။။။။။။။။ ေျပးလမ္းအတက္အဆင္းမွာ ခ်ိတ္မိမလိုျဖစ္တဲ႕အခါ ။။။။။။။။။
.
.
တစ္စီးကအတက္ ေနာက္တစ္စီးကအဆင္း၊ တစ္စီးကဆင္း ေနာက္တစ္စီးက ေျပးလမ္းတိုမွာ ရပ္ေစာင္႕၊ တစ္စီးတက္တုန္း ေဘးတစ္လမ္းမွာ ေနာက္တစ္စီးဆင္း စသျဖင္႕ မေတာ္တဆျဖစ္မယ္ဆုိရင္ ေနရာတိုင္းျဖစ္ႏုိ္င္တာပါပဲ။
.
.
.
။။။။။။။။။။ ရုတ္တရက္မိုးၾကီးရြာခ်လုိ႕ ဘာမွမျမင္ရတဲ႕အခါ ။။။။။။။။။။
.
.
“ ေလယာဥ္ကြင္းရဲ႕ ( ၃ ) မိုင္အကြာမွာ မိုးရိပ္မည္းၾကီးရြာေနတာ လွမ္းျမင္ေနရတယ္။ ေလဆိပ္ကို မေရာက္ေလာက္ေသးဘူးလို႕ထင္မိတဲ႕အခ်ိန္မွာ ေပ ( ၁ဝဝ ) ေလာက္တက္မိသြားတဲ႕အခ်ိန္ ကြ်န္ေတာ႕ေလယာဥ္ကို မုိးသည္းက လြႊမ္းျခံဳသြားပါတယ္ ”
.
“ ကြ်န္ေတာ္ ခ်က္ခ်င္းလွည္႕ထြက္ဖို႕ျပင္တယ္။ အဲဒီအခ်ိန္က ေျမျပင္ကေန ေပ ( ၂ဝ ) အျမင္႕ေလာက္ပဲေရာက္ေသးတယ္။ ဒါနဲ႕ မျမင္မကန္းနဲ႕ဆက္တက္သြားတာေပါ႕။ မုိးလြတ္တဲ႕ ေပ ( ၅ဝဝ ) ေလာက္လည္းေရာက္ေရာ အားလံုးကိုျမင္ရလာတယ္ ”
.
“ အဲဒီအခ်ိန္မွာ ကြ်န္ေတာ႕ေရွ႕မွာရွိေနတာက ရဟတ္ယာဥ္တစ္စင္းေလ .. ကြန္ပ်ဴတာက သတိေပးေနတယ္။ ကြ်န္ေတာ႕တစ္သက္မွာ ဒီေလာက္ေၾကာက္ဖို႕ေကာင္းတဲ႕ ေလယာဥ္ေမာင္းအေတြ႕အၾကံဳ တစ္ခါမွမၾကံဳခဲ႕ဖူးဘူး ” ဆုိျပီး ကပၸတိန္တစ္ေယာက္က ရွင္းျပသြားတာျဖစ္ပါတယ္။
.
.
.
ဒါေၾကာင္႕မုိ႕လို႕ အစပိုင္းတုန္းကေျပာခဲ႕သလုိ ေလယာဥ္မွဴးေတြဟာ ခရီးမထြက္ခင္ က်န္းမာေရးေကာင္းရမယ္ျဖစ္သလို စိတ္၏ ၾကည္လင္ျခင္း၊ ခႏၶာကိုယ္၏ ေတာင္႕တင္းျခင္း၊ အလုပ္၏ ယံုၾကည္ျခင္း နဲ႕ ဆံုးျဖတ္ခ်က္၏ မွန္ကန္ျခင္းတုိ႕နဲ႕ျပည္႕စံုဖုိ႕ဆိုတာ ေတာ္ေတာ႕ကုိ ျပင္ဆင္ထားမွ ျဖစ္ပါမယ္။
.
စီးနင္းတဲ႕ခရီးသည္ေတြအတြက္ေတာ႕ မိမိအသက္ကို ေလယာဥ္မွဴးတုိ႕ထံအပ္ႏွံထားျပီးျဖစ္တာေၾကာင္႕ ျဖစ္ႏုိင္ေျခအႏၱရာယ္ - Potential Hazard ေတြ သိတာနည္းေလ စိတ္ခ်မ္းသာေလလို႕ေတာင္ ေျပာရမလိုျဖစ္ေနေၾကာင္းပါဗ်ား..။
.
.
ခင္လ်က္
.
05-13-2016
.
ရည္ညႊန္းကိုးကား - Business Insider
.
.
.
Myanmar Unicode Version:
.
.
.
“ ခရီးသည်တွေကိုမပြောပြတဲ့ လေယာဉ်မှူးတို့ရဲ့အကြောက်တရားများ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဝေဟင်မှာ လေယာဉ်မောင်းနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံလေ့ကျင့်ထားရုံနဲ့မရနိုင်ပါ။ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏အရာရာအပေါ်အမြန်နှင့်မှန်မှန်ဆုံးဖြတ်နိုင်ခြင်း၊ အခက်အခဲကြားမှ အသက်ပေါင်းများစွာကိုကယ်ထုတ်နိုင်ခြင်း စတဲ့ ဖျတ်လတ်တဲ့စိတ်များပိုင်ဆိုင်လာအောင် အမျိုးမျိုးစခန်းသွင်းလေ့ကျင့်၊ အဖုံဖုံစမ်းသပ်ခံပြီးမှ လေဟုန်မှာစီယာတိုင်ကိုင်ခွင့်ရတာမျိုး ဖြစ်ပါတယ်။
.
အင်တာနက်စာမျက်နှာ Reddit သုံးစွဲသူတစ်ဦးရဲ့ “ ခရီးသည်တွေသိမြင်နိုင်လောက်တဲ့ လေယာဉ်မှူးတွေအကြောက်ဆုံးဟာ ဘယ်အချိန်တွေဖြစ်ပါသလဲ ” ဆိုတဲ့မှတ်ချက်တစ်ခုကြောင့် အများပြည်သူသိပ်မသိတဲ့၊ သာမန်အားဖြင့် သိဖို့နက်နဲတဲ့အကြောင်းရင်းလေးတွေကို လေ့လာခွင့်ရလာပါတယ်။
.
မှတ်ချက်အတွက် တစ်ဆင့်ချင်းဖြေပေးသွားတာက ဒီလိုပါ..။
.
.
.
။။။။။။။။။။ လေယာဉ်တစ်စီးလုံး မီးပျက်သွားတဲ့အခါ ။။။။။။။။။။
.
.
အဲယားဘတ်စ် ၃၂ဝ - Airbus 320 မောင်းနေတဲ့ လေယာဉ်မှူးတစ်ဦးက အမြင့်ပေ ( ၂၃ဝဝဝ ) အရောက်မှာ လေယာဉ်တစ်စီးလုံး ဘာမီးမှမရှိတော့တဲ့အဖြစ်အပျက်ကို ပြန်ပြောပြနေပါတယ်။
.
တစ်ကယ်လို့ တစ်နာရီ ကီလိုမီတာ ( ၁ဝဝ ) အမြန်နှုန်းနဲ့ အမြန်လမ်းပေါ်မှာမောင်းနေတဲ့ကားရဲ့မှန်တွေအကုန်လုံးကို အမှောင်ကျသွားအောင်ကာပစ်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ ?
.
ဘာ ဒိုင်ခွက်၊ ဘာ မီတာကိုမှလည်း မမြင်ရတော့ဘူး .. ဘယ် ဆက်သွယ်ရေးခလုတ်မှလည်း မီးမလင်းတော့ဘူး ... လီဗာလည်း နင်းမရဘူး .. ဘရိတ်လည်း ဖမ်းမရဘူး .. ဒါပေမယ့် အဲဒီထိန်းမရတဲ့ကားဟာ အရှိန်တစ်ခုနဲ့သွားနေတာကို သိနေတယ်..။ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲ..။
.
.
.
။။။။။။။။။။ အနံ့အသက်ဆိုးတွေကို မခံနိုင်တဲ့အခါ ။။။။။။။။။။
.
.
ဂါးဒီယန်းသတင်းစာရဲ့အစီရင်ခံစာတစ်စောင်အရ လေယာဉ်ဦးခန်း - Cockpit ထဲမှာ မခံမရပ်နိုင်လောက်တဲ့ ဂက်စ်ငွေ့၊ မီးခိုး နဲ့ ရေငွေ့တွေရှူမိဖို့ဆိုတာ ဖြစ်နေကျ မြင်နေကျ မဟုတ်ပါ။
.
သို့သော်လည်း စီးပွားကိုက်တင်တဲ့လေယာဉ်ရဲ့ထူထပ်တဲ့လူဦးရေကြောင့် ခရီးသည်တွေသယ်လာတဲ့ ပစ္စည်းပစ္စယတွေကနေ မူးလောက်တဲ့ရေမွှေးနံ့၊ ရီဝေဝေဖြစ်သွားလောက်တဲ့ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ကာလာစုံကိုယ်အနံ့တွေကြောင့် ကပ္ပတိန် နဲ့ လက်ထောက်လေယာဉ်မှူးတို့ကြား ကောင်းမွန်စွာဆက်သွယ်စကားပြောလို့မရတဲ့အချိန်တွေဆိုတာ ရှိကြပါတယ်။
.
တစ်ကယ်ဖြစ်ပြီဆိုရင် လေယာဉ်ဝန်ထမ်းတွေကိုဆေးရုံတင်ရတတ်သလို လေယာဉ်မှူးတွေမှာလည်း အရေးပေါ်အောက်စီဂျင်ရှူရတဲ့အနေအထားတွေ ရှိခဲ့ပါတယ်။ ဒီလိုကိစ္စတွေကိုတော့  ခရီးသည်တွေကို ထုတ်ပြန်ပြောပြလေ့မရှိပါဘူး။
.
.
.
။။။။။။။။။။ လေယာဉ်မှူးသတိမေ့မျောသွားတဲ့အခါ ။။။။။။။။။။
.
.
လူအများထင်နေကြသလို လေလှိုင်းလူးတဲ့အချိန် - Turbulence ဟာ လေယာဉ်ပျက်ကျလောက်အောင် ခြိမ်းခြောက်မှု မရှိပါဘူး။ ဒီလိုဆိုလိုက်လို့ ခရီးသည်တွေနဲ့လေယာဉ်မှူးတို့ဟာ ထိခိုက်ဒဏ်ရာမရဘူးလို့ မယူဆသွားစေချင်ဘူး။
.
တစ်ခါတုန်းကဆို အတက်အကျကြမ်းလွန်းတဲ့လေလှိုင်းပုတ်တဲ့အခါ မောင်းသက် ( ၁၂ ) နှစ်ရှိပြီးထားတဲ့ကပ္ပတိန်ဟာ ထိန်းချုပ်ခန်းရဲ့မျက်နှာကျက်နှုတ်ခမ်းနဲ့ရိုက်မိတာမှာ သတိမေ့သွားဖူးပါတယ်။
.
လက်ထောက်လေယာဉ်မှူးက လေယာဉ်တစ်စီးလုံးကို ပိုင်နိုင်စွာထိန်းကျောင်းပြီးသွားတဲ့နောက်မိနစ်အနည်းငယ်အကြာမှာ ကံကောင်းထောက်မစွာ ကပ္ပတိန်ကြီးပြန်သတိရလာပါတယ်။ ဒါကိုရော ရာနဲ့ချီတဲ့ ခရီးသည်တွေ သိမယ်ထင်ပါသလား? အမှန်တစ်ကယ်မှာတော့ အဖြစ်အပျက်က ဒီလောက်အထိ ချောချောမွေ့မွေ့နဲ့ မပြီးဆုံးခဲ့ပါဘူး။
.
.
.
။။။။။။။။။။ မီးတောင်ကပြာမှုန်တွေကို မှုတ်ထုတ်လိုက်တဲ့အခါ  ။။။။။။။။။။
.
.
မီးတောင်ကြောင့်ဖြစ်ပေါ်လာတဲ့ လေထုထဲက ပြာမှုန်တွေဟာ လေယာဉ်တွေရဲ့ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်ပါတယ်။ ပြာတွေကြောင့်ဖွဲ့တည်လာတဲ့တိမ်တိုက်ထဲရောက်နေကြတဲ့ ခရီးသည်တွေဟာ ဒီကိစ္စဘယ်လောက်အထိ အန္တရာယ်ရှိတယ်ဆိုတာကို သိမှသိကြပါ့မလား?
.
တစ်ခါတုန်းကဆို အက်နာမီးတောင် - Mount Etna က မှုတ်ထုတ်လိုက်တဲ့ ပြာတိမ်တိုက်မည်းထဲကို မလွဲမသာရောက်သွားရတဲ့အခါ လေယာဉ်မှူးခမျာ အရေးပေါ်သက်ဆင်းဖို့မကြေငြာနိုင်မှီ လေယာဉ်ကို မိနစ် ( ၂ဝ ) ကြာ ကြောက်ရွံ့တုန်လှုပ်စွာ ထိန်းမောင်းခဲ့ရပါတယ်။
.
.
အများသိကြတဲ့အတိုင်း မီးတောင်ပြာငွေ့ထဲမှာ ကျောက်သွေးကျောက်စ နဲ့ ဖန်သားအပိုင်းအစတွေပါတဲ့အပြင် ခရီးရှည်နှင်လာတဲ့ ဂျက်အင်ဂျင်ရဲ့အပူချိန်ဟာလည်း အဲဒီဒြပ်ထုတွေကို အရည်ဖျော်ဖို့အဆင်သင့်ဖြစ်နေတတ်ပါတယ်။
.
ဒါ့အပြင် လေယာဉ်အတွင်းပိုင်းစက်ခန်းရဲ့ အရေးကြီးတဲ့ လေဖိအားစက်တွေကို ဘရိတ်ဓားနဲ့မွှမ်းနေသလို ဖျက်ဆီးနိုင်ရုံမက လေဝင်လေထွက်ပေါက်တွေကိုပိတ်စေနိုင်တာမို့လို့ အင်ဂျင်ကိုရပ်တန့်သွားစေနိုင်တဲ့အထိ အစွမ်းရှိကြတယ်။
.
အဆိုးဆုံးအချက်က လျှပ်စီးပါ။ မီးတောင်ပြာတိမ်မည်းတွေသယ်လာတဲ့ မမြင်ရတဲ့လျှပ်စစ်ရှော့ခ် တွေကြောင့် လေယာဉ်ရဲ့ ထိန်းချုပ်လည်ပတ်တဲ့ ကွန်ပျူတာစံနစ်ချွတ်ယွင်းခြင်းကို ချက်ချင်းဖြစ်ပေါ်စေတတ်ပါတယ်။ ကံအကြောင်းမလှရင် အန္တရာယ်စက်ကွင်းထဲကို အချိန်မရွေးကျရောက်သွားနိုင်ပါတယ်။
.
.
.
။။။။။။။။။။ လေယာဉ်ဦးခန်းပြူတင်းပေါက် ပွင့်ထွက်သွားတဲ့အခါ ။။။။။။။။။။
.
.
ပြန်ပြောပြတဲ့အတွေ့အကြုံတစ်ခုအရ  လေယာဉ်ရှေ့မှန်ပွင့်ထွက်သွားတဲ့အချိန်မှာ အခုပြောပြသူရဲ့အမေဟာ လေယာဉ်ထိန်းချုပ်ခန်းအတွင်းမှာ ရှိနေခဲ့တာပါတဲ့..။ ဒါပေမယ့် ကံအကြောင်းအားလျော်စွာ လေယာဉ်ဟာ ကွင်းအတွင်းဆင်းပြီးခါစအချိန်ဖြစ်လို့ အားလုံးဘေးကင်းခဲ့တယ်။ အဲဒီလိုမှမဟုတ်ပဲ လေထဲမှာဖြစ်ခဲ့ရင်တော့ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ပါတယ်။
.
ဒီလိုအဖြစ်မျိုးနဲ့ခပ်ဆင်ဆင် မတော်တဆမှုနောက်တစ်ခုက ( ၁၉၉ဝ ) ခုနှစ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက လေယာဉ်ကပ္ပတိန်ကို ပြင်ပက လေအေးကြမ်းကြီးက စုတ်ယူသွားခဲ့တာပါ။ ဒါပေမယ့် လျှင်မြန်ဖျတ်လတ်တဲ့ အနားကလက်ထောက်လေယာဉ်မှူးက ကပ္ပတိန်ရဲ့လက်ကောက်ဝတ်ကနေ မြဲမြဲမြံမြံဆွဲထားလို့ အရေးပေါ်မဆင်းသက်နိုင်ခင်အချိန်အထိ ပြူတင်းပေါက်မှာ မိနစ် ( ၂ဝ ) ကျော်ကြာ တန်းလန်းကြီးဖြစ်နေခဲ့ပါတယ်။
.
ဒါပေမယ့် သူ အသက်ရှင်ခဲ့တယ်။ အခု ဒီ မမေ့နိုင်ဖွယ်ရာ စွန့်စားခန်းကို သေဘေးကသီသီလေးလွတ်ခဲ့တဲ့ ကပ္ပတိန်ကိုယ်တိုင် ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။
.
.
.
။။။။။။။။။။ လေထဲမှာ ဗုံးလန့်တဲ့အခါ ။။။။။။။။။။
.
.
တစ်ခါတုန်းက မေ့လောက်အောင်မောင်းရတဲ့ ပင်လယ်သမုဒ္ဒရာကြီးကိုဖြတ်ကျော်တုန်း လေယာဉ်ထဲမှာဗုံးပါလာတယ်လို့သိရတဲ့အခါမျိုးမှာ လေယာဉ်မှူးတစ်ယောက် ဘယ်လောက်စိတ်ညစ်မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။
.
သူလုပ်နိုင်တာက စောင့်ဖို့  .. ပြီးရင် ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ဖို့ .. ဆိုတာကလွဲရင် တစ်ခြားဘာမှမတတ်နိုင်ပါဘူး။ အောက်မှာက ပင်လယ်ကြီးဆိုတော့ အရေးပေါ်ပြေးဆင်းလို့လည်း မရဘူးလေ။ အဲဒီအဖြစ်အပျက်ကို ခရီးသည်တစ်ယောက်တစ်လေမှ မသိရှိသွားကြပါဘူး။
.
.
.
။။။။။။။။။။ လေထဲမှာ နောက်ထပ်လေယာဉ်တစ်စီးနဲ့ တိုက်မလိုဖြစ်တဲ့အခါ ။။။။။။။။။။
.
.
တစ်ခါတစ်လေမှာ မြေပြင်လေယာဉ်ထိန်းချုပ်ရေးစခန်းတွေက အမှား ထထလုပ်ပါတယ်။ ကျယ်ပြောလှတဲ့ကောင်းကင်ယံထဲမှာ လေယာဉ်တွေတိုက်မလိုဖြစ်ရတာ မကြာခဏပါ။
.
ကပ်သီးလေးလွဲသွားတဲ့လေယာဉ်နဲ့ ထိမိလုနီးနီးဖြစ်ခဲ့တာကို ကပ္ပတိန်တစ်ယောက်က ပြောပြနေပါတယ်။ လေယာဉ်တစ်စီးလုံး သိမ့်သိမ့်တုန်သွားတာမို့လို့ ဖြစ်လိုက်လို့ကတော့ မလွယ်ရေးချာ့ မလွယ်ပါ။ ခရီးသည်တစ်ချို့သတိပြုမိပေမယ့် လေယာဉ်ဝန်ထမ်းတွေက လေလှိုင်းလူးတဲ့ Turbulence လို့ပဲ ကြေငြာလိုက်ပါတယ်။
.
ဒါကိုကြုံခဲ့တဲ့ ကပ္ပတိန်က “ ခရီးသည်တစ်ဦးဦးကမေးရင်တော့ အမှန်အတိုင်း ရိုးရိုးသားသားပြောပြလိုက်မှာပါ။ ဒါပေမယ့် ဘယ်လောက်အထိ ရှပ်ပျံသွားတယ်ဆိုတာကိုတော့ အသိပေးဖြစ်မှာမဟုတ်ပါဘူး ” လို့ ဖွင့်ဟသွားပါတယ်။
.
.
.
။။။။။။။။။။ ပြေးလမ်းအတက်အဆင်းမှာ ချိတ်မိမလိုဖြစ်တဲ့အခါ ။။။။။။။။။
.
.
တစ်စီးကအတက် နောက်တစ်စီးကအဆင်း၊ တစ်စီးကဆင်း နောက်တစ်စီးက ပြေးလမ်းတိုမှာ ရပ်စောင့်၊ တစ်စီးတက်တုန်း ဘေးတစ်လမ်းမှာ နောက်တစ်စီးဆင်း စသဖြင့် မတော်တဆဖြစ်မယ်ဆိုရင် နေရာတိုင်းဖြစ်န်ိုင်တာပါပဲ။
.
.
.
။။။။။။။။။။ ရုတ်တရက်မိုးကြီးရွာချလို့ ဘာမှမမြင်ရတဲ့အခါ ။။။။။။။။။။
.
.
“ လေယာဉ်ကွင်းရဲ့ ( ၃ ) မိုင်အကွာမှာ မိုးရိပ်မည်းကြီးရွာနေတာ လှမ်းမြင်နေရတယ်။ လေဆိပ်ကို မရောက်လောက်သေးဘူးလို့ထင်မိတဲ့အချိန်မှာ ပေ ( ၁ဝဝ ) လောက်တက်မိသွားတဲ့အချိန် ကျွန်တော့လေယာဉ်ကို မိုးသည်းက လွှမ်းခြုံသွားပါတယ် ”
.
“ ကျွန်တော် ချက်ချင်းလှည့်ထွက်ဖို့ပြင်တယ်။ အဲဒီအချိန်က မြေပြင်ကနေ ပေ ( ၂ဝ ) အမြင့်လောက်ပဲရောက်သေးတယ်။ ဒါနဲ့ မမြင်မကန်းနဲ့ဆက်တက်သွားတာပေါ့။ မိုးလွတ်တဲ့ ပေ ( ၅ဝဝ ) လောက်လည်းရောက်ရော အားလုံးကိုမြင်ရလာတယ် ”
.
“ အဲဒီအချိန်မှာ ကျွန်တော့ရှေ့မှာရှိနေတာက ရဟတ်ယာဉ်တစ်စင်းလေ .. ကွန်ပျူတာက သတိပေးနေတယ်။ ကျွန်တော့တစ်သက်မှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ လေယာဉ်မောင်းအတွေ့အကြုံ တစ်ခါမှမကြုံခဲ့ဖူးဘူး ” ဆိုပြီး ကပ္ပတိန်တစ်ယောက်က ရှင်းပြသွားတာဖြစ်ပါတယ်။
.
.
.
ဒါကြောင့်မို့လို့ အစပိုင်းတုန်းကပြောခဲ့သလို လေယာဉ်မှူးတွေဟာ ခရီးမထွက်ခင် ကျန်းမာရေးကောင်းရမယ်ဖြစ်သလို စိတ်၏ ကြည်လင်ခြင်း၊ ခန္ဓာကိုယ်၏ တောင့်တင်းခြင်း၊ အလုပ်၏ ယုံကြည်ခြင်း နဲ့ ဆုံးဖြတ်ချက်၏ မှန်ကန်ခြင်းတို့နဲ့ပြည့်စုံဖို့ဆိုတာ တော်တော့ကို ပြင်ဆင်ထားမှ ဖြစ်ပါမယ်။
.
စီးနင်းတဲ့ခရီးသည်တွေအတွက်တော့ မိမိအသက်ကို လေယာဉ်မှူးတို့ထံအပ်နှံထားပြီးဖြစ်တာကြောင့် ဖြစ်နိုင်ခြေအန္တရာယ် - Potential Hazard တွေ သိတာနည်းလေ စိတ်ချမ်းသာလေလို့တောင် ပြောရမလိုဖြစ်နေကြောင်းပါဗျား..။
.
.
ခင်လျက်
.
05-13-2016
.
ရည်ညွှန်းကိုးကား - Business Insider 

No comments: