ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 8, 2016

ျမန္မာလူမ်ိဳးႏွင္႕အခ်ိန္ကိုအသံုးခ်ပံု

ခရီးသြားေနသူ - ကိုညီညီ ( ေတာင္ၾကီး )
.
.
ရပ္ထဲရြာထဲမွာ ကြ်န္ေတာ္တို႕လည္ရတာ အလြန္ေပ်ာ္ပါတယ္။ ဘယ္အိမ္ကိုလည္ခ်င္သလဲ တံခါးသြားေခါက္လိုက္ရံုပဲ။ ကုိယ္႕အိမ္မွာ ဘာေလး ညာေလး ခ်က္စားၾကတယ္ဆိုရင္ စတီးဂ်ိဳင္႕နဲ႕ အိမ္နီးခ်ဳပ္စပ္ လိုက္ေဝၾကတယ္။ အလွဴလုပ္တဲ႕အခါ အလွဴအိမ္ကို ဝုိင္းကူၾကဖို႕ ဖေယာင္းတိုင္ေလးတစ္ေခ်ာင္း၊ အရင္ေခတ္ကဆို ေဆးေပါ႕လိပ္ေလးတစ္လိပ္ကမ္းျပီး ဖိတ္လိုက္ရံုနဲ႕ အေရာက္လာၾကတယ္။ နာေရးဆို ပိုေတာင္ဆိုးေသး .. ညမအိပ္ပဲ အျပီခ်ဲဖို႕ေစာင္႕ေနတတ္ၾကတဲ႕အဖြဲ႕ေတြကိုလည္း ခ်န္လွပ္ထားလို႕ မျဖစ္ျပန္ပါဘူး။
.
ဆိုလိုတာက လူေတြဟာ ကူညီစိတ္ရင္းခံရွိၾကတာမို႕ အခ်ိန္ေပးႏုိင္ၾကတယ္။ စည္းလံုးညီညႊတ္မႈ နဲ႕ ရပ္သူရြာသားဆိုတဲ႕စိတ္ဓါတ္ဟာ ျမန္မာေတြဆီမွာ အထူးထြန္းကားတယ္။ လုပ္ေပးရမယ္ဆိုတဲ႕စိတ္ေၾကာင္႕ လူခ်စ္လူခင္ေပါၾကတယ္။ ေနာက္ပိုင္းက်ေတာ႕ အလွဴဆိုလည္း အဖြဲ႕ကိုအပ္လိုက္ - ဘယ္ေလာက္က်တယ္ .. မ႑ပ္ဆိုလည္း အငွားအဖြဲ႕နဲ႕ ဘယ္ေလာက္က်သင္႕တယ္ဆုိတာမ်ိဳးျဖစ္လာတဲ႕အခါ အခ်ိန္ဟာ ေစတနာမဟုတ္ေတာ႕ပဲ ရုပ္ျပေငြေၾကးျဖစ္လာရပါတယ္။
.
.
ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံအျပင္ဘက္မွာ ျမန္မာအခ်င္းခ်င္းျပန္ေတြ႕ၾကတဲ႕အခါ တစ္ခုခုေနာက္က်ရင္ “ ျမန္မာစံေတာ္ခ်ိန္အတိုင္းေပါ႕ ” လုိ႕ အေျပာခံရတာကို မခံခ်င္ဆံုးပါပဲ။ ေနာက္က်ရင္ ေနာက္က်တဲ႕အေၾကာင္းရင္းရွိရမယ္။ ေကာင္းမြန္စြာရွင္းျပႏုိင္တဲ႕ အရင္းခံအေၾကာင္းရွိရမယ္။ ဒါကို ျမန္မာေတြပ်က္ယြင္းခဲ႕တဲ႕ အခ်ိန္ေနာက္က်မႈကို ေနာက္ေျပာင္ဟားတိုက္စရာအျဖစ္လုပ္ပစ္လိုက္ရတာ အသည္းနာလို႕မဆံုးပါဘူး။
.
အခုေနာက္ပိုင္း ကားအသစ္ နဲ႕ တစ္ပတ္ရစ္ကားေတြ ဖိသြင္းလာတဲ႕အခါ လမ္းေတြဆိုးဆိုးရြားရြားပိတ္လာတယ္။ လူေတြရဲ႕ေန႕စဥ္ဘဝအခ်ိန္နာရီေတြဟာ မေလာက္ငွတဲ႕ၾကားထဲက ေခြ်းစီစီအနံမ်ားၾကားမွာ ကားတဝီဝီစီးျပီး ခံစားရျပန္တယ္။ ဒါကို ဒီတစ္ေခါက္ လမ္းပန္းဆက္သြယ္ေရးေျပလည္ေအာင္အထူးတည္ေဆာက္ထားတဲ႕ လွည္းတန္းခံုးေက်ာ္တံတားေအာက္မွာ ( ၂၅ ) မိနစ္ေစာင္႕ရာက ကြ်န္ေတာ္အိပ္ေပ်ာ္သြားတဲ႕အထိ ကားမမေရြ႕ေတာ႕မွ လက္ေတြ႕ ဆတ္ဆတ္ကေလး သိျမင္လိုက္ရပါတယ္။

.
.
ဒါကိုမွ တစ္ခ်ိဳ႕ကအားမရပဲ “ ျမန္မာေတြမွာအေပါဆံုးကအခ်ိန္ပဲ ” လို႕ ေျပာတတ္ၾကေသးတယ္။ ခံျပင္းစရာပါ။ မနက္အလုပ္ထြက္ကတည္းက အိမ္ျပန္ေရာက္တဲ႕အထိ ကြ်န္ေတာ္တို႕ရဲ႕ဘဝအခ်ိန္ေတြကို မသိလိုက္ဖာသာပြတ္တိုက္ပြန္းပဲ႕သြားတဲ႕ မိနစ္ေပါင္းမ်ားစြာဟာ အသံုးခ်ရေကာင္းမွန္း မသိလို႕လား? သံုးေကာင္းတိုင္းသံုးေနမိၾကလို႕ပါလား?
.
အေမရိကားမွာ ရံုး၊ ေဆးရံု၊ အစုိးရ႒ာန စသျဖင္႕ ဘယ္ေနရာမဆို တန္းစီေစာင္႕ရတယ္။ အရင္ေရာက္တဲ႕လူ အရင္ဝင္ပဲ .. ရွင္းတယ္။ ဒါေပမယ္႕ လူသိပ္မ်ားတဲ႕ ကညန - DMV လို ေနရာမ်ိဳးမွာ ဧည္႕သည္မ်ားမႈကို လူနဲ႕မထိမ္းေတာ႕ပဲ အခ်ိန္ခ်ိန္း - Apointment ( ရက္၊ နာရီ၊ မိနစ္ခ်ိန္းဆိုသည္ကို ဆိုလိုပါသည္ ) နဲ႕ အလုပ္လုပ္ၾကတယ္။
.
ဥပမာ - မနက္ ( ၉ ) နာရီ အပိြဳင္႕မင္႕ရွိရင္ ကိုယ္က အေစာဆံုး ( ၈:၄ဝ ) ေရာက္ရင္ ရျပီ။ ေရာက္တာနဲ႕ စာရင္းေပး - Register လုပ္ျပီး ေဆးခန္းဆိုရင္ နပ္စ္ သူနာျပဳက ဆရာဝန္နဲ႕မေတြ႕ခင္အၾကိဳ - Prep လုပ္တာတုိ႕၊ ေသြးေပါင္ခ်ိန္တိုင္းတာတုိ႕၊ ကိုယ္အေလးခ်ိန္ခ်ိန္ထားတာတုိ႕၊ အဖ်ားရွိမရွိတုိင္းတာတုိ႕ ၾကိဳလုပ္ၾကတယ္။ ဆရာဝန္ ဝင္လာျပီဆိုရင္ အၾကာဆံုးအခ်ိန္ကြာဟမႈက ( ၁၅ ) မိနစ္ခန္႕သာ ရွိတတ္တယ္။ တစ္ခ်ိဳ႕ပိုၾကာတဲ႕ေနရာေတြရွိတယ္ဆုိတာကိုေတာ႕ မျငင္းလိုပါဘူး။
.
.
အဓိကေဆြးေႏြးခ်င္တာက မမွားတဲ႕လူသားမရွိေပမယ္႕ အမွားျပင္အမွန္လုပ္တဲ႕လူသားမ်ားလာေရးကို မီးေမာင္းထုိးျပခ်င္တာပါ။ ဒါေၾကာင္႕ ျပသနာတစ္ခုျဖစ္ရင္ ေျဖရွင္းခ်င္တဲ႕စိတ္က အေရးၾကီးတယ္။ ဒီလိုေျပာလို႕ “ မင္းတုိ႕ေရာက္ေနတဲ႕အေမရိကားအေၾကာင္းလာမေျပာနဲ႕ .. ဒါ ျမန္မာႏိုင္ငံကြ ” လို႕ လုပ္ေနသ၍ မေျဖရွင္းျဖစ္ေသးဘူးဆိုတာ သက္ေသျပေနသလိုပါပဲ။ ကုိယ္႕အိုးနဲ႕ကိုယ္႕ဆန္တန္ရာေျဖရွင္းခ်က္ေတြဆိုတာ မျဖစ္မေနလုပ္ေနရမယ္႕ အားထုတ္မႈေတြပါ။ ေကာင္းတဲ႕စံနစ္ဆိုရင္ ကြ်န္ေတာ္တုိ႕ ေမြးျမဴသင္႕တယ္။ အတူတကြ ပူးေပါင္းေဆာင္ရြက္သင္႕တယ္။
.
လက္ေတြ႕အက်ဆံုးဥပမာအေနနဲ႕ အိမ္တစ္အိမ္ကိုအလည္သြားမယ္႕အခါ အေမရိကားမွာ ဖုန္းၾကိဳဆက္ရတယ္။ မဆက္ပဲသြားရင္ အမ်ားစုက မၾကိဳက္ၾကဘူး။ ျမန္မာ႕နည္းျမန္မာ႕ဟန္နဲ႕ေတြးရင္ေတာ႕ ငါ႕အမ်ိဳးအိမ္သြားလည္တာပဲေလ .. အရင္းၾကီးေတြပဲ .. ဘာဆက္စရာလိုသလဲေပါ႕..။ ဒါေပမယ္႕ ဒီအေလ႕အက်င္႕က မျမင္သင္႕ မျမင္အပ္တာေတြ၊ မၾကားသင္႕လ်ိဳ႕ဝွက္အပ္တာေတြေတာ္ေတာ္မ်ားမ်ားကို တားဆီးႏိုင္တယ္ဆိုတာ အေနာက္တုိင္းအေတြ႕အၾကံဳအရ သိရတယ္။ ဒါဟာ ႏွစ္ဦးႏွစ္ဘက္ရဲ႕အခ်ိန္ကိုစုလိုက္ၾကတာပါပဲ။
.
.
အိမ္ရွင္မအားဘူးဆုိတဲ႕ေနာက္ ဧည္႕သည္ကသြားစရာမလုိေတာ႕ လမ္းမွာကားပိတ္စရာမလိုေတာ႕ဘူး။ ဒီအစား သူတစ္ျခားအလုပ္လုပ္မယ္ဆုိရင္ တစ္ခုခုအက်ိဳးရွိသြားႏုိင္တယ္။ အခုလို လက္ကိုင္ဖုန္းေပါမ်ားလာတဲ႕အခါ လူေတြဟာ တစ္ဦးနဲ႕တစ္ဦးအခ်ိန္းအခ်က္ မိလာတယ္။ ခက္တာက ပိုလာတဲ႕အခ်ိန္ကို ဖုန္းေျပာရင္း အကုန္သံုးလိုက္ၾကျပန္တယ္။ ဒါေၾကာင္႕ ဖုန္းေျပာတာလည္း ထိထိမိမိနဲ႕လိုရင္းေျပာတတ္ရင္ အေကာင္းဆံုးပါပဲ။
.
လုပ္ငန္းနဲ႕ဆုိင္တဲ႕တစ္ခ်ိဳ႕ကိစၥေတြကုိ ဓါတ္ပံုရိုက္ျပီးလုပ္ႏိုင္တယ္။ ဥပမာ ကားလက္မွတ္ကို ဖုန္းနဲ႕ဓါတ္ပံုရိုက္ျပီး ေရာင္းခ်တာမ်ိဳးရွိလာႏုိင္တယ္။ ရုပ္ရွင္လက္မွတ္ကို တန္းစီစရာမလိုေအာင္ လက္ကိုင္ဖုန္းကေန ေရာင္းခ်လာႏိုင္တယ္။ ကုန္တင္ကုန္ပို႕စာရင္းေတြကုိ ဖုန္းထဲကေနရြတ္ဖတ္ေပးစရာမလိုပဲ အင္တာနက္သံုးျပီး Viber ကေန ေဗာက္ခ်ာပို႕လုိက္ရံုနဲ႕ အလုပ္ျပီးေျမာက္ႏုိင္ပါတယ္။ ဒါ႕အျပင္ Facebook Secret Group Chat ဖြင္႕ျပီး ကိုယ္႕အသင္းအဖြဲ႕သီးသန္႕အစည္းအေဝးထုိင္တဲ႕အခ်ိန္ကို အက်ိဳးရွိရွိေလွ်ာ႕ခ်ႏုိင္ပါတယ္။
.
.
အခုကြ်န္ေတာ္ေစာင္႕ေနတဲ႕ေလယာဥ္က ေရာက္ရွိျပ - Check In ေကာင္တာေရာက္မွ မိနစ္ ( ၃ဝ ) ေနာက္က်မယ္လို႕ ေျပာတယ္။ ေလယာဥ္လက္မွတ္ဝယ္တုန္းက ကြ်န္ေတာ႕ဖုန္းနံပါတ္ေတာင္းလို႕ေပးထားေပမယ္႕ ေလယာဥ္ေနာက္က်တယ္ဆုိတာကို ၾကိဳအသိေပးျခင္းမရွိခဲ႕ဘူး။ ရန္ကုန္အတက္ကတည္းက ေနာက္က်တာလို႕ ဆင္ေျခေပးတယ္။
.
ခရီးထြက္ေနသူတစ္ေယာက္အဖို႕ ကြ်န္ေတာ္တုိရဲ႕ အလုပ္လုပ္ႏုိင္မႈခြန္အား - Productivity ကို အခ်ိန္နဲ႕လဲလွယ္ေနရတာပါ။ မိနစ္ ( ၃ဝ ) ေနာက္က်တာ ျပသနာမရွိေပမယ္႕ ေနာက္က်ေနပါတယ္ဆုိတာသိရင္ ကြ်န္ေတာ္အခ်ိန္ကိုက္ ကြင္းဆင္းေတာ႕မွာေပါ႕။ ဒီၾကားထဲမွာ ကြ်န္ေတာ႕အတြက္ တစ္ခုခုအက်ိဳးရွိတာကို မိနစ္ ( ၃ဝ ) အတြင္းမွာ မလုပ္ႏုိင္ဘူးလို႕ ဘယ္သူေျပာႏုိင္မလဲ?
.
.
မိမိကိုလူလုိသူလိုဆက္ဆံေစခ်င္ရင္ မိမိကလည္း သူတစ္ပါးကို လူလိုသူလိုဆက္ဆံရမယ္လို႕ ေရာက္ေလရာမွာ သင္ယူခဲ႕မိတယ္။ ဒါကို ကြ်န္ေတာ္တစ္ေယာက္တည္းအသံုးခ်ရံုနဲ႕ေတာ႕ ေလာကၾကီးက လွပသြားမွာ မဟုတ္ပါဘူး။ တစ္ေယာက္တစ္ေပါက္ အုတ္က်ိဳးအုတ္ပဲ႕ေတြစီေနသမွ်ေတာ႕ ေစတီတစ္ဆူတည္ႏုိင္မွာ မဟုတ္ပါဘူး။
.
ဒါေတြအားလံုးကိုျခံဳျပီး အမ်ားအတြက္နားလည္တဲ႕ စိတ္သေဘာထားလုပ္ေဆာင္မႈေတ ြေမြးေစလိုပါတယ္။ ကိုယ္ခ်င္းစာတရား - Courtesy ထားျပီး တစ္ဘက္သားကို မိမိကိုယ္တိုင္ကဲ႕သို႕ဆက္ဆံသင္႕လွပါတယ္ ..”  ကိုယ္႕အလွည္႕က်ရင္ ဘယ္လုိလုပ္မလဲလို႕ေတြးမိလိုက္တယ္ဆိုရင္ ”  ေတာ္ေတာ္ေလးအဆင္ေျပသြားပါလိမ္႕မယ္။
.
ခင္လ်က္
.
02-08-2016 ( ဟဲဟုိးေလဆိပ္ )
.
.
.
Myanmar Unicode Version:
.
.
“ မြန်မာလူမျိုးနှင့်အချိန်ကိုအသုံးချပုံ ”
ခရီးသွားနေသူ - ကိုညီညီ ( တောင်ကြီး )
.
ရပ်ထဲရွာထဲမှာ ကျွန်တော်တို့လည်ရတာ အလွန်ပျော်ပါတယ်။ ဘယ်အိမ်ကိုလည်ချင်သလဲ တံခါးသွားခေါက်လိုက်ရုံပဲ။ ကိုယ့်အိမ်မှာ ဘာလေး ညာလေး ချက်စားကြတယ်ဆိုရင် စတီးဂျိုင့်နဲ့ အိမ်နီးချုပ်စပ် လိုက်ဝေကြတယ်။ အလှူလုပ်တဲ့အခါ အလှူအိမ်ကို ဝိုင်းကူကြဖို့ ဖယောင်းတိုင်လေးတစ်ချောင်း၊ အရင်ခေတ်ကဆို ဆေးပေါ့လိပ်လေးတစ်လိပ်ကမ်းပြီး ဖိတ်လိုက်ရုံနဲ့ အရောက်လာကြတယ်။ နာရေးဆို ပိုတောင်ဆိုးသေး .. ညမအိပ်ပဲ အပြီချဲဖို့စောင့်နေတတ်ကြတဲ့အဖွဲ့တွေကိုလည်း ချန်လှပ်ထားလို့ မဖြစ်ပြန်ပါဘူး။
.
ဆိုလိုတာက လူတွေဟာ ကူညီစိတ်ရင်းခံရှိကြတာမို့ အချိန်ပေးနိုင်ကြတယ်။ စည်းလုံးညီညွှတ်မှု နဲ့ ရပ်သူရွာသားဆိုတဲ့စိတ်ဓါတ်ဟာ မြန်မာတွေဆီမှာ အထူးထွန်းကားတယ်။ လုပ်ပေးရမယ်ဆိုတဲ့စိတ်ကြောင့် လူချစ်လူခင်ပေါကြတယ်။ နောက်ပိုင်းကျတော့ အလှူဆိုလည်း အဖွဲ့ကိုအပ်လိုက် - ဘယ်လောက်ကျတယ် .. မဏ္ဍပ်ဆိုလည်း အငှားအဖွဲ့နဲ့ ဘယ်လောက်ကျသင့်တယ်ဆိုတာမျိုးဖြစ်လာတဲ့အခါ အချိန်ဟာ စေတနာမဟုတ်တော့ပဲ ရုပ်ပြငွေကြေးဖြစ်လာရပါတယ်။
.
.
ကျွန်တော်တို့မြန်မာနိုင်ငံအပြင်ဘက်မှာ မြန်မာအချင်းချင်းပြန်တွေ့ကြတဲ့အခါ တစ်ခုခုနောက်ကျရင် “ မြန်မာစံတော်ချိန်အတိုင်းပေါ့ ” လို့ အပြောခံရတာကို မခံချင်ဆုံးပါပဲ။ နောက်ကျရင် နောက်ကျတဲ့အကြောင်းရင်းရှိရမယ်။ ကောင်းမွန်စွာရှင်းပြနိုင်တဲ့ အရင်းခံအကြောင်းရှိရမယ်။ ဒါကို မြန်မာတွေပျက်ယွင်းခဲ့တဲ့ အချိန်နောက်ကျမှုကို နောက်ပြောင်ဟားတိုက်စရာအဖြစ်လုပ်ပစ်လိုက်ရတာ အသည်းနာလို့မဆုံးပါဘူး။
.
အခုနောက်ပိုင်း ကားအသစ် နဲ့ တစ်ပတ်ရစ်ကားတွေ ဖိသွင်းလာတဲ့အခါ လမ်းတွေဆိုးဆိုးရွားရွားပိတ်လာတယ်။ လူတွေရဲ့နေ့စဉ်ဘဝအချိန်နာရီတွေဟာ မလောက်ငှတဲ့ကြားထဲက ချွေးစီစီအနံများကြားမှာ ကားတဝီဝီစီးပြီး ခံစားရပြန်တယ်။ ဒါကို ဒီတစ်ခေါက် လမ်းပန်းဆက်သွယ်ရေးပြေလည်အောင်အထူးတည်ဆောက်ထားတဲ့ လှည်းတန်းခုံးကျော်တံတားအောက်မှာ ( ၂၅ ) မိနစ်စောင့်ရာက ကျွန်တော်အိပ်ပျော်သွားတဲ့အထိ ကားမမရွေ့တော့မှ လက်တွေ့ ဆတ်ဆတ်ကလေး သိမြင်လိုက်ရပါတယ်။
.
.
ဒါကိုမှ တစ်ချို့ကအားမရပဲ “ မြန်မာတွေမှာအပေါဆုံးကအချိန်ပဲ ” လို့ ပြောတတ်ကြသေးတယ်။ ခံပြင်းစရာပါ။ မနက်အလုပ်ထွက်ကတည်းက အိမ်ပြန်ရောက်တဲ့အထိ ကျွန်တော်တို့ရဲ့ဘဝအချိန်တွေကို မသိလိုက်ဖာသာပွတ်တိုက်ပွန်းပဲ့သွားတဲ့ မိနစ်ပေါင်းများစွာဟာ အသုံးချရကောင်းမှန်း မသိလို့လား? သုံးကောင်းတိုင်းသုံးနေမိကြလို့ပါလား?
.
အမေရိကားမှာ ရုံး၊ ဆေးရုံ၊ အစိုးရဋ္ဌာန စသဖြင့် ဘယ်နေရာမဆို တန်းစီစောင့်ရတယ်။ အရင်ရောက်တဲ့လူ အရင်ဝင်ပဲ .. ရှင်းတယ်။ ဒါပေမယ့် လူသိပ်များတဲ့ ကညန - DMV လို နေရာမျိုးမှာ ဧည့်သည်များမှုကို လူနဲ့မထိမ်းတော့ပဲ အချိန်ချိန်း - Apointment ( ရက်၊ နာရီ၊ မိနစ်ချိန်းဆိုသည်ကို ဆိုလိုပါသည် ) နဲ့ အလုပ်လုပ်ကြတယ်။
.
ဥပမာ - မနက် ( ၉ ) နာရီ အပွိုင့်မင့်ရှိရင် ကိုယ်က အစောဆုံး ( ၈:၄ဝ ) ရောက်ရင် ရပြီ။ ရောက်တာနဲ့ စာရင်းပေး - Register လုပ်ပြီး ဆေးခန်းဆိုရင် နပ်စ် သူနာပြုက ဆရာဝန်နဲ့မတွေ့ခင်အကြို - Prep လုပ်တာတို့၊ သွေးပေါင်ချိန်တိုင်းတာတို့၊ ကိုယ်အလေးချိန်ချိန်ထားတာတို့၊ အဖျားရှိမရှိတိုင်းတာတို့ ကြိုလုပ်ကြတယ်။ ဆရာဝန် ဝင်လာပြီဆိုရင် အကြာဆုံးအချိန်ကွာဟမှုက ( ၁၅ ) မိနစ်ခန့်သာ ရှိတတ်တယ်။ တစ်ချို့ပိုကြာတဲ့နေရာတွေရှိတယ်ဆိုတာကိုတော့ မငြင်းလိုပါဘူး။
.
.
အဓိကဆွေးနွေးချင်တာက မမှားတဲ့လူသားမရှိပေမယ့် အမှားပြင်အမှန်လုပ်တဲ့လူသားများလာရေးကို မီးမောင်းထိုးပြချင်တာပါ။ ဒါကြောင့် ပြသနာတစ်ခုဖြစ်ရင် ဖြေရှင်းချင်တဲ့စိတ်က အရေးကြီးတယ်။ ဒီလိုပြောလို့ “ မင်းတို့ရောက်နေတဲ့အမေရိကားအကြောင်းလာမပြောနဲ့ .. ဒါ မြန်မာနိုင်ငံကွ ” လို့ လုပ်နေသ၍ မဖြေရှင်းဖြစ်သေးဘူးဆိုတာ သက်သေပြနေသလိုပါပဲ။ ကိုယ့်အိုးနဲ့ကိုယ့်ဆန်တန်ရာဖြေရှင်းချက်တွေဆိုတာ မဖြစ်မနေလုပ်နေရမယ့် အားထုတ်မှုတွေပါ။ ကောင်းတဲ့စံနစ်ဆိုရင် ကျွန်တော်တို့ မွေးမြူသင့်တယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်။
.
လက်တွေ့အကျဆုံးဥပမာအနေနဲ့ အိမ်တစ်အိမ်ကိုအလည်သွားမယ့်အခါ အမေရိကားမှာ ဖုန်းကြိုဆက်ရတယ်။ မဆက်ပဲသွားရင် အများစုက မကြိုက်ကြဘူး။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့တွေးရင်တော့ ငါ့အမျိုးအိမ်သွားလည်တာပဲလေ .. အရင်းကြီးတွေပဲ .. ဘာဆက်စရာလိုသလဲပေါ့..။ ဒါပေမယ့် ဒီအလေ့အကျင့်က မမြင်သင့် မမြင်အပ်တာတွေ၊ မကြားသင့်လျို့ဝှက်အပ်တာတွေတော်တော်များများကို တားဆီးနိုင်တယ်ဆိုတာ အနောက်တိုင်းအတွေ့အကြုံအရ သိရတယ်။ ဒါဟာ နှစ်ဦးနှစ်ဘက်ရဲ့အချိန်ကိုစုလိုက်ကြတာပါပဲ။
.
.
အိမ်ရှင်မအားဘူးဆိုတဲ့နောက် ဧည့်သည်ကသွားစရာမလိုတော့ လမ်းမှာကားပိတ်စရာမလိုတော့ဘူး။ ဒီအစား သူတစ်ခြားအလုပ်လုပ်မယ်ဆိုရင် တစ်ခုခုအကျိုးရှိသွားနိုင်တယ်။ အခုလို လက်ကိုင်ဖုန်းပေါများလာတဲ့အခါ လူတွေဟာ တစ်ဦးနဲ့တစ်ဦးအချိန်းအချက် မိလာတယ်။ ခက်တာက ပိုလာတဲ့အချိန်ကို ဖုန်းပြောရင်း အကုန်သုံးလိုက်ကြပြန်တယ်။ ဒါကြောင့် ဖုန်းပြောတာလည်း ထိထိမိမိနဲ့လိုရင်းပြောတတ်ရင် အကောင်းဆုံးပါပဲ။
.
လုပ်ငန်းနဲ့ဆိုင်တဲ့တစ်ချို့ကိစ္စတွေကို ဓါတ်ပုံရိုက်ပြီးလုပ်နိုင်တယ်။ ဥပမာ ကားလက်မှတ်ကို ဖုန်းနဲ့ဓါတ်ပုံရိုက်ပြီး ရောင်းချတာမျိုးရှိလာနိုင်တယ်။ ရုပ်ရှင်လက်မှတ်ကို တန်းစီစရာမလိုအောင် လက်ကိုင်ဖုန်းကနေ ရောင်းချလာနိုင်တယ်။ ကုန်တင်ကုန်ပို့စာရင်းတွေကို ဖုန်းထဲကနေရွတ်ဖတ်ပေးစရာမလိုပဲ အင်တာနက်သုံးပြီး Viber ကနေ ဗောက်ချာပို့လိုက်ရုံနဲ့ အလုပ်ပြီးမြောက်နိုင်ပါတယ်။ ဒါ့အပြင် Facebook Secret Group Chat ဖွင့်ပြီး ကိုယ့်အသင်းအဖွဲ့သီးသန့်အစည်းအဝေးထိုင်တဲ့အချိန်ကို အကျိုးရှိရှိလျှော့ချနိုင်ပါတယ်။
.
.
အခုကျွန်တော်စောင့်နေတဲ့လေယာဉ်က ရောက်ရှိပြ - Check In ကောင်တာရောက်မှ မိနစ် ( ၃ဝ ) နောက်ကျမယ်လို့ ပြောတယ်။ လေယာဉ်လက်မှတ်ဝယ်တုန်းက ကျွန်တော့ဖုန်းနံပါတ်တောင်းလို့ပေးထားပေမယ့် လေယာဉ်နောက်ကျတယ်ဆိုတာကို ကြိုအသိပေးခြင်းမရှိခဲ့ဘူး။ ရန်ကုန်အတက်ကတည်းက နောက်ကျတာလို့ ဆင်ခြေပေးတယ်။
.
ခရီးထွက်နေသူတစ်ယောက်အဖို့ ကျွန်တော်တိုရဲ့ အလုပ်လုပ်နိုင်မှုခွန်အား - Productivity ကို အချိန်နဲ့လဲလှယ်နေရတာပါ။ မိနစ် ( ၃ဝ ) နောက်ကျတာ ပြသနာမရှိပေမယ့် နောက်ကျနေပါတယ်ဆိုတာသိရင် ကျွန်တော်အချိန်ကိုက် ကွင်းဆင်းတော့မှာပေါ့။ ဒီကြားထဲမှာ ကျွန်တော့အတွက် တစ်ခုခုအကျိုးရှိတာကို မိနစ် ( ၃ဝ ) အတွင်းမှာ မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ?
.
.
မိမိကိုလူလိုသူလိုဆက်ဆံစေချင်ရင် မိမိကလည်း သူတစ်ပါးကို လူလိုသူလိုဆက်ဆံရမယ်လို့ ရောက်လေရာမှာ သင်ယူခဲ့မိတယ်။ ဒါကို ကျွန်တော်တစ်ယောက်တည်းအသုံးချရုံနဲ့တော့ လောကကြီးက လှပသွားမှာ မဟုတ်ပါဘူး။ တစ်ယောက်တစ်ပေါက် အုတ်ကျိုးအုတ်ပဲ့တွေစီနေသမျှတော့ စေတီတစ်ဆူတည်နိုင်မှာ မဟုတ်ပါဘူး။
.
ဒါတွေအားလုံးကိုခြုံပြီး အများအတွက်နားလည်တဲ့ စိတ်သဘောထားလုပ်ဆောင်မှုတေ ြမွေးစေလိုပါတယ်။ ကိုယ်ချင်းစာတရား - Courtesy ထားပြီး တစ်ဘက်သားကို မိမိကိုယ်တိုင်ကဲ့သို့ဆက်ဆံသင့်လှပါတယ် ..”  ကိုယ့်အလှည့်ကျရင် ဘယ်လိုလုပ်မလဲလို့တွေးမိလိုက်တယ်ဆိုရင် ”  တော်တော်လေးအဆင်ပြေသွားပါလိမ့်မယ်။
.
ခင်လျက်
.

02-08-2016 ( ဟဲဟုိးေလဆိပ္ )

No comments: