ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, March 10, 2018

လူငယ္ထံကသင္ယူတဲ႕လူၾကီးေတြ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
. ကြ်န္ေတာ႕ကိုေမးခြန္းေမးသူေတြထဲမွာ လူငယ္ေရာ၊ လူၾကီးေတြပါ ပါဝင္ၾကတယ္။ လူငယ္ထဲမွာ ရည္ရည္မြန္မြန္ေျပာဆုိၾကသူေတြပါသလို စာဆိုရင္ေကာင္းေကာင္းမရုိက္၊ အသက္အရြယ္ကိုမေလ႕လာပဲ Bro ဘာလုပ္ေနသလဲ? ဆုိျပီးေမးတဲ႕သူေတြလည္းရွိၾကတယ္။ ဘယ္သူျဖစ္ျဖစ္၊ ဘာအေၾကာင္းေမးေမး ကြ်န္ေတာ႕ကိုဆက္သြယ္လာသူအမ်ားစုကို ကြ်န္ေတာ္ ေလးေလးစားစားစာျပန္ပါတယ္။ ဘာျဖစ္လို႕ပါလဲ?
.
. ကြ်န္ေတာ္ကုိယ္တိုင္တစ္ခုခုသိခ်င္တဲ႕အခါ အြန္လုိင္းမွာလုိက္ေမးဖူးတယ္။ နာမည္ၾကီးသူေရာ သာမန္လူေတြပါမက်န္ စာမျပန္ၾကတာကခပ္မ်ားမ်ား။ ေနာက္ေတာ႕လက္ေလွ်ာ႕လုိက္ျပီး ကိုယ္သိခ်င္တာကို အဂၤလိပ္လို မရအရလုိက္ဖတ္ရင္းက ကိုယ္႕အတြက္ကိုယ္ေတာ႕ အဆင္ေျပသြားတယ္။
.
.
. ေနာက္ပိုင္းကိုယ္ေျဖဖို႕အလွည္႕ေရာက္လာေတာ႕ ကိုယ္ခ်င္းစာတရားအျပည္႕နဲ႕ ကိုယ္သိတာကုိေျပာျပ၊ ကိုယ္မသိေသးတာကို အေျဖရႏုိင္တဲ႕ေနရာကိုပို႕၊ ဆင္႕ပြားေလ႕လာႏုိင္တာဆိုရင္ အင္တာနက္ဝဘ္ဆိုဒ္ နဲ႕ ဖတ္စရာဘေလာ႕ဂ္ေတြကိုညႊန္း၊ ေျပာျပ၊ ဆိုျပ နဲ႕ အရည္မရ အဖတ္မရ အလုပ္ေတြကို ကြ်န္ေတာ္တစ္ေယာက္ တစုိက္မတ္မတ္လုပ္ခဲ႕ပါတယ္။
.
. ဒါေပမဲ႕ တစ္ခ်ိဳ႕မိဘေတြက သူတုိ႕သိခ်င္တာေတြကို လာေမးတယ္။ ထပ္ေမးတယ္။ အေသးစိတ္ေမးတယ္။ ျပီးေတာ႕ ေနာက္ပိုင္းအဆက္အသြယ္မလုပ္ေတာ႕ဘူး . . ေပ်ာက္သြားတယ္။ ဟာ . . ကြ်န္ေတာ္တစ္ခုခုမွားလို႕မ်ားလားဆိုျပီး တစ္ေယာက္တည္းသံသယေတြပြား၊ မက္ေဆ႕ေတြကိုျပန္ဖတ္၊ ဘာျဖစ္လို႕လည္းအေျဖရွာ နဲ႕ အလကားမတ္တင္းအခ်ိန္ေတြရင္းခဲ႕ရသမွ် အသိမ္အဖ်င္းေတြျဖစ္ကုန္ျပီလားေပါ႕ . .?

. ေနာက္ေတာ႕ဘယ္ဟုတ္မလဲ . . ! . . ေမးခ်င္တာေတြ လာလာေမးျပီး အရင္ၾကံစည္ထားတဲ႕အတုိင္း သူတို႕လုပ္ခ်င္တာလုပ္သြားၾကတာေလ။ ကြ်န္ေတာ္အျမဲေျပာတယ္ . . ကြ်န္ေတာ္ အကုန္မသိဘူး။ ဆံုးျဖတ္ခ်က္ မေပးတတ္ဘူး။ အတင္းၾကီး မလုပ္တတ္ဘူး။ ဒါေၾကာင္႕ တကယ္႕ေျမျပင္အေျခအေနမွာ ဘာမဆိုသူတုိ႕ကိုယ္တိုင္သူတို႕ဆံုးျဖတ္ရမယ္လို႕။ ကြ်န္ေတာ္ေပးတဲ႕အခ်က္အလက္ေတြဟာ သူတုိ႕ဘဝ၊ သူတုိ႕သားသမီးေတြရဲ႕ဘဝ တုိးတက္ေရးအတြက္ ထည္႕သြင္းစဥ္းစားရမယ္႕ ေဆာင္ရန္ / ေရွာင္ရန္ေတြကို ဆင္ျခင္ႏုိင္ဖို႕ျပင္ဆင္ေပးရံုသာျဖစ္တယ္ဆိုတာ ဟုိးအေစာၾကီးကတည္းကေျပာျပီးသား။
.
. တစ္ခ်ိဳ႕ရွိေသးတယ္ . . သူတို႕က သူတို႕သားသမီးကုိမွန္းထားတဲ႕ေရခ်ိန္နဲ႕ကိုက္မကိုက္လာေမးၾကတာ အေျဖကသူတုိ႕ေခါင္းထဲမွာအစီအရီရွိျပီးသား . .။ ကြ်န္ေတာ္က သူတို႕စိတ္ကူးကိုအကုန္ဘယ္သိပါ႕မလဲ . .။ ျပီးေတာ႕ သားသမီးကို ဂုတ္ကကိုင္ျပီး ေစလုိရာေစထားရာကေန သားသမီးက ပြင္႕ထြက္ခ်င္ေတာ႕ ကြ်န္ေတာ႕ကိုလာအၾကံေတာင္းတာ တဲ႕ေလ။ ကြ်န္ေတာ္က မူၾကိဳေက်ာင္းဆရာမွမဟုတ္တာ ကေလးမထိန္းတတ္ပါဘူး။ တကယ္ဆို ကြ်န္ေတာ္က "လူငယ္ကိုစဥ္းစားခြင္႕ပဲေပးတတ္တာ"
.
.
. အဲဒါနဲ႕ "ကေလးကို လုပ္ပိုင္ခြင္႕ နဲ႕ လြတ္လပ္ခြင္႕ေပးလိုက္ပါ။ သူ အေကာင္းဆံုး လုပ္ျပသြားပါလိမ္႕မယ္။ မိဘေတြဟာ သားသမီးေတြနားက ျပန္သင္ယူတတ္တဲ႕အခ်ိန္ သားသမီးေတြ ေအာင္ျမင္တယ္ ခင္ဗ်" လို႕ အေၾကာင္းျပန္လိုက္တာ ျပန္ကိုမေပၚလာေတာ႕ဘူး။ ေတာ္ေတာ္ထိသြားပံုရတယ္။
.
. ထပ္ျပီးေျပာရရင္ ကြ်န္ေတာ္ဟာ ေမးခြန္းေျဖသမွ် ဘယ္သူ႕ကို ဘာျဖစ္ေစရမယ္လို႕ အာမ မခံသလို ဘယ္သူနဲ႕မွလည္း စာခ်ဳပ္ မခ်ဳပ္ထားပါဘူး။ ဒါေၾကာင္႕ ကြ်န္ေတာ္အႏွစ္ႏွစ္အလလက ရင္းႏွီးျမွဳပ္ႏွံထားတဲ႕သားသမီးထိန္းေက်ာင္းတဲ႕စံနစ္ကုိ လူ႕အခြင္႕အေရး နဲ႕ သူတုိ႕အရြယ္ရဲ႕ရပိုင္ခြင္႕ေတြကိုဆက္စပ္ျပီး အျမဲစဥ္းစားအေျဖထုတ္တယ္။
.
.
. ကြ်န္ေတာ္တို႕ျမန္မာႏိုင္ငံၾကီး ေခတ္အဆက္ဆက္အစုိးရေတြနဲ႕မေအာင္ျမင္တာလည္း ဒီလို "ကိုယ္စြဲမခြ်တ္ႏို္င္တဲ႕လူၾကီးေတြ " ေၾကာင္႕ပါပဲ။ ဆယ္စုႏွစ္အတြဲလိုက္ျဖစ္ေနတဲ႕ျပည္တြင္းစစ္မွာ ဘယ္ လူငယ္တစ္ေယာက္တစ္ေလေၾကာင္႕ ရန္ထျဖစ္ေနၾကလို႕လဲ? အားလံုး အယူသည္းတဲ႕လူၾကီးေတြေၾကာင္႕ တစ္ႏိုင္ငံလံုး ဘယ္ေနရာမွျငိမ္းခ်မ္းေရးမရႏိုင္ဘူး . . တိုင္းျပည္ျငိမ္သက္ဖို႕မျဖစ္ႏုိင္ခဲ႕ဘူး . . မလုပ္္ႏုိင္ခဲ႕ဘူး။
.
. မိသားစုဆိုတာ လူအနည္းငယ္နဲ႕ဖြဲ႕ထားတဲ႕တုိင္းျပည္အေသးစားတစ္မ်ိဳးပါ။ ဒါေၾကာင္႕ ကိုယ္႕အိမ္သူအိမ္သား / မိသားစုဝင္ကိုမွမယံုရင္ ဘယ္သူ႕ကုိသြားယံုရမလဲ? ကဲ ကိုယ္႕ေသြးကိုယ္႕သားထဲမွာ ေနာက္ျပန္လွည္႕သူတစ္ေယာက္ေလာက္ပါရင္ လူၾကီးလုပ္သူေတြက ကေလးဘယ္မွာမွားေနတယ္ဆုိတဲ႕ဇစ္ျမစ္ - Root Cause ကို မရွာပဲ ငါတုိ႕ခုိင္းတာမလုပ္ဘူး . . လူၾကီးစကားနားမေထာင္ဘူး ဆိုျပီး ေခ်ာင္ထုိးထားလိုက္ေရာ။ ဒါနဲ႕ အဲဒီကေလးဟာ မေကာင္းမႈလုပ္ဖို႕ တရားဝင္လုိင္စင္ရသြားျပီေပါ႕ . . ႏွေျမာစရာ။ သိပ္ေတာ္လိုက္ၾကတဲ႕ လူၾကီးေတြ။ ကိုယ္႕မာနလည္းမေလွ်ာ႕ႏုိင္ . . စိတ္ကုိလည္းမျပင္ႏုိင္ . . လူငယ္လိုဗဟုသုတရွိေအာင္လည္းမေလ႕လာ . . အတၱေဘာ နဲ႕ ရုပ္ေရာေနသမွ် ကေလးဟာ ေအာင္ျမင္မႈလမ္းေၾကာင္းကိုေလွ်ာက္ႏုိင္ဦးမွာမဟုတ္ေသးဘူးဆိုတာ သူတို႕မသိတာ သနားစရာေကာင္းလုိက္တာ။
.
.
. တစ္ခ်ိဳ႕မိဘေတြက်ေတာ႕ တကယ္ရုိးသားတယ္ "အန္တီတို႕က အဂၤလိပ္စာလည္းမတတ္ပါဘူး။ ကေလးလုပ္ေနတာေတြလည္း ဘာတစ္ခုမွမသိဘူး။ ဒါေၾကာင္႕ သူတို႕ေရြးတဲ႕ ဒီေက်ာင္း၊ ဒီတကၠသိုလ္ ရဲ႕အေျခအေနေလးသိရေအာင္ ေျပာျပေပးပါ" တဲ႕ . .။ ဒါမ်ိဳးက်ေတာ႕ အိပ္စုိက္ရပါေစ မအိပ္ငိုက္ပဲကူညီရတာ တန္တယ္။
.
. ပိုဆိုးတဲ႕လူၾကီးေတြမ်ားက်ေတာ႕ သူတုိ႕မွာေငြေရးေၾကးေရးလည္းမပူပင္ရ၊ ျမန္မာႏိုင္ငံမွာလည္း အဂၤလိပ္ေက်ာင္းထား၊ စီးပြားေရးကလည္း ဒိတ္ဒိတ္က်ဲေအာင္ျမင္၊ ကေလးကလည္းေတာ္မွေတာ္ . . ဒါကို ေစ်းေပါသက္သာျပီး စေကာလားရွစ္နဲ႕မွ်ားတဲ႕ (ဒီႏိုင္ငံမွာဆို ေခ်ာင္ထဲက) ေက်ာင္းေတြကုိအတင္းလႊတ္ေတာ႕တာပဲ။ ကေလးၾကိဳးစားေနရင္ သူတို႕ေငြပိုကုန္ရတာ မတန္ဘူးလား စဥ္းစားဖို႕သတိရဟန္မတူဘူး။
.
.
. "မွန္သြားရင္ သူတို႕ကေလးပဲ . . မွားသြားရင္လည္း သူတို႕ကေလးပဲ" ဆုိတာ သိေစခ်င္တယ္။ ဘာအတြက္ ကေလးကိုယ္စား လိုက္ျပီး ေခ်းမ်ား / ကန္႕သတ္ / ေခြ်တာ / ကဲကဲပို ေနၾကတာလဲ? ဆုိတာ ေမးလိုက္ခ်င္တယ္။
.
. ဒီေခတ္ၾကီးမွာ လက္ကုိင္ဖုန္းနဲ႕မၾကီးပ်င္းလာတဲ႕ကေလးဆိုတာမရွိေတာ႕ဘူး။ မိဘေတြက ကေလးကိုနားလည္သလား? အတင္းၾကီးအုပ္ခ်ဳပ္ေနတာလား? ဆိုတာ ဒီေနရာမွာ အေျဖေပၚတယ္။ သူတုိ႕လုိခ်င္တဲ႕သတင္းအခ်က္အလက္ေတြထဲက ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ ဘာမွန္းမသိပဲေယာင္ေတာင္ေတာင္ျဖစ္ေစတဲ႕အေၾကာင္းအရာေတြအားလံုး ဖုန္းမ်က္ႏွာျပင္ေပၚမွာအကုန္ရွိေနတယ္ဆုိတာ မိဘေတြက ေမ႕ေနတယ္။ သူတို႕သြားခ်င္တဲ႕ဘဝကို လက္မတစ္ခ်က္ေထာက္ျပီး ဖုန္းမ်က္ႏွာျပင္ကေန တစ္ခါတည္းတိုးဝင္သြားလို႕ရေနတာကိုမသိတဲ႕မိဘေတြ ေနာက္မွေနာင္တရၾကလိမ္႕မယ္။
.
.
. အားလံုးကိုျခံဳျပီးခပ္စပ္စပ္ေလးေျပာရရင္ သားသမီးက သူ႕ဟာသူ ဘဝလမ္းေၾကာင္းမွန္ေအာင္သြားေနျပီဆုိရင္ မိဘေတြက သားသမီးနားက ျမန္ျမန္သင္ယူပါ။ သူတုိ႕လုပ္ေနတာ မွန္ေနသလား မွားေနသလားဆိုတာေလာက္သိရင္ကို ေတာ္ေတာ္ဟုတ္ေနျပီ။

လူၾကီးေတြစိတ္မပူရေအာင္
လူၾကီးေတြကုိဒုကၡမေပးရင္
သားသမီးလိမ္မာတယ္ေပါ႕။

အျမဲတမ္း မိဘကလုိက္လုပ္ေပးေနရရင္
သားသမီးက လိုအပ္ခ်က္ရွိေနေသးတယ္ မွတ္ေတာ႕
ျပန္စည္းရံုးယူေပါ႕။

ဒါေၾကာင္႕ ကိုယ္႕ရင္နဲ႕ႏွလံုးေသြးနဲ႕ေမြးထားတဲ႕သားသမီးကိုေတာင္ နားလည္ေအာင္မေလ႕လာႏိုင္ပဲ အေျခအေနမွန္ကိုမသင္ယူတတ္ေသးရင္ အသက္နဲ႕ဇရာကသာလူၾကီးျဖစ္ေပမယ္႕ စိတ္ကလူၾကီးမျဖစ္ေသးပါဘူးလို႕ အားနာနာနဲ႕ေျပာလိုက္ခ်င္ပါတယ္။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 03-10-2018
.
.
Unicode Version:
.
. "လူငယ်ထံကသင်ယူတဲ့လူကြီးတွေ"
. ကျွန်တော့ကိုမေးခွန်းမေးသူတွေထဲမှာ လူငယ်ရော၊ လူကြီးတွေပါ ပါဝင်ကြတယ်။ လူငယ်ထဲမှာ ရည်ရည်မွန်မွန်ပြောဆိုကြသူတွေပါသလို စာဆိုရင်ကောင်းကောင်းမရိုက်၊ အသက်အရွယ်ကိုမလေ့လာပဲ Bro ဘာလုပ်နေသလဲ? ဆိုပြီးမေးတဲ့သူတွေလည်းရှိကြတယ်။ ဘယ်သူဖြစ်ဖြစ်၊ ဘာအကြောင်းမေးမေး ကျွန်တော့ကိုဆက်သွယ်လာသူအများစုကို ကျွန်တော် လေးလေးစားစားစာပြန်ပါတယ်။ ဘာဖြစ်လို့ပါလဲ?
.
. ကျွန်တော်ကိုယ်တိုင်တစ်ခုခုသိချင်တဲ့အခါ အွန်လိုင်းမှာလိုက်မေးဖူးတယ်။ နာမည်ကြီးသူရော သာမန်လူတွေပါမကျန် စာမပြန်ကြတာကခပ်များများ။ နောက်တော့လက်လျှော့လိုက်ပြီး ကိုယ်သိချင်တာကို အင်္ဂလိပ်လို မရအရလိုက်ဖတ်ရင်းက ကိုယ့်အတွက်ကိုယ်တော့ အဆင်ပြေသွားတယ်။
.
.
. နောက်ပိုင်းကိုယ်ဖြေဖို့အလှည့်ရောက်လာတော့ ကိုယ်ချင်းစာတရားအပြည့်နဲ့ ကိုယ်သိတာကိုပြောပြ၊ ကိုယ်မသိသေးတာကို အဖြေရနိုင်တဲ့နေရာကိုပို့၊ ဆင့်ပွားလေ့လာနိုင်တာဆိုရင် အင်တာနက်ဝဘ်ဆိုဒ် နဲ့ ဖတ်စရာဘလော့ဂ်တွေကိုညွှန်း၊ ပြောပြ၊ ဆိုပြ နဲ့ အရည်မရ အဖတ်မရ အလုပ်တွေကို ကျွန်တော်တစ်ယောက် တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။
.
. ဒါပေမဲ့ တစ်ချို့မိဘတွေက သူတို့သိချင်တာတွေကို လာမေးတယ်။ ထပ်မေးတယ်။ အသေးစိတ်မေးတယ်။ ပြီးတော့ နောက်ပိုင်းအဆက်အသွယ်မလုပ်တော့ဘူး . . ပျောက်သွားတယ်။ ဟာ . . ကျွန်တော်တစ်ခုခုမှားလို့များလားဆိုပြီး တစ်ယောက်တည်းသံသယတွေပွား၊ မက်ဆေ့တွေကိုပြန်ဖတ်၊ ဘာဖြစ်လို့လည်းအဖြေရှာ နဲ့ အလကားမတ်တင်းအချိန်တွေရင်းခဲ့ရသမျှ အသိမ်အဖျင်းတွေဖြစ်ကုန်ပြီလားပေါ့ . .?
.
.
. နောက်တော့ဘယ်ဟုတ်မလဲ . . ! . . မေးချင်တာတွေ လာလာမေးပြီး အရင်ကြံစည်ထားတဲ့အတိုင်း သူတို့လုပ်ချင်တာလုပ်သွားကြတာလေ။ ကျွန်တော်အမြဲပြောတယ် . . ကျွန်တော် အကုန်မသိဘူး။ ဆုံးဖြတ်ချက် မပေးတတ်ဘူး။ အတင်းကြီး မလုပ်တတ်ဘူး။ ဒါကြောင့် တကယ့်မြေပြင်အခြေအနေမှာ ဘာမဆိုသူတို့ကိုယ်တိုင်သူတို့ဆုံးဖြတ်ရမယ်လို့။ ကျွန်တော်ပေးတဲ့အချက်အလက်တွေဟာ သူတို့ဘဝ၊ သူတို့သားသမီးတွေရဲ့ဘဝ တိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစားရမယ့် ဆောင်ရန် / ရှောင်ရန်တွေကို ဆင်ခြင်နိုင်ဖို့ပြင်ဆင်ပေးရုံသာဖြစ်တယ်ဆိုတာ ဟိုးအစောကြီးကတည်းကပြောပြီးသား။
.
. တစ်ချို့ရှိသေးတယ် . . သူတို့က သူတို့သားသမီးကိုမှန်းထားတဲ့ရေချိန်နဲ့ကိုက်မကိုက်လာမေးကြတာ အဖြေကသူတို့ခေါင်းထဲမှာအစီအရီရှိပြီးသား . .။ ကျွန်တော်က သူတို့စိတ်ကူးကိုအကုန်ဘယ်သိပါ့မလဲ . .။ ပြီးတော့ သားသမီးကို ဂုတ်ကကိုင်ပြီး စေလိုရာစေထားရာကနေ သားသမီးက ပွင့်ထွက်ချင်တော့ ကျွန်တော့ကိုလာအကြံတောင်းတာ တဲ့လေ။ ကျွန်တော်က မူကြိုကျောင်းဆရာမှမဟုတ်တာ ကလေးမထိန်းတတ်ပါဘူး။ တကယ်ဆို ကျွန်တော်က "လူငယ်ကိုစဉ်းစားခွင့်ပဲပေးတတ်တာ"
.
.
. အဲဒါနဲ့ "ကလေးကို လုပ်ပိုင်ခွင့် နဲ့ လွတ်လပ်ခွင့်ပေးလိုက်ပါ။ သူ အကောင်းဆုံး လုပ်ပြသွားပါလိမ့်မယ်။ မိဘတွေဟာ သားသမီးတွေနားက ပြန်သင်ယူတတ်တဲ့အချိန် သားသမီးတွေ အောင်မြင်တယ် ခင်ဗျ" လို့ အကြောင်းပြန်လိုက်တာ ပြန်ကိုမပေါ်လာတော့ဘူး။ တော်တော်ထိသွားပုံရတယ်။
.
. ထပ်ပြီးပြောရရင် ကျွန်တော်ဟာ မေးခွန်းဖြေသမျှ ဘယ်သူ့ကို ဘာဖြစ်စေရမယ်လို့ အာမ မခံသလို ဘယ်သူနဲ့မှလည်း စာချုပ် မချုပ်ထားပါဘူး။ ဒါကြောင့် ကျွန်တော်အနှစ်နှစ်အလလက ရင်းနှီးမြှုပ်နှံထားတဲ့သားသမီးထိန်းကျောင်းတဲ့စံနစ်ကို လူ့အခွင့်အရေး နဲ့ သူတို့အရွယ်ရဲ့ရပိုင်ခွင့်တွေကိုဆက်စပ်ပြီး အမြဲစဉ်းစားအဖြေထုတ်တယ်။
.
.
. ကျွန်တော်တို့မြန်မာနိုင်ငံကြီး ခေတ်အဆက်ဆက်အစိုးရတွေနဲ့မအောင်မြင်တာလည်း ဒီလို "ကိုယ်စွဲမချွတ်နို်င်တဲ့လူကြီးတွေ " ကြောင့်ပါပဲ။ ဆယ်စုနှစ်အတွဲလိုက်ဖြစ်နေတဲ့ပြည်တွင်းစစ်မှာ ဘယ် လူငယ်တစ်ယောက်တစ်လေကြောင့် ရန်ထဖြစ်နေကြလို့လဲ? အားလုံး အယူသည်းတဲ့လူကြီးတွေကြောင့် တစ်နိုင်ငံလုံး ဘယ်နေရာမှငြိမ်းချမ်းရေးမရနိုင်ဘူး . . တိုင်းပြည်ငြိမ်သက်ဖို့မဖြစ်နိုင်ခဲ့ဘူး . . မလုပ််နိုင်ခဲ့ဘူး။
.
. မိသားစုဆိုတာ လူအနည်းငယ်နဲ့ဖွဲ့ထားတဲ့တိုင်းပြည်အသေးစားတစ်မျိုးပါ။ ဒါကြောင့် ကိုယ့်အိမ်သူအိမ်သား / မိသားစုဝင်ကိုမှမယုံရင် ဘယ်သူ့ကိုသွားယုံရမလဲ? ကဲ ကိုယ့်သွေးကိုယ့်သားထဲမှာ နောက်ပြန်လှည့်သူတစ်ယောက်လောက်ပါရင် လူကြီးလုပ်သူတွေက ကလေးဘယ်မှာမှားနေတယ်ဆိုတဲ့ဇစ်မြစ် - Root Cause ကို မရှာပဲ ငါတို့ခိုင်းတာမလုပ်ဘူး . . လူကြီးစကားနားမထောင်ဘူး ဆိုပြီး ချောင်ထိုးထားလိုက်ရော။ ဒါနဲ့ အဲဒီကလေးဟာ မကောင်းမှုလုပ်ဖို့ တရားဝင်လိုင်စင်ရသွားပြီပေါ့ . . နှမြောစရာ။ သိပ်တော်လိုက်ကြတဲ့ လူကြီးတွေ။ ကိုယ့်မာနလည်းမလျှော့နိုင် . . စိတ်ကိုလည်းမပြင်နိုင် . . လူငယ်လိုဗဟုသုတရှိအောင်လည်းမလေ့လာ . . အတ္တဘော နဲ့ ရုပ်ရောနေသမျှ ကလေးဟာ အောင်မြင်မှုလမ်းကြောင်းကိုလျှောက်နိုင်ဦးမှာမဟုတ်သေးဘူးဆိုတာ သူတို့မသိတာ သနားစရာကောင်းလိုက်တာ။
.
.
. တစ်ချို့မိဘတွေကျတော့ တကယ်ရိုးသားတယ် "အန်တီတို့က အင်္ဂလိပ်စာလည်းမတတ်ပါဘူး။ ကလေးလုပ်နေတာတွေလည်း ဘာတစ်ခုမှမသိဘူး။ ဒါကြောင့် သူတို့ရွေးတဲ့ ဒီကျောင်း၊ ဒီတက္ကသိုလ် ရဲ့အခြေအနေလေးသိရအောင် ပြောပြပေးပါ" တဲ့ . .။ ဒါမျိုးကျတော့ အိပ်စိုက်ရပါစေ မအိပ်ငိုက်ပဲကူညီရတာ တန်တယ်။
.
. ပိုဆိုးတဲ့လူကြီးတွေများကျတော့ သူတို့မှာငွေရေးကြေးရေးလည်းမပူပင်ရ၊ မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ်ကျောင်းထား၊ စီးပွားရေးကလည်း ဒိတ်ဒိတ်ကျဲအောင်မြင်၊ ကလေးကလည်းတော်မှတော် . . ဒါကို စျေးပေါသက်သာပြီး စကောလားရှစ်နဲ့မျှားတဲ့ (ဒီနိုင်ငံမှာဆို ချောင်ထဲက) ကျောင်းတွေကိုအတင်းလွှတ်တော့တာပဲ။ ကလေးကြိုးစားနေရင် သူတို့ငွေပိုကုန်ရတာ မတန်ဘူးလား စဉ်းစားဖို့သတိရဟန်မတူဘူး။
.
.
. "မှန်သွားရင် သူတို့ကလေးပဲ . . မှားသွားရင်လည်း သူတို့ကလေးပဲ" ဆိုတာ သိစေချင်တယ်။ ဘာအတွက် ကလေးကိုယ်စား လိုက်ပြီး ချေးများ / ကန့်သတ် / ချွေတာ / ကဲကဲပို နေကြတာလဲ? ဆိုတာ မေးလိုက်ချင်တယ်။
.
. ဒီခေတ်ကြီးမှာ လက်ကိုင္ဖုန်းနဲ့မကြီးပျင်းလာတဲ့ကလေးဆိုတာမရှိတော့ဘူး။ မိဘတွေက ကလေးကိုနားလည်သလား? အတင်းကြီးအုပ်ချုပ်နေတာလား? ဆိုတာ ဒီနေရာမှာ အဖြေပေါ်တယ်။ သူတို့လိုချင်တဲ့သတင်းအချက်အလက်တွေထဲက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဘာမှန်းမသိပဲယောင်တောင်တောင်ဖြစ်စေတဲ့အကြောင်းအရာတွေအားလုံး ဖုန်းမျက်နှာပြင်ပေါ်မှာအကုန်ရှိနေတယ်ဆိုတာ မိဘတွေက မေ့နေတယ်။ သူတို့သွားချင်တဲ့ဘဝကို လက်မတစ်ချက်ထောက်ပြီး ဖုန်းမျက်နှာပြင်ကနေ တစ်ခါတည်းတိုးဝင်သွားလို့ရနေတာကိုမသိတဲ့မိဘတွေ နောက်မှနောင်တရကြလိမ့်မယ်။
.
.
. အားလုံးကိုခြုံပြီးခပ်စပ်စပ်လေးပြောရရင် သားသမီးက သူ့ဟာသူ ဘဝလမ်းကြောင်းမှန်အောင်သွားနေပြီဆိုရင် မိဘတွေက သားသမီးနားက မြန်မြန်သင်ယူပါ။ သူတို့လုပ်နေတာ မှန်နေသလား မှားနေသလားဆိုတာလောက်သိရင်ကို တော်တော်ဟုတ်နေပြီ။

လူကြီးတွေစိတ်မပူရအောင်
လူကြီးတွေကိုဒုက္ခမပေးရင်
သားသမီးလိမ်မာတယ်ပေါ့။

အမြဲတမ်း မိဘကလိုက်လုပ်ပေးနေရရင်
သားသမီးက လိုအပ်ချက်ရှိနေသေးတယ် မှတ်တော့
ပြန်စည်းရုံးယူပေါ့။

ဒါကြောင့် ကိုယ့်ရင်နဲ့နှလုံးသွေးနဲ့မွေးထားတဲ့သားသမီးကိုတောင် နားလည်အောင်မလေ့လာနိုင်ပဲ အခြေအနေမှန်ကိုမသင်ယူတတ်သေးရင် အသက်နဲ့ဇရာကသာလူကြီးဖြစ်ပေမယ့် စိတ်ကလူကြီးမဖြစ်သေးပါဘူးလို့ အားနာနာနဲ့ပြောလိုက်ချင်ပါတယ်။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 03-10-2018

No comments: