ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
.
"
ေအာ္စတင္ရယ္ .. ငါ ပိုက္ဆံထုတ္ေပးပါ႕မယ္။ ဆံပင္သြားညွပ္စမ္းပါ "
.
ျမန္မာအစ္မတစ္ေယာက္ရဲ႕ ဒီလိုေျပာသံကုိၾကားေတာ႕ ကြ်န္ေတာ္
ရယ္ခ်င္မိသလို အံ႕ၾသလည္းသင္႕သြားတယ္။ သူမ်ားဆံပင္ပံုစံ ဘယ္လိုထားထား .. သူနဲ႕ဘာဆိုင္သလဲေပါ႕။
အေျပာခံရတဲ႕ ေကာင္ေလးက ရည္ရည္မြန္မြန္ေလး နဲ႕ အေရာင္လွလွဆိုးထားတဲ႕ဆံပင္ရွည္ကို ဂ်ယ္လီနဲ႕ဖြျပီး
ေထာင္ထားတာ ၾကည္႕လုိ႕လည္းေကာင္းေနသားပဲလို႕ ေတြးမိခဲ႕တယ္။ အဲဒီအခ်ိန္မွာ ဒီလိုစကားမ်ိဳး
စၾကားဖူးခဲ႕တယ္။ စတာ၊ ေနာက္တာမွန္းသိေနေပမယ္႕ ထူးျခားလို႕ တမင္မွတ္္မိေနခဲ႕တယ္။ အခုေတာ႕
လူတစ္ေယာက္ကုိ ေနာက္အေနအထားတစ္မ်ိဳးနဲ႕ ကြ်န္ေတာ္ ဆံပင္ညွပ္ေပးခ်င္မိတဲ႕စိတ္က သတင္းတစ္ခုမွာ
ေတြ႕ခဲ႕ရတဲ႕ ဗြီဒီယုိဖုိင္ကေလးကေန စခဲ႕တာပါ။
.
.
အဲဒီဗြီဒီယုိမွာ
ပရဟိတလူငယ္တစ္ဖြဲ႕က အိမ္ေျခမဲ႕ - Homeless People တစ္စုကို လိုက္လံရွာေဖြျပီး ဆံပင္ညွပ္၊
မုတ္ဆိတ္ရိတ္တာေတြ ကူညီလုပ္ေဆာင္ေပးတယ္။ ျပီးေတာ႕ မညွပ္မီွပံု နဲ႕ ညွပ္ျပီးပံုေတြကို
ယွဥ္ျပထားလိုက္ေတာ႕ ခ်က္ခ်င္းေျပာင္းလဲသြားတဲ႕ သူတို႕ရဲ႕ရူပါေတြဟာ လမ္းေဘးမွာ သတင္းစာစုတ္ေလး
မ်က္ႏွာအုပ္ျပီး ေန႕၊ ညမေရွာင္ အိပ္ေနသူေတြလို႕ ထင္စရာမရွိေအာင္ သန္႕ျပန္႕သြားတယ္။
ပသိုင္းေမႊးေတြမရွိ ပကတိရွင္းလင္းသြားျပီး ေဆာင္းထားတဲ႕ဦးထုပ္ခြ်တ္လိုက္တဲ႕အခါ သူလိုကိုယ္လို
သာမန္ပုဂိၢဳလ္ေတြနဲ႕ ခြဲမရေတာ႕ဘူး။ ဒါေတာင္ ေရမခ်ိဳးရေသးဘူးေနာ္ .. ဗြီဒီယုိကလစ္ေလးထဲမွာေျပာတာပါ။
.
သူ႕နာမည္ကို
ကြ်န္ေတာ္ မသိပါဘူး။ အလုပ္ဆင္းျပီး " စြမ္း " ကုိ ေက်ာင္းသြားၾကိဳတဲ႕အခ်ိန္ဆို
သူ႕ကုိ မီးပြိဳင္႕အေကြ႕ ဓါတ္ဆီဆိုင္ရဲ႕ အမ်ားထုိင္ပလက္ေဖာင္းခံုမွာထုိင္ေနတာ အျမဲလိုလိုေတြ႕တယ္။
အသက္အရြယ္မွန္းၾကည္႕တာ ( ၅၉ ) ႏွစ္ေလာက္ရွိမယ္လုိ႕ ထင္ရတယ္။ သူ႕ကုိ ဘယ္အခ်ိန္ၾကည္႕ၾကည္႕
အေမရိကန္သမၼတ အိုဘားမား နဲ႕ Facebook စီအီးအို မာ႕ဇက္ဂါဘတ္ တို႕လို ဒီအက်ီၤနဲ႕ဒီေဘာင္းဘီပဲ
.. ဘယ္ေတာ႕မွ မေျပာင္းဘူး။
.
.
ေခါင္းေပၚမွာ တြန္႕လိမ္ေကာက္ေကြးျပီး ျဖဴေၾကာင္ၾကားေနတဲ႕
ဆံပင္လိပ္ေတြကုိ ေဘ႕စ္ေဘာဦးထုပ္နဲ႕ ကာကြယ္ထားတယ္။ ဦးထုပ္က အေပၚကေနေရာင္ရယ္၊ ပင္လယ္ေအာ္ေဒသကဝင္လာတဲ႕
ေလေအးၾကမ္းေတြရဲ႕ အကဲစမ္းမႈေတြကုိ ကာကြယ္တဲ႕အလုပ္ေတြကို တာဝန္ေက်ပြန္စြာလုပ္ရင္း ေမာပန္းေနပံုပါပဲ။
အေႏြးထည္ ရဲ႕ လက္တေတာင္ဆစ္ေနရာနဲ႕ မြဲေျခာက္ေျခာက္ဂ်င္းသားေဘာင္းဘီရဲ႕ဒူးေခါင္းေနရာေတြမွာ
ေလဝင္ေလထြက္ေကာင္းေအာင္ အဝတ္စေတြဟာ ပြင္႕အာေနေလရဲ႕။ သူထုိင္တဲ႕ ေနာက္မွီပါခုံတန္းရွည္ေအာက္က
ေျမြေရခြံအိပ္ထဲမွာေတာ႕ ေစာင္လိုလို အဝတ္အစားလို႕ထင္ရတာေတြ ထည္႕ထားတယ္။ ဒါေပမယ္႕ အမ်ားၾကီးေတာ႕မဟုတ္ေလာက္ဘူး။
.
ဓါတ္ဆီဆိုင္နာမည္က
Arco ဆိုေတာ႕ ကြ်န္ေတာ္ သူ႕ကုိ အာကို လို႕ပဲ နာမည္ေပးထားမိတယ္။ ကြ်န္ေတာ္နဲ႕ အာကုိ
တုိ႕ဟာ ဘယ္လိုမွ ဆက္စပ္မႈ မရွိပါဘူး။ " ဗုိက္မဝသူ နဲ႕ ဝိတ္ခ်သူ ” ေဆာင္းပါးေရးတုန္းက
ကြ်န္ေတာ္အစားေကြ်းခဲ႕မိတဲ႕ေနာက္ပိုင္း ကြ်န္ေတာ႕ကားထဲမွာ မုန္႕ထုပ္နဲ႕ေရသန္႕ဗူးေတြ
အျမဲလိုလို ေဆာင္ထားမိတယ္ .. ၾကံဳရင္ေပးရေအာင္ဆုိျပီးေတာ႕ေလ..။ အဲဒီတစ္ေန႕မွာ ကားနဲ႕ညာဘက္ေကြ႕ေတာ႕
အာကုိ ကို သူထုိင္ေနက်ေနေလးမွာထုိင္ေနတာ ေတြ႕လိုက္တယ္။ တစ္ဆက္တည္း ကြ်န္ေတာ္ စဥ္းစားၾကည္႕တယ္..။
သူ႕ကုုိ ကြ်န္ေတာ္ ဆံပင္လည္း သြားမညွပ္ေပးႏိုင္ဘူး။ မုတ္ဆိတ္လည္း သြားမရိပ္ေပးႏုိင္ဘူး။
ဒါေပမယ္႕ မုန္႕ေတာ႕ဝင္ေကြ်းလို႕ရတယ္ဆုိျပီးေတာ႕ စြမ္းရဲ႕ေက်ာင္းမွာကားရပ္တုန္း ေပးဖို႕အသင္႕ျပင္ထားခဲ႕တယ္။
.
.
ေက်ာပိုးအိတ္ၾကီးလြယ္ျပီး ေက်ာင္းဆင္းလာတဲ႕ စြမ္း
ဟာ ေမာေမာပန္းပန္းနဲ႕ကားေပၚတက္လာတယ္ဆိုရင္ပဲ ကြ်န္ေတာက သူ႕ကုိ ဓါတ္ဆီဆိုင္ခဏဝင္ျပီး
အိမ္ေျခမဲ႕တစ္ေယာက္ကို မုန္႕ထုပ္ဝင္ေပးမလို႕ ကုသိုလ္ရေအာင္ သူဆင္းေပးမလားဆုိေတာ႕ စြမ္း
က ေပ်ာ္ရႊင္စြာပဲ လုပ္ေပးမယ္လို႕ေျပာတယ္။ ကြ်န္ေတာ္တို႕သားအဖကို သယ္ေဆာင္လာတဲ႕ကားေလးဟာ
ဓါတ္ဆီဆုိင္ထဲ ေပါ႕ေပါ႕ပါးပါးေလး ေကြ႕ဝင္ျပီး " အာကို " ရဲ႕ ေရွ႕နားမွာ ရပ္လိုက္တယ္။
စြမ္း က မုန္႕ထုပ္နဲ႕ေရသန္႕ဗူးထည္႕ထားတဲ႕ ကြ်ပ္ကြ်ပ္အိတ္ကို ကိုင္ျပီး ကားေပၚကဆင္းလိုက္တယ္။
.
" Hello Mister, Have a nice day " လို႕ေျပာျပီး
စြမ္းက အာကို႕ လက္ထဲကို အဲဒီအထုပ္ ေပးလိုက္တယ္။ အာကို က ထုိင္ရာကေန ေမာ႕ၾကည္႕ျပီး အထုပ္ကို
လွမ္းယူလိုက္တယ္ .. ဘာမွ ျပန္မေျပာေသးဘူး။ စြမ္းက ကားေပၚျပန္တက္လာျပီ။ ဒီအခ်ိန္မွာ
ကြ်န္ေတာ္တုိ႕ ၾကားရမယ္ထင္တဲ႕ " Thank you " အစား အာကို က စကားတစ္ခြန္းပဲ
ျပန္ေျပာတယ္။ ေျပာေျပာခ်င္း စြမ္း ေရာ ကြ်န္ေတာ္ေရာ ခ်က္ခ်င္း မၾကားလိုက္ဘူး။ အဲဒါကို
စြမ္း က ျပန္ေမးတဲ႕အခါ .. သူေျပာတဲ႕ စကားက .. " Spare of change? " တဲ႕ေလ..။
အဓိပၸာယ္က " အေၾကြပါေသးလား ?" လို႕ အနီစပ္ဆံုး ဘာသာျပန္ရမယ္ ထင္တယ္။ ကြ်န္ေတ္ာတုိ႕ကား
ျပန္ေမာင္းထြက္ျပီး ဓါတ္ဆီဆိုင္ကုိ ထားပစ္ခဲ႕တယ္။
.
.
စြမ္းက ကေလးဆုိေတာ႕ မ်က္ႏွာပ်က္သြားတာ သတိထားမိတာနဲ႕
ကြ်န္ေတ္ာက ခ်က္ခ်င္းပဲ သူ႕ကုိ ဆံုးမစကားေျပာျပီး အေျခအေနကို ထိန္းလိုက္တယ္။
" သား .. ကုိယ္ကလွဴမယ္ဆိုတဲ႕ပစၥည္းကို တန္ဖိုးဘယ္ေလာက္နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ
ဘာမွျပန္ရဖို႕ မေမွ်ာ္လင္႕ရဘူး။ မလွဴခင္ကတည္းက ဒါဟာ ငါပိုင္တာ မဟုတ္ေတာ႕ဘူး။ ဒီပစၥည္းကိုလွဴလိုက္လို႕
ဘာကုိေတာ႕ျပန္ၾကားရမယ္၊ ဘယ္လိုသံုးစြဲေစခ်င္တယ္ဆိုတဲ႕ ေစတနာအမွားက ကိုယ္႕ကုိ အကုသိုလ္ျပန္ေပးတတ္တာမုိ႕
အႏၱရာယ္မ်ားတယ္။ ျပန္လွည္႕ဝင္လာတဲ႕ေလာဘ၊ ေဒါသ၊ ေသာက မပါမွ ကုသိုလ္ေျမာက္တယ္။ ႏို႕မုိ႕ဆုိ
ကုသိုလ္မရပဲ ငရဲရလိမ္႕မယ္ " လို႕ လြတ္လပ္တဲ႕စိတ္ထားတတ္ဖို႕ သင္ေပးလိုက္မိတယ္။
တစ္ပါတည္း စြမ္းေျပာတဲ႕ " အဲဒါေၾကာင္႕ သားက ဒီလုိ အရက္စြဲေနတဲ႕လူေတြကို မလွဴခ်င္တာ
" ဆိုတဲ႕ အေမရိကန္ကေလးအေတြးကို လမ္းမွန္ေပၚတင္ျပီး ၾဳကိဳးစားေခ်ဖ်က္ေပးလုိက္ႏိုင္တယ္။
.
အိမ္မွာ
စြမ္းကို ထားခဲ႕ျပီး ကြ်န္ေတာ္က လိုအပ္တာေတြဝယ္ဖို႕ လက္ကားဆိုင္ - Costco ကို ေမာင္းလာခဲ႕တယ္။
လိုအပ္တာေတြ တြန္းလွည္းထဲထည္႕ျပီး ဟုိၾကည္႕ ဒီၾကည္႕နဲ႕ ေျခအိတ္ေတြထားတဲ႕ အတန္းမွာ မ်က္စိက်တဲ႕
ေျခအိတ္ေတြကုိ ကုိင္ၾကည္႕ေနမိတယ္။ ၾကိဳက္တဲ႕တံဆိပ္တစ္ခုမွာ Lyocell ဆိုတဲ႕စာလံုးရဲ႕အဓိပၸာယ္ကုိမသိလို႕
ေဘးနားမွာ ရပ္ျပီး ေျခအိပ္ေရြးေနတဲ႕ ဘုိ တစ္ေယာက္ကို " Hi Mister " လို႕ေခၚျပီး
ဘာကိုဆုိလိုတာလဲလို႕ အကူအညီေတာင္းျပီး ကြ်န္ေတာ္ ေမးလိုက္မိတယ္။ သူက စိတ္ရွည္လက္ရွည္
ေျဖေပးရွာပါတယ္။
.
.
အဲဒီ
ဘုိ ကို Costco ဆိုင္မွာေတြ႕လို႕ ေကာ္စကို လို႕ပဲ အမည္ေပးထားတယ္။ သူ႕ပံုစံဟာ သန္႕ျပန္႕လွျပီး
အျငိမ္းစားယူျပီးသား ( ၆၅ ) ႏွစ္အရြယ္ေလာက္ ရွိလိမ္႔မယ္။ ဆံပင္ျဖဴေလးေတြကုိ ေနာက္လွန္ျပီး
သပ္သပ္ရပ္ရပ္ ဖီးထားတယ္။ ရွပ္အက်ီၤအေကာင္းစားဝတ္ထားျပီး ေအာက္ကလည္း စတိုင္ေဘာင္းဘီနဲ႕
ေျပာင္လွက္ေနတဲ႕ ရွဴးစ္ဖိနပ္ စီးထားတယ္။ လည္ပင္းမွာ နက္ကတုိင္သာမပါတာ အစည္းအေဝးတက္တဲ႕သူထက္
ပိုခန္႕ညားတဲ႕ ဥပဓိရုပ္ကုိ ပုိင္ဆိုင္တဲ႕ ေကာ္စကို လို႕ ေျပာလို႕ရပါတယ္။ သူရွင္းျပတာကုိနားေထာင္ရင္း
ေက်းဇူးတင္စကားေျပာျပီး ေငြရွင္းေကာင္တာကိုေရာက္ေတာ႕ ေစ်းဝယ္လွည္းထဲကပစၥည္းတစ္ခ်ိဳ႕ကုိ
ေကာင္တာေပၚတင္ေနတုန္း ကြ်န္ေတာ႕ေဘးပတ္လည္ကို သတိမထားမိလိုက္ဘူး။
.
ေနာက္မွာေရာက္ေနသူက ေစာနက ကြ်န္ေတာ႕ကို ဗဟုသုတ ကူညီေပးခဲ႕တဲ႕
ေကာ္စကို ျဖစ္ေနတယ္။ သူ႕လက္ထဲမွာ ေျခအိပ္( ၁ ) ထုတ္၊ ၾကက္ဆင္ၾကိတ္သား ( ၁ ) ထုတ္ နဲ႕
စာအုပ္အထူေလး ( ၁ ) အုပ္ .. စုစုေပါင္းမွ
( ၃ ) မ်ိဳးထဲ ေငြရွင္းရမွာ။ သူက ပစၥည္းနည္းလို႕ တြန္းလွည္းေတာင္မယူပဲ လက္ထဲမွာ ကိုင္ထားတယ္ေလ။
ကြ်န္ေတာ႕ပစၥည္းေတြက ( ၁၂ ) မ်ိဳးျဖစ္ေနေတာ႕ သူ႕ဘက္ကုိလွည္႕ၾကည္႕ျပီး ကြ်န္ေတာ္႕ကုိေက်ာ္ျပီး
အရင္ေငြရွင္းသြားဖုိ႕ ေျပာလိုက္တယ္။ သူက လက္ကာျပျပီး " No. Thank you " တစ္လံုးပဲ
ျပန္ေျပာျပီး ေစာင္႕ျမဲေစာင္႕ေနတယ္။ ကြ်န္ေတာ္ဆုိဘယ္ရမလဲ .. ဒီလိုပစၥည္းနည္းနည္းေလးဝယ္ဖို႕
အၾကာၾကီးတန္းစီရတာ စိတ္မရွည္လို႕ ဘယ္သူက ကိုယ္႕ကုိ ၾကားေပးျဖတ္မလဲလို႕ အျမဲလိုက္ရွာေနတဲ႕သူ။
ယွဥ္ၾကည္႕ၾကပါေတာ႕ ကြ်န္ေတာ႕စိတ္ထဲမွာ တစ္မ်ိဳးၾကီးကို ျဖစ္သြားတာ ဘယ္လိုလဲလို႕ေတာင္
မေျပာျပတတ္ေတာ႕ဘူး။ ကြ်န္ေတာ႕မ်က္ႏွာေတြ ပူကနဲ ျဖစ္လာတယ္။
.
.
ဒါနဲ႕ ကြ်န္ေတာ္ေငြရွင္းဖို႕အလွည္႕ေရာက္လာေတာ႕ ေကာ္စကိုဖက္လွည္႕ျပီး
" ဦးေလး .. အရင္သြားလိုက္ပါ။ ပစၥည္းနည္းနည္းေလးပဲ ဥစၥာ။ ကြ်န္ေတာ္က မ်ားေတာ႕
ေငြရွင္းတာျပီးေအာင္ေစာင္႕ေနရင္ ၾကာဦးမွာ " လို႕ အဓိပၸာယ္ရတဲ႕ အဂၤလိပ္စကားနဲ႕
ေလးေလးစားစား ခြင္႕ထပ္ေပးမိျပန္တယ္။ ေကာ္စကုိ ျပန္ေျပာတဲ႕စကားေၾကာင္႕ ျမန္မာ႕နည္း ျမန္မာ႕ဟန္
နဲ႕ ေက်ာ္ျဖတ္ခဲ႕သမွ် ကုိယ္ပိုင္လွျပီကြ ဆိုတဲ႕ ျမန္မာႏိုင္ငံကစိတ္ဓါတ္ကို ဒီတစ္ခါေတာ႕
အေတာ္ေလး ရွက္မိသြားတယ္။ သူေျပာတာက " No, thank you. I don't take advantage
of people " တဲ႕ေလ။
.
တစ္ရက္ထဲ လူမ်ိဳးတူျပီး အက်င္႕စရိုက္မတူတဲ႕ လူ (
၂ ) ေယာက္ကိုေတြ႕လိုက္ရတဲ႕ ကြ်န္ေတာ္ဟာ ခ်ဥ္ငန္ဖန္စပ္ခါး အရသာစံုလွတဲ႕ ေမာင္းေမာင္းသည္
ဆီက သရက္သီးကုိ ဝယ္စားလိုက္ရသလိုပါပဲ။ တစ္ကုိက္ကိုက္လိုက္၊ ေဆးသၾကားနဲ႕ထိလိုုက္၊ ခ်ိဳသြားလိုက္။
ေနာက္တစ္ဖက္လွည္႕ကိုက္လုိက္၊ ျငဳပ္သီးမႈန္႕နဲ႕ေတြ႕လိုက္၊ ရွဴးရွဴးရွဲရွဲ စပ္သြားလိုက္။
အဲဒါနဲ႕ အားပါးတရကိုက္ခ်ျပီး ဝါးေတာ႕မယ္အလုပ္မွာ လက္ေပေပနဲ႕ႏွယ္ထားတဲ႕ ဆိုးေဆးေတြပ်ယ္ျပီး
ခ်ဥ္လိုက္တဲ႕သရက္သီး ဆိုျပီး ေထြးမရ ျမိဳမက် ျဖစ္ေနတဲ႕ ပံုစံနဲ႕ ကြ်န္ေတာ႕ပံုကို မွန္းၾကည္႕ႏိုင္ပါတယ္။
.
.
တစ္ေယာက္က
ဆင္းရဲလို႕အရက္ေသာက္တယ္။ ဒါနဲ႕ လမ္းေဘးေရာက္တယ္။ ေငြပဲလိုခ်င္ေနတယ္။ ဘယ္ကေပၚလာမွန္းမသိသူတုိ႕က
အစားအေသာက္ေပးကမ္းတာကိုပဲ ေငြအေၾကြေလးပါရင္ မ,စခဲ႕ပါဦး ဆုိတဲ႕သူကို ဘယ္လိုနားလည္ရမလဲ?
.
ေနာက္တစ္ေယာက္က်ျပန္ေတာ႕ ပစၥည္းဥစၥာဘယ္ေလာက္ရွိတယ္ဆုိတာ
မမွန္းႏို္င္ေပမယ္႕ ပညာတတ္လူတန္းစားဆုိတာ ျမင္တာနဲ႕သိလြယ္တယ္။ အင္တာနက္ လက္ပြတ္ဖုန္းေခတ္မွာ
စာအုပ္ဝယ္ျပီး စာဖတ္တဲ႕လူစားမ်ိဳး။ လူ႕ေလာကအေၾကာင္းနားလည္တယ္။ လူေတြရဲ႕ေန႕စဥ္ဘဝကို
သိတယ္။ ကိုယ္ခ်င္းစာတရား ရွိတယ္။ မိမိကုိဆက္ဆံေစခ်င္သလို သူတစ္ပါးကို ဆက္ဆံတယ္။
.
.
လူ
နဲ႕ ေနရာကို တန္ဖိုးထားတယ္။ မက်ဴးဘူး မေက်ာ္ဘူး။ သူ႕ေဘာင္ထဲမွာ သူေနတယ္။ အကူအညီလုိသူကို
လက္ကမ္းတယ္။ အခြင္႕အေရးကို ျငင္းပယ္တယ္။ အမ်ားနဲ႕သာတူညီမွ်တဲ႕ အခြင္႕အလမ္းကို ရွာေဖြတယ္။
ဦးစားေပးတယ္။ လမ္းျပေပးတယ္။ တစ္ခါဆက္ဆံတစ္သက္လံုးလန္ - လူစားမ်ိဳးမဟုတ္ပဲ တာရွည္ခံမိတ္ေဆြပံုစံလို႕
တစ္ထစ္ခ် ေကာက္ခ်က္ခ်လို႕ရတယ္။ ဒီလိုလူမ်ိဳးေတြ အေမရိကန္မွာ ဘယ္ေလာက္မ်ားမ်ားရွိေနသလဲ
ကြ်န္ေတာ္သိခြင္႕ရခ်င္လိုက္တာ။
.
ကြ်န္ေတာ္တုိ႕
ေရႊႏိုင္ငံလို႕ေျပာေျပာေနတဲ႕ႏိုင္ငံမွာေရာ " အာကို " လို လူမ်ိဳး နဲ႕
" ေကာ္စကို " လို လူတန္းစားေတြ ဘယ္လိုအခ်ိဳးနဲ႕ရပ္တည္ေနၾကသလဲ ေတြးေနမိတယ္။
ပစၥည္းေတြ လွည္းေပၚျပန္တင္ျပီး ကားနားကုိ ကြ်န္ေတာ္တြန္းလာေနတုန္း ခုနတုန္းကအေတြးေတြကိုေတာ႕
ခ်န္ရစ္ထားလို႕ မရခဲ႕ဘူး။ ခက္ေတာ႕ ခက္ေနပါျပီ .. ကားေသာ႕ကုိ ဘယ္အိပ္ကပ္ထဲ ထည္႕ထားမိမွန္းမမွတ္မိဘူး
.. အေရးထဲ ..။ ဒီေန႕ေတာ႕ ကြ်န္ေတာ႕ခႏၶာကုိယ္မွာေပ်ာက္ေနတဲ႕ ကားေသာ႕ကုိေတြ႕ေအာင္ရွာျပီး
အိမ္ေမာင္းျပန္ရဦးမယ္..။
.
koko2yeye@gmail.com
.
.
Myanmar Unicode Version:
.
.
“ အာကို နဲ့ ကော်စကို .. အကြွေပါသေးလား
? ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး
)
.
" အော်စတင်ရယ် .. ငါ ပိုက်ဆံထုတ်ပေးပါ့မယ်။
ဆံပင်သွားညှပ်စမ်းပါ "
.
မြန်မာအစ်မတစ်ယောက်ရဲ့ ဒီလိုပြောသံကိုကြားတော့ ကျွန်တော်
ရယ်ချင်မိသလို အံ့ဩလည်းသင့်သွားတယ်။ သူများဆံပင်ပုံစံ ဘယ်လိုထားထား .. သူနဲ့ဘာဆိုင်သလဲပေါ့။
အပြောခံရတဲ့ ကောင်လေးက ရည်ရည်မွန်မွန်လေး နဲ့ အရောင်လှလှဆိုးထားတဲ့ဆံပင်ရှည်ကို ဂျယ်လီနဲ့ဖွပြီး
ထောင်ထားတာ ကြည့်လို့လည်းကောင်းနေသားပဲလို့ တွေးမိခဲ့တယ်။ အဲဒီအချိန်မှာ ဒီလိုစကားမျိုး
စကြားဖူးခဲ့တယ်။ စတာ၊ နောက်တာမှန်းသိနေပေမယ့် ထူးခြားလို့ တမင်မှတ်မိနေခဲ့တယ်။ အခုတော့
လူတစ်ယောက်ကို နောက်အနေအထားတစ်မျိုးနဲ့ ကျွန်တော် ဆံပင်ညှပ်ပေးချင်မိတဲ့စိတ်က သတင်းတစ်ခုမှာ
တွေ့ခဲ့ရတဲ့ ဗွီဒီယိုဖိုင်ကလေးကနေ စခဲ့တာပါ။
.
.
အဲဒီဗွီဒီယိုမှာ ပရဟိတလူငယ်တစ်ဖွဲ့က
အိမ်ခြေမဲ့ - Homeless People တစ်စုကို လိုက်လံရှာဖွေပြီး ဆံပင်ညှပ်၊ မုတ်ဆိတ်ရိတ်တာတွေ
ကူညီလုပ်ဆောင်ပေးတယ်။ ပြီးတော့ မညှပ်မှီပုံ နဲ့ ညှပ်ပြီးပုံတွေကို ယှဉ်ပြထားလိုက်တော့
ချက်ချင်းပြောင်းလဲသွားတဲ့ သူတို့ရဲ့ရူပါတွေဟာ လမ်းဘေးမှာ သတင်းစာစုတ်လေး မျက်နှာအုပ်ပြီး
နေ့၊ ညမရှောင် အိပ်နေသူတွေလို့ ထင်စရာမရှိအောင် သန့်ပြန့်သွားတယ်။ ပသိုင်းမွှေးတွေမရှိ
ပကတိရှင်းလင်းသွားပြီး ဆောင်းထားတဲ့ဦးထုပ်ချွတ်လိုက်တဲ့အခါ သူလိုကိုယ်လို သာမန်ပုဂ္ဂိုလ်တွေနဲ့
ခွဲမရတော့ဘူး။ ဒါတောင် ရေမချိုးရသေးဘူးနော် .. ဗွီဒီယိုကလစ်လေးထဲမှာပြောတာပါ။
.
သူ့နာမည်ကို ကျွန်တော် မသိပါဘူး။
အလုပ်ဆင်းပြီး " စွမ်း " ကို ကျောင်းသွားကြိုတဲ့အချိန်ဆို သူ့ကို မီးပွိုင့်အကွေ့
ဓါတ်ဆီဆိုင်ရဲ့ အများထိုင်ပလက်ဖောင်းခုံမှာထိုင်နေတာ အမြဲလိုလိုတွေ့တယ်။ အသက်အရွယ်မှန်းကြည့်တာ
( ၅၉ ) နှစ်လောက်ရှိမယ်လို့ ထင်ရတယ်။ သူ့ကို ဘယ်အချိန်ကြည့်ကြည့် အမေရိကန်သမ္မတ အိုဘားမား
နဲ့ Facebook စီအီးအို မာ့ဇက်ဂါဘတ် တို့လို ဒီအကျီၤနဲ့ဒီဘောင်းဘီပဲ .. ဘယ်တော့မှ မပြောင်းဘူး။
.
.
ခေါင်းပေါ်မှာ တွန့်လိမ်ကောက်ကွေးပြီး ဖြူကြောင်ကြားနေတဲ့
ဆံပင်လိပ်တွေကို ဘေ့စ်ဘောဦးထုပ်နဲ့ ကာကွယ်ထားတယ်။ ဦးထုပ်က အပေါ်ကနေရောင်ရယ်၊ ပင်လယ်အော်ဒေသကဝင်လာတဲ့
လေအေးကြမ်းတွေရဲ့ အကဲစမ်းမှုတွေကို ကာကွယ်တဲ့အလုပ်တွေကို တာဝန်ကျေပွန်စွာလုပ်ရင်း မောပန်းနေပုံပါပဲ။
အနွေးထည် ရဲ့ လက်တတောင်ဆစ်နေရာနဲ့ မွဲခြောက်ခြောက်ဂျင်းသားဘောင်းဘီရဲ့ဒူးခေါင်းနေရာတွေမှာ
လေဝင်လေထွက်ကောင်းအောင် အဝတ်စတွေဟာ ပွင့်အာနေလေရဲ့။ သူထိုင်တဲ့ နောက်မှီပါခုံတန်းရှည်အောက်က
မြွေရေခွံအိပ်ထဲမှာတော့ စောင်လိုလို အဝတ်အစားလို့ထင်ရတာတွေ ထည့်ထားတယ်။ ဒါပေမယ့် အများကြီးတော့မဟုတ်လောက်ဘူး။
.
ဓါတ်ဆီဆိုင်နာမည်က Arco ဆိုတော့
ကျွန်တော် သူ့ကို အာကို လို့ပဲ နာမည်ပေးထားမိတယ်။ ကျွန်တော်နဲ့ အာကို တို့ဟာ ဘယ်လိုမှ
ဆက်စပ်မှု မရှိပါဘူး။ " ဗိုက်မဝသူ နဲ့ ဝိတ်ချသူ ” ဆောင်းပါးရေးတုန်းက ကျွန်တော်အစားကျွေးခဲ့မိတဲ့နောက်ပိုင်း
ကျွန်တော့ကားထဲမှာ မုန့်ထုပ်နဲ့ရေသန့်ဗူးတွေ အမြဲလိုလို ဆောင်ထားမိတယ် .. ကြုံရင်ပေးရအောင်ဆိုပြီးတော့လေ..။
အဲဒီတစ်နေ့မှာ ကားနဲ့ညာဘက်ကွေ့တော့ အာကို ကို သူထိုင်နေကျနေလေးမှာထိုင်နေတာ တွေ့လိုက်တယ်။
တစ်ဆက်တည်း ကျွန်တော် စဉ်းစားကြည့်တယ်..။ သူ့ကို ကျွန်တော် ဆံပင်လည်း သွားမညှပ်ပေးနိုင်ဘူး။
မုတ်ဆိတ်လည်း သွားမရိပ်ပေးနိုင်ဘူး။ ဒါပေမယ့် မုန့်တော့ဝင်ကျွေးလို့ရတယ်ဆိုပြီးတော့
စွမ်းရဲ့ကျောင်းမှာကားရပ်တုန်း ပေးဖို့အသင့်ပြင်ထားခဲ့တယ်။
.
.
ကျောပိုးအိတ်ကြီးလွယ်ပြီး ကျောင်းဆင်းလာတဲ့ စွမ်း
ဟာ မောမောပန်းပန်းနဲ့ကားပေါ်တက်လာတယ်ဆိုရင်ပဲ ကျွန်တောက သူ့ကို ဓါတ်ဆီဆိုင်ခဏဝင်ပြီး
အိမ်ခြေမဲ့တစ်ယောက်ကို မုန့်ထုပ်ဝင်ပေးမလို့ ကုသိုလ်ရအောင် သူဆင်းပေးမလားဆိုတော့ စွမ်း
က ပျော်ရွှင်စွာပဲ လုပ်ပေးမယ်လို့ပြောတယ်။ ကျွန်တော်တို့သားအဖကို သယ်ဆောင်လာတဲ့ကားလေးဟာ
ဓါတ်ဆီဆိုင်ထဲ ပေါ့ပေါ့ပါးပါးလေး ကွေ့ဝင်ပြီး " အာကို " ရဲ့ ရှေ့နားမှာ ရပ်လိုက်တယ်။
စွမ်း က မုန့်ထုပ်နဲ့ရေသန့်ဗူးထည့်ထားတဲ့ ကျွပ်ကျွပ်အိတ်ကို ကိုင်ပြီး ကားပေါ်ကဆင်းလိုက်တယ်။
.
" Hello Mister, Have a nice day " လို့ပြောပြီး
စွမ်းက အာကို့ လက်ထဲကို အဲဒီအထုပ် ပေးလိုက်တယ်။ အာကို က ထိုင်ရာကနေ မော့ကြည့်ပြီး အထုပ်ကို
လှမ်းယူလိုက်တယ် .. ဘာမှ ပြန်မပြောသေးဘူး။ စွမ်းက ကားပေါ်ပြန်တက်လာပြီ။ ဒီအချိန်မှာ
ကျွန်တော်တို့ ကြားရမယ်ထင်တဲ့ " Thank you " အစား အာကို က စကားတစ်ခွန်းပဲ
ပြန်ပြောတယ်။ ပြောပြောချင်း စွမ်း ရော ကျွန်တော်ရော ချက်ချင်း မကြားလိုက်ဘူး။ အဲဒါကို
စွမ်း က ပြန်မေးတဲ့အခါ .. သူပြောတဲ့ စကားက .. " Spare of change? " တဲ့လေ..။
အဓိပ္ပာယ်က " အကြွေပါသေးလား ?" လို့ အနီစပ်ဆုံး ဘာသာပြန်ရမယ် ထင်တယ်။ ကျွန်တော်တို့ကား
ပြန်မောင်းထွက်ပြီး ဓါတ်ဆီဆိုင်ကို ထားပစ်ခဲ့တယ်။
.
.
စွမ်းက ကလေးဆိုတော့ မျက်နှာပျက်သွားတာ သတိထားမိတာနဲ့
ကျွန်တော်က ချက်ချင်းပဲ သူ့ကို ဆုံးမစကားပြောပြီး အခြေအနေကို ထိန်းလိုက်တယ်။
" သား .. ကိုယ်ကလှူမယ်ဆိုတဲ့ပစ္စည်းကို တန်ဖိုးဘယ်လောက်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ
ဘာမှပြန်ရဖို့ မမျှော်လင့်ရဘူး။ မလှူခင်ကတည်းက ဒါဟာ ငါပိုင်တာ မဟုတ်တော့ဘူး။ ဒီပစ္စည်းကိုလှူလိုက်လို့
ဘာကိုတော့ပြန်ကြားရမယ်၊ ဘယ်လိုသုံးစွဲစေချင်တယ်ဆိုတဲ့ စေတနာအမှားက ကိုယ့်ကို အကုသိုလ်ပြန်ပေးတတ်တာမို့
အန္တရာယ်များတယ်။ ပြန်လှည့်ဝင်လာတဲ့လောဘ၊ ဒေါသ၊ သောက မပါမှ ကုသိုလ်မြောက်တယ်။ နို့မို့ဆို
ကုသိုလ်မရပဲ ငရဲရလိမ့်မယ် " လို့ လွတ်လပ်တဲ့စိတ်ထားတတ်ဖို့ သင်ပေးလိုက်မိတယ်။
တစ်ပါတည်း စွမ်းပြောတဲ့ " အဲဒါကြောင့် သားက ဒီလို အရက်စွဲနေတဲ့လူတွေကို မလှူချင်တာ
" ဆိုတဲ့ အမေရိကန်ကလေးအတွေးကို လမ်းမှန်ပေါ်တင်ပြီး ၾဳကိုးစားချေဖျက်ပေးလိုက်နိုင်တယ်။
.
အိမ်မှာ စွမ်းကို ထားခဲ့ပြီး
ကျွန်တော်က လိုအပ်တာတွေဝယ်ဖို့ လက်ကားဆိုင် - Costco ကို မောင်းလာခဲ့တယ်။ လိုအပ်တာတွေ
တွန်းလှည်းထဲထည့်ပြီး ဟိုကြည့် ဒီကြည့်နဲ့ ခြေအိတ်တွေထားတဲ့ အတန်းမှာ မျက်စိကျတဲ့ ခြေအိတ်တွေကို
ကိုင်ကြည့်နေမိတယ်။ ကြိုက်တဲ့တံဆိပ်တစ်ခုမှာ Lyocell ဆိုတဲ့စာလုံးရဲ့အဓိပ္ပာယ်ကိုမသိလို့
ဘေးနားမှာ ရပ်ပြီး ခြေအိပ်ရွေးနေတဲ့ ဘို တစ်ယောက်ကို " Hi Mister " လို့ခေါ်ပြီး
ဘာကိုဆိုလိုတာလဲလို့ အကူအညီတောင်းပြီး ကျွန်တော် မေးလိုက်မိတယ်။ သူက စိတ်ရှည်လက်ရှည်
ဖြေပေးရှာပါတယ်။
.
.
အဲဒီ ဘို ကို Costco ဆိုင်မှာတွေ့လို့
ကော်စကို လို့ပဲ အမည်ပေးထားတယ်။ သူ့ပုံစံဟာ သန့်ပြန့်လှပြီး အငြိမ်းစားယူပြီးသား (
၆၅ ) နှစ်အရွယ်လောက် ရှိလိမ့်မယ်။ ဆံပင်ဖြူလေးတွေကို နောက်လှန်ပြီး သပ်သပ်ရပ်ရပ် ဖီးထားတယ်။
ရှပ်အကျီၤအကောင်းစားဝတ်ထားပြီး အောက်ကလည်း စတိုင်ဘောင်းဘီနဲ့ ပြောင်လှက်နေတဲ့ ရှူးစ်ဖိနပ်
စီးထားတယ်။ လည်ပင်းမှာ နက်ကတိုင်သာမပါတာ အစည်းအဝေးတက်တဲ့သူထက် ပိုခန့်ညားတဲ့ ဥပဓိရုပ်ကို
ပိုင်ဆိုင်တဲ့ ကော်စကို လို့ ပြောလို့ရပါတယ်။ သူရှင်းပြတာကိုနားထောင်ရင်း ကျေးဇူးတင်စကားပြောပြီး
ငွေရှင်းကောင်တာကိုရောက်တော့ ဈေးဝယ်လှည်းထဲကပစ္စည်းတစ်ချို့ကို ကောင်တာပေါ်တင်နေတုန်း
ကျွန်တော့ဘေးပတ်လည်ကို သတိမထားမိလိုက်ဘူး။
.
နောက်မှာရောက်နေသူက စောနက ကျွန်တော့ကို ဗဟုသုတ ကူညီပေးခဲ့တဲ့
ကော်စကို ဖြစ်နေတယ်။ သူ့လက်ထဲမှာ ခြေအိပ်( ၁ ) ထုတ်၊ ကြက်ဆင်ကြိတ်သား ( ၁ ) ထုတ် နဲ့
စာအုပ်အထူလေး ( ၁ ) အုပ် .. စုစုပေါင်းမှ
( ၃ ) မျိုးထဲ ငွေရှင်းရမှာ။ သူက ပစ္စည်းနည်းလို့ တွန်းလှည်းတောင်မယူပဲ လက်ထဲမှာ ကိုင်ထားတယ်လေ။
ကျွန်တော့ပစ္စည်းတွေက ( ၁၂ ) မျိုးဖြစ်နေတော့ သူ့ဘက်ကိုလှည့်ကြည့်ပြီး ကျွန်တော့်ကိုကျော်ပြီး
အရင်ငွေရှင်းသွားဖို့ ပြောလိုက်တယ်။ သူက လက်ကာပြပြီး " No. Thank you " တစ်လုံးပဲ
ပြန်ပြောပြီး စောင့်မြဲစောင့်နေတယ်။ ကျွန်တော်ဆိုဘယ်ရမလဲ .. ဒီလိုပစ္စည်းနည်းနည်းလေးဝယ်ဖို့
အကြာကြီးတန်းစီရတာ စိတ်မရှည်လို့ ဘယ်သူက ကိုယ့်ကို ကြားပေးဖြတ်မလဲလို့ အမြဲလိုက်ရှာနေတဲ့သူ။
ယှဉ်ကြည့်ကြပါတော့ ကျွန်တော့စိတ်ထဲမှာ တစ်မျိုးကြီးကို ဖြစ်သွားတာ ဘယ်လိုလဲလို့တောင်
မပြောပြတတ်တော့ဘူး။ ကျွန်တော့မျက်နှာတွေ ပူကနဲ ဖြစ်လာတယ်။
.
.
ဒါနဲ့ ကျွန်တော်ငွေရှင်းဖို့အလှည့်ရောက်လာတော့ ကော်စကိုဖက်လှည့်ပြီး
" ဦးလေး .. အရင်သွားလိုက်ပါ။ ပစ္စည်းနည်းနည်းလေးပဲ ဥစ္စာ။ ကျွန်တော်က များတော့
ငွေရှင်းတာပြီးအောင်စောင့်နေရင် ကြာဦးမှာ " လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စကားနဲ့
လေးလေးစားစား ခွင့်ထပ်ပေးမိပြန်တယ်။ ကော်စကို ပြန်ပြောတဲ့စကားကြောင့် မြန်မာ့နည်း မြန်မာ့ဟန်
နဲ့ ကျော်ဖြတ်ခဲ့သမျှ ကိုယ်ပိုင်လှပြီကွ ဆိုတဲ့ မြန်မာနိုင်ငံကစိတ်ဓါတ်ကို ဒီတစ်ခါတော့
အတော်လေး ရှက်မိသွားတယ်။ သူပြောတာက " No, thank you. I don't take advantage
of people " တဲ့လေ။
.
တစ်ရက်ထဲ လူမျိုးတူပြီး အကျင့်စရိုက်မတူတဲ့ လူ (
၂ ) ယောက်ကိုတွေ့လိုက်ရတဲ့ ကျွန်တော်ဟာ ချဉ်ငန်ဖန်စပ်ခါး အရသာစုံလှတဲ့ မောင်းမောင်းသည်
ဆီက သရက်သီးကို ဝယ်စားလိုက်ရသလိုပါပဲ။ တစ်ကိုက်ကိုက်လိုက်၊ ဆေးသကြားနဲ့ထိလိုက်၊ ချိုသွားလိုက်။
နောက်တစ်ဖက်လှည့်ကိုက်လိုက်၊ ငြုပ်သီးမှုန့်နဲ့တွေ့လိုက်၊ ရှူးရှူးရှဲရှဲ စပ်သွားလိုက်။
အဲဒါနဲ့ အားပါးတရကိုက်ချပြီး ဝါးတော့မယ်အလုပ်မှာ လက်ပေပေနဲ့နှယ်ထားတဲ့ ဆိုးဆေးတွေပျယ်ပြီး
ချဉ်လိုက်တဲ့သရက်သီး ဆိုပြီး ထွေးမရ မြိုမကျ ဖြစ်နေတဲ့ ပုံစံနဲ့ ကျွန်တော့ပုံကို မှန်းကြည့်နိုင်ပါတယ်။
.
.
တစ်ယောက်က ဆင်းရဲလို့အရက်သောက်တယ်။
ဒါနဲ့ လမ်းဘေးရောက်တယ်။ ငွေပဲလိုချင်နေတယ်။ ဘယ်ကပေါ်လာမှန်းမသိသူတို့က အစားအသောက်ပေးကမ်းတာကိုပဲ
ငွေအကြွေလေးပါရင် မ,စခဲ့ပါဦး ဆိုတဲ့သူကို ဘယ်လိုနားလည်ရမလဲ?
.
နောက်တစ်ယောက်ကျပြန်တော့ ပစ္စည်းဥစ္စာဘယ်လောက်ရှိတယ်ဆိုတာ
မမှန်းန်ိုင်ပေမယ့် ပညာတတ်လူတန်းစားဆိုတာ မြင်တာနဲ့သိလွယ်တယ်။ အင်တာနက် လက်ပွတ်ဖုန်းခေတ်မှာ
စာအုပ်ဝယ်ပြီး စာဖတ်တဲ့လူစားမျိုး။ လူ့လောကအကြောင်းနားလည်တယ်။ လူတွေရဲ့နေ့စဉ်ဘဝကို
သိတယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ မိမိကိုဆက်ဆံစေချင်သလို သူတစ်ပါးကို ဆက်ဆံတယ်။
.
.
လူ နဲ့ နေရာကို တန်ဖိုးထားတယ်။
မကျူးဘူး မကျော်ဘူး။ သူ့ဘောင်ထဲမှာ သူနေတယ်။ အကူအညီလိုသူကို လက်ကမ်းတယ်။ အခွင့်အရေးကို
ငြင်းပယ်တယ်။ အများနဲ့သာတူညီမျှတဲ့ အခွင့်အလမ်းကို ရှာဖွေတယ်။ ဦးစားပေးတယ်။ လမ်းပြပေးတယ်။
တစ်ခါဆက်ဆံတစ်သက်လုံးလန် - လူစားမျိုးမဟုတ်ပဲ တာရှည်ခံမိတ်ဆွေပုံစံလို့ တစ်ထစ်ချ ကောက်ချက်ချလို့ရတယ်။
ဒီလိုလူမျိုးတွေ အမေရိကန်မှာ ဘယ်လောက်များများရှိနေသလဲ ကျွန်တော်သိခွင့်ရချင်လိုက်တာ။
.
ကျွန်တော်တို့ ရွှေနိုင်ငံလို့ပြောပြောနေတဲ့နိုင်ငံမှာရော
" အာကို " လို လူမျိုး နဲ့ " ကော်စကို " လို လူတန်းစားတွေ ဘယ်လိုအချိုးနဲ့ရပ်တည်နေကြသလဲ
တွေးနေမိတယ်။ ပစ္စည်းတွေ လှည်းပေါ်ပြန်တင်ပြီး ကားနားကို ကျွန်တော်တွန်းလာနေတုန်း ခုနတုန်းကအတွေးတွေကိုတော့
ချန်ရစ်ထားလို့ မရခဲ့ဘူး။ ခက်တော့ ခက်နေပါပြီ .. ကားသော့ကို ဘယ်အိပ်ကပ်ထဲ ထည့်ထားမိမှန်းမမှတ်မိဘူး
.. အရေးထဲ ..။ ဒီနေ့တော့ ကျွန်တော့ခန္ဓာကိုယ်မှာပျောက်နေတဲ့ ကားသော့ကိုတွေ့အောင်ရှာပြီး
အိမ်မောင်းပြန်ရဦးမယ်..။
.
koko2yeye@gmail.com
.
.
“ အာကို နဲ႕ ေကာ္စကို .. အေၾကြပါေသးလား ? ” စာမူသည္ ၂ဝ၁၅ ခုႏွစ္၊ ဒီဇင္ဘာလ ( ၂၆ ) ရက္ေန႕၊ စေနေန႕ထုတ္ NetGuide နည္းပညာဂ်ာနယ္ အတြဲ ( ၄ ) ၊ အမွတ္ ( ၁၆ ) ၊ စာမ်က္ႏွာ ( ၅၁ ) တြင္ ေဖာ္ျပပါရွိသည္။ Download Link:http://www.mediafire.com/download/v2d6un5e7zcvou5/NetGuide+Vol.+4%2C+No.+16.pdf
No comments:
Post a Comment