ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, November 3, 2017

Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ စ-ဆံုး



ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
"Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၁)"
. အလုပ္အမ်ိဳးမ်ိဳး၊ ပညာေရးအဆင္႕ဆင္႕နဲ႕ လူငယ္ဘဝၾကီးျပင္းမႈဘဝေတြမတူတဲ႕အခါ ႏုိင္ငံရပ္ျခားေရာက္လာတဲ႕ျမန္မာေတြရဲ႕ခံယူခ်က္ေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ကြဲျပားၾကပါတယ္။ တစ္ခ်ိဳ႕က ဘဝရပ္တည္မႈက ပဓာန၊ တစ္ခ်ိဳ႕က ပညာေရးသာ အဓိက၊ တစ္ခ်ိဳ႕က်ျပန္ေတာ႕ ရရစားစားသြားသြားလာလာ နဲ႕ အလုပ္ခြင္မွာ နာရီၾကည္႕ရင္း ေသာၾကာေန႕နားရက္ေရာက္ဖို႕ကုိသာ ေစာင္႕ေမွ်ာ္ေနတတ္ၾကပါတယ္။
.
. အခုလို အေမရိကန္ႏိုင္ငံကို ေျပာင္းေရႊ႕အေျခခ်ႏုိင္ဖို႕ကြန္ပ်ဴတာကံစမ္းမဲစံနစ္နဲ႕ေရြးခ်ယ္တဲ႕ DV - Electronic Diversity Visa Lottery တင္ခြင္႕ရွိတဲ႕ ႏွစ္တစ္ႏွစ္ရဲ႕ေနာက္ပိုင္းနား ႏိုဝင္ဘာလေရာက္လာရင္ လူငယ္ေတြၾကားမွာ ျပည္တြင္းျပည္ပမခြဲျခားပဲ ေဆြးေႏြးမႈေတြကို မျပတ္တမ္းၾကားလာရတယ္။
.
.
. ဒီအထဲမွာ စာရြက္စာတမ္းလိုအပ္ခ်က္မျပည္႕စံုလို႕ KCC - Kentucky Consular Center နဲ႕ ဆက္သြယ္တဲ႕ေနရာေတြမွာအခက္အခဲရွိေနတာမ်ိဳး၊ ေမြးစာရင္းမရွိ၊ နာမယ္စာလံုးေပါင္းအမွား အေရွ႕အေနာက္လြဲ၊ ကေလးနာမယ္တိုး . . စတဲ႕ အေသးအဖြဲျပင္ဆင္ခ်က္ေတြရွိေနတာမ်ိဳးအျပင္ ေရြးခ်ယ္ခံထားရလုိ႕ သံရံုးရဲ႕အင္တာဗ်ဴးေခၚစာကုိ Confirmation Number စာရြက္ေလးကိုင္ျပီးေစာင္႕ေနရသူေတြမွာ DV ဆိုတာ ျမင္ရံုသာမျဖစ္ရေအာင္ ရင္ခုန္သံအျပည္႕နဲ႕ပါ။

.
. ေနာက္ပိုင္းပုိျမန္လာတဲ႕ရင္တြင္းလိႈက္သံက အေမရိကားကုိသြားေနမယ္႕လိပ္စာ (ဒီေနရာမွာတစ္ခ်ိဳ႕က စပြန္ဆာ၊ တစ္ခ်ိဳ႕က လိပ္စာသာလိုတယ္၊ တစ္ခ်ိဳ႕က က်မ္းက်ိမ္လႊာ - အက္ဖီေဒးဗစ္ - Affidavit လုိပါတယ္ဆိုျပီး ဝိဝါဒကြဲျပားၾကတယ္) ရွာဖို႕ နဲ႕ "ဘယ္ျပည္နယ္ ဘယ္ျမိဳ႕မွာသြားေနရင္ ငါ႕အၾကိဳက္နဲ႕ကိုက္ညီမလဲ?" ဆုိတာေတြေၾကာင္႕ ျဖစ္ပါတယ္။
.
.
. ဒါေတြကုိ "DV ေပါက္ေပမယ္႕လုိေနတဲ႕အကူအညီ" ေဆာင္းပါးမွာေရးျပျပီးသားျဖစ္လုိ႕ အက်ယ္မဖြင္႕ေတာ႕ပါ။ ေရၾကည္ရာျမက္ႏုရာရွာတဲ႕ေနရာမွာ ဘယ္ေလာက္ၾကည္တဲ႕ေရရွိတဲ႕ေနရာမွာ ဘယ္ေလာက္စိမ္းတဲ႕ျမက္ကို ကိုယ္ၾကိဳက္ႏွစ္သလဲဆုိတာအျပင္ ကိုယ္က အေမရိကန္ေရကုိ ဘယ္ခြက္နဲ႕ခပ္ေသာက္မွာလဲဆုိတာက ေမးစရာရွိလာျပန္ပါတယ္။
.
. ေဆြးမ်ိဳးမိတ္သဂၤဟရွိသူနားသြားရတာ အကူအညီရေပမယ္႕ ေရရွည္ဆိုရင္အားနာစရာေကာင္းလွတယ္။ ဒါ႕အျပင္ အြန္လိုင္းသံုးရင္းသိကြ်မ္းခင္မင္လာတဲ႕မိတ္ေဆြကုိ ေနဖုိ႕အိမ္ရွာေပးဦးဟ . . ေမာင္းဖုိ႕ကားဝယ္ေပးဦးဟ . . ရံုးစာရြက္ေတြျဖည္႕ေပးပါဦးကြ . . လို႕ တက်ီက်ီ အကူအညီေတာင္းရတာလည္း သိပ္ဟန္က်မယ္႕အေျခအေနေတာ႕ ျဖစ္မလာႏုိင္ျပန္ပါဘူး။
.
.
. ဒါေၾကာင္႕ အကူအညီေပးသူရွိတဲ႕အေမရိကားေျပာင္းေရႊ႕ဘဝက အင္မတန္သက္သာပါတယ္လုိ႕ ကြ်န္ေတာ္အျမဲေရးေလ႕ရွိပါတယ္။ အခုလည္း ကိုယ္က "ေစတနာ ေမတၱာေရွ႕ထား၍ အမိေျမႏွင္႕ေဝးေနခုိက္ မိမိသိထားသမွ်၊ ေလ႕လာမိသမွ်ကို အနာဂါတ္လူငယ္မ်ား အသိပညာတိုးတက္ေစရန္" ဆုိတဲ႕ ကြ်န္ေတာ႕ခံယူခ်က္အတိုင္း ကြ်န္ေတာ္သိတဲ႕ကယ္လီဖိုးနီးယားျပည္နယ္ ပင္လယ္ေအာ္ေဒသ - Bay Area ကို ဘာေၾကာင္႕ေျပာင္းေရႊ႕လာသင္႕ေၾကာင္းကုိ အေသးစိတ္ေရးသားရင္း အပိုင္းဆက္ေတြခြဲတင္သြားမွာျဖစ္ပါတယ္။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 11-02-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၁)"
. အလုပ်အမျိုးမျိုး၊ ပညာရေးအဆင့်ဆင့်နဲ့ လူငယ်ဘဝကြီးပြင်းမှုဘဝတွေမတူတဲ့အခါ နိုင်ငံရပ်ခြားရောက်လာတဲ့မြန်မာတွေရဲ့ခံယူချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ကွဲပြားကြပါတယ်။ တစ်ချို့က ဘဝရပ်တည်မှုက ပဓာန၊ တစ်ချို့က ပညာရေးသာ အဓိက၊ တစ်ချို့ကျပြန်တော့ ရရစားစားသွားသွားလာလာ နဲ့ အလုပ်ခွင်မှာ နာရီကြည့်ရင်း သောကြာနေ့နားရက်ရောက်ဖို့ကိုသာလျှင် စောင့်မျှော််နေတတ်ကြပါတယ်။
.
. အခုလို အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချနိုင်ဖို့ကွန်ပျူတာကံစမ်းမဲစံနစ်နဲ့ရွေးချယ်တဲ့ DV - Electronic Diversity Visa Lottery တင်ခွင့်ရှိတဲ့ နှစ်တစ်နှစ်ရဲ့နောက်ပိုင်းနား နိုဝင်ဘာလရောက်လာရင် လူငယ်တွေကြားမှာ ပြည်တွင်းပြည်ပမခွဲခြားပဲ ဆွေးနွေးမှုတွေကို မပြတ်တမ်းကြားလာရတယ်။
.
.
. ဒီအထဲမှာ စာရွက်စာတမ်းလိုအပ်ချက်မပြည့်စုံလို့ KCC - Kentucky Consular Center နဲ့ ဆက်သွယ်တဲ့နေရာတွေမှာအခက်အခဲရှိနေတာမျိုး၊ မွေးစာရင်းမရှိ၊ နာမယ်စာလုံးပေါင်းအမှား အရှေ့အနောက်လွဲ၊ ကလေးနာမယ်တိုး . . စတဲ့ စတဲ့ အသေးအဖွဲပြင်ဆင်ချက်တွေရှိနေတာမျိုးအပြင် ရွေးချယ်ခံထားရလို့ သံရုံးရဲ့အင်တာဗျူးခေါ်စာကို Confirmation Number စာရွက်လေးကိုင်ပြီးစောင့်နေရသူတွေမှာ DV ဆိုတာ မြင်ရုံသာမဖြစ်ရအောင် ရင်ခုန်သံအပြည့်နဲ့ပါ။
.
. နောက်ပိုင်းပိုမြန်လာတဲ့ရင်တွင်းလှိုက်သံက အမေရိကားကိုသွားနေမယ့်လိပ်စာ (ဒီနေရာမှာတစ်ချို့က စပွန်ဆာ၊ တစ်ချို့က လိပ်စာသာလိုတယ်၊ တစ်ချို့က ကျမ်းကျိမ်လွှာ - အက်ဖီဒေးဗစ် - Affidavit လိုပါတယ်ဆိုပြီး ဝ်ိဝါဒကွဲပြားကြတယ်) ရှာဖို့ နဲ့ "ဘယ်ပြည်နယ် ဘယ်မြို့မှာသွားနေရင် ငါ့အကြိုက်နဲ့ကိုက်ညီမလဲ?" ဆိုတာတွေကြောင့် ဖြစ်ပါတယ်။
.
.
. ဒါတွေကို "DV ပေါက်ပေမယ့်လိုနေတဲ့အကူအညီ" ဆောင်းပါးမှာရေးပြပြီးသားဖြစ်လို့ အကျယ်မဖွင့်တော့ပါ။ ရေကြည်ရာမြက်နုရာရှာတဲ့နေရာမှာ ဘယ်လောက်ကြည်တဲ့ရေရှိတဲ့နေရာမှာ ဘယ်လောက်စိမ်းတဲ့မြက်ကို ကိုယ်ကြိုက်နှစ်သလဲဆိုတာအပြင် ကိုယ်က အမေရိကန်ရေကို ဘယ်ခွက်နဲ့ခပ်သောက်မှာလဲဆိုတာက မေးစရာရှိလာပြန်ပါတယ်။
.
. ဆွေးမျိုးသင်္ဂဟရှိသူနားသွားရတာ အကူအညီရပေမယ့် ရေရှည်ဆိုရင်အားနာစရာကောင်းလှတယ်။ ဒါ့အပြင် အွန်လိုင်းသုံးရင်းသိကျွမ်းခင်မင်လာတဲ့မိတ်ဆွေကို နေဖို့အိမ်ရှာပေးဦးဟ . . မောင်းဖို့ကားဝယ်ပေးဦးဟ . . ရုံးစာရွက်တွေဖြည့်ပေးပါဦးကွ . . လို့ တကျီကျီ အကူအညီတောင်းရတာလည်း သိပ်ဟန်ကျမယ့်အခြေအနေတော့မဖြစ်လာနိုင်ပြန်ဘူး။
.
.
. ဒါကြောင့် အကူအညီပေးသူရှိတဲ့အမေရိကားပြောင်းရွှေ့ဘဝက အင်မတန်သက်သာပါတယ်လို့ ကျွန်တော်အမြဲရေးလေ့ရှိပါတယ်။ အခုလည်း ကိုယ်က "စေတနာ မေတ္တာရှေ့ထား၍ အမိမြေနှင့်ဝေးနေခိုက် မိမိသိထားသမျှ၊ လေ့လာမိသမျှကို အနာဂါတ်လူငယ်များ အသိပညာတိုးတက်စေရန်" ဆိုတဲ့ ကျွန်တော့ခံယူချက်အတိုင်း ကျွန်တော်သိတဲ့ကယ်လီဖိုးနီးယားပြည်နယ် ပင်လယ်အော်ဒေသ - Bay Area ကို ဘာကြောင့်ပြောင်းရွှေ့လာသင့်ကြောင်းကို အသေးစိတ်ရေးသားရင်း အပိုင်းဆက်တွေခွဲတင်သွားမှာဖြစ်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-02-2017

.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၂)"
.           Bay Area အေၾကာင္းထဲထဲဝင္ဝင္မေျပာခင္ မိခင္ကယ္လီဖိုးနီးယား - California ျပည္နယ္အေၾကာင္းကို ပံုၾကီးခ်ဲ႕ၾကည္႕ရေအာင္ . .။ ကြ်န္ေတာ္မေရာက္ဖူးတဲ႕ အေရွ႕ဘက္ျခမ္းနယူးေယာက္ျမိဳ႕ဝန္းက်င္ထက္ ကြ်န္ေတာ္အေျခခ်ဖူးတဲ႕ေနရာအနီးကအေၾကာင္းေတြ ေရးရ ေျပာရတာ စိတ္ရွင္းတယ္ . . အားရွိတယ္ . . ကိုယ္႕ဟာကိုယ္ယံုၾကည္မႈ ပိုရတယ္။
.
.          ကယ္လီဖိုးနီးယားျပည္နယ္ဟာ တစ္ခ်ိန္တုန္းက မကၠဆီကုိနယ္ေျမ - Territory ျဖစ္တာနဲ႕အညီ စပိန္ - Spanish စကားေျပာႏုိင္သူအမ်ားအျပားရွိေနတဲ႕ျပည္နယ္လို႕ ေျပာလို႕ရတယ္။ ေအးျမတဲ႕ရာသီဥတုရွိတဲ႕ေနရာေတြမ်ားသလို တစ္ႏွစ္ပတ္လံုးေနေရာင္ျခည္ကိုျမင္ေတြ႕ခြင္႕ရတဲ႕ရက္က တစ္ေနရာနဲ႕တစ္ေနရာမတူပါဘူး။ အထူးသျဖင္႕ ဆန္ဖရန္စစၥကိုေဒသမွာ (၂၅၉) ရက္ျမင္ရျပီးေတာ႕ ကယ္လီဖိုးနီးယားခ်င္းအတူတူ အနည္းငယ္အပူပိုင္းထဲက်တဲ႕ ေလာ႕စ္အိမ္႕ဂ်လိစ္ - L.A ျမိဳ႕မွာက်ေတာ႕ (၂၈၄) ရက္ ေနကုိျမင္ရတယ္လို႕ဆိုပါတယ္။
.
.
.          ဒီအခ်င္းအရာေတြက "Why California? - မင္းတုိ႕ကယ္လီဘက္ကို ဘာေၾကာင္႕လာေနရမွာလဲ?" ဆိုတဲ႕ေမးခြန္းကို အစိတ္အပိုင္းတစ္ခုအေနနဲ႕ေျဖေပးသြားႏိုင္မယ္လို႕ယံုၾကည္ပါတယ္။ အေၾကာင္းကေတာ႕ ၾကီးမားက်ယ္ျပန္႕တဲ႕အေမရိကန္ျပည္ေထာင္စုရဲ႕ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ပူရင္အရမ္းျပင္း . . ေအးရင္ ခဲတုန္ . . ေနရာေတြကအမ်ားသားမဟုတ္လား . .။
.
.          Bay Area မွာ စုစုေပါင္းျမိဳ႕ဘယ္ႏွစ္ျမိဳ႕ရွိသလဲဆုိတာကိုမေလ႕လာခင္ သူ႕ဆီမွာ Alameda, Contra Costa, Marin, Napa, San Francisco, San Mateo (ဆန္မေထးရုိ ဟု ဖတ္ပါသည္), Santa Clara, Solano, and Sonoma စတဲ႕ ခရုိင္ (၉) ခုရွိတာကိုအရင္မွတ္ထားေစခ်င္တယ္။ ဒီထဲမွာ Napa နဲ႕ Sonoma ေကာင္တီ - County ေတြက ဟုိတစ္ေလာကမီးေလာင္တဲ႕အထဲမွာပါသြားေတာ႕ ေလပင္႕ရာမီးလိုက္ေလာင္ဆုိသလို ကံဆုိးမီးစာက်တဲ႕ဒဏ္ကိုခံခဲ႕ၾကရတာေပါ႕။
.
.
.          တကယ္တမ္း ကယ္လီဖုိးနီးယားတစ္ခုလံုးမွာ မစုိက္ပ်ိဳးရေသးတဲ႕၊ စုိက္ပ်ိဳးလို႕မရတဲ႕၊ ေနအိမ္ျခံကြက္မေဖာ္ေဆာင္ရေသးတဲ႕ ေျမလြတ္ ေျမရိုင္း ေက်ာက္ေဆာင္ျပိဳင္းျပိဳင္းေတြ ဧကေပါင္းေျမာက္မ်ားစြာက်န္ေနပါေသးတယ္။ ဒါေတြက ကြ်န္ေတာ္တုိ႕လုိ ေျပာင္းေရႊ႕လူသားေတြနဲ႕မဆိုင္ေပမယ္႕ လူစည္ကားတဲ႕ အလုပ္လုပ္စရာျမိဳ႕ေတြကေတာ႕ အသစ္ေျပာင္းေရႊ႕လာမယ္႕ New Immigrants တို႕နဲ႕သက္ဆုိင္ပါတယ္။ အဲဒီထဲမွာ ဇကာစစ္ထုတ္ႏႈတ္ျပသရရင္ . .
.
.          Sacramento (Capital of California)
.          ႏိုင္ငံအရပ္ရပ္က ကယ္လီဖိုးနီးယားရဲ႕ျမိဳ႕ေတာ္ ဆန္ခရမ္မင္းတို - Sacramento ျမိဳ႕ထက္စာရင္ ဆန္ဖရန္စစၥကို - San Francisco ျမိဳ႕ကို အသိမ်ားၾကတယ္။ ျမီဳ႕ေတာ္က အစုိးရမင္းရံုးစုိက္သမုိ႕ ရံုးကိစၥ၊ စာရြက္စာတမ္းကိစၥ နဲ႕ စာရင္းကိုင္အလုပ္ေပါမ်ားတယ္လို႕သိထားၾကေပမယ္႕ ကားအေရာင္းအဝယ္၊ ကားပညာသိပၸံ၊ ကားအေဟာင္းအလဲအထပ္၊ အရည္မက်ိဳခင္ကားအေရာင္းအဝယ္၊ တိုက္ကားတစ္စီးလံုးအစိတ္အပိုင္း ျဖဳတ္-ထုတ္-ဆင္ အြန္လုိင္းေရာင္းဝယ္ေဖာက္ကားမႈေတြရဲ႕စုစည္းရာဆုိတာ သိပ္မသိၾကဘူး။
.
.          အဓိက ပင္လယ္ဆိပ္ကမ္းရွိမႈ မရွိမႈ နဲ႕ ကုန္းတြင္းက်မႈတို႕က စကားေျပာသြားတာေနပါလိမ္႕မယ္။ ဆိပ္ကမ္းသာတဲ႕ပင္လယ္ျပာ ဆန္ဖရန္စစၥကိုျမိဳ႕ကေန ျမိဳ႕ေတာ္ၾကီးကိုသြားဖို႕ ကားနဲ႕ (၂) နာရီေမာင္းရတာက လူေတြစိတ္ညစ္ၾကတဲ႕အတားအဆီးတစ္ခုေပါ႕။ ဒါေၾကာင္႕ ကားလမ္းၾကပ္တာကိုထည္႕မတြက္ရင္ေတာင္ ျမိဳ႕ေတာ္မွာေနျပီး ဆန္ဖရန္ဘက္မွာအလုပ္လာလုပ္ဖို႕က  . . အိမ္နဲ႕အလုပ္အသြားအျပန္ တစ္ရက္ကို (၄) နာရီေက်ာ္ၾကာမယ္ဆုိေတာ႕ ဘဝရဲ႕အခ်ိန္ေတြကုိ ႏုိင္လြန္ကတၱရာလမ္းေပၚမွာသာ ကုန္လြန္သြားဖြယ္ရာရွိေနပါတယ္။
.
.
.          အားသာခ်က္တစ္ခုက အဲဒီေဒသကလူေတြက ပိုၾကင္နာၾကတယ္။ ေနာက္ေနာက္ေျပာင္ေျပာင္ေျဖတတ္သူတစ္ေယာက္က "ငါတို႕ ျမိဳ႕ေတာ္သူေတြက ပိုၾကင္နာၾကမွာေပါ႕ . . ကားလမ္းၾကပ္တဲ႕အထဲမွာမွ မေနတာကိုး" လုိ႕ ကြ်န္ေတာ႕ကိုေျပာျပဖူးတယ္။ ေနာက္တစ္ခုက ေက်ာင္း . . ျပီးေတာ႕  တကၠသိုလ္ . .။
.
.          ဆန္ခရမ္မင္းတုိ ကေန (၄၅) မိနစ္ေလာက္၊ ဆန္ဖရန္ကေနဆိုရင္ (၁) နာရီေက်ာ္ေက်ာ္ေလာက္မွာ ေဒးဗစ္စ္ - Davis ဆိုတဲ႕ျမိဳ႕မွာ UC Davis တကၠသိုလ္ရွိတယ္။ ဒီေက်ာင္းဝင္ခြင္႕ရဖို႕ကို သတ္မွတ္ခ်က္ - Requirement ေတြက နည္းနည္းေနာေနာမဟုတ္တာ ေက်ာင္းအေၾကာင္းေတြေရးျပီးထားတဲ႕အထဲမွာ ကြ်န္ေတာ္ထည္႕ေျပာခဲ႕ပါေသးတယ္။ ေဆးဝါးဘာသာရပ္ေကာင္းတယ္၊ တိ-ေမြး-ကု နာမယ္ၾကီးတယ္၊ သြားဘက္ဆိုင္ရာတကၠသိုလ္ အထင္အရနာမယ္ရတယ္။
.
.
.          အိမ္ေစ်းသက္သာတဲ႕အခ်က္တစ္ခုက အခုေျပာေနတဲ႕ေျခာက္ေသြ႕ျမိဳ႕ေတာ္ၾကီးမွာသြားေနဖို႕ ဆြဲေဆာင္မႈတစ္ခုျဖစ္လာေနပါတယ္။ Bay Area မွာ ဘယ္ေနရာမွာမဆို ေဒၚလာ (၇) သိန္းေလာက္ေပးရတဲ႕အိမ္နဲ႕ပံုစံတူကို ဆန္ခရမ္မင္းတို မွာ (၄) သိန္းေလာက္နဲ႕ရတယ္လုိ႕ ေၾကာ္ျငာေတြမၾကာခဏလာတယ္။ ကြ်န္ေတာ္ေဖာ္ျပလို႕မစြမ္းသာတဲ႕ က်န္ရွိေနတဲ႕ျမိဳ႕ရဲ႕အေသးစိတ္အပုိင္းေတြကုိေတာ႕ ျမိဳ႕ခံတစ္ေယာက္က ေျပာျပေပးရင္ ပိုျပည္႕စံုသြားပါလိမ္႕မယ္။

.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 11-04-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၂)"
. Bay Area အကြောင်းထဲထဲဝင်ဝင်မပြောခင် မိခင်ကယ်လီဖိုးနီးယား - California ပြည်နယ်အကြောင်းကို ပုံကြီးချဲ့ကြည့်ရအောင် . .။ ကျွန်တော်မရောက်ဖူးတဲ့ အရှေ့ဘက်ခြမ်းနယူးယောက်မြို့ဝန်းကျင်ထက် ကျွန်တော်အခြေချဖူးတဲ့နေရာအနီးကအကြောင်းတွေ ရေးရ ပြောရတာ စိတ်ရှင်းတယ် . . အားရှိတယ် . . ကိုယ့်ဟာကိုယ်ယုံကြည်မှု ပိုရတယ်။
.
. ကယ်လီဖိုးနီးယားပြည်နယ်ဟာ တစ်ချိန်တုန်းက မက္ကဆီကိုနယ်မြေ - Territory ဖြစ်တာနဲ့အညီ စပိန် - Spanish စကားပြောနိုင်သူအများအပြားရှိနေတဲ့ပြည်နယ်လို့ ပြောလို့ရတယ်။ အေးမြတဲ့ရာသီဥတုရှိတဲ့နေရာတွေများသလို တစ်နှစ်ပတ်လုံးနေရောင်ခြည်ကိုမြင်တွေ့ခွင့်ရတဲ့ရက်က တစ်နေရာနဲ့တစ်နေရာမတူပါဘူး။ အထူးသဖြင့် ဆန်ဖရန်စစ္စကိုဒေသမှာ (၂၅၉) ရက်မြင်ရပြီးတော့ ကယ်လီဖိုးနီးယားချင်းအတူတူ အနည်းငယ်အပူပိုင်းထဲကျတဲ့ လော့စ်အိမ့်ဂျလိစ် - L.A မြို့မှာကျတော့ (၂၈၄) ရက် နေကိုမြင်ရတယ်လို့ဆိုပါတယ်။
.
.
. ဒီအချင်းအရာတွေက "Why California? - မင်းတို့ကယ်လီဘက်ကို ဘာကြောင့်လာနေရမှာလဲကွ?" ဆိုတဲ့မေးခွန်းကို အစိတ်အပိုင်းတစ်ခုအနေနဲ့ဖြေပေးသွားနိုင်မယ်လို့ယုံကြည်ပါတယ်။ အကြောင်းကတော့ ကြီးမားကျယ်ပြန့်တဲ့အမေရိကန်ပြည်ထောင်စုရဲ့နေရာတော်တော်များများမှာ ပူရင်အရမ်းပြင်း . . အေးရင် ခဲတုန် . . နေရာတွေကအများသားမဟုတ်လား . .။
.
. Bay Area မှာ စုစုပေါင်းမြို့ဘယ်နှစ်မြို့ရှိသလဲဆိုတာကိုမလေ့လာခင် သူ့ဆီမှာ Alameda, Contra Costa, Marin, Napa, San Francisco, San Mateo (ဆန်မထေးရို ဟု ဖတ်ပါသည်), Santa Clara, Solano, and Sonoma စတဲ့ ခရိုင် (၉) ခုရှိတာကိုအရင်မှတ်ထားစေချင်တယ်။ ဒီထဲမှာ Napa နဲ့ Sonoma ကောင်တီ - County တွေက တစ်လောကမီးလောင်တဲ့အထဲမှာပါသွားတော့ လေပင့်ရာမီးလိုက်လောင်ဆိုသလို ကံဆိုးမီးစာကျတဲ့ဒဏ်ကိုခံခဲ့ကြရတာပေါ့။
.
.
. တကယ်တမ်း ကယ်လီဖိုးနီးယားတစ်ခုလုံးမှာ မစိုက်ပျိုးရသေးတဲ့၊ စိုက်ပျိုးလို့မရတဲ့၊ နေအိမ်ခြံကွက်မဖော်ဆောင်ရသေးတဲ့ မြေလွတ် မြေရိုင်း ကျောက်ဆောင်ပြိုင်းပြိုင်းတွေ ဧကပေါင်းမြောက်များစွာကျန်နေပါသေးတယ်။ ဒါတွေက ကျွန်တော်တို့လို ပြောင်းရွှေ့လူသားတွေနဲ့မဆိုင်ပေမယ့် လူစည်ကားတဲ့ အလုပ်လုပ်စရာမြို့တွေကတော့ အသစ်ပြောင်းရွှေ့လာမယ့် New Immigrants တို့နဲ့သက်ဆိုင်ပါတယ်။ အဲဒီထဲမှာ ဇကာစစ်ထုတ်နှုတ်ပြသရရင် . .
.
. Sacramento (Capital of California)
. နိုင်ငံအရပ်ရပ်က ကယ်လီဖိုးနီးယားရဲ့မြို့တော် ဆန်ခရမ်မင်းတို - Sacramento မြို့ထက်စာရင် ဆန်ဖရန်စစ္စကို - San Francisco မြို့ကို အသိများကြတယ်။ မြီု့တော်က အစိုးရမင်းရုံးစိုက်သမို့ ရုံးကိစ္စ၊ စာရွက်စာတမ်းကိစ္စ နဲ့ စာရင်းကိုင်အလုပ်ပေါများတယ်လို့သိထားကြပေမယ့် ကားအရောင်းအဝယ်၊ ကားပညာသိပ္ပံ၊ ကားအဟောင်းအလဲအထပ်၊ အရည်မကျိုခင်ကားအရောင်းအဝယ်၊ တိုက်ကားတစ်စီးလုံးအစိတ်အပိုင်း ဖြုတ်-ထုတ်-ဆင် အွန်လိုင်းရောင်းဝယ်ဖောက်ကားမှုတွေရဲ့စုစည်းရာဆိုတာ သိပ်မသိကြဘူး။
.
. အဓိက ပင်လယ်ဆိပ်ကမ်းရှိမှု မရှိမှု နဲ့ ကုန်းတွင်းကျမှုတို့က စကားပြောသွားတာနေပါလိမ့်မယ်။ ဆိပ်ကမ်းသာတဲ့ပင်လယ်ပြာ ဆန်ဖရန်စစ္စကိုမြို့ကနေ မြို့တော်ကြီးကိုသွားဖို့ ကားနဲ့ (၂) နာရီမောင်းရတာက လူတွေစိတ်ညစ်ကြတဲ့အတားအဆီးတစ်ခုပေါ့။ ဒါကြောင့် ကားလမ်းကြပ်တာကိုထည့်မတွက်ရင်တောင် မြို့တော်မှာနေပြီး ဆန်ဖရန်ဘက်မှာအလုပ်လာလုပ်ဖို့က . . အိမ်နဲ့အလုပ်အသွားအပြန် တစ်ရက်ကို (၄) နာရီကျော်ကြာမယ်ဆိုတော့ ဘဝရဲ့အချိန်တွေ နိုင်လွန်ကတ္တရာလမ်းပေါ်မှာသာ ကုန်လွန်သွားဖွယ်ရာရှိနေပါတယ်။
.
.
. အားသာချက်တစ်ခုက အဲဒီဒေသကလူတွေက ပိုကြင်နာကြတယ်။ နောက်နောက်ပြောင်ပြောင်ဖြေတတ်သူတစ်ယောက်က "ငါတို့ မြို့တော်သူတွေက ပိုကြင်နာကြမှာပေါ့ . . ကားလမ်းကြပ်တဲ့အထဲမှာမှ မနေတာကိုး" လို့ ကျွန်တော့ကိုပြောပြဖူးတယ်။ နောက်တစ်ခုက ကျောင်း . . တက္ကသိုလ် . .။
.
. ဆန်ခရမ်မင်းတို ကနေ (၄၅) မိနစ်လောက်၊ ဆန်ဖရန်ကနေဆိုရင် (၁) နာရီကျော်ကျော်လောက်မှာ ဒေးဗစ် - Davis ဆိုတဲ့မြို့မှာ UC Davis တက္ကသိုလ်ရှိတယ်။ ဒီကျောင်းဝင်ခွင့်ရဖို့ကိုလည်း သတ်မှတ်ချက် - Requirement တွေက နည်းနည်းနောနောမဟုတ်တာ ကျောင်းအကြောင်းတွေရေးပြီးထားတဲ့အထဲမှာ ကျွန်တော်ထည့်ပြောခဲ့ပါသေးတယ်။ ဆေးဝါးဘာသာရပ်ကောင်းတယ်၊ တိ-မွေး-ကု နာမယ်ကြီးတယ်၊ သွားဘက်ဆိုင်ရာတက္ကသိုလ် အထင်အရနာမယ်ရတယ်။
.
.
. အိမ်စျေးသက်သာတဲ့အချက်တစ်ခုက အခုပြောနေတဲ့ခြောက်သွေ့မြို့တော်ကြီးမှာသွားနေဖို့ ဆွဲဆောင်မှုတစ်ခုဖြစ်လာနေပါတယ်။ Bay Area မှာ ဘယ်နေရာမှာမဆို ဒေါ်လာ (၇) သိန်းလောက်ပေးရတဲ့အိမ်နဲ့ပုံစံတူကို ဆန်ခရမ်မင်းတို မှာ (၄) သိန်းလောက်နဲ့ရတယ်လို့ ကြော်ငြာတွေမကြာခဏလာတယ်။ အခုအွန်လိုင်းပေါ်မှာ စာစရေးပြီးနောက်ပိုင်းသိလာတဲ့အထဲက လေးစားရတဲ့ မိတ်ဆွေ ကိုသူရထွန်း - @Thura Htun ဟာ မြို့တော်ကြီးမှာ နေပါတယ်။ ကျွန်တော်ဖော်ပြလို့မစွမ်းသာတဲ့ ကျန်ရှိနေတဲ့မြို့ရဲ့အသေးစိတ်အပိုင်းတွေကိုတော့ မြို့ခံတစ်ယောက်က ပြောပြပေးရင် ပိုပြည့်စုံသွားပါလိမ့်မယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-04-2017

.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၃)"
.           အပိုင္း (၂) ေရးျပီးသြားတဲ႕အထိ နာမယ္ၾကီးျမိဳ႕ေတြအေၾကာင္းမပါေသးေတာ႕
စာဖတ္သူေတြမခ်င္႕မရဲျဖစ္က်န္ရစ္တယ္ဆုိတာသိရပါတယ္။ အမွန္ပါပဲ . . အဝတ္အစား၊
ဖိနပ္၊ မ်က္မွန္၊ ပိုက္ဆံအိတ္ စတဲ႕ လူ႕အသံုးအေဆာင္ေတြမွာ နာမယ္ရရင္ ရသလုိ
ေစ်းၾကီးတတ္တာနဲ႕နည္းတူ နာမယ္ၾကီးတဲ႕ျမိဳ႕ေတြဟာလည္း
ေနထုိင္မႈကုန္က်စားရိတ္ျမင္႕မားပါတယ္။ ဒါေၾကာင္႕ အဆိုပါေနရာေတြမွာ
ေနထုိင္အေျခခ်ခ်င္ရင္ စိတ္မေျပာင္းပဲ အိပ္ေဖာင္းေဖာင္းနဲ႕လာေနမွ
ေတာ္ကာက်မယ္လို႕ ကနဦးကတည္းက စကားဦးတင္ထားပါရေစ။
.
.           Daly City
.
         ေဒးလီးစီးတီးဟာ ဆန္ဖရန္စစၥကိုျမိဳ႕နဲ႕အေတာ္ေလးကပ္လ်က္အေနအထားမွာ
ဆက္စပ္တည္ရွိပါတယ္။ ေတာင္ဆင္း၊ ေတာင္တက္၊ အေကြ႕၊ အပတ္လမ္းေတြကုိေရွာင္ျပီး
ျမဴႏွင္းေဖြးေဖြး ေဆာင္းေအးေအးမွာ ေစာင္ထဲမွာေကြးေနခ်င္ရင္ေတာ႕  Daly City
ဟာ မိတ္ေဆြေရြးခ်ယ္တဲ႕ျမိဳ႕တစ္ျမိဳ႕ျဖစ္လာႏုိင္ပါတယ္။
.
.          
(၂ဝ၁ဝ) စာရင္းအရ ေဒးလီးစီးတီးလူဦးေရရဲ႕ထက္ဝက္ဟာ
အာရွဖြားေရႊ႕ေျပာင္းေနထုိင္သူမ်ားျဖစ္တာကိုသိရွိရျပီး လူ (၁ဝဝ) မွာ ျမန္မာ
(၁.၈) ဦး ရွိတယ္ဆုိျပန္ေတာ႕ ျမန္မာ႕အားမာန္ကို
အေမရိကန္ေျမဆီလႊာမွာျမင္ရတဲ႕သေဘာလို႕ ယူဆလို႕ရေနပါတယ္ (ကိုးကား - Wiki)။
ေဒးလီးစီးတီးမွာသြားလာလႈပ္ရွားသမွ် ျမိဳ႕တစ္ဝက္သာသာကုိ
အျပင္ဘက္ကေနပင္လယ္ေရေတြကဝန္းရံေနေပမယ္႕
ပင္လယ္ကမ္းေျခခပ္နိမ္႕နိမ္႕ႏႈံးေျမႏုႏုမွာေနရတာမ်ိဳးမဟုတ္ပဲ ေက်ာက္ေဆာင္
ေက်ာက္ကမၻားၾကားမွာ ခပ္ေစာင္းေစာင္းေျမညွိျပီးေဆာက္ထားတဲ႕
လံုးခ်င္းအိမ္အမ်ားစုကုိ လွမ္းေတြ႕ႏုိင္ပါတယ္။
.
.
.          
သူ႕ျမိဳ႕ရဲ႕ပင္လယ္ကမ္းစပ္ဘက္ကုိေလွ်ာက္လုိက္ရင္ ကြ်န္ေတာ္ေတာ႕ျဖင္႕
ဘုရင္႕ေနာင္ရုပ္ထုၾကီးရွိတဲ႕ ေကာ႕ေသာင္းအငူကုိေရာက္သြားသလား
ျပန္ခံစားမိတယ္။ အဲဒီတစ္ဆက္တည္း ျမဴႏွင္းျဖဴျဖဴေတြၾကားကေန မျမင္ရတဲ႕
ပစိဖိတ္ကမ္းေျခဟုိးတစ္ဘက္ျခမ္းကို ေငးၾကည္႕ရတာ မ်က္စိ နဲ႕
မ်က္ႏွာေပၚမွာေအးခဲသေလာက္ ရင္ထဲမွာ အမိေျမနဲ႕ေဝးရတဲ႕ကိုယ္႕အျဖစ္ကို
ပူပူေႏြးေႏြးျပန္သံုးသပ္မိေနပါတယ္။
.
.          အရင္တုန္းကလူေတြဟာ
ေငြပုိလာရင္ Cow Palace မွာ ေငြသြားသံုးၾကတယ္လုိ႕ ေျပာစမွတ္ရွိၾကတယ္။
အခုေတာ႕ Cow Palace ေပ်ာ္ပြဲစားရံုဟာ အသြင္ေျပာင္းျပီး
အားကစားရံုအၾကီးၾကီးအေနနဲ႕ ပြဲလမ္းသလင္ေတြလက္ခံလုိ႕တစ္မ်ိဳး၊
ကြန္ဗင္းရွင္စင္တာအေနနဲ႕ေဟာေျပာပြဲေတြ၊ စတိတ္ရွိဳးေတြေဖ်ာ္ေျဖေပးလုိ႕တစ္ဖံု
ဆန္ဖရန္စစၥကုိ နဲ႕
ေဒးလီးစီးတီးနယ္နိမိတ္ကိုျခားထားေပးတဲ႕သေကၤတတစ္ခုျဖစ္လာပါတယ္။
.
.
.
         ဒါေပမယ္႕ ဒီဘက္ေခတ္မွာ
ဆန္ဖရန္စစၥကိုဘက္ကလွ်ံက်လာတဲ႕ေျပာင္းေရႊ႕လူအုပ္ၾကီးဟာ ဒီလိုေနရာေတြထက္
ေစ်းဝယ္စင္တာနဲ႕ ေရွာ႕ပင္းေမာေတြနဲ႕နီးတဲ႕နားေတြမွာအေနမ်ားၾကတယ္။ ျမိဳ႕ထဲ -
Downtown နဲ႕နီးေပမယ္႕ ေဒးလီးစီးတီးမွာ ကားမရွိရင္
ေျခေတာင္႕ေအာင္ေလွ်ာက္ရတတ္တယ္။ အလုပ္တက္ဖို႕ဆုိရင္လည္း အသြားေအးေအး
အျပန္ေအးေအးၾကားမွာ လူေတြရဲ႕ႏႈတ္ခမ္းေလးေတြကမႈတ္ထုတ္တဲ႕ ေလပူေငြ႕ေတြကုိေတာ႕
သက္ျပင္းခ်တယ္လို႕ယူဆလို႕မရျပန္ပါဘူး။
.
.            
ေဒးလီးစီးတီးျမိဳ႕ဟာ ဆန္မေထးရုိခရုိင္ - San Mateo County
ေအာက္ကအၾကီးဆံုးျမိဳ႕ျဖစ္ေပမယ္႕ မလွမ္းမကမ္းက
ဆန္ဖရန္စစၥကိုအျပည္ျပည္ဆုိင္ရာေလဆိပ္ - SFO ရွိတဲ႕ ဆန္ဘရူးႏုိ - San Bruno
ျမိဳ႕နဲ႕ လက္ခ်င္းဖက္တြယ္ပတ္ရံဝိုင္းေနပါတယ္။ အဲဒီရဲ႕အက်ိဳးဆက္အေနနဲ႕က
ဆန္မေထးရုိျမိ႕မွာရွိတဲ႕ College of San Mateo နဲ႕ ဆန္ဘရူးႏိုျမိဳ႕က
Skyline College တုိ႕ကေက်ာင္းသားေတြဟာ တစ္ေက်ာင္းကေန ေနာက္တစ္ေက်ာင္း
(ေနသည္႕ျမိဳ႕ေပၚမူတည္၍) ရထားျပီးတဲ႕ဘာသာရပ္ရဲ႕ယူနစ္ - Unit
ေတြကိုေရႊ႕ေျပာင္းသယ္ယူသြားျပီး ေက်ာင္းေျပာင္းတက္ႏုိင္တာက
သိပ္ေကာင္းပါတယ္။
.
.
.          တစ္ခုပဲရွိတယ္ . . San
Francisco, Pacifica, San Bruno, South San Francisco နဲ႕ Daly City
တုိ႕မွာအလုပ္မရပဲ ဟိုဘက္ကမ္းကိုကူးရျပီဆုိရင္ေတာ႕ အိမ္အျပန္ခရီးအတြက္
တံတားျဖတ္ခ (၅) ေဒၚလာကုိ
ေန႕စဥ္အလုပ္တက္ကုန္က်စားရိတ္ထဲမွာထည္႕တြက္ထားဖို႕လိုပါလိမ္႕မယ္။ ကားပူး -
Carpool စီးရင္း ကားစီးေဖာ္နဲ႕စကားတေျပာေျပာ အိမ္ျပန္တဲ႕အခါ
တံတားေပၚျဖတ္ရတဲ႕အလွက ဘာနဲ႕မွလဲမရတဲ႕ ကားၾကပ္တဲ႕ဒုကၡကုိ
တဒဂၤေမ႕ေပ်ာက္သြားေစမွာ အမွန္ပါဘဲ။
.
.          ဘယ္သူေတြ ဘာေျပာေျပာ . . Bay Area မွာ ျမန္မာမ်ားတယ္၊ လူေနထူထပ္တယ္၊ ထစ္ကနဲရွိ
ေလဆိပ္ - SFO ကေန ကမၻာၾကီးအျပင္ဘက္ကုိ
ညတြင္းခ်င္းပ်ံသန္းထုိးေဖာက္ထြက္သြားႏုိင္တယ္။ အနီးအနားမွာ
မီးခုိးထြက္တဲ႕စက္ရံုေရာ၊ စက္သံတိတ္ခရီးသြားလုပ္ငန္းေတြေရာ၊
နည္းပညာနဲ႕ပတ္သက္တဲ႕အရင္းအျမစ္ေတြေရာ သူ႕ေနရာနဲ႕သူ
ျမိဳ႕ပတ္ဝန္းက်င္ကုိခင္းက်င္းအလွဆင္ေနၾကတာေတြ႕ရပါလိမ္႕မယ္။
.
.
.        
ဒါေၾကာင္႕ ျမန္မာႏုိင္ငံကမိတ္ေဆြေတြရဲ႕မ်က္စိထဲမွာျမင္သာေအာင္
လားရွိဳးျမိဳ႕ရဲ႕ကုန္းတက္ ကုန္းဆင္းလမ္းေတြကိုအကြ်မ္းဝင္ျပီး
ေတာင္ၾကီးေဆာင္းတြင္းလုိ၊ ျပင္ဦးလြင္ရဲ႕ေအးက်င္က်င္ခံစားမႈမ်ိဳးနဲ႕
ေခ်ာင္းသာကမ္းေျခနားက ပင္လယ္လိႈင္းတုိ႕ရဲ႕ တစ္ခ်က္တစ္ခ်က္တိုက္လာတဲ႕
ပစိဖိတ္သမုဒၵရာရဲ႕
ေအးစက္စက္ေရမႈန္ေတြရဲ႕က်ီစားမႈတုိ႕နဲ႕ခံုမင္ခံစားခ်င္ရင္ေတာ႕
ကုန္က်စားရိတ္ကုိပါ သိပ္ပူပင္စရာမလိုဘူးဆုိပါရင္ ေဒးလီးစီးတီး - Daly City
ျမိဳ႕က အျမဲဆီးၾကိဳေနပါတယ္လုိ႕ ေျပာလုိက္ပါရေစ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 11-06-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၃)"
. အပိုင်း (၂) ရေးပြီးသွားတဲ့အထိ နာမယ်ကြီးမြို့တွေအကြောင်းမပါသေးတော့ စာဖတ်သူတွေမချင့်မရဲဖြစ်ကျန်ရစ်တယ်ဆိုတာသိရပါတယ်။ အမှန်ပါပဲ . . အဝတ်အစား၊ ဖိနပ်၊ မျက်မှန်၊ ပိုက်ဆံအိတ် စတဲ့ လူ့အသုံးအဆောင်တွေမှာ နာမယ်ရရင် ရသလို စျေးကြီးတတ်တာနဲ့နည်းတူ နာမယ်ကြီးတဲ့မြို့တွေဟာလည်း နေထိုင်မှုကုန်ကျစားရိတ်မြင့်မားပါတယ်။ ဒါကြောင့် အဆိုပါနေရာတွေမှာ နေထိုင်အခြေချချင်ရင် စိတ််မပြောင်းဘဲ အိပ်ဖောင်းဖောင်းနဲ့လာနေမှ တော်ကာကျမယ်လို့ ကနဦးကတည်းက စကားဦးတင်ထားပါရစေ။
.
. Daly City
. ဒေးလီးစီးတီးဟာ ဆန်ဖရန်စစ္စကိုမြို့နဲ့အတော်လေးကပ်လျက်အနေအထားမှာ ဆက်စပ်တည်ရှိပါတယ်။ တောင်ဆင်း၊ တောင်တက်၊ အကွေ့၊ အပတ်လမ်းတွေကိုရှောင်ပြီး မြူနှင်းဖွေးဖွေး ဆောင်းအေးအေးမှာ စောင်ထဲမှာကွေးနေချင်ရင်တော့ Daly City ဟာ မိတ်ဆွေရွေးချယ်တဲ့မြို့တစ်မြို့ဖြစ်လာနိုင်ပါတယ်။
.
. (၂ဝ၁ဝ) စာရင်းအရ ဒေးလီးစီးတီးလူဦးရေရဲ့ထက်ဝက်ဟာ အာရှဖွားရွှေ့ပြောင်းနေထိုင်သူများဖြစ််တာကိုသိရပြီး လူ (၁ဝဝ) မှာ မြန်မာ (၁.၈) ဦး ရှိတယ်ဆိုပြန်တော့ မြန်မာ့အားမာန်ကို အမေရိကန်မြေဆီလွှာမှာမြင်ရတဲ့သဘောလို့ ယူဆလို့ရနေပါတယ် (Wiki)။ ဒေးလီးစီးတီးမှာသွားလာလှုပ်ရှားသမျှ မြို့တစ်ဝက်သာသာကို အပြင်ဘက်ကနေပင်လယ်ရေတွေကဝန်းရံနေပေမယ့် ပင်လယ်ကမ်းခြေခပ်နိမ့်နိမ့်နှုံးမြေနုနုမှာနေရတာမျိုးမဟုတ်ပဲ ကျောက်ဆောင် ကျောက်ကမ္ဘားကြားမှာ ခပ်စောင်းစောင်းမြေညှိဆောက်ထားတဲ့ လုံးချင်းအိမ်အများစုကို လှမ်းတွေ့နိုင်ပါတယ်။
.
.
. သူ့မြို့ရဲ့ပင်လယ်ကမ်းစပ်ဘက်ကိုလျှောက်လိုက်ရင် ကျွန်တော်တော့ဖြင့် ဘုရင့်နောင်ရုပ်ထုကြီးရှိတဲ့ ကော့သောင်းအငူကိုရောက်သွားသလား ပြန်ခံစားမိတယ်။ အဲဒီတစ်ဆက်တည်း မြူနှင်းဖြူဖြူတွေကြားကနေ မမြင်ရတဲ့ ပစိဖိတ်ကမ်းခြေဟိုးတစ်ဘက်ခြမ်းကို ငေးကြည့်ရတာ မျက်စိ နဲ့ မျက်နှာပေါ်မှာအေးခဲသလောက် ရင်ထဲမှာ အမိမြေနဲ့ဝေးရတဲ့ကိုယ့်အဖြစ်ကို ပူပူနွေးနွေးပြန်သုံးသပ်မိနေပါတယ်။
.
. အရင်တုန်းကလူတွေဟာ ငွေပိုလာရင် Cow Palace မှာ ငွေသွားသုံးကြတယ်လို့ ပြောစမှတ်ရှိကြတယ်။ အခုတော့ Cow Palace ပျော်ပွဲစားရုံဟာ အသွင်ပြောင်းပြီး အားကစားရုံအကြီးကြီးအနေနဲ့ ပွဲလမ်းသလင်တွေလက်ခံလို့တစ်မျိုး၊ ကွန်ဗင်းရှင်စင်တာအနေနဲ့ဟောပြောပွဲတွေ၊ စတိတ်ရှိုးတွေဖျော်ဖြေပေးလို့တစ်ဖုံ ဆန်ဖရန်စစ္စကို နဲ့ ဒေးလီးစီးတီးနယ်နိမိတ်ကိုခြားထားပေးတဲ့သင်္ကေတတစ်ခုဖြစ်လာပါတယ်။
.
.
. ဒါပေမယ့် ဒီဘက်ခေတ်မှာ ဆန်ဖရန်စစ္စကိုဘက်ကလျှံကျလာတဲ့ပြောင်းရွှေ့လူအုပ်ကြီးဟာ ဒီလိုနေရာတွေထက် စျေးဝယ်စင်တာနဲ့ ရှော့ပင်းမောတွေနဲ့နီးတဲ့နားတွေမှာအနေများကြတယ်။ မြို့ထဲ - Downtown နဲ့နီးပေမယ့် ဒေးလီးစီးတီးမှာ ကားမရှိရင် ခြေတောင့်အောင်လျှောက်ရတတ်တယ်။ အလုပ်တက်ဖို့ဆိုရင်လည်း အသွားအေးအေး အပြန်အေးအေးကြားမှာ လူတွေရဲ့နှုတ်ခမ်းလေးတွေကမှုတ်ထုတ်တဲ့ လေပူငွေ့တွေကိုတော့ သက်ပြင်းချတယ်လို့ယူဆလို့မရပြန်ပါဘူး။
.
. ဒေးလီးစီးတီးမြို့ဟာ ဆန်မထေးရိုခရိုင် - San Mateo County အောက်ကအကြီးဆုံးမြို့ဖြစ်ပေမယ့် မလှမ်းမကမ်းက ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ် - SFO ရှိတဲ့ ဆန်ဘရူးနို - San Bruno မြို့နဲ့ လက်ချင်းဖက်တွယ်ပတ်ရံဝိုင်းနေပါတယ်။ အဲဒီရဲ့အကျိုးဆက်အနေနဲ့က ဆန်မထေးရိုမြိ့မှာရှိတဲ့ College of San Mateo နဲ့ ဆန်ဘရူးနိုမြို့က Skyline College တို့ကကျောင်းသားတွေဟာ တစ်ကျောင်းကနေ နောက်တစ်ကျောင်း (နေသည့်မြို့ပေါ်မူတည်၍) ရထားပြီးတဲ့ဘာသာရပ်ရဲ့ယူနစ် - Unit တွေကိုရွှေ့ပြောင်းသယ်ယူသွားပြီး ကျောင်းပြောင်းတက်နိုင်တာက သိပ်ကောင်းပါတယ်။
.
.
. တစ်ခုပဲရှိတယ် . . San Francisco, Pacifica, San Bruno, South San Francisco နဲ့ Daly City တို့မှာအလုပ်မရပဲ ဟိုဘက်ကမ်းကိုကူးရပြီဆိုရင်တော့ အိမ်အပြန်ခရီးအတွက် တံတားဖြတ်ခ (၅) ဒေါ်လာကို နေ့စဉ်အလုပ်တက်ကုန်ကျစားရိတ်ထဲမှာထည့်တွက်ထားဖို့လိုပါလိမ့်မယ်။ ကားပူး - Carpool စီးရင်း ကားစီးဖော်နဲ့စကားတပြောပြော အိမ်ပြန်တဲ့အခါ တံတားပေါ်ဖြတ်ရတဲ့အလှက ဘာနဲ့မှလဲမရတဲ့ ကားကြပ်တဲ့ဒုက္ခကို တဒင်္ဂမေ့ပျောက်သွားစေမှာ အမှန်ပါဘဲ။
.
. ဘယ်သူတွေ ဘယ်လိုပင် ဘာပြောပြော . . Bay Area မှာ မြန်မာများတယ်၊ လူနေထူထပ်တယ်၊ ထစ်ကနဲရှိ လေဆိပ် - SFO ကနေ ကမ္ဘာကြီးအပြင်ဘက်ကို ညတွင်းချင်းပျံသန်းထိုးဖောက်သွားနိုင်တယ်။ အနီးအနားမှာ မီးခိုးထွက်တဲ့စက်ရုံရော၊ စက်သံတိတ်ခရီးသွားလုပ်ငန်းတွေရော၊ နည်းပညာနဲ့ပတ်သက်တဲ့အရင်းအမြစ်တွေရော သူ့နေရာနဲ့သူ မြို့ပတ်ဝန်းကျင်ကိုအလှဆင်နေကြတာတွေ့ရပါလိမ့်မယ်။
.
.
. ဒါကြောင့် မြန်မာနိုင်ငံကမိတ်ဆွေတွေရဲ့မျက်စိထဲမှာမြင်သာအောင် လားရှိုးမြို့ရဲ့ကုန်းတက် ကုန်းဆင်းလမ်းတွေကိုအကျွမ်းဝင်ပြီး တောင်ကြီးဆောင်းတွင်းလို၊ ပြင်ဦးလွင်ရဲ့အေးကျင်ကျင်ခံစားမှုမျိုးနဲ့ ချောင်းသာကမ်းခြေနားက ပင်လယ်လှိုင်းတို့ရဲ့ တစ်ချက်တစ်ချက်တိုက်လာတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အေးစက်စက်ရေမှုန်တွေရဲ့ကျီစားမှုတို့နဲ့ခုံမင်ခံစားချင်ရင်တော့ ကုန်ကျစားရိတ်ကိုပါ သိပ်ပူပင်စရာမလိုဘူးဆိုပါရင် ဒေးလီးစီးတီး - Daly City မြို့က အမြဲဆီးကြိုနေပါတယ်လို့ ပြောလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-06-2017

.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


       "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၄)"
.       
   ျမိဳ႕အေၾကာင္းေတြစံုေအာင္မေရးပဲ လူမႈဘဝကိုေရးရမယ္ဆုိရင္ အေမရိကားမွာ
ေျမျပင္အေျခအေနအမွန္ကိုသိဖို႕ခက္ခဲပါတယ္။ ဘာျဖစ္လုိ႕လည္းဆုိေတာ႕ လူေတြဟာ
အလုပ္ရွိရာကိုလုိက္ေနရမလား? သားသမီးေက်ာင္းရွိရာလုိက္ေနရမလား? ဒါမွမဟုတ္
ဘဝေနနည္းမွာစည္းစိမ္က်ျပီး ဘယ္ဝင္ေငြမွရွိစရာမလုိဘူးဆိုသူေတြအေနနဲ႕
ဘယ္ျမိဳ႕မွာေနျပီး ပါလာတဲ႕ေငြေတြအကုန္ဘယ္လိုသံုးပစ္ရမလဲဆုိတာကိုေရြးခ်ယ္ဖို႕လိုေနလို႕ပါပဲ။
.
.
         ေစ်းဝယ္စင္တာ၊ ေရွာ႕ပင္းေမာ နဲ႕ စားေသာက္ဆုိင္၊ ေကာ္ဖီဆုိင္ေတြက
လူအေနမ်ားေအာင္ဆြဲေဆာင္ႏုိင္တဲ႕ပစ္မွတ္တစ္ခုျဖစ္တာနဲ႕အညီ
လူမႈဖူလံုေရးအေထာက္အကူ - Social Security Benefit နဲ႕
အခမဲ႕အစားအေသာက္အကူအညီ - Food Stamps ရတဲ႕ေနရာေတြအျပင္ စု-ျပံဳ-တုိး
ေနေပမယ္႕ အိမ္ငွားခသက္သာတဲ႕အားသာခ်က္ေတြေၾကာင္႕ အသားေရအေရာင္မ်ိဳးစံုျပီး
ေဟာင္းႏြမ္းတဲ႕အေဆာက္အဦေတြကေနမခြာႏုိင္တဲ႕ ေသြးေပါင္းစံု - Diversity
လူမ်ိဳးစံုကုိ အုတ္ကလန္ - Oakland ျမိဳ႕မွာ ေတြ႕ႏုိင္ပါတယ္။
.
.          Oakland
.
         အုတ္ကလန္ျမိဳ႕ နဲ႕ ဆန္ဖရန္စစၥကိုျမိဳ႕တို႕ကုိ အလယ္မွာ
ပင္လယ္ေကြ႕တံတားလုိ႕နာမည္ေခၚရမလားမေသခ်ာတဲ႕ Bay Bridge
တစ္စင္းသာျခားထားပါတယ္။ နာမည္ေက်ာ္ ဘားကေလတကၠသိုလ္ - UC Berkeley ရွိတဲ႕
ဘားကေလျမိဳ႕ကလာသူေတြ၊ အေမရိကန္စစ္အေျခစုိက္စခန္းေဟာင္း  ေလယာဥ္တင္သေဘာၤၾကီး
- USS Hornet Museum ျပတုိက္ရွိရာ အလာမိဒါ - Alameda ျမိဳ႕ကလာသူေတြေရာ၊
ကြယ္လြန္သူပန္းသီးဖခင္ၾကီးစတိဗ္ေဂ်ာ႕
သိပ္မေအာင္ျမင္ခင္ကၾကိဳးစားပမ္းစားတည္ေထာင္ခဲ႕တဲ႕ Pixar Studio
ကာတြန္းအင္နီေမးရွင္းစတူဒီယိုရွိရာ အမ္မာဗဲလီ - Emeryville
ျမိဳ႕ကလာသူေတြပါမက်န္ အုတ္ကလန္ - Oakland ကေနလာသူေတြအားလံုး
တစ္စုတည္းမွ်ေဝျဖတ္သန္းရတဲ႕တံတားတစ္စင္းျဖစ္လို႕ ကားၾကပ္ျပီဆိုတဲ႕အခ်ိန္ဆို
လႈပ္ကိုမလႈပ္ေတာ႕ပါဘူး။
.
.           အရင္တုန္းက အဓိကဆိပ္ကမ္းျမိဳ႕၊ အခုေတာ႕ ကုန္တင္ကုန္ခ်ဆိပ္ကမ္းျမိဳ႕၊
အေကာင္းေတြအားလံုးကို ပတ္ဝန္းက်င္ျမိဳ႕ေတြကုိခြဲေဝေပးရင္း
မေကာင္းတာမွန္သမွ် လက္ေတြ႕ေရာ ထင္ေၾကးေရာ စုစည္းခံယူေပးတဲ႕ျမိဳ႕၊
စတုရန္းေနရာေသးေသးေလးမွာ လူမ်ားမ်ားဆန္႕တဲ႕ျမိဳ႕၊ အေပၚကိုေမာ႕ၾကည္႕လုိက္ရင္
ေတာင္ရႈခင္းလွလွေလးေတြကိုအေဝးကျမင္ရတဲ႕ ေတာင္ၾကီးကေရႊဘုန္းပြင္႕ဘုရားရွိတဲ႕ေတာင္ထိပ္လို ခပ္ျမင္႕ျမင္႕ေတာင္ေတြရွိတဲ႕ျမိဳ႕၊ ပင္လယ္ေအာ္ေဒသမွာသမုိင္းဝင္ေနရာေတြကိုေဖာ္ထုတ္ေပးခဲ႕သေလာက္
အလည္အပတ္လာျခင္းနဲ႕အသိအမွတ္မျပဳျခင္းမခံရတဲ႕ျမိဳ႕ကိုျပပါဆုိရင္
အုတ္ကလန္ျမိဳ႕ကိုျပရပါလိမ္႕မယ္။
.
.
.           ဒီလုိ
မဟုတ္ကဟုတ္က မရွိကုိအရွိ အျပစ္ရွာေနေပမယ္႕ ေကာင္းတဲ႕အခ်က္ေတြက
အုတ္ကလန္ျမိဳ႕မွာမနည္းမေနာပါ။ Bay Area မွာ ေကာလိပ္တက္လို႕ သူနာျပဳ -
Nursing Program  တက္ဖုိ႕အေကာင္းဆံုးစာသင္တဲ႕စံနစ္ရွိတဲ႕ မဲရစ္ေကာလိပ္ -
Merritt College ဟာ အုတ္ကလန္ျမိဳ႕ရဲ႕ေတာင္ထိပ္ၾကီးေပၚမွာတည္ရွိပါတယ္။
ဒါေပမယ္႕ သင္သေလာက္စာတတ္ျပီး အခ်ိန္အၾကာၾကီးေစာင္႕ရသေလာက္
ေက်ာင္းျပီးသြားရင္ အလုပ္ခြင္ဝင္မ်က္ႏွာပန္းလွတဲ႕ RN – Registered Nurse
ေက်ာင္းသားအတြက္ အိုလံုးနီေကာလိပ္ - Ohlone College ကေတာ႕
ေနာက္ပိုင္းမွာကြ်န္ေတာ္ေရးျပမယ္႕ ျမန္မာအမ်ားေနၾကတဲ႕ ဖရီးေမာင္႕ - Fremont
ျမိဳ႕မွာ ရွိေနတာျဖစ္ပါတယ္။
.
.            
ေနာက္ထပ္ေကာင္းတဲ႕အခ်က္တစ္ခုက ပတ္ဝန္းက်င္ကိုသိပ္ေခ်းမမ်ားရင္
အိမ္ခန္းငွားခသက္သာႏိုင္တာပါပဲ။ အခန္းမွ်ေနတဲ႕ - Room Sharing မ်ိဳး၊ အိမ္ခန္း - Apartment
ငွားေနတာမ်ိဳးတုိ႕မွာ ေနရာမေရြးဘူးဆိုရင္ သက္သာတဲ႕ေနရာကုိ
အုတ္ကလန္မွာရွာႏုိင္ပါတယ္။ ဒါေပမယ္႕ အုတ္ကလန္မွာ
ခ်မ္းသာသူေတြမရွိေတာ႕ဘူးလား? လို႕ ေမးစရာရွိပါတယ္။ တစ္ကယ္ခ်မ္းသာသူေတြဟာ
သူတုိ႕အလုပ္နဲ႕နီးရာကိုေျပာင္းရင္ေျပာင္း မဟုတ္ရင္ အုတ္ကလန္ေတာင္ - Oakland
Hills ေပၚတက္ေနပါတယ္။ အဲဒီေတာင္ေပၚမွာေတာ႕ ရန္ကုန္ဝင္ဒါမီယာအတိုင္းပဲ
သူ႕ျခံနဲ႕ သူ႕ဝန္းနဲ႕ ေဒၚလာသန္းေက်ာ္ေတြခ်ည္း ေစ်းကမေသးပါဘူး။
.
.
.
          ခရီးသြားလုပ္ငန္းအရွိန္ျမင္႕လာတာနဲ႕အမွ် အုတ္ကလန္ျမိဳ႕ဟာ
ပင္လယ္ထိပ္ဝက ဆန္ဖရန္စစၥကိုျမိဳ႕ကုိအရွံဴးေပးလုိက္ရတဲ႕အထဲမွာ
ျမိဳ႕ေတာ္ရဲ႕သန္႕ရွင္းမႈ နဲ႕ လူ႕အလႊာသန္႕စင္မႈတုိ႕ဟာ အုတ္ကလန္ျမိဳ႕ကို
လူသစ္ေတြအဝင္နည္းလာေစတယ္။ မူးယစ္ေဆးဝါး နဲ႕ ရာဇဝတ္မႈတုိ႕အျပင္
အိမ္ေျခမဲ႕ေတြဟာ မုိးေမွ်ာ္တိုက္ေအာက္ကအုတ္ခုံေလးမွာေနလို႕မရေတာ႕တဲ႕အခါ
တံတားေအာက္၊ ရထားဆိပ္ စတာေတြကိုေရႊ႕ေျပာင္းလာတာနဲ႕အတူ
ဒီျမိဳ႕ေလးရဲ႕ေက်ာ္ၾကားမႈ - Reputation က်ဆင္းလာရတယ္။
.
.          
တစ္ဆက္တည္း လက္က်န္အစုိးရရံုးစိုက္ျဖစ္ေလေတာ႕ ဆႏၵျပရင္၊ လူစုရင္
အံုနဲ႕က်င္းနဲ႕လူမည္းေတြထြက္လာတာကလည္း အနီးပတ္ဝန္းက်င္ေတြကုိ
အိပ္ယာကေနလွန္႕ႏိႈးသကဲ႕သို႕ရွိေနေလေတာ႕
လုိအပ္မွသြားလိုၾကတဲ႕ျမိဳ႕တစ္ျမိဳ႕ျဖစ္လာတာ သိပ္ႏွေျမာစရာေကာင္းလွပါတယ္။
ဒါေပမယ္႕ စာေရးသူတုိ႕ရဲ႕သစၥာအတုိင္း အရွိကုိအရွိအတုိင္း
အျမင္ကုိအျမင္အတုိင္းေဖာက္သည္ခ်ရမွာျဖစ္လုိ႕ အလုပ္အကုိင္ေပါမ်ားတာနဲ႕
မီးဖိုေခ်ာင္သံုးပစၥည္းေစ်းဝယ္ရာ ၾကီးမားက်ယ္ျပန္႕တဲ႕တရုတ္တန္းၾကီး နဲ႕
ေျပာင္းေရႊ႕အာရွဖြားလူအုပ္ၾကီးကိုေတာ႕ ခ်န္ေရးခဲ႕လို႕
ဘယ္လုိမွမျဖစ္ႏုိင္ပါခင္ဗ်ား . .။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 11-08-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၄)"
. မြို့အကြောင်းတွေစုံအောင်မရေးပဲ လူမှုဘဝကိုရေးရမယ်ဆိုရင် အမေရိကားမှာ မြေပြင်အခြေအနေအမှန်ကိုသိဖို့ခက်ခဲပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဟာ အလုပ်ရှိရာကိုလိုက်နေရမလား? သားသမီးကျောင်းရှိရာလိုက်နေရမလား? ဒါမှမဟုတ် ဘဝနေနည်းမှာစည်းစိမ်ကျပြီး ဘယ်ဝင်ငွေမှရှိစရာမလိုဘူးဆိုသူတွေအနေနဲ့ ဘယ်မြို့မှာနေပြီး ပါလာတဲ့ငွေတွေအကုန်ဘယ်လိုသုံးပစ်ရမလဲဆိုတာကိုရွေးချယ်ဖို့လိုနေလို့ပါဘဲ။
.
. စျေးဝယ်စင်တာ၊ ရှော့ပင်းမော နဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေက လူအနေများအောင်ဆွဲဆောင်နိုင်တဲ့ပစ်မှတ်တစ်ခုဖြစ်တာနဲ့အညီ လူမှုဖူလုံရေးအထောက်အကူ - Social Security Benefit နဲ့ အခမဲ့အစားအသောက်အကူအညီ - Food Stamps ရတဲ့နေရာတွေအပြင် စု-ပြုံ-တိုး နေပေမယ့် အိမ်ငှားခသက်သာတဲ့အားသာချက်တွေကြောင့် အသားရေအရောင်မျိုးစုံပြီး ဟောင်းနွမ်းတဲ့အဆောက်အဦတွေကနေမခွာနိုင်တဲ့ သွေးပေါင်းစုံ - Diversity လူမျိုးစုံကို အုတ်ကလန် - Oakland မြို့မှာ တွေ့နိုင်ပါတယ်။
.
. Oakland
. အုတ်ကလန်မြို့ နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့ကို အလယ်မှာ ပင်လယ်ကွေ့တံတားလို့နာမည်ခေါ်ရမလားမသေချာတဲ့ Bay Bridge တစ်စင်းသာခြားထားပါတယ်။ နာမယ်ကျော် ဘားကလေတက္ကသိုလ် - UC Berkeley ရှိတဲ့ ဘားကလေမြို့ကလာသူတွေ၊ အမေရိကန်စစ်အခြေစိုက်စခန်းဟောင်း လေယာဉ်တင်သဘောင်္ကြီး - USS Hornet Museum ပြတိုက်ရှိရာ အလာမိဒါ - Alameda မြို့ကလာသူတွေရော၊ ကွယ်လွန်သူပန်းသီးဖခင်ကြီးစတိဗ်ဂျော့ သိပ်မအောင်မြင်ခင်ကကြိုးစားပမ်းစားတည်ထောင်ခဲ့တဲ့ Pixar Studio ကာတွန်းအင်နီမေးရှင်းစတူဒီယိုရှိရာ အမ်မာဗဲလီ - Emeryville မြို့ကလာသူတွေပါမကျန် အုတ်ကလန် - Oakland ကနေလာသူတွေအားလုံး တစ်စုတည်းမျှဝေဖြတ်သန်းရတဲ့တံတားတစ်စင်းဖြစ်လို့ ကားကြပ်ပြီဆိုတဲ့အချိန်ဆို လှုပ်ကိုမလှုပ်တော့ပါဘူး။
.
. အရင်တုန်းက အဓိကဆိပ်ကမ်းမြို့၊ အခုတော့ ကုန်တင်ကုန်ချဆိပ်ကမ်းမြို့၊ အကောင်းတွေအားလုံးကို ပတ်ဝန်းကျင်မြို့တွေကိုခွဲဝေပေးရင်း မကောင်းတာမှန်သမျှ လက်တွေ့ရော ထင်ကြေးရော စုစည်းခံယူပေးတဲ့မြို့၊ စတုရန်းနေရာသေးသေးလေးမှာ လူများများဆန့်တဲ့မြို့၊ အပေါ်ကိုမော့ကြည့်လိုက်ရင် တောင်ရှုခင်းလှလှလေးတွေကိုအဝေးကမြင်ရတဲ့ တောင်ကြီးကရွှေဘုန်းပွင့်ဘုရားရှိတဲ့တောင်ထိပ်လိုတောင်ခပ်မြင့်မြင့်တွေရှိတဲ့မြို့၊ ပင်လယ်အော်ဒေသမှာသမိုင်းဝင်နေရာတွေကိုဖော်ထုတ်ပေးခဲ့သလောက် အလည်အပတ်လာခြင်းနဲ့အသိအမှတ်မပြုခြင်းမခံရတဲ့မြို့ကိုပြပါဆိုရင် အုတ်ကလန်မြို့ကိုပြရပါလိမ့်မယ်။
.
.
. ဒီလို မဟုတ်ကဟုတ်က မရှိကိုအရှိအပြစ်ရှာနေပေမယ့် ကောင်းတဲ့အချက်တွေက အုတ်ကလန်မြို့မှာမနည်းမနောပါ။ Bay Area မှာ ကောလိပ်တက်လို့ သူနာပြု - Nursing Program တက်ဖို့အကောင်းဆုံးစာသင်တဲ့စံနစ်ရှိတဲ့ မဲရစ်ကောလိပ် - Merritt College ဟာ အုတ်ကလန်မြို့ရဲ့တောင်ထိပ်ကြီးပေါ်မှာတည်ရှိပါတယ်။ ဒါပေမယ့် သင်သလောက်စာတတ်ပြီး အချိန်အကြာကြီးစောင့်ရသလောက် ကျောင်းပြီးသွားရင် အလုပ်ခွင်ဝင်မျက်နှာပန်းလှတဲ့ RN – Registered Nurse ကျောင်းသားအတွက် အိုလုံးနီကောလိပ် - Ohlone College ကတော့ နောက်ပိုင်းမှာကျွန်တော်ရေးပြမယ့် မြန်မာအများနေကြတဲ့ ဖရီးမောင့် - Fremont မြို့မှာ ရှိနေတာဖြစ်ပါတယ်။
.
. နောက်ထပ်ကောင်းတဲ့အချက်တစ်ခုက ပတ်ဝန်းကျင်ကိုသိပ်ချေးမများရင် အိမ်ခန်းငှားခသက်သာနိုင်တာပါပဲ။ အခန်းမျှနေတာမျိုး၊ အိမ်ခန်း - Apartment ငှားနေတာမျိုးတို့မှာ နေရာမရွေးဘူးဆိုရင် သက်သာတဲ့နေရာကို အုတ်ကလန်မှာရှာနိုင်ပါတယ်။ ဒါပေမယ့် အုတ်ကလန်မှာ ချမ်းသာသူတွေမရှိတော့ဘူးလား? လို့ မေးစရာရှိပါတယ်။ တစ်ကယ်ချမ်းသာသူတွေဟာ သူတို့အလုပ်နဲ့နီးရာကိုပြောင်းရင်ပြောင်း မဟုတ်ရင် အုတ်ကလန်တောင် - Oakland Hills ပေါ်တက်နေပါတယ်။ အဲဒီတောင်ပေါ်မှာတော့ ရန်ကုန်ဝင်ဒါမီယာအတိုင်းပဲ သူ့ခြံနဲ့ သူ့ဝန်းနဲ့ ဒေါ်လာသန်းကျော်တွေချည်း စျေးကမသေးပါဘူး။
.
.
. ခရီးသွားလုပ်ငန်းအရှိန်မြင့်လာတာနဲ့အမျှ အုတ်ကလန်မြို့ဟာ ပင်လယ်ထိပ်ဝက ဆန်ဖရန်စစ္စကိုမြို့ကိုအရှံူးပေးလိုက်ရတဲ့အထဲမှာ မြို့တော်ရဲ့သန့်ရှင်းမှု နဲ့ လူ့အလွှာသန့်စင်မှုတို့ဟာ အုတ်ကလန်မြို့ကို လူသစ်တွေအဝင်နည်းလာစေတယ်။ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုတို့အပြင် အိမ်ခြေမဲ့တွေဟာ မိုးမျှော်တိုက်အောက်ကအုတ်ခုံလေးမှာနေလို့မရတော့တဲ့အခါ တံတားအောက်၊ ရထားဆိပ် စတာတွေကိုရွှေ့ပြောင်းလာတာနဲ့အတူ ဒီမြို့လေးရဲ့ကျော်ကြားမှု - Reputation ကျဆင်းလာရတယ်။
.
. တစ်ဆက်တည်း လက်ကျန်အစိုးရရုံးစိုက်ဖြစ်လေတော့ ဆန္ဒပြရင်၊ လူစုရင် အုံနဲ့ကျင်းနဲ့လူမည်းတွေထွက်လာတာကလည်း အနီးပတ်ဝန်းကျင်တွေကို အိပ်ယာကနေလှန့်နှိုးသကဲ့သို့ရှိနေလေတော့ လိုအပ်မှသွားလိုကြတဲ့မြို့တစ်မြို့ဖြစ်လာတာ သိပ်နှမြောစရာကောင်းလှပါတယ်။ ဒါပေမယ့် စာရေးသူတို့ရဲ့သစ္စာအတိုင်း အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်းဖောက်သည်ချရမှာဖြစ်လို့ အလုပ်အကိုင်ပေါများတာနဲ့ မီးဖိုချောင်စျေးသုံးစရာ ကြီးမားကျယ်ပြန့်တဲ့တရုတ်တန်းကြီး နဲ့ ပြောင်းရွှေ့အာရှဖွားလူအုပ်ကြီးကိုတော့ ချန်ရေးခဲ့လို့ ဘယ်လိုမှမဖြစ်နိုင်ပါခင်ဗျား . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-08-2017

.
.


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၅)"
.           ကြ်န္ေတာ္ေရာက္လုိက္တုိင္း
ျမန္မာႏုိင္ငံကမႏၱေလးျမိဳ႕နဲ႕ခပ္ဆင္ဆင္ခံစားခ်က္မ်ိဳးရတဲ႕ Bay Area
ကျမိဳ႕တစ္ျမိဳ႕ရွိေနပါတယ္။ ဒီျမိဳ႕က မပူဘူး . . ေအးတယ္။ ဒီျမိဳ႕မွာ
လံုးခ်င္းတုိက္ေတြခ်ည္းမဟုတ္ဘူး . . တိုက္အျမင္႕ေတြပါရွိတယ္။ ဒီျမိဳ႕က
လြင္ျပင္ခ်ည္းမဟုတ္ဘူး . . ေတာင္ကုန္းအတက္အဆင္းေတြနဲ႕တင္႕တယ္တယ္။ ဒါေတြက
ကြ်န္ေတာ႕တစ္ေယာက္တည္းအျမင္သာျဖစ္ေၾကာင္းၾကိဳတင္အစီရင္ခံရင္း
အမ်ားအျမင္မွာသိပ္လွပစည္ပင္တဲ႕ ဘားကေလ - City in California, Berkeley
အေၾကာင္းကုိ ေရးျပခ်င္ပါတယ္။
.
.          Berkeley ရဲ႕ ေက်ာ္ၾကားမႈက
ကမၻာကုိလႊမ္းတယ္။ သူ႕ျမိဳ႕ပံုစံကိုက သစ္ပင္ေတြအမ်ားၾကီးစိုက္ထားတယ္။
လမ္းေတြက တုိတယ္။ ေျခက်င္ေလွ်ာက္သူေပါတယ္။ ေတာင္ကမူေလးေတြေပၚမွာ
အိမ္ေတြရွိတယ္။ ေရွးမူမပ်က္လက္ရာအေဆာက္အဦေတြရွိေပမယ္႕  ေခတ္သစ္ iPhone နဲ႕
Airpods နားၾကပ္တုိ႕တပ္ျပီး လမ္းေလွ်ာက္သူ - Pedestrian ေတြမ်ားတာ
ဘားကေလပါ။ ပိုလွတာက ေက်ာင္းနဲ႕ျမိဳ႕၊ ျမိဳ႕နဲ႕ေက်ာင္း
သီးျခားခြဲထုတ္ပစ္လုိက္လို႕မရတာကုိ UC Berkeley ရဲ႕
အားသာခ်က္တစ္ခုအေနနဲ႕ေတြ႕ျမင္ႏုိင္ပါတယ္။
.
.
.          
ဘားကေလျမိဳ႕ရဲ႕ဆိပ္ကမ္းတစ္ေနရာကေနၾကည္႕ရင္
ဆန္ဖရန္စစၥကိုျမိဳ႕ထဲဘက္အျခမ္းကို
ေနေရာင္တဝင္းဝင္းေအာက္မွာထင္းထင္းၾကီးျမင္ရေပမယ္႕ Golden Gates
တံတားရဲ႕ဟုိဘက္တစ္ျခမ္း မရင္းခရိုင္ - Marin County ဘက္ကေျမေတြကိုေတာ႕
ေတာင္တန္းၾကီးသဖြယ္ေတြ႕ျမင္ရတယ္။ ကြ်န္းဆြယ္ပင္လယ္ေအာ္ဆုိတဲ႕အတုိင္း
ေလဝင္ေလထြက္ေကာင္းသမွ်ထက္ ေရေၾကာင္းဝင္
ေရေၾကာင္းထြက္ဖို႕အေကာင္းဆံုးေနရာေတြထဲမွာ ဘားကေလက အနည္းငယ္ေခ်ာင္က်ပါတယ္။
.
.
         သူ႕ျမိဳ႕ရဲ႕စီးပြားေရးမွာ ေက်ာင္းသားဗဟုိျပဳဘ႑ာေရးသာမက
ဆန္ဖရန္စစၥကိုကကြ်ံလာသမွ် ကမၻာလွည္႕ခရီးသြားေတြကို ဘားကေလးက ဧည္႕ခံေနပါတယ္။
ဘားကေလတကၠသိုလ္ဟာ ပ်ားပန္းခတ္စည္ကားတဲ႕ျမိဳ႕တြင္းနဲ႕ဆက္စပ္တည္ရွိသလို
ေတာင္ကုန္းေတြေပၚပတ္တက္သြားတဲ႕ မီးျခားလမ္း - Fire Trail ေတြနဲ႕မျခား
ကူးလူးေပါင္းႏြယ္ေနျပန္တယ္။ ဒီျမိဳ႕မွာ တစ္လမ္းသြားလမ္းေတြ  
မနည္းမမ်ားေတြ႕ရမယ္။ မၾကာမၾကာ လမ္းအလည္မွာ အဝုိင္းပတ္ေသးေသးေလး - Roundabout ေတြေတြ႕ရင္
ေကြ႕ပတ္ေမာင္းသြားဖို႕ သတိထားရပါမယ္။
.
.
.          
ဘားကေလျမိဳ႕တြင္းရဲ႕ထူးျခားခ်က္က တစ္ကမၻာလံုးကအစားအေသာက္ေတြစားခ်င္ရာစား
တစ္ေနရာတည္းရႏိုင္ေနတာပါ။ ျမန္မာစားေသာက္ဆုိင္လည္း ရွိရဲ႕၊
ကုိးရီးယားဆုိင္ဆိုလည္း ပစ္မလြဲ၊ တရုတ္ဆုိင္က ေနရာတကာပါ၊ ေပါ႕ေပါ႕ပါးပါး
ပုလဲနက္ - Black Pearls  နဲ႕ႏွစ္ပါးသြားခ်င္တဲ႕အခါ ေက်ာင္းသားေတြအသည္းစြဲလက္ဘက္ရည္အေအးဆုိင္ -
T4 ကလည္း မလွမ္းမကမ္းမွာရွိေနပါတယ္။
.
.          
ကမၻာပတ္လာတဲ႕ေက်ာင္းသားတစ္ေယာက္ဟာ
ဘားကေလးတကၠသိုလ္မွာရွင္သန္ႏုိင္ဖို႕သိပ္မခက္ပါဘူး။ ဒီေနရာက
ယဥ္ေက်းမႈေပါင္းစံုတယ္။ မတူတာကို ရန္သူလုပ္မေနဘူး။
သူ႕အလွည္႕ကုိယ္႕အလွည္႕ဆႏၵျပမလား ရေသးတယ္။ ျမိဳ႕ဝင္ေပါက္ဝမွာတင္
အိမ္ေျခမဲ႕ေတြနဲ႕ ရဲေတြ မၾကာခဏစကားေျပာေနတာေတြ႕ႏုိင္တယ္။
ကုိယ္႕ဘဝရဲ႕မေက်နပ္မႈေတြကို ေက်ာပုိးအိတ္ထဲထည္႕ . . ေနာက္ပစ္လြယ္ျပီး
မီးပိြဳင္႕မီးမနီခင္လမ္းကူးသူတစ္ေယာက္ရဲ႕လက္ထဲမွာ နာမယ္ၾကီး Starbucks ရဲ႕
Caramel  Frappuccino အခ်ိဳရဲရဲေကာ္ခြက္ကေလး ကိုင္ကာေျပးသြားတာကို
ျမင္ေတြ႕ရတတ္တယ္။
.
.
.          ဘားကေလျမိဳ႕မွာေနရင္
ကားေမာင္းတာအျပင္ အျမန္ရထား - BART (Bay Area Rapid Transit)
စီးတတ္ဖို႕လုိသလို အေရးၾကံဳတဲ႕အခါ Uber တုိ႕၊ Lyft
တုိ႕ငွားစီးတတ္ဖို႕လိုေသးတယ္။ ေနရာအစံုမွာ လုပ္ငန္းအစံုရွိျပီး
အရည္အေသြးစံုေဇာင္းေပးျပီးလုပ္ရတဲ႕
အႏုပညာဖန္တီးမႈတို႕ထြန္းကားရာေဒသျဖစ္တယ္။ ေဒသဆုိင္ရာလုပ္ငန္းေတြနဲ႕
စက္ရံုအလုပ္ရံုေတြျပန္႕က်ဲေနတဲ႕ Bay Area ရဲ႕
ျမိဳ႕ေဟာင္းတစ္ျမိဳ႕ျဖစ္တာနဲ႕အညီ ဘယ္ေလာက္ေဝးေဝးမွာေနေန ဘားကေလက
ဗဟုိက်တယ္လုိ႕ ေျပာစမွတ္ျပဳၾကတယ္။
.
.          
ဘားကေလမွာေနဖို႕အဓိကအခက္အခဲဆံုးကုိ "ေငြ" လုိ႕ တရားေသမမွတ္လိုက္ပါနဲ႕။
တကယ္ခက္တာက ဘားကေလတကၠသုိလ္ကိုဝင္ဖို႕ လိုအပ္ခ်က္ - Requirement ျမင္႕တာက
ေက်ာင္းၾကီးကုိပုိနာမည္ၾကီးေစသလို
အျပည္ျပည္ဆုိင္ရာကလာတက္တဲ႕ေက်ာင္းသားေတြကုိ ေငြမ်ားမ်ားသယ္လာေစတယ္။
အဲဒါနဲ႕ကိုက္ညီစြာ ဘားကေလတကၠသိုလ္ထြက္ဆုိရင္ အလုပ္ရွင္က အလုပ္ခန္႕ျပီးသားပဲ။
.
.
.
         ဒီျမိဳ႕က အိမ္ခန္းေစ်းက ၾကီးတယ္လို႕ေျပာလုိ႕မရသလို
ေစ်းေပါတယ္လုိ႕ေျပာရခက္ျပန္တယ္။ အခန္းေကာင္းေကာင္း
အိမ္ေကာင္းေကာင္းေနတဲ႕ျမိဳ႕အဆင္႕အတန္းလို႕ေျပာရခက္သလို ခန္႔ျပန္႕ျပန္႕
ခပ္ျပားျပား ေနထုိင္လႈပ္ရွားသမွ် ညအိပ္တဲ႕အခါ အခန္းက်ဥ္းမွာကေတာ႕
ထံုးစံလို႕ေျပာရမလုိျဖစ္ေနပါတယ္။ သိပ္ေခ်းမမ်ားရင္ ေနာက္တစ္ခု
ရာသီဥတုေအးတာကို ထူးထူးျခားျခား ထံုက်င္ကိုက္ခဲမခံစားရရင္ ဘားကေလျမိဳ႕က
ေအးခ်မ္းပါတယ္ဆုိတဲ႕အေၾကာင္း ေရးသားလိုက္ပါရေစ။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 11-13-2017
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၅)"
. ကျွန်တော်ရောက်လိုက်တိုင်း မြန်မာနိုင်ငံကမန္တလေးမြို့နဲ့ခပ်ဆင်ဆင်ခံစားချက်မျိုးရတဲ့ Bay Area ကမြို့တစ်မြို့ရှိနေပါတယ်။ ဒီမြို့က မပူဘူး . . အေးတယ်။ ဒီမြို့မှာ လုံးချင်းတိုက်တွေချည်းမဟုတ်ဘူး . . တိုက်အမြင့်တွေပါရှိတယ်။ ဒီမြို့က လွင်ပြင်ချည်းမဟုတ်ဘူး . . တောင်ကုန်းအတက်အဆင်းတွေနဲ့တင့်တယ်တယ်။ ဒါတွေက ကျွန်တော့တစ်ယောက်တည်းအမြင်သာဖြစ်ကြောင်းကြိုတင်အစီရင်ခံရင်း အများအမြင်မှာသိပ်လှပစည်ပင်တဲ့ ဘားကလေ - City in California, Berkeley အကြောင်းကို ရေးပြချင်ပါတယ်။
.
. Berkeley ရဲ့ ကျော်ကြားမှုက ကမ္ဘာကိုလွှမ်းတယ်။ သူ့မြို့ပုံစံကိုက သစ်ပင်တွေအများကြီးစိုက်ထားတယ်။ လမ်းတွေက တိုတယ်။ ခြေကျင်လျှောက်သူပေါတယ်။ တောင်ကမူလေးတွေပေါ်မှာ အိမ်တွေရှိတယ်။ ရှေးမူမပျက်လက်ရာအဆောက်အဦတွေရှိပေမယ့် ခေတ်သစ် iPhone နဲ့ Airpods နားကြပ်တို့တပ်ပြီး လမ်းလျှောက်သူ - Pedestrian တွေများတာ ဘားကလေပါ။ ပိုလှတာက ကျောင်းနဲ့မြို့၊ မြို့နဲ့ကျောင်း သီးခြားခွဲထုတ်ပစ်လိုက်လို့မရတာကို UC Berkeley ရဲ့ အားသာချက်တစ်ခုအနေနဲ့တွေ့မြင်နိုင်ပါတယ်။
.
.
. ဘားကလေမြို့ရဲ့ဆိပ်ကမ်းတစ်နေရာကနေကြည့်ရင် ဆန်ဖရန်စစ္စကိုမြို့ထဲဘက်အခြမ်းကို နေရောင်တဝင်းဝင်းအောက်မှာထင်းထင်းကြီးမြင်ရပေမယ့် Golden Gates တံတားရဲ့ဟိုဘက်တစ်ခြမ်း မရင်းခရိုင် - Marin County ဘက်ကမြေတွေကိုတော့ တောင်တန်းကြီးသဖွယ်တွေ့မြင်ရတယ်။ ကျွန်းဆွယ်ပင်လယ်အော်ဆိုတဲ့အတိုင်း လေဝင်လေထွက်ကောင်းသမျှထက် ရေကြောင်းဝင် ရေကြောင်းထွက်ဖို့အကောင်းဆုံးနေရာတွေထဲမှာ ဘားကလေက အနည်းငယ်ချောင်ကျပါတယ်။
.
. သူ့မြို့ရဲ့စီးပွားရေးမှာ ကျောင်းသားဗဟိုပြုဘဏ္ဍာရေးသာမက ဆန်ဖရန်စစ္စကိုကကျွံလာသမျှ ကမ္ဘာလှည့်ခရီးသွားတွေကို ဘားကလေးက ဧည့်ခံနေပါတယ်။ ဘားကလေတက္ကသိုလ်ဟာ ပျားပန်းခတ်စည်ကားတဲ့မြို့တွင်းနဲ့ဆက်စပ်တည်ရှိသလို တောင်ကုန်းတွေပေါ်ပတ်တက်သွားတဲ့ မီးခြားလမ်း - Fire Trail တွေနဲ့မခြား ကူးလူးပေါင်းနွယ်နေပြန်တယ်။ ဒီမြို့မှာ တစ်လမ်းသွားလမ်းတွေ မနည်းမများတွေ့ရမယ်။ မကြာမကြာ လမ်းအလည်မှာ အဝိုင်းပတ်သေးသေးလေးတွေတွေ့ရင် ကွေ့ပတ်မောင်းသွားဖို့ သတိထားရပါမယ်။
.
.
. ဘားကလေမြို့တွင်းရဲ့ထူးခြားချက်က တစ်ကမ္ဘာလုံးကအစားအသောက်တွေစားချင်ရာစား တစ်နေရာတည်းရနိုင်နေတာပါ။ မြန်မာစားသောက်ဆိုင်လည်း ရှိရဲ့၊ ကိုးရီးယားဆိုင်ဆိုလည်း ပစ်မလွဲ၊ တရုတ်ဆိုင်က နေရာတကာပါ၊ ပေါ့ပေါ့ပါးပါး ပုလဲနက်နဲ့နှစ်ပါးသွားချင်တဲ့အခါ ကျောင်းသားတွေအသည်းစွဲလက်ဘက်ရည်အအေးဆိုင် - T4 ကလည်း မလှမ်းမကမ်းမှာရှိနေပါတယ်။
.
. ကမ္ဘာပတ်လာတဲ့ကျောင်းသားတစ်ယောက်ဟာ ဘားကလေးတက္ကသိုလ်မှာရှင်သန်နိုင်ဖို့သိပ်မခက်ပါဘူး။ ဒီနေရာက ယဉ်ကျေးမှုပေါင်းစုံတယ်။ မတူတာကို ရန်သူလုပ်မနေဘူး။ သူ့အလှည့်ကိုယ့်အလှည့်ဆန္ဒပြမလား ရသေးတယ်။ မြို့ဝင်ပေါက်ဝမှာတင် အိမ်ခြေမဲ့တွေနဲ့ ရဲတွေ မကြာခဏစကားပြောနေတာတွေ့နိုင်တယ်။ ကိုယ့်ဘဝရဲ့မကျေနပ်မှုတွေကို ကျောပိုးအိတ်ထဲထည့် . . နောက်ပစ်လွယ်ပြီး မီးပွိုင့်မီးမနီခင်လမ်းကူးသူတစ်ယောက်ရဲ့လက်ထဲမှာ နာမယ်ကြီး Starbucks ရဲ့ Caramel Frappuccino အချိုရဲရဲကော်ခွက်ကလေး ကိုင်ကာပြေးသွားတာကို မြင်တွေ့ရတတ်တယ်။
.
.
. ဘားကလေမြို့မှာနေရင် ကားမောင်းတာအပြင် အမြန်ရထား - BART (Bay Area Rapid Transit) စီးတတ်ဖို့လိုသလို အရေးကြုံတဲ့အခါ Uber တို့၊ Lyft တို့ငှားစီးတတ်ဖို့လိုသေးတယ်။ နေရာအစုံမှာ လုပ်ငန်းအစုံရှိပြီး အရည်အသွေးစုံဇောင်းပေးပြီးလုပ်ရတဲ့ အနုပညာဖန်တီးမှုတို့ထွန်းကားရာဒေသဖြစ်တယ်။ ဒေသဆိုင်ရာလုပ်ငန်းတွေနဲ့ စက်ရုံအလုပ်ရုံတွေပြန့်ကျဲနေတဲ့ Bay Area ရဲ့ မြို့ဟောင်းတစ်မြို့ဖြစ်တာနဲ့အညီ ဘယ်လောက်ဝေးဝေးမှာနေနေ ဘားကလေက ဗဟိုကျတယ်လို့ ပြောစမှတ်ပြုကြတယ်။
.
. ဘားကလေမှာနေဖို့အဓိကအခက်အခဲဆုံးကို "ငွေ" လို့ တရားသေမမှတ်လိုက်ပါနဲ့။ တကယ်ခက်တာက ဘားကလေတက္ကသိုလ်ကိုဝင်ဖို့ လိုအပ်ချက် - Requirement မြင့်တာက ကျောင်းကြီးကိုပိုနာမည်ကြီးစေသလို အပြည်ပြည်ဆိုင်ရာကလာတက်တဲ့ကျောင်းသားတွေကို ငွေများများသယ်လာစေတယ်။ အဲဒါနဲ့ကိုက်ညီစွာ ဘားကလေတက္ကသိုလ်ထွက်ဆိုရင် အလုပ်ရှင်က ခန့်ပြီးသားဘဲ။
.
.
. ဒီမြို့က အိမ်ခန်းစျေးက ကြီးတယ်လို့ပြောလို့မရသလို စျေးပေါတယ်လို့ပြောရခက်ပြန်တယ်။ အခန်းကောင်းကောင်း အိမ်ကောင်းကောင်းနေတဲ့မြို့အဆင့်အတန်းလို့ပြောရခက်သလို ခန့်ပြန့်ပြန့် ခပ်ပြားပြား နေထိုင်လှုပ်ရှားသမျှ ညအိပ်တဲ့အခါ အခန်းကျဉ်းမှာကတော့ ထုံးစံလိုပြောရမလိုဖြစ်နေပါတယ်။ သိပ်ချေးမများရင် နောက်တစ််ခု ရာသီဥတုအေးတာကို ထူးထူးခြားခြား ထုံကျင်ကိုက်ခဲမခံစားရရင် ဘားကလေမြို့က အေးချမ်းပါတယ်ဆိုတဲ့အကြောင်း ရေးသားလိုက်ပါရစေ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-13-2017

.
.


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၆)"
.    
     လာပါျပီ . . လာပါျပီ . . အမ်ားေစာင္႕ၾကိဳေနၾကတဲ႕
နာမယ္ၾကီးဆန္ဖရန္စစၥကို - San Francisco ျမိဳ႕အေၾကာင္းလာပါျပီဗ်ား။
တစ္ခုေလာက္အစီရင္ခံထားခ်င္တာက ဆန္ဖရန္စစၥကုိျမိဳ႕ဟာ လူသိအင္မတန္မ်ားတယ္။
ဒီျမိဳ႕အေၾကာင္းကြ်မ္းက်င္သူေတြကိုယွဥ္ျပီးေရးရ ေျပာျပရတဲ႕အခါ
ေရာက္ဖူးသူေတြ၊ အေျခခ်ေနထုိင္ေနသူေတြ နဲ႕ အေမရိကားမွာအေနၾကာသူေတြကုိေလးစားသမႈနဲ႕ေရးသားျပပါရေစ . .။
.
.    
       ျမန္မာႏိုင္ငံအေၾကာင္းေျပာရင္ ရန္ကုန္၊ မႏၱေလး နဲ႕ အစခ်ီရသလို
အေမရိကားလို႕ေျပာလုိက္တာနဲ႕ နယူးေယာက္၊ ဆန္ဖရန္ ဆုိျပီး ျမိဳ႕ေတာ္မဟုတ္လည္း
နာမယ္ၾကီးၾကတဲ႕ အထင္အရျမိဳ႕အေၾကာင္းေတြနဲ႕ စကားဝုိင္းေတြဟာ
စတင္လွပအသက္ဝင္ၾကရတယ္။
.
.
.          
ျမိဳ႕အေၾကာင္းအတုိခ်ဳပ္ေျပာရရင္ ဆန္ဖရန္စစၥကိုဟာ
ေျမာက္ပိုင္းကယ္လီဖိုးနီးယားမွာတည္ရွိျပီး
ေတာင္ကုန္းကြ်န္းဆြယ္ျမိဳ႕တစ္ျမိဳ႕ပါ။ ဒါေပမယ္႕ ျမဴဖံုးတဲ႕တံတား၊
ေအးျမစက္ညွက္ရာသီဥတုအလွ နဲ႕ ေႏွးတံု႕ဝင္႕ၾကြားတဲ႕ Cable Car အျပင္
အေရာင္အေသြးေဝဆာသပါ႕ ဗစ္တိုးရီးယားညီအစ္မအိမ္ယာအလွ တုိ႕က
ႏိုင္ငံတကာကအေရးတယူပတ္သက္ေနရတဲ႕
ေရွးမူမပ်က္တဲ႕နည္းပညာျပည္႕ရႊင္ျမိဳ႕တစ္ျမိဳ႕ဆုိရင္ ပိုမွန္ပါတယ္။
.
.
         တစ္ၾကိမ္တစ္ခါတုန္းက ျမိဳ႕ရဲ႕ထင္ရွားအမွတ္အသား - Landmark အေဆာက္အဦ -
Transamerica Pyramid က တစ္ျမိဳ႕လံုးမွာအထင္ရွားဆံုးလို႕ဆိုခဲ႕ေပမယ္႕ အခု
အသစ္ေဆာက္လုပ္ျပီးစီးသြားတဲ႕ နည္းပညာကုမၸဏီပိုင္ Salesforce Tower က
တစ္ျမိဳ႕လံုးမွာအျမင္႕ဆံုးဆိုတဲ႕ဂုဏ္ပုဒ္နဲ႕
ေက်ာ္တက္သြားဖို႕ၾကံစည္ျခင္းကို ဆန္ဖရန္ခမ်ာလည္စင္းခံေနရရွာပါတယ္။
.
.
.
         အဆမတန္တက္လာတဲ႕ကြ်န္းဆြယ္ရဲ႕ပင္လယ္ေအာ္ေျမေစ်းကုိဆန္႕က်င္ျပီး
Millennium Tower က ကြန္ဒိုအခန္းပိုင္ရွင္ေတြဟာ ကုိယ္႕အခန္းကိုယ္
ေစ်းေလွ်ာ႕ေရာင္းျပီး ဆင္းေျပးေနၾကတာ သိပ္ေတာ႕မလန္႕သြားၾကပါနဲ႕ . . ဒီ (၅၈)
ထပ္ မိုးေမွ်ာ္တုိက္ၾကီးက တစ္ႏွွစ္ကုိ (၂") ႏႈန္းနဲ႕
ေျမၾကီးထဲကြ်ံဝင္ေနတာေၾကာင္႕ပါ။
.
.          ျမိဳ႕တြင္းပတ္တဲ႕ Tour
ကားနဲ႕လုိက္သြားရင္ လူတစ္ေယာက္ ေဒၚလာ (၅ဝ) နဲ႕ ေလာက္ပါတယ္။ ဒါေပမယ္႕
ကိုယ္႕ကားကိုယ္ေမာင္းသြားရင္ အခန္႕မသင္႕လုိ႕ မရပ္ရေနရာမွာရပ္မိရင္ ေဒၚလာ
(၅ဝ) ကေန (၂၇၅) ေဒၚလာ၊ မဝင္ရလမ္း၊ တစ္လမ္းသြားကုိ
ရန္ကုန္မွာလိုလမ္းေျပာင္းျပန္ဝင္မိရင္ေတာ႕ အားလံုးက
ဟြန္းဝုိင္းတီးၾကလိမ္႕မယ္။ ဒီလိုမစြန္႕စားခ်င္လုိ႕ ကားရပ္ခဲ႕မယ္ဆုိရင္
တစ္နာရီ (၁၅) ေဒၚလာေပးရမယ္႕ ကားပါကင္ေတြက ေနရာအႏွံ႕မွာအသင္႕ဆီးၾကိဳေနပါတယ္။
.
.
.
         ဆန္ဖရန္စစၥကိုဟာ လ်င္လ်င္ျမန္ျမန္တိုးတက္တယ္ . .
လ်င္လ်င္ျမန္ျမန္ေျပာင္းလဲတယ္ . . ဒါေၾကာင္႕ ဒီျမိဳ႕မွာေနထိုင္ၾကသူေတြနဲ႕
တစ္ျခားျမိဳ႕ကေနအလုပ္လာလုပ္ၾကသူေတြဟာ လ်င္လ်င္ျမန္ျမန္လႈပ္ရွားၾကတာ
အဆန္းမဟုတ္ေတာ႕ပါဘူး။ ျမိဳ႕ျပဟာ လူေတြ နဲ႕ မိုးေမွ်ာ္တုိက္ေတြကို
အေမြရလိုက္ေပမယ္႕ ဆီလီကြန္နည္းပညာလြင္ျပင္ကိုေတာ႕ လက္လႊတ္လိုက္ရတယ္။
ေနရာမရွိတဲ႕ဘဝကေန အငွား အဝယ္ေနရာေတြဟာ ထင္မထားေလာက္ေအာင္ေစ်းၾကီးျပီး
ကမၻာ႕ကုန္က်စားရိတ္အၾကီးဆံုးျမိဳ႕ေတြအထဲ စာရင္းေပါက္သြားရတဲ႕အထိ
ရလဒ္ေျပာင္ေျမာက္ခဲ႕တယ္။
.
.           ထူးျခားတာတစ္ခုေျပာရရင္
ဆန္ဖရန္မွာေနသူေတြအားလံုးဟာ (ရန္ကုန္လူထုပံုစံ)
ဆန္ဖရန္ျမိဳ႕တြင္းမွာခ်ည္းအလုပ္လုပ္ေနၾကတာမဟုတ္ပါဘူး။ ဒါေၾကာင္႕
ကုန္းတြင္းဘက္မွာေနသူေတြ ကြ်န္းဆြယ္ဘက္ကုိလာအလုပ္လုပ္ၾကသလို
ဆန္ဖရန္ဘက္ကလူေတြက ကုန္းတြင္းဘက္အလုပ္သြားလုပ္သူေတြရွိတယ္။ ဒါေၾကာင္႕
တံတားေတြေဆာက္ လမ္းေတြေဖာက္ အခြန္ေတြ တံတားျဖတ္ခေတြအကုန္ေကာက္ နဲ႕
ကမၻာလွည္႕ခရီးသြားလုပ္ငန္း နဲ႕ ေလဆိပ္ဝန္ေဆာင္မႈလုပ္ငန္းမွာ
ထိပ္တန္းကိုေရာက္ခဲ႕ျပန္တယ္။
.
.
.          
ဆန္ဖရန္မွာလံုးခ်င္းအိမ္ငွားေနႏုိင္ရင္ေတာ႕
ေငြရႊင္တဲ႕ဆရာၾကီး/ဆရာမၾကီးဆိုတာ ေသခ်ာသေလာက္ရွိတယ္။ မ်ားေသာအားျဖင္႕
အခန္းမွ်ေန - Room Share လုပ္ၾကတယ္။ ဒါေၾကာင္႕ တစ္လအိမ္တစ္လံုးငွားခ ေဒၚလာ
(၄ဝဝဝ) ခန္႕ကုိမသံုးပဲ မွ်ေနျပီး Room Sharing လုပ္လိုက္ေတာ႕ (၇) လ ေလာက္ေနလုိ႕ရသြားတာေၾကာင္႕ အေျခခံလူထုဟာ အသက္ဝဝျပန္ရွဴႏုိင္လာၾကတယ္။
.
.          တကယ္တမ္းဆန္းစစ္ၾကည္႕ရင္ ဆန္ဖရန္စစၥကိုသား - San Franciscan ေတြဆီမွာ ခိုင္ျမဲတဲ႕အေၾကာင္းရင္း တစ္ခုစီေတာ႕ရွိၾကတယ္။ တစ္ခ်ိဳ႕က ဒီမွာေမြး ဒီမွာၾကီးျပီး ေနသားက်သြားလုိ႕
တစ္ခ်ိဳ႕က ေက်ာင္းတက္ရင္း အခ်ိန္ပိုင္းအလုပ္လြယ္ကူလို႕ တစ္ခ်ိဳ႕က ခရီးခဏခဏထြက္ျပီး နယ္တကာလွည္႕အလုပ္လုပ္ေနရလုိ႕ တစ္ခ်ိဳ႕က်ျပန္ေတာ႕ သားသမီးပညာေရးအတြက္ ေက်ာင္းေကာင္း ေက်ာင္းၾကီး အေဆာင္ေတြနဲ႕နီးလို႕ စသျဖင္႕ . . စံုလုိ႕ပါပဲ။
.
.
.
         San Franciscan ေတြဟာ ကားေမာင္းတာ နည္းတယ္။
အျမန္ရထား Bart စီးတယ္။ လမ္း ေလွ်ာက္တယ္။ Uber ငွားစီးတယ္။ Lyft ကုိ
လက္ကိုင္ဖုန္းကေန လက္မတစ္ခ်က္ေတာက္ျပီး လွမ္းေခၚတယ္။ UberEATS နဲ႕
အစားေသာက္မွာစားတယ္။ Doordash ကေနမွာျပီး ပီဇာ၊ တရုတ္ဟင္းလာပို႕ခုိင္းတယ္။
တစ္ပတ္ (၅) ရက္အလုပ္လုပ္ျပီ္း ေသာၾကာေန႕ ညမွာ ကမၻာပ်က္ၾကတယ္။ စေန၊ တနဂၤေႏြ
(၂) ရက္ကိုငွားျပီး နတ္ျပည္တက္ၾကသလို တနလၤာေန႕မွာ ငရဲျပည္ကုိျပန္ဆင္းလာတယ္။  ေနာက္တစ္ရက္မုိးလင္းတာနဲ႕ နတ္ျပည္တက္လမ္း မဟူရာေသာၾကာညေရာက္ဖို႕ ျပန္လည္ေစာင္႕စားၾကတယ္။
.
.          
အနယ္နယ္အရပ္ရပ္ကမၻာတစ္ခြင္ကခရီးသြားေတြဟာ အေမရိကားဆိုရင္ ဆန္ဖရန္က Golden
Gate တံတားကိုေရာက္ခ်င္ၾကတယ္။ အနီးအနားက Palace of Fine Arts ကုိ
သြားလည္ခ်င္တယ္။ ေျမြလိမ္ေကြ႕ေကာက္ Lombard Street ကို
ျဖတ္ေလွ်ာက္ေျပးဆင္းခ်င္တယ္။ ဒီလိုပဲ တစ္ရက္လံုးဘဝကိုရုန္းကန္ရသမွ်
ေနအဝင္ရီရီျပံဳးျပန္ရေအာင္ Twin Peaks ေပၚကေန ျပည္ေတာ္ၾကီးကုိ ေလေအးေအးေလး
နဲ႕ ေငးၾကည္႕ခ်င္ၾကပါတယ္။ (ကုိေနဝင္း၏သီခ်င္းစာသားကိုယူသံုးပါသည္)
.
.
.
        သို႕ေပမယ္႕ ဆန္ဖရန္စစၥကိုဟာ နယူးေယာက္လုိ  
ညအိပ္မေပ်ာ္တဲ႕အက်င္႕မရွိဘူး။ သူဟာ အခိ်န္မွန္အိပ္တယ္ . . ေအးလည္း အိပ္တယ္။  ခ်မ္းလည္း အိပ္တယ္။ ေလတုိက္လည္း အိပ္တယ္။ ျမဴက်လည္း အိပ္တယ္။ ကားလမ္းၾကပ္လည္း ေပအိပ္တယ္။ ပင္လယ္ေလၾကမ္းလည္း အခ်ိန္တန္အိပ္တာဘဲ။ ဒါေပမယ္႕ အိမ္ေျခမဲ႕ေတြအိပ္ဖို႕ သူ႕မွာေနရာမေပးႏုိင္ဘူး။ ေျပာင္းေရႊ႕အလုပ္သမားအေျခခံလူသားေတြအတြက္ စားရိတ္က်ဥ္းတဲ႕လူေနမႈဘဝကို မေပးႏုိင္ရွာပါဘူး။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 11-14-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၆)"
. လာပါပြီ . . လာပါပြီ . . အများစောင့်ကြိုနေကြတဲ့ နာမယ်ကြီးဆန်ဖရန်စစ္စကို - San Francisco မြို့အကြောင်းလာပါပြီဗျား။ တစ်ခုလောက်အစီရင်ခံထားချင်တာက ဆန်ဖရန်စစ္စကိုမြို့ဟာ လူသိအရမ်းများတယ်။ ဒီမြို့အကြောင်းကျွမ်းကျင်သူတွေကိုယှဉ်ပြီးရေးရ ပြောပြရတဲ့အခါ ရောက်ဖူးသူတွေ၊ အခြေချနေထိုင်နေသူတွေ နဲ့ အမေရိကားမှာအနေကြာသူတွေ ဒီပို့စ်ကိုတွေ့ရင် ကျော်သွားကြပါလို့ကြိုတင်မှာထားပါရစေ ..။
.
. မြန်မာနိုင်ငံအကြောင်းပြောရင် ရန်ကုန်၊ မန္တလေး နဲ့ အစချီရသလို အမေရိကားလို့ပြောလိုက်တာနဲ့ နယူးယောက်၊ ဆန်ဖရန် ဆိုပြီး မြို့တော်မဟုတ်လည်း နာမယ်ကြီးကြတဲ့ အထင်အရမြို့အကြောင်းတွေနဲ့ စကားဝိုင်းတွေဟာ စတင်လှပအသက်ဝင်ကြရတယ်။
.
.
. မြို့အကြောင်းအတိုချုပ်ပြောရရင် ဆန်ဖရန်စစ္စကိုဟာ မြောက်ပိုင်းကယ်လီဖိုးနီးယားမှာတည်ရှိပြီး တောင်ကုန်းကျွန်းဆွယ်မြို့တစ်မြို့ပါ။ ဒါပေမယ့် မြူဖုံးတဲ့တံတား၊ အေးမြစက်ညှက်ရာသီဥတုအလှ နဲ့ နှေးတုံ့ဝင့်ကြွားတဲ့ Cable Car အပြင် အရောင်အသွေးဝေဆာသပါ့ ဗစ်တိုးရီးယားညီအစ်မအိမ်ယာအလှ တို့က နိုင်ငံတကာကအရေးတယူပတ်သက်နေရတဲ့ ရှေးမူမပျက်တဲ့နည်းပညာပြည့်ရွှင်မြို့တစ်မြို့ဆိုရင် ပိုမှန်ပါတယ်။
.
. တကြိမ်တခါတုန်းက မြို့ရဲ့ထင်ရှားအမှတ်အသား - Landmark အဆောက်အဦ - Transamerica Pyramid က တစ်မြို့လုံးမှာအထင်ရှားဆုံးလို့ဆိုခဲ့ပေမယ့် အခု အသစ်ဆောက်နေတဲ့ နည်းပညာကုမ္ပဏီပိုင် Salesforce Tower က တစ်မြို့လုံးမှာအမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကျော်တက်သွားဖို့ကြံစည်ခြင်းကို ဆန်ဖရန်ခမျာလည်စင်းခံနေရရှာပါတယ်။
.
.
. အဆမတန်တက်လာတဲ့ကျွန်းဆွယ်ရဲ့ပင်လယ်အော်မြေစျေးကိုဆန့်ကျင်ပြီး Millennium Tower က ကွန်ဒိုအခန်းပိုင်ရှင်တွေဟာ ကိုယ့်အခန်းကိုယ် စျေးလျှော့ရောင်းပြီး ဆင်းပြေးနေကြတာ သိပ်တော့မလန့်သွားကြပါနဲ့ . . ဒီ (၅၈) ထပ် မိုးမျှော်တိုက်ကြီးက တစ်နှှစ်ကို (၂") နှုန်းနဲ့ မြေကြီးထဲကျွံဝင်နေတာကြောင့်ပါ။
.
. မြို့တွင်းပတ်တဲ့ Tour ကားနဲ့လိုက်သွားရင် လူတစ်ယောက် ဒေါ်လာ (၅ဝ) နဲ့ လောက်ပါတယ်။ ဒါပေမယ့် ကိုယ့်ကားကိုယ်မောင်းသွားရင် အခန့်မသင့်လို့ မရပ်ရနေရာမှာရပ်မိရင် ဒေါ်လာ (၅ဝ) ကနေ (၂၇၅) ဒေါ်လာ၊ မဝင်ရလမ်း၊ တစ်လမ်းသွားကို ရန်ကုန်မှာလိုလမ်းပြောင်းပြန်ဝင်မိရင်တော့ အားလုံးက ဟွန်းဝိုင်းတီးကြလိမ့်မယ်။ ဒီလိုမစွန့်စားချင်လို့ ကားရပ်ခဲ့မယ်ဆိုရင် တစ်နာရီ (၁၅) ဒေါ်လာပေးရမယ့် ကားပါကင်တွေက နေရာအနှံ့မှာအသင့်ဆီးကြိုနေပါတယ်။
.
.
. ဆန်ဖရန်စစ္စကိုဟာ လျင်လျင်မြန်မြန်တိုးတက်တယ် . . လျင်လျင်မြန်မြန်ပြောင်းလဲတယ် . . ဒါကြောင့် ဒီမြို့မှာနေထိုင်ကြသူတွေနဲ့ တစ်ခြားမြို့ကနေအလုပ်လာလုပ်ကြသူတွေဟာ လျင်လျင်မြန်မြန်လှုပ်ရှားကြတာ အဆန်းမဟုတ်တော့ပါဘူး။ မြို့ပြဟာ လူတွေ နဲ့ မိုးမျှော်တိုက်တွေကို အမွေရလိုက်ပေမယ့် ဆီလီကွန်နည်းပညာလွင်ပြင်ကိုတော့ လက်လွှတ်လိုက်ရတယ်။ နေရာမရှိတဲ့ဘဝကနေ အငှား အဝယ်နေရာတွေဟာ ထင်မထားလောက်အောင်စျေးကြီးပြီး ကမ္ဘာ့ကုန်ကျစားရိတ်အကြီးဆုံးမြို့တွေအထဲ စာရင်းပေါက်သွားရတဲ့အထိ ရလဒ်ပြောင်မြောက်ခဲ့တယ်။
.
. ထူးခြားတာတစ်ခုပြောရရင် ဆန်ဖရန်မှာနေသူတွေအားလုံးဟာ (ရန်ကုန်လူထုပုံစံ) ဆန်ဖရန်မြို့တွင်းမှာချည်းအလုပ်လုပ်နေကြတာမဟုတ်ပါဘူး။ ဒါကြောင့် ကုန်းတွင်းဘက်မှာနေသူတွေ ကျွန်းဆွယ်ဘက်ကိုလာအလုပ်လုပ်ကြသလို ဆန်ဖရန်ဘက်ကလူတွေက ကုန်းတွင်းဘက်အလုပ်သွားလုပ်သူတွေရှိတယ်။ ဒါကြောင့် တံတားတွေဆောက် လမ်းတွေဖောက် အခွန်တွေ တံတားဖြတ်ခတွေအကုန်ကောက် နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းမှာ ထိပ်တန်းကိုရောက်ခဲ့ပြန်တယ်။
.
.
. ဆန်ဖရန်မှာလုံးချင်းအိမ်ငှားနေနိုင်ရင်တော့ ငွေရွှင်တဲ့ဆရာကြီး/ဆရာမကြီးဆိုတာ သေချာသလောက်ရှိတယ်။ များသောအားဖြင့် အခန်းမျှနေ - Room Share လုပ်ကြတယ်။ ဒါကြောင့် တစ်လအိမ်တစ်လုံးငှားခ ဒေါ်လာ (၄ဝဝဝ) ခန့်ကိုမသုံးပဲ မျှနေပြီး Room Sharing လုပ်လိုက်တော့ (၇) လ လောက်နေလို့ရသွားတာကြောင့် အခြေခံလူထုဟာ အသက်ဝဝပြန်ရှူနိုင်လာကြတယ်။
.
. တကယ်တမ်းဆန်းစစ်ကြည့်ရင် ဆန်ဖရန်စစ္စကိုသားတွေဆီမှာ ခိုင်မြဲတဲ့အကြောင်းရင်း တစ်ခုစီတော့ရှိကြတယ်။
တစ်ချို့က ဒီမှာမွေး ဒီမှာကြီးပြီး နေသားကျသွားလို့
တစ်ချို့က ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လွယ်ကူလို့
တစ်ချို့က ခရီးခဏခဏထွက်ပြီး နယ်တကာလှည့်အလုပ်လုပ်နေရလို့
တစ်ချို့ကျပြန်တော့ သားသမီးပညာရေးအတွက် ကျောင်းကောင်း ကျောင်းကြီး အဆောင်တွေနဲ့နီးလို့ စသဖြင့် . . စုံလို့ပါဘဲ။
.
.
. ဆန်ဖရန်စစ္စကမ် - San Franciscan တွေဟာ ကားမောင်းတာ နည်းတယ်။ အမြန်ရထား Bart စီးတယ်။ လမ်း လျှောက်တယ်။ Uber ငှားစီးတယ်။ Lyft ကို လက်ကိုင်ဖုနး်ကနေတစ်ချက်တောက်ပြီး လှမ်းခေါ်တယ်။ UberEATS နဲ့ အစားသောက်မှာစားတယ်။ Doordash ကနေမှာပြီး ပီဇာ၊ တရုတ်ဟင်းလာပို့ခိုင်းတယ်။ တစ်ပတ် (၅) ရက်အလုပ်လုပ်ပြီ်း သောကြာနေ့ ညမှာ ကမ္ဘာပျက်ကြတယ်။ စနေ၊ တနင်္ဂနွေ (၂) ရက်ကိုငှားပြီး နတ်ပြည်တက်ကြသလို တနင်္လာနေ့မှာ ငရဲပြည်ကိုပြန်ဆင်းလာတယ်။ နောက်တစ်ရက်မိုးလင်းတာနဲ့ နတ်ပြည်တက်လမ်း မဟူရာသောကြာညရောက်ဖို့ ပြန်လည်စောင့်စားကြတယ်။
.
. အနယ်နယ်အရပ်ရပ်ကမ္ဘာတစ်ခွင်ကခရီးသွားတွေဟာ အမေရိကားဆိုရင် ဆန်ဖရန်က Golden Gate တံတားကိုရောက်ချင်ကြတယ်။ အနီးအနားက Palace of Fine Arts ကို သွားလည်ချင်တယ်။ မြွေလိမ်ကွေ့ကောက် Lombard Street ကို ဖြတ်လျှောက်ပြေးဆင်းချင်တယ်။ ဒီလိုပဲ တစ်ရက်လုံးဘဝကိုရုန်းကန်ရသမျှ နေအဝင်ရီရီပြုံးပြန်ရအောင် Twin Peaks ပေါ်ကနေ ပြည်တော်ကြီးကို လေအေးအေးလေး နဲ့ ငေးကြည့်ချင်ကြပါတယ်။ (ကိုနေဝင်း၏သီချင်းစာသားကိုယူသုံးပါသည်)
.
.
. သို့ပေမယ့် ဆန်ဖရန်စစ္စကိုဟာ နယူးယောက်လို ညအိပ်မပျော်တဲ့အကျင့်မရှိဘူး။ သူဟာ အချိန်မှန်အိပ်တယ် . . အေးလည်း အိပ်တယ်။ ချမ်းလည်း အိပ်တယ်။ လေတိုက်လည်း အိပ်တယ်။ မြူကျလည်း အိပ်တယ်။ ကားလမ်းကြပ်လည်း ပေအိပ်တယ်။ ပင်လယ်လေကြမ်းလည်း အချိန်တန်အိပ်တာဘဲ။ ဒါပေမယ့် အိမ်ခြေမဲ့တွေအိပ်ဖို့ သူ့မှာနေရာမပေးနိုင်ဘူး။ ပြောင်းရွှေ့အလုပ်သမားအခြေခံလူသားတွေအတွက် စားရိတ်ကျဉ်းတဲ့လူနေမှုဘဝကို မပေးနိုင်ရှာပါဘူး။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-14-2017

.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကၤီး)
.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၇)"
.    
      ျမိဳ႕အေၾကာင္းေတြေရးျပီးသြားရင္ ေျပာင္းေရႊ႕လာမယ္႕လူအမ်ားစုကို
အေတြးတစ္စ၊ အၾကံတစ္ခု၊ ပံုရိပ္တစ္ခ်ပ္ရေစျပီး ၾကိဳတင္ျပင္ဆင္
ၾကိဳတင္ဆင္ျခင္လို႕ရမယ္႕အေၾကာင္းအရာေတြကုိေရြးခ်ယ္ေရးျပဖို႕စိတ္ကူးထားပါတယ္။ အေစာပိုင္းကေျပာခဲ႕သလိုပဲ . . လူတစ္ေယာက္၊ စံုတြဲတစ္တြဲ၊ မိသားစုတစ္စု၊
လူမ်ိဳးစု - Diaspora တစ္ခုအေနနဲ႕ မိမိတတ္ခဲ႕တဲ႕ဘာသာစကားကုိ
အဓိကမေျပာတဲ႕ႏုိင္ငံတစ္ခုမွာ ဘယ္ေနရာမွာအေျခခ်ျပီး
မိမိထြက္ခြာလာခဲ႕တဲ႕ႏုိင္ငံရဲ႕ဆင္းရဲမြဲေတမႈကုိလြတ္ေျမာက္ေအာင္လုပ္မလဲဆုိတာ
လူသားတစ္ေယာက္ရဲ႕ "ေအာင္ေျမ" ကို နင္းႏုိင္ေအာင္ရွာေဖြရသကဲ႕သို႕
အင္မတန္အေရးၾကီးပါတယ္။
.
.           အထူးသျဖင္႕ အေမရိကားမွာ
ဗီယက္နမ္လူမ်ိဳးေတြရဲ႕ ဆင္းရဲတြင္းကေနရုန္းထခဲ႕ပံုေလးေတြကိုမေျပာျပခင္
နည္းပညာလြင္ျပင္ - Silicon Valley ရဲ႕ အေၾကာင္းေျပာျပခ်င္တယ္။ ဒီအေၾကာင္း
ကြ်န္ေတာ္ေရးျပ ေျပာျပခဲ႕တာအၾကိမ္မနည္းေတာ႕တာမို႕လို႕
အဆက္အစပ္ရွိေအာင္အရင္ေရးျပီးထားတဲ႕ေဆာင္းပါးေတြကုိျပန္ဖတ္ၾကည္႕ေစခ်င္တယ္။
.
.
.
         တကယ္ေတာ႕ "San"  နဲ႕ "Santa" တို႕ဆိုတာ စိန္႕ - "Saint" ဆိုတဲ႕
သူေတာ္စင္ကိုေဖာ္ညႊန္းတာျဖစ္ျပီး (၁၈) ရာစု နဲ႕ (၁၉) ရာစုတုိ႕က
ခရစ္ယာန္သာသနာျပဳစပိန္ဘုန္းေတာ္ၾကီးေတြရဲ႕ဘဲြ႕ေတာ္ကိုအမွတ္ရေစလိုတဲ႕အေနနဲ႕
ျမိဳ႕နာမယ္ေတြတပ္ေခၚခ်ီးေျမွာက္ထားတာပါ။ အားလံုးထဲမွာအသံထြက္အမွားဆံုးက
"San Jose" ျဖစ္ပါတယ္။ ဒါက စိန္႕ဂ်ိဳးဆက္ -  Saint Joseph
ဘုန္းၾကီးကုိခ်ီးေျမာက္ထားတဲ႕ျမိဳ႕ျဖစ္ျပီး "Jose" ကုိ "ဂ်ိဳေဆး"
လို႕မဖတ္ပဲ  စပိန္အသံထြက္ "ဟုိေဆး" လုိ႕ ဖတ္ရပါတယ္။ (ခြ်င္းခ်က္အေနနဲ႕
ေဘာ္လံုးနည္းျပ "José Mourinho" ကုိ ေပၚတူဂီႏိုင္ငံသားျဖစ္လို႕
"ဂ်ိဳေဆးေမာ္ရင္ညိဳ" လုိ႕ ဖတ္ပါတယ္)
.
.          ဒါကိုရွင္းသြားျပီဆုိရင္ Bay Area ထဲက San နဲ႕ Santa တုိ႕နဲ႕စတဲ႕ျမိဳ႕ေတြကုိ ေအာက္မွာထပ္ေလ႕လာႏုိင္ပါတယ္။
.
San Francisco: Saint Francis de Assisi
.
San Jose: Saint Joseph
.
Santa Clara: Saint Claire
.
Santa Cruz: Holy Cross (Literally "Saint Cross")
.
San Mateo : Saint Matthew
.
San Rafael : Saint Raphael
.
San Carlos: Saint Charles
.
.        
.
          Silicon Valley ဆုိတာက
ေျမပံုေပၚမွာနယ္နိမိတ္ဆြဲထားတာမ်ိဳးမဟုတ္တာ သိၾကပါလိမ္႕မယ္။ မွတ္မွတ္ရရ
ဒုတိယကမၻာစစ္မတိုင္ခင္ေလးတင္ IBM ကုမၸဏီၾကီးက
ရံုးခ်ဳပ္ေျပာင္းေရႊ႕ဖြင္႕လာေတာ႕ ဆန္ဟုိေဆး - San Jose ကို
ရင္းႏွီးျမွဳပ္ႏွံသူေတြ စတင္သတိထားမိလာတယ္။ ေနာက္ပုိင္းတိုးခ်ဲ႕လာတဲ႕
သုေတသန - R&D (Research and Development) ႒ာနေတြေၾကာင္႕ အလုပ္အကုိင္အခြင္႕အလမ္းပြင္႕လာျပန္တယ္။
ေနာက္တစ္ခါ "ဖို႕ - Ford"  ကားကုမၸဏီက အလုိအေလ်ာက္တပ္ဆင္တဲ႕ကားစက္ရံု - San
Jose Assembly Plant ကုိ မဲလ္ပိတပ္စ္ - Milpitas ျမိဳ႕အနီးမွာတည္ေတာ႕
ဘဏ္ေတြ၊ ကုမၸဏီၾကီးေတြ မ်က္စိက်စရာေစ်းကြက္ၾကီးျဖစ္လာတာကို ဖတ္ရပါတယ္။
.
.
         အေမရိကားဟာ သူ႕ႏုိင္ငံရဲ႕ဓနဥစၥာေငြေၾကးေတြကုိ
ကမၻာအရပ္ရပ္ကစစ္ပြဲေတြမွာျဖဳန္းပစ္ေလ႕ရိွတယ္။
ကိုယ္တုိင္ကလက္နက္ထုတ္ေရာင္းတဲ႕ႏိုင္ငံဆုိေတာ႕ လက္နက္ေတြရဲ႕ပစ္ကြင္းဟာ
ဆင္းရဲျပီး သယံဇာတၾကြယ္ဝတဲ႕ကုိလုိနီေခတ္ကနယ္ေျမသိမ္းသလိုမဟုတ္ေတာ႕ပဲ
ကုိယ္႕ႏုိင္ငံကစစ္သားေတြကို ဘာမွျပန္မရႏုိင္တဲ႕
ဗလာခီ်ဘဝေရာက္သြားေစတဲ႕သာဓကတစ္ခုကို ဗီယက္နမ္ကုိစစ္ရွံဳးတဲ႕အလံျဖဴပြဲမွာ
အလူးအလဲခံစားလုိက္ရပါတယ္။
.
.
.            စစ္ရွံဳးျပန္ဘဝ ရဲ႕
အက်ိဳးဆက္အရ သန္းနဲ႕ခ်ီတဲ႕ အေမရိကန္ေထာက္ခံဗီယက္နမ္္ေတြကို
ႏို္င္ငံေရးခုိလွံဳခြင္႕ေပးရေတာ႕တယ္။ (၁၉၇၅) ခုႏွစ္ေနာက္ပိုင္း
အဝတ္တစ္ထည္ကုိယ္တစ္ခု နဲ႕ အင္အားေကာင္းေကာင္းေျပာင္းေရႊ႕လာတဲ႕လူအုပ္ၾကီးကုိ ၾကီးမားတဲ႕၊ မဖြံ႕ျဖိဳးေသးတဲ႕၊ ေျမရိုင္းထုတ္ေဖာ္ဖို႕လုိအပ္ေနေသးတဲ႕
ကယ္လီဖိုးနီုးယားရဲ႕လယ္ကြက္ေတြျဖစ္နဲ႕ "San Jose နဲ႕ Milpitas"  ပတ္လည္မွာ
သေဘာၤေပၚပါလာသမွ် သြန္ခ်လိုက္ၾကတယ္။
.
.           ဒီလူမ်ိဳးေလာက္ၾကိဳးစားတာ
ဒီလူမ်ိဳးပဲ ရွိပါလိမ္႕မယ္။ လက္တစ္ဖက္မွာရိုင္ဖယ္ကုိင္၊ ေနာက္တက္ဖက္က
တံဇဥ္ကုိင္ . . စပါးရိတ္၊ ေက်ာမွာကေလးကိုခ်ီပိုးထား၊ ေလယာဥ္ကုိမွ်ားျပီး
ခ်ံဳခိုတုိက္သား ဗီယက္နမ္ဆင္းရဲသားေတြဟာ အေမရိကန္ေျမဆီေျမသားေတြေပၚမွာ
ထြန္ယက္စိုက္ပ်ိဳးရင္း ဘာမွမရွိတဲ႕ဘဝေတြကေန လြတ္ေျမာက္သြားၾကတယ္ . . လူလံုးလွလာၾကတယ္။
စာမတတ္ေပမတတ္အေျခအေနကေနတိုးတက္လာလုိက္တဲ႕ေျပာင္းေရႊ႕လူဦးေရဟာ (၂ဝ၁၄)
စာရင္းအရ Mexico ၊ India ၊ China ၊ Philippine နဲ႕ El Salvador တို႕ျပီးရင္
ဆ႒မအမ်ားဆံုးလိုက္ခဲ႕တယ္။
.
.
.          
ေခတ္သစ္ဆီလီကြန္လြင္ျပင္ဟာ အဆုိပါျမိဳ႕ေတြခ်ည္းမလံုေလာက္ေတာ႕ပါဘူး။ Palo
Alto (Tesla) ၊ Mountain View (Google) ၊ Cupertino (Apple) ၊ Menlo Park
(Facebook) ၊ Santa Clara (Cisco) ၊ Redwood City (Oracle) ၊ San Francisco
(Uber) တို႕မွာ နည္းပညာတတ္လူငယ္ေျခတက္ေတြ အမ်ားၾကီးလိုအပ္ေနပါတယ္။
ဒီၾကားထဲ Sony (Japan) ၊ Samsung (Korea) ၊ Huawei (China) နဲ႕ TATA(India)
တုိ႕လုိ အဂၤလိပ္ဗားရွင္းေျပာင္းျပီးယွဥ္ျပိဳင္လာတဲ႕မားကက္တင္းေတြေၾကာင္႕
ေဒသခံအစစ္ေတြဟာ အစစအရာရာသာလြန္ထူးခြ်န္ေအာင္ျပင္ဆင္ရပါတယ္။ ဒါဆိုရင္
ဒီလုိပညာတတ္္ေတြ ဘယ္လိုေက်ာင္းကေန တက္လွမ္းခဲ႕ၾကတာပါလဲ?
.
.         
စတင္းဖို႕တကၠသိုလ္ - Stanford University ဟာ NASA -  National
Aeronautics and Space Administration ကေန မိနစ္ (၂ဝ) သာေမာင္းရျပီး (၂)
ခုစလံုးဟာ ဆီလီကြန္ရဲ႕လြင္ျပင္ထဲမွာ လူေတာ္မ်ားစြာကိုေမြးထုတ္ေပးေနပါတယ္။
ေက်ာင္းတက္ဖို႕လုိအပ္ခ်က္ - Requirement ျမင္႕မားသလို
က်ဴရွင္ေစ်းကလည္းမေသးလွသမုိ႕ ဒီေက်ာင္းတက္ဖို႕က ရည္မွန္းခ်က္ၾကီးျပီး
အလုပ္အင္မတန္လုပ္တဲ႕လူငယ္ေတြနဲ႕ကိုက္ညီပါတယ္။ စတင္းဖို႕တကၠသိုလ္ဟာ
ပုဂိၢဳလိကေက်ာင္းျဖစ္ျပီး ခ်မ္းသာတဲ႕ေက်ာင္းျဖစ္တာနဲ႕အညီ လည္ပတ္ေငြဟာ
(၂ဝ၁၆) စာရင္းအရ ေဒၚလာ (၂၃) ဘီလ်ံရိွပါသတဲ႕။
ဒီေက်ာင္းေလာက္နာမယ္မၾကီးေပမယ္႕ ဆီလီကြန္လြင္ျပင္ကုိေမာင္းႏွင္ႏုိင္ၾကတဲ႕
ပညာရွင္ေတြကိုေမြးထုတ္ေပးခဲ႕တဲ႕ ေက်ာင္းေတြအမ်ားၾကီးရွိပါေသးတယ္။
.
.
.
          ကဲ . . ဒီေလာက္ဆိုရင္ေတာ႕ Bay Area ရဲ႕ ေဒသအေတာ္မ်ားမ်ားကို
ကြ်န္ေတာ္ေခၚသြားလုိ႕  စာဖတ္ရင္းေရာက္ဖူးေနေလာက္ေရာေပါ႕။
ေနာက္အပိုင္းေတြမွာေတာ႕ ေပ်ာ္ရႊင္စရာ၊ လည္ပတ္စရာ၊
အလုပ္အကိုင္အခြင္႕အလမ္းအျပင္ ျမန္မာ႕ပတ္ဝန္းက်င္ နဲ႕
အေမရိကားလူေနမႈစံနစ္ေတြအေၾကာင္း တေစ႕တေစာင္းပတ္လည္ထပ္ရိုက္ၾကရေအာင္ . .။

.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 11-17-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၇)"
. မြို့အကြောင်းတွေရေးပြီးသွားရင် ပြောင်းရွှေ့လာမယ့်လူအများစုကို အတွေးတစ်စ၊ အကြံတစ်ခု၊ ပုံရိပ်တစ်ချပ်ရစေပြီး ကြိုတင်ပြင်ဆင် ကြိုတင်ဆင်ခြင်လို့ရမယ့်အကြောင်းအရာတွေကိုရွေးချယ်ရေးပြဖို့စိတ်ကူးထားပါတယ်။ အစောပိုင်းကပြောခဲ့သလိုပဲ . . လူတစ်ယောက်၊ စုံတွဲတစ်တွဲ၊ မိသားစုတစ်စု၊ လူမျိုးစု - Diaspora တစ်ခုအနေနဲ့ မိမိတတ်ခဲ့တဲ့ဘာသာစကားကို အဓိကမပြောတဲ့နိုင်ငံတစ်ခုမှာ ဘယ်နေရာမှာအခြေချပြီး မိမိထွက်ခွာလာခဲ့တဲ့နိုင်ငံရဲ့ဆင်းရဲမွဲတေမှုကိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ လူသားတစ်ယောက်ရဲ့ "အောင်မြေ" ကို နင်းနိုင်အောင်ရှာဖွေရသကဲ့သို့ အင်မတန်အရေးကြီးပါတယ်။
.
. အထူးသဖြင့် အမေရိကားမှာ ဗီယက်နမ်လူမျိုးတွေရဲ့ ဆင်းရဲတွင်းကနေရုန်းထခဲ့ပုံလေးတွေကိုမပြောပြခင် နည်းပညာလွင်ပြင် - Silicon Valley ရဲ့ အကြောင်းပြောပြချင်တယ်။ ဒီအကြောင်း ကျွန်တော်ရေးပြ ပြောပြခဲ့တာအကြိမ်မနည်းတော့တာမို့လို့ အဆက်အစပ်ရှိအောင်အရင်ရေးပြီးထားတဲ့ဆောင်းပါးတွေကိုပြန်ဖတ်ကြည့်စေချင်တယ်။
.
.
. တကယ်တော့ "San" နဲ့ "Santa" တို့ဆိုတာ စိန့် - "Saint" ဆိုတဲ့ သူတော်စင်ကိုဖော်ညွှန်းတာဖြစ်ပြီး (၁၈) ရာစု နဲ့ (၁၉) ရာစုတို့က ခရစ်ယာန်သာသနာပြုစပိန်ဘုန်းတော်ကြီးတွေရဲ့ဘွဲ့တော်ကိုအမှတ်ရစေလိုတဲ့အနေနဲ့ မြို့နာမယ်တွေတပ်ခေါ်ချီးမြှောက်ထားတာပါ။ အားလုံးထဲမှာအသံထွက်အမှားဆုံးက "San Jose" ဖြစ်ပါတယ်။ ဒါက စိန့်ဂျိုးဆက် - Saint Joseph ဘုန်းကြီးကိုချီးမြောက်ထားတဲ့မြို့ဖြစ်ပြီး "Jose" ကို "ဂျိုဆေး" လို့မဖတ်ပဲ စပိန်အသံထွက် "ဟိုဆေး" လို့ ဖတ်ရပါတယ်။ (ခြ်င္းခ်က္အေနနဲ႕ ေဘာ္လံုးနည္းျပ "José Mourinho" ကုိ ေပၚတူဂီႏိုင္ငံသားျဖစ္လို႕ "ဂ်ိဳေဆးေမာ္ရင္ညိဳ" လုိ႕ ဖတ္ပါတယ္။ ေျပာၾကားေပးသူ ကုိ @Aung Moe ေက်းဇူးပါ)
.
. ဒါကိုရှင်းသွားပြီဆိုရင် Bay Area ထဲက San နဲ့ Santa တို့နဲ့စတဲ့မြို့တွေကို အောက်မှာထပ်လေ့လာနိုင်ပါတယ်။
.
San Francisco: Saint Francis de Assisi
.
San Jose: Saint Joseph
.
Santa Clara: Saint Claire
.
Santa Cruz: Holy Cross (Literally "Saint Cross")
.
San Mateo : Saint Matthew
.
San Rafael : Saint Raphael
.
San Carlos: Saint Charles
.
.
. Silicon Valley ဆိုတာက မြေပုံပေါ်မှာနယ်နိမိတ်ဆွဲထားတာမျိုးမဟုတ်တာ သိကြပါလိမ့်မယ်။ မှတ်မှတ်ရရ ဒုတိယကမ္ဘာစစ်မတိုင်ခင်လေးတင် IBM ကုမ္ပဏီကြီးက ရုံးချုပ်ပြောင်းရွှေ့ဖွင့်လာတော့ ဆန်ဟိုဆေး - San Jose ကို ရင်းနှီးမြှုပ်နှံသူတွေ စတင်သတိထားမိလာတယ်။ နောက်ပိုင်းတိုးချဲ့လာတဲ့ သုတေသန - R&D ဋ္ဌာနတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်းပွင့်လာပြန်တယ်။ နောက်တစ်ခါ "ဖို့ - Ford" ကားကုမ္ပဏီက အလိုအလျောက်တပ်ဆင်တဲ့ကားစက်ရုံ - San Jose Assembly Plant ကို မဲလ်ပိတပ်စ် - Milpitas မြို့အနီးမှာတည်တော့ ဘဏ်တွေ၊ ကုမ္ပဏီကြီးတွေ မျက်စိကျစရာစျေးကွက်ကြီးဖြစ်လာတာကို ဖတ်ရပါတယ်။
.
. အမေရိကားဟာ သူ့နိုင်ငံရဲ့ဓနဥစ္စာငွေကြေးတွေကို ကမ္ဘာအရပ်ရပ်ကစစ်ပွဲတွေမှာဖြုန်းပစ်လေ့ရှိတယ်။ ကိုယ်တိုင်ကလက်နက်ထုတ်ရောင်းတဲ့နိုင်ငံဆိုတော့ လက်နက်တွေရဲ့ပစ်ကွင်းဟာ ဆင်းရဲပြီး သယံဇာတကြွယ်ဝတဲ့ကိုလိုနီခေတ်ကနယ်မြေသိမ်းသလိုမဟုတ်တော့ပဲ ကိုယ့်နိုင်ငံကစစ်သားတွေကို ဘာမှပြန်မရနိုင်တဲ့ ဗလာချီဘဝရောက်သွားစေတဲ့သာဓကတစ်ခုကို ဗီယက်နမ်ကိုစစ်ရှုံးတဲ့အလံဖြူပွဲမှာ အလူးအလဲခံစားလိုက်ရပါတယ်။
.
.
. စစ်ရှံုးပြန်ဘဝ ရဲ့ အကျိုးဆက်အရ သန်းနဲ့ချီတဲ့ အမေရိကန်ထောက်ခံဗီယက်နမ််တွေကို နို်င်ငံရေးခိုလှံုခွင့်ပေးရတော့တယ်။ (၁၉၇၅) ခုနှစ်နောက်ပိုင်း အဝတ်တစ်ထည်ကိုယ်တစ်ခု နဲ့ အင်အားကောင်းကောင်းပြောင်းရွှေ့လာတဲ့လူအုပ်ကြီးကို ကြီးမားတဲ့၊ မဖွံ့ဖြိုးသေးတဲ့၊ မြေရိုင်းထုတ်ဖော်ဖို့လိုအပ်နေသေးတဲ့ ကယ်လီဖိုးနီုးယားရဲ့လယ်ကွက်တွေဖြစ်နဲ့ "San Jose နဲ့ Milpitas" ပတ်လည်မှာ သဘောင်္ပေါ်ပါလာသမျှ သွန်ချလိုက်ကြတယ်။ (ပြောပြပေးတဲ့မိတ်ဆွေကြီး ဦး @Myo Than ကျေးဇူးပါ)
.
. ဒီလူမျိုးလောက်ကြိုးစားတာ ဒီလိုမျိုးပဲ ရှိပါလိမ့်မယ်။ လက်တစ်ဖက်မှာရိုင်ဖယ်ကိုင်၊ နောက်တက်ဖက်က တံဇင်ကိုင် . . စပါးရိတ်၊ ကျောမှာကလေးကိုချီပိုးထား၊ လေယာဉ်ကိုမျှားပြီး ချံုခိုတိုက်သား ဗီယက်နမ်ဆင်းရဲသားတွေဟာ အမေရိကန်မြေဆီမြေသားတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးရင်း မရှိဘဝကနေ လွတ်မြောက်သွားကြတယ် . . လူလုံးလှလာကြတယ်။ စာမတတ်ပေမတတ်အခြေအနေကနေတိုးတက်လာလိုက်တဲ့ပြောင်းရွှေ့လူဦးရေဟာ (၂ဝ၁၄) စာရင်းအရ Mexico ၊ India ၊ China ၊ Philippine နဲ့ El Salvador တို့ပြီးရင် ဆဋ္ဌမအများဆုံးလိုက်ခဲ့တယ်။
.
.
. ခေတ်သစ်ဆီလီကွန်လွင်ပြင်ဟာ အဆိုပါမြို့တွေချည်းမလုံလောက်တော့ပါဘူး။ Palo Alto (Tesla) ၊ Mountain View (Google) ၊ Cupertino (Apple) ၊ Menlo Park (Facebook) ၊ Santa Clara (Cisco) ၊ Redwood City (Oracle) ၊ San Francisco (Uber) တို့မှာ နည်းပညာတတ်လူငယ်ခြေတက်တွေ အများကြီးလိုအပ်နေပါတယ်။ ဒီကြားထဲ Sony (Japan) ၊ Samsung (Korea) ၊ Huawei (China) နဲ့ TATA(India) တို့လို အင်္ဂလိပ်ဗားရှင်းပြောင်းပြီးယှဉ်ပြိုင်လာတဲ့မားကက်တင်းတွေကြောင့် ဒေသခံအစစ်တွေဟာ အစစအရာရာသာလွန်ထူးချွန်အောင်ပြင်ဆင်ရပါတယ်။ ဒါဆိုရင် ဒီလိုပညာတတ််တွေ ဘယ်လိုကျောင်းကနေ တက်လှမ်းခဲ့ကြတာပါလဲ?
.
. စတင်းဖို့တက္ကသိုလ် - Standford University ဟာ NASA - National Aeronautics and Space Administration ကနေ မိနစ် (၂ဝ) သာမောင်းရပြီး (၂) ခုစလုံးဟာ ဆီလီကွန်ရဲ့လွင်ပြင်ထဲမှာ လူတော်များစွာကိုမွေးထုတ်ပေးနေပါတယ်။ ကျောင်းတက်ဖို့လိုအပ်ချက် - Requirement မြင့်မားသလို ကျူရှင်စျေးကလည်းမသေးလှသမို့ ဒီကျောင်းတက်ဖို့က ရည်မှန်းချက်ကြီးပြီး အလုပ်အင်မတန်လုပ်တဲ့လူငယ်တွေနဲ့ကိုက်ညီပါတယ်။ စတင်းဖို့တက္ကသိုလ်ဟာ ပုဂ္ဂိုလိကကျောင်းဖြစ်ပြီး ချမ်းသာတဲ့ကျောင်းဖြစ်တာနဲ့အညီ လည်ပတ်ငွေဟာ (၂ဝ၁၆) စာရင်းအရ ဒေါ်လာ (၂၃) ဘီလျံရှိပါသတဲ့။ ဒီကျောင်းလောက်နာမယ်မကြီးပေမယ့် ဆီလီကွန်လွင်ပြင်ကိုမောင်းနှင်နိုင်ကြတဲ့ ပညာရှင်တွေကိုမွေးထုတ်ပေးခဲ့တဲ့ ကျောင်းတွေအများကြီးရှိပါသေးတယ်။
.
.
. ကဲ . . ဒီလောက်ဆိုရင်တော့ Bay Area ရဲ့ ဒေသအတော်များများကို ကျွန်တော်ခေါ်သွားလို့ စာဖတ်ရင်းရောက်ဖူးနေလောက်ရောပေါ့။ နောက်အပိုင်းတွေမှာတော့ ပျော်ရွှင်စရာ၊ လည်ပတ်စရာ၊ အလုပ်အကိုင်အခွင့်အလမ်းအပြင် မြန်မာ့ပတ်ဝန်းကျင် နဲ့ အမေရိကားလူနေမှုစံနစ်တွေအကြောင်း တစေ့တစောင်းပတ်လည်ထပ်ရိုက်ကြရအောင် . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-17-2017

.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)

.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၈)"
.    
      တကယ္လို႕မိတ္္ေဆြဟာ Bay Area ေဒသကို အလည္အပတ္မဟုတ္ပဲ
အေျခခ်ဖို႕ေရာက္လာတယ္ဆုိရင္ အိမ္ဝယ္/အိမ္ငွားကိစၥကိုအရင္လုပ္ဖို႕လုိပါလိမ္႕မယ္။ အဲဒီအခါက်ရင္
ကြ်န္ေတာ္ေရးဖို႕က်န္ေနတဲ႕ သံုးပြင္႕ဆုိင္ျမိဳ႕ေတာ္ - Tri City ေဒသအၾကာင္းကုိသိထားတာ မိတ္ေဆြအတြက္ေရြးခ်ယ္စရာပိုရွိလာမယ္႕အေၾကာင္းေရးျပခ်င္တယ္။
.
.      
   တစ္ခ်ိဳ႕ေသာျမိဳ႕ေတြက ျမိဳ႕နာမယ္တစ္ခုတည္းေျပာရတာခက္တယ္။
ဘာျဖစ္လို႕လဲဆိုေတာ႕ ျမိဳ႕လို႕မည္ကာမတၱသာရွိျပီး တစ္ျခားတစ္ျမိဳ႕ျမိဳ႕နဲ႕ပုခံုးတုိက္လိုက တုိက္လိုက္၊ လက္ခ်င္းခ်ိတ္လိုက ခ်ိတ္လိုက္ နဲ႕ ေျခခ်င္းျငိလိုက ျငိလိုက္ဆိုေတာ႕ နယ္နိမိတ္ျခားဆိုင္းဘုဒ္ေတြသာမရွိရင္တစ္ျမိဳ႕ထဲလို႕ထင္သြားႏုိင္တယ္။
.
.
.
         အမွန္က Fremont, Union City, Newark ဆုိတဲ႕ေပါင္းစည္းျမိဳ႕ေတြက  Tri City ဆိုတဲ႕အသံုးအႏႈန္းကုိ Bay Area ရဲ႕ ရာဇဝင္ထဲမွာျမွဳပ္ထားခဲ႕လိုက္ၾကပါျပီ။ အဓိကဦးေဆာင္ေနတာက ျမန္မာေတြအေနမ်ားတဲ႕
ဖရီးေမာင္႕ - Fremont ျမိဳ႕ပါ။ ဒါက ျမန္မာလူဦးေရကိုလိုက္ရွာေနတဲ႕ျမန္မာမ်က္စိနဲ႕ၾကည္႕လို႕သာေျပာရတာ
တကယ္စစ္စစ္ေပါက္ေပါက္ေျပာရရင္ ဒီေဒသကို (နာမယ္ေတြေတာ႕မေျပာေတာ႕ပါ) နယ္ေျမ
(၅) ခုနဲ႕ဖြဲ႕စည္းျမိဳ႕တည္ခဲ႕တာျဖစ္ျပီး အာဖဂမ္နစၥတန္ဒုကၡသည္အမ်ားစု နဲ႕ H1  Visa နဲ႕ေရာက္လာတဲ႕ အိႏိၵယေဆာ႕ဝဲလ္သမားေတြနဲ႕လူသားအရင္းအျမစ္အားျပဳခဲ႕တဲ႕ျမိဳ႕လို႕ေျပာရပါလိမ္႕မယ္။
.
.
          ဒီေဒသက မစ္ရွင္ေတာင္ - Mission Peak ကလြဲျပီး ေျမျပန္႕နီးပါး
ျပန္႕ျပဴးတဲ႕ေျမစုျဖစ္တာနဲ႕တစ္ဆက္တည္း ေဘးနားက နယူးေဝါ႕ခ္ - Newark နဲ႕
ယူနီယံစီးတီး - Union City ျမိဳ႕တုိ႕နဲ႕လံုးေထြးျပီး ပင္လယ္ေအာ္ကမ္းစပ္ေတြဘက္ ခပ္ေဆြေဆြေလးရစ္ပတ္ေနပါတယ္။ ခရစ္ယာန္ဘာသာဘုရားရွိခုိးေက်ာင္း နဲ႕ ဗုဒၶဘာသာျမန္မာဘုန္းၾကီးေက်ာင္းတုိ႕ကို ဘာသာေရးအရေရာ၊ လုပ္အားေပးအျဖစ္ပါ ကုသုိလ္ပါဝင္ကူညီလုပ္အားေပးၾကသူအေပါင္းကုိ Fremont ျမိဳ႕တစ္ဝိုက္မွာ ခပ္စိတ္စိတ္ေလးေတြ႕ရတတ္ျပန္တယ္။
.
.
.  ဘယ္ေန႕ဘယ္ရက္မွာဘာပြဲလုပ္မယ္ဆုိတဲ႕လူစုလူေဝးနဲ႕စည္စည္ကားကားက်င္းပတဲ႕ဗမာေတြေတြ႕ဆံုတဲ႕ပြဲေတြဟာ  Fremont ရဲ႕ ဒီဘက္မွာဆိုရင္ ေဟးဝပ္ - Hayward ျမိဳ႕အထိ၊ ျမိဳ႕ဟုိဘက္ဆုိရင္ မဲလ္ပိတပ္စ္ - Milpitas ျမိဳ႕အထိ၊ ဒမ္ဘာတမ္တံတား - Dumbarton Bridge ကူးသြားရင္ မင္လိုပါ႕ခ္ - Menlo Park ျမိဳ႕ကေန ေပၚလုိအားတုိ - Palo Alto ျမိဳ႕အထိ လက္တံရွည္တဲ႕ Fremont ျမိဳ႕တစ္ဝုိက္မွာက်င္းပတတ္ၾကတယ္။
.
.
        အိမ္ေစ်းကေတာ႕ အခု (၂ဝ၁၈-၂ဝ၁၉) ကာလမွာ မေမးတာပိုေကာင္းပါလိမ္႕မယ္။  ကိုယ္က မရွိစုရွိစုေငြစုစာရင္းမွာ လက္ငင္းခ်ဖို႕ေငြျပည္႕မယ္လုပ္တုန္း ကိုေရႊေတာ္ေခ်ာအိမ္ေစ်းႏႈန္းကမေစာင္႕ပဲတက္တက္သြားလုိက္တာ (၂ဝ၁၂) ခုႏွစ္တန္ုးကအက်ဆံုးေစ်းနဲ႕ဆုိရင္ မ်က္ႏွာက်က္တက္ခ်ိတ္ေလာက္ေအာင္ (၃) ဆနီးပါးျဖစ္သြားခဲ႕တယ္။ ဒါက မ္အပုိင္ဝယ္မယ္႕သူကုိေျပာျပတာ။
.
.
.
         မတတ္ႏုိင္လုိ႕ငွားေနမယ္ဆုိျပန္ေတာ႕ ဘယ္ေနရာမွေနေန တစ္လ ေဒၚလာ (၂ဝဝဝ) မေပးရင္ ဘာမွမရႏုိင္ေလာက္ေအာင္ၾကားေနရျပန္တယ္။ ေနရာေကာင္းရင္ေကာင္းသလို အိမ္ခန္း - Apartment ေကာင္းရင္ေကာင္းသလုိ အတန္းအစားအမ်ိဳးမ်ိဳးရွိေနျပန္ေတာ႕ အခန္းခြဲစိတ္ငွားတဲ႕ Room Sharing က
ေစ်းကြက္ထဲကို အလီလီအစိတ္စိတ္ျပန္႕က်ဲျပီးေစ်းကြက္ဝင္လာပါတယ္။ ဒီအခါက်မွသာ အေနက်ဳံ႕ၾကေပမယ္႕ အသစ္ေျပာင္းေရႊ႕လာသူေတြဟာ ထမင္းယပ္ခပ္စားႏုိင္ၾကေတာ႕တယ္ .  . အသက္ရွဴေခ်ာင္လာၾကရတယ္။
.
.          Fremont တစ္ဝုိက္မွာေနဖို႕သိပ္ေကာင္းတဲ႕အခ်က္ကုိမီးေမာင္းထုိးျပရရင္
မီးခုိးထြက္စက္ရံုေတြထက္ တပ္ဆင္ထုတ္ေရာင္း - Assembly စက္ရံုေတြ အင္မတန္မ်ားျပားတာပါပဲ။ အရာရာကုိရင္ဆိုင္ဖို႕အဆင္သင္႕ျဖစ္ေနတဲ႕အသစ္ေျပာင္းေရႊ႕လာသူေတြဟာ ေျမျပင္ေပၚေထာင္ထားတဲ႕အပ္နဲ႕မိုးေပၚကအပ္တို႕ထိဖို႕ခက္ခ်င္ရင္သာခက္မယ္ . . Fremont တစ္ဝုိက္မွာ အလုပ္အမ်ိဳးအစားေခ်းမမ်ားသူအတြက္ အလုပ္ရဖို႕ရာခုိင္ႏႈန္းအျမင္႕ဆံုးျဖစ္ပါတယ္။ သြားရလာရ လြယ္ကူတယ္။ ၿမိဳ႕အဝင္ၿမိဳ႕အထြက္ လမ္းသင့္တယ္။ Bay Area တစ္ဝိုက္ ဘယ္ကိုလွမ္းလွမ္း လမ္းသာပါတယ္။
.
.
.         
အခ်ိန္ပိုင္းအလုပ္နဲ႕ဘဝကိုခ်င္႕ခ်ိန္ႏုိင္တယ္ဆိုတာ အေမရိကားမွာသိပ္မွန္တယ္။ ဒါပမယ္႕ ေက်ာင္းသားတစ္ေယာက္ေက်ာင္းမျပီးတဲ႕အခါ ႏိုင္ငံက နစ္နာရတယ္။ အထူးသျဖင္႕ အားလပ္ခ်ိန္မွာအနားယူမလား? စာဖတ္မလား? ဆိုတာ လူငယ္တို႕က သူတို႕ရဲ႕ပညာေရးကိုဘယ္ေလာက္သက္ဝင္ယံုၾကည္သလဲဆိုတာက အကဲျဖတ္ေပးၾကတယ္။ ဒါေၾကာင္႕ အစုိးရကေထာက္ပံ႕တဲ႕ေကာလိပ္ေတြမွာ ဆက္ျပီးပညာသင္မယ္ဆုိရင္ Fremont  ဘက္မွာ အိုလံုးနီေကာလိပ္ - Ohlone College ရွိတယ္။ အိုလံုးနီ မွာ (၂) ႏွစ္တက္ျပီး တကၠသုိလ္ေတြဆက္ကူးသြားၾကသလို ဒီမွာတင္ A.S, A.A Degree ေတြယူျပီးသူျမန္မာအမ်ားစု Tri City ဘက္မွာမၾကာခဏေတြ႕ရတာ အားရွိလွပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 11-28-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၈)"
. တကယ်လို့မိတ််ဆွေဟာ Bay Area ဒေသကို အလည်အပတ်မဟုတ်ပဲ အခြေချဖို့ရောက်လာတယ်ဆိုရင် အိမ်ဝယ်/အိမ်ငှားကိစ္စကိုအရင်လုပ်ဖို့လိုပါလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်ရေးဖို့ကျန်နေတဲ့ သုံးပွင့်ဆိုင်မြို့တော် - Tri City ဒေသအကြာင်းကိုသိထားတာ မိတ်ဆွေအတွက်ရွေးချယ်စရာပိုရှိလာမယ့်အကြောင်းရေးပြချင်တယ်။
.
. တစ်ချို့သောမြို့တွေက မြို့နာမယ်တစ်ခုတည်းပြောရတာခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့လို့မည်ကာမတ္တသာရှိပြီး တစ်ခြားတစ်မြို့မြို့နဲ့ပုံခုံးတိုက်လိုက တိုက်လိုက်၊ လက်ချင်းချိတ်လိုက ချိတ်လိုက် နဲ့ ခြေချင်းငြိလိုက ငြိလိုက်ဆိုတော့ နယ်နိမိတ်ခြားဆိုင်းဘုဒ်တွေသာမရှိရင်တစ်မြို့ထဲလို့ထင်သွားနိုင်တယ်။
.
.
. အမှန်က Fremont, Union City, Newark ဆိုတဲ့ပေါင်းစည်းမြို့တွေက Tri City ဆိုတဲ့အသုံးအနှုန်းကို Bay Area ရဲ့ ရာဇဝင်ထဲမှာမြှုပ်ထားခဲ႕လိုက်ကြပါပြီ။ အဓိကဦးဆောင်နေတာက မြန်မာတွေအနေများတဲ့ ဖရီးမောင့် - Fremont မြို့ပါ။ ဒါက မြန်မာလူဦးရေကိုလိုက်ရှာနေတဲ့မြန်မာမျက်စိနဲ့ကြည့်လို့သာပြောရတာ တကယ်စစ်စစ်ပေါက်ပေါက်ပြောရရင် ဒီဒေသကို (နာမယ်တွေတော့မပြောတော့ပါ) နယ်မြေ (၅) ခုနဲ့ဖွဲ့စည်းမြို့တည်ခဲ့တာဖြစ်ပြီး အာဖဂမ်နစ္စတန်ဒုက္ခသည်အများစု နဲ့ H1 Visa နဲ့ရောက်လာတဲ့ အိန္ဒိယဆော့ဝဲလ်သမားတွေနဲ့လူသားအရင်းအမြစ်အားပြုခဲ့တဲ့မြို့လို့ပြောရပါလိမ့်မယ်။
.
. ဒီဒေသက မစ်ရှင်တောင် - Mission Peak ကလွဲပြီး မြေပြန့်နီးပါး ပြန့်ပြူးတဲ့မြေစုဖြစ်တာနဲ့တစ်ဆက်တည်း ဘေးနားက နယူးဝေါ့ခ် - Newark နဲ့ ယူနီယံစီးတီး - Union City မြို့တို့နဲ့လုံးထွေးပြီး ပင်လယ်အော်ကမ်းစပ်တွေဘက် ခပ်ဆွေဆွေလေးရစ်ပတ်နေပါတယ်။ ခရစ်ယာန်ဘာသာဘုရားရှိခိုးကျောင်း နဲ့ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်းတို့ကို ဘာသာရေးအရရော၊ လုပ်အားပေးအဖြစ်ပါ ကုသိုလ်ပါဝင်ကူညီလုပ်အားပေးကြသူအပေါင်းကို Fremont မြို့တစ်ဝိုက်မှာ ခပ်စိတ်စိတ်လေးတွေ့ရတတ်ပြန်တယ်။
.
.
. ဘယ်နေ့ဘယ်ရက်မှာဘာပွဲလုပ်မယ်ဆိုတဲ့လူစုလူဝေးနဲ့စည်စည်ကားကားကျင်းပတဲ့ဗမာတွေတွေ့ဆုံတဲ့ပွဲတွေဟာ Fremont ရဲ့ ဒီဘက်မှာဆိုရင် ဟေးဝပ် - Hayward မြို့အထိ၊ မြို့ဟိုဘက်ဆိုရင် မဲလ်ပိတပ်စ် - Milpitas မြို့အထိ၊ ဒမ်ဘာတမ်တံတား - Dumbarton Bridge ကူးသွားရင် မင်လိုပါ့ခ် - Menlo Park မြို့ကနေ ပေါ်လိုအားတို - Palo Alto မြို့အထိ လက်တံရှည်တဲ့ Fremont မြို့တစ်ဝိုက်မှာကျင်းပတတ်ကြတယ်။
.
. အိမ်စျေးကတော့ အခု (၂ဝ၁၆-၂ဝ၁၇) ကာလမှာ မမေးတာပိုကောင်းပါလိမ့်မယ်။ ကိုယ်က မရှိစုရှိစုငွေစုစာရင်းမှာ လက်ငင်းချဖို့ငွေပြည့်မယ်လုပ်တုန်း ကိုရွှေတော်ချောအိမ်စျေးနှုန်းကမစောင့်ပဲတက်တက်သွားလိုက်တာ (၂ဝ၁၂) ခုနှစ်တန်ုးကအကျဆုံးစျေးနဲ့ဆိုရင် မျက်နှာကျက်တက်ချိတ်လောက်အောင် (၂) ဆနီးပါးဖြစ်သွားခဲ့တယ်။ ဒါက အိမ်အပိုင်ဝယ်မယ့်သူကိုပြောပြတာ။
.
.
. မတတ်နိုင်လို့ငှားနေမယ်ဆိုပြန်တော့ ဘယ်နေရာမှနေနေ တစ်လ ဒေါ်လာ (၂ဝဝဝ) မပေးရင် ဘာမှမရနိုင်လောက်အောင်ကြားနေရပြန်တယ်။ နေရာကောင်းရင်ကောင်းသလို အိမ်ခန်း - Apartment ကောင်းရင်ကောင်းသလို အတန်းအစားအမျိုးမျိုးရှိနေပြန်တော့ အခန်းခွဲစိတ်ငှားတဲ့ Room Sharing က စျေးကွက်ထဲကို အလီလီအစိတ်စိတ်ပြန့်ကျဲပြီးစျေးကွက်ဝင်လာပါတယ်။ ဒီအခါကျမှသာ အနေကျုံ့ကြပေမယ့် အသစ်ပြောင်းရွှေ့လာသူတွေဟာ ထမင်းယပ်ခပ်စားနိုင်ကြတော့တယ် . . အသက်ရှူချောင်လာကြရတယ်။
.
. Fremont တစ်ဝိုက်မှာနေဖို့သိပ်ကောင်းတဲ့အချက်ကိုမီးမောင်းထိုးပြရရင် မီးခိုးထွက်စက်ရုံတွေထက် တပ်ဆင်ထုတ်ရောင်း - Assembly စက်ရုံတွေ အင်မတန်များပြားတာပါပဲ။ အရာရာကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေတဲ့အသစ်ပြောင်းရွှေ့လာသူတွေဟာ မြေပြင်ပေါ်ထောင်ထားတဲ့အပ်နဲ့မိုးပေါ်ကအပ်တို့ထိဖို့ခက်ချင်ရင်သာခက်မယ် . . Fremont တစ်ဝိုက်မှာ အလုပ်အမျိုးအစားချေးမများသူအတွက် အလုပ်ရဖို့ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပါတယ်။ သွားရလာရ လွယ်ကူတယ်။ မြို့အဝင်မြို့အထွက် လမ်းသင့်တယ်။ Bay Area တစ်ဝိုက် ဘယ်ကိုလှမ်းလှမ်း လမ်းသာပါတယ်။
.
.
. အချိန်ပိုင်းအလုပ်နဲ့ဘဝကိုချင့်ချိန်နိုင်တယ်ဆိုတာ အမေရိကားမှာသိပ်မှန်တယ်။ ဒါပမဲ့ ကျောင်းသားတစ်ယောက်ကျောင်းမပြီးတဲ့အခါ နို်င်ငံက နစ်နာရတယ်။ အထူးသဖြင့် အားလပ်ချိန်မှာအနားယူမလား? စာဖတ်မလား? ဆိုတာ လူငယ်တို့က သူတို့ရဲ့ပညာရေးကိုဘယ်လောက်သက်ဝင်ယုံကြည်သလဲဆိုတာက အကဲဖြတ်ပေးကြတယ်။ ဒါကြောင့် အစိုးရကထောက်ပံ့တဲ့ကောလိပ်တွေမှာ ဆက်ပြီးပညာသင်မယ်ဆိုရင် Fremont ဘက်မှာ အိုလုံးနီကောလိပ် - Ohlone College ရှိတယ်။ အိုလုံးနီ မှာ (၂) နှစ်တက်ပြီး တက္ကသိုလ်တွေဆက်ကူးသွားကြသလို ဒီမှာတင် A.S, A.A Degree တွေယူပြီးသူမြန်မာအများစု Tri City ဘက်မှာမကြာခဏတွေ့ရတာ အားရှိလှပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 11-28-2017

.
.
ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၉)"
.    
      ဗီဆာရျပီးတဲ႕မိတ္ေတြေတြက အေမရိကားကုိအလုပ္လုပ္ဖို႕ေရာက္လာျပီဆုိေတာ႕  အလုပ္အကိုင္ေပါတဲ႕ေနရာေတြပုိ႕ေပးမွျဖစ္ေတာ႕မယ္။ လုပ္ရျပီ ကိုင္ရျပီဆုိရင္ အရင္လို စတုိင္နဲ႕ မလိုင္နဲ႕ ေနလုိ႕မျဖစ္ေတာ႕ဘူး . .  ၾကိဳးစားရမယ္၊ ေလ႕လာရမယ္၊ အသစ္ေတြျမင္ရမယ္၊ လက္ခံသင္ယူတတ္ဖို႕အသင္႕ျဖစ္ေနဖို႕လိုလာေတာ႕မယ္။
.
.          ဒါေပမယ္႕ သိပ္အေရးၾကီးတာတစ္ခုရွိတယ္ . . အဲဒါကေတာ႕ အလုပ္ခြင္ထဲေျခစံုပစ္မဝင္ခင္ Bay Area မွာ တစ္ဝၾကီးလည္ပတ္ထားဖို႕ပါပဲ။
.
.          San Francisco City Tour
.
         ဆန္ဖရန္စစၥကိုျမိဳ႕ထဲကိုမလည္ခင္ Hop On Hop Off Bus Tour ဆိုတဲ႕ အမုိးပြင္္႕ေတာင္ေပၚသား ေလအိတ္ကားၾကီးအေၾကာင္းသိထားမွျဖစ္မယ္။ အေပၚက အမုိးမပါ - ပက္လက္ေပၚမွာ ထုိင္ခံုေတြပါျပီး ဓါတ္ပံုရိုက္ဖို႕အေကာင္းဆံုးအေနအထားကုိ မိတ္ေဆြတို႕ေတြ႕ရပါမယ္။ ဒီလိုကားေတြကိုရင္းထားတဲ႕ဧည္႕ၾကိဳကုမၸဏီရဲ႕စာမ်က္ႏွာေတြအရ (အခြန္နဲ႕ျပတုိက္ဝင္ေၾကးေတြမပါေသး) ၂ ရက္စာလည္ဖို႕ လူၾကီးအတြက္ (၆၃) ေဒၚလာ နဲ႕ ကေလးအတြက္ (၃၈) ေဒၚလာဆုိတာသိရတယ္။ စာင္႕တတ္ရင္ေလွ်ာ႕ေစ်းရတဲ႕အခါေတြ ရွိပါတယ္။
.
.          ကားအနီၾကီးနဲ႕သြားတဲ႕လမ္းတစ္ေလွ်ာက္မွာ ရႈခင္းနဲ႕ျမိဳ႕သမုိင္းအေၾကာင္းရွင္းျပမယ္႕ ဧည္႕လမ္းညႊန္ပါတယ္။ ေနရာ (၄ဝ) ေလာက္မွာ တစ္ေနရာ ရပ္လိုက္ ေနာက္တစ္ေနရာသြားလုိ႕
ေနာက္အေၾကာင္းအရာတစ္ခုေျပာလုိက္ ဓါတ္ပံုရုိက္လိုက္နဲ႕ မနားတမ္း အစံုသိရ အစံုၾကည္႕ရမယ္။ ကားရပ္စရာမလိုတဲ႕ ဧရာမ ကားျဖတ္ေမာင္းရႈခင္း (၄) ေနရာေလာက္ေရာက္ဦးမယ္။ ဒါ႕အျပင္ အထင္အရဆန္ဖရန္စစၥကိုသမုိင္းကုိဝင္ေရာက္ေရးသားေပးၾကတဲ႕ . .
.
The Golden Gate Bridge - တံတားၾကီး ဟုိဘက္ထိပ္ ဒီဘက္ထိပ္
.
Ghirardelli Square - ဂရယ္ဒဲရီေခ်ာကလက္စတင္ခဲ႕တဲ႕ေနရာ
.
Fisherman's Wharf - ဆိုတဲ႕ ကမ္းစပ္အငူ
.
Pier 39 - ဆိပ္ကမ္းအမွတ္ (၃၉) က လူမေၾကာက္တဲ႕ပင္လယ္ဖ်ံေတြ နဲ႕
.
Lombard Street - နာမယ္ၾကီးေျမြလိမ္ေျမြေကာက္လမ္း လြန္းဘတ္
.
Palace of Fine Arts ဆိုတဲ႕ ေရွးေဟာင္းအထင္အရအေဆာက္အဦ နဲ႕ ေရေပ်ာ္ငန္းေလးေတြ
.
Golden Gate Park - မွာရွိတဲ႕ သိပၸံအကယ္ဒမီ - Academy of Sciences ပန္းျခံျပတိုက္
.
Victorians Houses - ရုပ္ရွင္ထဲမွာခဏခဏပါတဲ႕ အေရာင္စံုတူညီဗစ္တိုးရီးယားအိမ္ညီအမ
.
City Hall / Civic Center - ျမိဳ႕ေတာ္ခန္းမ နဲ႕ ပတ္ပတ္လည္ေအာ္ပရာခန္းမေတြ
.
Union Square - အေကာင္းၾကိဳက္သမားေတြေစ်းဝယ္ဖို႕ေနရာ
.
Chinatown - အေမရိကားရဲ႕ေရွးအက်ဆံုးတရုတ္တန္း
.
Bay Bridge - ညရႈခင္းၾကည္႕ဖို႕ျဖတ္ေမာင္းလို႕အေကာင္းဆံုးပင္လယ္ေကြ႕တံတား
.
Sausalito - ဆန္ဖရန္ျမိဳ႕ၾကီးကုိ အိမ္ကေန ထုိင္ၾကည္႕ေနလို႕ရတဲ႕ရပ္ကြက္
.
Financial District - ကမၻာကိုကိုင္လႈပ္ခဲ႕တဲ႕ လ်မ္းလ်မ္းေတာက္ဘ႑ာေရးရပ္ကြက္
.
Embarcadero - ဆုိက္ကားစီးမလား၊ သေဘာၤစီးမလား၊ ေလညွင္းခံပင္လယ္စာစားမလား အစံုရတဲ႕ အမ္ဘာကာဒဲရုိကမ္းနား
.
မေျပာမျဖစ္က်န္ခဲ႕လို႕မရတဲ႕ အေမရိကားရဲ႕ဂုဏ္ရပ္ကြက္ (Pride) ရွိတဲ႕ LGBT ရပ္ဝန္းလမ္း Castro Street စတာေတြကို ပို႕ေပးပါလိမ္႕မယ္။
.
.
.
         သတိထားဖို႕က အစစအရာရာေဘးကင္းလံုျခံဳဖို႕နဲ႕မႏၱေလးကဆိုင္ကယ္ေတြလုိ လွစ္ကနဲလွစ္ကနဲထြက္လာတတ္တဲ႕တကၠစီကားေတြနဲ႕ စက္ဘီးသမားေတြျဖစ္ပါတယ္။ လမ္းဆိုရင္ မနီးမေဝးေလွ်ာက္ရမယ္၊ မၾကာခဏ အိမ္သာရွာရတတ္တယ္၊ ေဒၚလာနဲ႕အစားအေသာက္စားဖို႕ ျမန္မာေငြဘယ္ေလာက္က်သလဲဆုိျပီး လက္ကုိင္ဖုန္းေပၚကဂဏန္းတြက္စက္ကိုမၾကာခဏထုတ္ရတတ္တယ္၊ ဒီေနရာမွာ ဒီပစၥည္းဝယ္သြားရင္ေစ်းၾကီးသြားမလားဆိုျပီး မၾကာမၾကာခ်ီတံုခ်တံုျဖစ္ရတတ္တယ္ဆုိတာ မိတ္ေဆြေရာက္တဲ႕အခါသိပါလိမ္႕မယ္။
.
.          ေပးထားတဲ႕ေခါင္းစဥ္က Bay Area ဆုိေတာ႕ ပတ္ဝန္းက်င္ကက်ယ္သေလာက္ လည္စရာအေၾကာင္းေရးရမွာအမ်ားၾကီးပဲ။
.
.
.
         ဒါေၾကာင္႕ မိတ္ေဆြ ဒီေန႕ဆန္ဖရန္တစ္ျမိ႕တည္းကုိလည္ရတာနဲ႕တင္ ေျခေထာက္ေညာင္းေရာေပါ႕၊ တုိက္အျမင္႕ေတြေအာက္ကျဖတ္ေမာင္းလို႕လည္ပင္းလည္းေညာင္းေလာက္ေရာေပါ႕၊ တရစပ္တုိုက္တဲ႕ပင္လယ္ေလေအာက္က ပက္လက္ကားေပၚမွာ လဲမက်ေအာင္ ေျခကားျပီး ပို႕စ္ေပးဓါတ္ပံုရုိက္္ရလို႕ ေပါင္ေတြလည္းေတာင္႕ေလာက္ေရာေပါ႕၊ "ငါတုိ႕ရန္ကုန္ဆိုမွာဆုိရင္ ဒီေလာက္ပဲေပးရတယ္" ဆုိျပီး ေနာင္တ တစ္ပိသာေလာက္နဲ႕ဝယ္ထားသမွ်အထုတ္အပိုးေတြဆြဲရလို႕ လက္ေမာင္းေတြလည္းေလးလံေလာက္ျပီဆိုေတာ႕ ဒီညေတာ႕အမ်ိဳးအိမ္မွာျဖစ္ျဖစ္၊ အသိအိမ္မွာျဖစ္ျဖစ္၊ မတန္တဆေပးရတဲ႕ေဟာ္တယ္မွာျဖစ္ျဖစ္ အိပ္စက္အနားယူလုိက္ပါဦး . .  ေနာက္ရက္မွာလည္စရာေနရာေတြကုိ စာေရးျပီးထပ္ေခၚသြားပါဦးမယ္ . . Have A Good One. See You Tomorrow.
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 12-01-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၉)"
. ဗီဆာရပြီးတဲ့မိတ်တွေတွေက အမေရိကားကိုအလုပ်လုပ်ဖို့ရောက်လာပြီဆိုတော့ အလုပ်အကိုင်ပေါတဲ့နေရာတွေပို့ပေးမှဖြစ်တော့မယ်။ လုပ်ရပြီ ကိုင်ရပြီဆိုရင် အရင်လို စတိုင်နဲ့ မလိုင်နဲ့ နေလို့မဖြစ်တော့ဘူး . . ကြိုးစားရမယ်၊ လေ့လာရမယ်၊ အသစ်တွေမြင်ရမယ်၊ လက်ခံသင်ယူတတ်ဖို့အသင့်ဖြစ်နေဖို့လိိုလာတော့မယ်။
.
. ဒါပေမယ့် သိပ်အရေးကြီးတာတစ်ခုရှိတယ် . . အဲဒါကတော့ အလုပ်ခွင်ထဲခြေစုံပစ်မဝင်ခင် Bay Area မှာ တစ်ဝကြီးလည်ပတ်ထားဖို့ပါပဲ။
.
. San Francisco City Tour
. ဆန်ဖရန်စစ္စကိုမြို့ထဲကိုမလည်ခင် Hop On Hop Off Bus Tour ဆိုတဲ့ အမိုးပွင့််တောင်ပေါ်သား လေအိတ်ကားကြီးအကြောင်းသိထားမှဖြစ်မယ်။ အပေါ်က အမိုးမပါ - ပက်လက်ပေါ်မှာ ထိုင်ခုံတွေပါပြီး ဓါတ်ပုံရိုက်ဖို့အကောင်းဆုံးအနေအထားကို မိတ်ဆွေတို့တွေ့ရပါမယ်။ ဒီလိုကားတွေကိုရင်းထားတဲ့ဧည့်ကြိုကုမ္ပဏီရဲ့စာမျက်နှာတွေအရ (အခွန်နဲ့ပြတိုက်ဝင်ကြေးတွေမပါသေး) ၂ ရက်စာလည်ဖို့ လူကြီးအတွက် (၆၃) ဒေါ်လာ နဲ့ ကလေးအတွက် (၃၈) ဒေါ်လာဆိုတာသိရတယ်။ စောင့်တတ်ရင်လျှော့စျေးရတဲ့အခါတွေ ရှိပါတယ်။
.
. ကားအနီကြီးနဲ့သွားတဲ့လမ်းတစ်လျှောက်မှာ ရှုခင်းနဲ့မြို့သမိုင်းအကြောင်းရှင်းပြမယ့် ဧည့်လမ်းညွှန်ပါတယ်။ နေရာ (၄ဝ) လောက်မှာ တစ်နေရာ ရပ်လိုက် နောက်တစ်နေရာသွားလို့ နောက်အကြောင်းအရာတစ်ခုပြောလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ မနားတမ်း အစုံသိရ အစုံကြည့်ရမယ်။ ကားရပ်စရာမလိုတဲ့ ဧရာမ ကားဖြတ်မောင်းရှုခင်း (၄) နေရာလောက်ရောက်ဦးမယ်။ ဒါ့အပြင် အထင်အရဆန်ဖရန်စစ္စကိုသမိုင်းကိုဝင်ရောက်ရေးသားပေးကြတဲ့ . .
.
The Golden Gate Bridge - တံတားကြီး ဟိုဘက်ထိပ် ဒီဘက်ထိပ်
.
Ghirardelli Square - ဂရယ်ဒဲရီချောကလက်စတင်ခဲ့တဲ့နေရာ
.
Fisherman's Wharf - ဆိုတဲ့ ကမ်းစပ်အငူ
.
Pier 39 - ဆိပ်ကမ်းအမှတ် (၃၉) က လူမကြောက်တဲ့ပင်လယ်ဖျံတွေ နဲ့
.
Lombard Street - နာမယ်ကြီးမြွေလိမ်မြွေကောက်လမ်း လွန်းဘတ်
.
Palace of Fine Arts ဆိုတဲ့ ရှေးဟောင်းအထင်အရအဆောက်အဦ နဲ့ ရေပျော်ငန်းလေးတွေ
.
Golden Gate Park - မှာရှိတဲ့ သိပ္ပံအကယ်ဒမီ - Academy of Sciences ပန်းခြံပြတိုက်
.
Victorians Houses - ရုပ်ရှင်ထဲမှာခဏခဏပါတဲ့ အရောင်စုံတူညီဗစ်တိုးရီးယားအိမ်ညီအမ
.
City Hall / Civic Center - မြို့တော်ခန်းမ နဲ့ ပတ်ပတ်လည်အော်ပရာခမ်းမတွေ
.
Union Square - အကောင်းကြိုက်သမားတွေစျေးဝယ်ဖို့နေရာ
.
Chinatown - အမေရိကားရဲ့ရှေးအကျဆုံးတရုတ်တန်း
.
Bay Bridge - ညရှုခင်းကြည့်ဖို့ဖြတ်မောင်းလို့အကောင်းဆုံးပင်လယ်ကွေ့တံတား
.
Sausalito - ဆန်ဖရန်မြို့ကြီးကို အိမ်ကနေ ထိုင်ကြည့်နေလို့ရတဲ့ရပ်ကွက်
.
Financial District - ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ လျမ်းလျမ်းတောက်ဘဏ္ဍာရေးရပ်ကွက်
.
Embarcadero - ဆိုက်ကားစီးမလား၊ သဘောင်္စီးမလား၊ လေညှင်းခံပင်လယ်စာစားမလား အစုံရတဲ့ အမ်ဘာကာဒဲရိုကမ်းနား
.
မပြောမဖြစ်ကျန်ခဲ့လို့မရတဲ့ အမေရိကားရဲ့ဂုဏ်ရပ်ကွက် (Pride) ရှိတဲ့ LGBT ရပ်ဝန်းလမ်း Castro Street စတာတွေကို ပို့ပေးပါလိမ့်မယ်။
.
.
. သတိထားဖို့က အစစအရာရာဘေးကင်းလုံခြုံဖို့နဲ့မန္တလေးကဆိုင်ကယ်တွေလို လှစ်ကနဲလှစ်ကနဲထွက်လာတတ်တဲ့တက္ကစီကားတွေနဲ့ စက်ဘီးသမားတွေဖြစ်ပါတယ်။ လမ်းဆိုရင် မနီးမဝေးလျှောက်ရမယ်၊ မကြာခဏ အိမ်သာရှာရတတ်တယ်၊ ဒေါ်လာနဲ့အစားအသောက်စားဖို့ မြန်မာငွေဘယ်လောက်ကျသလဲဆိုပြီး လက်ကိုင်ဖုန်းပေါ်ကဂဏန်းတွက်စက်ကိုမကြာခဏထုတ်ရတတ်တယ်၊ ဒီနေရာမှာ ဒီပစ္စည်းဝယ်သွားရင်စျေးကြီးသွားမလားဆိုပြီး မကြာမကြာချီတုံချတုံဖြစ်ရတတ်တယ်ဆိုတာ မိတ်ဆွေရောက်တဲ့အခါသိပါလိမ့်မယ်။
.
. ပေးထားတဲ့ခေါင်းစဉ်က Bay Area ဆိုတော့ ပတ်ဝန်းကျင်ကကျယ်သလောက် လည်စရာအကြောင်းရေးရမှာအများကြီးပဲ။
.
.
. ဒါကြောင့် မိတ်ဆွေ ဒီနေ့ဆန်ဖရန်တစ်မြိ့တည်းကိုလည်ရတာနဲ့တင် ခြေထောက်ညောင်းရောပေါ့၊ တိုက်အမြင့်တွေအောက်ကဖြတ်မောင်းလို့လည်ပင်းလည်းညောင်းလောက်ရောပေါ့၊ တရစပ်တိုုက်တဲ့ပင်လယ်လေအောက်က ပက်လက်ကားပေါ်မှာ လဲမကျအောင် ခြေကားပြီး ပို့စ်ပေးဓါတ်ပုံရိုက််ရလို့ ပေါင်တွေလည်းတောင့်လောက်ရောပေါ့၊ "ငါတို့ရန်ကုန်ဆိုမှာဆိုရင် ဒီလောက်ပဲပေးရတယ်" ဆိုပြီး နောင်တ တစ်ပိသာလောက်နဲ့ဝယ်ထားသမျှအထုတ်အပိုးတွေဆွဲရလို့ လက်မောင်းတွေလည်းလေးလံလောက်ပြီဆိုတော့ ဒီညတော့အမျိုးအိမ်မှာဖြစ်ဖြစ်၊ အသိအိမ်မှာဖြစ်ဖြစ်၊ မတန်တဆပေးရတဲ့ဟော်တယ်မှာဖြစ်ဖြစ် အိပ်စက်အနားယူလိုက်ပါဦး . . နောက်ရက်မှာလည်စရာနေရာတွေကို စာရေးပြီးထပ်ခေါ်သွားပါဦးမယ် . . Have A Good One. See You Tomorrow.
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-01-2017

.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၁ဝ)"
.           "ဆန္ဖရန္စစၥကိုျမိဳ႕တစ္ဝိုက္မွာပဲလည္စရာရွိတာလား?" လို႕ မိတ္ေဆြတုိ႕ကေမးရင္ မဟုတ္ေသးဘူးလို႕ ေျဖရမွာပါ။ ဒါေပမဲ႕ ျမိဳ႕တြင္းလည္တာက တစ္ေနကုန္၊ ႏွစ္ညေန နဲ႕ အစံုေရာက္မယ္ . . လူကေတာ႕ ျမိဳ႕ထဲမွာပဲရွိေနရံု  ျပန္ပို႕တဲ႕ကားနဲ႕လုိက္လာရံုဆုိေတာ႕ အဆင္ေျပတယ္။ တစ္ျခားေနရာေနေတြသြားရင္ေတာ႕ ကိုယ္တုိင္ကားေမာင္းသြားဖို႕လိုအပ္တာမို႕လုိ႕ အသစ္စက္စက္ေျပာင္းေရႊ႕လာသမားေတြကို အသိမိတ္ေဆြ ဒါမွမဟုတ္ ေဆြမ်ိဳးတစ္စုက လုိက္ပို႕မွေရာက္ႏုိင္မွာျဖစ္ပါတယ္။ ေအာက္မွာေတာ႕ သြားလည္သင္႕တဲ႕ေနရာတစ္ခ်ိဳ႕ကုိ ကြ်န္ေတာ႕အေတြ႕အၾကံဳနဲ႕ႏိႈင္းယွဥ္ျပီး ေရးျပၾကည္႕ပါမယ္။
.
.           ေယာ္ဇဲမထီ - Yosemite National Park
.           ဒီနာမယ္ကုိ MacBook ကြန္ပ်ဴတာသံုးဖူးသူေတြသိၾကမွာပါ။ iOS ေဆာ႕ဝဲလ္တစ္ခုမွာ Apple က သံုးထားဖူးတယ္။ ျမန္မာႏိုင္ငံကေန အေမရိကားအေၾကာင္းေလ႕လာတဲ႕အခါကြ်န္ေတာ္ကိုယ္တိုင္ "ေယာစမိုက္" လို႕ဖတ္ခဲ႕တာမွားေနမွန္း ဒီဘက္ကိုေရာက္မွသိတယ္။ အသံထြက္အမွန္က " ေယာ္ဇဲမထီ"ပါ။ အဲဒီေက်ာက္ေတာင္ကိုေရာက္ဖို႕ ဆန္ဖရန္စစၥကိုျမိဳ႕ကေန (၃) နာရီခြဲခန္႕ကားေမာင္းသြားရပါတယ္။
.
.           အသြားခရီး အျပန္ခရီးနဲ႕တင္ ေန႕တစ္ဝက္ေက်ာ္ကုန္လြန္ႏိုင္တာျဖစ္လုိ႕ ေစာေစာထ ေစာေစာသြား အပ်င္းမၾကီးသူမ်ားဆိုရင္ ေန႕ခ်င္းျပန္တစ္ရက္ နဲ႕ အံကိုက္ပဲ။ လမ္းခုလတ္မွာ (Park ဆိုေတာ႕ ပန္းျခံလို႕ဆက္ေရးရမွာခပ္ခက္ခက္) ဓါတ္ပံုရုိက္စရာရႈေမွ်ာ္ခင္းေတြနဲ႕ ကားေပၚမွာလက္ကဖုန္းကိုခ်ထားရေလာက္ေအာင္ စိမ္းစိမ္းစုိစုိေတာေတာင္အလွကုိ တစ္ဝၾကီးခံစားႏုိင္ပါတယ္။ ဒါက ေႏြရာသီမွာသြားတဲ႕အခါ ခံစားခ်က္ကုိေျပာျပတာပါ။
.
.
.           ေဆာင္းရာသီမွာေတာ႕ ေတာင္ကျမင္႕ေလ ေရကခဲေလျဖစ္ရံုမက တစ္ခ်ိဳ႕လေတြမ်ားဆိုရင္ ႏွင္းလံုးလံုးဖံုးတယ္။ ခ်စ္စရာေကာင္းတဲ႕လွကြက္တစ္ခုက ေရခဲေတြအရည္ေပ်ာ္ျပီး အစိုင္အခဲလိုက္ေပ်ာ္ဆင္းလာတဲ႕ေရခဲျမစ္အေသးစား - "ေရခဲ-ေခ်ာင္း" ေလးေတြ ေတြ႕ရလို႕ပါ။ ပိုရင္ခုန္စရာေကာင္းတာက အရင္က သဘာဝေတာေတာင္ေနသတၱဝါမ်ိဳးစံုက်က္စားခဲ႕ၾကတဲ႕ စားက်က္ေျမ - Meadow လြင္ျပင္ေတြမွာႏွင္းေတြက်ေနျပီဆုိရင္ ပန္းခ်ီဆရာလက္တစ္ဆုတ္ရဲ႕ေရႊကႏုတ္ကုိႏႈတ္ယူသြားတဲ႕ပန္းခ်ီကဝိအလား ရႈခင္းကဖမ္းစားလွပါတယ္။
.
.           ေတာင္ တက္မယ္၊ မိသားစုညအိပ္ Camping သြားမယ္၊ ႏွင္းေတာင္ ၾကည္႕မယ္၊ ေက်ာက္ေတာင္ ၾကည္႕မယ္၊ ေရတံခြန္နား သြားမယ္၊ ပတ္ေမာင္းတဲ႕ကားနဲ႕ Tour လည္မယ္၊ ကိုယ္႕ကားကိုယ္မေမာင္းေတာ႕ပဲ ပန္းျခံကဘတ္စ္ကားနဲ႕ နားနားေနေနလိုက္စီးမယ္၊ အိမ္ကေန ၾကာဇံေက်ာ္ေလး . . ဘာေလး အျပင္ ထမင္းနဲ႕ငန္ျပာရည္ခ်က္၊ ဘာလေခ်ာင္ေၾကာ္ေလးထည္႕လာျပီး ပင္ပန္းပူျပင္းတဲ႕ျမိဳ႕ျပဘဝကေန တစ္ခဏေျပးထြက္ခ်င္လွစမ္းပါရဲ႕ လို႕ ဆုိသူေတြအတြက္ေတာ႕ ေန႕ခ်င္းျပန္ "ေယာ္ဇဲမထီေက်ာက္ေတာင္" ခရီးစဥ္က မိတ္ေဆြတုိ႕အတြက္လို႕ ေျပာလိုက္ပါရေစ။
.
.
.           ဒီလိုအသြားအျပန္ခရီးကုိပဲ (၃) ေနရာေလာက္ဝင္ခ်င္ရင္ေတာ႕ ေနာက္တစ္ေနရာကုိညႊန္ျပခ်င္တယ္။ နာမည္ၾကီးတကၠသိုလ္တစ္ခု၊ ျမိဳ႕ေတာ္ခန္းမ နဲ႕ ႏွင္းေတာင္ . . ဘယ္လိုလဲ? ၾကိဳက္သြားျပီမဟုတ္လား?
.
.           UC Davis ၊ Sacramento City Hall နဲ႕ Lake Tahoe
.            ေဒးဗစ္စ္တကၠသိုလ္ - UC Davis ကုိ ဆန္ဖရန္စစၥကိုကေန (၄၅) မိနစ္ေမာင္းရင္ေရာက္ပါတယ္။ ဒီေက်ာင္းဟာ စာသင္တဲ႕ေနရာမွာဘက္စံုေတာ္တဲ႕အျပင္ ေဆးပညာ၊ သြားဘက္ဆိုင္ရာ နဲ႕ တိ-ေမြး-ကု ေဆးပညာသိပၸံတုိ႕မွာ နာမည္ရျပီးသားေက်ာင္းျဖစ္ပါတယ္။ ဒါေၾကာင္႕ အသစ္ေျပာင္းေရႊ႕လာမယ္႕ ျမန္မာမိသားစုအတြက္ ခရီးၾကံဳတုန္း ေဒးဗစ္ - Davis ျမိဳ႕ရဲ႕ပတ္ဝန္းက်င္ကိုေလ႕လာသြားခဲ႕မယ္ဆိုရင္ နာရီဝက္ဆုိတဲ႕အခ်ိန္တိုေလးအတြင္း တကၠသိုလ္ပညာေရးအလင္းေရာင္တစ္ခုခုကိုေတြ႕ရွိသြားႏုိင္ပါတယ္။
.
.           ကယ္လီဖိုးနီးယားျမိဳ႕ေတာ္ ဆန္ခရမ္မင္းတိုျမိဳ႕ေတာ္ခန္းမ - Sacramento City Hall ေရာက္ရင္ ေအာက္ထပ္မွာေရွးရုိးတုိင္းရင္းသားေတြရဲ႕အေမြအႏွစ္ေတြကို အခန္းငယ္ေလးေတြခြဲျပီး နံရံအတြင္းျမွဳပ္ထားတဲ႕ျပခန္းေတြက အေပါက္ဝကေန ဆီးၾကိဳေနပါလိမ္႕မယ္။ ေနာက္အခန္းေတြမွာ ေခတ္အဆက္ဆက္ျဖစ္ခဲ႕တဲ႕စစ္ပြဲၾကီး စစ္ပြဲေသးေတြနဲ႕ တူမီးကစလို႕ ေနာက္ဆံုးေပၚလက္နက္ၾကီးေတြရဲ႕ပံုေတြကိုေလ႕လာမိသူေတြက "စစ္ပြဲဟာအနိ႒ာရံု" ဆုိတဲ႕ ပုပ္အဲ႕အဲ႕စစ္ဆန္႕က်င္ေရးအေငြ႕အသက္ကုိ နမ္းရႈတ္မိမွာအမွန္ပါဘဲ။
.
.
.           အေပၚထပ္ေတြကိုတက္ခြင္႕ရတဲ႕အခါ နံရံမွာ သက္တမ္းအလိုက္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြရဲဲ႕ပံုတူပန္းခ်ီကားေတြကုိေနာက္ခံထားျပီးဓါတ္ပံုရုိက္ရင္ေတာ႕ ေနရာကက်ဥ္းတဲ႕အတြက္ ေလွခါးကေနေနာက္ျပန္မက်ေအာင္သတိထားရပါလိမ္႕မယ္။ အဲဒီမွာ ဘယ္ႏိုင္ငံသားမဆိုျမင္လိုက္တာနဲ႕မွတ္မိေစမယ္႕ ေဟာလီဝုဒ္အေက်ာ္အေမာ္ျမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးမွဴး - Governor (၂) ဦးကို အခန္႕သားေတြ႕ႏုိင္ပါတယ္။ သူတို႕ကေတာ႕ အေမရိကန္သမၼတေဟာင္း ေရာ္နယ္ေရဂင္ နဲ႕ ရုပ္ရွင္မင္းသားၾကီး အာနယ္ရွဝါဇက္နဂါ တုိ႕ပဲ ျဖစ္ပါတယ္။
.
.          ဒီေနရာမွာအၾကိဳက္ဆံုးတစ္ခုကိုေျပာျပပါဆုိရင္ ကက္ဘိနက္အစည္းအေဝးခန္းမ လို႕ ဆုိပါရေစ . . ျမန္မာဆန္ဆန္ေျပာရရင္ “လႊတ္ေတာ္” ေပါ႕။ ရန္ကုန္က သမၼတရုပ္ရွင္ရံုမွာလို ေအာက္ထပ္မွာ လက္ရွိတာဝန္ရွိသူေတြက (အမွန္တကယ္) အလုပ္လုပ္ေနတယ္။ လည္ပတ္တဲ႕သူေတြက အေပၚကေန ေဝ႕ဝိုက္ခင္းက်င္းထားတဲ႕ ပြဲၾကည္႕စင္လိုထုိင္ခံုေနရာေတြမွာထုိင္ျပီးေတာ႕ သူတုိ႕အလုပ္ဘယ္လိုလုပ္ေနၾကသလဲဆိုတာ တိုက္ရုိက္ - LIVE ေလ႕လာခြင္႕ရွိတယ္။ ဓာတ္ပံုၾကိဳက္သလိုရုိက္လို႕ရတယ္ . . အသံေတာ႕မဆူၾကနဲ႕ေပါ႕။ ကဲ . . ကဲ . . အခ်ိန္မရွိဘူး . . အခ်ိန္မရွိဘူး . . ကားေပၚျပန္တက္ . . ေန႕လည္စာစားျပီးေနာက္တစ္ေနရာသြားရဦးမယ္ . . ျမန္ျမန္လုပ္ၾက . .။
.
.
.           ဒီလိုနဲ႕ ခပ္သုတ္သုတ္ေျပးဆင္းလာျပီး ျမိဳ႕ေတာ္ခန္းမေနာက္ခံနဲ႕ ဓါတ္ပံုရုိက္၊ ျမိဳ႕ထဲတစ္ေနရာမွာ အျမန္ရေပါင္မုန္႕ ခပ္သြက္သြက္စားျပီးရင္ ႏွင္းေတာင္ရွိတဲ႕ "ထားဟုိေရကန္ - Lake Tahoe" ကို ထြက္သြားဖို႕ ေမာင္းခ်ိန္ (၂) နာရီလိုေသးတယ္။ ဒါေပမယ္႕ အဲဒီအခိ်န္ဟာ ေရကန္ကိုေရာက္ဖို႕ေျမာက္ဘက္က "ထားဟုိေတာအုပ္ - Tahoe National Forest" ကေနတက္တက္၊ ဒါမွမဟုတ္ ေတာင္ဘက္က " အယ္ဒိုရားဒုိေတာအုပ္ - Eldorado National Forest" ကေန ေကြ႕ပတ္ေမာင္းတက္သြားျပီဆုိတာနဲ႕ မုိးနတ္မင္းရဲ႕ႏွင္းဖတ္ျဖဴျဖဴလက္ေဆာင္ေလးေတြကုိ ေက်ာက္ေတာင္ၾကီးေတြေပၚမွာ ထံုးသုတ္ထားသလိုျမင္ရေတာ႕မွာမို႕လို႕ ဘယ္လိုနည္းနဲ႕မွပ်င္းစရာၾကီးမျဖစ္ေစရဘူး။
.
.           ကားေမာင္းသူအဖို႕လည္း တစ္ေကြ႕တစ္ေနရာမွာ ရွမ္းျပည္က ရင္သိမ္႕တုန္ေတာင္ပတ္လမ္း နမ္႕ပန္တက္ နဲ႕ ဝက္ျဖဴေရအတက္ေတြလို ဘြားကနဲေပၚလာတတ္တဲ႕ ကားေတြနဲ႕ ညိွဳ႕စြမ္းအားၾကီးျပီး ေနေရာင္နဲ႕အလင္းအေမွာင္ညိွေနတဲ႕ဘဘာဝရဲ႕အေဝးေတာင္တန္းကတိတိက်က်အလွအပေတြေၾကာင္႕ ကားေမာင္းသူအတြက္အာမခံတယ္ . . ဘယ္လုိမွအိပ္ငိုက္စရာအေၾကာင္းကုိမရွိပါဘူး။ ဒီ႕အျပင္ ထားဟုိေရကန္ကို ကယ္လီဖုိးနီးယားျပည္နယ္ နဲ႕ နဗားဒါ - Nevada ျပည္နယ္တုိ႕ နယ္နိမိတ္တြဲဘက္ပိုင္ဆိုင္ၾကတယ္ဆုိတာ ဘယ္သူမွမသိလိုက္ေစရဘူး။
.
.
.           တကယ္ဆို ႏွင္း - Snow ျမင္ရရံုဆို ထားဟုိေရကန္ႏွင္းလြင္ျပင္ရွိရာအထိသြားစရာေတာင္မလိုဘူး။ ကားလမ္းတစ္ေလွ်ာက္ ဘယ္ဘက္ နဲ႕ ညာဘက္မွာ ျဖဴျဖဴမွန္သမွ် ႏွင္းေတြခ်ည္းဘဲ။ ဒါေၾကာင္႕ ႏွင္းအက်ၾကမ္းတဲ႕အခါ ကားဘီးေခ်ာ္တာကုိကာကြယ္ဖို႕ ခ်ိန္းၾကိဳး - Chain လိုတဲ႕သတိေပးခ်က္ေတြကို မိုးေလဝသစာမ်က္ႏွာေတြမွာအျမဲဖတ္ရတတ္ပါတယ္။ အခ်ိန္မရသူေတြက်ေတာ႕လမ္းမွာတင္ ပို႕စ္ေပး၊ ဓါတ္ပံု အစံုရုိက္၊ ကားရွင္းတဲ႕ေနရာမွာ ရပ္၊ ႏွင္းလံုးတိုက္ပြဲ ဆင္ႏႊဲ၊ ႏွင္းလူသားရုပ္ထု - Snow Man လုပ္၊ ထားဟုိေရကန္ကို ပတ္ၾကည္႕ ေလးေအးကတအိအိ နဲ႕ ျပားပိစုိစြတ္ေနတဲ႕ဆံပင္ေတြကိုျပန္သပ္ရင္း ေတာင္ေပၚကေနျပန္ဆင္းၾကရေတာ႕မယ္။
.
.             အေပ်ာ္လြန္တဲ႕လူေတြ ထမင္းေမ႕ဟင္းေမ႕ ဆုိတာ သိပ္မွန္တယ္။ အခုလို ႏွင္းလြင္ျပင္ကိုေရာက္ေတာ႕ ညေနေစာင္း ေနညိဳျပီ။ ဆရာတင္မုိးစကားနဲ႕ဆိုရင္ အိမ္ျပန္ပို႕ဖို႕လိုေနျပီ။ ဒါေပမယ္႕ ဆန္ဖရန္စစၥကိုျပန္ေရာက္ဖို႕ (၄) နာရီေလာက္လိုေသးတယ္။ အဆင္းဆိုေတာ႕အခ်ိန္နည္းနည္းသက္သာႏုိင္တယ္ထင္ရေပမယ္႕ အတက္ နဲ႕ အဆင္း မိုင္ေတြဘယ္လိုပင္ပိုေမာင္းပါေစ . . အိမ္္ျပန္ေရာက္ဖို႕စိတ္ေစာေနၾကသူေတြခ်ည္းေပမို႕ မမွားသင္႕တဲ႕ေလာကီသားေတြ အေဝးေျပးအဆင္းၾကမ္း အိမ္အျပန္လမ္းမွာ ေအးေဆးလန္းျဖာၾကပါေစ . . ေနာက္သီတင္းပတ္ေတြမွာလည္း အလုပ္ခြင္မဝင္ရခင္အထိ ဆက္တုိက္လည္ပတ္ႏုိင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္။

.
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 12-06-2017
.
Yosemite Pictures:
https://www.google.com/search?hl=en&authuser=0&tbm=isch&source=hp&biw=1242&bih=579&ei=67soWovUGZfujwOzwJHoDA&q=yosemite+half+dome&oq=yo&gs_l=img.1.0.35i39k1j0l9.1939.3915.0.6726.9.6.2.1.1.0.198.515.2j2.4.0....0...1ac.1.64.img..2.6.525.0...0.f4E67Tw2Q3c
.
.
UC Davis Pictures:
https://www.google.com/search?hl=en&authuser=0&biw=1242&bih=579&tbm=isch&sa=1&ei=8rsoWvCDK9WcjwP9m624DQ&q=uc+davis+campus&oq=UC+D&gs_l=psy-ab.3.1.0l10.93370.94311.0.97150.4.4.0.0.0.0.157.410.3j1.4.0....0...1c.1.64.psy-ab..0.4.409...0i67k1.0.K-rzS5Og2rc
.
.
Sacramento City Hall Pictures:
https://www.google.com/search?hl=en&authuser=0&biw=1242&bih=579&tbm=isch&sa=1&ei=mbwoWrj4LZDIjwOGppuYDQ&q=sacramento+city+hall&oq=sacramento+city+hall+&gs_l=psy-ab.1.3.0l3j0i30k1j0i8i30k1j0i24k1l5.12372.14531.0.21405.8.8.0.0.0.0.133.699.7j1.8.0....0...1c.1.64.psy-ab..0.8.696....0.DQSQaDQyAXE
.
.
Lake Tahoe Pictures:
https://www.google.com/search?hl=en&authuser=0&biw=1242&bih=579&tbm=isch&sa=1&ei=sLwoWvLVCcH8jwOJ64yYDQ&q=lake+tahoe+winter&oq=Lake+Tohoe&gs_l=psy-ab.1.1.0i10k1l10.23930.27962.0.30263.10.10.0.0.0.0.338.1045.3j1j1j1.6.0....0...1c.1.64.psy-ab..4.6.1042...0j0i67k1.0.ios9vT_qBRc
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၁ဝ)"
. "ဆန်ဖရန်စစ္စကိုမြို့တစ်ဝိုက်မှာပဲလည်စရာရှိတာလား?" လို့ မိတ်ဆွေတို့ကမေးရင် မဟုတ်သေးဘူးလို့ ဖြေရမှာပါ။ ဒါပေမဲ့ မြို့တွင်းလည်တာက တစ်နေကုန်၊ နှစ်ညနေ နဲ့ အစုံရောက်မယ် . . လူကတော့ မြို့ထဲမှာပဲရှိနေရုံ ပြန်ပို့တဲ့ကားနဲ့လိုက်လာရုံဆိုတော့ အဆင်ပြေတယ်။ တစ်ခြားနေရာနေတွေသွားရင်တော့ ကိုယ်တိုင်ကားမောင်းသွားဖို့လိုအပ်တာမို့လို့ အသစ်စက်စက်ပြောင်းရွှေ့လာသမားတွေကို အသိမိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်စုက လိုက်ပို့မှရောက်နိုင်မှာဖြစ်ပါတယ်။ အောက်မှာတော့ သွားလည်သင့်တဲ့နေရာတစ်ချို့ကို ကျွန်တော့အတွေ့အကြုံနဲ့နှိုင်းယှဉ်ပြီး ရေးပြကြည့်ပါမယ်။
.
. ယော်ဇဲမထီ - Yosemite National Park
. ဒီနာမယ်ကို MacBook ကွန်ပျူတာသုံးဖူးသူတွေသိကြမှာပါ။ iOS ဆော့ဝဲလ်တစ်ခုမှာ Apple က သုံးထားဖူးတယ်။ မြန်မာနိုင်ငံကနေ အမေရိကားအကြောင်းလေ့လာတဲ့အခါကျွန်တော်ကိုယ်တိုင် "ယောစမိုက်" လို့ဖတ်ခဲ့တာမှားနေမှန်း ဒီဘက်ကိုရောက်မှသိတယ်။ အသံထွက်အမှန်က " ယော်ဇဲမထီ"ပါ။ အဲဒီကျောက်တောင်ကိုရောက်ဖို့ ဆန်ဖရန်စစ္စကိုမြို့ကနေ (၃) နာရီခွဲခန့်ကားမောင်းသွားရပါတယ်။
.
. အသွားခရီး အပြန်ခရီးနဲ့တင် နေ့တစ်ဝက်ကျော်ကုန်လွန်နို််င်တာဖြစ်လို့ စောစောထ စောစောသွား အပျင်းမကြီးသူများဆိုရင် နေ့ချင်းပြန်တစ်ရက် နဲ့ အံကိုက်ဘဲ။ လမ်းခုလတ်မှာ (Park ဆိုတော့ ပန်းခြံလို့ဆက်ရေးရမှာခပ်ခက်ခက်) ဓါတ်ပုံရိုက်စရာရှုမျှော်ခင်းတွေနဲ့ ကားပေါ်မှာလက်ကဖုန်းကိုချထားရလောက်အောင် စိမ်းစိမ်းစိုစိုတောတောင်အလှကို တစ်ဝကြီးခံစားနိုင်ပါတယ်။ ဒါက နွေရာသီမှာသွားတဲ့အခါ ခံစားချက်ကိုပြောပြတာပါ။
.
.
. ဆောင်းရာသီမှာတော့ တောင်ကမြင့်လေ ရေကခဲလေဖြစ်ရုံမက တစ်ချို့လတွေများဆိုရင် နှင်းလုံးလုံးဖုံးတယ်။ ချစ်စရာကောင်းတဲ့လှကွက်တစ်ခုက ရေခဲတွေအရည်ပျော်ပြီး အစိုင်အခဲလိုက်ပျော်ဆင်းလာတဲ့ရေခဲမြစ်အသေးစား - "ရေခဲ-ချောင်း" လေးတွေ တွေ့ရလို့ပါ။ ပိုရင်ခုန်စရာကောင်းတာက အရင်က သဘာဝတောတောင်နေသတ္တဝါမျိုးစုံကျက်စားခဲ့ကြတဲ့ စားကျက်မြေ - Meadow လွင်ပြင်တွေမှာနှင်းတွေကျနေပြီဆိုရင် ပန်းချီဆရာလက်တစ်ဆုတ်ရဲ့ရွှေကနုတ်ကိုနှုတ်ယူသွားတဲ့ပန်းချီကဝိအလား ရှုခင်းကဖမ်းစားလှပါတယ်။
.
. တောင် တက်မယ်၊ မိသားစုညအိပ် Camping သွားမယ်၊ နှင်းတောင် ကြည့်မယ်၊ ကျောက်တောင် ကြည့်မယ်၊ ရေတံခွန်နား သွားမယ်၊ ပတ်မောင်းတဲ့ကားနဲ့ Tour လည်မယ်၊ ကိုယ့်ကားကိုယ်မမောင်းတော့ပဲ ပန်းခြံကဘတ်စ်ကားနဲ့ နားနားနေနေလိုက်စီးမယ်၊ အိမ်ကနေ ကြာဇံကျော်လေး . . ဘာလေး အပြင် ထမင်းနဲ့ငန်ပြာရည်ချက်၊ ဘာလချောင်ကြော်လေးထည့်လာပြီး ပင်ပန်းပူပြင်းတဲ့မြို့ပြဘဝကနေ တစ်ခဏပြေးထွက်ချင်လှစမ်းပါရဲ့ လို့ ဆိုသူတွေအတွက်တော့ နေ့ချင်းပြန် "ယော်ဇဲမထီကျောက်တောင်" ခရီးစဉ်က မိတ်ဆွေတို့အတွက်လို့ ပြောလိုက်ပါရစေ။
.
.
. ဒီလိုအသွားအပြန်ခရီးကိုပဲ (၃) နေရာလောက်ဝင်ချင်ရင်တော့ နောက်တစ်နေရာကိုညွှန်ပြချင်တယ်။ နာမည်ကြီးတက္ကသိုလ်တစ်ခု၊ မြို့တော်ခန်းမ နဲ့ နှင်းတောင် . . ဘယ်လိုလဲ? ကြိုက်သွားပြီမဟုတ်လား?
.
. UC Davis ၊ Sacramento City Hall နဲ့ Lake Tahoe
. ဒေးဗစ်တက္ကသိုလ် - UC Davis ကို ဆန်ဖရန်စစ္စကိုကနေ (၄၅) မိနစ်မောင်းရင်ရောက်ပါတယ်။ ဒီကျောင်းဟာ စာသင်တဲ့နေရာမှာဘက်စုံတော်တဲ့အပြင် ဆေးပညာ၊ သွားဘက်ဆိုင်ရာ နဲ့ တိ-မွေး-ကု ဆေးပညာသိပ္ပံတို့မှာ နာမည်ရပြီးသားကျောင်းဖြစ်ပါတယ်။ ဒါကြောင့် အသစ်ပြောင်းရွှေ့လာမယ့် မြန်မာမိသားစုအတွက် ခရီးကြံုတုန်း ဒေးဗစ် - Davis မြို့ရဲ့ပတ်ဝန်းကျင်ကိုလေ့လာသွားတဲ့အခါ နာရီဝက်ဆိုတဲ့အချိန်တိုလေးအတွင်း တက္ကသိုလ်ပညာရေးအလင်းရောင်တစ်ခုခုကိုတွေ့ရှိသွားနိုင်ပါတယ်။
.
. ကယ်လီဖိုးနီးယားမြို့တော် ဆန်ခရမ်မင်းတိုမြို့တော်ခန်းမ - Sacramento City Hall ရောက်ရင် အောက်ထပ်မှာရှေးရိုးတိုင်းရင်းသားတွေရဲ့အမွေအနှစ်တွေကို အခန်းငယ်လေးတွေခွဲပြီး နံရံအတွင်းမြှုပ်ထားတဲ့ပြခန်းတွေက အပေါက်ဝကနေ ဆီးကြိုနေပါလိမ့်မယ်။ နောက်အခန်းတွေမှာ ခေတ်အဆက်ဆက်ဖြစ်ခဲ့တဲ့စစ်ပွဲကြီး စစ်ပွဲသေးတွေနဲ့ တူမီးကစလို့ နောက်ဆုံးပေါ်လက်နက်ကြီးတွေရဲ့ပုံတွေကိုလေ့လာမိသူတွေက "စစ်ပွဲဟာအနိဌာရုံ" ဆိုတဲ့ ပုပ်အဲ့အဲ့စစ်ဆန့်ကျင်ရေးအငွေ့အသက်ကို နမ်းရှုတ်မိမှာအမှန်ပါဘဲ။
.
.
. အပေါ်ထပ်တွေကိုတက်ခွင့်ရတဲ့အခါ နံရံမှာ သက်တမ်းအလိုက်ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲဲ့ပုံတူပန်းချီကားတွေကိုနောက်ခံထားပြီးဓါတ်ပုံရိုက်ရင်တော့ နေရာကကျဉ်းတဲ့အတွက် လှေခါးကနေနောက်ပြန်မကျအောင်သတိထားရပါလိမ့်မယ်။ အဲဒီမှာ ဘယ်နိုင်ငံသားမဆိုမြင်လိုက်တာနဲ့မှတ်မိစေမယ့် ဟောလီဝုဒ်အကျော်အမော်မြို့တော်အုပ်ချုပ်ရေးမှူး - Governor (၂) ဦးကို အခန့်သားတွေ့နိုင်ပါတယ်။ သူတို့ကတော့ အမေရိကန်သမ္မတဟောင်း ရော်နယ်ရေရင် နဲ့ ရုပ်ရှင်မင်းသားကြီး အာနယ်ရှဝါဇက်နဂါ တို့ပဲ ဖြစ်ပါတယ်။
.
. ဒီနေရာမှာအကြိုက်ဆုံးတစ်ခုကိုပြောပြပါဆိုရင် ကက်ဘိနက်အစည်းအဝေးခန်းမ လို့ ဆိုပါရစေ . . မြန်မာဆန်ဆန်ပြောရရင် “လွှတ်တော်” ပေါ့။ ရန်ကုန်က သမ္မတရုပ်ရှင်ရုံမှာလို အောက်ထပ်မှာ လက်ရှိတာဝန်ရှိသူတွေက (အမှန်တကယ်) အလုပ်လုပ်နေတယ်။ လည်ပတ်တဲ့သူတွေက အပေါ်ကနေ ဝေ့ဝိုက်ခင်းကျင်းထားတဲ့ ပွဲကြည့်စင်လိုထိုင်ခုံနေရာတွေမှာထိုင်ပြီးတော့ သူတို့အလုပ်ဘယ်လိုလုပ်နေကြသလဲဆိုတာ တိုက်ရိုက် - Live လေ့လာခွင့်ရှိတယ်။ ဓါတ်ပုံကြိုက်သလိုရိုက်လို့ရတယ် . . အသံတော့မဆူကြနဲ့ပေါ့။ ကဲ . . ကဲ . . အချိန်မရှိဘူး . . အချိန်မရှိဘူး . . ကားပေါ်ပြန်တက် . . နေ့လည်စာစားပြီးနောက်တစ်နေရာသွားရဦးမယ် . . မြန်မြန်လုပ်ကြ . .။
.
.
. ဒီလိုနဲ့ ခပ်သုတ်သုတ်ပြေးဆင်းလာပြီး မြို့တော်ခန်းမနောက်ခံနဲ့ ဓါတ်ပုံရိုက်၊ မြို့ထဲတစ်နေရာမှာ အမြန်ရပေါင်မုံ့ ခပ်သွက်သွက်စားပြီးရင် နှင်းတောင်ရှိတဲ့ "ထားဟိုရေကန် - Lake Tahoe" ကို ထွက်သွားဖို့ မောင်းချိန် (၂) နာရီလိုသေးတယ်။ ဒါပေမယ့် အဲဒီအချိန်ဟာ ရေကန်ကိုရောက်ဖို့မြောက်ဘက်က "ထားဟိုတောအုပ် - Tahoe National Forest" ကနေတက်တက်၊ ဒါမှမဟုတ် တောင်ဘက်က " အယ်ဒိုရားဒိုတောအုပ် - Eldorado National Forest" ကနေ ကွေ့ပတ်မောင်းတက်သွားပြီဆိုတာနဲ့ မိုးနတ်မင်းရဲ့နှင်းဖတ်ဖြူဖြူလက်ဆောင်လေးတွေကို ကျောက်တောင်ကြီးတွေပေါ်မှာ ထုံးသုတ်ထားသလိုမြင်ရတော့မှာမို့လို့ ဘယ်လိုနည်းနဲ့မှပျင်းစရာကြီးမဖြစ်စေရဘူး။
.
. ကားမောင်းသူအဖို့လည်း တစ်ကွေ့တစ်နေရာမှာ ရှမ်းပြည်က ရင်သိမ့်တုန်တောင်ပတ်လမ်း နမ့်ပန်တက် နဲ့ ဝက်ဖြူရေအတက်တွေလို ဘွားကနဲပေါ်လာတတ်တဲ့ ကားတွေနဲ့ ညို့စွမ်းအားကြီးပြီး နေရောင်နဲ့အလင်းအမှောင်ညှိနေတဲ့ဘဘာဝရဲ့အဝေးတောင်တန်းကတိတိကျကျအလှအပတွေကြောင့် ကားမောင်းသူအတွက်အာမခံတယ် . . ဘယ်လိုမှအိပ်ငိုက်စရာအကြောင်းကိုမရှိပါဘူး။ ဒီ့အပြင် ထားဟိုရေကန်ကို ကယ်လီဖိုုးနီးယားပြည်နယ် နဲ့ နဗါးဒါ - Nevada ပြည်နယ်တို့ နယ်နိမိတ်တွဲဘက်ပိုင်ဆိုင်ကြတယ်ဆိုတာ ဘယ်သူမှမသိလိုက်စေရဘူး။
.
.
. တကယ်ဆို နှင်း - Snow မြင်ရရုံဆို ထားဟိုရေကန်နှင်းလွင်ပြင်ရှိရာအထိသွားစရာတောင်မလိုဘူး။ ကားလမ်းတစ်လျှောက် ဘယ်ဘက် နဲ့ ညာဘက်မှာ ဖြူဖြူမှန်သမျှ နှင်းတွေချည်းဘဲ။ ဒါကြောင့် နှင်းအကျကြမ်းတဲ့အခါ ကားဘီးချော်တာကိုကာကွယ်ဖို့ ချိန်းကြိုး - Chain လိုတဲ့သတိပေးချက်တွေကို မိုးလေဝသစာမျက်နှာတွေမှာအမြဲဖတ်ရတတ်ပါတယ်။ အချိန်မရသူတွေကျတော့လမ်းမှာတင် ပို့စ်ပေး၊ ဓါတ်ပုံ အစုံရိုက်၊ ကားရှင်းတဲ့နေရာမှာ ရပ်၊ နှင်းလုံးတိုက်ပွဲ ဆင်နွှဲ၊ နှင်းလူသားရုပ်ထု လုပ်၊ ထားဟိုရေကန်ကို ပတ်ကြည့် လေးအေးကတအိအိ နဲ့ ပြားပိစိုစွတ်နေတဲ့ဆံပင်တွေကိုပြန်သပ်ရင်း တောင်ပေါ်ကနေပြန်ဆင်းကြရတော့မယ်။
.
. အပျော်လွန်တဲ့လူတွေ ထမင်းမေ့ဟင်းမေ့ ဆိုတာ သိပ်မှန်တယ်။ အခုလို နှင်းလွင်ပြင်ကိုရောက်တော့ ညနေစောင်း နေညိုပြီ။ ဆရာတင်မိုးစကားနဲ့ဆိုရင် အိမ်ပြန်ပို့ဖို့လိုနေပြီ။ ဒါပေမယ့် ဆန်ဖရန်စစ္စကိုပြန်ရောက်ဖို့ (၄) နာရီလောက်လိုသေးတယ်။ အဆင်းဆိုတော့အချိန်နည်းနည်းသက်သာနိုင်တယ်ထင်ရပေမယ့် အတက် နဲ့ အဆင်း မိုင်တွေဘယ်လိုပင်ပိုမောင်းပါစေ . . အိမ််ပြန်ရောက်ဖို့စိတ်စောနေကြသူတွေချည်းပေမို့ မမှားသင့်တဲ့လောကီသားတွေ အဝေးပြေးအဆင်းကြမ်း အိမ်အပြန်လမ်းမှာ အေးဆေးလန်းဖြာကြပါစေ . . နောက်သီတင်းပတ်တွေမှာလည်း အလုပ်ခွင်မဝင်ရခင်အထိ ဆက်တိုက်လည်ပတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
.
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-06-2017

.
.
ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


.           "Bay Area ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏။ အပုိင္း (၁၁)"
.   
       "Bay Area  ေဒသမွ လိႈက္လွဲစြာၾကိဳဆိုပါ၏ အပုိင္းဆက္ " ကေန
ႏႈတ္ဆက္ဖို႕အခ်ိန္တန္ပါျပီ။ ေနရာသစ္ကုိေရာက္ခါစ
လည္သင္႕သေလာက္လည္ပတ္ျပီးျပီျဖစ္လို႕ ေနာက္ဆံုး ကိုယ္႕လမ္းကိုယ္ေလွ်ာက္ဖို႕တစ္ဦးနဲ႕တစ္ဦးႏႈတ္မဆက္ခင္ အလုပ္ေလးဘာေလးသြင္းေပးၾကည္႕ပါဦးမယ္။ အေမရိကားေရာက္ရင္ ဘယ္သူတစ္ဦးတစ္ေယာက္မွအခ်ိန္မပိုၾကတာေတာ႕သိျပီးသားျဖစ္ၾကမွာပါ။ ဒါေၾကာင္႕
Bay Area ပင္လယ္ေအာ္တစ္ဝိုက္မွာရွိတဲ႕ အသစ္ေျပာင္းေရႊ႕လာသူေတြအတြက္အလုပ္ရလြယ္မယ္႕ေနရာေတြကို ခရီးဦးၾကိဳဆုိတဲ႕အေနနဲ႕ေျပာျပခ်င္ပါတယ္။
.
.          တပ္ဆင္ျခင္းအလုပ္ - Assembler Job, Entry Level Job
.
        ဘယ္သူမဆုိ ကိုယ္တုိ႕လုိျမန္မာစကားမေျပာတဲ႕ေနရာတစ္ခုေရာက္ရင္
ဘာသာစကားအခက္အခဲရွိၾကစျမဲပါ။ သူေျပာတာကိုယ္နားမလည္၊ ကိုယ္႕စိတ္ထဲရွိတာကုိ သူနားလည္ေအာင္မေျပာျပတတ္၊ အေရးထဲ ျမန္မာလိုကေန အဂၤလိပ္လုိျပန္ေနရတာကအလုပ္တစ္ခု၊ ခက္ေနတာက သူတို႕ခုိင္းလိုက္တဲ႕အဂၤလိပ္စကားကို အေသအခ်ာမၾကားလိုက္ဘူး . . စတဲ႕ . .
စတဲ႕ အခက္အခဲေတြကိုေက်ာ္လႊားႏုိင္ဖို႕ စကားေျပာရတာနည္းတဲ႕အလုပ္အမ်ားစုကုိ
ပစၥည္းတပ္ဆင္တဲ႕  Assembler Job နဲ႕ ဘာအလုပ္မွမတတ္ထားလည္း လူသာလာခဲ႕. . သင္ေပးမယ္ ဆုိတဲ႕ Entry Level Job ေတြကုိ လုိက္လံေလွ်ာက္ထားသင္႕ပါတယ္။
.
.          တစ္ခ်ိဳ႕ အဂၤလိပ္အေျခခံပါကိုမပါလာဘူးလို႕ သူတုိ႕ကိုယ္တိုင္သူတို႕လက္ခံထားသူေတြက်ေတာ႕
ျမန္မာဆုိင္ေတြ၊ ဆူရွီဆုိင္ေတြမွာဝင္လုပ္ဖို႕တာစူၾကတယ္။ မရဘူး မဟုတ္ဘူးေနာ္
. . ရပါတယ္။ ဒါေပမဲ႕ ေနာက္ပိုင္း အဂၤလိပ္လိုတတ္ဖို႕ အခြင္႕အေရးနည္းပါးသြားႏုိင္တာကေတာ႕ မိတ္ေဆြတုိ႕ရဲ႕ကိုယ္ပိုင္ေရြးခ်ယ္မႈ နဲ႕ သင္ယူတတ္ေျမာက္လိုျခင္း - Learning Skill တုိ႕ကုိ စေတးလုိက္ရမွာကိုေတာ႕ မသိမျဖစ္ မွတ္ထားသင္႕လွပါတယ္။
.
.
.            တပ္ဆင္ျခင္းစက္ရံု
- Assembler Line ေတြဟာ ဖရီးေမာင္႕ - Fremont ျမိဳ႕ နဲ႕ ဆန္ဟုိေဆး - San
Jose ျမိဳ႕တစ္ဝုိက္မွာ အမ်ားၾကီးရွိတယ္။ ဥပမာ - Quanta Manufacturing Inc ($12.50) မွာဆုိရင္ အဂၤလိပ္လို ေလးလံုးကြဲေအာင္မေျပာႏုိင္တဲ႕ကြမ္တုန္းတရုတ္ေတြထက္ ျမန္မာေတြက သာလိမ္႕မယ္။ ဒါေပမယ္႕ သူတုိ႕အုပ္စုၾကားက တရုတ္တံေတြးခြက္ထဲမွာ ပက္လက္လန္ေမ်ာသြားရင္ေတာ႕ ကြ်န္ေတာ္မ်ိဳးၾကီးလည္း မတတ္ႏုိင္ပါဘူး။
.
.           
ျမန္မာေတြလုပ္ေနတဲ႕ ကြန္ပ်ဴတာစက္ရံု Super Micro ($14) ဆုိတာလည္း ဆန္ဟုိေဆးနားမွာဘဲ။ အလုပ္နဲ႕နီးရင္ႏွီးသလို သြားလာလို႕လြယ္တဲ႕ရပ္ကြက္ေလာက္ကေန အခန္းစုငွားျပီး အလုပ္တက္ရင္
သိပ္အခက္အခဲမရွိႏိုင္ပါဘူး။ ေနာက္ထပ္ အခ်ိန္ပိုလုပ္ႏုိင္တယ္ . . အျမဲခန္႕ဝန္ထမ္း - Permanent မျဖစ္ပဲ အခ်ိ္န္တစ္ခုအထိ ကန္ထရိုက္စံနစ္နဲ႕လုပ္ႏုိင္တယ္ဆိုရင္ ဖရီးေမာင္႕က နာမယ္ၾကီးလွ်ပ္စစ္ကားထုတ္လုပ္တဲ႕ တက္စလာ - Tesla ကား ကုမၸဏီ ($17) မွာ အလုပ္ဝင္ႏုိင္တယ္။
.
.
.          Walmart ၊Target ၊ ROSS နဲ႕ 99
Cents Only Store တုိ႕လုိ စတိုးဆုိင္အလုပ္ေတြက အဂၤလိပ္စကားရမွ ပိုအဆင္ေျပတယ္။ ဒီအလုပ္ေတြမွာ ဖိလစ္ပီးႏိုးေတြ နဲ႕ မကၠဆီကန္ေတြ အေတြ႕ရမ်ားတယ္။ သူတို႕ေျပာတဲ႕အဂၤလိပ္စကားက သိပ္ေကာင္းလွတာမဟုတ္ေပမယ္႕ အလုပ္ခြင္ဆက္ဆံေရး - Workplace Communication ကို ကြ်မ္းက်င္ၾကတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ ကိုယ္ထင္ထားသေလာက္မလြယ္တဲ႕ စက္ခလုပ္ေတြသံုးျပီးလုပ္ရတဲ႕အခါေတြမွာေခြ်းပ်ံႏုိင္ပါတယ္။
.
.      
   ဒီလိုေနရာေတြမွာပဲအလုပ္ရႏုိင္တာလား? နာမယ္ၾကီး Facebook တို႕၊ Google တို႕၊ Apple တုိ႕မွာေရာ အလုပ္မရႏုိင္ဘူးလား? လို႕ မိတ္ေဆြတို႕က ေမးၾကမယ္။ အေျဖက ရႏုိင္ပါတယ္ . . သူတုိ႕လိုခ်င္တဲ႕အရည္အခ်င္း မိတ္ေဆြတို႕မွာရွိရင္ ရႏုိင္ပါတယ္။ တစ္ခ်ိဳ႕ဆို အခုလိုလူသိမ်ားေက်ာ္ၾကားေနတဲ႕ကုမၸဏီမဟုတ္ေပမယ္႕ နည္းပညာအျမင္႕စားေတြသံုးစြဲလုပ္ကိုင္တဲ႕ကုမၸဏီေတြမွာ
ရာထူးၾကီးၾကီးယူထားတဲ႕ျမန္မာေတြရွိတယ္။ အဲဒီလိုအလုပ္ေတြလိုခ်င္ရင္ ဒီဘက္ႏုိင္ငံကိုေရာက္လာတဲ႕မိတ္ေဆြ ေက်ာင္းျပီးေအာင္ျပန္တက္ေပါ႕။
မျဖစ္ဘူးဆိုတာ မရွိပါဘူး။ ပညာသင္တာ အေမရိကားမွာ ဘာအတားအဆီးမွမရွိဘူး။ ေငြမရွိရင္ေတာင္ ေခ်းငွားျပီး တက္လုိ႕ရေသးတယ္။
.
.
.          
ဒီလို နည္းပညာျမင္႕ကုမၸဏီေတြမွာ အက်ိဳးခံစားခြင္႕ - Benefit ေကာင္းၾကတဲ႕အတြက္ လူငယ္ေတြ နဲ႕ အသစ္ထြင္ခ်င္တဲ႕လူအုပ္စုေတြ
အင္မတန္အလုပ္လုပ္ခ်င္ၾကတယ္။ မက္ေလာက္တဲ႕လစာ - Decent Pay ရတာဆုိေတာ႕ စိမ္ေခၚမႈမ်ားသလို
ဒီႏုိင္ငံမွာေမြးသူေတြနဲ႕ယွဥ္ျပီးထုိးေဖာက္ဖို႕မလြယ္ေလာက္ဘူးဆုိတာ မွန္းဆၾကည္႕ႏုိင္တယ္။  သူ႕ထက္သူ လူစြမ္းေကာင္းေတြခ်ည္းမုိ႕ ဒီဘက္မွာေက်ာင္းျပီးထားတဲ႕ ျမန္မာမ်ိဳးဆက္ေတြအတြက္ လမ္းစေကာင္းေနပါတယ္။
.
.
.
          ကြ်န္ေတာ္မေနတဲ႕ ဆန္ဖရန္စစၥကိုျမိဳ႕မွာသူမ်ားေျပာျပတဲ႕သတင္းအရ ဆန္ဖရန္စစၥကိုအျပည္ျပည္ဆုိင္ရာေလဆိပ္မွာ အလုပ္အမ်ားၾကီးေခၚသတဲ႕။ အစုိးရကေပးတဲ႕အလုပ္ဆိုေတာ႕ Benefit က ေကာင္းတာေသခ်ာသေလာက္ရွိတယ္။  ဂုိေဒါင္ - Warehouse ($12.50) အလုပ္ နဲ႕ ကုန္ပစၥည္းလက္ခံတဲ႕ Shipping and Receiving ($12.50) မွာလုပ္ဖုိ႕ဆုိ
မိတ္ေဆြတုိ႕က အေလးခ်ိန္ ေပါင္ (၅ဝ) မ ႏိုင္တဲ႕ ပစၥည္းမစာေမးပြဲ - Lift Test ေျဖရႏုိင္တယ္။ ေယာက်္ားေတြအတြက္အခက္အခဲမရွိေပမယ္႕ မိန္းမသားေတြအတြက္ ရွိဳးမထုတ္ရပဲ အရုိးျပဳတ္သြားႏုိင္တဲ႕ အေလးတုံးအစုတ္ေတြ မရပါလိမ္႕မယ္။
.
.
         ကားဝပ္ေရွာ႕ပညာတတ္လာသူတစ္ခ်ိဳ႕ေတြ႕ဖူးတယ္။ ဒီႏုိ္င္ငံက
ေကာလိပ္မွာဆက္တက္ရင္း စက္ပစၥည္းေတြ နဲ႕ လက္ရွိအသံုးျပဳေနတဲ႕နည္းပညာအေခၚအေဝၚေတြေလ႕လာလိုက္ျပီး ကားျပင္ကုမၸဏီတစ္ခုခုမွာအလုပ္ဝင္၊ သင္ယူ၊ ေနာက္ပုိင္း ကိုယ္ပုိင္ျပန္ဖြင္႕ျပီးၾကီးပြားေနတဲ႕ျမန္မာေတြ ဖရီးေမာင္႕ျမိဳ႕မွာ ရွိတယ္။ တကယ္တမ္း အေမရိကားမွာအလုပ္လက္မဲ႕မ်ားတယ္ဆုိတာ အပ်င္းေတြမ်ားလို႕ပါ။ တကယ္မပ်င္းသူေတြအတြက္ အလုပ္မေရြးရင္ တစ္ခုမဟုတ္တစ္ခု မရမရွိဘူး . . အလုပ္အျမဲရွိတယ္။
.
.
.          ကဲ . .
ဒါေတြအားလံုးမတတ္လာဘူးပဲထား . . အဂၤလိပ္စာမရဘူးပဲထား . . ကားေမာင္းတတ္တယ္ (ဒီေရာက္မွက်က်နနေမာင္းသင္ရင္လည္း အလြယ္ေလးပါ) . . လက္ကိုင္ဖုန္းေကာင္းေကာင္းသံုးတတ္တယ္ . . ကုိယ္ပိုင္ကားတစ္စီးလည္းရွိမယ္ . . ကားစည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာမယ္ . . အေမရိကန္ကားေမာင္းလိုင္စင္ရွိမယ္ဆုိရင္ လူစီး Uber ($18) ၊ လူစီး Lyft ($18) နဲ႕ ပါဆယ္ထုတ္လုိက္ပို႕တဲ႕ Amazon Flex ($25) တို႕ကိုေမာင္းႏုိင္ေသးတယ္။
.
.          ပံုေသအလုပ္ခ်ိန္ထက္စာရင္ ကိုယ္႕အလုပ္ခ်ိန္က်ရင္ ထလုပ္၊ ကိုယ္ေမာင္းခ်င္မွ ထေမာင္း၊ ခ်ိန္းထားတဲ႕အခ်ိန္ အလုပ္လုပ္၊ က်န္တဲ႕အခ်ိန္ ကိုယ္႕အခ်ိန္ျဖစ္လာတဲ႕အတြက္ ၾကားေပါက္အပိုေငြရွာခ်င္သူေတြ အဆင္ေျပၾကတယ္။ ဒီအလုပ္က ရွင္းရွင္းေျပာရရင္ ကန္ထရိုက္ဆန္ဆန္အလုပ္ျဖစ္လုိ႕ က်န္းမာေရးအက်ိဳးခံစားခြင္႕ - Medical Care နဲ႕ ေငြရပ်က္ကြက္ခြင္႕ စတဲ႕ Benefit ေတြေတာ႕ မရႏုိင္ပါဘူး။
ေပးတဲ႕အလုပ္ျပီးရင္ ေကာ္မရွင္ေဆာင္ . . က်န္တာ ကိုယ္႕ပိုက္ဆံ။ ကားပ်က္ရင္
ကိုယ္ျပင္၊ တာယာပါးရင္ ကိုယ္လဲ၊ ေနမေကာင္းရင္ ကုိယ္႕ဟာကိုယ္ကု . . ဒီလိုစံႏႈန္းနဲ႕သြားတာ။
.
.
.           ဒီေလာက္အထိဖတ္လာျပီးရင္ မိတ္ေဆြတို႕ကို အေမရိကားက ဘယ္ပံုဘယ္နည္းနဲ႕ၾကိဳဆုိေနတယ္ဆုိတာသေဘာေပါက္ေလာက္ျပီေပါ႕ေနာ္။ တစ္ပတ္ကို
(၅) ရက္ အလုပ္လုပ္ . . ျပီးရင္ (၂) ရက္နား . . ဟုိသြား ဒီသြား လႈပ္ရွားထား . .။ ေသာၾကာေန႕ညမွာ ကဲသေလာက္ တနလၤာေန႕မနက္မွာ ျပားျပားေမွာက္ ဆုိတာမ်ိဳးလည္းၾကံဳရမွာ။ ဒါေပမဲ႕ ျမန္မာႏုိင္ငံမွာ ေသာက္ေသာက္လဲခ်မ္းသာျပီး ကုမၸဏီၾကီးေတြပိုင္၊ ေငြေတြျမိဳင္တဲ႕ လူ႕မလုိင္ေတြအတြက္ေတာ႕ အေမရိကားဟာ သၾကားနဲ႕ပ်ားသကာတုိ႕ေရာထားျပီး ေခ်ာကလက္နဲ႕အခ်ိဳတက္ေနတဲ႕
အလည္မျပတ္တဲ႕ေရခဲမုန္႕ပံုးၾကီးထဲက်သြားတဲ႕ကိုေရႊပ်ားလို ကာလာစံုအေပ်ာ္ေတြမ်ားေနမွာကေတာ႕ ေသအခ်ာပါဘဲ။
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 12-12-2017
.
.
Unicode Version:
.
.
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏။ အပိုင်း (၁၁)"
. "Bay Area ဒေသမှ လှိုက်လှဲစွာကြိုဆိုပါ၏ အပိုင်းဆက် " ကနေ နှုတ်ဆက်ဖို့အချိန်တန်ပါပြီ။ နေရာသစ်ကိုရောက်ခါစ လည်သင့်သလောက်လည်ပတ်ပြီးပြီဖြစ်လို့ နောက်ဆုံး ကိုယ့်လမ်းကိုယ်လျှောက်ဖို့တစ်ဦးနဲ့တစ်ဦးနှုတ်မဆက်ခင် အလုပ်လေးဘာလေး သွင်းပေးကြည့်ပါဦးမယ်။ အမေရိကားရောက်ရင် ဘယ်သူတစ်ဦးတစ်ယောက်မှအချိန်မပိုကြတာတော့သိပြီးသားဖြစ်ကြမှာပါ။ ဒါကြောင့် Bay Area ပင်လယ်အော်တစ်ဝိုက်မှာရှိတဲ့ အသစ်ပြောင်းရွှေ့လာသူတွေအတွက်အလုပ်ရလွယ်မယ့်နေရာတွေကို ခရီးဦးကြိုဆိုတဲ့အနေနဲ့ပြောပြချင်ပါတယ်။
.
. တပ်ဆင်ခြင်းအလုပ် - Assembler Job, Entry Level Job
. ဘယ်သူမဆို ကိုယ်တို့လိုမြန်မာစကားမပြောတဲ့နေရာတစ်ခုရောက်ရင် ဘာသာစကားအခက်အခဲရှိကြစမြဲပါ။ သူပြောတာကိုယ်နားမလည်၊ ကိုယ့်စိတ်ထဲရှိတာကို သူနားလည်အောင်မပြောပြတတ်၊ အရေးထဲ မြန်မာလိုကနေ အင်္ဂလိပ်လိုပြန်နေရတာကအလုပ်တစ်ခု၊ ခက်နေတာက သူတို့ခိုင်းလိုက်တဲ့အင်္ဂလိပ်စကားကို အသေအချာမကြားလိုက်ဘူး . . စတဲ့ . . စတဲ့ အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ စကားပြောရတာနည်းတဲ့အလုပ်အများစုကို ပစ္စည်းတပ်ဆင်တဲ့ Assembler Job နဲ့ ဘာအလုပ်မှမတတ်ထားလဲ လူသာလာခဲ့-သင်ပေးမယ် ဆိုတဲ့ Entry Level Job တွေကို လိုက်လံလျှောက်ထားသင့်ပါတယ်။
.
. တစ်ချို့ အင်္ဂလိပ်အခြေခံ ပါကိုမပါလာဘူးလို့ သူတို့ကိုယ်တိုင်သူတို့လက်ခံထားသူတွေကျတော့ မြန်မာဆိုင်တွေ၊ ဆူရှီဆိုင်တွေမှာဝင်လုပ်ဖို့တာစူကြတယ်။ မရဘူး မဟုတ်ဘူးနော် . . ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အင်္ဂလိပ်လိုတတ်ဖို့ အခွင့်အရေးနည်းပါးသွားနိုင်တာကတော့ မိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှု နဲ့ သင်ယူတတ်မြောက်လိုခြင်း - Learning Skill တို့ကို စတေးလိုက်ရမှာကိုတော့ မသိမဖြစ် မှတ်ထားသင့်လှပါတယ်။
.
.
. တပ်ဆင်ခြင်းစက်ရုံ - Assembler Line တွေဟာ ဖရီးမောင့် - Fremont မြို့ နဲ့ ဆန်ဟိုဆေး - San Jose မြို့တစ်ဝိုက်မှာ အများကြီးရှိတယ်။ ဥပမာ - Quanta Manufacturing Inc ($12.50) မှာဆိုရင် အင်္ဂလိပ်လို လေးလုံးကွဲအောင်မပြောနိုင်တဲ့ကွမ်တုန်းတရုတ်တွေထက် မြန်မာတွေက သာလိမ့်မယ်။ ဒါပေမဲ့ သူတို့အုပ်စုကြားက တရုတ်တံတွေးခွက်ထဲမှာ ပက်လက်လန်မျောသွားရင်တော့ ကျွန်တော်မျိုးကြီးလည်း မတတ်နိုင်ပါဘူး။
.
. မြန်မာတွေလုပ်နေတဲ့ ကွန်ပျူတာစက်ရုံ Super Micro ($14) ဆိုတာလည်း ဆန်ဟိုဆေးနားမှာဘဲ။ အလုပ်နဲ့နီးရင်နီးသလို သွားလာလို့လွယ်တဲ့ရပ်ကွက်လောက်ကနေ အခန်းစုငှားပြီး အလုပ်တက်ရင် သိပ်အခက်အခဲမရှိနိုင်ပါဘူး။ နောက်ထပ် အချိန်ပိုလုပ်နိုင်တယ် . . အမြဲခန့်ဝန်ထမ်း - Permanent မဖြစ်ပဲ အချိ်န်တစ်ခုအထိ ကန်ထရိုက်စံနစ်နဲ့လုပ်နိုင်တယ်ဆိုရင် ဖရီးမောင့်က နာမယ်ကြီးလျှပ်စစ်ကားထုတ်လုပ်တဲ့ တက်စလာ - Tesla ကား ကုမ္ပဏီ ($17) မှာ အလုပ်ဝင်နိုင်တယ်။
.
.
. Walmart ၊Target ၊ Ross နဲ့ 99 Cents Only Store တို့လို စတိုးဆိုင်အလုပ်တွေက အင်္ဂလိပ်စကားရမှ ပိုအဆင်ပြေတယ်။ ဒီအလုပ်တွေမှာ ဖိလစ်ပီးနိုးတွေ နဲ့ မက္ကဆီကန်တွေ အတွေ့ရများတယ်။ သူတို့ပြောတဲ့အင်္ဂလိပ်စကားက သိပ်ကောင်းလှတာမဟုတ်ပေမယ့် အလုပ်ခွင်ဆက်ဆံရေး - Workplace Communication ကို ကျွမ်းကျင်ကြတယ်။ တစ်ချို့နေရာတွေမှာ ကိုယ်ထင်ထားသလောက်မလွယ်တဲ့ စက်ခလုပ်တွေသုံးပြီးလုပ်ရတဲ့အခါတွေမှာချွေးပြန်နိုင်ပါတယ်။
.
. ဒီလိုနေရာတွေမှာပဲအလုပ်ရနိုင်တာလား? နာမယ်ကြီး Facebook တို့၊ Google တို့၊ Apple တို့မှာရော အလုပ်မရနိုင်ဘူးလား? လို့ မိတ်ဆွေတို့က မေးကြမယ်။ အဖြေက ရနိုင်ပါတယ် . . သူတို့လိုချင်တဲ့အရည်အချင်း မိတ်ဆွေတို့မှာရှိရင် ရနိုင်ပါတယ်။ တစ်ချို့ဆို အခုလိုလူသိများကျော်ကြားနေတဲ့ကုမ္ပဏီမဟုတ်ပေမယ့် နည်းပညာအမြင့်စားတွေသုံးစွဲလုပ်ကိုင်တဲ့ကုမ္ပဏီတွေမှာ ရာထူးကြီးကြီးယူထားတဲ့မြန်မာတွေရှိတယ်။ အဲဒီလိုအလုပ်တွေလိုချင်ရင် ဒီဘက်နိုင်ငံကိုရောက်လာတဲ့မိတ်ဆွေ ကျောင်းပြီးအောင်ပြန်တက်ပေါ့။ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ပညာသင်တာ အမေရိကားမှာ ဘာအတားအဆီးမှမရှိဘူး။ ငွေမရှိရင်တောင် ချေးငှားပြီး တက်လို့ရသေးတယ်။
.
.
. ဒီလို နည်းပညာမြင့်ကုမ္ပဏီတွေမှာ အကျိုးခံစားခွင့် - Benefit ကောင်းကြတဲ့အတွက် လူငယ်တွေ နဲ့ အသစ်ထွင်ချင်တဲ့လူအုပ်စုတွေ အင်မတန်အလုပ်လုပ်ချင်ကြတယ်။ မက်လောက်တဲ့လစာ - Decent Money ရတာဆိုတော့ စိမ်ခေါ်မှုများသလို ဒီနိုင်ငံမှာမွေးသူတွေနဲ့ယှဉ်ပြီးထိုးဖောက်ဖို့မလွယ်လောက်ဘူးဆိုတာ မှန်းဆကြည့်နိုင်တယ်။ သူ့ထက်သူ လူစွမ်းကောင်းတွေချည်းမို့ ဒီဘက်မှာကျောင်းပြီးထားတဲ့ မြန်မာမျိုးဆက်တွေအတွက် လမ်းစကောင်းနေပါတယ်။
.
.
. ကျွန်တော်က ဆန်ဖရန်စစ္စကိုမြို့မှာမနေတော့ သူများပြောပြတဲ့သတင်းအရ ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလုပ်အများကြီးခေါ်သတဲ့။ အစိုးရကပေးတဲ့အလုပ်ဆိုတော့ Benefit က ကောင်းတာသေချာသလောက်ရှိတယ်။ ဂိုဒေါင် - Warehouse ($12.50) အလုပ် နဲ့ ကုန်ပစ္စည်းလက်ခံတဲ့ Shipping and Receiving ($12.50) မှာလုပ်ဖို့ဆို မိတ်ဆွေတို့က အလေးချိန် ပေါင် (၅ဝ) မ နိုင်တဲ့ ပစ္စည်းမစာမေးပွဲ - Lift Test ဖြေရနိုင်တယ်။ ယောကျ်ားတွေအတွက်အခက်အခဲမရှိပေမယ့် မိန်းမသားတွေအတွက် ရှိုးမထုတ်ရပဲ အရိုးပြုတ်သွားနိုင်တဲ့ အလေးတုံးအစုတ်တွေ မရပါလိမ့်မယ်။
.
. ကားဝပ်ရှော့ပညာတတ်လာသူတစ်ချို့တွေ့ဖူးတယ်။ ဒီနို်င်ငံက ကောလိပ်မှာဆက်တက်ရင်း စက်ပစ္စည်းတွေ နဲ့ လက်ရှိအသုံးပြုနေတဲ့နည်းပညာအခေါ်အဝေါ်တွေလေ့လာလိုက်ပြီး ကားပြင်ကုမ္ပဏီတစ်ခုခုမှာအလုပ်ဝင်၊ သင်ယူ၊ နောက်ပိုင်း ကိုယ်ပိုင်ပြန်ဖွင့်ပြီးကြီးပွားနေတဲ့မြန်မာတွေ ဖရီးမောင့်မြို့မှာ ရှိတယ်။ တကယ်တမ်း အမေရိကားမှာအလုပ်လက်မဲ့များတယ်ဆိုတာ အပျင်းတွေများလို့ပါ။ တကယ်မပျင်းသူတွေအတွက် အလုပ်မရွေးရင် တစ်ခုမဟုတ်တစ်ခု မရမရှိဘူး . . အလုပ်အမြဲရှိတယ်။
.
.
. ကဲ . . ဒါတွေအားလုံးမတတ်လာဘူးပဲထား . . အင်္ဂလိပ်စာမရဘူးပဲထား . . ကားမောင်းတတ်တယ် (ဒီရောက်မှကျကျနနမောင်းသင်ရင်လည်း အလွယ်လေးပါ) . . လက်ကိုင်ဖုန်းကောင်းကောင်းသုံးတတ်တယ် . . ကိုယ်ပိုင်ကားတစ်စီးလည်းရှိမယ် . . ကားစည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမယ် . . အမေရိကန်ကားမောင်းလိုင်စင်ရှိမယ်ဆိုရင် လူစီး Uber ($18) ၊ လူစီး Lyft ($18) နဲ့ ပါဆယ်ထုတ်လိုက်ပို့တဲ့ Amazon Flex ($25) တို့ကိုမောင်းနိုင်သေးတယ်။
.
. ပုံသေအလုပ်ချိန်ထက်စာရင် ကိုယ့်အလုပ်ချိန်ကျရင် ထလုပ်၊ ကိုယ်မောင်းချင်မှ ထမောင်း၊ ချိန်းထားတဲ့အချိန် အလုပ်လုပ်၊ ကျန်တဲ့အချိန် ကိုယ့်အချိန်ဖြစ်လာတဲ့အတွက် ကြားပေါက်အပိုငွေရှာချင်သူတွေ အဆင်ပြေကြတယ်။ ဒီအလုပ်က ရှင်းရှင်းပြောရရင် ကန်ထရိုက်ဆန်ဆန်အလုပ်ဖြစ်လို့ ကျန်းမာရေးအကျိုးခံစားခွင့် - Medical Care နဲ့ ငွေရပျက်ကွက်ခွင့် စတဲ့ Benefit တွေတော့ မရနိုင်ပါဘူး။ ပေးတဲ့အလုပ်ပြီးရင် ကော်မရှင်ဆောင် . . ကျန်တာ ကိုယ့်ပိုက်ဆံ။ ကားပျက်ရင် ကိုယ်ပြင်၊ တာယာပါးရင် ကိုယ်လဲ၊ နေမကောင်းရင် ကိုယ့်ဟာကိုယ်ကု . . ဒီလို စံနှုန်းနဲ့သွားတာ။
.
.
. ဒီလောက်အထိဖတ်လာပြီးရင် မိတ်ဆွေတို့ကို အမေရိကားက ဘယ်ပုံဘယ်နည်းနဲ့ကြိုဆိုနေတယ်ဆိုတာသဘောပေါက်လောက်ပြီပေါ့နော်။ တစ်ပတ်ကို (၅) ရက် အလုပ်လုပ် . . ပြီးရင် (၂) ရက်နား . . ဟိုသွား ဒီသွား လှုပ်ရှားထား . .။ သောကြာနေ့ညမှာ ကဲသလောက် တနင်္လာနေ့မနက်မှာ ပြားပြားမှောက် ဆိုတာမျိုးလည်းကြုံရမှာ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သောက်သောက်လဲချမ်းသာပြီး ကုမ္ပဏီကြီးတွေပိုင်၊ ငွေတွေမြိုင်တဲ့ လူ့မလိုင်တွေအတွက်တော့ အမေရိကားဟာ သကြားနဲ့ပျားသကာတို့ရောထားပြီး ချောကလက်နဲ့အချိုတက်နေတဲ့ အလည်မပြတ်တဲ့ရေခဲမုန့်ပုံးကြီးထဲကျသွားတဲ့ကိုရွှေပျားလို ကာလာစုံအပျော်တွေများနေမှာကတော့ အသေအချာပါဘဲ။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 12-12-2017