ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, May 5, 2017

အလုပ္အတြက္ စိတ္အညစ္မခံပါနဲ႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
. ဒီအခ်ိန္ေရာက္လာရင္ တူညီတဲ႕ေမးခြန္းေတြၾကားက မတူညီတဲ႕အေမးေတြၾကားရတတ္စျမဲပါ။ အထူးသျဖင္႕ ကြ်န္ေတာ္က အေမရိကားကိုေျပာင္းေရႊ႕ေနထုိင္ခြင္႕ရွိိတဲ႕အီလက္ထေရာနစ္ကံစမ္းမဲ - DV အေၾကာင္း ရံဖန္ရံခါေရးတတ္ေတာ႕ လာလာေမးၾကတယ္။
.
. အဲဒီအထဲမွာ သာမန္ " စစ္လို႕မရဘူး။ ဘာမွားေနသလဲ မသိဘူး။ နာမယ္စာလံုးေပါင္းက ဘယ္တစ္ခုအရင္ေရးရမွာလဲ? ဒီလိုစာတန္းၾကီးေပၚေနတယ္ " ဆုိတဲ႕ ေမးခြန္းေတြက အျမဲေရာက္လာေနတဲ႕အတြက္ အခုေလာက္ၾကာတဲ႕အခါ အေျဖေတြလည္းရေလာက္ေနျပီလို႕ ယံုၾကည္ပါတယ္။
.
.
. ဒီၾကားထဲက " ကြ်န္ေတာ္/ကြ်န္မတုိ႕ DV ေပါက္တယ္။ လာရေတာ႕မယ္။ ဘာျပင္ဆင္လာရမလဲ? " ဆိုတာအတြက္ ကိုယ္႕ငါးခ်ဥ္ ကိုယ္ခ်ဥ္စတမ္းေျပာရရင္ ကြ်န္ေတာ္ေရးေပးထားတဲ႕ေဆာင္းပါးေတြ အမ်ားၾကီးပါ။ တစ္ခ်ိဳ႕က အဲဒီစာေတြမဖတ္ပဲ အစကေနေျပာျပဖို႕ ျပန္လာေမးၾကတဲ႕အခါ ကြ်န္ေတာ္မ်ိဳးၾကီးဘယ္လိုလုပ္ရပါ႕မလဲဆိုတာ အေျဖရွာရခက္ေနပါတယ္။
.
. အရာအားလံုးမွာ ရင္းႏွီးျမႈပ္ႏွံမႈ - Investment ဆိုတာ ရွိတယ္။ အလုပ္အားသူလည္း အားသူအေလွ်ာက္၊ မအားသူလည္း မအားသူအေလွ်ာက္ မိမိရဲ႕အခ်ိန္ေတြရင္းျပီး လူသားအက်ိဳးျပဳစိတ္ဓါတ္ နဲ႕ မိမိရဲ႕ကုိယ္က်ိဳးမဖက္တဲ႕သေဘာထားနဲ႕ အားေပးကူညီတတ္ၾကတယ္။ ဒါ ေကာင္းတယ္။ ဒီအတြက္ စာေရးမိတာမွားတယ္၊ သူတပါးေကာင္းက်ိဳးအတြက္ကူညီမိသမွ် ေနာင္တရတယ္လို႕ ကြ်န္ေတာ္မခံယူပါဘူး။
.
.
. အမ်ားကုိယ္စားေမးတဲ႕ေမးခြန္းတစ္ခုလို႕ယူဆျပီး ဒီေနရာမွာ " DV ေပါက္ျပီး သြားရေတာ႕မွာျဖစ္လို႕ အလုပ္မရွိပဲ ေဆြးမ်ိဳးေတြနားမွာ ၾကာၾကာကပ္မေနခ်င္တာေၾကာင္႕ အလုပ္ရႏုိင္ဖို႕နည္းလမ္းေလးေျပာျပေပးပါ " ဆုိတာေလးကို အာရံုျငိျပီး ေျဖၾကည္႕ၾကည္႕ပါမယ္။ ေခါင္းစဥ္ခြဲေလးကေတာ႕
.
. " အေမရိကားလာရင္ အလုပ္အတြက္ေၾကာက္စရာမလို "

.
. ပထမဦးဆံုးေျပာျပခ်င္တာက ကြ်န္ေတာ္ဟာ လူပြဲစားမဟုတ္သလို ျပည္ဝင္ခြင္႕ကုိေရာင္းစားႏုိင္တဲ႕ ကုမၸဏီအတုတစ္ခု လက္ထဲမွာမရွိတဲ႕အျပင္ အလုပ္ရွင္တစ္ေယာက္လည္း မဟုတ္ပါဘူး။ ဒါေၾကာင္႕ ဒီေခါင္းစဥ္ကို မိမိၾကံဳဖူးတဲ႕၊ သူမ်ားတကာေျပာျပဖူးတဲ႕၊ မ်က္စိေရွ႕မွာျမင္ဖူး ၾကားဖူးတဲ႕ေနရာေတြနဲ႕ ဖတ္ရႈမွတ္သားေလ႕လာမိသမွ်ကိုအေျခခံျပီး အားေပးလမ္းျပျခင္းသက္သက္ပါ။
.
. အလြယ္ကူဆံုးနည္းလမ္းနဲ႕ အေမရိကားမွာလာေရာက္အေျခခ်ခ်င္ရင္ ေငြယူလာမလား? ပညာယူလာမလား? လို႕ ျပန္ေမးခ်င္ပါတယ္္။ ေငြယူလာရင္ အစစအရာရာ လိုတာကုိဝယ္ယူရင္း ေငြရွာစရာမလုိေတာ႕ အဆင္မေျပစရာအေၾကာင္းမရွိပါဘူး။ ေနာက္တစ္ခုက ပညာတစ္ခုကိုေကာင္းေကာင္းၾကီးတတ္လာရင္လည္း အလုပ္ခန္႕မယ္႕သူေတြကအသင္႕ရွိေနတာျဖစ္လို႕ ဒါကလည္း စိုးရိမ္စရာမဟုတ္ျပန္ဘူး။
.
.
.          အထက္ကေျပာသလို ကုိယ္႕မွာအားသာခ်က္တစ္ခုခုပါမလာေစဦး . . အလုပ္မရစရာ မရွိပါဘူး။ ဒါေပမယ္႕ " ပင္ပင္ပန္းပန္းလုပ္ရမယ္႕အလုပ္မ်ိဳးေတာ႕မလုပ္ခ်င္ဘူး၊ အဂၤလိပ္စကားမေျပာရတဲ႕ေနရာမွာလုပ္ခ်င္တယ္၊ စေန တနဂၤေႏြနားခ်င္တယ္ . . မနားရတာခက္တယ္ " စတဲ႕ ေရြးခ်ယ္ခြင္႕ - Option ေတြေတာ႕ ရဖို႕မွန္းထားရင္ေတာ႕ ခက္တတ္ပါတယ္။ 
.
.          တစ္ခုသိထားဖို႕က အေမရိကန္ႏိုင္ငံဟာ ေျပာင္းေရႊ႕ေနထုိင္သူေတြစုေပါင္းျပီး မတူညီတဲ႕အရည္အခ်င္း၊ ကြဲျပားတဲ႕အျမင္အမ်ိဳးမ်ိဳး နဲ႕ အေရာင္အေသြးမတူတဲ႕ပညာအဆင္႕အတန္းတို႕နဲ႕ လံုးပတ္ရစ္ခ်ည္ ျဖစ္တည္ဖြဲ႕စည္းထားတဲ႕ႏိုင္ငံပါ။ ဒါေၾကာင္႕ " သင္ ဘယ္လုိပဲ အေမရိကားကိုေျပာင္းေရႊ႕ခဲ႕ ေျပာင္းေရႊ႕ခဲ႕ " မွန္ကန္တဲ႕ေနရာတစ္ခုရဲ႕တံခါးဝမွာ ဖိနပ္ေလးတစ္ရံလာခြ်တ္တယ္လို႕ မွတ္ယူႏုိင္ပါတယ္။
.
.
.          ဒါေၾကာင္႕ စတုဒီသာေကြ်းေနတဲ႕အလွဴအိမ္မွာ အခမဲ႕ေကြ်းတဲ႕ေထာပတ္ထမင္းဝင္စားသလို တရားဝင္ေျပာင္းေရႊ႕လာတဲ႕ ျပည္ပႏိုင္ငံသား - Alien တစ္ေယာက္ကုိ အခမဲ႕ေပးေနတဲ႕ အက်ိဳးခံစားခြင္႕ - Benefit ေတြ လာေရာက္ရယူမယ္ဆုိရင္လည္း ဒီမိုကေရစီဘိုးေအၾကီးေတြက ျပံဳးျပံဳးပါပဲ။ ထုိ႕အတူ ကုိယ္႕အလွည္႕ေရာက္လာရင္ မႏြဲ႕က်စတမ္းဆိုတဲ႕စိတ္ကေလးေတာ႕ ကိုယ္ခ်နင္းမယ္႕ေျမပိုင္ရွင္ကိုေတာ႕ အသိစိတ္ေလး ထားေပးသင္႕ပါတယ္။
.
.          အေစာၾကီးကေျပာထားသလို ေငြယူလာမယ္ . . ပညာတတ္ထားတယ္ဆိုရင္ သူမ်ားထက္ ပို၍ေကာင္းမြန္သာလြန္တာေပါ႕။ ဒါေပမယ္႕ ဘာမွမလုပ္ဘူး . . ထုိင္စားမယ္ . . ဒါလည္းရတာပဲ။ ေငြရွိဖို႕ေတာ႕လိုပါတယ္။ ေငြမရွာလည္းရပ္တည္ႏိုင္မယ္႕အေျခအေနရွိရင္ ရတာ ေသခ်ာတာေပါ႕။
.
.
.          ဒီလိုမွမဟုတ္ပဲ Entry Level  လို႕ေခၚတဲ႕ အေျခခံအလုပ္ေတြရွိသလို တပ္ဆင္ျခင္း - Assembling လိုင္းေတြထဲမွာ လုပ္ခ်င္ရင္လည္း ရပါတယ္။ အဲဒီေတြထဲမွာ အေမရိကားကုိေျပာင္းေရႊ႕ေနထုိင္ၾကတဲ႕  New Immigrants ေတြလုပ္ကိုင္ၾကပါတယ္။ အားမငယ္စရာမရွိပါဘူး။
.
.           ဒီေတြကုိမၾကိဳက္ေသးဘူး။ အဂၤလိပ္စကားအေျခခံကိုမေျပာႏုိင္ဘူးဆိုရင္ ရပါေသးတယ္ . . ျမန္မာေတြခန္႕တဲ႕စားေသာက္ဆိုင္ေတြ နဲ႕ ဆူရွီအလုပ္ေတြ အမ်ားႀကီးရွိပါတယ္။ တစ္ခ်ိဳ႕ ကား တုိးဂိတ္ေစာင္႕တာမ်ိဳး နဲ႕ ဖာခြံေခါက္ - Packaging  အလုပ္ေတြက စကားမေျပာရေတာ့ လုပ္ႏိုင္ၾကပါတယ္။
.
.
.          အမွန္တကယ္က အေမရိကားကိုလာဖို႕အေၾကာင္းေပၚလာသူဆီမွာ " ေက်ာင္းတက္မယ္ " နဲ႕ " အလုပ္လုပ္မယ္ " ဆုိတဲ႕စိတ္ပါလာတာ သိပ္ေကာင္းတဲ႕လကၡဏာပါ။ ဒီလိုအေနအထားနဲ႕လူတစ္ေယာက္၊ ဇနီးေမာင္ႏွံတစ္တြဲ၊ မိသားတစ္စုကို ဘယ္အခက္အခဲကမွ တားဆီးထားလို႕မရပါဘူး။ အားလံုးကိုေက်ာ္ျဖတ္သြားႏိုင္မယ္ဆိုတာ အေသအခ်ာေျပာႏိုင္ပါတယ္။
.
. ေနာက္တစ္ျခားအေျခအေနတစ္ခုက အေမရိကားမွာ အလုပ္မလုပ္ပဲေနလို႕ရတဲ႕အေၾကာင္းေရာသိျပီးၾကျပီလား? အသက္ၾကီး အျငိမ္းစားတစ္ေယာက္မဲေပါက္ခဲ႕ရင္ ( ဒီေျမေပၚမွာ ေဆြးမ်ိဳးရင္းျခာရွိရင္ ) သက္ၾကီးေစာင္႕ေရွာက္မႈ၊ အခမဲ႕က်န္းမာေရးကုသခြင္႕ နဲ႕ အျခားအျခားေသာ အက်ိဳးခံစားခြင္႕ - Benefit ေတြ ရရွိခံစားႏိုင္ပါတယ္။ ဒီအတြက္ေငြေတြကို အေမရိကားမွာတရားဝင္ေနထုိင္တဲ႕ ႏိုင္ငံသားေတြနဲ႕ အခုလို ေျပာင္းေရႊ႕လာျပီးအလုပ္လုပ္သူေတြပါဝင္တဲ႕ အခြန္ထမ္း - Tax Payers ေတြကေန ရၾကတာပါ။
.
. ဒါေၾကာင္႕ အေမရိကားကိုမၾကာမီလာေတာ႕မယ္႕ လူတစ္ဦးတစ္ေယာက္ဟာ မိမိဘာလာလုပ္မလဲ ဆိုတာ သိလာခဲ႕ဖို႕လုိတယ္။ ဟုတ္တယ္ေလ . . မိမိျဖစ္ခ်င္တာကိုသိမွ ျပင္ဆင္စရာရွိတာ ျပင္ခဲ႕မွာေပါ႕။ ဒီလိုပဲ ေက်ာင္းတက္မယ္႕ ေက်ာင္းသားက သူ႕အနာဂါတ္အတြက္ ဘယ္ေက်ာင္းကိုဘယ္လိုတက္ရမယ္ဆိုတာ ေလ႕လာထားမိမွာပဲေပါ႕။
.
. ဒီလိုမွမဟုတ္ဘူး . . ျမန္မာႏိုင္ငံအျပင္ဘက္ထြက္ျပီး တုိးတက္မႈရွာခ်င္တဲ႕ သာမန္လူတန္းစားေတြအေနနဲ႕ အလုပ္လုပ္ဖို႕ အားခဲထားႏိုင္ၾကသလို ဒီေရာက္မွ ျဖစ္သမွ်ကို အေကာင္းဆံုးရင္ဆိုင္မယ္ဆုိတဲ႕သတိၱမ်ိဳးလဲ ကြ်န္ေတာ္တုိ႕ရဲ႕ ဗႏၶဳလေသြးထဲမွာ အေမရိကန္ၾကက္ေၾကာ္၊ ျပင္သစ္အာလူးေခ်ာင္းေၾကာ္တို႕နဲ႕ တည္႕မတည္႕ဆိုတာ သိခြင္႕ရၾကေတာ႕မေပါ႕ . .။
.
.
. မိဘ က သားသမီးေခၚ . . သားသမီး က မိဘေခၚ၊ ေမာင္ႏွမခ်င္းေခၚ စတဲ႕ကိစၥေတြက အခ်ိန္ယူရပါတယ္။ ဒါေပမယ္႕ အေမရိကန္ႏုိင္ငံသား က်ား/မ က ျမန္မာႏိုင္ငံသား က်ား/မ ကို သြားေရာက္လက္ထပ္တာလည္း အေစာဆံုးလာရရင္ ( ၁ ) ႏွစ္ေလာက္အတြင္းျဖစ္တတ္လို႕ ျပင္ဆင္ဖို႕အခ်ိန္နည္းတတ္တယ္။ ဒါ႕ထက္ဆုိးတာက ဘာမွန္းညာမွန္းမသိပဲ သူမ်ားေလွ်ာက္လို႕ DV လိုက္ေလ်ွာက္၊ ေပါက္သြားမွ ဘဝက ေန႕ခ်င္းညခ်င္းၾကီးေျပာင္းလဲခ်င္ရင္ သိပ္မ်ားသြားတဲ႕ေတာင္းဆိုမႈလို႕ေတာ႕ ကြ်န္ေတာ္မဆိုလိုပါဘူး။
.
. ဆိုခဲေစ ျမဲေစဆိုတဲ႕စကားအတိုင္း " ေနရာတိုင္းမွာ ပညာတတ္သူက ဦးေဆာင္ပါတယ္ " ။ ျမန္မာႏိုင္ငံမွာသာ ေခတ္အဆက္ဆက္က တစ္ျခမ္းေစာင္းအျမင္မတည္႕မႈေတြေၾကာင္႕ အားေပးမႈနည္းခဲ႕တာနဲ႕အတူ ပညာေရးဘက္ကို ခါးေစာင္းတင္ျပီး မႏိုင္႕တႏုိင္ေလွ်ာက္လွမ္းသူေတြ အနည္းအက်ဥ္းသာေတြ႕ရတတ္တယ္။ အဓိက အဂၤလိပ္စာကို ခ်စ္ခင္ႏွစ္သက္ရင္ / အခါအခြင္႕လည္းသင္႕တယ္ဆုိရင္ " အေမရိကားမွာ ေရလည္းၾကည္တယ္၊ ျမက္လည္းႏုတယ္ " လို႕ အားေပးခ်င္ပါတယ္။
.
.
. " အလုပ္အတြက္နဲ႕ေတာ႕ စိတ္အညစ္မခံပါနဲ႕ " ။ အေမရိကားက အလုပ္အမ်ားအျပားေပးႏုိင္တဲ႕ႏိုင္ငံပါ။ သူေျပာတာကိုယ္နားလည္၊ သူနားလည္ေအာင္ ကိုယ္ကလည္းေျပာတတ္၊ ဒါ႕အျပင္ လမ္းေဘးကစာဖတ္တတ္ရင္ ဘယ္ျမိ႕ ဘယ္ရြာမဆို မေရာက္မရွိ ေရာက္ပါတယ္။ မိမိေရွ႕ေရာက္လာမယ္႕အလုပ္မွန္သမွ်ကို " အရိုးမ်ားတယ္ ေခ်းခါးတယ္ " ဆုိတာေတြ ကိုယ္ကြ်မ္းလာေတာ႕မွ လုပ္ၾကပါ။ ေရာက္စမွာ ေပါက္ကရအလုပ္မေတြ႕ရေအာင္ မိမိဘက္ကျပင္ဆင္စရာရွိတာေတြကိုျပင္ဆင္လာၾကပါ။
.
. ဒါေၾကာင္႕ လာခြင္႕ရွိသူ / ရွိလာမယ္႕သူေတြက ဘာကိုစိတ္ညစ္ခံေနတာလဲ? 3
( ၁ ) ႏွစ္ / ( ၁ ) ႏွစ္ခြဲေလာက္အတြင္း အမ်ားၾကီးျပင္ဆင္ဖို႕အခ်ိန္ရပါတယ္။
စကားေျပာသင္တန္း၊
ကြန္ပ်ဴတာသင္တန္း၊
ရံုးစာ / အီးေမးလ္သင္တန္း ( ရွိမရွိ မသိပါ ) ၊
ေဒသႏၱရဗဟုသုတ၊
ကမၻာလံုးဆိုင္ရာပထဝီအေနအထား၊
သြားေရာက္မယ္႕ျပည္နယ္ / ျမိဳ႕ရဲ႕ အျမင္႕ဆံုး နဲ႕ အနိမ္႕ဆံုးရာသီဥတု၊
ကားအေၾကာင္း
လမ္းအေၾကာင္း
တံတားအေၾကာင္း သိမွတ္ဖြယ္ရာ နဲ႕
ကမၻာ႕မ်က္ေမွာက္ႏိုင္ငံေရးအေၾကာင္းအနည္းငယ္ တုိ႕အျပင္
ခရီးသြားရင္းေဆာင္ရန္ / ေရွာင္ရန္ေတြကို မျပတ္မလပ္ေလ႕လာမွတ္သားရင္း
" ေနရာသစ္တစ္ခုမွာ သင္ၾကားမႈအစုစုတုိ႕ကို လက္ခံတတ္ပါေစ " လို႕ အားေပးစကားေျပာၾကားလိုက္ပါရေစ . .။
.
. ခင္လ်က္
.
. ကိုညီညီ ( ေတာင္ၾကီး )
. 05-05-2017
.
.
Unicode Version:
.
.
. " အလုပ်အတွက် စိတ်အညစ်မခံပါနဲ့ "
. ဒီအချိန်ရောက်လာရင် တူညီတဲ့မေးခွန်းတွေကြားက မတူညီတဲ့အမေးတွေကြားရတတ်စမြဲပါ။ အထူးသဖြင့် ကျွန်တော်က အမေရိကားကိုပြောင်းရွှေ့နေထိုင်ခွင့်ရှိတဲ့အီလက်ထရောနစ်ကံစမ်းမဲ - DV အကြောင်း ရံဖန်ရံခါရေးတတ်တော့ လာလာမေးကြတယ်။
.
. အဲဒီအထဲမှာ သာမန် " စစ်လို့မရဘူး။ ဘာမှားနေသလဲ မသိဘူး။ နာမယ်စာလုံးပေါင်းက ဘယ်တစ်ခုအရင်ရေးရမှာလဲ? ဒီလိုစာတန်းကြီးပေါ်နေတယ် " ဆိုတဲ့ မေးခွန်းတွေက အမြဲရောက်လာနေတဲ့အတွက် အခုလောက်ကြာတဲ့အခါ အဖြေတွေလည်းရလောက်နေပြီလို့ ယုံကြည်ပါတယ်။
.
.
. ဒီကြားထဲက " ကျွန်တော်/ကျွန်မတို့ DV ပေါက်တယ်။ လာရတော့မယ်။ ဘာပြင်ဆင်လာရမလဲ? " ဆိုတာအတွက် ကိုယ့်ငါးချဉ် ကိုယ်ချဉ်စတမ်းပြောရရင် ကျွန်တော်ရေးပေးထားတဲ့ဆောင်းပါးတွေ အများကြီးပါ။ တစ်ချို့က အဲဒီစာတွေမဖတ်ပဲ အစကနေပြောပြဖို့ ပြန်လာမေးကြတဲ့အခါ ကျွန်တော်မျိုးကြီးဘယ်လိုလုပ်ရပါ့မလဲဆိုတာ အဖြေရှာရခက်နေပါတယ်။
.
. အရာအားလုံးမှာ ရင်းနှီးမြှုပ်နှံမှု - Investment ဆိုတာ ရှိတယ်။ အလုပ်အားသူလည်း အားသူအလျှောက်၊ မအားသူလည်း မအားသူအလျှောက် မိမိရဲ့အချိန်တွေရင်းပြီး လူသားအကျိုးပြုစိတ်ဓါတ် နဲ့ မိမိရဲ့ကိုယ်ကျိုးမဖက်တဲ့သဘောထားနဲ့ အားပေးကူညီတတ်ကြတယ်။ ဒါ ကောင်းတယ်။ ဒီအတွက် စာရေးမိတာမှားတယ်၊ သူတပါးကောင်းကျိုးအတွက်ကူညီမိသမျှ နောင်တရတယ်လို့ ကျွန်တော်မခံယူပါဘူး။
.
.
. အများကိုယ်စားမေးတဲ့မေးခွန်းတစ်ခုလို့ယူဆပြီး ဒီနေရာမှာ " DV ပေါက်ပြီး သွားရတော့မှာဖြစ်လို့ အလုပ်မရှိပဲ ဆွေးမျိုးတွေနားမှာ ကြာကြာကပ်မနေချင်တာကြောင့် အလုပ်ရနိုင်ဖို့နည်းလမ်းလေးပြောပြပေးပါ " ဆိုတာလေးကို အာရုံငြိပြီး ဖြေကြည့်ကြည့်ပါမယ်။ ခေါင်းစဉ်ခွဲလေးကတော့
.
. " အမေရိကားလာရင် အလုပ်အတွက်ကြောက်စရာမလို "
.
. ပထမဦးဆုံးပြောပြချင်တာက ကျွန်တော်ဟာ လူပွဲစားမဟုတ်သလို ပြည်ဝင်ခွင့်ကိုရောင်းစားနိုင်တဲ့ ကုမ္ပဏီအတုတစ်ခု လက်ထဲမှာမရှိတဲ့အပြင် အလုပ်ရှင်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီခေါင်းစဉ်ကို မိမိကြုံဖူးတဲ့၊ သူများတကာပြောပြဖူးတဲ့၊ မျက်စိရှေ့မှာမြင်ဖူး ကြားဖူးတဲ့နေရာတွေနဲ့ ဖတ်ရှုမှတ်သားလေ့လာမိသမျှကိုအခြေခံပြီး အားပေးလမ်းပြခြင်းသက်သက်ပါ။
.
. အလွယ်ကူဆုံးနည်းလမ်းနဲ့ အမေရိကားမှာလာရောက်အခြေချချင်ရင် ငွေယူလာမလား? ပညာယူလာမလား? လို့ ပြန်မေးချင်ပါတယ်။ ငွေယူလာရင် အစစအရာရာ လိုတာကိုဝယ်ယူရင်း ငွေရှာစရာမလိုတော့ အဆင်မပြေစရာအကြောင်းမရှိပါဘူး။ နောက်တစ်ခုက ပညာတစ်ခုကိုကောင်းကောင်းကြီးတတ်လာရင်လည်း အလုပ်ခန့်မယ့်သူတွေကအသင့်ရှိနေတာဖြစ်လို့ ဒါကလည်း စိုးရိမ်စရာမဟုတ်ပြန်ဘူး။
.
.
. အထက်ကပြောသလို ကိုယ့်မှာအားသာချက်တစ်ခုခုပါမလာစေဦး . . အလုပ်မရစရာ မရှိပါဘူး။ ဒါပေမယ့် " ပင်ပင်ပန်းပန်းလုပ်ရမယ့်အလုပ်မျိုးတော့မလုပ်ချင်ဘူး၊ အင်္ဂလိပ်စကားမပြောရတဲ့နေရာမှာလုပ်ချင်တယ်၊ စနေ တနင်္ဂနွေနားချင်တယ် . . မနားရတာခက်တယ် " စတဲ့ ရွေးချယ်ခွင့် - Option တွေတော့ ရဖို့မှန်းထားရင်တော့ ခက်တတ်ပါတယ်။
.
. တစ်ခုသိထားဖို့က အမေရိကန်နိုင်ငံဟာ ပြောင်းရွှေ့နေထိုင်သူတွေစုပေါင်းပြီး မတူညီတဲ့အရည်အချင်း၊ ကွဲပြားတဲ့အမြင်အမျိုးမျိုး နဲ့ အရောင်အသွေးမတူတဲ့ပညာအဆင့်အတန်းတို့နဲ့ လုံးပတ်ရစ်ချည် ဖြစ်တည်ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ ဒါကြောင့် " သင် ဘယ်လိုပဲ အမေရိကားကိုပြောင်းရွှေ့ခဲ့ ပြောင်းရွှေ့ခဲ့ " မှန်ကန်တဲ့နေရာတစ်ခုရဲ့တံခါးဝမှာ ဖိနပ်လေးတစ်ရံလာချွတ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
.
.
. ဒါကြောင့် စတုဒီသာကျွေးနေတဲ့အလှူအိမ်မှာ အခမဲ့ကျွေးတဲ့ထောပတ်ထမင်းဝင်စားသလို တရားဝင်ပြောင်းရွှေ့လာတဲ့ ပြည်ပနိုင်ငံသား - Alien တစ်ယောက်ကို အခမဲ့ပေးနေတဲ့ အကျိုးခံစားခွင့် - Benefit တွေ လာရောက်ရယူမယ်ဆိုရင်လည်း ဒီမိုကရေစီဘိုးအေကြီးတွေက ပြုံးပြုံးပါပဲ။ ထို့အတူ ကိုယ့်အလှည့်ရောက်လာရင် မနွဲ့ကျစတမ်းဆိုတဲ့စိတ်ကလေးတော့ ကိုယ်ချနင်းမယ့်မြေပိုင်ရှင်ကိုတော့ အသိစိတ်လေး ထားပေးသင့်ပါတယ်။
.
. အစောကြီးကပြောထားသလို ငွေယူလာမယ် . . ပညာတတ်ထားတယ်ဆိုရင် သူများထက် ပို၍ကောင်းမွန်သာလွန်တာပေါ့။ ဒါပေမယ့် ဘာမှမလုပ်ဘူး . . ထိုင်စားမယ် . . ဒါလည်းရတာပဲ။ ငွေရှိဖို့တော့လိုပါတယ်။ ငွေမရှာလည်းရပ်တည်နိုင်မယ့်အခြေအနေရှိရင် ရတာ သေချာတာပေါ့။
.
.
. ဒီလိုမှမဟုတ်ပဲ Entry Level လို့ခေါ်တဲ့ အခြေခံအလုပ်တွေရှိသလို တပ်ဆင်ခြင်း - Assembling လိုင်းတွေထဲမှာ လုပ်ချင်ရင်လည်း ရပါတယ်။ အဲဒီတွေထဲမှာ အမေရိကားကိုပြောင်းရွှေ့နေထိုင်ကြတဲ့ New Immigrants တွေလုပ်ကိုင်ကြပါတယ်။ အားမငယ်စရာမရှိပါဘူး။
.
. ဒီတွေကိုမကြိုက်သေးဘူး။ အင်္ဂလိပ်စကားအခြေခံကိုမပြောနိုင်ဘူးဆိုရင် ရပါသေးတယ် . . မြန်မာတွေခန့်တဲ့စားသောက်ဆိုင်တွေ နဲ့ ဆူရှီအလုပ်တွေ အများကြီးရှိပါတယ်။ တစ်ချို့ ကား တိုးဂိတ်စောင့်တာမျိုး နဲ့ ဖာခွံခေါက် - Packaging အလုပ်တွေက စကားမပြောရတော့ လုပ်နိုင်ကြပါတယ်။
.
.
. အမှန်တကယ်က အမေရိကားကိုလာဖို့အကြောင်းပေါ်လာသူဆီမှာ " ကျောင်းတက်မယ် " နဲ့ " အလုပ်လုပ်မယ် " ဆိုတဲ့စိတ်ပါလာတာ သိပ်ကောင်းတဲ့လက္ခဏာပါ။ ဒီလိုအနေအထားနဲ့လူတစ်ယောက်၊ ဇနီးမောင်နှံတစ်တွဲ၊ မိသားတစ်စုကို ဘယ်အခက်အခဲကမှ တားဆီးထားလို့မရပါဘူး။ အားလုံးကိုကျော်ဖြတ်သွားနိုင်မယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။
.
. နောက်တစ်ခြားအခြေအနေတစ်ခုက အမေရိကားမှာ အလုပ်မလုပ်ပဲနေလို့ရတဲ့အကြောင်းရောသိပြီးကြပြီလား? အသက်ကြီး အငြိမ်းစားတစ်ယောက်မဲပေါက်ခဲ့ရင် ( ဒီမြေပေါ်မှာ ဆွေးမျိုးရင်းခြာရှိရင် ) သက်ကြီးစောင့်ရှောက်မှု၊ အခမဲ့ကျန်းမာရေးကုသခွင့် နဲ့ အခြားအခြားသော အကျိုးခံစားခွင့် - Benefit တွေ ရရှိခံစားနိုင်ပါတယ်။ ဒီအတွက်ငွေတွေကို အမေရိကားမှာတရားဝင်နေထိုင်တဲ့ နိုင်ငံသားတွေနဲ့ အခုလို ပြောင်းရွှေ့လာပြီးအလုပ်လုပ်သူတွေပါဝင်တဲ့ အခွန်ထမ်း - Tax Payers တွေကနေ ရကြတာပါ။
.
. ဒါကြောင့် အမေရိကားကိုမကြာမီလာတော့မယ့် လူတစ်ဦးတစ်ယောက်ဟာ မိမိဘာလာလုပ်မလဲ ဆိုတာ သိလာခဲ့ဖို့လိုတယ်။ ဟုတ်တယ်လေ . . မိမိဖြစ်ချင်တာကိုသိမှ ပြင်ဆင်စရာရှိတာ ပြင်ခဲ့မှာပေါ့။ ဒီလိုပဲ ကျောင်းတက်မယ့် ကျောင်းသားက သူ့အနာဂါတ်အတွက် ဘယ်ကျောင်းကိုဘယ်လိုတက်ရမယ်ဆိုတာ လေ့လာထားမိမှာပဲပေါ့။
.
. ဒီလိုမှမဟုတ်ဘူး . . မြန်မာနိုင်ငံအပြင်ဘက်ထွက်ပြီး တိုးတက်မှုရှာချင်တဲ့ သာမန်လူတန်းစားတွေအနေနဲ့ အလုပ်လုပ်ဖို့ အားခဲထားနိုင်ကြသလို ဒီရောက်မှ ဖြစ်သမျှကို အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့သတ္တိမျိုးလဲ ကျွန်တော်တို့ရဲ့ ဗန္ဓုလသွေးထဲမှာ အမေရိကန်ကြက်ကြော်၊ ပြင်သစ်အာလူးချောင်းကြော်တို့နဲ့ တည့်မတည့်ဆိုတာ သိခွင့်ရကြတော့မပေါ့ . .။
.
.
. မိဘ က သားသမီးခေါ် . . သားသမီး က မိဘခေါ်၊ မောင်နှမချင်းခေါ် စတဲ့ကိစ္စတွေက အချိန်ယူရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံသား ကျား/မ က မြန်မာနိုင်ငံသား ကျား/မ ကို သွားရောက်လက်ထပ်တာလည်း အစောဆုံးလာရရင် ( ၁ ) နှစ်လောက်အတွင်းဖြစ်တတ်လို့ ပြင်ဆင်ဖို့အချိန်နည်းတတ်တယ်။ ဒါ့ထက်ဆိုးတာက ဘာမှန်းညာမှန်းမသိပဲ သူများလျှောက်လို့ DV လိုက်လျှောက်၊ ပေါက်သွားမှ ဘဝက နေ့ချင်းညချင်းကြီးပြောင်းလဲချင်ရင် သိပ်များသွားတဲ့တောင်းဆိုမှုလို့တော့ ကျွန်တော်မဆိုလိုပါဘူး။
.
. ဆိုခဲစေ မြဲစေဆိုတဲ့စကားအတိုင်း " နေရာတိုင်းမှာ ပညာတတ်သူက ဦးဆောင်ပါတယ် " ။ မြန်မာနိုင်ငံမှာသာ ခေတ်အဆက်ဆက်က တစ်ခြမ်းစောင်းအမြင်မတည့်မှုတွေကြောင့် အားပေးမှုနည်းခဲ့တာနဲ့အတူ ပညာရေးဘက်ကို ခါးစောင်းတင်ပြီး မနိုင့်တနိုင်လျှောက်လှမ်းသူတွေ အနည်းအကျဉ်းသာတွေ့ရတတ်တယ်။ အဓိက အင်္ဂလိပ်စာကို ချစ်ခင်နှစ်သက်ရင် / အခါအခွင့်လည်းသင့်တယ်ဆိုရင် " အမေရိကားမှာ ရေလည်းကြည်တယ်၊ မြက်လည်းနုတယ် " လို့ အားပေးချင်ပါတယ်။
.
.
. " အလုပ်အတွက်နဲ့တော့ စိတ်အညစ်မခံပါနဲ့ " ။ အမေရိကားက အလုပ်အများအပြားပေးနိုင်တဲ့နိုင်ငံပါ။ သူပြောတာကိုယ်နားလည်၊ သူနားလည်အောင် ကိုယ်ကလည်းပြောတတ်၊ ဒါ့အပြင် လမ်းဘေးကစာဖတ်တတ်ရင် ဘယ်မြိ့ ဘယ်ရွာမဆို မရောက်မရှိ ရောက်ပါတယ်။ မိမိရှေ့ရောက်လာမယ့်အလုပ်မှန်သမျှကို " အရိုးများတယ် ချေးခါးတယ် " ဆိုတာတွေ ကိုယ်ကျွမ်းလာတော့မှ လုပ်ကြပါ။ ရောက်စမှာ ပေါက်ကရအလုပ်မတွေ့ရအောင် မိမိဘက်ကပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်လာကြပါ။
.
. ဒါကြောင့် လာခွင့်ရှိသူ / ရှိလာမယ့်သူတွေက ဘာကိုစိတ်ညစ်ခံနေတာလဲ? 3
( ၁ ) နှစ် / ( ၁ ) နှစ်ခွဲလောက်အတွင်း အများကြီးပြင်ဆင်ဖို့အချိန်ရပါတယ်။
စကားပြောသင်တန်း၊
ကွန်ပျူတာသင်တန်း၊
ရုံးစာ / အီးမေးလ်သင်တန်း ( ရှိမရှိ မသိပါ ) ၊
ဒေသန္တရဗဟုသုတ၊
ကမ္ဘာလုံးဆိုင်ရာပထဝီအနေအထား၊
သွားရောက်မယ့်ပြည်နယ် / မြို့ရဲ့ အမြင့်ဆုံး နဲ့ အနိမ့်ဆုံးရာသီဥတု၊
ကားအကြောင်း
လမ်းအကြောင်း
တံတားအကြောင်း သိမှတ်ဖွယ်ရာ နဲ့
ကမ္ဘာ့မျက်မှောက်နိုင်ငံရေးအကြောင်းအနည်းငယ် တို့အပြင်
ခရီးသွားရင်းဆောင်ရန် / ရှောင်ရန်တွေကို မပြတ်မလပ်လေ့လာမှတ်သားရင်း
" နေရာသစ်တစ္ခုမှာ သင်ကြားမှုအစုစုတို့ကို လက်ခံတတ်ပါစေ " လို့ အားပေးစကားပြောကြားလိုက်ပါရစေ . .။
.
. ခင်လျက်
.
. ကိုညီညီ ( တောင်ကြီး )
. 05-05-2017


No comments: