ပထမတစ်ခေါက်ရောက်ခဲ့သည်မှာ
မိသားစုဝင်များ တုပ်ကွေးကာကွယ်ဆေး-Flu Shot ထိုးတုန်းကဖြစ်သည် ၊
ခိုင်ဇာဆေးရုံကဒ်ပြားပြလိုက်ပြီး မတည့်သည့်ဆေးများရှိလျှင်
ပေးထားသည့်ဖေါင်ရှိအကွက်ငယ်များတွင်ကြက်ခြေခတ်ခြစ်ပေးရသည် ၊
ဆေးရုံအာမခံကဒ်ပြားဆိုသည်မှာထူးထူးခြားခြားမဟုတ်ပါ ၊ ဂဏန်း ( ၈ ) လုံးပါသည့်
ကျန်းမာရေးမှတ်တမ်းနံပါတ်-Medical Record No. မှာ အဓိကဖြစ်ပြီး ၄င်းတွင် နာမည် ၊
မွေးနေ့ နှင့် ကျား /မ Gender စသည့်ဖောင်းကြွစာများပါဝင်၍
နောက်ဘက်တွင်မှတ်ဥာဏ်သွင်းနိုင်သော သံလိုက်တန်းပါဝင်သည့် ဘဏ်ကဒ်သာသာ
ပလပ်စတစ်ကဒ်ပြားဖြစ်သည် ၊ ကျွန်တော် ဖလူးရှော့ထိုးတုန်းကဆိုလျှင်
တုပ်ကွေးကြိုတင်ကာကွယ်ရေးကာလဖြစ်၍ ဆေးထိုးလိုသူများလွန်းသောကြောင့်
ကားမောင်းဝင်၍ကားပေါ်မှမဆင်းရသော-Drive Through ဆေးထိုးခွင့်ရသည့်စံနစ်ကို
ခိုင်ဇာဆေးရုံမှစီစဉ်ပေးချိန်ဖြစ်သည် ၊ ထိုစံနစ်ကြောင့် တန်းစီသည့်လူအုပ်ကြီးကို
အလျင်အမြန်လျှော့ချနိုင်ပြီး အလွန်ပင်အလုပ်ဖြစ်ပါသည် ။
အမေရိကားတွင်
ခိုင်ဇာဆေးရုံ - အရှည်အားဖြင့်-KAISER PERMANENTE ( အဆိုတော် ကိုင်ဇာ
နာမည်နှင့်စာလုံးပေါင်းတူသော်လည်း “ ခိုင်ဇာ ပါမနမ်ထေ ” ဟုဖတ်သည် ။ စကားချပ် ။ )
သည် ဆရာဝန်နှင့်သမားတော် ( ၁၅ဝဝဝ ) နှင့် ကျန်းမာရေးဝန်ထမ်း ( ၁၇ဝဝဝဝ )
တို့ဖြင့်လည်ပတ်နေပြီး နှစ်စဉ်ကျန်းမာရေးအာမခံဝယ်ယူသူဖောက်သည်ဦးရေ ၉ သန်း ရှိသော
ထိပ်တန်းဆေးရုံအုပ်စုဝင်ဖြစ်သည် ၊ ကျန်းမာရေးအာမခံ-Medical Care မရှိမနေရ
အမေရိကန်အစိုးရ၏ပေါ်လစီအရ မဖြစ်မနေဝယ်ယူရသော အာမခံဈေးနှုန်းများတွင်
သက်သာသည့်အမျိုးအစားထဲတွင်ပါဝင်သည် ၊ ပေးရသောလစဉ်ကြေး-Premium သက်သာသော်လည်း
မိမိအိပ်မှ စိုက်ရငွေ-Deductible or Co-Pay ပိုများသည် ၊ လစဉ်ကြေးသက်သာမှုကြာင့်
အာမခံဝယ်ယူသူပေါများ၍ ခိုင်ဇာဆေးရုံလုပ်ငန်းစု၏ လည်ပတ်ငွေမှာ
အတော်ပင်ချောင်လည်ပြီး ဝန်ဆောင်မှုနှင့်ခေတ်မီအဆင့်မြင့်ဆေးရုံးသုံးကိရိယာစုံစုံလင်လင်တွေ့ရပါသည်
။
အခမဲ့ပြရသောပြည်နယ်ဒေသ၏ဒေသန္တရာကျန်းမာရေးအာမခံသည်
မိမိ၏ဝင်ငွေပေါ်တွင် အကန့်အသတ်ရှိသောကြောင့် အမေရိကားရောက်ပြီး ( ၄ )
နှစ်ထက်ကြာလာသည့် ပြောင်းရွှေ့နေထိုင်သူများသည် ငွေပေးရသည့်
စောင့်ရှောက်မှုအာမခံများကို မဝယ်ချင်ပဲ ဝယ်လာကြရသည့်အထဲတွင်
ကျွန်တော်တို့မိသားစုလည်းအပါအဝင်ဖြစ်သည် ၊ အလယ်တန်းမှကျောင်းပြောင်းကာ ( ၉ )
တန်းတက်ရသော သားငယ် “ စွမ်း ” သည် ကျောင်းမှခွင့်ပြုသော
ကြက်တောင်အားကစားတွင်ပါဝင်နိုင်ရန် အားကစားကာယစစ်ဆေးမှုမှတ်တမ်း-Sport Medical
Report Form ယူလာသောအခါ ခိုင်ဇာဆေးရုံသို့တစ်ဖန်ရောက်ရန်အကြောင်းပေါ်လာပါတော့သည်
၊ ပြည်နယ်၏အခမဲ့ဆေးရုံသို့ သွားရောက်စုံစမ်းခဲ့သေးသော်လည်း
ကျောင်းသား၏လူမှုလုံခြုံရေးနံပါတ်ကဒ်ပြား-Social Security Number အရ
အခငွေပေးရသောဝန်ဆောင်မှုကိုဝယ်လိုက်ပြီးကာလနောက်တွင် အခမဲ့ဝန်ဆောင်မှုခံယူရန်
အကျူံးမဝင်တော့ဟုသိရသည် ၊ ထိုအချိန်မှစ၍ စွမ်း ၏ ကျန်းမာရေးအတွက် ယခုအချိန်မှစ၍
အိပ်စိုက်ငွေကုန်ရတော့မည်ကိုသိလိုက်ရပါသည် ။
ဧည့်ကြိုကောင်တာမှ ဝန်ထမ်းအမျိုးသမီးက ဆေးရုံ၏လုပ်ငန်းစဉ်အရ မိဘအုပ်ထိန်းသူနှင့်
ဆယ်ကျော်သက်ကျောင်းသားတို့ကိုမတူညီသောစာရွက်စာတမ်းများကို သီးခြားအခန်းတွင်
ရေးဖြည့်ခိုင်းသည်ကို ဖော်ပြလိုပါသည် ။
အုပ်ထိန်းသူဖြည့်ရန်စာရွက် - Parent Questionnaire
Teen Well Check တွင် ဆယ်ကျော်သက်များ ( ၁၃ နှစ်ကျော် ) ၏
အချို့သောကျန်းမာရေးအချက်အလက်များကိုလျို့ဝှက်ပေးရန်
ပြည်နယ်ဥပဒေအရပြဋ္ဌာန်းထားကြောင်း ထိပ်ပိုင်းတွင်ရှင်းပြထားသည် ၊ ဆယ်ကျော်သက်များ၏
အရွယ်ဝင်မူမမှန်မှုများကို ထိန်းကျောင်းနိုင်ရန် အဓိကပုံဖော်ဖြေဆိုရသည့် Yes / No
ကြက်ခြေခတ်ခြစ်မေးခွန်း ( ၁၉ ) ခု ပါဝင်ပါသည် ၊ ရန်ကုန်မြို့၏အထူးကုဆေးရုံ /
ဆေးခန်းများတွင် သားသမီးများဆေးခန်းပြလျှင် အမေးမခံရသော
ထူးခြားသည့်မေးခွန်းများဖြစ်သည့်အတွက် အောက်တွင်ဖော်ပြလိုက်ပါသည် ၊
စာတစ်မျက်နှာလုံးတွင် သင့်ကလေးဟု မသုံးနှုန်းပဲ သင့်ဆယ်ကျော်သက်-Teen ဟုသာ
ရေးသားသည်မှာ အထူးဂရုစိုက်မှုကို သိသာပေါ်လွင်စေပါသည် ။
၁
|
သင်သည် ဆယ်ကျော်သက်၏ ကျန်းမာရေး ၊ အမူအကျင့်
နှင့် ဘဝနေနည်းတို့ကို ပြောပြစရာရှိပါသလား ? ရှိလျှင် ရေးပြပါ ။
--------------------------------------------------
|
Yes
|
No
|
၂
|
နောက်ဆုံး ဆေးခန်းလာပြသည့်အချိန်မှစ၍
သိသာထင်ရှားအရေးကြီးသည့်ပြောင်းလဲမှု ( သို့ ) စိတ်ဖိစီးမှုရှိပါသလား ? ရှိလျှင်
ရေးပြပါ ။ ---------------------------------------------------
|
Yes
|
No
|
၃
|
သင့်ဆယ်ကျော်သက်၏ မကြာသေးမီကာလအတွင်း
သွားလာလှုပ်ရှားပုံပြောင်းလဲမှု ၊ မူမမှန်သည့်ဒေါသ နှင့် ဆတ်ဆတ်ထိမခံခြင်း ၊
စိတ်လျှော့လွယ်ခြင်း ၊ လျို့ဝှက်လွန်းခြင်း ၊ ဝမ်းနည်းလွယ်ခြင်း ၊
စိတ်ဓါတ်ကျခြင်း ၊ ကျောင်းတွင်းပြသနာတက်ခြင်း စသည်တို့မှ တစ်ခုခု သတိထားမိပါသလား
? ရှိလျှင် ရေးပြပါ ။ ---------------------------------------------------
|
Yes
|
No
|
၎
|
( ၁ ) နှစ် ( ၁ ) ကြိမ် သွားဆရာဝန်
မှန်မှန်ပြပါသလား ?
|
No
|
Yes
|
၅
|
ပုံမှန် ဆေးစစ်သည့်အချိန်များတွင် ပြင်းထန်သည့်
ကျန်းမာရေးပြသနာများရှိပါသလား ?
|
Yes
|
No
|
၆
|
လက်ရှိသောက်နေသောဆေးများရှိပါသလား ? ကျေးဇူးပြု၍
စာရင်းပေးပါ ။
|
Yes
|
No
|
၇
|
မတည့်သည့်ဆေးများရှိပါသလား ? ကျေးဇူးပြု၍
စာရင်းပေးပါ ။
|
Yes
|
No
|
၈
|
သင့်ဆယ်ကျော်သက်သည် တစ်ရက်လျှင်
ဟင်းသီးဟင်းရွက်နှင့်သစ်သီးအနည်းငယ် ( ၅ ) ကြိမ်စားပါသလား ?
|
Yes
|
No
|
၉
|
မိဘအုပ်ထိန်းသူက ဆယ်ကျော်သက်ကို TV ကြည့်ချိန် ၊
ဂိမ်းကစားချိန် ၊ ကွန်ပျူတာသုံးချိန်တို့ကို တစ်နေ့လျှင် ( ၂ )
နာရီမကျော်စေရန်နှင့် ဝင်ရောက်ကြည့်ရှုနိုင်သော အင်တာနက်ဝက်ဘ်ဆိုဒ်များကို
ကန့်သတ်ထားပါသလား ?
|
Yes
|
No
|
၁ဝ
|
သင့်ဆယ်ကျော်သက်သည် နေ့တိုင်းနီးပါး တစ်ရက်လျှင်
မိနစ် ( ၆ဝ ) ခန့် ကိုယ်လက်လှုပ်ရှားမှုရှိပါသလား ?
|
Yes
|
No
|
၁၁
|
သင့်ဆယ်ကျော်သက်သည် ညတိုင်း အိပ်ချိန် ( ၈ )
နာရီပြည့်အောင်အိပ်ပါသလား ?
|
Yes
|
No
|
၁၂
|
သင့်ဆယ်ကျော်သက်သည်
ကိုယ်လက်အင်္ဂါတစ်ခုခုချို့တဲ့မှုရှိပါသလား ? ( ဥပမာ - မျက်လုံး ၊ ကျောက်ကပ် ၊
ဝှေးစေ့ )
|
Yes
|
No
|
၁၃
|
ဆွေမျိုးထဲတွင် အသက် ( ၅၅ ) နှစ်မှ ( ၆၅ ) နှစ်
အရွယ်မတိုင်ခင် သွေးခုန်နှုန်းနှင့်သက်ဆိုင်သည့် နှလုံးရောဂါ ၊ လေဖြတ်ရောဂါ နှင့်
ခွဲစိတ်မှုခံယူထားသော ( မိဘ ၊ ဘိုးဘွား ၊ ဦလေး ၊ အဒေါ် ) အပါအဝင် ရှိမရှိ ?
|
Yes
|
No
|
၁၄
|
သင့်ကလေး အားကစားလုပ်ချိန်တွင်
မေ့လဲသွားခြင်းမျိုး ရှိမရှိ ?
|
Yes
|
No
|
၁၅
|
သင့်ကလေး ဦးခေါင်းတွင်
အပြင်းအထန်ဒဏ်ရာရထားဖူးခြင်း ရှိမရှိ ?
|
Yes
|
No
|
၁၆
|
သင်နှင့်အတူနေအိမ်ထောင်စုတွင် TB
ရောဂါအရေပြားစမ်းသပ်မှုခံယူဖူးသူ ( သို့ ) TB ရောဂါလက်ရှိခံစားနေရသူ ရှိမရှိ ?
|
Yes
|
No
|
၁၇
|
သင် / သင့်မိသားစုဝင်တစ်ယောက်ယောက်
နိုင်ငံပြင်ပတွင်မွေးဖွားခဲ့သူဖြစ်ခဲ့ပါသလား ? ( သို့ ) မကြာသေးမီကာလအတွင်းက
ဗဟိုအမေရိက ၊ တောင်အမေရိက ၊ အာရှ နှင့် အာဖရိက စသည့်
တိုးတက်သောတိုင်းပြည်များသို့ ခရီးထွက်ခဲ့ပါသလား ?
|
Yes
|
No
|
၁၈
|
သင့်ကလေး အမေရိကပြင်ပတွင် ( ၁ ) လ
ကျော်ကြာနေထိုင်ခဲ့ပါသလား ?
|
Yes
|
No
|
၁၉
|
မိဘများအတွက် Online Newsletters ဖတ်ရန်
စာရင်းပေးသွင်းထားပါသလား ?
|
Yes
|
No
|
အထက်ပါဇယားမှ နံပါတ် ( ၁ ၊ ၂ ၊ ၃ ၊ ၉ ) တို့မှာ
အမေရိကန်များ ကိုယ့်သားသမီးများကို ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာအမူအကျင့်များကို
သေချာစွာ ထိန်းကျောင်းစေရန်ရည်ရွယ်သည်ဟုသဘောပေါက်မိပါသည် ၊ နံပါတ် ( ၄ ၊ ၈ ၊ ၁ဝ )
တို့မှာ အစားအသောက်-Nutrition နှင့် ကြံ့ခိုင်မှု-Fitness တို့အတွက်
ဆယ်ကျော်သက်ကိုယ်တိုင် လိုက်နာစေရန် နှင့်
ကိုယ်ထူကိုယ်ထစိတ်ကိုမွေးမြူစေရန်လမ်းညွှန်ချက်ဟု နားလည်မိပါသည် ။
ခိုင်ဇာဆေးရုံမှ
အိမ်အပြန်လမ်းတွင် “ သူတို့က ဘာလို့ဒီဖောင်တွေကိုဖြည့်ခိုင်းတာလဲ ၊ သား ? “
ဟုမေးသည့်အခါ “ သူတို့က ဆေးကုမယ့်သူရဲ့အခြေအနေမှန်ကို သိမှရမယ် ၊
ဘယ်လိုရောဂါရှိရင်ဘယ်လိုကုမယ်ဆိုတာကိုလည်းသိဖို့လိုတယ် ၊ ပြီးတော့ ကျောင်းသားက
အားကစားလုပ်ဖို့မသင့်တဲ့ရောဂါတစ်ခုခုရှိနေရင် တားမြစ်ရမှာ သူတို့မှာတာဝန်ရှိတယ် ၊
အားကစားလုပ်လို့ အဲဒီရှိနေတဲ့ရောဂါပိုဆိုးသွားရင် သူတို့ပြသနာတက်မယ် ၊ တာဝန်လည်းကြီးတယ်
၊ ဆေးရုံရောက်လာသူ အားလုံးက လူနာချည်းမဟုတ်ဘူး ၊ လိုအပ်ချက်အရလာသူတွေလည်းရှိတယ် ၊
စစ်ဆေးဖို့သက်သက်ရောက်လာသူတွေလည်းပါတယ် ၊ သူတို့အပြစ်မကျအောင်လည်းမေးတာပါ ၊ ဒါမှ
သူတို့မတရားသဖြင့် တရားစွဲမခံရမှာလေ “ ဟု ( ၁၃ ) နှစ်ကျောင်းသားက ပြန်ဖြေပါသည် ။
ကိုညီညီ ( တောင်ကြီး )
" ခိုင်ဇာဆေးရုံသို့ နောက်တစ်ခေါက် " စာမူသည် ၂ဝ၁၄ မေလ ( ၁ဝ ) ရက်ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၃၃ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည် ။ Download Link:http://www.mediafire.com/download/ct04nic1q40gl7j/Vol._3,_No._33.pdf
No comments:
Post a Comment