ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, May 16, 2018

လြတ္လပ္ျခင္းလူငယ္တစ္ေယာက္ရဲ႕သရုပ္မွန္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)

.
ေမး ။။။။။။။။။။ ဦးညီ လမ္းၾကံဳတာနဲ႔စိတ္ေႏွာက္ယွက္​​ေပးတယ္မထင္ပါနဲ႔ေနာ္။ ဦးညီတို႔မေရာက္ခင္ "စြမ္း" ကို ျမန္မာျပည္မွာဘယ္လိုမ်ိဳး English ျပင္ဆင္သြားေပးလဲသိခ်င္လို႔ပါ Please . .။
.
ေျဖ ။။။။။။။။။။ ဒီေမးခြန္းကိုေျဖေပးႏုိင္သူေတြကုိ ကြ်န္ေတာ္ အေမရိကားမလာခင္တုန္းက လိုက္ေမးဖူးတယ္။ အဂၤလိပ္ေက်ာင္းဆိုလို႕ ILBC ကုိ ေတာင္ၾကီးမွာဖြင္႕ခါစ ထားဖူးတယ္။ ထြက္လာတာက စြမ္း (၉) ႏွစ္သား ၊ (၃) တန္းေအာင္တဲ႕အရြယ္ဆိုေတာ႕ ကေလးေလးလား ဖေယာင္းလံုးေလးလားထင္ရေလာက္ေအာင္ ၾကီးလာရင္ဘာျဖစ္မလဲဆိုတာ ဘယ္လိုမွ မွန္းဆလို႕မရခဲ႕ပါဘူး။
.
. ဒါေၾကာင္႕ ဒီဘက္ႏုိင္ငံကေနေခၚမယ္႕ အစ္မ နဲ႕ ေယာက္ဖကုိေမးေတာ႕ သူတို႕က အဂၤလိပ္စာက ဒီေရာက္ရင္ မတတ္ခ်င္လည္းတတ္မွာ။ ျမန္မာစာကေတာ႕ ဒီေရာက္ရင္သင္ေပးလို႕မရေလာက္ေတာ႕ဘူး။ ဒါေၾကာင္႕ ျမန္မာစာကိုသာတတ္ေအာင္သင္ျပီးလာခဲ႕လို႕ေျပာလို႕ ေတာင္ၾကီးမွာ အစုိးရေက်ာင္းပဲ ဆက္ထားခဲ႕တယ္။
.
.
. ျပန္ေျပာရင္း ေျပာရင္း နဲ႕ ကေလးရဲ႕ငယ္ဘဝကိုသနားလာမိတယ္။ မနက္ဆိုရင္ (၅:၄၅) နာရီေလာက္ထ၊ အိပ္ခ်င္မူးတူး နဲ႕ မ်က္ႏွာသစ္ မနက္စာစားျပီး ဘံုေက်ာင္းက တရုတ္စာသင္တန္းကိုသြားပို႕ရတယ္။ အဲဒီကေနျပန္ၾကိဳျပီး ကြ်န္ေတာ္တုိ႕က ေနာက္ အစုိးရေက်ာင္းကိုပုိ႕ဖို႕ အဆင္သင္႕ျပင္ျပီး (၈) နာရီတက္တဲ႕ ျမန္မာေက်ာင္းမွာခ်ခဲ႕ရျပန္တယ္။
.
. ေန႕လည္ဆုိရင္လည္း သူ႕အေမကစိတ္မခ်လို႕ ထမင္းစားခ်ိန္သြားျပီး ကိုယ္တုိင္ကုိယ္က်ထမင္းေကြ်းတယ္။ အဲဒီမွာထပ္သနားစရာေကာင္းတာက စြမ္းက ေက်ာင္းထဲကထြက္လာတုိင္း နဖူးမွာဒဏ္ရာမဟုတ္ရင္ ဒူးမွာဒဏ္ရာ တစ္ခုခု အျမဲလိုလိုပါလာတတ္တယ္။ သူကလူေကာင္ေသးေတာ႕ သူမ်ားနဲ႕တိုက္မိလိုက္တုိင္း သူခ်ည္းလဲက် သူခ်ည္းခံခဲ႕ရတာ သူ႕အေမဆိုရင္ ပရုတ္ဆီလိမ္းေပးရတာ နဲ႕ နဖူးမွာေရေႏြးေငြ႕ၾကပ္ထုိးေပးရတာနဲ႕ သူ႕ငယ္ဘဝမွာ ခႏၶာကိုယ္နာက်င္မႈေတြဟာ မၾကာခဏျဖစ္ခဲ႕တယ္။
.
.
. ေက်ာင္းၾကိဳတဲ႕အခ်ိန္ မိဘေတြ ကေလးေတြၾကားမွာ ပိစိေကြး စြမ္း ကို မနည္းရွာယူရတယ္။ ကားေပၚေရာက္တာနဲ႕ အိမ္ျပန္သလားဆိုေတာ႕ မဟုတ္ေသးဘူး . . အတနု္းပိုင္ဆရာမရဲ႕အိမ္ကို က်ဴရွင္အတြက္ပို႕ရတယ္ (သိတယ္ေနာ္)။ အိမ္ျပန္ေရာက္ျပီေပါ႕ . . က်ဴရွင္ျပီးျပီေပါ႕ . . နားရဦးမယ္မထင္နဲ႕ . . သူ႕အေမက စာျပန္သင္ေသးတယ္။ နားျပီလဲဆုိေရာ ညက နက္ေနျပီ။ သူေက်နပ္ေအာင္ သူ႕အေမက ေဘာ္လံုးအေပ်ာ႕ေလးနဲ႕အိမ္ထဲမွာ ဟိုဘက္ကန္ ဒီဘက္ကန္ လုပ္ေပးရင္း တကယ္နားရေတာ႕ စြမ္း က ကုတင္ေပၚမွာ ပက္လက္လန္ေနျပီေလ။
.
. ဒီလို နဲ႕ လူငယ္ဘဝ အခ်ိန္ျပည္႕မကစားရတဲ႕စြမ္းဟာ လူေကာင္ေသးသေလာက္ စိတ္ကေတာ႕ မာတယ္။ စာ စဖတ္တတ္တာနဲ႕ ေဘာ္လံုးဂ်ာနယ္ေတြဖတ္ျပီ။ လူၾကီးေတြနဲ႕ယွဥ္ျပီး အာဆင္နယ္ မန္ေနဂ်ာက ဘာေျပာတယ္၊ မန္ယူေရွ႕တန္းတုိက္စစ္မွဴးရဲ႕ အဲဒီဂုိးက ဝင္ရမွာ၊ ခ်ယ္ဆီးက တုိက္စစ္မွဴးကုိ မန္းစီးတီးက ေဒၚလာ သန္းဘယ္ေလာက္နဲ႕ေခၚသြားတာဆုိျပီး လုပ္ေတာ႕တာ။

.
.
. စကားေျပာေနာက္က်တဲ႕ စြမ္း ဟာ ေျပာေတာ႕လည္း လွဲနဲ႕တစ္စီးတုိက္ . .။ အိမ္ကလူနဲ႕ျငင္းလို႕အားမရလို႕ ေဘာ္လံုးဝါသနာအိုးေတြနဲ႕ ေစ်းထဲမွာ ျပိဳင္ျငင္းတယ္။ ကေလးေသးေသးေလးက ဒီလိုစကားၾကီး စကားက်ယ္ေတြေျပာေတာ႕ သေဘာက်တာေပါ႕ . . ဘယ္ေျပာေကာင္းမလဲ! ဒါေပမယ္႕ စာဘက္မွာမလစ္ဟင္းရေအာင္ သူဘာလုပ္လုပ္ အိမ္စာျပီးမွ လုပ္ရတယ္။ ဝါသနာဆုိတာေနာက္မွ အိမ္စာအဓိက သူ႕ကုိမိမိရရ ၾကပ္မတ္ရတယ္။
.
. ဒီလိုအေလ႕အက်င္႕ နဲ႕ ကစားခ်င္တဲ႕စိတ္ဟာ စြမ္း ဒီဘက္ေျမကုိေရာက္ေတာ႕ ကြ်န္ေတာ္တို႕မိဘေတြဆက္အားေပးခဲ႕တယ္။ ကာတြန္းကား နဲ႕ ေဒသဆိုင္ရာရုပ္ျမင္သံၾကား - Local TV ကုိ ဆက္တုိက္ၾကည္႕တယ္။ ေနာက္ပိုင္း ဒစၥေနကေနလာတဲ႕ ကာတြန္းကား နဲ႕ Hannah Montana တို႕လုိ ကားဆက္ေတြနဲ႕ ဆယ္ေက်ာ္သက္သရုပ္ေဆာင္ေတြပါတဲ႕ ခပ္ျမန္ျမန္အေမရိကန္စကားေတြကုိ မသိရင္ သူ႕ရဲ႕ ဒီဘက္ႏုိင္ငံက အစ္မဝမ္းကြဲကုိေမး၊ အေဖ႕ကုိေမး၊ အေဒၚကုိေမး နဲ႕ သူ႕ရဲ႕အားအသာဆံုးစိတ္ဝင္စားမႈဟာ ေနာက္ေတာ႕ ေက်ာင္းက သူ႕ကိုထိပ္ဆံုးဆုေပးတဲ႕ စူးစမ္းသိခ်င္မႈ - Curiosity ဆိုတာ သိသာလာတယ္။
.
.
. ေနာက္ပိုင္း ေက်ာင္းမွာဆက္လုပ္ျဖစ္တာက လုပ္အားေပး - Volunteering နဲ႕ ဦးေဆာင္မႈပညာ - Leadership တို႕အျပင္ သူအျမဲလုပ္ျဖစ္တာက သင္ခန္းစာတစ္ခုအေနနဲ႕ပါဝင္တဲ႕ ကုိယ္လက္လႈပ္ရွားမႈ - P.E အတန္း။ သူ႕အေမထည္႕ေပးတဲ႕ ထမင္းဗူးေလးကိုင္၊ (၁၃) ေပါင္ေလးတဲ႕ဖတ္စာအုပ္ (၂) အုပ္ နဲ႕ တစ္ျခားစာေရးကိရိယာေတြကုိထည္႕ထားတဲ႕ေက်ာပိုးအိတ္ကုိလြယ္၊ သူမ်ားနဲ႕ယွဥ္ျပီး ေျပးရဦးမယ္ဆိုေတာ႕ ပထမ ကြ်န္ေတာ္နဲ႕သူ႕အေမ အင္မတန္စိတ္ပူခဲ႕တယ္။ ျမန္မာေက်ာင္းတုန္းကလုိ ထိမိ ခုိက္မိရင္ ဘယ္လုိလုပ္မလဲဆုိျပီး ေတြးပူခဲ႕တယ္။
.
. အဲဒီေနာက္ကေနစျပီး စြမ္း ဟာ လူမႈေပါင္းသင္းဆက္ဆံေရး - Socializing သိပ္ေကာင္းလာတယ္။ ေက်ာင္းကေနစီစဥ္တဲ႕ေက်ာင္းလုပ္အားေပးေတြအျပင္ ရပ္ကြက္ နဲ႕ ျမိဳ႕ေတာ္နဲ႕ဆုိင္တဲ႕ပြဲလမ္းသဘင္ေတြမွာ သူတုိ႕ရဲ႕ Interact အသင္းေတြကေန ပါဝင္ကူညီရင္း ေနာက္ဆံုး အလယ္တန္းမွာ ေက်ာင္းသားဥကၠ႒ - President ၊ အထက္တန္းမွာ ခရုိင္ေက်ာင္းသားေကာင္စီ - District Council တို႕ရဲ႕ ဆက္သြယ္ေရးအလုပ္အမႈေဆာင္အျဖစ္ တက္လွမ္းရင္း သူဟာ လူေရွ႕ထြက္ေျပာရတဲ႕ - Public Speaking ကုိ ကြ်မ္းက်င္လာခဲ႕တယ္။
.
.
. ေမးခြန္းနဲ႕တုိက္ရုိက္မသက္ဆုိင္ေပမယ္႕ ဒီအေၾကာင္းေတြကုိ ရွည္ရွည္ေဝးေဝး ဇာတ္လမ္းခင္းလာရသလဲဆိုေတာ႕ လူငယ္တစ္ေယာက္ရဲ႕ဘဝဟာ သူရတဲ႕ဆုေတြနဲ႕တုိင္းတာရတဲ႕ တံဆိပ္ေခါင္းတစ္ခုမဟုတ္ပါဘူး။ ဒါ႕အျပင္ ဒုတိယဘာသာစကားေျပာ အဂၤလိပ္ႏိုင္ငံတစ္ခုမွာ ျမန္မာလူငယ္တစ္ေယာက္ေအာင္ျမင္ဖို႕ဆိုတာ သစ္ပင္ကေၾကြတဲ႕သစ္ရြက္ေလးတစ္ရြက္ကုိ လက္ဖဝါးေပၚတင္ျပီး မႈတ္တင္လုိက္တာနဲ႕ ေကာင္းကင္ေပၚတက္သြားတာမ်ိဳးမဟုတ္တာကိုေျပာျပခ်င္တာပါ။
.
. ေနာက္တစ္ခုက လူေတြက ကြ်န္ေတာ္တို႕မိသားစုက သားသမီးေတြရဲ႕တုိးတက္မႈေတြကုိေရးျပေနတာ ၾကြားတယ္လို႕ထင္ခ်င္ ထင္မယ္။ အမွန္က ၾကြားေနတာမဟုတ္ပါ။ သုိ႕ေသာ္လည္း အတုယူခ်င္၊ နည္းနာယူခ်င္သူ မိတ္ေဆြသူငယ္ခ်င္းေတြကုိ မွ်ေဝခ်င္တဲ႕ေစတနာ နဲ႕ ကြ်န္ေတာ္ေရာ သူ႕အေမပါ ဘဝင္မပါ ရင္ခြင္ညွာက ေရးသားေနတာသာ ျဖစ္ပါတယ္။
.
.
. ဘာဆုရျပန္ျပီ . . မၾကြားခ်င္လို႕ကို မရတာ . . ျပည္နယ္မွာအေတာ္ဆံုးဆုရတယ္ဆုိတာမ်ိဳးဟာ ျမန္မာႏိုင္ငံမွာေဆးေက်ာင္းရတာေလာက္ကုိ ဂုဏ္ယူစရာမေကာင္းပါဘူး။ ကုိယ္႕ကေလးက ဘယ္ကိစၥမွာ / ဘယ္အခက္အခဲကို ဘယ္လုိဆံုးျဖတ္သြားႏိုင္တယ္ဆုိတာကမွ ၾကြားစရာပါ။
.
. အဓိက မီးေမာင္းထုိးခ်င္တာကေတာ႕ ကေလးကုိ စဥ္းစားခြင္႕ေပးပါ။ အထူးသျဖင္႕ တစ္ေယာက္တည္းေနခြင္႕ေပးပါ။ လြတ္လြတ္လပ္လပ္ေတြးေတာတတ္တဲ႕အေလ႕အက်င္႕ရရွိပါေစ။ စာခ်ည္းေတာ္တဲ႕ကေလးဟာ သူၾကီးလာရင္ သိပ္အေဖာ္မဲ႕ပါတယ္။ ဘက္စံုေတာ္တဲ႕ သူ႕ရဲ႕လႈပ္ရွားမႈဟာ ေနာင္တစ္ခ်ိန္သူအလုပ္ေလွ်ာက္တဲ႕အခါ သူ႕ရဲ႕ အလုပ္ေလွ်ာက္လႊာ - CV ေဖာင္ (သို႕) Resume ျဖစ္လာပါမယ္။
.
. ကေလးကုိအတင္းၾကီး ဘယ္ေနရာမွ မလုပ္ပါနဲ႕။ "သူေပ်ာ္ရာ" နဲ႕ "သူေတာ္ရာ" ကုိ မိဘက အားေပးပါ။ မိတ္ေဆြက ဆရာဝန္မိဘေတြျဖစ္လုိ႕ ကေလးၾကီးလာရင္ ဆရာဝန္ျဖစ္ေအာင္လုပ္ဆုိတဲ႕စိတ္ဓါတ္ေတြကို ႏိုင္ငံျခားထြက္လာတဲ႕အခ်ိန္ ျပည္တြင္းမွာ အေရခြံခြ်တ္ခဲ႕သင္႕ပါတယ္။ မွတ္ထားသင္႕တာက အေမရိကားဟာ အခြင္႕အေရးမ်ားႏွင္႕ျပည္႕ႏွက္ေနသည္႕ေျမ - The Land of Opportunities ျဖစ္တယ္ဆုိတာကိုပါ။
.
.
. အခုေလာက္စိတ္ရွည္လက္ရွည္ဖတ္လာေပးတဲ႕မိတ္ေဆြတို႕ကိုေက်းဇူးတင္သလုိ ေမးခြန္းပိုင္ရွင္ရဲ႕မူလေမးခြန္းကိုေျဖၾကည္႕ပါမယ္။
"စြမ္း ကို ျပင္ဆင္ေပးခဲဲ႕အဂၤလိပ္စာက သိပ္မရွိခဲ႕ပါဘူး"။
သူ႕ကို ျမန္မာႏိုင္ငံမွာ အဲဒီတုန္းက ေခတ္စားခါစ တရုတ္ဘက္ကဝင္တဲ႕ အေမရိကန္ေခြဆက္ (အဂၤလိပ္စာတန္းထုိး) ေတြကုိ ၾကည္႕ခုိင္းပါတယ္။ ကာတြန္းကား အကုန္နီးပါးေပးၾကည္႕တယ္။ ပါဝါရိန္းဂ်ားကား အကုန္ၾကည္႕ျပီးထားျပီး သူ႕ကို အိပ္မက္ေကာင္းေကာင္းေပးမက္ပါတယ္။ (၃) တန္းအရြယ္မွာ (၃) တန္း နဲ႕ ညီမွ်တဲ႕ ဖိစီးမႈကိုပဲေပးပါတယ္။
.
. ဒီဘက္ႏိုင္ငံကေက်ာင္းေရာက္ေတာ႕ ဘာလုပ္လုပ္ "အိမ္စာအဓိက - Homework First" ဆုိတာကို အျမဲသင္ပါတယ္။ ပထမ (၃) လ ေလာက္ သူဘာမွမလုိက္ႏုိင္ေတာ႕ ကေလးလည္းျငိဳျငင္ လူၾကီးလည္းငိုခ်င္လာ တာဝန္ခံပါတယ္။ ဒါေပမယ္႕ "သူေပ်ာ္ရာကုိအားေပးမယ္" ဆုိတဲ႕ ခံယူခ်က္ေၾကာင္႕ အေမရိကန္ကာတြန္းကားေတြ နဲ႕ ကေလးၾကည္႕ TV ေတြကေန စြမ္းဟာ စာလုိက္ႏုိင္လာတယ္ဆိုရင္ ကြ်န္ေတာ္အပိုေျပာတယ္မထင္ပါနဲ႕။ သူ႕ဟာသူ အကုန္လုပ္လာတာခ်ည္းပါပဲ။ မိဘက ပံ႕ပုိးမႈ နဲ႕ လမ္းေၾကာင္းမွန္ကုိအနည္းငယ္တည္႕မတ္ေပးရံုသာ လုပ္ခဲ႕ရတာပါ။
.
.
. စာလည္း ရွည္သြားျပီမို႕လို႕ စကားစကုိဒီေနရာမွာပဲ ရပ္ခြင္႕ျပဳပါ။ တစ္ခ်ိဳ႕သားသမီးေတြဘယ္ေလာက္ေတာ္ေတာ္ ဘက္စံုမထူးခြ်န္ပါ။ သူတုိ႕ရဲ႕အနာဂါတ္ကုိ စာအုပ္ဖတ္၊ ေက်ာင္းစာထိပ္ဆံုးကုိေရာက္ရံုနဲ႕ ဘဝရဲ႕အထြဋ္အထိပ္ကုိတက္လွမ္းသြားႏုိင္မယ္လို႕ မက်ိန္းေသေျပာလို႕မရေသးပါ။ လူမႈဆက္ဆံေရး၊ ဘာသာေရး၊ လူၾကီးသူမေတြကိုေကာင္းမြန္စြာေျပာဆုိတတ္ေရး၊ လူလူခ်င္းတန္ဖိုးထားတတ္ေရး။ အဆင္႕အတန္းမခြဲျခားေစေရး နဲ႕ ေနာက္ဆံုး ကေလးတစ္ေယာက္ သူေရာက္ေနတဲ႕ႏုိင္ငံ နဲ႕ သူလာခဲ႕တဲ႕ႏုိင္ငံတုိ႕ကုိ ဘယ္လိုအက်ိဳးျပဳမယ္ဆုိတဲ႕စိတ္က အရားအားလံုးကုိလြတ္လပ္စြာေတြးေခၚေနတတ္ရပါမယ္။
.
. အဲဒီလြတ္လပ္တဲ႕လူငယ္တစ္ေယာက္ရဲ႕စိတ္ကေနတစ္ဆင္႕တက္ျပီး လူ႕ေလာကကို ဘယ္ေထာင္႕ ဘယ္ေနရာကေန ဘာျပန္ေပးခ်င္သလဲဆုိတာကိုသိတဲ႕အေနအထားက်မွ လူငယ္တစ္ေယာက္ကုိ "ေတာ္တယ္" လို႕ ရာခုိင္ႏႈန္းပိုင္းျဖတ္သင္႕ပါေၾကာင္း ေပါင္းစုေထြလာ ေမာင္းထုေၾကျငာလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 05-16-2018
.
. "လွတ်လပ်ခြင်းလူငယ်တစ်ယောက်ရဲ့သရုပ်မှန်"
မေး ။။။။။။။။။။ ဦးညီ လမ်းကြုံတာနဲ့စိတ်ှောက်ှက်​​ပေးတယ်မထင်ပါနဲ့နော်။ ဦးညီတို့မရောက်ခင် "စွမ်း" ကို မြန်မာပြည်ှာဘယ်လိုမျိုး English ပြင်ဆင်သွားပေးလဲသိချင်လို့ပါ Please . .။
.
ဖြေ ။။။။။။။။။။ ဒီမေးခွန်းကိုဖြေပေးနိုင်သူတွေကို ကျွန်တော် အမေရိကားမလာခင်တုန်းက လိုက်မေးဖူးတယ်။ အင်္ဂလိပ်ကျောင်းဆိုလို့ ILBC ကို တောင်ကြီးမှာဖွင့်ခါစ ထားဖူးတယ်။ ထွက်လာတာက စွမ်း (၉) နှစ်သား ၊ (၃) တန်းအောင်တဲ့အရွယ်ဆိုတော့ ကလေးလေးလား ဖယောင်းလုံးလေးလားထင်ရလောက်အောင် ကြီးလာရင်ဘာဖြစ်မလဲဆိုတာ ဘယ်လိုမှန်းဆလို့မရခဲ့ပါဘူး။
.
. ဒါကြောင့် ဒီဘက်နိုင်ငံကနေခေါ်မယ့် အစ်မ နဲ့ ယောက်ဖကိုမေးတော့ သူတို့က အင်္ဂလိပ်စာက ဒီရောက်ရင် မတတ်ချင်လည်းတတ်မှာ။ မြန်မာစာကတော့ ဒီရောက်ရင်သင်ပေးလို့မရလောက်တော့ဘူး။ ဒါကြောင့် မြန်မာစာကိုသာတတ်အောင်သင်ပြီးလာခဲ့လို့ပြောလို့ တောင်ကြီးမှာ အစိုးရကျောင်းပဲ ဆက်ထားခဲ့တယ်။
.
.
. ပြန်ပြောရင်း ပြောရင်း နဲ့ ကလေးရဲ့ငယ်ဘဝကိုသနားလာမိတယ်။ မနက်ဆိုရင် (၅:၄၅) နာရီလောက်ထ၊ အိပ်ချင်မူးတူး နဲ့ မျက်နှာသစ် မနက်စာစားပြီး ဘုံကျောင်းက တရုတ်စာသင်တန်းကိုသွားပို့ရတယ်။ အဲဒီကနေပြန်ကြိုပြီး ကျွန်တော်တို့က နောက် အစိုးရကျောင်းကိုပို့ဖို့ အဆင်သင့်ပြင်ပြီး (၈) နာရီတက်တဲ့ မြန်မာကျောင်းမှာချခဲ့ရပြန်တယ်။
.
. နေ့လည်ဆိုရင်လည်း သူ့အမေကစိတ်မချလို့ ထမင်းစားချိန်သွားပြီး ကိုယ်တိုင်ကိုယ်ကျထမင်းကျွေးတယ်။ အဲဒီမှာထပ်သနားစရာကောင်းတာက စွမ်းက ကျောင်းထဲကထွက်လာတိုင်း နဖူးမှာဒဏ်ရာမဟုတ်ရင် ဒူးမှာဒဏ်ရာ တစ်ခုခု အမြဲလိုလိုပါလာတတ်တယ်။ သူကလူကောင်သေးတော့ သူများနဲ့တိုက်မိလိုက်တိုင်း သူချည်းလဲကျ သူချည်းခံခဲ့ရတာ သူ့အမေဆိုရင် ပရုတ်ဆီလိမ်းပေးရတာ နဲ့ နဖူးမှာရေနွေးငွေ့ကြပ်ထိုးပေးရတာနဲ့ သူ့ငယ်ဘဝမှာ ခန္ဓာကိုယ်နာကျင်မှုတွေဟာ မကြာခဏဖြစ်ခဲ့တယ်။
.
.
. ကျောင်းကြိုတဲ့အချိန် မိဘတွေ ကလေးတွေကြားမှာ ပိစိကွေး စွမ်း ကို မနည်းရှာယူရတယ်။ ကားပေါ်ရောက်တာနဲ့ အိမ်ပြန်သလားဆိုတော့ မဟုတ်သေးဘူး . . အတနု်းပိုင်ဆရာမရဲ့အိမ်ကို ကျူရှင်အတွက်ပို့ရတယ် (သိတယ်နော်)။ အိမ်ပြန်ရောက်ပြီပေါ့ . . ကျူရှင်ပြီးပြီပေါ့ . . နားရဦးမယ်မထင်နဲ့ . . သူ့အမေက စာပြန်သင်သေးတယ်။ နားပြီလဲဆိုရော ညက နက်နေပြီ။ သူကျေနပ်အောင် သူ့အမေက ဘော်လုံးအပျော့လေးနဲ့အိမ်ထဲမှာ ဟိုဘက်ကန် ဒီဘက်ကန် လုပ်ပေးရင်း တကယ်နားရတော့ စွမ်း က ကုတင်ပေါ်မှာ ပက်လက်လန်နေပြီလေ။
.
. ဒီလို နဲ့ လူငယ်ဘဝ အချိန်ပြည့်မကစားရတဲ့စွမ်းဟာ လူကောင်သေးသလောက် စိတ်ကတော့ မာတယ်။ စာ စဖတ်တတ်တာနဲ့ ဘော်လုံးဂျာနယ်တွေဖတ်ပြီ။ လူကြီးတွေနဲ့ယှဉ်ပြီး အာဆင်နယ် မန်နေဂျာက ဘာပြောတယ်၊ မန်ယူရှေ့တန်းတိုက်စစ်မှူးရဲ့ အဲဒီဂိုးက ဝင်ရမှာ၊ ချယ်ဆီးက တိုက်စစ်မှူးကို မန်းစီးတီးက ဒေါ်လာ သန်းဘယ်လောက်နဲ့ခေါ်သွားတာဆိုပြီး လုပ်တော့တာ။
.
.
. စကားပြောနောက်ကျတဲ့ စွမ်း ဟာ ပြောတော့လည်း လှဲနဲ့တစ်စီးတိုက် . .။ အိမ်ကလူနဲ့ငြင်းလို့အားမရလို့ ဘော်လုံးဝါသနာအိုးတွေနဲ့ စျေးထဲမှာ ပြိုင်ငြင်းတယ်။ ကလေးသေးသေးလေးက ဒီလိုစကားကြီး စကားကျယ်တွေပြောတော့ သဘောကျတာပေါ့ . . ဘယ်ပြောကောင်းမလဲ! ဒါပေမယ့် စာဘက်မှာမလစ်ဟင်းရအောင် သူဘာလုပ်လုပ် အိမ်စာပြီးမ လုပ်ရတယ်။ ဝါသနာဆိုတာနောက်မ အိမ်စာအဓိက သူ့ကိုမိမိရရ ကြပ်မတ်ရတယ်။
.
. ဒီလိုအလေ့အကျင့် နဲ့ ကစားချင်တဲ့စိတ်ဟာ စွမ်း ဒီဘက်မြေကိုရောက်တော့ ကျွန်တော်တို့မိဘတွေဆက်အားပေးခဲ့တယ်။ ကာတွန်းကား နဲ့ ဒေသဆိုင်ရာရုပ်မြင်သံကြား - Local TV ကို ဆက်တိုက်ကြည့်တယ်။ နောက်ပိုင်း ဒစ္စနေကနေလာတဲ့ ကာတွန်းကား နဲ့ Hannah Montana တို့လို ကားဆက်တွေနဲ့ ဆယ်ကျော်သက်သရုပ်ဆောင်တွေပါတဲ့ ခပ်မြန်မြန်အမေရိကန်စကားတွေကို မသိရင် သူ့ရဲ့ ဒီဘက်နိုင်ငံက အစ်မဝမ်းကွဲကိုမေး၊ အဖေ့ကိုမေး၊ အဒေါ်ကိုမေး နဲ့ သူ့ရဲ့အားအသာဆုံးစိတ်ဝင်စားမှုဟာ နောက်တော့ ကျောင်းက သူ့ကိုထိပ်ဆုံးဆုပေးတဲ့ စူးစမ်းသိချင်မှု - Curiosity ဆိုတာ သိသာလာတယ်။
.
.
. နောက်ပိုင်း ကျောင်းမှာဆက်လုပ်ဖြစ်တာက လုပ်အားပေး - Volunteering နဲ့ ဦးဆောင်မှုပညာ - Leadership တို့အပြင် သူအမြဲလုပ်ဖြစ်တာက သင်ခန်းစာတစ်ခုအနေနဲ့ပါဝင်တဲ့ ကိုယ်လက်လှုပ်ရှားမှု - P.E အတန်း။ သူ့အမေထည့်ပေးတဲ့ ထမင်းဗူးလေးကိုင်၊ (၁၃) ပေါင်လေးတဲ့ဖတ်စာအုပ် (၂) အုပ် နဲ့ တစ်ခြားစာရေးကိရိယာတွေကိုထည့်ထားတဲ့ကျောပိုးအိတ်ကိုလွယ်၊ သူများနဲ့ယှဉ်ပြီး ပြေးရဦးမယ်ဆိုတော့ ပထမ ကျွန်တော်နဲ့သူ့အမေ အင်မတန်စိတ်ပူခဲ့တယ်။ မြန်မာကျောင်းတုန်းကလို ထိမိ ခိုက်မိရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးပူခဲ့တယ်။
.
. အဲဒီနောက်ကနေစပြီး စွမ်း ဟာ လူမှုပေါင်းသင်းဆက်ဆံရေး - Socializing သိပ်ကောင်းလာတယ်။ ကျောင်းကနေစီစဉ်တဲ့ကျောင်းလုပ်အားပေးတွေအပြင် ရပ်ကွက် နဲ့ မြို့တော်နဲ့ဆိုင်တဲ့ပွဲလမ်းသဘင်တွေမှာ သူတို့ရဲ့ Interact အသင်းတွေကနေ ပါဝင်ကူညီရင်း နောက်ဆုံး အလယ်တန်းမှာ ကျောင်းသားဥက္ကဋ္ဌ - President ၊ အထက်တန်းမှာ ခရိုင်ကျောင်းသားကောင်စီ - District Council တို့ရဲ့ ဆက်သွယ်ရေးအလုပ်အမှုဆောင်အဖြစ် တက်လှမ်းရင်း သူဟာ လူရှေ့ထွက်ပြောရတဲ့ - Public Speaking ကို ကျွမ်းကျင်လာခဲ့တယ်။
.
.
. မေးခွန်းနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဒီအကြောင်းတွေကို ရှည်ရှည်ဝေးဝေး ဇာတ်လမ်းခင်းလာရသလဲဆိုတော့ လူငယ်တစ်ယောက်ရဲ့ဘဝဟာ သူရတဲ့ဆုတွေနဲ့တိုင်းတာရတဲ့ တံဆိပ်ခေါင်းတစ်ခုမဟုတ်ပါဘူး။ ဒါ့အပြင် ဒုတိယဘာသာစကားပြော အင်္ဂလိပ်နိုင်ငံတစ်ခုမှာ မြန်မာလူငယ်တစ်ယောက်အောင်မြင်ဖို့ဆိုတာ သစ်ပင်ကကြွေတဲ့သစ်ရွက်လေးတစ်ရွက်ကို လက်ဖဝါးပေါ်တင်ပြီး မှုတ်တင်လိုက်တာနဲ့ ကောင်းကင်ပေါ်တက်သွားတာမျိုးမဟုတ်တာကိုပြောပြချင်တာပါ။
.
. နောက်တစ်ခုက လူတွေက ကျွန်တော်တို့မိသားစုက သားသမီးတွေရဲ့တိုးတက်မှုတွေကိုရေးပြနေတာ ကြွားတယ်လို့ထင်ချင် ထင်မယ်။ အမှန်က ကြွားနေတာမဟုတ်ပါ။ သို့သော်လည်း အတုယူချင်၊ နည်းနာယူချင်သူ မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေချင်တဲ့စေတနာ နဲ့ ကျွန်တော်ရော သူ့အမေပါ ဘဝင်မပါ ရင်ခွင်ညှာက ရေးသားနေတာသာ ဖြစ်ပါတယ်။
.
.
. ဘာဆုရပြန်ပြီ . . မကြွားချင်လို့ကို မရတာ . . ပြည်နယ်မှာအတော်ဆုံးဆုရတယ်ဆိုတာမျိုးဟာ မြန်မာနိုင်ငံမှာဆေးကျောင်းရတာလောက်ကို ဂုဏ်ယူစရာမကောင်းပါဘူး။ ကိုယ့်ကလေးက ဘယ်ကိစ္စမှာ / ဘယ်အခက်အခဲကို ဘယ်လိုဆုံးဖြတ်သွားနိုင်တယ်ဆိုတာကမ ကြွားစရာပါ။
.
. အဓိက မီးမောင်းထိုးချင်တာကတော့ ကလေးကို စဉ်းစားခွင့်ပေးပါ။ အထူးသဖြင့် တစ်ယောက်တည်းနေခွင့်ပေးပါ။ လွတ်လွတ်လပ်လပ်တွေးတောတတ်တဲ့အလေ့အကျင့်ရရှိပါစေ။ စာချည်းတော်တဲ့ကလေးဟာ သူကြီးလာရင် သိပ်အဖော်မဲ့ပါတယ်။ ဘက်စုံတော်တဲ့ သူ့ရဲ့လှုပ်ရှားမှုဟာ နောင်တစ်ချိန်သူအလုပ်လျှောက်တဲ့အခါ သူ့ရဲ့ အလုပ်လျှောက်လွှာ - CV ဖောင် (သို့) Resume ဖြစ်လာပါမယ်။
.
. ကလေးကိုအတင်းကြီး ဘယ်နေရာမ မလုပ်ပါနဲ့။ "သူပျော်ရာ" နဲ့ "သူတော်ရာ" ကို မိဘက အားပေးပါ။ မိတ်ဆွေက ဆရာဝန်မိဘတွေဖြစ်လို့ ကလေးကြီးလာရင် ဆရာဝန်ဖြစ်အောင်လုပ်ဆိုတဲ့စိတ်ဓါတ်တွေကို နိုင်ငံခြားထွက်လာတဲ့အချိန် ပြည်တွင်းမှာ အရေခွံချွတ်ခဲ့သင့်ပါတယ်။ မှတ်ထားသင့်တာက အမေရိကားဟာ အခွင့်အရေးများနှင့်ပြည့်နှက်နေသည့်မြေ - The Land of Opportunities ဖြစ်တယ်ဆိုတာကိုပါ။
.
.
. အခုလောက်စိတ်ရှည်လက်ရှည်ဖတ်လာပေးတဲ့မိတ်ဆွေတို့ကိုကျေးဇူးတင်သလို မေးခွန်းပိုင်ရှင်ရဲ့မူလမေးခွန်းကိုဖြေကြည့်ပါမယ်။
"စွမ်း ကို ပြင်ဆင်ပေးခဲဲ့အင်္ဂလိပ်စာက သိပ်မရှိခဲ့ပါဘူး"။
သူ့ကို မြန်မာနိုင်ငံမှာ အဲဒီတုန်းက ခေတ်စားခါစ တရုတ်ဘက်ကဝင်တဲ့ အမေရိကန်ခွေဆက် (အင်္ဂလိပ်စာတန်းထိုး) တွေကို ကြည့်ခိုင်းပါတယ်။ ကာတွန်းကား အကုန်နီးပါးပေးကြည့်တယ်။ ပါဝါရိန်းဂျားကား အကုန်ကြည့်ပြီးထားပြီး သူ့ကို အိပ်မက်ကောင်းကောင်းပေးမက်ပါတယ်။ (၃) တန်းအရွယ်မှာ (၃) တန်း နဲ့ ညီမျှတဲ့ ဖိစီးမှုကိုပဲပေးပါတယ်။
.
. ဒီဘက်နိုင်ငံကကျောင်းရောက်တော့ ဘာလုပ်လုပ် "အိမ်စာအဓိက - Homework First" ဆိုတာကို အမြဲသင်ပါတယ်။ ပထမ (၃) လ လောက် သူဘာမှမလိုက်နိုင်တော့ ကလေးလည်းငြိုငြင် လူကြီးလည်းငိုချင်လာ တာဝန်ခံပါတယ်။ ဒါပေမယ့် "သူပျော်ရာကိုအားပေးမယ်" ဆိုတဲ့ ခံယူချက်ကြောင့် အမေရိကန်ကာတွန်းကားတွေ နဲ့ ကလေးကြည့် TV တွေကနေ စွမ်းဟာ စာလိုက်နိုင်လာတယ်ဆိုရင် ကျွန်တော်အပိုပြောတယ်မထင်ပါနဲ့။ သူ့ဟာသူ အကုန်လုပ်လာတာချည်းပါပဲ။ မိဘက ပံ့ပိုးမှု နဲ့ လမ်းကြောင်းမှန်ကိုအနည်းငယ်တည့်မတ်ပေးရုံသာ လုပ်ခဲ့ရတာပါ။
.
.
. စာလည်း ရှည်သွားပြီမို့လို့ စကားစကိုဒီနေရာမှာပဲ ရပ်ခွင့်ပြုပါ။ တစ်ချို့သားသမီးတွေဘယ်လောက်တော်တော် ဘက်စုံမထူးချွန်ပါ။ သူတို့ရဲ့အနာဂါတ်ကို စာအုပ်ဖတ်၊ ကျောင်းစာထိပ်ဆုံးကိုရောက်ရုံနဲ့ ဘဝရဲ့အထွဋ်အထိပ်ကိုတက်လှမ်းသွားနိုင်မယ်လို့ မကျိန်းသေပြောလို့မရသေးပါ။ လူမှုဆက်ဆံရေး၊ ဘာသာရေး၊ လူကြီးသူမတွေကိုကောင်းမွန်စွာပြောဆိုတတ်ရေး၊ လူလူချင်းတန်ဖိုးထားတတ်ရေး။ အဆင့်အတန်းမခွဲခြားစေရေး နဲ့ နောက်ဆုံး ကလေးတစ်ယောက် သူရောက်နေတဲ့နိုင်ငံ နဲ့ သူလာခဲ့တဲ့နိုင်ငံတို့ကို ဘယ်လိုအကျိုးပြုမယ်ဆိုတဲ့စိတ်က အရားအားလုံးကိုလွတ်လပ်စွာတွေးခေါ်နေတတ်ရပါမယ်။
.
. အဲဒီလွတ်လပ်တဲ့လူငယ်တစ်ယောက်ရဲ့စိတ်ကနေတစ်ဆင့်တက်ပြီး လူ့လောကကို ဘယ်ထောင့် ဘယ်နေရာကနေ ဘာပြန်ပေးချင်သလဲဆိုတာကိုသိတဲ့အနေအထားကျမ လူငယ်တစ်ယောက်ကို "တော်တယ်" လို့ ရာခိုင်နှုန်းပိုင်းဖြတ်သင့်ပါကြောင်း ပေါင်းစုထွေလာ မောင်းထုကြေငြာလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 05-16-2018

No comments: