ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 15, 2017

ဂုဏ္ယူတယ္ သား ေရ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.
. ဒီေန႕ဟာ ကြ်န္ေတာ႕ဘဝမွာ “ အရာတစ္ခု ” ထင္တဲ႕ေန႕ပါ။ ဒီေန႕အတြက္ေပးခဲ႕ရတဲ႕အင္အားေတြက ျပန္အားသြင္းစရာမလိုတဲ႕ ဆိုလာဓါတ္ခဲေလးတစ္လံုးလုိ ေနေရာင္ျခည္နဲ႕ထိေတြ႕လုိက္တုိင္းေပ်ာ္ရတဲ႕ သက္တမ္းရင္႕ေရာ္ရြက္ရဲ႕ခံစားမႈအရသာမ်ိဳး။ ဒီ “ အရာတစ္ခု ” ကေပးတဲ႕ တဒဂၤမ်ားစြာက အျမင္႕ပ်ံငွက္တုိ႕ရဲ႕ တစ္ကုိယ္ေရၾကိတ္မွိတ္စုေဆာင္းထားသမွ် မ်ိဳသိပ္ပီတိတို႕ရဲ႕ပြင္႕အန္ရာ အသိုက္အျမံဳေလးရဲ႕ ေက်နပ္ျခင္းမ်ိဳး။
.
. ရုိးရိုးေလးျပန္ေျပာရရင္ေတာ႕ ဒီေန႕ ကြ်န္ေတာ႕သား “ စြမ္း ” အေမရိကန္ (၁၂) တန္းရဲ႕ စီနီယာအထက္တန္းဘြဲ႕ရတယ္။ သူ တကၠသိုလ္ကို တုိက္ရုိက္တက္ေတာ႕မယ္။ သူလိုခ်င္တဲ႕ “ ေလွ်ာက္လွမ္းရာတစ္ခု ” ကုိ သူ႕စြမ္း သူ႕စ နဲ႕ ရွာေဖြေတာ႕မယ္။ အေဖာ္မလိုတဲ႕ခရီးကို မိဘေတြအကူအညီမပါပဲထြက္သြားရေတာ႕မယ္႕သူ႕ကို ကုိယ္နဲ႕ထပ္ခ်ပ္မကြာအျမဲလိုက္ႏိုင္မယ္႕ “ ပညာေရးအရိပ္ ” နဲ႕ လုိက္မုိးထားေပးႏိုင္လို႕ မိဘေနရာကေန ေက်နပ္တယ္။
.
.
. သူ႕ေက်ာင္းကေပးတဲ႕ လက္မွတ္၊ အသိအမွတ္ျပဳစာရြက္၊ ဆာတီဖီကိတ္ စတာေတြအားလံုး (၄ဝ) ေက်ာ္ ရွိတယ္။ အတန္းပိုင္ဆရာ ဆရာမအသီးသီးကေပးတဲ႕ (A-) ၊ (A) နဲ႕ (A+) အျပည္႕ပါတဲ႕ အသိေပးအီးေမးလ္ေတြ ေထာင္နဲ႕ခ်ီ ရွိတယ္။ တစ္ကုိယ္ေရစည္းကမ္းရွိမႈ၊ အေရးၾကံဳလာရင္ စဥ္းစားဆင္ျခင္တတ္မႈ၊ လူေတြကိုေကာင္းမြန္စြာဆက္ဆံတတ္မႈ၊ အတြင္းလူမႈအသိုင္းအဝိုင္း နဲ႕ ျပင္ပကမၻာကုိ သူ႕စည္းနဲ႕သူ ဆက္သြယ္တတ္မႈ၊ ရြယ္တူကို ကူညီ၊ ငယ္ရြယ္သူကို ေဖးမ၊ အၾကီးကုိအံဝင္ခြင္က် ေနတတ္ ထုိင္တတ္ ကိုင္းရိႈင္းတတ္ေအာင္သင္ေပးတဲ႕ေက်ာင္းက ေနာက္တစ္ဆင္႕တက္ ပညာသြားသင္ဖို႕ သူ႕ကုိ “ ဘြဲ႕” ေပးလိုက္ျပီ။ အခုလည္း တစ္ေက်ာင္းလံုးမွာ ဒုတိယအေတာ္ဆံုးဆုိတဲ႕ Salutatorian ဆု ေပးျပီးျပီ။
.
. သီတင္းတစ္ပတ္ကို (၇) ရက္ သူ႕အတြက္ မေလာက္ဘူး။ ေက်ာင္းစာအလုပ္အျပင္ သူ႕ရဲ႕ Interact က အလုပ္၊ District Council ရဲ႕ အလုပ္ နဲ႕ သူငယ္ခ်င္းေတြေမးသမွ်စာေတြကိုလည္း Skype ကေန ေျဖေပးရတယ္။ တစ္ဆက္တည္း ကြန္ပ်ဴတာမွာတစ္ေခ်ာက္ေခ်ာက္ရုိက္ေနရင္း ေပါင္ေပၚမွာတင္ထားတဲ႕ဖတ္စာအုပ္ကုိ လွန္ေနတယ္။ ခပ္လွမ္းလွမ္းမွာေထာင္ထားတဲ႕လက္ကိုင္ဖုန္းထဲက ဘတ္စကက္ေဘာျပိဳင္ပြဲအေၾကာင္းျပန္ေျပာျပေနတဲ႕ဆူညံသံဟာ iPad မွာဖြင္႕ထားတဲ႕ Netflix ထဲက အေမရိကန္စီးရီးေခြဆက္ကိုေရာ၊ ကြန္ျပဴတာအၾကီးမွာ ဂိမ္းအေၾကာင္းဖြင္႕ထားတဲ႕ Twitch ထဲက အစီအစဥ္တင္ဆက္သူရဲဲ႕အသံ . . အားလံုးကို လႊမ္းမိုးထားတယ္။

.
.
. ညအိပ္ခ်ိန္မေလာက္တာ အေမရိကားမွာကြ်န္ေတာ္တစ္ေယာက္တည္းလား? “ စြမ္း ” ရဲ႕ သူငယ္ခ်င္းေတြလည္း ညသန္းေခါင္ေက်ာ္အထိမအိပ္ၾကဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ ဗီဒီယုိခ်က္ ဖြင္႕ထားျပီး ေက်ာင္းမွာေျပာလို႕မဝတဲ႕စကားေတြကုိ အိမ္မွာ အြန္လိုင္းကေန ဆက္ေျပာၾကတယ္။ အုပ္စုလိုက္ Group Project လုပ္တဲ႕အခါဆို ပိုဆိုး။ တစ္ေယာက္လုပ္ထားတာကုိ ေနာက္တစ္ေယာက္ကမၾကိဳက္လိုက္။ တစ္ေယာက္က အဆိုတစ္ခု တင္လိုက္၊ ေနာက္ထပ္တစ္ေယာက္က မြမ္းမံလိုက္၊ ျပင္ဆင္လိုက္ နဲ႕ သူတုိ႕ဆီမွာ “ ကိုယ္သိထားတာကို ဆရာမ်ိဳးမို႕ လွိ်ဳထားမယ္ ” ဆုိတာ မရွိဘူး။
.
. အမွန္ေတာ႕ သားရယ္ . . ငယ္ငယ္တုန္းက စာလိုက္ႏိုင္ပါ႕မလား? အဂၤလိပ္လို ေျပာမွေျပာႏုိင္ပါ႕မလား? ဆိုတာေတြဟာ သားကုိ အထင္ေသးခဲ႕တာမဟုတ္ပါဘူး။ ကိုယ္လံုးကလည္း ေသးတယ္မဟုတ္လား? ေနာက္ပုိင္း (၅) တန္းစတက္ေတာ႕ အတန္းထဲမွာ လူေကာင္အညွက္ဆံုးေကာင္ေလးကို ေကာင္မေလးေတြက အတင္းလိုက္ဖက္လို႕ ပတ္ေျပးခဲ႕ရေတြကို သားကေတာ႕ေမ႕ေလာက္ေပမယ္႕ အေဖ နဲ႕ အေမကေတာ႕ သတိရတိုင္းျပန္ေျပာင္းေျပာေနမိတယ္။
.
.
. (၇ ) တန္းေရာက္ေတာ႕ အလယ္တန္းေက်ာင္းမွာ “ စြမ္းကိုဥကၠ႒ေရြးပါ - Vote SWAN for President ” ဆုိတဲ႕ ဆုိင္းဘုတ္ေလးကိုင္ျပီး ေက်ာင္းေရွ႕မွာမတ္တပ္ရပ္စည္းရံုးေရးဆင္းခဲ႕တုန္းက သား မုန္႕ထုတ္ေလးေတြကမ္းတာ မွတ္မိေသးတယ္။ “ ဒီမိုကေရစီႏိုင္ငံမွာ မဲဆြယ္ရင္ လက္ေဆာင္မေပးရဘူး ” ဆုိျပီး ေက်ာင္းအုပ္ခ်ဳပ္ေရးကေျပာလုိ႕ မုန္႕ထုတ္ေတြအမ်ားၾကီး အိမ္ျပန္သယ္လာတာလည္း အမွတ္ရမိတယ္။ (၉) တန္းအတြက္ အထက္တန္းေက်ာင္းေျပာင္းရေတာ႕မယ္႕အခါ အလယ္တန္းတစ္ေက်ာင္းလံုးရဲ႕ေက်ာင္းသားဥကၠ႒ - School President အေနနဲ႕မိန္႕ခြန္းေျပာတုန္းကဆိုရင္ စတုိင္က်က်အက်ီၤလွလွ ေကာင္းေကာင္းေလး မဝတ္ေပးမိလိုက္တာ အေမလုပ္သူက အျမဲေနာင္တ တရရ ျပန္ေျပာေနရွာတယ္။
.
. အစပိုင္းတုန္းက ေက်ာင္းသားထုကိုဦးေဆာင္၊ ေနာက္ေတာ႕ အထက္တန္းျပီးမယ္လည္းဆုိေရာ ေက်ာင္းသားအဖြဲ႕ကိုဆက္ကိုင္မယ္႕ ေနာက္မ်ိဳးဆက္ေခါင္းေဆာင္ေတြကုိ အင္တာဗ်ဴးေမးခြန္းေတြေမးတုန္းက ေလွ်ာက္လႊာ ရာေက်ာ္ကုိ အိမ္စာအမ်ားၾကီးေတြၾကားက မျပီးျပီးေအာင္စစ္ေပးခဲ႕တဲ႕စြမ္းရည္ေတြဟာ သူ႕အတြက္ ေကာလိပ္နဲ႕တကၠသိုလ္ေတြမွာ အမ်ားၾကီးအေထာက္အကူျပဳလိမ္႕မယ္ဆုိတာ ကြ်န္ေတာ္ယံုၾကည္တယ္။
.
.
. အမွန္က ညဘက္ၾကီးလမ္းသိေအာင္ ေကာင္းကင္ကၾကယ္ပြင္႕ေတြကုိေရတြက္ျပီးသြားရသလုိ ေက်ာင္းဆိုတာ သင္ရိုးတစ္ခုကိုဦးတည္ျပီး အေမွာင္ထဲက အလင္းပြင္႕ေလးေတြကုိ ျပေပးေနတာပါ။ ဒါေပမယ္႕ သြားရမယ္႕ခရီးကေတာ႕ ေက်ာင္းသားကိုယ္တိုင္လႈပ္ရွားရမယ္ဆုိတာနဲ႕ ေပးထားတဲ႕အခ်က္အလက္ေတြနဲ႕နည္းပညာကိုအသံုးျပဳျပီး လမ္းမွန္ကိုသိေနရင္း ဦးတည္ခ်က္တူတဲ႕ခရီးသြားေတြကုိ မွန္မွန္ကန္ကန္ေရြးခ်ယ္တတ္ဖို႕ ေက်ာင္းကသင္ေပးျပီးသြားျပီ။ က်န္တာက လူငယ္ေတြရဲ႕ကိစၥ လူငယ္ေတြ လုပ္တတ္တယ္။ လူငယ္ေတြကုိ ကြ်န္ေတာ္ယံုတယ္။
.
. သို႕ေပမယ္႕ ၾကယ္ေတြဆုိတာ ေန႕ဘက္မျမင္ရဘူးေလ။ အေရးပါတဲ႕ကိရိယာေတြသံုးျပီး ထိေရာက္တဲ႕လုပ္ေဆာင္ခ်က္ေတြပံ႕ပိုးမွသာ ၾကယ္ေတြကို ဘယ္အခ်ိန္မဆုိ ျမင္ေတြ႕ႏုိင္သလိုပဲ ပညာဆုိတဲ႕ မီးရွဴးတန္ေဆာင္ကိုထြန္းညွိေျပာင္လင္းမွသာ ဘဝပန္းတုိင္ကုိေရာက္ဖို႕ ထူးထူးျခားျခားအေထာက္အကူျပဳႏုိင္မွာမဟုတ္လား? ဒီလိုမဟုတ္ပဲ အေပါင္းအသင္းမွား၊ ေနရပ္႒ာနမွား၊ အေျခစုိက္ပတ္ဝန္းက်င္မွား၊ စိတ္ဘဝင္ေတြေမာက္မွားျပီး ပညာေရးရဲ႕အသက္ဝင္ထင္ရွားမႈကို မထီမဲ႕ျမင္ျပဳခဲ႕သမွ် လမ္းေဘးေခ်ာ္ထြက္သြားၾကသူေတြကုိၾကည္႕ျပီး သိပ္မလြယ္တဲ႕ကိစၥဆုိတာ သားက သိျပီးသားျဖစ္မွာပါ။
.
.
. ဒါေၾကာင္႕ . . သားေရ . . ထပ္ေျပာမယ္ကြာ . . Congratulations ပါ။ မိဘေတြမွန္းထားတဲ႕ “ အရာတစ္ခု - Something ” က ပညာေရးျဖစ္တယ္ဆုိတာ ထပ္ဆင္႕တုိးျပီး သက္ေသျပလုိက္စမ္းပါ။ အရွင္ေတာ္ျမတ္ဘုရားေဟာၾကားခဲ႕သလို " အမွား အမွန္ကုိ အမွန္ခြဲျခားျမင္ႏိုင္တဲ႕လူသား " ဆုိတာ မွတ္တမ္းတင္လိုက္စမ္းပါ။
.
.
. ေရွ႕ဆက္သြားရမယ္႕ တကၠသိုလ္ၾကီး (၄) ႏွစ္၊ ႏွစ္ထပ္ကြမ္း - Double Major အတြက္ (တက္ျဖစ္ရင္) ထပ္ေပါင္း (၁) ႏွစ္၊ ေနာက္ထပ္တက္ခ်င္ရင္ ထည္႕ေပါင္းသြားရမယ္႕အခ်ိန္သမယမ်ားစြာအတြက္ စုိက္ထုတ္ခဲ႕ရတဲ႕ဝါယမမ်ားစြာကုိအသံုးခ်ရင္း ရင္ထဲအသည္းထဲကသားရတနာေလးကုိ မိဘႏွစ္ပါးက ထာဝရဂုဏ္ျပဳလိုက္ပါတယ္ကြာ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 06-15-2017
.
.
Unicode Version:
.
.
. “ ဂုဏ်ယူတယ် သား ရေ ”
. ဒီနေ့ဟာ ကျွန်တော့ဘဝမှာ “ အရာတစ်ခု ” ထင်တဲ့နေ့ပါ။ ဒီနေ့အတွက်ပေးခဲ့ရတဲ့အင်အားတွေက ပြန်အားသွင်းစရာမလိုတဲ့ ဆိုလာဓါတ်ခဲလေးတစ်လုံးလို နေရောင်ခြည်နဲ့ထိတွေ့လိုက်တိုင်းပျော်ရတဲ့ သက်တမ်းရင့်ရော်ရွက်ရဲ့ခံစားမှုအရသာမျိုး။ ဒီ “ အရာတစ်ခု ” ကပေးတဲ့ တဒင်္ဂများစွာက အမြင့်ပျံငှက်တို့ရဲ့ တစ်ကိုယ်ရေကြိတ်မှိတ်စုဆောင်းထားသမျှ မျိုသိပ်ပီတိတို့ရဲ့ပွင့်အန်ရာ အသိုက်အမြုံလေးရဲ့ ကျေနပ်ခြင်းမျိုး။
.
. ရိုးရိုးလေးပြန်ပြောရရင်တော့ ဒီနေ့ ကျွန်တော့သား “ စွမ်း ” အမေရိကန် (၁၂) တန်းရဲ့ စီနီယာအထက်တန်းဘွဲ့ရတယ်။ သူ တက္ကသိုလ်ကို တိုက်ရိုက်တက်တော့မယ်။ သူလိုချင်တဲ့ “ လျှောက်လှမ်းရာတစ်ခု ” ကို သူ့စွမ်း သူ့စ နဲ့ ရှာဖွေတော့မယ်။ အဖော်မလိုတဲ့ခရီးကို မိဘတွေအကူအညီမပါပဲထွက်သွားရတော့မယ့်သူ့ကို ကိုယ်နဲ့ထပ်ချပ်မကွာအမြဲလိုက်နိုင်မယ့် “ ပညာရေးအရိပ် ” နဲ့ လိုက်မိုးထားပေးနိုင်လို့ မိဘနေရာကနေ ကျေနပ်တယ်။
.
.
. သူ့ကျောင်းကပေးတဲ့ လက်မှတ်၊ အသိအမှတ်ပြုစာရွက်၊ ဆာတီဖီကိတ် စတာတွေအားလုံး (၄ဝ) ကျော် ရှိတယ်။ အတန်းပိုင်ဆရာ ဆရာမအသီးသီးကပေးတဲ့ (A-) ၊ (A) နဲ့ (A+) အပြည့်ပါတဲ့ အသိပေးအီးမေးလ်တွေ ထောင်နဲ့ချီ ရှိတယ်။ တစ်ကိုယ်ရေစည်းကမ်းရှိမှု၊ အရေးကြုံလာရင် စဉ်းစားဆင်ခြင်တတ်မှု၊ လူတွေကိုကောင်းမွန်စွာဆက်ဆံတတ်မှု၊ အတွင်းလူမှုအသိုင်းအဝိုင်း နဲ့ ပြင်ပကမ္ဘာကို သူ့စည်းနဲ့သူ ဆက်သွယ်တတ်မှု၊ ရွယ်တူကို ကူညီ၊ ငယ်ရွယ်သူကို ဖေးမ၊ အကြီးကိုအံဝင်ခွင်ကျ နေတတ် ထိုင်တတ် ကိုင်းရှိုင်းတတ်အောင်သင်ပေးတဲ့ကျောင်းက နောက်တစ်ဆင့်တက် ပညာသွားသင်ဖို့ သူ့ကို “ ဘွဲ့” ပေးလိုက်ပြီ။ အခုလည်း တစ်ကျောင်းလုံးမှာ ဒုတိယအတော်ဆုံးဆိုတဲ့ Salutatorian ဆု ပေးပြီးပြီ။
.
. သီတင်းတစ်ပတ်ကို (၇) ရက် သူ့အတွက် မလောက်ဘူး။ ကျောင်းစာအလုပ်အပြင် သူ့ရဲ့ Interact က အလုပ်၊ District Council ရဲ့ အလုပ် နဲ့ သူငယ်ချင်းတွေမေးသမျှစာတွေကိုလည်း Skype ကနေ ဖြေပေးရတယ်။ တစ်ဆက်တည်း ကွန်ပျူတာမှာတစ်ချောက်ချောက်ရိုက်နေရင်း ပေါင်ပေါ်မှာတင်ထားတဲ့ဖတ်စာအုပ်ကို လှန်နေတယ်။ ခပ်လှမ်းလှမ်းမှာထောင်ထားတဲ့လက်ကိုင်ဖုန်းထဲက ဘတ်စကက်ဘောပြိုင်ပွဲအကြောင်းပြန်ပြောပြနေတဲ့ဆူညံသံဟာ iPad မှာဖွင့်ထားတဲ့ Netflix ထဲက အမေရိကန်စီးရီးခွေဆက်ကိုရော၊ ကွန်ပြူတာအကြီးမှာ ဂိမ်းအကြောင်းဖွင့်ထားတဲ့ Twitch ထဲက အစီအစဉ်တင်ဆက်သူရဲ့အသံ . . အားလုံးကို လွှမ်းမိုးထားတယ်။
.
.
. ညအိပ်ချိန်မလောက်တာ အမေရိကားမှာကျွန်တော်တစ်ယောက်တည်းလား? “ စွမ်း ” ရဲ့ သူငယ်ချင်းတွေလည်း ညသန်းခေါင်ကျော်အထိမအိပ်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် ဗီဒီယိုချက် ဖွင့်ထားပြီး ကျောင်းမှာပြောလို့မဝတဲ့စကားတွေကို အိမ်မှာ အွန်လိုင်းကနေ ဆက်ပြောကြတယ်။ အုပ်စုလိုက် Group Project လုပ်တဲ့အခါဆို ပိုဆိုး။ တစ်ယောက်လုပ်ထားတာကို နောက်တစ်ယောက်ကမကြိုက်လိုက်။ တစ်ယောက်က အဆိုတစ်ခု တင်လိုက်၊ နောက်ထပ်တစ်ယောက်က မွမ်းမံလိုက်၊ ပြင်ဆင်လိုက် နဲ့ သူတို့ဆီမှာ “ ကိုယ်သိထားတာကို ဆရာမျိုးမို့ လှိ်ဳထားမယ် ” ဆိုတာ မရှိဘူး။
.
. အမှန်တော့ သားရယ် . . ငယ်ငယ်တုန်းက စာလိုက်နိုင်ပါ့မလား? အင်္ဂလိပ်လို ပြောမှပြောနိုင်ပါ့မလား? ဆိုတာတွေဟာ သားကို အထင်သေးခဲ့တာမဟုတ်ပါဘူး။ ကိုယ်လုံးကလည်း သေးတယ်မဟုတ်လား? နောက်ပိုင်း (၅) တန်းစတက်တော့ အတန်းထဲမှာ လူကောင်အညှက်ဆုံးကောင်လေးကို ကောင်မလေးတွေက အတင်းလိုက်ဖက်လို့ ပတ်ပြေးခဲ့ရတွေကို သားကတော့မေ့လောက်ပေမယ့် အဖေ နဲ့ အမေကတော့ သတိရတိုင်းပြန်ပြောင်းပြောနေမိတယ်။
.
.
. (၇ ) တန်းရောက်တော့ အလယ်တန်းကျောင်းမှာ “ စွမ်းကိုဥက္ကဋ္ဌရွေးပါ - Vote SWAN for President ” ဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး ကျောင်းရှေ့မှာမတ်တပ်ရပ်စည်းရုံးရေးဆင်းခဲ့တုန်းက သား မုန့်ထုတ်လေးတွေကမ်းတာ မှတ်မိသေးတယ်။ “ ဒီမိုကရေစီနိုင်ငံမှာ မဲဆွယ်ရင် လက်ဆောင်မပေးရဘူး ” ဆိုပြီး ကျောင်းအုပ်ချုပ်ရေးကပြောလို့ မုန့်ထုတ်တွေအများကြီး အိမ်ပြန်သယ်လာတာလည်း အမှတ်ရမိတယ်။ (၉) တန်းအတွက် အထက်တန်းကျောင်းပြောင်းရတော့မယ့်အခါ အလယ်တန်းတစ်ကျောင်းလုံးရဲ့ကျောင်းသားဥက္ကဋ္ဌ - School President အနေနဲ့မိန့်ခွန်းပြောတုန်းကဆိုရင် စတိုင်ကျကျအကျီၤလှလှ ကောင်းကောင်းလေး မဝတ်ပေးမိလိုက်တာ အမေလုပ်သူက အမြဲနောင်တ တရရ ပြန်ပြောနေရှာတယ်။
.
. အစပိုင်းတုန်းက ကျောင်းသားထုကိုဦးဆောင်၊ နောက်တော့ အထက်တန်းပြီးမယ်လည်းဆိုရော ကျောင်းသားအဖွဲ့ကိုဆက်ကိုင်မယ့် နောက်မျိုးဆက်ခေါင်းဆောင်တွေကို အင်တာဗျူးမေးခွန်းတွေမေးတုန်းက လျှောက်လွှာ ရာကျော်ကို အိမ်စာအများကြီးတွေကြားက မပြီးပြီးအောင်စစ်ပေးခဲ့တဲ့စွမ်းရည်တွေဟာ သူ့အတွက် ကောလိပ်နဲ့တက္ကသိုလ်တွေမှာ အများကြီးအထောက်အကူပြုလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။
.
.
. အမှန်က ညဘက်ကြီးလမ်းသိအောင် ကောင်းကင်ကကြယ်ပွင့်တွေကိုရေတွက်ပြီးသွားရသလို ကျောင်းဆိုတာ သင်ရိုးတစ်ခုကိုဦးတည်ပြီး အမှောင်ထဲက အလင်းပွင့်လေးတွေကို ပြပေးနေတာပါ။ ဒါပေမယ့် သွားရမယ့်ခရီးကတော့ ကျောင်းသားကိုယ်တိုင်လှုပ်ရှားရမယ်ဆိုတာနဲ့ ပေးထားတဲ့အချက်အလက်တွေနဲ့နည်းပညာကိုအသုံးပြုပြီး လမ်းမှန်ကိုသိနေရင်း ဦးတည်ချက်တူတဲ့ခရီးသွားတွေကို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ ကျောင်းကသင်ပေးပြီးသွားပြီ။ ကျန်တာက လူငယ်တွေရဲ့ကိစ္စ လူငယ်တွေ လုပ်တတ်တယ်။ လူငယ်တွေကို ကျွန်တော်ယုံတယ်။
.
. သို့ပေမယ့် ကြယ်တွေဆိုတာ နေ့ဘက်မမြင်ရဘူးလေ။ အရေးပါတဲ့ကိရိယာတွေသုံးပြီး ထိရောက်တဲ့လုပ်ဆောင်ချက်တွေပံ့ပိုးမှသာ ကြယ်တွေကို ဘယ်အချိန်မဆို မြင်တွေ့နိုင်သလိုပဲ ပညာဆိုတဲ့ မီးရှူးတန်ဆောင်ကိုထွန်းညှိပြောင်လင်းမှသာ ဘဝပန်းတိုင်ကိုရောက်ဖို့ ထူးထူးခြားခြားအထောက်အကူပြုနိုင်မှာမဟုတ်လား? ဒီလိုမဟုတ်ပဲ အပေါင်းအသင်းမှား၊ နေရပ်ဋ္ဌာနမှား၊ အခြေစိုက်ပတ်ဝန်းကျင်မှား၊ စိတ်ဘဝင်တွေမောက်မှားပြီး ပညာရေးရဲ့အသက်ဝင်ထင်ရှားမှုကို မထီမဲ့မြင်ပြုခဲ့သမျှ လမ်းဘေးချော်ထွက်သွားကြသူတွေကိုကြည့်ပြီး သိပ်မလွယ်တဲ့ကိစ္စဆိုတာ သားက သိပြီးသားဖြစ်မှာပါ။
.
.
. ဒါကြောင့် . . သားရေ . . ထပ်ပြောမယ်ကွာ . . Congratulations ပါ။ မိဘတွေမှန်းထားတဲ့ “ အရာတစ်ခု - Something ” က ပညာရေးဖြစ်တယ်ဆိုတာ ထပ်ဆင့်တိုးပြီး သက်သေပြလိုက်စမ်းပါ။ အရှင်တော်မြတ်ဘုရားဟောကြားခဲ့သလို " အမှား အမှန်ကို အမှန်ခွဲခြားမြင်နိုင်တဲ့လူသား " ဆိုတာ မှတ်တမ်းတင်လိုက်စမ်းပါ။
.
.
. ရှေ့ဆက်သွားရမယ့် တက္ကသိုလ်ကြီး (၄) နှစ်၊ နှစ်ထပ်ကွမ်း - Double Major အတွက် (တက်ဖြစ်ရင်) ထပ်ပေါင်း (၁) နှစ်၊ နောက်ထပ်တက်ချင်ရင် ထည့်ပေါင်းသွားရမယ့်အချိန်သမယများစွာအတွက် စိုက်ထုတ်ခဲ့ရတဲ့ဝါယမများစွာကိုအသုံးချရင်း ရင်ထဲအသည်းထဲကသားရတနာလေးကို မိဘနှစ်ပါးက ထာဝရဂုဏ်ပြုလိုက်ပါတယ်ကွာ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-15-2017

No comments: