ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 17, 2016

ကြ်န္ေတာ္တုိ႕ဘယ္လို ‘ အို ’ ၾကမလဲ?

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ကမၻာေျမေပၚမွာ ဘယ္ေနရာကုိသြားပုန္းပုန္း ေလာကနိယာမတစ္ခုရဲ႕ုလက္ကေန ကြ်န္ေတာ္တို႕ ေျပးလုိ႕မလြတ္ႏုိင္ၾကပါဘူး။ အဲဒါကေတာ႕ ေမြးဖြားျခင္းကေန ပါလာတဲ႕ အိုျခင္း၊ နာျခင္း၊ ေသျခင္း ဆုိတဲ႕ သေႏၶဓါတ္ပဲ ျဖစ္ပါတယ္။
.
အမိဝမ္းကကြ်တ္ကတည္းကိုက ဒီမ်ိဳးေစ႕ကို ဘယ္အရြယ္မွာ အေညွာင္႕ထြက္မယ္၊ ဘယ္အခ်ိန္မွာ သန္မာၾကီးထြားမယ္၊ ဘယ္ကာလမွာ ပိန္လွီေကြးလ်လို႕ ေျခာက္ႏြမ္းရမယ္ဆုိတာ အခ်ိန္ဇယားနဲ႕အတိအက်မဟုတ္ေပမယ္႕ အခ်ိန္ကုိက္ေၾကြပ်က္ဗံုးတစ္လံုးကို စနက္တံမျဖဳတ္ေသးပဲ ထည္႕သြင္းေပးျပီးသားပါ။
.
.
ဒါေၾကာင္႕ ၾကိဳစားပမ္းစားရွာေဖြေနတဲ႕ စည္းစိမ္၊ ဥစၥာ၊ ဓန တုိ႕ကုိ ထားခဲ႕ရမယ္လို႕ လူတကာ သိထားၾကတယ္။ ဒါေတြကုိ မစြဲလမ္းရဘူးဆိုတဲ႕ ဆံုးမသံကိုလည္း အျမဲလိုလို ၾကားဖူးေနၾကတယ္။ ကုိယ္ရထားျပီးတဲ႕ ပိုင္ဆိုင္မႈ အတံုးအခဲေတြကို ထိေတြ႕ကိုင္တြယ္လို႕မေက်နပ္ႏုိင္ေသးပဲ အရည္မရ အဖတ္မရ သူတစ္ပါးရဲ႕ ဥစၥာေတြကို အစိုးမရ လိုခ်င္ေနေသးတာက ျပသနာပါ။
.
နဂုိကတည္းက ပ်က္ကိုပ်က္ပါမယ္ဆုိတဲ႕ ခႏၶာကိုယ္ေပၚမွာ သယ္သြားလို႕မရတဲ႕ အတၱအပိုေတြ ပုိပုိသာသာထမ္းပိုးထားတဲ႔အခါ ငယ္ရြယ္သန္မာေနတုန္းကေတာ႕ သိပ္အေၾကာင္းမဟုတ္ေပမယ္႕  အုိမင္းမစြမ္းျဖစ္လာတဲ႕အခါ မႏုိင္မနင္း ထုတ္ပိုးသယ္ထမ္းထားရပါေတာ႕တယ္။
.
.
ဒါေၾကာင္႕ ကြ်န္ေတာ္တို႕ ဘယ္လိုအိုၾကရင္ေကာင္းမလဲ လို႕ စဥ္းစားၾကည္႕မိတယ္။ အေဖမဆံုးခင္တုန္းက သူ႕သူငယ္ခ်င္း တရုတ္အဖိုးၾကီးတစ္ေယာက္အေၾကာင္း ေျပာျပမယ္။ သူ႕နာမည္ကုိ အဓိကမေဖာ္ျပလိုေပမယ္႕ ၾကီးပြားခဲ႕တဲ႕ေနရာကိုအစြဲျပဳျပီး သူ႕ကုိ “ ဦးေညာင္ခါးရွည္ ” လို႕ ေခၚၾကတယ္။ တရုတ္ျပည္ကသိပ္ဆင္းရဲတဲ႕အခါ ျမန္မာႏုိင္ငံဘက္ခိုလွံဳလာသူေတြထဲမွာ သူလည္းအပါအဝင္ေပါ႕။

.
အဲဒီတုန္းက ျမန္မာႏုိင္ငံလြတ္လပ္ေရးရခါစဆုိေတာ႕ လုပ္စားကိုင္စားဖို႕လြယ္ကူလွျပီး အရင္းအႏွီးသိပ္အမ်ားၾကီးမလိုတဲ႕ေခတ္လို႕ သိရတယ္။ ခပ္တုိတိုေျပာရရင္ ဦးေညာင္ခါးရွည္ဟာ ေငြရဖို႕ဆို ဘာမဆိုလုပ္တယ္။ အစုိးရအရာရွိေတြဆုိလည္း သူေပါင္းသင္းတတ္တယ္။ ေနာက္ဆံုး စီးပြားေရးလုပ္လို႕ အရွံဳးေပၚတဲ႕အခါမ်ိဳးမွာလည္း သူ ေသနတ္ထုတ္ျပီးေျဖရွင္းတတ္တယ္။
.
.
ကုန္သည္ျဖစ္တာမို႕လို႕ ၾကိဳေရာင္း ၾကိဳဝယ္ ပတ္ကားအေရာင္းအဝယ္ေတြမွာ ဦးေညာင္ခါးရွည္ဟာ နာမည္ၾကီးတယ္။ သူဝယ္ထားတာေစ်းတက္သြားရင္ အေၾကာင္းမဟုတ္ေပမယ္႕ သူေရာင္းထားတာေစ်းတက္သြားရင္ သူက ပစၥည္းမအပ္ဘူး။ ဒီေတာ႕ သူ႕နားကေငြၾကိဳေပးထားတဲ႕သူက အရင္းသာျပန္ရတယ္ အျမတ္ေတာ႕မရလုိက္ဘူးဆိုတဲ႕ဇာတ္လမ္းေတြ ရွိဖူးတယ္။
.
ဒီလိုေတြ ဗိုလ္က်ျပီးစီးပြားေရးလုပ္ေပမယ္႕ သူနဲ႕ျပတ္လို႕မရတဲ႕သူေတြက ရွိေသးတယ္။ သူတို႕တစ္ေတြက လယ္စိုက္ဖို႕၊ ၾကံစိုက္ဖို႕ ေငြရင္းမရွိတဲ႕ေတာင္သူေတြပါပဲ။ သူတို႕အေပၚက်ေတာ႕ ဦးေညာင္ခါးရွည္က ေကာင္းတယ္။ ေငြၾကိဳထုတ္ေပးတယ္၊ ပစၥည္းရရင္ ရာသီကုန္ေပၚရင္ သူ႕ကုိ ေအာက္ေစ်းနဲ႕ေရာင္းေပး .. ဒါပဲ..။
.
.
ဦးေညာင္ခါးရွည္က ျမန္မာစကားသာမၾကြယ္တာ စကားေျပာတဲ႕အခါ တံေတြးေတာ္ေတာ္စင္တယ္။ ဒါေၾကာင္႕လည္း သူ႕ပါးစပ္ကေန မၾကားဝံ႕မနာသာ ဆဲေရးတုိင္းထြာေပမယ္႕ လူေတြက ရယ္စရာအေနနဲ႕ခြင္႕လႊတ္ၾကတယ္။ အဲဒီထဲမွာ အခြင္႕လႊတ္ႏိုင္ဆံုး လူသား ( ၃ ) ဦး ကေတာ႕ သူယူခဲ႕တဲ႕ မိန္းမ ( ၃ ) ေယာက္ပါပဲ။
.
ပထမမိန္းမက သားတစ္ေယာက္ၾကီးေျမာက္ေအာင္ေမြးေပးျပီး ေရာဂါနဲ႕ အျပီးႏႈတ္ဆက္သြားတယ္။ ဒုတိယအိမ္ေထာင္က်ေတာ႕ ဘယ္ရမလဲ .. ဦးေညာင္ခါးရွည္က ကေလးေတြယူလိုက္တာ ( ၈:ဝ ) ျဖစ္သြားတယ္။ သားသမီးေတြ အားလံုးအဖတ္တင္တယ္။ အားလံုး ေက်ာင္းေတြ ဘာေတြ ျပီးတယ္။ စီးပြားေရးလိုင္းထဲမွာ သူ႕သားသမီးေတြက ေနရာရတယ္။ သူ႕လိုပဲ ဗိုလ္က်ျပီးလုပ္စားတဲ႕သူေတြ တစ္ေယာက္ႏွစ္ေယာက္ပါလာတယ္။
.
.
ဒီမိန္းမလည္း သားသမီးေတြၾကီးျပင္းလို႕ အိုမယ္ၾကံတုန္း ေလာကၾကီးကိုစြန္႕ခြာသြားျပန္တယ္။ ဒီေတာ႕ အဘုိးၾကီးအရြယ္ေရာက္ေနတဲ႕ ဦးေညာင္ခါးရွည္ဟာ အိုေရး နာေရးအတြက္ဆုိျပီး ကေလးပါတဲ႕မိန္းမတစ္ေယာက္ကို ယူျပန္တယ္။ ဒီအခါမွာ သူ႕သားသမီးေတြက မတားေတာ႕ဘူး။ ဘာျဖစ္လို႕လည္းဆုိေတာ႕ သူတို႕ထဲကတစ္ေယာက္မွ အေဖနားသြားမေနႏိုင္ဘူးေလ .. သူတုိ႕အေဖက တစ္ခ်ိန္လံုး ကေလာ္တုတ္ေနတာဆုိေတာ႕ ပုိဆိုးတယ္။
.
ဒါေပမယ္႕ သူတုိ႕အားလံုးက အေဖ႕နားကေမွ်ာ္လင္႕ေနတာတစ္ခုရွိတယ္ .. အေမြ ..။ ဦးေညာင္ခါးရွည္ရွာထားတဲ႕ပစၥည္းဥစၥာေတြက နည္းမွမနည္းတာ။ ရန္ကုန္၊ မိတၱီလာ၊ ေတာင္ၾကီး၊ ေအးသာယာ ေနရာေတြမွာ အိမ္ေတြ ျခံေတြ စက္ရံုေတြနဲ႕ အကြက္ေတြမွ အမ်ားၾကီး..။ ဘဏ္ထဲကေငြေတြကလည္း အားလံုးသူ႕နာမယ္နဲ႕ခ်ည္းပဲ။
.
.
ဒီေတာ႕ သားသမီးေတြက အေဖ အသက္ ( ၇ဝ ) နားကပ္လာတဲ႕အခ်ိန္ အသိအဖိုးၾကီးေတြကေနတစ္ဆင္႕ နားေဖာက္တယ္။ အခုလုိ အေဖသန္သန္မာမာရွိတုန္း ဘယ္ဥစၥာကို ဘယ္သူ႕ကိုေပးခဲ႕မယ္ဆုိတာ စီစဥ္ခဲ႕ပါလား တဲ႕။ ဒါကို ဦးေညာင္ခါးရွည္က မၾကားဘူး မဟုတ္ဘူး .. ၾကားတယ္။ တစ္ခြန္းထဲျပန္ေျပာလိုက္တယ္ .. “ ငါေသမွ ရမယ္ ” တဲ႕..။ သူ႕သားသမီးေတြအေၾကာင္း သူသိတယ္ေလ။
.
ဒီလိုနဲ႕ ေနာက္ဆံုးမိန္းမ နဲ႕ ပါလာတဲ႕ကေလးေတြကို အဖြားၾကီးကဂ်ီခ်လြန္းလို႕ အိမ္ၾကီးတစ္လံုးေပးလိုက္တယ္။ သူ႕ကိုလည္း ဟုိက အနစ္နာခံေပါင္းသင္းျပီး ျပဳစုခဲ႕တာ ႏွစ္မွမနည္းေတာ႕တာပဲေလ။ ပထမဦးဆံုးအိမ္ေထာင္နဲ႕ရခဲ႕တဲ႕သားၾကီးကုိလည္း ေငြတန္ဖိုးရွိတဲ႕ေခတ္တုန္းက အရင္းအႏွီးနည္းနည္းပါးပါးေပးျပီး ေစာေစာခြဲေပးလုိက္တယ္။ ဒါဆို သူေသရင္ အလယ္အိမ္ေထာင္နဲ႕ရတဲ႕သားသမီးေတြပဲ စာရင္းေတြခြဲရေတာ႕မယ္႕ပံုစံျဖစ္လာတယ္။
.
.
တစ္ရက္ေတာ႕ နယ္မွာ သူနဲ႕အလုပ္တြဲလုပ္တဲ႕သားသမီးေတြနဲ႕ေနတုန္း အေစာင္႕အလုပ္သမားက အဖိုးၾကီးတစ္ေယာက္တည္းရွိတဲ႕အခ်ိန္ ေခါင္းကိုျဖတ္ရိုက္ တစ္ကုိယ္လံုးၾကိဳးတုတ္ျပီး အႏုၾကမ္းစီးတယ္။ ဦးေညာင္ခါးရွည္လည္း ေတာ္ေတာ္နာက်င္သြားျပီး သားသမီးေတြက မျဖစ္ေခ်ဘူး ဆိုျပီး လူေျခရွိတဲ႕ျမိဳ႕ကိုေျပာင္းခုိင္းတယ္။
.
အဲဒါနဲ႕ ေအးတဲ႕ျမိဳ႕မွာ မေနပဲ ရန္ကုန္မွာ သူ႕တုိက္ခန္းသူရွိတာေတာင္ သားသမီးနဲ႕တြဲမေနခ်င္လို႕ဆုိျပီး သီးသန္႕တုိက္ခန္း ငွားေနတယ္။ သူ႕ရွိတဲ႕ေငြေတြအားလံုးကို အနီးအနားကဘဏ္မွာ အကုန္အပ္ထားတယ္။ စားတယ္ .. ေသာက္တယ္ .. ေဆးကုတယ္ .. သူငယ္ခ်င္းအဖိုးၾကီးေတြနဲ႕စကားေျပာတယ္။ ဒါ သူေန႕စဥ္လုပ္တဲ႕ လုပ္ငန္းစဥ္ပဲ။
.
.
ဒီၾကားထဲ သူ႕သားသမီးဘယ္ေယာက္က အရင္းအႏွီးလိုလို႕ ေငြထုတ္ေပးပါဆုိရင္ ေငြတုိးယူျပီးမွ ေငြေခ်းတယ္။ အတုိးကလည္း မေပါဘူး။ အခ်ိန္တန္လို႕ ျပန္ဆပ္မွ ေနာက္တစ္ေခါက္ေခ်းဖို႕စဥ္းစားမယ္ .. ျပတ္ျပတ္ပဲ။ အေမြဆိုျပီးလာေတာင္းလို႕ဘာမွရမွာမဟုတ္ဘူးလို႕ သူက ခပ္ရွင္းရွင္းေျပာျပီးသား။
.
ဒါနဲ႕ သူ႕နားမွာ သားသမီးေတြကျပတ္တယ္ရယ္လို႕မရွိဘူး။ အၾကီး၊ အငယ္၊ အလတ္ .. သူ႕အိမ္ကို ဝင္လိုက္ ထြက္လုိက္နဲ႕ အဖိုးၾကီးက ဇိမ္က်ေနတယ္။ သူလည္းေျပာတယ္ေလ .. မေသခင္သာ အေမြခြဲေပးလိုက္ရင္ အခု ငါ ငတ္ျပီ တဲ႕။ သူ႕ေငြကုိ သူမႏွေျမာဘူး .. မတြန္႕တိုဘူး .. အကုန္သံုးတယ္။ ပ်င္းရင္ ေခြဆက္ၾကည္႕တယ္။ စိတ္ပါရင္ သူငယ္ခ်င္းေတြေခၚျပီး ဖဲေခၚရိုက္တယ္။ မေသခင္ ေကာင္းေကာင္းခံစားသြားရမွာလို႕လည္း သူအျမဲေျပာတယ္။
.
.
ေနာက္ဆံုး ဦးေညာင္ခါးရွည္ကြယ္လြန္ေတာ႕ သားသမီးေတြ အေမြခြဲၾကတယ္။ တရားဥပေဒအရ ေသတမ္းစာေရးခြင္႕မရွိတဲ႕အခါ အညီအမွ်ရၾကတယ္။ အားလံုး သူ ပိုရတယ္ ငါ အရနည္းတယ္ .. စကားမ်ားဖို႕အခ်ိန္မရပဲ အခ်ိန္တိုအတြင္း သိုသိုသိပ္သိပ္ျပီးသြားၾကတယ္။ ဘာအသံမွမၾကားရေတာ႕ဘူး။
.
ဒီေနရာမွာဆက္စဥ္းစားၾကည္႕တယ္ .. ဦးေညာင္ခါးရွည္လုပ္သြားတာ မွန္ေနသလိုလိုပဲ။ မိဘေတြၾကီးမွည္႕အိုမင္းလာတဲ႕အခါ ေငြရွိရင္ရွိ မရွိရင္ မိဘပဲဒုကၡေရာက္တဲ႕ပံုစံေတြကုိ အခုေနာက္ပိုင္း ပိုေတြ႕လာရတယ္။ ျမန္မာႏိုင္ငံရဲ႕သက္ၾကီးပင္စင္အရလည္း အိုစာမင္းစာေလာက္ငွတဲ႕ပံုစံမရွိဘူး။ အရင္ေခတ္ကလူၾကီးေတြေျပာသလို ဦးေညာင္ခါးရွည္က ေငြထုတ္ကုိ ေခါင္းအံုးျပီးအိပ္သြားခဲ႕တာေပါ႕..။
.
.
အမွန္ကို ကြ်န္ေတာ္ မစဥ္းစားတတ္ေသးပါဘူး။ အခု ကုိယ္႕ဟာကိုယ္လည္း အိုတယ္လို႕ မခံစားမိေသးဘူး။ ဘာမဆို လူငယ္တစ္ေယာက္လုိ ေတြးေနတုန္းပဲ။ ဘယ္ဟာမဆုိ လူငယ္တစ္ေယာက္လို ေရးေနတုန္းပဲ။ ရွာခဲ႕သမွ် ေငြေတြ ဥစၥာေတြလည္း အတိတ္ဘဝက ဘယ္သူ႕ကိုမေကာင္းျပဳခဲ႕တဲ႕ကံကုိ အခုခံေနတယ္ မသိပါဘူး .. အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင္႕ မတည္ျမဲတာလည္း နည္းမွမနည္းပဲ။
.
ဦးေညာင္ခါးရွည္လို အိုရရင္ေကာင္းမလားလို႕ စေတြးၾကည္႕တယ္။ ကြ်န္ေတာ္ မၾကိဳက္ဘူး။ သားသမီးေတြက ကိုယ္႕ကိုျပဳစုခ်င္မွျပဳစုပါ .. စိတ္ထဲကမပါပဲ လုပ္ေနတာမ်ိဳးဆို ကြ်န္ေတာ္စားလို႕ဝင္မွာမဟုတ္ဘူး ထင္ပါတယ္။ ဒီလိုပဲ ကုိယ္႕အမ်ိဳးေတြ သူငယ္ခ်င္းေတြ ကြ်န္ေတာ႕နားမွာ ဝုိင္းဖြဲ႕ေနဖို႕ သူတုိ႕ၾကိဳက္တဲ႕အရာတစ္ခုခုနဲ႕ မဆြဲေဆာင္ခ်င္ဘူး .. ရွက္တယ္။
.
ကြ်န္ေတာ္တုိ႕သြားရမွာက ဘယ္သူမွေရွာင္လြဲလို႕မရတဲ႕ အားလံုးကိုထားခဲ႕ရမယ္႕လမ္း ..
ဘယ္သူ႕ကိုမွ အေဖာ္ေခၚသြားလုိ႕မရတဲ႕လမ္း ..
တရားသျဖင္႕ေရာ မတရားသျဖင္႕ေရာ ကိုယ္ရွာထားသမွ် ေရႊ၊ ေငြ၊ ဥစၥာ ဘာတစ္ခုမွ ယူသြားလုိ႕မရတဲ႕လမ္း ..
.
ဒီလမ္းကို ကြ်န္ေတာ္ ..
.
စိတ္ ခ်မ္းခ်မ္းသာသာ
ေအးျငိမ္းသက္သာ
ပညာေရွ႕ထားတဲ႕စိတ္ ပြားမ်ားကာ
အမ်ားေကာင္းက်ိဳး ျပဳရင္း
အပူအပင္ ကင္းကင္း
ျဖစ္ပ်က္သေဘာကို သိရင္း
တရားဓမၼေလး နဲ႕
တစ္ကိုယ္တည္း
မပင္မပန္း ျဖတ္သန္းသြားခ်င္ပါတယ္။
.
ခင္လ်က္
.
ကုိညီညီ ( ေတာင္ၾကီး )
.
07-17-2016
.
.
.
Unicode Version:
.
.
“ ကျွန်တော်တို့ဘယ်လို ‘ အို ’ ကြမလဲ? ”
.
ကမ္ဘာမြေပေါ်မှာ ဘယ်နေရာကိုသွားပုန်းပုန်း လောကနိယာမတစ်ခုရုဲ့လက်ကနေ ကျွန်တော်တို့ ပြေးလို့မလွတ်နိုင်ကြပါဘူး။ အဲဒါကတော့ မွေးဖွားခြင်းကနေ ပါလာတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ သန္ဓေဓါတ်ပဲ ဖြစ်ပါတယ်။
.
အမိဝမ်းကကျွတ်ကတည်းကိုက ဒီမျိုးစေ့ကို ဘယ်အရွယ်မှာ အညှောင့်ထွက်မယ်၊ ဘယ်အချိန်မှာ သန်မာကြီးထွားမယ်၊ ဘယ်ကာလမှာ ပိန်လှီကွေးလျလို့ ခြောက်နွမ်းရမယ်ဆိုတာ အချိန်ဇယားနဲ့အတိအကျမဟုတ်ပေမယ့် အချိန်ကိုက်ကြွေပျက်ဗုံးတစ်လုံးကို စနက်တံမဖြုတ်သေးပဲ ထည့်သွင်းပေးပြီးသားပါ။
.
.
ဒါကြောင့် ကြိုစားပမ်းစားရှာဖွေနေတဲ့ စည်းစိမ်၊ ဥစ္စာ၊ ဓန တို့ကို ထားခဲ့ရမယ်လို့ လူတကာ သိထားကြတယ်။ ဒါတွေကို မစွဲလမ်းရဘူးဆိုတဲ့ ဆုံးမသံကိုလည်း အမြဲလိုလို ကြားဖူးနေကြတယ်။ ကိုယ်ရထားပြီးတဲ့ ပိုင်ဆိုင်မှု အတုံးအခဲတွေကို ထိတွေ့ကိုင်တွယ်လို့မကျေနပ်နိုင်သေးပဲ အရည်မရ အဖတ်မရ သူတစ်ပါးရဲ့ ဥစ္စာတွေကို အစိုးမရ လိုချင်နေသေးတာက ပြသနာပါ။
.
နဂိုကတည်းက ပျက်ကိုပျက်ပါမယ်ဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ သယ်သွားလို့မရတဲ့ အတ္တအပိုတွေ ပိုပိုသာသာထမ်းပိုးထားတဲ့အခါ ငယ်ရွယ်သန်မာနေတုန်းကတော့ သိပ်အကြောင်းမဟုတ်ပေမယ့်  အိုမင်းမစွမ်းဖြစ်လာတဲ့အခါ မနိုင်မနင်း ထုတ်ပိုးသယ်ထမ်းထားရပါတော့တယ်။
.
.
ဒါကြောင့် ကျွန်တော်တို့ ဘယ်လိုအိုကြရင်ကောင်းမလဲ လို့ စဉ်းစားကြည့်မိတယ်။ အဖေမဆုံးခင်တုန်းက သူ့သူငယ်ချင်း တရုတ်အဖိုးကြီးတစ်ယောက်အကြောင်း ပြောပြမယ်။ သူ့နာမည်ကို အဓိကမဖော်ပြလိုပေမယ့် ကြီးပွားခဲ့တဲ့နေရာကိုအစွဲပြုပြီး သူ့ကို “ ဦးညောင်ခါးရှည် ” လို့ ခေါ်ကြတယ်။ တရုတ်ပြည်ကသိပ်ဆင်းရဲတဲ့အခါ မြန်မာနိုင်ငံဘက်ခိုလှုံလာသူတွေထဲမှာ သူလည်းအပါအဝင်ပေါ့။
.
အဲဒီတုန်းက မြန်မာနိုင်ငံလွတ်လပ်ရေးရခါစဆိုတော့ လုပ်စားကိုင်စားဖို့လွယ်ကူလှပြီး အရင်းအနှီးသိပ်အများကြီးမလိုတဲ့ခေတ်လို့ သိရတယ်။ ခပ်တိုတိုပြောရရင် ဦးညောင်ခါးရှည်ဟာ ငွေရဖို့ဆို ဘာမဆိုလုပ်တယ်။ အစိုးရအရာရှိတွေဆိုလည်း သူပေါင်းသင်းတတ်တယ်။ နောက်ဆုံး စီးပွားရေးလုပ်လို့ အရှုံးပေါ်တဲ့အခါမျိုးမှာလည်း သူ သေနတ်ထုတ်ပြီးဖြေရှင်းတတ်တယ်။
.
.
ကုန်သည်ဖြစ်တာမို့လို့ ကြိုရောင်း ကြိုဝယ် ပတ်ကားအရောင်းအဝယ်တွေမှာ ဦးညောင်ခါးရှည်ဟာ နာမည်ကြီးတယ်။ သူဝယ်ထားတာဈေးတက်သွားရင် အကြောင်းမဟုတ်ပေမယ့် သူရောင်းထားတာဈေးတက်သွားရင် သူက ပစ္စည်းမအပ်ဘူး။ ဒီတော့ သူ့နားကငွေကြိုပေးထားတဲ့သူက အရင်းသာပြန်ရတယ် အမြတ်တော့မရလိုက်ဘူးဆိုတဲ့ဇာတ်လမ်းတွေ ရှိဖူးတယ်။
.
ဒီလိုတွေ ဗိုလ်ကျပြီးစီးပွားရေးလုပ်ပေမယ့် သူနဲ့ပြတ်လို့မရတဲ့သူတွေက ရှိသေးတယ်။ သူတို့တစ်တွေက လယ်စိုက်ဖို့၊ ကြံစိုက်ဖို့ ငွေရင်းမရှိတဲ့တောင်သူတွေပါပဲ။ သူတို့အပေါ်ကျတော့ ဦးညောင်ခါးရှည်က ကောင်းတယ်။ ငွေကြိုထုတ်ပေးတယ်၊ ပစ္စည်းရရင် ရာသီကုန်ပေါ်ရင် သူ့ကို အောက်ဈေးနဲ့ရောင်းပေး .. ဒါပဲ..။
.
.
ဦးညောင်ခါးရှည်က မြန်မာစကားသာမကြွယ်တာ စကားပြောတဲ့အခါ တံတွေးတော်တော်စင်တယ်။ ဒါကြောင့်လည်း သူ့ပါးစပ်ကနေ မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာပေမယ့် လူတွေက ရယ်စရာအနေနဲ့ခွင့်လွှတ်ကြတယ်။ အဲဒီထဲမှာ အခွင့်လွှတ်နိုင်ဆုံး လူသား ( ၃ ) ဦး ကတော့ သူယူခဲ့တဲ့ မိန်းမ ( ၃ ) ယောက်ပါပဲ။
.
ပထမမိန်းမက သားတစ်ယောက်ကြီးမြောက်အောင်မွေးပေးပြီး ရောဂါနဲ့ အပြီးနှုတ်ဆက်သွားတယ်။ ဒုတိယအိမ်ထောင်ကျတော့ ဘယ်ရမလဲ .. ဦးညောင်ခါးရှည်က ကလေးတွေယူလိုက်တာ ( ၈:ဝ ) ဖြစ်သွားတယ်။ သားသမီးတွေ အားလုံးအဖတ်တင်တယ်။ အားလုံး ကျောင်းတွေ ဘာတွေ ပြီးတယ်။ စီးပွားရေးလိုင်းထဲမှာ သူ့သားသမီးတွေက နေရာရတယ်။ သူ့လိုပဲ ဗိုလ်ကျပြီးလုပ်စားတဲ့သူတွေ တစ်ယောက်နှစ်ယောက်ပါလာတယ်။
.
.
ဒီမိန်းမလည်း သားသမီးတွေကြီးပြင်းလို့ အိုမယ်ကြံတုန်း လောကကြီးကိုစွန့်ခွာသွားပြန်တယ်။ ဒီတော့ အဘိုးကြီးအရွယ်ရောက်နေတဲ့ ဦးညောင်ခါးရှည်ဟာ အိုရေး နာရေးအတွက်ဆိုပြီး ကလေးပါတဲ့မိန်းမတစ်ယောက်ကို ယူပြန်တယ်။ ဒီအခါမှာ သူ့သားသမီးတွေက မတားတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ထဲကတစ်ယောက်မှ အဖေနားသွားမနေနိုင်ဘူးလေ .. သူတို့အဖေက တစ်ချိန်လုံး ကလော်တုတ်နေတာဆိုတော့ ပိုဆိုးတယ်။
.
ဒါပေမယ့် သူတို့အားလုံးက အဖေ့နားကမျှော်လင့်နေတာတစ်ခုရှိတယ် .. အမွေ ..။ ဦးညောင်ခါးရှည်ရှာထားတဲ့ပစ္စည်းဥစ္စာတွေက နည်းမှမနည်းတာ။ ရန်ကုန်၊ မိတ္တီလာ၊ တောင်ကြီး၊ အေးသာယာ နေရာတွေမှာ အိမ်တွေ ခြံတွေ စက်ရုံတွေနဲ့ အကွက်တွေမှ အများကြီး..။ ဘဏ်ထဲကငွေတွေကလည်း အားလုံးသူ့နာမယ်နဲ့ချည်းပဲ။
.
.
ဒီတော့ သားသမီးတွေက အဖေ အသက် ( ၇ဝ ) နားကပ်လာတဲ့အချိန် အသိအဖိုးကြီးတွေကနေတစ်ဆင့် နားဖောက်တယ်။ အခုလို အဖေသန်သန်မာမာရှိတုန်း ဘယ်ဥစ္စာကို ဘယ်သူ့ကိုပေးခဲ့မယ်ဆိုတာ စီစဉ်ခဲ့ပါလား တဲ့။ ဒါကို ဦးညောင်ခါးရှည်က မကြားဘူး မဟုတ်ဘူး .. ကြားတယ်။ တစ်ခွန်းထဲပြန်ပြောလိုက်တယ် .. “ ငါသေမှ ရမယ် ” တဲ့..။ သူ့သားသမီးတွေအကြောင်း သူသိတယ်လေ။
.
ဒီလိုနဲ့ နောက်ဆုံးမိန်းမ နဲ့ ပါလာတဲ့ကလေးတွေကို အဖွားကြီးကဂျီချလွန်းလို့ အိမ်ကြီးတစ်လုံးပေးလိုက်တယ်။ သူ့ကိုလည်း ဟိုက အနစ်နာခံပေါင်းသင်းပြီး ပြုစုခဲ့တာ နှစ်မှမနည်းတော့တာပဲလေ။ ပထမဦးဆုံးအိမ်ထောင်နဲ့ရခဲ့တဲ့သားကြီးကိုလည်း ငွေတန်ဖိုးရှိတဲ့ခေတ်တုန်းက အရင်းအနှီးနည်းနည်းပါးပါးပေးပြီး စောစောခွဲပေးလိုက်တယ်။ ဒါဆို သူသေရင် အလယ်အိမ်ထောင်နဲ့ရတဲ့သားသမီးတွေပဲ စာရင်းတွေခွဲရတော့မယ့်ပုံစံဖြစ်လာတယ်။
.
.
တစ်ရက်တော့ နယ်မှာ သူနဲ့အလုပ်တွဲလုပ်တဲ့သားသမီးတွေနဲ့နေတုန်း အစောင့်အလုပ်သမားက အဖိုးကြီးတစ်ယောက်တည်းရှိတဲ့အချိန် ခေါင်းကိုဖြတ်ရိုက် တစ်ကိုယ်လုံးကြိုးတုတ်ပြီး အနုကြမ်းစီးတယ်။ ဦးညောင်ခါးရှည်လည်း တော်တော်နာကျင်သွားပြီး သားသမီးတွေက မဖြစ်ချေဘူး ဆိုပြီး လူခြေရှိတဲ့မြို့ကိုပြောင်းခိုင်းတယ်။
.
အဲဒါနဲ့ အေးတဲ့မြို့မှာ မနေပဲ ရန်ကုန်မှာ သူ့တိုက်ခန်းသူရှိတာတောင် သားသမီးနဲ့တွဲမနေချင်လို့ဆိုပြီး သီးသန့်တိုက်ခန်း ငှားနေတယ်။ သူ့ရှိတဲ့ငွေတွေအားလုံးကို အနီးအနားကဘဏ်မှာ အကုန်အပ်ထားတယ်။ စားတယ် .. သောက်တယ် .. ဆေးကုတယ် .. သူငယ်ချင်းအဖိုးကြီးတွေနဲ့စကားပြောတယ်။ ဒါ သူနေ့စဉ်လုပ်တဲ့ လုပ်ငန်းစဉ်ပဲ။
.
.
ဒီကြားထဲ သူ့သားသမီးဘယ်ယောက်က အရင်းအနှီးလိုလို့ ငွေထုတ်ပေးပါဆိုရင် ငွေတိုးယူပြီးမှ ငွေချေးတယ်။ အတိုးကလည်း မပေါဘူး။ အချိန်တန်လို့ ပြန်ဆပ်မှ နောက်တစ်ခေါက်ချေးဖို့စဉ်းစားမယ် .. ပြတ်ပြတ်ပဲ။ အမွေဆိုပြီးလာတောင်းလို့ဘာမှရမှာမဟုတ်ဘူးလို့ သူက ခပ်ရှင်းရှင်းပြောပြီးသား။
.
ဒါနဲ့ သူ့နားမှာ သားသမီးတွေကပြတ်တယ်ရယ်လို့မရှိဘူး။ အကြီး၊ အငယ္၊ အလတ် .. သူ့အိမ်ကို ဝင်လိုက် ထွက်လိုက်နဲ့ အဖိုးကြီးက ဇိမ်ကျနေတယ်။ သူလည်းပြောတယ်လေ .. မသေခင်သာ အမွေခွဲပေးလိုက်ရင် အခု ငါ ငတ်ပြီ တဲ့။ သူ့ငွေကို သူမနှမြောဘူး .. မတွန့်တိုဘူး .. အကုန်သုံးတယ်။ ပျင်းရင် ခွေဆက်ကြည့်တယ်။ စိတ်ပါရင် သူငယ်ချင်းတွေခေါ်ပြီး ဖဲခေါ်ရိုက်တယ်။ မသေခင် ကောင်းကောင်းခံစားသွားရမှာလို့လည်း သူအမြဲပြောတယ်။
.
.
နောက်ဆုံး ဦးညောင်ခါးရှည်ကွယ်လွန်တော့ သားသမီးတွေ အမွေခွဲကြတယ်။ တရားဥပဒေအရ သေတမ်းစာရေးခွင့်မရှိတဲ့အခါ အညီအမျှရကြတယ်။ အားလုံး သူ ပိုရတယ် ငါ အရနည်းတယ် .. စကားများဖို့အချိန်မရပဲ အချိန်တိုအတွင်း သိုသိုသိပ်သိပ်ပြီးသွားကြတယ်။ ဘာအသံမှမကြားရတော့ဘူး။
.
ဒီနေရာမှာဆက်စဉ်းစားကြည့်တယ် .. ဦးညောင်ခါးရှည်လုပ်သွားတာ မှန်နေသလိုလိုပဲ။ မိဘတွေကြီးမှည့်အိုမင်းလာတဲ့အခါ ငွေရှိရင်ရှိ မရှိရင် မိဘပဲဒုက္ခရောက်တဲ့ပုံစံတွေကို အခုနောက်ပိုင်း ပိုတွေ့လာရတယ်။ မြန်မာနိုင်ငံရဲ့သက်ကြီးပင်စင်အရလည်း အိုစာမင်းစာလောက်ငှတဲ့ပုံစံမရှိဘူး။ အရင်ခေတ်ကလူကြီးတွေပြောသလို ဦးညောင်ခါးရှည်က ငွေထုတ်ကို ခေါင်းအုံးပြီးအိပ်သွားခဲ့တာပေါ့..။
.
.
အမှန်ကို ကျွန်တော် မစဉ်းစားတတ်သေးပါဘူး။ အခု ကိုယ့်ဟာကိုယ်လည်း အိုတယ်လို့ မခံစားမိသေးဘူး။ ဘာမဆို လူငယ်တစ်ယောက်လို တွေးနေတုန်းပဲ။ ဘယ်ဟာမဆို လူငယ်တစ်ယောက်လို ရေးနေတုန်းပဲ။ ရှာခဲ့သမျှ ငွေတွေ ဥစ္စာတွေလည်း အတိတ်ဘဝက ဘယ်သူ့ကိုမကောင်းပြုခဲ့တဲ့ကံကို အခုခံနေတယ် မသိပါဘူး .. အကြောင်းအမျိုးမျိုးကြောင့် မတည်မြဲတာလည်း နည်းမှမနည်းပဲ။
.
ဦးညောင်ခါးရှည်လို အိုရရင်ကောင်းမလားလို့ စတွေးကြည့်တယ်။ ကျွန်တော် မကြိုက်ဘူး။ သားသမီးတွေက ကိုယ့်ကိုပြုစုချင်မှပြုစုပါ .. စိတ်ထဲကမပါပဲ လုပ်နေတာမျိုးဆို ကျွန်တော်စားလို့ဝင်မှာမဟုတ်ဘူး ထင်ပါတယ်။ ဒီလိုပဲ ကိုယ့်အမျိုးတွေ သူငယ်ချင်းတွေ ကျွန်တော့နားမှာ ဝိုင်းဖွဲ့နေဖို့ သူတို့ကြိုက်တဲ့အရာတစ်ခုခုနဲ့ မဆွဲဆောင်ချင်ဘူး .. ရှက်တယ်။
.
ကျွန်တော်တို့သွားရမှာက ဘယ်သူမှရှောင်လွဲလို့မရတဲ့ အားလုံးကိုထားခဲ့ရမယ့်လမ်း ..
ဘယ်သူ့ကိုမှ အဖော်ခေါ်သွားလို့မရတဲ့လမ်း ..
တရားသဖြင့်ရော မတရားသဖြင့်ရော ကိုယ်ရှာထားသမျှ ရွှေ၊ ငွေ၊ ဥစ္စာ ဘာတစ်ခုမှ ယူသွားလို့မရတဲ့လမ်း ..
.
ဒီလမ်းကို ကျွန်တော် ..
.
စိတ် ချမ်းချမ်းသာသာ
အေးငြိမ်းသက်သာ
ပညာရှေ့ထားတဲ့စိတ် ပွားများကာ
အများကောင်းကျိုး ပြုရင်း
အပူအပင် ကင်းကင်း
ဖြစ်ပျက်သဘောကို သိရင်း
တရားဓမ္မလေး နဲ့
တစ်ကိုယ်တည်း
မပင်မပန်း ဖြတ်သန်းသွားချင်ပါတယ်။
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
.
07-17-2016


No comments: