ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 28, 2021

ကျမ ရောက်ပါပြီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ဆရာ မင်္ဂလာပါရှင့်
ကျမနာမည် မမေသူရှင်းပါ
_______________________ ဆရာ့စာတွေ အကုန်ဖတ်ပါတယ်။ စာအုပ်လည်း ဝယ်ဖတ်ပါတယ်။ ဆရာ့စာအုပ်က ဆရာလည်းကုသိုလ်ရ၊ ဖတ်သူလည်း လက်တွေ့အကျိုးရ။ ကျမလည်း သူများကိုရှင်းပြရတာ ဝါသနာကြီးပါတယ်။ တချိန်ကျရင် ဆရာ့လို သူများတွေကို ပြန်ကူညီပေးဖြစ်မှာပါ။ အခုတော့ ကျမအကြံဉာဏ်လေးတစ်ခု တောင်းချင်လို့ပါ။

ကျမက အခု မန္တလေးက ပုဂ္ဂလိကစက်ရုံတစ်ခုမှာ မန်နေဂျာလုပ်ပါတယ်။ ကျမ အမျိုးသားက တက္ကသိုလ်ကြီးတစ်ခုက ပါမောက္ခဌာနမှူးပါ။ လက်ရှိ အမေရိကန်သံရုံး‌ရဲ့ ပရိုဂရမ်တစ်ခုနဲ့ ချီကာဂိုတက္ကသိုလ် (အမည်လွှဲ) မှာ Higher Education Scholarships နဲ့ ရောက်နေပါတယ်။ ၈ လပိုင်း အထိ Visa ရှိသေးပါတယ်။

သူက ဒီအရေးတော်ပုံ ဖြစ်သွားတော့ မြန်မာပြည်ကို မပြန်ချင်တော့ဘူး။ အဲဒီမှာရှိတဲ့ မြန်မာမိသားစုတွေဆီမှာ ဆူရှီကူလုပ်ရင်း Work Permit လျှောက်ပြီး ဆက်နေချင်တယ်။ ကျမကို J2 Visa လျှောက်ပြီးလိုက်လာစေချင်တယ် ပြောပါတယ်။ ကျမ လိုက်သွားသင့်သလား မလိုက်သွားသင့်ဘူးလားဆို‌တာ ဝေခွဲမရလို့ ဆရာ့ Suggestion လေး တောင်းခံတာပါရှင့်။

လိုက်လာသင့်လား မလိုက်လာသင့်လား
________________________________
မေးစရာမလိုပါဘူး လိုက်လာပါ
_________________________

ကျမ အမျိုးသားက အစိုးရဝန်ထမ်းပါ ဆရာ။ Humphrey Fellowship နဲ့ သွားလိုက်တာပါ။ သူက Exchange Visitor J1 Visa ကိုင်ထားတာပါ။ ပရိုဂရမ်စကတည်းက Spouse ကို J2 Dependent နဲ့ ခေါ်မယ်ဆိုပြီး ကြိုပြောထားပါတယ်။ ကျမက နဂိုကတည်းက စာဖတ်ဝါသနာပါတယ်။ နဂါးစာပေ၊ ထွန်းဦးစာပေဘက်ရောက်ရင် စာအုပ်အသစ်တွေရှာဖတ်ရင်း တိုက်တိုက်ဆိုင်ဆိုင် အမျိုးသားက ပရိုဂရမ်ကို လျှောက်ဖို့ လုပ်နေတာနဲ့ အချိန်ကိုက် ဆရာ့စာအုပ်ကို သွားတွေ့ပါတယ်။

ကျမ ဝါသနာအတိုင်း ခင်မင်တဲ့သူကို စာအုပ်တွေလက်ဆောင်ပေးတတ်တယ်။ အမျိုးသား အမေရိကားကို သွားချင်တယ်၊ ၁ နှစ်လောက် အမေရိကားအတွေ့အကြုံ ယူချင်နေတယ်။ သူ့ကို ဘယ်လိုအကောင်းဆုံးလက်ဆောင်ပေးရမလဲ စဉ်းစားတဲ့အခါ ဒီစာအုပ်လေးကို သတိရတယ်။ သူမသိသေးတာသိမယ်၊ ဆောင်ရန် ရှောင်ရန်တွေ နားလည်လာမယ်။ ခက်တာက သူက မအားဘူး ဆရာရဲ့။ အဲဒါနဲ့ စာအုပ်ထဲက ပါတာတွေကို အနှစ်ချုပ်ပြီး သူ့ကို ပြန်‌ပြောပြခဲ့ရတယ်။

အခု ပရိုဂရမ်ပြီးခါနီးမှာ Certification Ceremony လာတက်ရင်း တခြားနေရာလေးတွေ အလည်အပတ်လုပ်ဖို့ စီစဉ်နေတာပါ။ J2 Dependent အတွက် DS 2019 ကို Sponsored Program က စီစဉ်ပေးပါတယ်။ DS-2019 Service No ရတဲ့အခါ DS-160 Online NIV Application ကို လျှောက်ပါတယ်။ ပြီးတော့ Visa Interview Appointment ရဖို့ မြန်မာ သံရုံးကို Email ပို့ပြီး Appointment ယူပါတယ်။ NIV Section ကနေ ရက်ချိန်းပြန်ပေးပါတယ်။

ကျမ ဒီနေ့ အင်တာဗျူးအောင်တယ်ဆရာ
__________________________________ Officer သဘောကောင်းတယ် ပြုံးပြုံးလေးနဲ့ လက်ခံလိုက်တာ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ဗီဆာ လာထုတ်ဖို့ပြောပါတယ်။ ယူသွားရတာတွေက

DS-2019
DS-160
Passport
2*2 inches Passport Photos
Marriage Certificate တွေ ဖြစ်ပါတယ်။ Visa Fee $160 သွင်းရပါတယ်။ Interview မှာ J2 လျှောက်တာ ကျမ ၁ ယောက်တည်း ရှိပါတယ်။

အင်တာဗျူး က

၁။ ဘယ်အချိန် ခရီးထွက်မှာလဲ
၂။ ကလေး တွေ ပါလား
၃။ ဘယ်လောက် နေမှာလဲ ဒါတွေမေးပြီး
၄။ လက်ဗွေယူ
၅။ သဘက်ခါ Visa လာထုတ်ဖို့ ပြန်ချိန်းပါတယ်။

ကျမကြုံခဲ့တာက အဲလောက်ပါပဲ ဆရာ။ အမျိုးသားက ဟိုကနေ Online Form ဖြည့်တဲ့အခါ Guide လုပ်ပေးတော့ လွယ်ကူသွားပါတယ်။ အမှားမရှိတာပေါ့။ စုစုပေါင်း ကြာချိန် ရက် ၂၀ လောက်ပဲ ဆရာ။ DS-2019 ကို Washington ကနေ ရန်ကုန်ပို့တဲ့ ၁ ပတ်လေးပဲ စောင့်နေရသလို ဖြစ်တာပါ။

ကျန် Process အားလုံး ချောမွေ့ပါတယ်
__________________________________ ကျမကိုယ်တိုင် Email နဲ့ Internet အသုံးပြုတာ ကျွမ်းကျင်တာလည်း ပါမယ် ထင်ပါတယ်။ လောလောဆယ် Passport စာအုပ် နဲ့ DS- 2019 က သံရုံးမှာ ထားခဲ့ပါတယ်။ ၁ ရက်ကျော် မှ ရမှာပါ။ Visa Confirmed ဖြစ်မှ လေယာဉ်လက်မှတ်ဝယ်မှာပါ။

အမျိုးသားက US ရောက်နေပေမယ့် CDM ပါ
____________________________________ ဒါကြောင့် အလုပ်က ယာယီရပ်ဆိုင်းထဲပါတယ်။ ဒါကြောင့် ကျမ အမြန်ထွက်လာဖို့ ပြင်နေတာပါ။ သံရုံးကတော့ ဒီခရီးသွားဟာ ဟုတ်လား မဟုတ်ဘူးလား မမေးပါဘူး။ ဘာမှ မစပ်စုဘဲ အဆင်ချောသွားတာပါ ဆရာ။

အင်တာဗျူးမှာတွေ့ခဲ့သူတွေက
__________________________ ကျမ J2 Visa ရယ်၊ မိန်းကလေးတစ်ယောက် သူက အရင် ၂ဝ၁၅ ကတည်းက အမေရိကားရောက်နေသူ၊ နောက်တစ်ယောက်က မြစ်ကြီးနားက IR Major တက်ဖို့ J1 Visa။ နောက်ဆုံးတစ်ယောက်က သူ့အမေခေါ်လို့ Immigrant Visa လို့ ပြောတယ်။ ဒေါ်နယ်ထရမ့်လက်ထက်ကတည်းက လုပ်နေတာ အခုမှရတယ်လို့ပြောတယ်။

ကျမပြောပြနေတာက Top Secret ပါ
__________________________ နှစ်ဘက်ဆွေမျိုး မိဘတွေ မသိပါ။ ဆရာက စာရေးပြတတ်တော့ စိတ်ချရတဲ့အချိန်ကျရင် အများကို မျှဝေနိုင်အောင်လို့ အရင် ပြောပြခဲ့တာပါ။


ဗီဆာရပြီ ဆရာရေ
_________________ ရင်ခုန်လိုက်တာ။ __ နေ့ လက်မှတ်ဖြတ်ထားတယ်။ ၃ ရက်ကြိုပြီး ရောဂါပိုး ရှိမရှိ စစ်ရအုံးမှာဆိုတော့ နည်းနည်းရင်တုန်နေတာ။ ပေါ့စတစ်ဖြစ်ရင် အကုန်လွဲသွားမှာစိုးလို့။ ဒီစာကိုလည်း ကျမ အမေရိကန်မြေကို နင်းပြီဆိုမှ တင်ပေးပါဆရာ။

လေယာဉ်လက်မှတ်က စင်ကာပူလိုင်းပါ
________________________ ချက်ချင်းကြီးဝယ်လိုက်လို့ ဈေးကြီးသွားမယ်ထင်တယ်။ အသွားတစ်ကြောင်းထဲကို ဒေါ်လာ ၂၂ဝဝ ပေးရတယ်ရှင့်။ RGN to Changi
Changi to JFK ပါ။

PCR Negative.
____________ So my trip will start tomorrow morning. So exciting. Thanks Sir

Welcome to the United States
____________________________
Thanks so much for your encouragement Sir

Tomorrow 8 a.m. Sir
________________ Myanmar Time.

On Board Now
________________ Heading to Singapore.




ကျမရောက်ပြီ
____________ ဆရာရေ ဆရာတို့ အမေရိကားကို ကျမရောက်ပြီ။ တကယ်ရောက်ပါပြီ။ ကျမ အမျိုးသားက လာကြိုတယ်။ ပျော်စရာကြီး။ အေးလည်း သိပ်အေးတယ်။ ဒါတောင် နွေရာသီလို့ ပြောနေတာ။ ဆရာ့စာအုပ်ကို ကြိုဖတ်လာလို့ တချို့ဟာတွေဆိုရင် သိထားပြီး ဖြစ်နေပါပြီ။ နောက်လာမယ့်သူတွေကိုလည်း စာအုပ်ဖတ်ထားဖို့ တိုက်တွန်းချင်တယ်။

ဆရာကလူတွေကိုကူညီသလို
_________________________ ကျမတို့ အောင်မြင်လာတဲ့တစ်နေ့ကျရင် မြန်မာလူငယ်တွေကို ပြန်ကူညီဖို့ ကတိပေးပါတယ် ဆရာ။ ဆရာတို့မိသားစုအားလုံးနဲ့ ဆရာ့စာဖတ်ပရိသတ်တွေအားလုံး ကျန်းမာပျော်ရွှင်ပြီး ဘေးရန်အပေါင်းမှ ဝေးကွာကြပါစေလို့ ကျမတို့ မောင်နှံက ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

အခုလို အစကနေ အောင်‌‌မြေနင်းတဲ့အထိ ပြောပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် မမေသူရှင်းခင်ဗျား။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-20-2021

No comments: