ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, February 26, 2020

အိုက်စ်-𝗜𝗖𝗘 အကြောင်းသိကောင်းစရာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          တရားမဝင်နေထိုင်သူတွေကိုဖမ်းမိတဲ့အခါ အမေရိကားကနေ သူတို့လာတဲ့တိုင်းပြည်ကိုပြန်ပို့တဲ့အဖွဲ့ကို အိုက်စ်-𝗜𝗖𝗘 လို့ လူသိများပါတယ်။ အကျယ်ဖွင့်ရင်တော့ 𝗜𝗖𝗘-𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗖𝘂𝘀𝘁𝗼𝗺𝘀 𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 ဖြစ်တဲ့ တပ်ဖွဲ့ကို ၂ဝဝ၃ ခုနှစ်မှာဖွဲ့စည်းခဲ့ပါတယ်။

          𝗜𝗖𝗘 ကို စက်တင်ဘာ ၁၁ ရက်-𝟵/𝟭𝟭 မှာ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦ နဲ့ ပင်တဂွန်စစ်ဋ္ဌာနချုပ်တို့အတိုက်ခိုက်ခံရမှုကြီးအလွန် အမိမြေလုံခြုံရေးဋ္ဌာနကြီး-𝗗𝗛𝗦 (𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 𝗼𝗳 𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်ခဲ့တာပါ။

          လက်ရှိဦးဆောင်နေသူ မက်သရူးအယ်လ်ဘန်းစ်-𝗠𝗮𝘁𝘁𝗵𝗲𝘄 𝗔𝗹𝗯𝗲𝗻𝗰𝗲 က အမေရိကန်ပြည်တွင်း နဲ့ ပင်လယ်ရပ်ခြားက ဋ္ဌာနခွဲ ၄ဝဝ ကျော်မှာတာဝန်ထမ်းဆောင်နေသူ ဝန်ထမ်း ၂ဝဝဝဝ နဲ့ မောင်းနှင်နေတာဖြစ်ပါတယ်။

          𝗜𝗖𝗘 အဖွဲ့ရဲ့ ၂ဝ၂ဝ ခုနှစ်ဘတ်ဂျက်က အမေရိကန်ဒေါ်လာ . ဘီလျံဖြစ်ပြီး ၂ဝ၂၁ ခုနှစ်အတွက် ၁ဝ. ဘီလျံအထိတိုးမြှင့်တောင်းခံထားပါတယ်။ 𝗜𝗖𝗘 မှာ အဓိကလုပ်ဆောင်ရမယ့်ကိစ္စတွေအတွက် အဖွဲ့ ဖွဲ့ ထပ်ခွဲထားပါတယ်။
 𝗛𝗦𝗜-𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗜𝗻𝘃𝗲𝘀𝘁𝗶𝗴𝗮𝘁𝗶𝗼𝗻𝘀
𝗘𝗥𝗢-𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗺𝗼𝘃𝗮𝗹 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝘀 နဲ့
𝗢𝗣𝗟𝗔-𝘁𝗵𝗲 𝗢𝗳𝗳𝗶𝗰𝗲 𝗼𝗳 𝘁𝗵𝗲 𝗣𝗿𝗶𝗻𝗰𝗶𝗽𝗮𝗹 𝗟𝗲𝗴𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗲𝗿 တို့ဖြစ်ကြပါတယ်။

          ဒီအထဲက 𝗛𝗦𝗜 ရဲ့တာဝန်ကစစ်တပ်နဲ့မခြား များပြားလှတယ်။ အကြမ်းဖက်သမား၊ မူးယစ်ရာဇာ၊ တရားမဝင်လက်နက်ရောင်းသူ၊ လူကုန်ကူးသူ၊ အင်တာနက်ဖောက်ထွင်းကျူးလွန်သူ၊ တရားမဝင်ငွေကြေးအရောင်းအဝယ်လုပ်သူ နဲ့ အသွင်ယူငွေလိမ်သူတွေကို လိုက်လံရှင်းလင်းသုတ်သင်ရပါတယ်။

          အမေရိကန်ပြည်တွင်းကိုတရားမဝင် ဝင်ရောက်လာသူ၊ ရက်လွန်နေထိုင်သူ နဲ့ အထောက်အထားမဲ့အလုပ်လုပ်သူတွေကိုကိုင်တွယ်တာက 𝗘𝗥𝗢 ဖြစ်ပါတယ်။ ဒီလိုလူတွေကိုမိလို့ပြန်ပို့ရပြီဆိုရင်လည်း 𝗘𝗥𝗢 ဝန်ထမ်းတွေအလုပ်ရှုတ်ပြန်ပါတယ်။

          𝗢𝗣𝗟𝗔 ကျတော့ ဥပဒေနဲ့ဆိုင်ပါတယ်။ ဝန်ထမ်း ၁၄ဝဝ မှာ ၁၁ဝဝ က ရှေ့နေတွေဆိုတော့ တစ်ခုခုဖြစ်ရင်အမှုဆွဲတင်ဖို့ဘယ်လောက်အထိအားထည့်ထားတယ်ဆိုတာမြင်သာပါတယ်။ အမေရိကန်အစိုးရ နဲ့ ဆက်စပ်လုပ်ဆောင်နေတဲ့အေဂျင်စီတွေကိုကူညီဖို့အပြင် ဖမ်းမိထားတဲ့ပြည်တော်ပြန်အမှုတွဲတွေကို 𝗢𝗣𝗟𝗔 က အဓိကရှင်းလင်းပါတယ်။

          ၂ဝ၁၉ ခုနှစ်မှာ 𝗜𝗖𝗘 တစ်ဖွဲ့လုံးက နေထိုင်ခွင့်စာရွက်စာတမ်းမရှိသူ ၂၆၇၂၅၈ ဦးကို သူတို့လာရာတိုင်းပြည်တွေဆီပြန်ခိုင်းပါတယ်။ ဒီကိန်းဂဏန်းဟာ ၂ဝ၁၈ ခုနှစ်တုန်းက ပြန်ခိုင်းခံရသူစာရင်းထက် % တိုးလာတာပါ။ 𝗜𝗖𝗘 က ဖမ်းလိုက်တဲ့ တရားမဝင်သူ ၁၄၃ဝ၉၉ ဦးထဲမှာ ပြစ်မှုကြီး ပြစ်မှုငယ်ကျူးလွန်ထားသူ ၉၂၁ဝ၈ ဦးပါနေတာက အမေရိကန်သမ္မတကိုမျက်ခုံးလှုပ်စေတယ်လို့ဆိုရင် မမှားပါဘူး။

          𝗜𝗖𝗘 အဖွဲ့ဟာ သမ္မတထရမ့်ရဲ့လက်ကိုင်တုတ်တပ်ဖွဲ့လို့တောင် လူပြောများနေပါတယ်။ အခြားတဖက်မှာတော့ အဆင့်မြင့်ဒီမိုကရက်တစ်ပါတီဝင်တွေက 𝗜𝗖𝗘 တစ်ဖွဲ့လုံးကိုအပြီးသတ်ဖျက်သိမ်းပစ်ဖို့တောင်းဆိုနေတာကြောင့် စောင့်ကြည့်ရမယ့် အမေရိကန်ဒီမိုကရက်တစ်နန်းတွင်းအရှုပ်တော်ပုံအနေနဲ့ဆက်လက်နားစွင့်ကြပါကုန်။

𝗥𝗲𝗳: 𝗶𝗰𝗲.𝗴𝗼𝘃

ခင်လျက်
ကိုညီညီ (တောင်ကြီး)
𝟬𝟮-𝟮𝟲-𝟮𝟬𝟮𝟬

<Zawgyi>

“အိုက္စ္-𝗜𝗖𝗘 အေၾကာင္းသိေကာင္းစရာ
         တရားမဝင္ေနထိုင္သူေတြကိုဖမ္းမိတဲ့အခါ အေမရိကားကေန သူတို႔လာတဲ့တိုင္းျပည္ကိုျပန္ပို႔တဲ့အဖြဲ႕ကို အိုက္စ္-𝗜𝗖𝗘 လို႔ လူသိမ်ားပါတယ္။ အက်ယ္ဖြင့္ရင္ေတာ့ 𝗜𝗖𝗘-𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗖𝘂𝘀𝘁𝗼𝗺𝘀 𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 ျဖစ္တဲ့ တပ္ဖြဲ႕ကို ၂ဝဝ၃ ခုႏွစ္မွာဖြဲ႕စည္းခဲ့ပါတယ္။
     
          𝗜𝗖𝗘 ကို စက္တင္ဘာ ၁၁ ရက္-𝟵/𝟭𝟭 မွာ ကမၻာ့ကုန္သြယ္ေရးအေဆာက္အဦ နဲ႔ ပင္တဂြန္စစ္႒ာနခ်ဳပ္တို႔အတိုက္ခိုက္ခံရမႈႀကီးအလြန္ အမိေျမလုံျခဳံေရး႒ာနႀကီး-𝗗𝗛𝗦 (𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁 𝗼𝗳 𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆) ရဲ့ အစိတ္အပိုင္းတစ္ခုအေနနဲ႔ပါဝင္ခဲ့တာပါ။

          လက္ရွိဦးေဆာင္ေနသူ မက္သ႐ူးအယ္လ္ဘန္းစ္-𝗠𝗮𝘁𝘁𝗵𝗲𝘄 𝗔𝗹𝗯𝗲𝗻𝗰𝗲 က အေမရိကန္ျပည္တြင္း နဲ႔ ပင္လယ္ရပ္ျခားက ႒ာနခြဲ ၄ဝဝ ေက်ာ္မွာတာဝန္ထမ္းေဆာင္ေနသူ ဝန္ထမ္း ၂ဝဝဝဝ နဲ႔ ေမာင္းႏွင္ေနတာျဖစ္ပါတယ္။

           𝗜𝗖𝗘 အဖြဲ႕ရဲ့ ၂ဝ၂ဝ ခုႏွစ္ဘတ္ဂ်က္က အေမရိကန္ေဒၚလာ ၈.၄ ဘီလ်ံျဖစ္ၿပီး ၂ဝ၂၁ ခုႏွစ္အတြက္ ၁ဝ.၄ ဘီလ်ံအထိတိုးျမႇင့္ေတာင္းခံထားပါတယ္။ 𝗜𝗖𝗘 မွာ အဓိကလုပ္ေဆာင္ရမယ့္ကိစၥေတြအတြက္ အဖြဲ႕ ၃ ဖြဲ႕ ထပ္ခြဲထားပါတယ္။ 
𝗛𝗦𝗜-𝗛𝗼𝗺𝗲𝗹𝗮𝗻𝗱 𝗦𝗲𝗰𝘂𝗿𝗶𝘁𝘆 𝗜𝗻𝘃𝗲𝘀𝘁𝗶𝗴𝗮𝘁𝗶𝗼𝗻𝘀
𝗘𝗥𝗢-𝗘𝗻𝗳𝗼𝗿𝗰𝗲𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝗥𝗲𝗺𝗼𝘃𝗮𝗹 𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻𝘀 နဲ႔
𝗢𝗣𝗟𝗔-𝘁𝗵𝗲 𝗢𝗳𝗳𝗶𝗰𝗲 𝗼𝗳 𝘁𝗵𝗲 𝗣𝗿𝗶𝗻𝗰𝗶𝗽𝗮𝗹 𝗟𝗲𝗴𝗮𝗹 𝗔𝗱𝘃𝗶𝘀𝗲𝗿 တို႔ျဖစ္ၾကပါတယ္။

          ဒီအထဲက 𝗛𝗦𝗜 ရဲ့တာဝန္ကစစ္တပ္နဲ႔မျခား မ်ားျပားလွတယ္။ အၾကမ္းဖက္သမား၊ မူးယစ္ရာဇာ၊  တရားမဝင္လက္နက္ေရာင္းသူ၊ လူကုန္ကူးသူ၊ အင္တာနက္ေဖာက္ထြင္းက်ဴးလြန္သူ၊ တရားမဝင္ေငြေၾကးအေရာင္းအဝယ္လုပ္သူ နဲ႔ အသြင္ယူေငြလိမ္သူေတြကို လိုက္လံရွင္းလင္းသုတ္သင္ရပါတယ္။

          အေမရိကန္ျပည္တြင္းကိုတရားမဝင္ ဝင္ေရာက္လာသူ၊ ရက္လြန္ေနထိုင္သူ နဲ႔ အေထာက္အထားမဲ့အလုပ္လုပ္သူေတြကိုကိုင္တြယ္တာက 𝗘𝗥𝗢 ျဖစ္ပါတယ္။ ဒီလိုလူေတြကိုမိလို႔ျပန္ပို႔ရၿပီဆိုရင္လည္း 𝗘𝗥𝗢 ဝန္ထမ္းေတြအလုပ္ရႈတ္ျပန္ပါတယ္။

          𝗢𝗣𝗟𝗔 က်ေတာ့ ဥပေဒနဲ႔ဆိုင္ပါတယ္။ ဝန္ထမ္း ၁၄ဝဝ မွာ ၁၁ဝဝ က ေရွ႕ေနေတြဆိုေတာ့ တစ္ခုခုျဖစ္ရင္အမႈဆြဲတင္ဖို႔ဘယ္ေလာက္အထိအားထည့္ထားတယ္ဆိုတာျမင္သာပါတယ္။ အေမရိကန္အစိုးရ နဲ႔  ဆက္စပ္လုပ္ေဆာင္ေနတဲ့ေအဂ်င္စီေတြကိုကူညီဖို႔အျပင္ ဖမ္းမိထားတဲ့ျပည္ေတာ္ျပန္အမႈတြဲေတြကို 𝗢𝗣𝗟𝗔 က အဓိကရွင္းလင္းပါတယ္။

          ၂ဝ၁၉ ခုႏွစ္မွာ 𝗜𝗖𝗘 တစ္ဖြဲ႕လုံးက ေနထိုင္ခြင့္စာရြက္စာတမ္းမရွိသူ ၂၆၇၂၅၈ ဦးကို သူတို႔လာရာတိုင္းျပည္ေတြဆီျပန္ခိုင္းပါတယ္။ ဒီကိန္းဂဏန္းဟာ ၂ဝ၁၈ ခုႏွစ္တုန္းက ျပန္ခိုင္းခံရသူစာရင္းထက္ ၄% တိုးလာတာပါ။ 𝗜𝗖𝗘 က ဖမ္းလိုက္တဲ့ တရားမဝင္သူ ၁၄၃ဝ၉၉ ဦးထဲမွာ ျပစ္မႈႀကီး ျပစ္မႈငယ္က်ဴးလြန္ထားသူ ၉၂၁ဝ၈ ဦးပါေနတာက အေမရိကန္သမၼတကိုမ်က္ခုံးလႈပ္ေစတယ္လို႔ဆိုရင္ မမွားပါဘူး။

          𝗜𝗖𝗘 အဖြဲ႕ဟာ သမၼတထရမ့္ရဲ့လက္ကိုင္တုတ္တပ္ဖြဲ႕လို႔ေတာင္ လူေျပာမ်ားေနပါတယ္။ အျခားတဖက္မွာေတာ့ အဆင့္ျမင့္ဒီမိုကရက္တစ္ပါတီဝင္ေတြက 𝗜𝗖𝗘 တစ္ဖြဲ႕လုံးကိုအၿပီးသတ္ဖ်က္သိမ္းပစ္ဖို႔ေတာင္းဆိုေနတာေၾကာင့္ ေစာင့္ၾကည့္ရမယ့္ အေမရိကန္ဒီမိုကရက္တစ္နန္းတြင္းအရႈပ္ေတာ္ပုံအေနနဲ႔ဆက္လက္နားစြင့္ၾကပါကုန္။
   
𝗥𝗲𝗳: 𝗶𝗰𝗲.𝗴𝗼𝘃   
 
ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
𝟬𝟮-𝟮𝟲-𝟮𝟬𝟮𝟬

No comments: