ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, December 11, 2018

Growing Others Grow You

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


          "Growing Others Grow You" ဒီစာသားေလးက ရင္ဘတ္ကိုလာမွန္တာမၾကာေသးဘူး။ သူမ်ားကိုရင္႕က်က္ေအာင္လုပ္ရင္းနဲ႕ ကိုယ္ကရင္႕က်က္လာမယ္ ဆုိပါလား . .။ ကိုယ္တိုင္ ရင္႕က်က္ဖို႕မေျပာနဲ႕ . . ဘာျဖစ္လုိ႕ျဖစ္ေနမွန္းမသိတဲ႕သူေတြ ကမၻာမွာအမ်ားၾကီး။

လူေတြဟာ ေခတ္အဆက္ဆက္မွာပံုစံအမ်ိဳးမ်ိဳနဲ႕မွားခဲ႕တယ္။ ဒီအမွားေတြကေနသင္ယူခြင္႕ရွိတာဟာ စာဖတ္သူ ကံေကာင္းတာပါပဲ။

လူတစ္ခ်ိဳ႕ဆို မွားလို႕မွားမွန္းမသိ၊ မသိေတာ႕ သင္ယူခြင္႕မရွိ (အဲဒါ လူညံ႕)

လူတစ္ခ်ိဳ႕က မွားမွန္းေတာ႕သိ၊ ဆက္လက္က်ဴးလြန္၊ အမွားကေနသင္ယူခြင္႕ရွိ၊ ဒါေပမဲ႕ မသင္ယူ (အဲဒါ လူမိုက္)

လူတစ္ခ်ိဳ႕က မွားမွန္းသိ၊ ဆက္မလုပ္၊ အမွားကေနသင္ယူ၊ ထပ္မမွားေအာင္ဆင္ျခင္ျပဳျပင္ (အဲဒါ ရင္႕က်က္လာသူ - Grower) လို႕ ေျပာျပခ်င္တယ္။

ငယ္ဘဝတုန္းကတည္းက အခု အသက္ၾကီးတဲ႕အထိ သားသမီးေတြကုိထိန္းတာ မွားလို႕မွားေနမွန္းမသိတဲ႕ အေဒၚၾကီးတစ္ေယာက္ကို ကြ်န္ေတာ္ေတြ႕ဖူးတယ္။ ငယ္စဥ္အခါပညာရွာေစမယ္႕အစား သားသမီးကို ေငြကုိလြယ္လြယ္နဲ႕ရွာေနတာကို မထိန္းသိမ္း မသင္ျပေပးတာက စမွားခဲ႕တယ္။
ေလာင္းကစားလုပ္၊ အရက္၊ ဖဲ၊ မိန္းမ၊ ကာရာအုိေကမွာေျခရႈတ္သမွ် ဘာလုပ္လုပ္အျပစ္မျမင္တဲ႕ဒီအေမေၾကာင္႕ သားဆုိးေတြသက္ဆုိးရွည္ၾကတယ္။

ကုိယ္တိုင္ အမွန္ကုိမျမင္ႏို္င္ဘူးပဲ ထားဦး . . နားလည္သူ၊ အေတြ႕အၾကံဳရွိသူ၊ အေမွ်ာ္အျမင္ရွိသူေတြက ဘယ္လိုပင္ေျပာျပပါေသာ္လည္း သားသမီးမွားတာကုိမျမင္ပဲ၊ အလုပ္ဆိုရင္ မခုိင္းရက္၊ မလုပ္နဲ႕ မကိုင္နဲ႕ ပင္ပန္းမယ္ဆိုျပီကာဆီးကာဆီး နဲ႕ ေရသာခုိခုိင္းသလိုျဖစ္လာရင္း ရင္႕က်က္တဲ႕ဘဝကိုဘယ္တက္လွမ္းႏိုင္ပါ႕မလဲ?

ဒါက မွားလုိ႕မွားမွန္းမသိတဲ႕ အေမလူညံ႕ရယ္၊ မွားမွန္းသိေပမယ္႕ ဆက္လက္က်ဴးလြန္ေနတဲ႕ သားလူမိုက္တုိ႕ မရင္႕က်က္လာပံုကုိ ႏိႈင္းယွဥ္ၾကည္႕ရင္ အသက္ၾကီးျပီး စိတ္ဓါတ္မရင္႕က်က္လာတာကို အထင္းသားသင္ခန္းစာယူႏုိင္ပါတယ္။

ျဖစ္သင္႕တာက - မိမိအမွားလုပ္ခဲ႕သမွ် တစိမ္႕စိမ္႕ေတြးေတာဆင္ျခင္ျပီး ေနာက္ဆုိရင္ ဒါမ်ိဳးဆင္တူအမွားမ်ိဳးမလုပ္မိေအာင္စဥ္းစားတတ္တာက ရင္႕က်က္ျခင္း - Maturity ရဲ႕ အစပုိင္း အေျခခံျဖစ္တယ္။

ဒါေၾကာင္႕ မိမိကိုယ္တိုင္ရင္႕က်က္ခ်င္တုိုင္းရင္႕က်င္ေနသူေတြကတစ္မ်ိဳးတစ္ဘာသာေတာ္ၾကျပီး မိမိအမွား၊ သူတပါးအမွားေတြကို ေနာက္လူေတြေရွာင္သြားႏုိင္ေအာင္ ျပန္လည္မွ်ေဝတာက အမွန္တကယ္ရင္႕က်က္သူပါ။
 
ဘယ္အေၾကာင္းအရာမဆုိ ျဖစ္သြားတဲ႕အေၾကာင္းခံ နဲ႕ ျဖစ္ခ်င္တဲ႕အေၾကာင္းရင္းတုိ႕ဟာ လုပ္ခဲ႕တဲ႕အမွား နဲ႕ လုပ္ခ်င္တဲ႕စိတ္ စတင္ခဲ႕ျခင္းတုိ႕ကေန ျမစ္ဖ်ားခံလာပါတယ္။

ဒါကိုျမင္ေအာင္ၾကည္႕ျပီး "လြယ္ကူေအာင္ဘယ္လုိလုပ္မလဲဆုိတာက" လူတိုင္းအတြက္မဟုတ္ပဲ (အလြယ္လမ္းကိုလိုက္သူေတြေၾကာင္႕) လမ္းစလြဲသြားေစႏိုင္တာ သတိထားရပါမယ္။

ဒီအခ်င္းအရာေတြကိုၾကည္႕ျပီး
ကိုယ္တုိင္လည္းက်င္႕ၾကံ
သူမ်ားေတြကိုလည္းက်င္႕ၾကံဖို႕အားေပး
အမွားေဝးသမွ် အေျဖမွန္
ေလာကဓံကုိၾကံ႕ၾကံ႕ခံရင္း
စိတ္ရွင္းသမွ် ရင္႕က်က္ၾကဖုိ႕
ေတာင္းဆုမ်ားကုိ
ဆင္႕ပြားသင္ခန္းစာယူမွ်ေဝလုိက္ရပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
12-11-2018

Unicode Version:

          "Growing Others Grow You" ဒီစာသားလေးက ရင်ဘတ်ကိုလာမှန်တာမကြာသေးဘူး။ သူများကိုရင့်ကျက်အောင်လုပ်ရင်းနဲ့ ကိုယ်ကရင့်ကျက်လာမယ် ဆိုပါလား . .။ ကိုယ်တိုင် ရင့်ကျက်ဖို့မပြောနဲ့ . . ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူတွေ ကမ္ဘာမှာအများကြီး။

          လူတွေဟာ ခေတ်အဆက်ဆက်မှာပုံစံအမျိုးမျိုနဲ့မှားခဲ့တယ်။ ဒီအမှားတွေကနေသင်ယူခွင့်ရှိတာဟာ စာဖတ်သူ ကံကောင်းတာပါပဲ။

လူတစ်ချို့ဆို မှားလို့မှားမှန်းမသိ၊ မသိတော့ သင်ယူခွင့်မရှိ (အဲဒါ လူညံ့)

လူတစ်ချို့က မှားမှန်းတော့သိ၊ ဆက်လက်ကျူးလွန်၊ အမှားကနေသင်ယူခွင့်ရှိ၊ ဒါပေမဲ့ မသင်ယူ (အဲဒါ လူမိုက်)

လူတစ်ချို့က မှားမှန်းသိ၊ ဆက်မလုပ်၊ အမှားကနေသင်ယူ၊ ထပ်မမှားအောင်ဆင်ခြင်ပြုပြင် (အဲဒါ ရင့်ကျက်လာသူ - Grower) လို့ ပြောပြချင်တယ်။

         ငယ်ဘဝတုန်းကတည်းက အခု အသက်ကြီးတဲ့အထိ သားသမီးတွေကိုထိန်းတာ မှားလို့မှားနေမှန်းမသိတဲ့ အဒေါ်ကြီးတစ်ယောက်ကို ကျွန်တော်တွေ့ဖူးတယ်။ ငယ်စဉ်အခါပညာရှာစေမယ့်အစား သားသမီးကို ငွေကိုလွယ်လွယ်နဲ့ရှာနေတာကို မထိန်းသိမ်း မသင်ပြပေးတာက စမှားခဲ့တယ်။

          လောင်းကစားလုပ်၊ အရက်၊ ဖဲ၊ မိန်းမ၊ ကာရာအိုကေမှာခြေရှုတ်သမျှ ဘာလုပ်လုပ်အပြစ်မမြင်တဲ့ဒီအမေကြောင့် သားဆိုးတွေသက်ဆိုးရှည်ကြတယ်။

         ကိုယ်တိုင် အမှန်ကိုမမြင်နို်င်ဘူးပဲ ထားဦး . . နားလည်သူ၊ အတွေ့အကြုံရှိသူ၊ အမျှော်အမြင်ရှိသူတွေက ဘယ်လိုပင်ပြောပြပါသော်လည်း သားသမီးမှားတာကိုမမြင်ပဲ၊ အလုပ်ဆိုရင် မခိုင်းရက်၊ မလုပ်နဲ့ မကိုင်နဲ့ ပင်ပန်းမယ်ဆိုပြီကာဆီးကာဆီး နဲ့ ရေသာခိုခိုင်းသလိုဖြစ်လာရင်း ရင့်ကျက်တဲ့ဘဝကိုဘယ်တက်လှမ်းနိုင်ပါ့မလဲ?

          ဒါက မှားလို့မှားမှန်းမသိတဲ့ အမေလူညံ့ရယ်၊ မှားမှန်းသိပေမယ့် ဆက်လက်ကျူးလွန်နေတဲ့ သားလူမိုက်တို့ မရင့်ကျက်လာပုံကို နှိုင်းယှဉ်ကြည့်ရင် အသက်ကြီးပြီး စိတ်ဓါတ်မရင့်ကျက်လာတာကို အထင်းသားသင်ခန်းစာယူနိုင်ပါတယ်။

          ဖြစ်သင့်တာက - မိမိအမှားလုပ်ခဲ့သမျှ တစိမ့်စိမ့်တွေးတောဆင်ခြင်ပြီး နောက်ဆိုရင် ဒါမျိုးဆင်တူအမှားမျိုးမလုပ်မိအောင်စဉ်းစားတတ်တာက ရင့်ကျက်ခြင်း - Maturity ရဲ့ အစပိုင်း အခြေခံဖြစ်တယ်။

          ဒါကြောင့် မိမိကိုယ်တိုင်ရင့်ကျက်ချင်တိုုင်းရင့်ကျင်နေသူတွေကတစ်မျိုးတစ်ဘာသာတော်ကြပြီး မိမိအမှား၊ သူတပါးအမှားတွေကို နောက်လူတွေရှောင်သွားနိုင်အောင် ပြန်လည်မျှဝေတာက အမှန်တကယ်ရင့်ကျက်သူပါ။

          ဘယ်အကြောင်းအရာမဆို ဖြစ်သွားတဲ့အကြောင်းခံ နဲ့ ဖြစ်ချင်တဲ့အကြောင်းရင်းတို့ဟာ လုပ်ခဲ့တဲ့အမှား နဲ့ လုပ်ချင်တဲ့စိတ် စတင်ခဲ့ခြင်းတို့ကနေ မြစ်ဖျားခံလာပါတယ်။

         ဒါကိုမြင်အောင်ကြည့်ပြီး "လွယ်ကူအောင်ဘယ်လိုလုပ်မလဲဆိုတာက" လူတိုင်းအတွက်မဟုတ်ပဲ (အလွယ်လမ်းကိုလိုက်သူတွေကြောင့်) လမ်းစလွဲသွားစေနိုင်တာ သတိထားရပါမယ်။

ဒီအချင်းအရာတွေကိုကြည့်ပြီး
ကိုယ်တိုင်လည်းကျင့်ကြံ
သူများတွေကိုလည်းကျင့်ကြံဖို့အားပေး
အမှားဝေးသမျှ အဖြေမှန်
လောကဓံကိုကြံ့ကြံ့ခံရင်း
စိတ်ရှင်းသမျှ ရင့်ကျက်ကြဖို့
တောင်းဆုများကို
ဆင့်ပွားသင်ခန်းစာယူမျှဝေလိုက်ရပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-11-2018

No comments: