ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 9, 2016

အေကာင္းဆံုးထဲက တစ္ကယ္႕အေကာင္းဆံုး

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

ျပင္သစ္ႏိုင္ငံမွာ အေကာင္းစားဝိုင္တံဆိပ္ေတြ အမ်ားၾကီးရွိတယ္။


ေရာင္းေကာင္းတဲ႕တံဆိပ္ေတြဟာ လူစည္ကားတဲ႕လမ္းတစ္လမ္းထဲမွာ စုျပံဳျပီး အျပိဳင္အဆုိင္ ေၾကျငာေစ်းကြက္တင္ၾကတယ္။


တစ္ဆိုင္က

“ ကြ်န္ေတာ္တုိ႕ရဲ႕ဝုိင္တံဆိပ္ဟာ ကမၻာေပၚမွာ အေကာင္းဆံုး ” လို႕ ေၾကာ္ျငာတယ္။


ေနာက္တစ္ဆုိင္က
" ကြ်န္ေတာ္တုိ႕ရဲ႕ဝုိင္ဟာဆုိရင္ ျပင္သစ္ႏုိင္ငံမွာ အေကာင္းဆံုးပါ " လို႕ မတူေအာင္ ေၾကာ္ျငာျပတယ္။


ေနာက္ထပ္တစ္ဆိုင္က
" ကြ်န္ေတာ္တုိ႕ ဝုိင္ ဟာ ပဲရစ္ျမိဳ႕မွာ အေကာင္းဆံုးပါ " ဆုိျပီး သူ႕ထက္သာေအာင္ ေၾကာ္ျငာျပန္တယ္။


ေနာက္ဆံုးတစ္ဆိုင္က
" ကြ်န္ေတာ္တို႕ဝိုင္တံဆိပ္ဟာ ဒီလမ္းထဲမွာ အေကာင္းဆံုးပဲ " လို႕ ရိုးရိုးေလးေၾကာ္ျငာလုိက္တယ္။ 
ဒီေၾကာ္ျငာနဲ႕ပဲ အခု ဒီေနာက္ဆံုးဆုိင္က ဝုိင္ကို လူေတြဝယ္အေသာက္ဆံုး ျဖစ္သြားပါေတာ႕တယ္။



ၾကည္႕လုိက္ရင္ ေစ်းကြက္ျမင္႕တင္ေရးနည္းဗ်ဴဟာ - Marketing Strategy  ဟာ လြယ္လြယ္ေလးလို႕ထင္ရေပမယ္႕ ဝယ္သူရွိတဲ႕ေနရာကို ကုန္ပစၥည္းကသြားရတာမဟုတ္ပဲ ကုန္ပစၥည္းရွိတဲ႕ေနရာကို ဝယ္သူလာေအာင္ လုပ္ရတာျဖစ္ပါတယ္။


ဒါေၾကာင္႕ လြယ္မေယာင္နဲ႕ခက္ တိမ္မေယာင္နဲ႕နက္ ဆုိသလို အခုေခတ္မွာ မားကက္တင္းဘယ္ေေလာက္တတ္သလဲဆုိတာက ကိုယ္ဘယ္ေလာက္တတ္ကြ်မ္းသလဲဆုိတာထက္ အေရးပါလာတဲ႕အေနအထားမ်ိဳးရွိေနပါတယ္။


ကဲ .. မိမိအေၾကာင္း မိမိေျပာျပီး အလုပ္ေလွ်ာက္ရတဲ႕အခါ ဘယ္ကိစၥကို ဘယ္ေလာက္ကြ်မ္းက်င္စြာတတ္ေျမာက္တယ္ဆုိတာထက္ မိမိအေၾကာင္းနားေထာင္မယ္႕ အင္္တာဗ်ဴးထုိင္သူကို ဘယ္လိုနားဝင္ေအာင္၊ က်သြားေအာင္ေျပာႏုိင္သလဲဆုိတာက ဒီဘက္ေခတ္မွာ အေရးပါလာတာကို မီးေမာင္းထုိးျပခ်င္တယ္။


တစ္ဆက္တည္းမွာ မိမိက ေတာ္လည္းေတာ္ ေစ်းကြက္တင္ရာမွာလည္းကြ်မ္းက်င္ ဆုိရင္ေတာ႕ အတုိင္းထက္အလြန္အက်ိဳးရွိမွာ မလြဲပါ။ ပုိျပီးသာလြန္ေအာင္  မိမိက မိမိနဲ႕ယွဥ္ျပိဳင္ဘက္ - Competitor ေတြၾကားမွာ အေတာ္ဆံုးလုပ္ထားႏုိင္မယ္ဆုိရင္ေတာ႕ ....


ျပင္သစ္က ဝုိင္ေရာင္းတဲ႕လမ္းထဲမွာ ဘယ္ဝိုင္တံဆိပ္က အေကာင္းဆံုးလည္းဆုိတာ ဳဝယ္ေသာက္သူက ေရြးႏိုင္သြားမွာ အေသအခ်ာပါပဲ..။

ခင္လ်က္

ကုိညီညီ ( ေတာင္ၾကီး )

07-09-2016

ရည္ညႊန္းကိုးကား - ငယ္ငယ္တုန္းကဖတ္ဖူးထားတဲ႕ သုတပေဒသာစာေစာင္ ( ထုတ္ေဝသကၠရာဇ္ မမွတ္မိ )
.
.
.
Unicode Version:
.
.
.
“ အကောင်းဆုံးထဲက တစ်ကယ့်အကောင်းဆုံး ”

ပြင်သစ်နိုင်ငံမှာ အကောင်းစားဝိုင်တံဆိပ်တွေ အများကြီးရှိတယ်။


ရောင်းကောင်းတဲ့တံဆိပ်တွေဟာ လူစည်ကားတဲ့လမ်းတစ်လမ်းထဲမှာ စုပြုံပြီး အပြိုင်အဆိုင် ကြေငြာဈေးကွက်တင်ကြတယ်။


တစ်ဆိုင်က
“ ကျွန်တော်တို့ရဲ့ဝိုင်တံဆိပ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ” လို့ ကြော်ငြာတယ်။


နောက်တစ်ဆိုင်က
" ကျွန်တော်တို့ရဲ့ဝိုင်ဟာဆိုရင် ပြင်သစ်နိုင်ငံမှာ အကောင်းဆုံးပါ " လို့ မတူအောင် ကြော်ငြာပြတယ်။


နောက်ထပ်တစ်ဆိုင်က
" ကျွန်တော်တို့ ဝိုင် ဟာ ပဲရစ်မြို့မှာ အကောင်းဆုံးပါ " ဆိုပြီး သူ့ထက်သာအောင် ကြော်ငြာပြန်တယ်။


နောက်ဆုံးတစ်ဆိုင်က
" ကျွန်တော်တို့ဝိုင်တံဆိပ်ဟာ ဒီလမ်းထဲမှာ အကောင်းဆုံးပဲ " လို့ ရိုးရိုးလေးကြော်ငြာလိုက်တယ်။ 
ဒီကြော်ငြာနဲ့ပဲ အခု ဒီနောက်ဆုံးဆိုင်က ဝိုင်ကို လူတွေဝယ်အသောက်ဆုံး ဖြစ်သွားပါတော့တယ်။


ကြည့်လိုက်ရင် ဈေးကွက်မြင့်တင်ရေးနည်းဗျူဟာ - Marketing Strategy  ဟာ လွယ်လွယ်လေးလို့ထင်ရပေမယ့် ဝယ်သူရှိတဲ့နေရာကို ကုန်ပစ္စည်းကသွားရတာမဟုတ်ပဲ ကုန်ပစ္စည်းရှိတဲ့နေရာကို ဝယ်သူလာအောင် လုပ်ရတာဖြစ်ပါတယ်။


ဒါကြောင့် လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလို အခုခေတ်မှာ မားကက်တင်းဘယ်ေလောက်တတ်သလဲဆိုတာက ကိုယ်ဘယ်လောက်တတ်ကျွမ်းသလဲဆိုတာထက် အရေးပါလာတဲ့အနေအထားမျိုးရှိနေပါတယ်။


ကဲ .. မိမိအကြောင်း မိမိပြောပြီး အလုပ်လျှောက်ရတဲ့အခါ ဘယ်ကိစ္စကို ဘယ်လောက်ကျွမ်းကျင်စွာတတ်မြောက်တယ်ဆိုတာထက် မိမိအကြောင်းနားထောင်မယ့် အင်တာဗျူးထိုင်သူကို ဘယ်လိုနားဝင်အောင်၊ ကျသွားအောင်ပြောနိုင်သလဲဆိုတာက ဒီဘက်ခေတ်မှာ အရေးပါလာတာကို မီးမောင်းထိုးပြချင်တယ်။


တစ်ဆက်တည်းမှာ မိမိက တော်လည်းတော် ဈေးကွက်တင်ရာမှာလည်းကျွမ်းကျင် ဆိုရင်တော့ အတိုင်းထက်အလွန်အကျိုးရှိမှာ မလွဲပါ။ ပိုပြီးသာလွန်အောင်  မိမိက မိမိနဲ့ယှဉ်ပြိုင်ဘက် - Competitor တွေကြားမှာ အတော်ဆုံးလုပ်ထားနိုင်မယ်ဆိုရင်တော့ ....


ပြင်သစ်က ဝိုင်ရောင်းတဲ့လမ်းထဲမှာ ဘယ်ဝိုင်တံဆိပ်က အကောင်းဆုံးလည်းဆိုတာ ဳဝယ်သောက်သူက ရွေးနိုင်သွားမှာ အသေအချာပါပဲ..။

ခင်လျက်

ကိုညီညီ ( တောင်ကြီး )

07-09-2016

ရည်ညွှန်းကိုးကား - ငယ်ငယ်တုန်းကဖတ်ဖူးထားတဲ့ သုတပဒေသာစာစောင် ( ထုတ်ဝေသက္ကရာဇ် မမှတ်မိ )

No comments: