ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, January 24, 2020

ကိုယ်ဝန်ဆောင်ခရီးသွားဗီဆာကြပ်ပြီ

ဆောင်းပါးရှင် - ကိုညီညီ (‌တောင်ကြီး)

          အမေရိကားကိုလာနိုင်တဲ့ပြည်ဝင်ခွင့်တွေထဲမှာ ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်ထုတ်ပေးတဲ့ဗီဆာဆိုတာမရှိပါဘူး။ ဒါပေမဲ့ အလည်အပတ်ဗီဆာကိုင်ထားပြီးခရီးသွားတဲ့ကိုယ်ဝန်ဆောင်တွေဟာ အမေရိကန်နိုင်ငံထဲမှာ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို ဒီသတင်းတိုလေးနဲ့အတူရှင်းပြသွားပါမယ်။

          အမေရိကန်သမ္မတရဲ့လက်ရှိအလုပ်ချင်ဆုံးကိစ္စတွေထဲမှာ အမေရိကားကိုဝင်ရောက်လာမယ့်ဗီဆာတွေကိုသေသေချာချာစိစစ်ဖို့အတွက်တော်တော်လေးအာရုံစိုက်နေပါတယ်။ နောက်ဆုံးကြားသိရတဲ့တားမြစ်ချက်ထဲမှာ "ကိုယ်ဝန်ဆောင်ခရီးသွား” တွေအလည်အပတ်ဝင်ရောက်လာမယ့်ဗီဆာကိုတင်းကြပ်ဖို့ပါဝင်နေပါတယ်။

          ရှင်းအောင်ပြောပြရရင် ဗီဆာရထားသူကိုယ်ဝန်ဆောင်မိခင်က အမေရိကန်မြေပေါ်မှာ ကလေး‌မွေးတဲ့အခါ မွေးလာတဲ့ကလေးက မွေးရာပါအခွင့်အရေး-Birthright Citizenship အရ အလိုလိုအမေရိကန်နိုင်ငံသားဖြစ်လာပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး မိမိရဲ့သားသမီးကိုအမေရိကန်နိုင်ငံသားဖြစ်အောင်လုပ်ဆောင်တဲ့ဝန်ဆောင်မှုဟာ အမေရိကား နဲ့ ပြင်ပကမ္ဘာတွေမှာ ဒေါ်လာသန်းနဲ့ချီတဲ့စီးပွားရေးကြီးဖြစ်နေတာပါ။

          မွေးပြီးတဲ့‌ကလေးကိုထားခဲ့တဲ့ "Birth Tourism" ကြီးထွားလာတဲ့နောက် ရုရှားကိုယ်ဝန်ဆောင်‌တွေ နဲ့ တရုတ်ကိုယ်ဝန်ဆောင်တွေကို သမ္မတထရမ့် အိမ်ဖြူတော်မှာရုံးခန်းမထိုင်ခင်ကတည်းကနှိမ်နင်းလာခဲ့တာ အမေရိကန်သံရုံးတွေနဲ့ လ.ဝ.က က နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်သလားဆိုတော့ . . မကိုင်တွယ်နိုင်ပါဘူး။ တားမြစ်သူက တားမြဲ၊ လာတဲ့သူက လာမြဲ၊ မွေးတဲ့သူက မွေးမြဲ ဖြစ်နေပါတယ်။

ရင်ခုန်သံချင်းထပ်တူ

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)


          အဖေ နဲ့ သမီး ရင်ခုန်သံချင်းတူတယ်ဆိုရင် ယုံပါ့မလား။ အဖေ က အမေကိုတွေ့ ရင်ခုန်သံချင်းထပ်တူ။ အမေ က အဖေ့ကိုချစ် ရင်ခုန်သံချင်းထပ်တူ။ အမေ က သမီးကိုမွေး ရင်ခုန်သံချင်းထပ်တူ။ မောင်လေးက အစ်မကိုလေးစား ရင်ခုန်သံချင်းထပ်တူ။

          ကျွန်တော်တို့အားလုံးဟာ လောကထဲကိုအချိန်အတိုင်းအတာတစ်ခုအထိ အလည်လာခဲ့ကြတာပါ။ ဘယ်တုန်းကပြုခဲ့တဲ့ကံတွေကြောင့် ဒီဘဝရဲ့ ဒီရေစက်မှာပေါင်းဆက်ပြီး အိမ်သူနဲ့ဆို ဇနီးမယားအဖြစ်ပေါင်းဆုံရတယ်။ သမီး၊ သား နဲ့ကျတော့ ရင်နှစ်သည်းချာအဖြစ် ရင်ခုန်သံချင်းထပ်တူကျရတယ်။

         သမီးအကြောင်း ကျွန်တော့စာတွေမှာသိပ်ရေးလေ့မရှိဘူး။ သူ့ရဲ့အမူအကျင့်တွေကို လူသိအောင် ကျွန်တော်ရေးပြလေ့သိပ်မရှိဘူး။ ဒီနေ့ သူ့မွေးနေ့မှာတော့ သမီးအကြောင်းရေးဖို့စိတ်ကူးရလာခဲ့ပါပြီ။

          ကျွန်တော်ဟာ ငယ်ငယ်ကတည်းကမလုပ်ချင်တာတွေအများကြီးလုပ်ခဲ့ရတယ်။ သမီးကိုပျိုးထောင်တဲ့အချိန်မှာ သူမလုပ်ချင်တာဆိုရင် ကျွန်တော်အတင်းကြီးမလုပ်ခိုင်းဘူး။ အခု ကျွန်တော်မလုပ်ချင်တာကိုမလုပ်ပဲနေခွင့်ရတဲ့အချိန် သမီးနဲ့ရင်ခုန်သံချင်းထပ်တူကျလာပါပြီ။

          ကျွန်တော်ဟာ ငယ်ငယ်ကတည်းကလုပ်ချင်တဲ့တစ်ခုခုဆို မရရအောင်လုပ်တယ်။ မဖြစ်မနေလုပ်တယ်။ စားမေးပွဲတွေမှာတော့ အားမသန်လို့မာန်လျှော့ခဲ့ရတာလွဲရင် လုပ်ချင်တာကိုလုပ်ခွင့်ရခဲ့တာချည်းပဲ။