ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, December 23, 2018

မေတြးရင္မေနႏိုင္တာကလြဲလို႕

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
         လက္ေတြ႕ဘဝရဲ႕အျဖစ္အပ်က္ေတြနဲ႕ေဝးေနတဲ႕တစ္ေနရာမွာ "အေတြး" ရွိတယ္။ ဒီအေတြးနယ္ထဲမွာ ကြ်န္ေတာ္ၾကီးပ်င္းခဲ႕တယ္။ သူမ်ားေတြစားလို႕ကိုယ္မစားရတဲ႕မုန္႕ကို အေတြးထဲမွာကြ်န္ေတာ္စားတယ္။ သူမ်ားတကာေတြရလို႕ဆင္ျမန္းေနတဲ႕လက္ေဆာင္မ်ိဳးကုိအေတြးထဲမွာကြ်န္ေတာ္ေက်နပ္စြာကိုင္တြယ္ခဲ႕တယ္။ တကယ္ေတာ႕ "အေတြးသည္သာကြ်န္ေတာ႕ရဲ႕ကမၻာ" လို႕ဆိုရမလိုေတာင္ ေျပာရပါလိမ္႕မယ္။

စာသင္သားဘဝနဲ႕စီးပြားေရးအလုပ္သင္ဘဝေတြဟာ အေတြးေတြထဲမွာဘယ္လိုမွအခ်ိန္ကုန္တယ္မထင္လုိက္ဘူး။ လက္ေတြ႕ဘဝမွာေတာ႕ အႏွစ္ (၃ဝ) ေလာက္ရွည္ၾကာခဲ႕တယ္။ အထင္နဲ႕အျမင္ကိုစေကးခ်လို႕ ေဖးမေပးတဲ႕ခ်စ္သူအနားမွာ အမ်ားနဲ႕အတိုက္အခံျပဳရင္း ျဖဴစင္ျခင္းေတြကို စိတ္ရင္းေစတနာနဲ႕ ၾကင္နာသမွ်ေတြကို အတူေဝငွခဲ႕ၾကတယ္။

ျမန္မာလိုၾကီးခဲ႕၊ ျမန္မာလိုသင္ခဲ႕၊ ျမန္မာလိုကစားခဲ႕၊ ျမန္မာကုန္သည္တစ္ေယာက္လိုက်င္႕ခဲ႕တဲ႕အေတြးေတြဟာ ငယ္ငယ္ကတည္းက တကိုယ္ေကာင္းဆန္ေအာင္သင္ေပးခဲ႕တယ္။ သူ႕ထက္ငါယွဥ္ျပိဳင္လိုက္တိုင္း ငါသာႏိုင္ရမယ္ဆိုတာထက္ သူတစ္ပါးတစ္ေယာက္၊ တစ္စု၊ တစ္ဖြဲ႕နစ္နာမွ ငါအသာရမယ္ဆုိတာမ်ိဳးကို လွလွပပထုပ္ပိုးျပီးေရာင္းခ်ခဲ႕တယ္။ ဆယ္စုႏွစ္ (၃) ခုေလာက္ ဘဝကိုေလ႕လာျပီးတဲ႕ေနာက္ ႏိုင္ငံတကာကိုထြက္လုိက္တဲ႕အခါ အေတြးေတြကရပ္မသြားခဲ႕ပါဘူး။
အဂၤလိပ္စကားေျပာတဲ႕ႏိုင္ငံမွာလူလုပ္ရတာ ပံုမွန္ထက္ပိုေတြးရတယ္။ သူတို႕ေျပာတာကုိနားလည္ဖို႕ေတြးရတယ္။ မိမိေျပာတာကုိသူတို႕နားလည္ႏိုင္ေအာင္ စဥ္းစားေတြးေတာရတယ္။ သူမ်ားအလုပ္လုပ္တဲ႕အခါ လမ္းညႊန္ခ်က္ေတြကိုလိုက္နာႏိုင္ဖို႕ စာဖတ္ရင္းေတြး၊ လမ္းေလွ်ာက္ရင္းေတြး၊ အလုပ္လုပ္ရင္းေတြး၊ အစားစားရင္းေတြး၊ ကားေမာင္းရင္းေတြး၊ ဘယ္ေတာ႕မွမရပ္တဲ႕အေတြးေတြတသီၾကီးနဲ႕ အေနာက္ပုိင္းခရီးရွည္ၾကီးရဲ႕တံခါးဝမွာ အေတြးစေတြကိုမွတ္တမ္းတင္လာမိတယ္။

အမိႈက္မသြန္တဲ႕မီးဖိုေခ်ာင္ဟာ အမိႈက္ေတြျပည္႕လာတာနဲ႕အတူ ပုပ္ေစာ္နံလာတတ္တယ္။ ဒါေပမယ္႕ လူ႕အေတြးအေခၚေတြထဲက စုခဲ႕တဲ႕ မွတ္စုေတြ၊ သင္ခန္းစာေတြ၊ ဒဏ္ရာဒဏ္ခ်က္ေတြ၊ အသိသညာေတြ၊ ဗဟုအေတြးအျမင္ေတြ၊ ေဒသႏၱရစိမ္ေခၚမႈေတြဟာ "အမိႈက္မဟုတ္ဘူး"။ ဒါေတြဟာ ငယ္ငယ္တုန္းက "စာအုပ္ေလးေတြၾကားထဲမွာ ညွပ္ - ဖိ - သိမ္းဆည္းထားခဲ႕ပန္းေျခာက္ေလးေတြ" လို တန္ဖိုးရွိလွပါတယ္။

ဒါေတြကုိစုေလေလ သိမ္းထားတဲ႕ပန္းေျခာက္ဗူးေလးက ေမႊးေလေလ။ ဒီလိုပဲ အမွန္တရားဘက္ကုိဦးတည္တဲ႕အေတြးေတြလာေပါင္းေလေလ စုစည္းေပးတဲ႕ဦးေႏွာက္ဟာ လန္းဆန္းတဲ႕ၾကြက္သားေတြသမမွ်တလို႕ အသိပညာၾကြယ္ဝေလေလဆုိတာသိလာတယ္။

ကြ်န္ေတာ္ဆက္ေတြးတယ္။ မရပ္မနားေတြးတယ္။ အက်ိဳးရွိတာေတြးတယ္။ စာေရးရင္းေတြးတယ္။ စကားေျပာရင္းေတြးတယ္။ ကြန္ပ်ဴတာသံုးရင္းေတြးတယ္။ ပရဟိတစိတ္နဲ႕ေတြးတယ္။ လူသားအက်ိဳးျပဳတဲ႕စိတ္နဲ႕ေတြးတယ္။ မိမိရဲ႕အက်ိဳးျပဳစိတ္ကေနလူသားတစ္ေယာက္စီကုိအသိပညာမွ်ေဝႏိုင္မလားလို႕ေတြးတယ္။

ညံ႕ဖ်င္းတဲ႕ဘဏ္စံနစ္ေၾကာင္႕ အညစ္ညစ္အႏြမ္းႏြမ္းလည္ပတ္ေနတဲ႕ေငြစကၠဴေတြနဲ႕ လူေတြဟာ မိႈေတြရွဴေနရသလိုပဲ ျပန္လည္အသံုးျပဳလုိ႕မရတဲ႕အေတြးမွား အေတြးညစ္ေတြစုျပံဳသိမ္းဆည္းထားတဲ႕ ေသြးေၾကာျပတ္ဦးေႏွာက္ေတြေၾကာင္႕ လူသားဘဝေတြခရီးမဆက္ႏုိင္ ရပ္တန္႕ေနတယ္။ ဒီၾကားထဲ ေငြစကၠဴအတုက သတိထားရေသးတယ္။

ဒါေပမယ္႕ ေကာင္းမြန္တဲ႕စံနစ္တစ္ခုဟာ ဆင္းရဲတြင္းထဲနစ္ေနတဲ႕ႏိုင္ငံကုိကယ္တင္ႏုိင္သလိုပဲ "အမွန္ကိုရွာေဖြတဲ႕အေတြး" ဟာ လူေတြကိုနိမ္႕ပါးတဲ႕ဘဝကေနကယ္တင္ေပးႏုိင္တယ္။ ကြ်န္ေတာ္ဆက္ေတြးေနပါဦးမယ္။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
12-23-2018

Unicode Version:

          "မတွေးရင်မနေနိုင်တာကလွဲလို့"
          လက်တွေ့ဘဝရဲ့အဖြစ်အပျက်တွေနဲ့ဝေးနေတဲ့တစ်နေရာမှာ "အတွေး" ရှိတယ်။ ဒီအတွေးနယ်ထဲမှာ ကျွန်တော်ကြီးပျင်းခဲ့တယ်။ သူများတွေစားလို့ကိုယ်မစားရတဲ့မုန့်ကို အတွေးထဲမှာကျွန်တော်စားတယ်။ သူများတကာတွေရလို့ဆင်မြန်းနေတဲ့လက်ဆောင်မျိုးကိုအတွေးထဲမှာကျွန်တော်ကျေနပ်စွာကိုင်တွယ်ခဲ့တယ်။ တကယ်တော့ "အတွေးသည်သာကျွန်တော့ရဲ့ကမ္ဘာ" လို့ဆိုရမလိုတောင် ပြောရပါလိမ့်မယ်။


          စာသင်သားဘဝနဲ့စီးပွားရေးအလုပ်သင်ဘဝတွေဟာ အတွေးတွေထဲမှာဘယ်လိုမှအချိန်ကုန်တယ်မထင်လိုက်ဘူး။ လက်တွေ့ဘဝမှာတော့ အနှစ် (၃ဝ) လောက်ရှည်ကြာခဲ့တယ်။ အထင်နဲ့အမြင်ကိုစကေးချလို့ ဖေးမပေးတဲ့ချစ်သူအနားမှာ အများနဲ့အတိုက်အခံပြုရင်း ဖြူစင်ခြင်းတွေကို စိတ်ရင်းစေတနာနဲ့ ကြင်နာသမျှတွေကို အတူဝေငှခဲ့ကြတယ်။

          မြန်မာလိုကြီးခဲ့၊ မြန်မာလိုသင်ခဲ့၊ မြန်မာလိုကစားခဲ့၊ မြန်မာကုန်သည်တစ်ယောက်လိုကျင့်ခဲ့တဲ့အတွေးတွေဟာ ငယ်ငယ်ကတည်းက တကိုယ်ကောင်းဆန်အောင်သင်ပေးခဲ့တယ်။ သူ့ထက်ငါယှဉ်ပြိုင်လိုက်တိုင်း ငါသာနိုင်ရမယ်ဆိုတာထက် သူတစ်ပါးတစ်ယောက်၊ တစ်စု၊ တစ်ဖွဲ့နစ်နာမှ ငါအသာရမယ်ဆိုတာမျိုးကို လှလှပပထုပ်ပိုးပြီးရောင်းချခဲ့တယ်။ ဆယ်စုနှစ် (၃) ခုလောက် ဘဝကိုလေ့လာပြီးတဲ့နောက် နိုင်ငံတကာကိုထွက်လိုက်တဲ့အခါ အတွေးတွေကရပ်မသွားခဲ့ပါဘူး။
          အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာလူလုပ်ရတာ ပုံမှန်ထက်ပိုတွေးရတယ်။ သူတို့ပြောတာကိုနားလည်ဖို့တွေးရတယ်။ မိမိပြောတာကိုသူတို့နားလည်နိုင်အောင် စဉ်းစားတွေးတောရတယ်။ သူများအလုပ်လုပ်တဲ့အခါ လမ်းညွှန်ချက်တွေကိုလိုက်နာနိုင်ဖို့ စာဖတ်ရင်းတွေး၊ လမ်းလျှောက်ရင်းတွေး၊ အလုပ်လုပ်ရင်းတွေး၊ အစားစားရင်းတွေး၊ ကားမောင်းရင်းတွေး၊ ဘယ်တော့မှမရပ်တဲ့အတွေးတွေတသီကြီးနဲ့ အနောက်ပိုင်းခရီးရှည်ကြီးရဲ့တံခါးဝမှာ အတွေးစတွေကိုမှတ်တမ်းတင်လာမိတယ်။

          အမှိုက်မသွန်တဲ့မီးဖိုချောင်ဟာ အမှိုက်တွေပြည့်လာတာနဲ့အတူ ပုပ်စော်နံလာတတ်တယ်။ ဒါပေမယ့် လူ့အတွေးအခေါ်တွေထဲက စုခဲ့တဲ့ မှတ်စုတွေ၊ သင်ခန်းစာတွေ၊ ဒဏ်ရာဒဏ်ချက်တွေ၊ အသိသညာတွေ၊ ဗဟုအတွေးအမြင်တွေ၊ ဒေသန္တရစိမ်ခေါ်မှုတွေဟာ "အမှိုက်မဟုတ်ဘူး"။ ဒါတွေဟာ ငယ်ငယ်တုန်းက "စာအုပ်လေးတွေကြားထဲမှာ ညှပ် - ဖိ - သိမ်းဆည်းထားခဲ့ပန်းခြောက်လေးတွေ" လို တန်ဖိုးရှိလှပါတယ်။

          ဒါတွေကိုစုလေလေ သိမ်းထားတဲ့ပန်းခြောက်ဗူးလေးက မွှေးလေလေ။ ဒီလိုပဲ အမှန်တရားဘက်ကိုဦးတည်တဲ့အတွေးတွေလာပေါင်းလေလေ စုစည်းပေးတဲ့ဦးနှောက်ဟာ လန်းဆန်းတဲ့ကြွက်သားတွေသမမျှတလို့ အသိပညာကြွယ်ဝလေလေဆိုတာသိလာတယ်။

          ကျွန်တော်ဆက်တွေးတယ်။ မရပ်မနားတွေးတယ်။ အကျိုးရှိတာတွေးတယ်။ စာရေးရင်းတွေးတယ်။ စကားပြောရင်းတွေးတယ်။ ကွန်ပျူတာသုံးရင်းတွေးတယ်။ ပရဟိတစိတ်နဲ့တွေးတယ်။ လူသားအကျိုးပြုတဲ့စိတ်နဲ့တွေးတယ်။ မိမိရဲ့အကျိုးပြုစိတ်ကနေလူသားတစ်ယောက်စီကိုအသိပညာမျှဝေနိုင်မလားလို့တွေးတယ်။

          ညံ့ဖျင်းတဲ့ဘဏ်စံနစ်ကြောင့် အညစ်ညစ်အနွမ်းနွမ်းလည်ပတ်နေတဲ့ငွေစက္ကူတွေနဲ့ လူတွေဟာ မှိုတွေရှူနေရသလိုပဲ ပြန်လည်အသုံးပြုလို့မရတဲ့အတွေးမှား အတွေးညစ်တွေစုပြုံသိမ်းဆည်းထားတဲ့ သွေးကြောပြတ်ဦးနှောက်တွေကြောင့် လူသားဘဝတွေခရီးမဆက်နိုင် ရပ်တန့်နေတယ်။ ဒီကြားထဲ ငွေစက္ကူအတုက သတိထားရသေးတယ်။

          ဒါပေမယ့် ကောင်းမွန်တဲ့စံနစ်တစ်ခုဟာ ဆင်းရဲတွင်းထဲနစ်နေတဲ့နိုင်ငံကိုကယ်တင်နိုင်သလိုပဲ "အမှန်ကိုရှာဖွေတဲ့အတွေး" ဟာ လူတွေကိုနိမ့်ပါးတဲ့ဘဝကနေကယ်တင်ပေးနိုင်တယ်။ ကျွန်တော်ဆက်တွေးနေပါဦးမယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-23-2018

No comments: