ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 27, 2017

ကြ်န္ေတာ္ျပန္ခဲ႕တဲ႕ ျမိဳ႕ေဘာ္စတန္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

. Open Hearts
. Open Minds
. Open Doors
. ကယ္လီဖိုးနီးယားဘက္မျပန္ခင္တစ္ရက္ ေဘာ္စတြန္ျမိဳ႕ရဲ႕ ထပ္ဖ္စ္တကၠသိုလ္ - Tufts University နားကျဖတ္သြားေတာ႕ တံခါးတစ္ခုေပၚမွာ တစ္ေၾကာင္းခ်င္းေရးထားတဲ႕ စာတန္း (၃) ခုကို အမိအရမွတ္ခဲ႕တယ္။ ကြ်န္ေတာ္ဒီစာကိုဖတ္ေနတုန္း စီးလာတဲ႕ကားက တဟုန္ထုိးေမာင္းႏွင္သြားေပမယ္႕ ကြ်န္ေတာ႕စိတ္ေတြက စာတန္း (၃) ခုနားမွာ က်န္ေနရစ္ခဲ႕တယ္။
.
. ေဘာ္စတြန္၊ တကၠသိုလ္၊ ေက်ာင္းသူ/ေက်ာင္းသား၊ ႏွလံုးသား၊ စိတ္ဓါတ္မ်ား နဲ႕ တံခါးမ်ား . . ဒါေတြ ဘယ္လိုဆက္စပ္ေနသလဲ? ျပန္စဥ္းစားစမ္း . . " မင္းဦးေႏွာက္ေသးေသးေလးနဲ႕ရေအာင္စဥ္းစားစမ္း " လို႕ ကြ်န္ေတာ႕ကိုယ္ကြ်န္ေတာ္ မရပ္မနား ျပန္ခုိင္းေနမိတယ္။
.
.
. " ေဘာ္စတန္က လူျဖဴေတြ အေမရိကားကိုစတင္ေျခခ်ခဲ႕တဲ႕ေနရာ၊ သူတို႕မွာ မ်ိဳးခ်စ္စိတ္အရမ္းျပင္းထန္သလုိ တီးပါတီ - Tea Party လိုမိ်ဳး မ်ိဳးခ်စ္စိတ္အေျချပဳတြန္းလွန္ျခင္းကို အစျပဳခဲ႕တဲနယ္ေျမျဖစ္တယ္။ ရာသီဥတုက ၾကမ္းျပီဆိုရင္ နယူးေယာက္ထက္ဆိုးတယ္ " လို႕အစခ်ီျပီး ကြ်န္ေတာ႕ထက္အေတြ႕အၾကံဳရင္႕တဲ႕ အစ္ကုိတစ္ေယာက္က ေျပာျပပါတယ္။
.
. " ေဘာ္စတန္ကလမ္းေတြဟာ အဂၤလန္ နဲ႕ ဥေရာပကလမ္းေတြနဲ႕ ဖြဲ႕စည္းပံုေတာ္ေတာ္ဆင္တယ္လို႕ ေျပာၾကတယ္။ ဒါကလည္း ျဖစ္ႏုိင္စရာအေၾကာင္း အမ်ားၾကီးရွိတယ္။ အရင္တစ္ခ်ိန္က မက္ဆာခ်ဳးဆက္ပင္လယ္ေအာ္ေဒသကို ဥေရာပသားေတြအေျခခ်ခဲ႕တာ သမိုင္းမွာရွိတယ္။ ေနာက္ေတာ႕ " ငါတုိ႕ကိုယ္တိုင္ရပ္တည္ႏိုင္လ်က္နဲ႕ ကိုလုိနီျပဳတဲ႕အဂၤလိပ္ေတြကို ဘာေၾကာင္႕အခြန္ေပးေနရမွာလဲ " လို႕ေတြးျပီး သမိုင္းဝင္တဲ႕အလုပ္ေတြကို လုပ္ခဲ႕တယ္။ အဓိက ေဘာ္စတန္ျမိဳ႕ရွိတဲ႕ေနရာကိုၾကိဳက္တာ သူတို႕ၾကိဳက္တဲ႕ဘာသာ သူတို႕ကုိးကြယ္လုိ႕ရလုိ႕၊ ဘာသာေရးလြတ္လပ္ခြင္႕ရွိလို႕ပဲ " . . ဒါက ကြ်န္ေတာ႕ရဲ႕ေနာက္မ်ိဳးဆက္သစ္ သား " စြမ္း " ေျပာခဲ႕တာကို ျပန္ေရးျပတာ။
.
.
. အေပၚကစာ (၂) ပုဒ္က ကြ်န္ေတာ႕ထက္ေစာတဲ႕မ်ိဳးဆက္ နဲ႕ ကြ်န္ေတာ႕ထက္ေနာက္က်တဲ႕မ်ိဳးဆက္ေတြက ေဘာ္စတန္ရဲ႕သမိုင္းေၾကာင္းကို ေျပာျပသြားခဲ႕ျပီ။ ကြ်န္ေတာ္က အခုေရာက္ေနတဲ႕ လက္ရွိျမိဳ႕အေၾကာင္း ဆက္ေျပာခ်င္တယ္။

.
.
. Open Hearts
.
. ေဘာ္စတန္ကုိလာရင္ မိတ္ေဆြတို႕ရဲ႕ႏွလံုးသားကိုဖြင္႕ထားပါ။ ဒါက တကယ္ေျပာတာ။ ဒီေနရာ ဒီေဒသမွာျမင္ျမင္ရသမွ် အေရာင္အေသြးစံုတဲ႕လူေတြဆီမွာ သူတုိ႕ရဲ႕ႏွလံုးသားကို ျမင္ေနရတယ္။ လူျဖဴမ်ားတယ္၊ အာရွတုိက္သားမ်ားတယ္၊ ပညာတတ္လူငယ္ေတြမ်ားတယ္၊ လုပ္ေနသမွ် ပညာေရး နဲ႕ ပညာေရးဝန္ေဆာင္မႈအလုပ္ေတြမ်ားတယ္လို႕ထင္ရတယ္။
.
. တစ္ဦးနဲ႕တစ္ဦး ဦးစားေပးတာ ေတြ႕ရတယ္။ ဝန္ေဆာင္မႈကို လူ႕အခြင္႕အေရးကဲ႕သို႕တန္ဖိုးထားတယ္။ အခ်ိန္တိက် မွန္ကန္တယ္။ တစ္ပါးသူရဲ႕ မူပိုင္ခြင္႕၊ တစ္ပါးသူရဲ႕ကိုယ္ေရးကိုယ္တာကုိ ေလးစားတယ္။ အရင္ေရာက္သူအလွည္႕ေပးစံနစ္ကုိ က်င္႕သံုးတယ္။ လုပ္အားနဲ႕မွ်တတဲ႕အပန္းေျဖမႈကို ျမတ္ႏိုးၾကတယ္။ ဒီေတာ႕ ဒီေဒသကိုလာရင္ မိတ္ေဆြတုိ႕ရဲ႕ႏွလံုးသားကို " ဖြင္႕ " လာမွ ေတာ္ရာက်မယ္။
.
.
. Open Minds
.
. ေဘာ္စတန္ကိုလာရင္ မိတ္ေဆြတုိ႕ရဲ႕စိတ္ဓါတ္ေတြကုိဖြင္႕ထားပါ။ ကြ်န္ေတာ္တုိ႕ရဲ႕အိမ္နီးနားခ်င္းတုိင္းျပည္ေတြထံ ႏွလံုးေသြးရပ္က်ဆံုးသြားတဲ႕ ေရွးပံုရိပ္ေအာင္ေျမမဟာေရႊမႏၱေလးနဲ႕ ဒီျမိဳ႕ မႏိႈင္းသာဘူး။ ဒီမွာက မ်ိဳးခ်စ္စိတ္ျပင္းထန္တယ္။ ဒါေပမယ္႕ ဘာသာျခား နဲ႕ မတူတဲ႕လူမ်ိဳးေတြကို အႏိုင္မက်င္႕ဘူး။
.
. ဒီေနရာမွာ အမ်ိဳးခ်စ္သူေတြက သူတုိ႕တုိင္းျပည္ကုိေငြလာေပးတဲ႕ ႏိုင္ငံျခားသားေတြကုိၾကိဳဆိုဖို႕ စိတ္ေကာင္းရွိၾကတယ္။ မတူတာကိုညွိလို႕ တူတာကိုဖိလုပ္ဖို႕ သူတို႕ရဲ႕စိတ္ဓါတ္ေတြက ဆႏၵရွိၾကတယ္။ အလုပ္သူသမွ်ဂုဏ္ရွိစြ၊ မေကာင္းမႈမွန္သမွ် သတင္းပို႕ၾက ဆိုတဲ႕စိတ္ဓါတ္ေတြက ရထားေပၚမွာေရးထားတဲ႕ " See Something, Say Something " ဆုိတဲ႕ ရဲ႒ာနရဲ႕ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးမွာ ျပည္သူေတြပါဝင္ဖို႕ စိတ္ဓါတ္ကိုျမွင္႕တင္ေပးတဲ႕ေဆာင္ပုဒ္က သက္ေသျပေနပါတယ္။
.
.
. Open Doors
.
. ေဘာ္စတန္က ကမၻာၾကီးကို တံခါးအျမဲဖြင္႕ထားတယ္လို႕ေျပာတယ္။ တစ္ကယ္ေတာ႕ ေဘာ္စတန္ဟာ " ကမၻာတစ္ခုလံုးရဲ႕ ပညာရံုးစိုက္ရာျမိဳ႕ " လို႕ ေျပာရင္ နည္းနည္းပဲ လြန္မယ္။ ဒီမွာရွိတဲ႕ အထင္ကရတကၠသိုလ္ေတြဟာ ကမၻာၾကီးကိုကိုင္လႈပ္မယ္႕ ႏိုင္ငံေရးသမားေတြ၊ စီးပြားေရးပညာရွင္ေတြ၊ ေက်ာင္းမျပီးတဲ႕ဘီလ်ံနာေတြ နဲ႕ အထူးတီထြင္လႈပ္ရွားမယ္႕ စြန္႕ဦးလုပ္ငန္းရွင္ေတြကိုယ္တိုင္က ေဘာ္စတန္ရဲ႕ဝင္ေငြတံခါးကို အျမဲဟထားေပးတယ္။
.
. ဒါတင္ဘယ္ကဦးမလဲ . . မက္ဆာခ်ဴးဆက္ပင္လယ္ေအာ္ရဲ႕ကမ္းစပ္ေတြမွာစီထားတဲ႕လမ္းခင္းေက်ာက္ေတြမွာ တရုတ္ယြမ္ေငြလည္းပါရဲ႕၊ ကိုးရီးယားဝမ္ေငြလည္းမေနခဲ႕၊ ဂ်ပန္ယမ္းလည္းမေနသာဘူး၊ အဂၤလန္ေပါင္လည္း မေခ်ာင္ပါဘူး၊ ဥေရာပယူရိုဆို ပိုလို႕သာဆိုး . . ေငြအုိးဟာ အေရာင္အေသြး အရြယ္အစား စံုလုိ႕ပါပဲ။ ဒီထက္ပိုပိုသာသာေျပာရရင္ ေက်ာင္းျမိဳ႕ေတာ္မွာ ကိုယ္႕သားသမီးစာသင္ခြင္႕ရရင္ အိမ္တုိင္ခြ်တ္ျပီး ေက်ာင္းပို႕မယ္႕မိဘေတြကို ေဘာ္စတန္က တံခါးဖြင္႕ၾကိဳဆုိေနမွာ အမွန္ပါ။
.
.
. တကၠသိုလ္
.
. လမ္း (၃) လမ္းေလာက္ကူးလိုက္တာနဲ႕ေကာလိပ္တစ္ခု ေရာက္တယ္။ မႏၱေလးအေခၚ (၂) ျပေလာက္ေက်ာ္လိုက္တာနဲ႕ တကၠသိုလ္တစ္ခု ေရာက္တယ္။ တံတားၾကီးတစ္ခုေက်ာ္လိုက္တာနဲ႕ နာမယ္ေက်ာ္ေက်ာင္းအေဆာက္အဦၾကီးတစ္ခု စေတြ႕မယ္။ တစ္ႏွစ္မွာတစ္ၾကိမ္ ဆင္ယင္က်င္းပတဲ႕ဘြဲ႕ႏွင္းသဘင္ေၾကာင္႕ ကားလမ္းအရမ္း ၾကပ္မယ္။ စားေသာက္ဆိုင္ လူျပည္႕မယ္။ ေလယာဥ္လက္မွတ္ေတြ ေရာင္းေကာင္းတယ္။
.
. ပညာရပ္ဆုိင္ရာထက္ သုေတသနကို လူငယ္ေတြပိုစိတ္ဝင္စားၾကတယ္။ ဒုတိယနည္းပညာရပ္ဝန္းလို႕ အမ်ားေခၚၾကတဲ႕ နယူးေယာက္နီးျပီး ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင္႕ရအဂၤလန္အုပ္စုေဟာင္းၾကီး - New England မွာပါတဲ႕အတြက္ ျပည္နယ္ေျပာင္းေက်ာင္းတက္ၾကတဲ႕ အေမရိကန္ႏိုင္ငံသားေတြ ေငြပိုမကုန္ေတာ႕ဘူး။ ေက်ာင္းအသိုက္အဝန္းၾကီးသလုိ ေက်ာင္းသားေတြကုိဝန္ေဆာင္မႈေပးတဲ႕လုပ္ငန္းေတြ အေရာင္းအဝယ္ေကာင္းတယ္။ ခရီးသြားလုပ္ငန္းေကာင္းမေကာင္း မ်ားျပားလွတဲ႕စားေသာက္ဆိုင္အေရအတြက္ေတြကိုၾကည္႕ရင္ ထင္းထင္းရွင္းရွင္း သိႏုိင္တယ္။
.
.
. ေက်ာင္းသူ/ေက်ာင္းသား
.
. ေဘာ္စတန္မွာ ေက်ာင္းသူ/ေက်ာင္းသားဟာ ျပည္သူပါပဲ။ ျပည္သူကို ျပည္သူေတြရဲ႕မိခင္/ဖခင္ေတြက ေကြ်းေမြးၾကတယ္။ ဒါေပမယ္႕ သူတို႕ကိုယ္တုိင္က စတိုးဆိုင္မွာ၊ လမ္းေတြေပၚမွာ အေဖာ္မပါ အိုၾကီး အိုမ နဲ႕ သြားလာေနၾကတာျမင္ရတယ္။ ဒါေပမယ္႕ သူတုိ႕စိတ္မပူဘူး။ သူတုိ႕ကို ပင္စင္ခံစားခြင္႕ေပးမယ္႕ ျပည္နယ္အစိုးရ ရွိတယ္။ သူတုိ႕ေဆာင္ထားတဲ႕အခြန္ကေန အိုမင္းမစြမ္းခ်ိန္မွာျပန္ရဖို႕ စုထားတဲ႕ေငြေတြ ရွိတယ္။
.
. ေက်ာင္းသားေတြေနဖို႕ ေဘာ္စတန္ရဲ႕အခန္းငွားခက ဆန္ဖရန္စစၥကုိ၊ နယူးေယာက္ထက္ ဘယ္ေတာ႕မွ မနိမ္႕ဘူး။ တတ္ႏိုင္တဲ႕မိသားစုေတြရဲ႕သားသမီးေတြ ေရကိုပံုးနဲ႕ခပ္သလို ေငြကိုလံုးကနဲသံုးတဲ႕ေနရာေတြထဲမွာ ေဘာ္စတန္ပါတယ္။ ေက်ာင္းဆိုရင္ ေက်ာင္းသားေတြက လမ္းၾကိဳလမ္းၾကားတကၠသိုလ္လည္း လိုက္တက္တာပဲ။ တရုတ္တန္းကတကၠသုိလ္လည္း လူအျမဲျပည္႕တဲ႕ ေက်ာင္းၾကီးေတြကုိ ေဘာ္စတန္မွာ အျမဲေတြ႕ေနရတာပါပဲ။
.
.
. ဒါ႕အျပင္ ေဘာ္စတန္မွာ ပင္လယ္စာသံုးစြဲမႈ ျမင္႕မားသလို ပင္လယ္စာျပဳျပင္ထုတ္လုပ္မႈ ၾကီးထြားတယ္။ ေရေၾကာင္း၊ ေလေၾကာင္းပို႕ေဆာင္မႈ အားေကာင္းတယ္။ ခရီးသြားလုပ္ငန္းမွာ ျပည္ပကေျပာင္းေရႊ႕ေနထုိင္တဲ႕ အာရွတုိက္သားေတြ ေနရာရတယ္။
.
. အျပည္ျပည္ဆိုင္ရာမ်က္စိနဲ႕ၾကည္႕ရင္ ေဘာ္စတန္ျမိဳ႕ဟာ " ပြက္ျပီးသားငါးပစ္ကြင္း " လုိ႕ ေျပာႏုိင္တယ္။ ဒီေနရာမွာ ငါးစာေကြ်းရင္ ငါးရမွာေသခ်ာသလို ဒီငါးစာကိုလာစားတဲ႕ငါး အျမဲရွိတယ္။ ဒီလုိ အညမညျဖစ္စဥ္ေတြကေန ေရွးေဟာင္းတုိက္ပြဲအဆက္ဆက္ကိုတိုက္ခဲ႕တဲ႕ ေဘာ္စတန္ဟာ ေနာက္မ်ိဳးဆက္ေတြအထိ ပညာစီးပြားေရးတုိက္ပြဲ ဆက္လက္ေအာင္ႏုိင္ေနမယ္ဆိုတာ ကြ်န္ေတာ္ကိုယ္တုိင္ျမင္ေတြ႕ခဲ႕ရပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 05-28-2017
.
. မွတ္ခ်က္ ။ ။ ေဘာ္စတန္ျမိဳ႕အေၾကာင္းကို ျဖည္႕စြက္ေျပာျပေပးေသာ စာေရးဆရာ ကိုေအာင္မုိးဝင္း ႏွင္႕ သား စြမ္း တုိ႕ကုိ ေက်းဇူးအထူးတင္ရွိပါသည္။
.
.
. Unicode Version:
.
.
. " ကျွန်တော်ပြန်ခဲ့တဲ့ မြို့ဘော်စတန် "
. Open Hearts
. Open Minds
. Open Doors
. ကယ်လီဖိုးနီးယားဘက်မပြန်ခင်တစ်ရက် ဘော်စတွန်မြို့ရဲ့ ထပ်ဖ်စ်တက္ကသိုလ် - Tufts University နားကဖြတ်သွားတော့ တံခါးတစ်ခုပေါ်မှာ တစ်ကြောင်းချင်းရေးထားတဲ့ စာတန်း (၃) ခုကို အမိအရမှတ်ခဲ့တယ်။ ကျွန်တော်ဒီစာကိုဖတ်နေတုန်း စီးလာတဲ့ကားက တဟုန်ထိုးမောင်းနှင်သွားပေမယ့် ကျွန်တော့စိတ်တွေက စာတန်း (၃) ခုနားမှာ ကျန်နေရစ်ခဲ့တယ်။
.
. ဘော်စတွန်၊ တက္ကသိုလ်၊ ကျောင်းသူ/ကျောင်းသား၊ နှလုံးသား၊ စိတ်ဓါတ်များ နဲ့ တံခါးများ . . ဒါတွေ ဘယ်လိုဆက်စပ်နေသလဲ? ပြန်စဉ်းစားစမ်း . . " မင်းဦးနှောက်သေးသေးလေးနဲ့ရအောင်စဉ်းစားစမ်း " လို့ ကျွန်တော့ကိုယ်ကျွန်တော် မရပ်မနား ပြန်ခိုင်းနေမိတယ်။
.
.
. " ဘော်စတန်က လူဖြူတွေ အမေရိကားကိုစတင်ခြေချခဲ့တဲ့နေရာ၊ သူတို့မှာ မျိုးချစ်စိတ်အရမ်းပြင်းထန်သလို တီးပါတီ - Tea Party လိုမျိုး မျိုးချစ်စိတ်အခြေပြုတွန်းလှန်ခြင်းကို အစပြုခဲ့တဲနယ်မြေဖြစ်တယ်။ ရာသီဥတုက ကြမ်းပြီဆိုရင် နယူးယောက်ထက်ဆိုးတယ် " လို့အစချီပြီး ကျွန်တော့ထက်အတွေ့အကြုံရင့်တဲ့ အစ်ကိုတစ်ယောက်က ပြောပြပါတယ်။
.
. " ဘော်စတန်ကလမ်းတွေဟာ အင်္ဂလန် နဲ့ ဥရောပကလမ်းတွေနဲ့ ဖွဲ့စည်းပုံတော်တော်ဆင်တယ်လို့ ပြောကြတယ်။ ဒါကလည်း ဖြစ်နိုင်စရာအကြောင်း အများကြီးရှိတယ်။ အရင်တစ်ချိန်က မက်ဆာချုးဆက်ပင်လယ်အော်ဒေသကို ဥရောပသားတွေအခြေချခဲ့တာ သမိုင်းမှာရှိတယ်။ နောက်တော့ " ငါတို့ကိုယ်တိုင်ရပ်တည်နိုင်လျက်နဲ့ ကိုလိုနီပြုတဲ့အင်္ဂလိပ်တွေကို ဘာကြောင့်အခွန်ပေးနေရမှာလဲ " လို့တွေးပြီး သမိုင်းဝင်တဲ့အလုပ်တွေကို လုပ်ခဲ့တယ်။ အဓိက ဘော်စတန်မြို့ရှိတဲ့နေရာကိုကြိုက်တာ သူတို့ကြိုက်တဲ့ဘာသာ သူတို့ကိုးကွယ်လို့ရလို့၊ ဘာသာရေးလွတ်လပ်ခွင့်ရှိလို့ပဲ " . . ဒါက ကျွန်တော့ရဲ့နောက်မျိုးဆက်သစ် သား " စွမ်း " ပြောခဲ့တာကို ပြန်ရေးပြတာ။
.
.
. အပေါ်ကစာ (၂) ပုဒ်က ကျွန်တော့ထက်စောတဲ့မျိုးဆက် နဲ့ ကျွန်တော့ထက်နောက်ကျတဲ့မျိုးဆက်တွေက ဘော်စတန်ရဲ့သမိုင်းကြောင်းကို ပြောပြသွားခဲ့ပြီ။ ကျွန်တော်က အခုရောက်နေတဲ့ လက်ရှိမြို့အကြောင်း ဆက်ပြောချင်တယ်။
.
.
. Open Hearts
.
. ဘော်စတန်ကိုလာရင် မိတ်ဆွေတို့ရဲ့နှလုံးသားကိုဖွင့်ထားပါ။ ဒါက တကယ်ပြောတာ။ ဒီနေရာ ဒီဒေသမှာမြင်မြင်ရသမျှ အရောင်အသွေးစုံတဲ့လူတွေဆီမှာ သူတို့ရဲ့နှလုံးသားကို မြင်နေရတယ်။ လူဖြူများတယ်၊ အာရှတိုက်သားများတယ်၊ ပညာတတ်လူငယ်တွေများတယ်၊ လုပ်နေသမျှ ပညာရေး နဲ့ ပညာရေးဝန်ဆောင်မှုအလုပ်တွေများတယ်လို့ထင်ရတယ်။
.
. တစ်ဦးနဲ့တစ်ဦး ဦးစားပေးတာ တွေ့ရတယ်။ ဝန်ဆောင်မှုကို လူ့အခွင့်အရေးကဲ့သို့တန်ဖိုးထားတယ်။ အချိန်တိကျ မှန်ကန်တယ်။ တစ်ပါးသူရဲ့ မူပိုင်ခွင့်၊ တစ်ပါးသူရဲ့ကိုယ်ရေးကိုယ်တာကို လေးစားတယ်။ အရင်ရောက်သူအလှည့်ပေးစံနစ်ကို ကျင့်သုံးတယ်။ လုပ်အားနဲ့မျှတတဲ့အပန်းဖြေမှုကို မြတ်နိုးကြတယ်။ ဒီတော့ ဒီဒေသကိုလာရင် မိတ်ဆွေတို့ရဲ့နှလုံးသားကို " ဖွင့် " လာမှ တော်ရာကျမယ်။
.
.
. Open Minds
.
. ဘော်စတန်ကိုလာရင် မိတ်ဆွေတို့ရဲ့စိတ်ဓါတ်တွေကိုဖွင့်ထားပါ။ ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းတိုင်းပြည်တွေထံ နှလုံးသွေးရပ်ကျဆုံးသွားတဲ့ ရှေးပုံရိပ်အောင်မြေမဟာရွှေမန္တလေးနဲ့ ဒီမြို့ မနှိုင်းသာဘူး။ ဒီမှာက မျိုးချစ်စိတ်ပြင်းထန်တယ်။ ဒါပေမယ့် ဘာသာခြား နဲ့ မတူတဲ့လူမျိုးတွေကို အနိုင်မကျင့်ဘူး။
.
. ဒီနေရာမှာ အမျိုးချစ်သူတွေက သူတို့တိုင်းပြည်ကိုငွေလာပေးတဲ့ နိုင်ငံခြားသားတွေကိုကြိုဆိုဖို့ စိတ်ကောင်းရှိကြတယ်။ မတူတာကိုညှိလို့ တူတာကိုဖိလုပ်ဖို့ သူတို့ရဲ့စိတ်ဓါတ်တွေက ဆန္ဒရှိကြတယ်။ အလုပ်သူသမျှဂုဏ်ရှိစွ၊ မကောင်းမှုမှန်သမျှ သတင်းပို့ကြ ဆိုတဲ့စိတ်ဓါတ်တွေက ရထားပေါ်မှာရေးထားတဲ့ " See Something, Say Something " ဆိုတဲ့ ရဲဋ္ဌာနရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပြည်သူတွေပါဝင်ဖို့ စိတ်ဓါတ်ကိုမြှင့်တင်ပေးတဲ့ဆောင်ပုဒ်က သက်သေပြနေပါတယ်။
.
.
. Open Doors
.
. ဘော်စတန်က ကမ္ဘာကြီးကို တံခါးအမြဲဖွင့်ထားတယ်လို့ပြောတယ်။ တစ်ကယ်တော့ ဘော်စတန်ဟာ " ကမ္ဘာတစ်ခုလုံးရဲ့ ပညာရုံးစိုက်ရာမြို့ " လို့ ပြောရင် နည်းနည်းပဲ လွန်မယ်။ ဒီမှာရှိတဲ့ အထင်ကရတက္ကသိုလ်တွေဟာ ကမ္ဘာကြီးကိုကိုင်လှုပ်မယ့် နိုင်ငံရေးသမားတွေ၊ စီးပွားရေးပညာရှင်တွေ၊ ကျောင်းမပြီးတဲ့ဘီလျံနာတွေ နဲ့ အထူးတီထွင်လှုပ်ရှားမယ့် စွန့်ဦးလုပ်ငန်းရှင်တွေကိုယ်တိုင်က ဘော်စတန်ရဲ့ဝင်ငွေတံခါးကို အမြဲဟထားပေးတယ်။
.
. ဒါတင်ဘယ်ကဦးမလဲ . . မက်ဆာချူးဆက်ပင်လယ်အော်ရဲ့ကမ်းစပ်တွေမှာစီထားတဲ့လမ်းခင်းကျောက်တွေမှာ တရုတ်ယွမ်ငွေလည်းပါရဲ့၊ ကိုးရီးယားဝမ်ငွေလည်းမနေခဲ့၊ ဂျပန်ယမ်းလည်းမနေသာဘူး၊ အင်္ဂလန်ပေါင်လည်း မချောင်ပါဘူး၊ ဥရောပယူရိုဆို ပိုလို့သာဆိုး . . ငွေအိုးဟာ အရောင်အသွေး အရွယ်အစား စုံလို့ပါပဲ။ ဒီထက်ပိုပိုသာသာပြောရရင် ကျောင်းမြို့တော်မှာ ကိုယ့်သားသမီးစာသင်ခွင့်ရရင် အိမ်တိုင်ချွတ်ပြီး ကျောင်းပို့မယ့်မိဘတွေကို ဘော်စတန်က တံခါးဖွင့်ကြိုဆိုနေမှာ အမှန်ပါ။
.
.
. တက္ကသိုလ်
.
. လမ်း (၃) လမ်းလောက်ကူးလိုက်တာနဲ့ကောလိပ်တစ်ခု ရောက်တယ်။ မန္တလေးအခေါ် (၂) ပြလောက်ကျော်လိုက်တာနဲ့ တက္ကသိုလ်တစ်ခု ရောက်တယ်။ တံတားကြီးတစ်ခုကျော်လိုက်တာနဲ့ နာမယ်ကျော်ကျောင်းအဆောက်အဦကြီးတစ်ခု စတွေ့မယ်။ တစ်နှစ်မှာတစ်ကြိမ် ဆင်ယင်ကျင်းပတဲ့ဘွဲ့နှင်းသဘင်ကြောင့် ကားလမ်းအရမ်း ကြပ်မယ်။ စားသောက်ဆိုင် လူပြည့်မယ်။ လေယာဉ်လက်မှတ်တွေ ရောင်းကောင်းတယ်။
.
. ပညာရပ်ဆိုင်ရာထက် သုတေသနကို လူငယ်တွေပိုစိတ်ဝင်စားကြတယ်။ ဒုတိယနည်းပညာရပ်ဝန်းလို့ အများခေါ်ကြတဲ့ နယူးယောက်နီးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအင်္ဂလန်အုပ်စုဟောင်းကြီး - New England မှာပါတဲ့အတွက် ပြည်နယ်ပြောင်းကျောင်းတက်ကြတဲ့ အမေရိကန်နိုင်ငံသားတွေ ငွေပိုမကုန်တော့ဘူး။ ကျောင်းအသိုက်အဝန်းကြီးသလို ကျောင်းသားတွေကိုဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ အရောင်းအဝယ်ကောင်းတယ်။ ခရီးသွားလုပ်ငန်းကောင်းမကောင်း များပြားလှတဲ့စားသောက်ဆိုင်အရေအတွက်တွေကိုကြည့်ရင် ထင်းထင်းရှင်းရှင်း သိနိုင်တယ်။
.
.
. ကျောင်းသူ/ကျောင်းသား
.
. ဘော်စတန်မှာ ကျောင်းသူ/ကျောင်းသားဟာ ပြည်သူပါပဲ။ ပြည်သူကို ပြည်သူတွေရဲ့မိခင်/ဖခင်တွေက ကျွေးမွေးကြတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က စတိုးဆိုင်မှာ၊ လမ်းတွေပေါ်မှာ အဖော်မပါ အိုကြီး အိုမ နဲ့ သွားလာနေကြတာမြင်ရတယ်။ ဒါပေမယ့် သူတို့စိတ်မပူဘူး။ သူတို့ကို ပင်စင်ခံစားခွင့်ပေးမယ့် ပြည်နယ်အစိုးရ ရှိတယ်။ သူတို့ဆောင်ထားတဲ့အခွန်ကနေ အိုမင်းမစွမ်းချိန်မှာပြန်ရဖို့ စုထားတဲ့ငွေတွေ ရှိတယ်။
.
. ကျောင်းသားတွေနေဖို့ ဘော်စတန်ရဲ့အခန်းငှားခက ဆန်ဖရန်စစ္စကို၊ နယူးယောက်ထက် ဘယ်တော့မှ မနိမ့်ဘူး။ တတ်နိုင်တဲ့မိသားစုတွေရဲ့သားသမီးတွေ ရေကိုပုံးနဲ့ခပ်သလို ငွေကိုလုံးကနဲသုံးတဲ့နေရာတွေထဲမှာ ဘော်စတန်ပါတယ်။ ကျောင်းဆိုရင် ကျောင်းသားတွေက လမ်းကြိုလမ်းကြားတက္ကသိုလ်လည်း လိုက်တက်တာပဲ။ တရုတ်တန်းကတက္ကသိုလ်လည်း လူအမြဲပြည့်တဲ့ ကျောင်းကြီးတွေကို ဘော်စတန်မှာ အမြဲတွေ့နေရတာပါပဲ။
.
.
. ဒါ့အပြင် ဘော်စတန်မှာ ပင်လယ်စာသုံးစွဲမှု မြင့်မားသလို ပင်လယ်စာပြုပြင်ထုတ်လုပ်မှု ကြီးထွားတယ်။ ရေကြောင်း၊ လေကြောင်းပို့ဆောင်မှု အားကောင်းတယ်။ ခရီးသွားလုပ်ငန်းမှာ ပြည်ပကပြောင်းရွှေ့နေထိုင်တဲ့ အာရှတိုက်သားတွေ နေရာရတယ်။
.
. အပြည်ပြည်ဆိုင်ရာမျက်စိနဲ့ကြည့်ရင် ဘော်စတန်မြို့ဟာ " ပွက်ပြီးသားငါးပစ်ကွင်း " လို့ ပြောနိုင်တယ်။ ဒီနေရာမှာ ငါးစာကျွေးရင် ငါးရမှာသေချာသလို ဒီငါးစာကိုလာစားတဲ့ငါး အမြဲရှိတယ်။ ဒီလို အညမညဖြစ်စဉ်တွေကနေ ရှေးဟောင်းတိုက်ပွဲအဆက်ဆက်ကိုတိုက်ခဲ့တဲ့ ဘော်စတန်ဟာ နောက်မျိုးဆက်တွေအထိ ပညာစီးပွားရေးတိုက်ပွဲ ဆက်လက်အောင်နိုင်နေမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-28-2017
.
. မှတ်ချက် ။ ။ ဘော်စတန်မြို့အကြောင်းကို ဖြည့်စွက်ပြောပြပေးသော စာရေးဆရာ ကိုအောင်မိုးဝင်း နှင့် သား စွမ်း တို့ကို ကျေးဇူးအထူးတင်ရှိပါသည်။


No comments: