ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, May 21, 2017

အင္တာနက္မွာလိုက္ဖမ္းဖို႕ခက္တဲ႕ေလယာဥ္

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

. ခ်စ္သူ နဲ႕ ကြ်န္ေတာ္တို႕တစ္ျပိဳင္တည္းေျပာမိၾကတာတစ္ခုရွိတယ္ “ ဒီႏိုင္ငံေရာက္တာ ( ၈ ) ႏွစ္ရွိျပီ . . ျပည္တြင္းေလယာဥ္ နဲ႕ တကၠစီကို ဒီေန႕မွ စစီးဖူးတယ္ ” ဆိုတဲ႕စကားပါ။ ဟိုနား ဒီနားသြားသမွ် ကားကိုယ္တိုင္ေမာင္းေနက်၊ ေလယာဥ္ဆိုလည္း ျမန္မာျပည္ျပန္တာကလြဲျပီး မစီးဖူးေလေတာ႕ ေနရာသစ္တစ္ခုေရာက္ရသလိုျပန္ခံစားရတယ္လို႕ေျပာရင္ ၾကားၾကသူေတြ ရယ္ေနမလားပဲ။
.
. အျမဲနာက်င္ရတဲ႕ေဝဒနာတစ္ခုမျဖစ္လာေပမယ္႕ အဆင္သိပ္မေခ်ာတဲ႕ကိစၥတစ္ခုကေတာ႕ ခရီးသြားဖို႕ဝယ္ရတဲ႕ ျပည္တြင္းေလယာဥ္လက္မွတ္ပါ။ ကားနဲ႕ေမာင္းသြားရတာ ရွင္းတယ္။ ဘယ္သူ႕ကား၊ ဘယ္ႏွစ္ေယာက္ပါမယ္၊ ဘယ္ေန႕ထြက္မယ္ . . ဒါပဲ။ ျမန္မာပီပီ စားစရာေသာက္စရာ အိုးခြက္ပန္းကန္အစံု၊ အိပ္စရာေခါင္းအံုး အကုန္တင္ . . ဘယ္ေလာက္အဆင္ေျပသလဲ? ဒါေပမယ္႕ဗ်ာ . . ေလယာဥ္နဲ႕သြားမွျဖစ္မယ္႕ခရီးက်ေတာ႕ ေျပာသေလာက္မလြယ္ဘူးခင္ဗ်။
.
.
. ေလယာဥ္လုိင္းေတြကခပ္မ်ားမ်ား၊ စီးတဲ႕လူေတြက ၾကိတ္တုိးတုိးနဲ႕ဆိုေတာ႕ အြန္လုိင္းမွာ ျပည္တြင္းလက္မွတ္ဝယ္ရတာက ခပ္ၾကမ္းၾကမ္းေျပာရရင္ ( တစ္ခ်ိဳ႕အခ်ိန္ေတြမွာ ) အရူးလင္လုပ္ရသလိုပဲ။ အခု ဝက္ဆိုဒ္တစ္ခုဖြင္႕လုိက္၊ ကိုယ္သြားမယ္႕ေနရာ နဲ႕ ရက္ကိုေရြးလုိက္၊ တစ္ျခားဟာထပ္ရွာလုိက္ . . ဟာ . . ေစ်းပိုမ်ားလာျပီဆိုျပီး ခုနကဖြင္႕ထားတဲ႕စာမ်က္ႏွာကိုျပန္ဖြင္႕ေတာ႕ ေစ်းေျပာင္းသြားလိုက္။
.
. ကဲမထူးပါဘူး . . ေတြ႕ထားျပီးတစ္ခုကိုပဲဝယ္ေတာ႕မယ္လို႕ဆံုးျဖတ္လိုက္တဲ႕အခါ လက္မွတ္က တစ္ေစာင္ထဲက်န္တာမ်ိဳး တုိ႕၊ ၾကားထဲမွာ ကုန္းပတ္ ဘယ္ျမိဳ႕မွာ ဘယ္ႏွစ္နာရီနားျပီး ေလယာဥ္ေျပာင္းစီးရမယ္ တို႕၊ အဲဒါေတြကိုေက်နပ္လုိ႕ယူမယ္လို႕လုပ္ေတာ႕လည္း လူေတြအိပ္ယာမထေသးတဲ႕မနက္ ( ၆ ) နာရီေလယာဥ္လက္မွတ္ျဖစ္ေနတာေတြေၾကာင္႕ အေတာ႕ကုိစိတ္ရႈတ္ရတဲ႕အလုပ္တစ္ခုလို႕ သင္ခန္းစာရျပန္တယ္။
.
.
. လြယ္လြယ္ေျပာရရင္ မိသားစုနဲ႕သြားရတဲ႕အခါ လင္ကအားလပ္ရက္မ်ားေပမယ္႕ မယားက ခြင္႕ရက္မရတဲ႕အခါ၊ တစ္ခါ . . လင္ေရာ မယားေရာ ခြင္႕ရက္ရွည္ရျပန္ေတာ႕ ကေလးေက်ာင္းမပိတ္တာ၊ အားလံုးနဲ႕လြတ္တဲ႕အခါက်ျပန္ေတာ႕ အလုပ္က ကိုယ္ေတာင္းတဲ႕ခြင္႕ရက္ပမာဏမေပးခ်င္တာေတြကို ေျပာလုိ႕မကုန္ ၾကံဳဖူးမွသိ တဲ႕ အျမဲမရွိတဲ႕ တုိက္ဆိုင္မႈေတြက အားျပိဳင္ေနျမဲ အားျပိဳင္ေနဆဲပါ။
.
. ကဲဗ်ာ . . ဒီတစ္ခါ တစ္ကယ္ဝယ္ေတာ႕မယ္ . . ဘယ္ေလဆိပ္ကေနစီးမလဲဆိုတာက ေဒၚလာေငြေခြ်တာဖို႕ သင္ခန္းစာရျပန္တယ္။ ဆုိလိုတာက အေမရိကားမွာ ခန္႕မွန္းေျခ မုိင္ ( ၅ဝ ) နဲ႕ ( ၁ဝဝ ) အတြင္းမွာ ေလဆိပ္တစ္ခုစီရွိတယ္ဆုိပါစို႕။ အေမရိကားအေနာက္ဖက္ျခမ္း ဆန္ဖရန္ပင္လယ္ေအာ္ေဒသဘက္ကို ဆန္ဖရန္စစၥကိုေလဆိပ္ - SFO ၊ အုတ္ကလန္ေလဆိပ္ - OAK ၊ ဆန္ဟုိေဆးေလဆိပ္ - SJC နဲ႕ ကယ္လီဖိုးနီးယားျပည္နယ္ျမိဳ႕ေတာ္ ဆန္ခရန္မင္းတိုေလဆိပ္ - SMF စတဲ႕ ေလဆိပ္ေတြထဲ ဘယ္ေလဆိပ္ကိုဆင္းရင္ ဘယ္ေစ်းႏႈန္းဆိုျပီး ရွိျပန္တယ္။
.
.
. ဥပမာ - ျမန္မာႏိုင္ငံက သူငယ္ခ်င္းတစ္ေယာက္ နယူးေယာက္ေရာက္ေတာ႕ ဒီ ဆန္ဖရန္ဘက္ကိုလာဖို႕ NYC-SFO အသြားတစ္ေၾကာင္းလက္မွတ္ၾကည္႕တာ ေဒၚလာ ( ၄၅ဝ ) ဆုိတာ႕ ေစ်းမ်ားလို႕ဆိုျပီး ကြ်န္ေတာ႕ကိုအၾကံေတာင္းတယ္။ သူသြားတည္းမယ္႕ေနရာက SFO နဲ႕ SJC ၾကားထဲက ျမန္မာအမ်ားစုေနတဲ႕ ဖရီးေမာင္႕ - Fremont ျမိဳ႕မွာ။ ဒီေတာ႕ သူဘယ္ေလဆိပ္ဆင္းဆင္း တကၠစီခဘယ္ေလာက္ဆိုတာကေတာ႕ ကုန္မွာက ကုန္မွာပဲ။
.
. ဒါနဲ႕ သူ႕ကုိ ဆန္ဖရန္ကိုဆင္းမယ္႕အစား ဆန္ဟုိေဆးေလဆိပ္ဆင္းခုိင္းလိုက္တာ ေဒၚလာ ( ၂၁ဝ ) ပဲ ေပးရတယ္။ ျပီးေတာ႕ သူလိုခ်င္တဲ႕ ေန႕ရက္ နဲ႕ ေလဆိပ္ကြင္းဆင္းအခ်ိန္ေတြကိုလည္း စိတ္တိုင္းက်ရလုိက္ေသးတယ္။ ေနာက္တစ္ခုက သူသြားခ်င္တဲ႕ ဖရီးေမာင္႕ျမိဳ႕အတြက္ Uber ငွားခက လူဝင္လူထြက္အရမ္းမ်ားတဲ႕ SFO ကထက္ SJC ကေနဆို ပုိသက္သာတယ္။ ဒီလို ေဒသႏၱရဗဟုသုတရွိထားတဲ႕အခါ ကြ်န္ေတာ္ၾကံဳရတာမဟုတ္ေပမယ္႕ ခ်စ္မိတ္ေတြတစ္ဦးတစ္ေယာက္ကို ေဒၚလာ ( ၂၅ဝ ) ေက်ာ္သက္သာေအာင္ စကားေလးတစ္ခြန္းေျပာေပးလုိက္ရတာ အင္မတန္တန္ဖိုးရွိပါတယ္။ ဒါကလည္း ေမးခြန္းေမးတဲ႕သူက ေမးဦးမွပါ။
.
.
. အေထြေထြဗဟုသုတအေနနဲ႕ အေမရိကန္ျပည္တြင္းေလေၾကာင္းလိုင္းေတြမွာ အဆမတန္ေစ်းသက္သာတဲ႕လိုင္းေတြရွိတယ္။ တစ္ခ်ိဳ႕ဆုိ သူတို႕ေလေၾကာင္းက ေလယာဥ္ပ်ံမွဟုတ္ရဲ႕လားလို႕ထင္ရေလာက္ေအာင္ လူေတာ္ေတာ္မ်ားမ်ားက မၾကားဖူးၾကဘူး။ ဥပမာ - ဆန္ဖရန္စစၥကုိကေန L.A ကို သာမန္ေလယာဥ္ေတြက ေဒၚလာ ( ၁၂ဝ ) ေလာက္ရွိတာကို အဆုိပါေလေၾကာင္းက ေဒၚလာ ( ၇ဝ ) နဲ႕ေရာင္းတယ္။ အစကေတာ႕ ဟုတ္ပါ႕မလားေပါ႕။
.
. တစ္ကယ္ဝယ္မယ္လို႕ ၾကည္႕လိုက္ေတာ႕ သူတုိ႕က ခရီးသည္နဲ႕ပါလာမယ္႕အထုတ္အပိုးသယ္ေဆာင္ခြင္႕အေပၚမွာ တင္းၾကပ္ထားသလုိ လက္ဆြဲ - Carry On ေသးေသးေလး ( လက္ေတာ႕ထည္႕တဲ႕အိပ္အရြယ္ ) ကို ပုိက္ဆံေကာက္တာကုိ သူ႕တို႕လိုင္းရဲ႕စာမ်က္ႏွာေပၚမွာ Terms and Conditions မွာ ဖတ္လိုက္ရတယ္။
.
.
. အဲဒါကိုမသိတဲ႕ခရီးသည္တစ္ေယာက္ဟာ ( ခရီးသြားတယ္ဆုိတာ႕ အက်ီၤထုတ္ကေတာ႕ ပါမွာပဲ ) ( ေပါင္ ၅ဝ အထိ ) ပထမအထုတ္ကုိ ( ၂၅ ) ေဒၚလာ ၊ ဒုတိယအထုတ္ကို ( ၃၅ ) ေဒၚလာေပးရေတာ႕ နာမယ္ၾကီးေလေၾကာင္းနဲ႕ ေစ်းအတူတူသြားက်တာပါပဲ။
.
. အမွန္က အေမရိကားမွာ ေစ်းေပါတုိင္း လူသိပ္မသံုးၾကဘူး။ ေစ်းသိပ္ၾကီးျပန္ရင္လည္း လက္တစ္ဆုပ္စာ ( ၁% ) အုပ္စုထက္ အျပင္လူ ( ၉၉% ) လက္လွမ္းမမွီၾကဘူး။ ဒါေၾကာင္႕ ေလယာဥ္အေရွ႕ပိုင္း VIP ခံုေတြ၊ အိပ္ခန္းခံုေတြ နဲ႕ နာမယ္အမ်ိဳးမ်ိဳးေပးထားတဲ႕ အဆင္႕ျမင္႕ခံုေတြကို ( ၄ဝ % ) နဲ႕ အထက္ေစ်းတင္ေရာင္းၾကျပီး စီးပြားျဖစ္ေနၾကတာပါ။ အဲဒီရဲ႕ေနာက္မွာမွ သာမန္လူဝယ္တဲ႕ Economy Class မွာ လူေတြ တန္းအရွည္ၾကီးစီၾက၊ တုိးၾက၊ ေဝွ႕ၾက နဲ႕ လက္မွတ္ေတြက ကုန္ျမဲကုန္ေနၾကတာပါပဲ။
.
.
. အခုလို ေၾကာ္ျငာခမသံုးပဲ ေစ်းေလွ်ာ႕ေရာင္းတဲ႕ေလေၾကာင္းလုိင္းေတြအျပင္ နာမယ္ၾကီး အထင္ကရေလေၾကာင္းလုိင္းေတြရဲ႕ျပိဳင္ဆိုင္မႈက တစ္မူထူးအားေကာင္းေနျပန္တယ္။ သူတုိ႕က တစ္ျခားလိုင္းေတြထက္ ဘယ္ေနရာမွာ ဝန္ေဆာင္မႈပိုေကာင္းေအာင္ေပးမယ္ . . ဒါေပမယ္႕ ေစ်းကေတာ႕အတူတူပဲ ဆုိတဲ႕ ပံုစံမ်ိဳးနဲ႕ေပါ႕။
.
. ေလယာဥ္ေပၚမွာ ဘာမွမေကြ်းပဲ အစားအသာက္ေရာင္းတဲ႕လုိင္းမ်ိဳးရွိတာ ၾကားရေတာ႕ ရန္ကုန္-မႏၱေလးအျမန္ရထားရဲ႕အလယ္မွာ အစားအေသာက္ေရာင္းတဲ႕တြဲကုိ သတိရမိတယ္။ ဒါ႕အျပင္ အခမဲ႕ျပတဲ႕ ခံုေရွ႕က ထိေတြ႕မ်က္ႏွာျပင္ - Touch Screen ေပၚက ရုပ္ရွင္ကိုၾကည္႕ဖို႕ အရုပ္သာအခမဲ႕ျမင္ေနရေပမယ္႕ အသံၾကားရဖို႕ ေလယာဥ္မယ္ထံကေန နားၾကပ္တစ္ခုကို ( ၂ ) ေဒၚလာနဲ႕ဝယ္ခိုင္းတာကိုလည္း အခုၾကံဳဖူးျပီ။
.
.
. အေၾကာင္းရင္းကို ေစ႕ေစ႕ငငလိုက္ၾကည္႕ေတာ႕ ေလေၾကာင္းလုိင္းေတြက သနားဖို႕ေကာင္းတယ္။ သူတို႕လက္မွတ္ေရာင္းလိုက္တဲ႕ေငြရဲ႕ ( ကိန္းဂဏန္းအတိအက်ကိုတာဝန္မယူပါ။ ဆက္ေလ႕လာရန္ ) ( ၄၅% ) ခန္႕ကို ေလယာဥ္ကိုဆင္းသက္ခြင္႕ေပးတဲ႕ေလဆိပ္က ျဖတ္ခုတ္ထားပါတယ္။ ဒီၾကားထဲ အစိုးရ နဲ႕ ျပည္နယ္တုိ႕ရဲ႕ ဘာအခြန္၊ ညာအခြန္ဆိုေတာေတြက မျဖစ္မေနေပးရျပန္ေတာ႕ ေဒၚလာ ( ၁ဝဝ ) နဲ႕ ေရာင္းတဲ႕လက္မွတ္တစ္ေစာင္ဟာ ေလေၾကာင္းလုိင္းရဲ႕ဘဏ္စာရင္းထဲအေရာက္မွာ ( ၄၅ ) ေဒၚလာေလာက္ပဲက်န္တယ္။ တစ္ဝက္ခ သာသာပဲရတဲ႕သေဘာေပါ႕။
.
. ဒါေၾကာင္႕ သူတုိ႕ဟာ ခရီးသည္ေတြကို ေလယာဥ္ေပၚမွာ အင္တာနက္ေရာင္းတယ္။ မိနစ္ ( ၃ဝ ) သံုးဖို႕ ($7.50) ၊ ခရီးစဥ္အဆံုးအထိၾကိဳက္သေလာက္သံုး ($26.95) ၊ ခရီးလမ္းတစ္ေလွ်ာက္လံုး ဖုန္းေျပာလုိ႕မရဘူး၊ ဓါတ္ပံုေတြဖြင္႕လို႕မရဘူး ဒါေပမယ္႕ အသားကုန္မက္ေဆ႕ပို႕လုိ႕ရတဲ႕ Messaging Pass ဆုိရင္ ($2.95) အျပင္ တစ္ရက္လံုး ( ၂၄ ) နာရီခံေအာင္ ($36.95) အင္တာနက္ဆုိတာေတြကို ေရာင္းစားတာေပါ႕။ ဒါက ေလထဲေရာက္မွေရာင္းတာ။
.
.
. ေနာက္တစ္ခုက ေလယာဥ္လက္မွတ္ဝယ္တုန္းက အေပါက္ဝမွာတန္းမစီခ်င္ရင္ VIP Pass က ဘယ္ေလာက္၊ ခရီးသြားအာမခံဝယ္ရင္ ဘယ္ေလာက္၊ သူတုိ႕ေလေၾကာင္းလုိင္းကထုတ္တဲ႕ အေၾကြးဝယ္ကဒ္ျပားေလွ်ာက္ရင္ ေပးမယ္႕ေဒၚလာကဘယ္ေလာက္၊ ဒါမွမဟုတ္ ေလယာဥ္လက္မွတ္အျပင္ ေဟာ္တယ္မွာဦးမလား? အခန္းငွားဦးမလား? ကားေရာ ပါေသးလား? ဆုိတာေတြရဲ႕အပိုဝန္ေဆာင္မႈကြန္ယက္ေတြကေန ခရီးသည္ေတြဆိုက မျမင္ရတဲ႕ပိုက္ဆံ - Hidden Charge ေတြကို သတိထားတတ္ရင္ ေငြပိုေငြလွ်ံအထြက္နည္းျပီး သက္သက္သာသာခရီးသြားႏိုင္ပါတယ္။
.
. ဒါေတြကုိေလ႕လာရင္း ေနရာတကာမွာ ပလပ္စတစ္ဘဏ္ကဒ္ ဒါမွမဟုတ္ အြန္လုိင္းေငြေၾကးက အေမရိကားရဲ႕စီးပြားေရးကို မီးကုန္ယမ္းကုန္ပုခံုးထမ္းတင္ေမာင္းႏွင္ေနတာကို သိလာရတယ္။ ဒါ႕အျပင္ ျပည္တြင္းမွာ အက်ိဳးအျမတ္မ်ားႏိုင္တဲ႕ အပန္းေျဖခရီးစဥ္ေတြ၊ ႏိုင္ငံျခားကဝင္လာမယ္႕ ပတ္စီးခရီးစဥ္ - Package ေတြကို ပုတ္ျပတ္ - Contract ခြဲေဝေရာင္းခ်ျခင္းေတြကို ႏုိင္ငံအခ်င္းခ်င္းပူးေပါင္းဆက္ဆံ လုပ္ကိုင္လာၾကတယ္။
.
.
. သူတုိ႕လွည္႕ကြက္ေတြကေနရုန္းထြက္ရတာ ေရွာင္လင္သိုင္းေလ႕က်င္႕ရေလာက္ေအာင္မခက္ခဲပါဘူး။ ေလ႕လာအားလည္းရွိမယ္၊ ဘဏ္အခ်က္အလက္ေတြလည္းျပည္႕စံုမယ္၊ အင္တာနက္ ဝက္ဆုိဒ္ေတြကို နည္းမွန္လမ္းမွန္အသံုးခ်တတ္တယ္ဆုိရင္ မိတ္ေဆြ အေမရိကားမွာ အခ်ိန္ခဏေလးအတြင္း ေလယာဥ္စီးတတ္သြားမွာ အာမခံပါတယ္။
.
. ခင္လ်က္
. ခရီးထြက္ေနသူ
. ကိုညီညီ ( ေတာင္ၾကီး )
. 05-20-2017
.
Unicode Version:
.
.
. “ အင်တာနက်မှာလိုက်ဖမ်းဖို့ခက်တဲ့လေယာဉ် ”
. ချစ်သူ နဲ့ ကျွန်တော်တို့တစ်ပြိုင်တည်းပြောမိကြတာတစ်ခုရှိတယ် “ ဒီနိုင်ငံရောက်တာ ( ၈ ) နှစ်ရှိပြီ . . ပြည်တွင်းလေယာဉ် နဲ့ တက္ကစီကို ဒီနေ့မှ စစီးဖူးတယ် ” ဆိုတဲ့စကားပါ။ ဟိုနား ဒီနားသွားသမျှ ကားကိုယ်တိုင်မောင်းနေကျ၊ လေယာဉ်ဆိုလည်း မြန်မာပြည်ပြန်တာကလွဲပြီး မစီးဖူးလေတော့ နေရာသစ်တစ်ခုရောက်ရသလိုပြန်ခံစားရတယ်လို့ပြောရင် ကြားကြသူတွေ ရယ်နေမလားပဲ။
.
. အမြဲနာကျင်ရတဲ့ဝေဒနာတစ်ခုမဖြစ်လာပေမယ့် အဆင်သိပ်မချောတဲ့ကိစ္စတစ်ခုကတော့ ခရီးသွားဖို့ဝယ်ရတဲ့ ပြည်တွင်းလေယာဉ်လက်မှတ်ပါ။ ကားနဲ့မောင်းသွားရတာ ရှင်းတယ်။ ဘယ်သူ့ကား၊ ဘယ်နှစ်ယောက်ပါမယ်၊ ဘယ်နေ့ထွက်မယ် . . ဒါပဲ။ မြန်မာပီပီ စားစရာသောက်စရာ အိုးခွက်ပန်းကန်အစုံ၊ အိပ်စရာခေါင်းအုံး အကုန်တင် . . ဘယ်လောက်အဆင်ပြေသလဲ? ဒါပေမယ့်ဗျာ . . လေယာဉ်နဲ့သွားမှဖြစ်မယ့်ခရီးကျတော့ ပြောသလောက်မလွယ်ဘူးခင်ဗျ။
.
.
. လေယာဉ်လိုင်းတွေကခပ်များများ၊ စီးတဲ့လူတွေက ကြိတ်တိုးတိုးနဲ့ဆိုတော့ အွန်လိုင်းမှာ ပြည်တွင်းလက်မှတ်ဝယ်ရတာက ခပ်ကြမ်းကြမ်းပြောရရင် ( တစ်ချို့အချိန်တွေမှာ ) အရူးလင်လုပ်ရသလိုပဲ။ အခု ဝက်ဆိုဒ်တစ်ခုဖွင့်လိုက်၊ ကိုယ်သွားမယ့်နေရာ နဲ့ ရက်ကိုရွေးလိုက်၊ တစ်ခြားဟာထပ်ရှာလိုက် . . ဟာ . . ဈေးပိုများလာပြီဆိုပြီး ခုနကဖွင့်ထားတဲ့စာမျက်နှာကိုပြန်ဖွင့်တော့ ဈေးပြောင်းသွားလိုက်။
.
. ကဲမထူးပါဘူး . . တွေ့ထားပြီးတစ်ခုကိုပဲဝယ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါ လက်မှတ်က တစ်စောင်ထဲကျန်တာမျိုး တို့၊ ကြားထဲမှာ ကုန်းပတ် ဘယ်မြို့မှာ ဘယ်နှစ်နာရီနားပြီး လေယာဉ်ပြောင်းစီးရမယ် တို့၊ အဲဒါတွေကိုကျေနပ်လို့ယူမယ်လို့လုပ်တော့လည်း လူတွေအိပ်ယာမထသေးတဲ့မနက် ( ၆ ) နာရီလေယာဉ်လက်မှတ်ဖြစ်နေတာတွေကြောင့် အတော့ကိုစိတ်ရှုတ်ရတဲ့အလုပ်တစ်ခုလို့ သင်ခန်းစာရပြန်တယ်။
.
.
. လွယ်လွယ်ပြောရရင် မိသားစုနဲ့သွားရတဲ့အခါ လင်ကအားလပ်ရက်များပေမယ့် မယားက ခွင့်ရက်မရတဲ့အခါ၊ တစ်ခါ . . လင်ရော မယားရော ခွင့်ရက်ရှည်ရပြန်တော့ ကလေးကျောင်းမပိတ်တာ၊ အားလုံးနဲ့လွတ်တဲ့အခါကျပြန်တော့ အလုပ်က ကိုယ်တောင်းတဲ့ခွင့်ရက်ပမာဏမပေးချင်တာတွေကို ပြောလို့မကုန် ကြုံဖူးမှသိ တဲ့ အမြဲမရှိတဲ့ တိုက်ဆိုင်မှုတွေက အားပြိုင်နေမြဲ အားပြိုင်နေဆဲပါ။
.
. ကဲဗျာ . . ဒီတစ်ခါ တစ်ကယ်ဝယ်တော့မယ် . . ဘယ်လေဆိပ်ကနေစီးမလဲဆိုတာက ဒေါ်လာငွေချွေတာဖို့ သင်ခန်းစာရပြန်တယ်။ ဆိုလိုတာက အမေရိကားမှာ ခန့်မှန်းခြေ မိုင် ( ၅ဝ ) နဲ့ ( ၁ဝဝ ) အတွင်းမှာ လေဆိပ်တစ်ခုစီရှိတယ်ဆိုပါစို့။ အမေရိကားအနောက်ဖက်ခြမ်း ဆန်ဖရန်ပင်လယ်အော်ဒေသဘက်ကို ဆန်ဖရန်စစ္စကိုလေဆိပ် - SFO ၊ အုတ်ကလန်လေဆိပ် - OAK ၊ ဆန်ဟိုဆေးလေဆိပ် - SJC နဲ့ ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် ဆန်ခရန်မင်းတိုလေဆိပ် - SMF စတဲ့ လေဆိပ်တွေထဲ ဘယ်လေဆိပ်ကိုဆင်းရင် ဘယ်ဈေးနှုန်းဆိုပြီး ရှိပြန်တယ်။
.
.
. ဥပမာ - မြန်မာနိုင်ငံက သူငယ်ချင်းတစ်ယောက် နယူးယောက်ရောက်တော့ ဒီ ဆန်ဖရန်ဘက်ကိုလာဖို့ NYC-SFO အသွားတစ်ကြောင်းလက်မှတ်ကြည့်တာ ဒေါ်လာ ( ၄၅ဝ ) ဆိုတာ့ ဈေးများလို့ဆိုပြီး ကျွန်တော့ကိုအကြံတောင်းတယ်။ သူသွားတည်းမယ့်နေရာက SFO နဲ့ SJC ကြားထဲက မြန်မာအများစုနေတဲ့ ဖရီးမောင့် - Fremont မြို့မှာ။ ဒီတော့ သူဘယ်လေဆိပ်ဆင်းဆင်း တက္ကစီခဘယ်လောက်ဆိုတာကတော့ ကုန်မှာက ကုန်မှာပဲ။
.
. ဒါနဲ့ သူ့ကို ဆန်ဖရန်ကိုဆင်းမယ့်အစား ဆန်ဟိုဆေးလေဆိပ်ဆင်းခိုင်းလိုက်တာ ဒေါ်လာ ( ၂၁ဝ ) ပဲ ပေးရတယ်။ ပြီးတော့ သူလိုချင်တဲ့ နေ့ရက် နဲ့ လေဆိပ်ကွင်းဆင်းအချိန်တွေကိုလည်း စိတ်တိုင်းကျရလိုက်သေးတယ်။ နောက်တစ်ခုက သူသွားချင်တဲ့ ဖရီးမောင့်မြို့အတွက် Uber ငှားခက လူဝင်လူထွက်အရမ်းများတဲ့ SFO ကထက် SJC ကနေဆို ပိုသက်သာတယ်။ ဒီလို ဒေသန္တရဗဟုသုတရှိထားတဲ့အခါ ကျွန်တော်ကြုံရတာမဟုတ်ပေမယ့် ချစ်မိတ်တွေတစ်ဦးတစ်ယောက်ကို ဒေါ်လာ ( ၂၅ဝ ) ကျော်သက်သာအောင် စကားလေးတစ်ခွန်းပြောပေးလိုက်ရတာ အင်မတန်တန်ဖိုးရှိပါတယ်။ ဒါကလည်း မေးခွန်းမေးတဲ့သူက မေးဦးမှပါ။
.
.
. အထွေထွေဗဟုသုတအနေနဲ့ အမေရိကန်ပြည်တွင်းလေကြောင်းလိုင်းတွေမှာ အဆမတန်ဈေးသက်သာတဲ့လိုင်းတွေရှိတယ်။ တစ်ချို့ဆို သူတို့လေကြောင်းက လေယာဉ်ပျံမှဟုတ်ရဲ့လားလို့ထင်ရလောက်အောင် လူတော်တော်များများက မကြားဖူးကြဘူး။ ဥပမာ - ဆန်ဖရန်စစ္စကိုကနေ L.A ကို သာမန်လေယာဉ်တွေက ဒေါ်လာ ( ၁၂ဝ ) လောက်ရှိတာကို အဆိုပါလေကြောင်းက ဒေါ်လာ ( ၇ဝ ) နဲ့ရောင်းတယ်။ အစကတော့ ဟုတ်ပါ့မလားပေါ့။
.
. တစ်ကယ်ဝယ်မယ်လို့ ကြည့်လိုက်တော့ သူတို့က ခရီးသည်နဲ့ပါလာမယ့်အထုတ်အပိုးသယ်ဆောင်ခွင့်အပေါ်မှာ တင်းကြပ်ထားသလို လက်ဆွဲ - Carry On သေးသေးလေး ( လက်တော့ထည့်တဲ့အိပ်အရွယ် ) ကို ပိုက်ဆံကောက်တာကို သူ့တို့လိုင်းရဲ့စာမျက်နှာပေါ်မှာ Terms and Conditions မှာ ဖတ်လိုက်ရတယ်။
.
.
. အဲဒါကိုမသိတဲ့ခရီးသည်တစ်ယောက်ဟာ ( ခရီးသွားတယ်ဆိုတာ့ အကျီၤထုတ်ကတော့ ပါမှာပဲ ) ( ပေါင် ၅ဝ အထိ ) ပထမအထုတ်ကို ( ၂၅ ) ဒေါ်လာ ၊ ဒုတိယအထုတ်ကို ( ၃၅ ) ဒေါ်လာပေးရတော့ နာမယ်ကြီးလေကြောင်းနဲ့ ဈေးအတူတူသွားကျတာပါပဲ။
.
. အမှန်က အမေရိကားမှာ ဈေးပေါတိုင်း လူသိပ်မသုံးကြဘူး။ ဈေးသိပ်ကြီးပြန်ရင်လည်း လက်တစ်ဆုပ်စာ ( ၁% ) အုပ်စုထက် အပြင်လူ ( ၉၉% ) လက်လှမ်းမမှီကြဘူး။ ဒါကြောင့် လေယာဉ်အရှေ့ပိုင်း VIP ခုံတွေ၊ အိပ်ခန်းခုံတွေ နဲ့ နာမယ်အမျိုးမျိုးပေးထားတဲ့ အဆင့်မြင့်ခုံတွေကို ( ၄ဝ % ) နဲ့ အထက်ဈေးတင်ရောင်းကြပြီး စီးပွားဖြစ်နေကြတာပါ။ အဲဒီရဲ့နောက်မှာမှ သာမန်လူဝယ်တဲ့ Economy Class မှာ လူတွေ တန်းအရှည်ကြီးစီကြ၊ တိုးကြ၊ ဝှေ့ကြ နဲ့ လက်မှတ်တွေက ကုန်မြဲကုန်နေကြတာပါပဲ။
.
.
. အခုလို ကြော်ငြာခမသုံးပဲ ဈေးလျှော့ရောင်းတဲ့လေကြောင်းလိုင်းတွေအပြင် နာမယ်ကြီး အထင်ကရလေကြောင်းလိုင်းတွေရဲ့ပြိုင်ဆိုင်မှုက တစ်မူထူးအားကောင်းနေပြန်တယ်။ သူတို့က တစ်ခြားလိုင်းတွေထက် ဘယ်နေရာမှာ ဝန်ဆောင်မှုပိုကောင်းအောင်ပေးမယ် . . ဒါပေမယ့် ဈေးကတော့အတူတူပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။
.
. လေယာဉ်ပေါ်မှာ ဘာမှမကျွေးပဲ အစားအသာက်ရောင်းတဲ့လိုင်းမျိုးရှိတာ ကြားရတော့ ရန်ကုန်-မန္တလေးအမြန်ရထားရဲ့အလယ်မှာ အစားအသောက်ရောင်းတဲ့တွဲကို သတိရမိတယ်။ ဒါ့အပြင် အခမဲ့ပြတဲ့ ခုံရှေ့က ထိတွေ့မျက်နှာပြင် - Touch Screen ပေါ်က ရုပ်ရှင်ကိုကြည့်ဖို့ အရုပ်သာအခမဲ့မြင်နေရပေမယ့် အသံကြားရဖို့ လေယာဉ်မယ်ထံကနေ နားကြပ်တစ်ခုကို ( ၂ ) ဒေါ်လာနဲ့ဝယ်ခိုင်းတာကိုလည်း အခုကြုံဖူးပြီ။
.
.
. အကြောင်းရင်းကို စေ့စေ့ငငလိုက်ကြည့်တော့ လေကြောင်းလိုင်းတွေက သနားဖို့ကောင်းတယ်။ သူတို့လက်မှတ်ရောင်းလိုက်တဲ့ငွေရဲ့ ( ကိန်းဂဏန်းအတိအကျကိုတာဝန်မယူပါ။ ဆက်လေ့လာရန် ) ( ၄၅% ) ခန့်ကို လေယာဉ်ကိုဆင်းသက်ခွင့်ပေးတဲ့လေဆိပ်က ဖြတ်ခုတ်ထားပါတယ်။ ဒီကြားထဲ အစိုးရ နဲ့ ပြည်နယ်တို့ရဲ့ ဘာအခွန်၊ ညာအခွန်ဆိုတောတွေက မဖြစ်မနေပေးရပြန်တော့ ဒေါ်လာ ( ၁ဝဝ ) နဲ့ ရောင်းတဲ့လက်မှတ်တစ်စောင်ဟာ လေကြောင်းလိုင်းရဲ့ဘဏ်စာရင်းထဲအရောက်မှာ ( ၄၅ ) ဒေါ်လာလောက်ပဲကျန်တယ်။ တစ်ဝက်ခ သာသာပဲရတဲ့သဘောပေါ့။
.
. ဒါကြောင့် သူတို့ဟာ ခရီးသည်တွေကို လေယာဉ်ပေါ်မှာ အင်တာနက်ရောင်းတယ်။ မိနစ် ( ၃ဝ ) သုံးဖို့ ($7.50) ၊ ခရီးစဉ်အဆုံးအထိကြိုက်သလောက်သုံး ($26.95) ၊ ခရီးလမ်းတစ်လျှောက်လုံး ဖုန်းပြောလို့မရဘူး၊ ဓါတ်ပုံတွေဖွင့်လို့မရဘူး ဒါပေမယ့် အသားကုန်မက်ဆေ့ပို့လို့ရတဲ့ Messaging Pass ဆိုရင် ($2.95) အပြင် တစ်ရက်လုံး ( ၂၄ ) နာရီခံအောင် ($36.95) အင်တာနက်ဆိုတာတွေကို ရောင်းစားတာပေါ့။ ဒါက လေထဲရောက်မှရောင်းတာ။
.
.
. နောက်တစ်ခုက လေယာဉ်လက်မှတ်ဝယ်တုန်းက အပေါက်ဝမှာတန်းမစီချင်ရင် VIP Pass က ဘယ်လောက်၊ ခရီးသွားအာမခံဝယ်ရင် ဘယ်လောက်၊ သူတို့လေကြောင်းလိုင်းကထုတ်တဲ့ အကြွေးဝယ်ကဒ်ပြားလျှောက်ရင် ပေးမယ့်ဒေါ်လာကဘယ်လောက်၊ ဒါမှမဟုတ် လေယာဉ်လက်မှတ်အပြင် ဟော်တယ်မှာဦးမလား? အခန်းငှားဦးမလား? ကားရော ပါသေးလား? ဆိုတာတွေရဲ့အပိုဝန်ဆောင်မှုကွန်ယက်တွေကနေ ခရီးသည်တွေဆိုက မမြင်ရတဲ့ပိုက်ဆံ - Hidden Charge တွေကို သတိထားတတ်ရင် ငွေပိုငွေလျှံအထွက်နည်းပြီးသက်သက်သာသာခရီးသွားနိုင်ပါတယ်။
.
. ဒါတွေကိုလေ့လာရင်း နေရာတကာမှာ ပလပ်စတစ်ဘဏ်ကဒ် ဒါမှမဟုတ် အွန်လိုင်းငွေကြေးက အမေရိကားရဲ့စီးပွားရေးကို မီးကုန်ယမ်းကုန်ပုခုံးထမ်းတင်မောင်းနှင်နေတာကို သိလာရတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အကျိုးအမြတ်များနိုင်တဲ့ အပန်းဖြေခရီးစဉ်တွေ၊ နိုင်ငံခြားကဝင်လာမယ့် ပတ်စီးခရီးစဉ် - Package တွေကို ပုတ်ပြတ် - Contract ခွဲဝေရောင်းချခြင်းတွေကို နိုင်ငံအချင်းချင်းပူးပေါင်းဆက်ဆံ လုပ်ကိုင်လာကြတယ်။
.
.
. သူတို့လှည့်ကွက်တွေကနေရုန်းထွက်ရတာ ရှောင်လင်သိုင်းလေ့ကျင့်ရလောက်အောင်မခက်ခဲပါဘူး။ လေ့လာအားလည်းရှိမယ်၊ ဘဏ်အချက်အလက်တွေလည်းပြည့်စုံမယ်၊ အင်တာနက် ဝက်ဆိုဒ်တွေကို နည်းမှန်လမ်းမှန်အသုံးချတတ်တယ်ဆိုရင် မိတ်ဆွေ အမေရိကားမှာ အချိန်ခဏလေးအတွင်း လေယာဉ်စီးတတ်သွားမှာ အာမခံပါတယ်။
.
. ခင်လျက်
. ခရီးထွက်နေသူ
. ကိုညီညီ ( တောင်ကြီး )
. 05-20-2017

No comments: