ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, December 22, 2014

နားထောင်ရင်းလေ့လာ လေ့လာရင်းစကားသင်ဖို့ TED App

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လူသားတို့နေ့စဉ်သင်ယူမှုကို အခြေခံပြုလုပ်မှု - Basic Gesture တွေဖြစ်တဲ့ အရင်နားထောင်ပါ - Listen ။ ပြီးရင် လိုက်ပြောပါ - Speak ။ ရသလောက်ဖတ်ပါ - Read ။ နောက်ဆုံးမှာ ရေးပါ - Write စသဖြင့် အရည်အချင်း ( ၄ ) ချက်ကို အားလုံးသိကြမှာပါ။ ဒါကတော့ ဘာသာစကားတစ်ခုကို အခြေကျကျချည်းကပ်ပုံ ချည်းကပ်နည်းတွေထဲက သိတတ်နားလည်သူတွေကိုယ်တိုင် ပိုင်းခြားပြလိုက်တဲ့အဆင့်တွေလို့ နားလည်မိပါတယ်။
.
အရေးပေါ်ဒါမှမဟုတ် ဖြတ်လမ်းနည်းအနေနဲ့ ဗဟုသုတလည်းရ၊ နားထောင်နိုင်မှုစွမ်းရည်လည်းတိုး၊ စကားလည်းတတ်၊ စာလည်းဖတ် .. အားလုံးအဆင်ပြေနိုင်မယ့် ကမ္ဘာ့အဆင့်ကွန်ဖရင့်စင်မြင့်ဟောပြောမှုတွေကို ကျွန်တော်ရှာဖွေတွေ့လာတယ်။ အစပိုင်းက YouTube မှာကြည့်ခဲ့ပေမယ့် ကွန်ပျူတာရှေ့မှာ အမြဲမပြတ်မထိုင်နိုင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ အဆက်ပြတ်သွားပြန်တယ်။
.
ဒီအစီအစဉ်ရဲ့တင်ပြမှုတွေကို လေ့လာ-ကြည့်ရှု-နားထောင်နိုင်မယ်ဆိုရင် အင်္ဂလိပ်စာလေ့လာမှုကို ပိုမိုအရှိန်မြင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်မိတဲ့အချိန် လက်ကိုင်ဆဲလ်ဖုန်းပေါ်မှာအလုပ်လုပ်နိုင်မယ့် App ကိုပါ ထပ်မံတွေ့ရှိလာတဲ့အခါ ကျွန်တော့်ရဲ့ လက်တွေ့စမ်းသပ်သုံးစွဲမှု - Hands On တွေကို ဒီဆောင်းပါးမှာ တင်ပြလိုက်ပါတယ်။ ( မှတ်ချက်။    ။ ဒီအစီအစဉ်ကိုကြည့်ရန် အင်တာနက်ဆက်သွယ်မှု လိုအပ်ပါသည် )

.
.
.
App ဖွင့်ပြီးရင် ကြည့်ချင်တဲ့ ဗွီဒီယိုကလစ် တစ်ခုကို ရွေးလိုက်ပါ။ About ခေါင်းစဉ်အောက်မှာ အခုဟောပြောပွဲအကြောင်းအရာကို ဖော်ပြထားပါတယ်။ အောက်မှာထပ်ပြီး စကားပြောသူ - Speaker ရဲ့ကိုယ်ရေးအကျဉ်းကို ဖတ်နိုင်ပါတယ်။
.
ဘေးက Watch Next မှာ အခုဟောပြောပွဲနဲ့ အလားတူ ဗွီဒီယိုကလစ်တွေကို ထပ်ဆင့်ရွေးချယ်နိုင်တယ်။ ညာဘက်ထောင့်အစွန်မှာ Related  Tab ရှိပြီး ပါဝင်ပတ်သက်တဲ့နယ်ပယ် - Related Tags တွေကို လေ့လာနိုင်ပြန်တယ်။
.
ညာဘက်ထိပ်နားမှာ နားကြပ်ပုံလေးနဲ့ TED Radio Hour on NPR ဆိုတဲ့ ရေဒီယိုလိုင်းကိုပါ နားထောင်နိုင်ပါတယ်။ ရေဒီယိုကိုဖွင့်ထားပြီး ပါဝါကို Stand By ပိတ်လိုက်ရင်တောင် ရေဒီယိုက ဆက်အလုပ်လုပ်ပြီး ဖုန်းမျက်နှာပြင်ရဲ့ထိပ်နားမှာ TED Audio ဆိုပြီး ပေါ်နေမှာပါ။
.
All Talks မှာ ကိုယ်ရှာလိုတဲ့ ဟောပြောပွဲအုပ်စုတွေကို အင်္ဂလိပ်အက္ခရာစဉ်အလိုက် ရှာဖွေနိုင်တာက အတော့ကိုကောင်းမွန်ပါတယ်။ အောက်က Language မှာ ဗွီဒီယိုကလစ်ကိုကြည့်ရင်း ကိုယ်ဖတ်ချင်တဲ့ ဘာသာပြန်စာတန်းထိုးကို ရွေးချယ်ခွင့်ရှိနေပြန်ပါတယ်။ ဒါမှမဟုတ် ပြနေတဲ့ မျက်နှာပြင်အောက်နားက စကားပြောဟန် အကွက်ကလေးကိုနှိပ်ပြီး စာတန်းထိုး - Subtitle ကို ပြောင်းယူပါ။
.
တစ်ခုခုကို စမ်းနားထောင်ကြည့်ရင်း ဖုန်းထဲမှာ သိမ်းထားချင်ရင် ဒေါင်းလို့ဆွဲချထားလို့ရပါတယ်။ ဗွီဒီယိုဖိုင်ဆိုဒ်ကကြီးနေရင် အသံ -  Audio ဖိုင်နဲ့သိမ်းထားလို့ရတဲ့ ဟောပြောပွဲတွေရှာကြည့်နိုင်တယ်။ နောက်ပိုင်း ကိုယ်လိုတဲ့အခါကျမှ အင်တာနက်မပါပဲ ပြန်ဖွင့်နိုင်တဲ့အတွက် အင်မတန်အသုံးဝင်တဲ့ Feature အဖြစ် တွေ့ရတယ်။ ဖုန်းထက်ထူးခြားတာက Tablet မှာ မျက်နှာပြင်ပိုကျယ်တဲ့အတွက် ဗွီဒီယို Preview ကိုကြည့်ရင်း ညာဘက်ထိပ်နားမှာ မျှားနဲ့ ဘယ်ဘက် နဲ့ ညာဘက်က အစီအစဉ်တွေကို အလွယ်တကူရွှေ့သွားနိုင်ပါတယ်။
.
iOS ဖုန်း နဲ့ Tablet သုံးစွဲသူများအဖို့ Discover Tab တစ်ခုမှာ အသံ Playlist တွေ နားဆင်နိုင်ပါတယ်။ ဝင်လိုက်တာနဲ့ Online Video ဆိုပြီး App ကနေ ဆင်ထားတဲ့ အသင့်ကြည့် ဟောပြောကွက်ဗွီဒီယိုဖိုင်တွေကို အတွဲလိုက် မြင်တွေ့နိုင်တယ်။
.
Android အုပ်စုမှာတော့ All Talks အောက်ကနေတစ်ဆင့် Playlists နေရာကို ရောက်နိုင်ပါတယ်။ ဒီအထဲကမှ TED Playlists နဲ့ Guest Playlists ( ၂ ) မျိုးထဲကမှ ကောင်းနိုးရာရာတွေကို နားထောင်နိုင်ပါတယ်။ ဗွီဒီယိုတစ်ခုကိုဖွင့်ပြီး ဖုန်းပါဝါ Stand By ခလုပ်ကိုနှိပ်လိုက်ပေမယ့်လည်း အသံကို ဆက်နားထောင်နေလို့ရတဲ့အတွက် ဖုန်းရဲ့ဘက်ထရီချွေတာနိုင်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
.
နည်းပညာအကူအညီနဲ့ ကိုယ်ကြည့်ချင်တဲ့ ဗွီဒီယိုကို အချိန်ဘယ်မိနစ်ကြာရင် ပြန်ဖွင့်ပါ ဒါမှမဟုတ် ပိတ်လိုက်ပါ ဆိုတာမျိုး ကစားနိုင်ဖို့ Surprise Me ဆိုတဲ့ ထိတွေ့ခလုပ်လေးကို အသုံးချ ချိန်ညှိနိုင်ပါတယ်။ ဒီ App အုပ်စုကို နည်းပညာပိုင်းအရ အထင်ကရ IBM က ထောက်ပံ့ပေးတာဖြစ်ပြီး အချိန်နာရီနဲ့ Timer ကိစ္စများကို နာမည်ကျော် ကမ္ဘာ့နာရီကုမ္ပဏီ Rolex က ကူညီထားတယ်လို့ ဆိုထားပါတယ်။
.
.
.
မိမိအိမ်ရဲ့ အင်တာနက်ဝိုင်ဖိုင် - Wi-Fi ကနေ Google Chromecast သုံးသူများအတွက် TED Talk Show များကို TV ဖန်သားပြင်ပေါ်မှာ Streaming ကြည့်ရင်း အင်္ဂလိပ်စာတန်းထိုးကို လိုက်ဖတ်ရတဲ့အချိန်ဟာ ဗဟုသုတလည်းရ၊ အင်္ဂလိပ်စာလည်း လေ့လာခွင့်ရတာမို့လို့ သာမန်ဖျော်ဖြေမှုထက် ဘဝအတွက်အကျိုးရှိတဲ့ အချိန်ကာလလို့ ဖော်ညွှန်းပြောပြပါရစေ။
.
.
.
.
.
.

No comments: