ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, September 19, 2013

နားတစ်ရာ က စ ပြောင်းသင့်ပါပြီ




                 ဒီနေ့ အလုပ်ကပြန်တော့ နားတစ်ရာ ကို ဖုန်းဆက်ကြည့်ပါတယ် ၊ ပထမ ၅ဝ၄xxx ဖုန်းဆက်တော့ အမျိုးသမီးလေး တစ်ယောက်က ၄၂၁၁xxxxx ကိုထပ်ဆက်ခိုင်းပါတယ် ၊ အမျိုးသား တစ်ယောက်နဲ့တွေ့ပြီး သူက စ နားထောင်ပေးပါတယ် ၊ စာရေးသူက စပြီး ဂျာနယ်တွေ ထင်သာမြင်သာမရှိတာပြောပြချင်လို့ပါ ၊ စာမူတွေအီးမေးလ် နဲ့ ပို့တာ အကြောင်းမပြန်လို့ ၊ ဂျာနယ်မှာ ပါမပါ ကို မေးတဲ့အီးမေးလ်တွေဆိုလဲ မပြန်လို့ ၊ ဒီလိုဖြစ်နေတာက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ လဲမကိုက်ညီပါဘူးလို့ ပြောလိုက်ပါတယ် ၊ နားတစ်ရာ က အမေရိကားက ဆက်တာမို့လို့ပြောပြရအုံးမယ် ၊ မြန်မာပြည် မပြောင်းသေးပါခင်များ ၊ တချို့ဆို မရှိစု ရှိစု လူ နှစ်ယောက်ထဲနဲ့ ဂျာနယ်ကိုလုပ်နေရရှာတာ လို့ စဖြေပါတယ် ၊
စာရေးသူက ဆက်ပြီး အဝေးက စာမူပို့တာဆိုတာ ရောက်မရောက်ရယ် ၊ ကိုယ့်စာမူဘယ်လိုအခြေအနေရှိတယ်ဆိုတာ သိခွင့်ရှိတယ်လို့ထင်ပါတယ် လို့ ထပ်ပြောခွင့်ရပါတယ် ၊ နားတစ်ရာ က စာရေးသူစကားကို ခန စောင့်ပြီး အင်တာနက်လိုင်းတွေ မကောင်းလို့ပါလို့ ပြောပြန်ပါတယ် ၊ တဖန် စာရေးသူကဘဲ ဒါဆို ကျွန်တော်တို့ Facebook  မှာ Like လုပ်ထားတာ Feeds တွေက ဆက်တိုက်တက်နေတာတော့တွေ့ရပြီး အီးမေးကျတော့ ၁ ပတ် ၂ ပတ် နေတောင်မပြန်ဘူးကော လို့ ထပ်မေးလိုက်မိပါတယ် ၊ သူကမလျှော့ပါ  ကျွန်တော်တို့တာဝန်က အစိုးရဌာနတွေ အလွဲသုံးစားလုပ်တာကို ဖော်ထုတ်ဖို့အဓိကပါ ၊ ဂျာနယ်ကိစ္စတွေဆိုရင် အယ်ဒီတာ ကို တိုက်ရိုက်ဖုန်းဆက်ပါတဲ့ ၊ ပြီးတော့ ဒီလိုဖြစ်နေတဲ့စာမူတိုက်တွေပြောပြပါလား ဆိုတော့ ပြန်ပြောလိုက်တယ် -စာရေးသူစာမူတွေအများဆုံးဖော်ပြပေးနေတာ ခင်များတို့ Hot News Weekly Journal ကဘဲလို့ ၊ အခုလဲ မေးတာတွေ အီးမေးမပြန်လို့ဆက်တာပါလို့ ပြောလိုက်မိပါတယ် ။


          ပြောချင်တာက ဒီလိုပါ ၊ သူပြောသလို အယ်ဒီတာကိုပြောဆိုရင် စာရေးသူ က ကြော်ငြာထည့်မယ့်သူမှမဟုတ်တာ ၊ ပြီးတော့ ကိုယ့်စာမူကို ပါစေချင်လွန်းလို့ အမေရိကား ကနေ တကူးတက ဖုန်းဆက်တယ်ဖြစ်သွားမှာပေါ့ ၊ ကိုယ့်ရှေ့မှာ ကိုယ့်ထက်တတ်ကျွမ်းတဲ့ စာရေးဆရာကြီးများ နဲ့ သတင်းစာဆရာကြီးများ ကို ကျော်လို့ ဘယ်ဖြစ်ပါ့မလဲ ၊ ဒါမျိုးထင်သွားမှာကို သေရမှာထက်တောင် ရှက်သေးတယ် နားတစ်ရာရေ ၊ အခု ပြောနေတာက ဒီမိုကရေစီ ။ 

        
                ဒီမိုကရေစီခေတ်မှာ ပြည်သူ့ကတင်မြှောက်တဲ့သူက ပြည်သူ့အကျိုးကို ပြန်ဆောင်ရွက်တယ် ဒါက နိုင်ငံရေး ။ မီဒီယာမှာလဲ ပြည်သူက ထည့်တဲ့ကြော်ငြာနဲ့ ရပ်တည်တယ်/ပြည်သူ့အကျိုးကောင်းရာကောင်းကြောင်း ၊ ပြုပြင်နိုင်ရာနိုင်ကြောင်းကို ထင်ဟပ်စေတဲ့ အသိပညာ/အတတ်ပညာ/သုတ-ရသစာပေတွေကိုဖြန့်ချိပေးတယ် ၊ ပြည်သူကိုသိစေချင်တဲ့အကြောင်းအရာတွေကိုရေးပေးတဲ့ စာရေးသားသူတွေရဲ့ သတင်းအချက်အလက်တွေကို ကြားခံပေါင်းကူးပေးတဲ့ ဝရဇိန်စာပေလက်နက်တစ်ခုမဟုတ်ဘူးလားခင်မျာ ။


               “ စာမူပို့က စာမူရောက်ပါသလား ၊ ဒီအပတ်မှာပါနိုင်ပါသလား ၊ ဘယ်အကြိမ်မှာပါနိုင်ပါသလဲ “ လို့ မေးရင် အကြောင်းပြန်ပေးရမှာက ဒီမိုကရေစီတာဝန်သိမှု လို့ထင်မြင်ပါတယ် ၊ လူတွေအားလုံးလုပ်ချင်တာလုပ်နေတာမျိုးမှ ဒီမိုကရေစီမဟုတ်ပါဘူး ၊ လူအများအားလုံးလုပ်သင့်လုပ်ထိုက်တာကိုလုပ်နေကြပြီ ဆိုတာကမှ ဒီမိုကရေစီပါ ၊ အဲဒီတော့ ဒီလိုအကျင့်ကောင်းများရအောင် သူတပါးဆက်သွယ်တာကို အရေးမလုပ်တဲ့အကျင့်မျိုးကို မီဒီယာဂျာနယ်တိုက်မှ အစပြု စံပြဖြစ်အောင် ပြုပြင်သင့်ပါတယ် ၊ ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ “ မင်းတို့ ပို့ချင်တာပို့ ငါတို့ထည့်ချင်တဲ့အချိန်ထည့်မယ် ၊ ပါမပါ ဂျာနယ်အထွက်စောင့်ကြည့် ” လို့ပြောသလိုဖြစ်မနေဘူးလားခင်များ ၊ ရေမြေခြားမှာ ခေတ္တရောက်နေတာမို့လို့ ဂျာနယ်တိုက်ကိုလဲမလာနိုင်သေးပါဘူးခင်များ ၊ နေ့နဲ့ည အချိန်မတူလို့ ဗုဒ္ဓဟူးနေ့နားတစ်ရာတို့ဂျာနယ်တိုက် က အွန်လိုင်း MediaFire ပေါ်အတင်/ဒီဘက်အချိန် အဂါင်္နေ့ တင်နိုးတင်နိုး နဲ့ ကွန်ပြူတာရှေ့ထိုင်စောင့်ရတဲ့နာရီပေါင်းကလဲမနဲတော့ပါ ၊ ဒီလိုအခက်အခဲတွေကိုဖြေရှင်ပေးနိုင်မှာက စာရေးသူအတွေ့အကြုံအရ ပေါင်းသင်းဆက်ဆံရေး-Communication ပါ ၊ ဒီအချက်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ နားတစ်ရာ ပိုသိပါလိမ့်မယ် ၊ လူလူချင်းလေးစားဖို့ အလုပ်ပေးသူနဲ့ အလုပ်အပ်သူအားလုံးတို့ကို ပျူပျူငှာငှာအဆင့်အတန်းရှိရှိဆက်ဆံတတ်ဖို့ နားတစ်ရာ က စ မပြင်သင့်ဘူးလားခင်မျာ

ကိုညီညီ - တောင်ကြီး

1 comment:

Unknown said...
This comment has been removed by the author.