ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, October 29, 2016

ေတာင္ၾကီးျမိဳ႕ရဲ႕အသက္ရွဴသံ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )

“ ေတာင္ၾကီးျမိဳ႕ရဲ႕အသက္ရွဴသံ ”
.
ေတာင္ၾကီးက မၾကာခဏ ေဆးရံုတက္ရတာခင္ဗ် ..။
.
ဘာေၾကာင္႕ ကြ်န္ေတာ္ဒီလိုေျပာရတာလဲဆုိေတာ႕
ဒီကိုျပန္လာျဖစ္တဲ႕ ( ၇ ) ႏွစ္ရဲ႕ ( ၄ ) ၾကိမ္အတြင္း
ပထမဦးဆံုးတစ္ေခါက္
တပ္မေတာ္ေဆးရံုမွာ
ေတာင္ၾကီး ကို
မိဂသီဒဏ္ေၾကလိမ္းေဆးဗူးနဲ႕
သြားေတြ႕ရဖူးတယ္။
.
.
ကဲ .. ေနာက္တစ္ေခါက္က်ေတာ႕ေရာ
မူးယစ္ေဆးျဖတ္ေဆးရံုမွာ
တံခါးေစာင္႕ဆုေၾကးအဖိုးၾကီးကို
လာဘ္ထုိးျပီး ဝင္ေတြ႕ရသဗ်။
.
အေရွ႕တစ္ေခါက္က်ျပန္ေတာ႕
ကန္ထရုိက္မင္းေတြစုတက္ေနတဲ႕
ေဆးရံုရဲ႕အခန္းေထာင္႕မွာ
ညည္းညဴနာက်င္ေနတဲ႕ ေတာင္ၾကီးကို
ခင္ဗ်ားတုိ႕ကုိ ျမင္စမ္းၾကည္႕ေစခ်င္တယ္။
.
.
ဒီတစ္ေခါက္ေတာ႕ .. ဟဲဟဲ ..
နည္းနည္းနလံထူလာသလိုထင္ရတဲ႕ေတာင္ၾကီးဟာ
သူရခဲ႕တဲ႕ နာတာရွည္အနာကြက္ေတြကိုကုတ္ဖဲ႕ရင္း
စူဠာမုနိဘုရားရဲ႕ေရွ႕မွာ
ေလာင္းကစားတန္ေဆာင္တုိင္ပြဲကို
အရက္ေသစာကန္ေတာ႕ပြဲနဲ႕
ေမွ်ာ္ေနေလရဲ႕..။
.
ေကာင္းဦးမယ္ .. ေကာင္းဦးမယ္ ..
ေတာင္ၾကီးျမိဳ႕ၾကီးရဲ႕
က်န္းမာေရးၾကီး
ျပန္ေကာင္းဦးမယ္ .. ေစာင္႕ေန ..။
.
.
အရင္
ေတာင္ၾကီးရဲ႕ရင္ခုန္သံက “ ဒိန္းတပ္တပ္ … ဒိန္းတပ္တပ္ ”
.
အခု ေတာင္ၾကီးရဲ႕အသက္ရွဴသံက
ဆုိင္ကယ္ပါကင္စလစ္ျပားၾကီးေအာက္က
ေရေျမာင္းၾကီးရဲ႕
ေရပုပ္ေရမည္း
စီးဆင္းသံေလာက္ေတာင္
မၾကားရေတာ႕ပါလား…!
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
ေတာင္ၾကီးျမိဳ႕
.
10-30-2016
.
.
.
Unicode Version:
.
.
“ တောင်ကြီးမြို့ရဲ့အသက်ရှူသံ ”
.
တောင်ကြီးက မကြာခဏ ဆေးရုံတက်ရတာခင်ဗျ ..။
.
ဘာကြောင့် ကျွန်တော်ဒီလိုပြောရတာလဲဆိုတော့
ဒီကိုပြန်လာဖြစ်တဲ့ ( ၇ ) နှစ်အတွင်း ( ၄ ) ကြိမ်မြောက်မှာ
ပထမဦးဆုံးတစ်ခေါက်
တပ်မတော်ဆေးရုံမှာ
တောင်ကြီး ကို
မိဂသီဒဏ်ကြေလိမ်းဆေးဗူးနဲ့
သွားတွေ့ရဖူးတယ်။
.
.
ကဲ .. နောက်တစ်ခေါက်ကျတော့ရော
မူးယစ်ဆေးဖြတ်ဆေးရုံမှာ
တံခါးစောင့်ဆုကြေးအဖိုးကြီးကို
လာဘ်ထိုးပြီး ဝင်တွေ့ရသဗျ။
.
အရှေ့တစ်ခေါက်ကျပြန်တော့
ကန်ထရိုက်မင်းတွေစုတက်နေတဲ့
ဆေးရုံရဲ့အခန်းထောင့်မှာ
ညည်းညူနာကျင်နေတဲ့ တောင်ကြီးကို
ခင်ဗျားတို့ကို မြင်စမ်းကြည့်စေချင်တယ်။
.
.
ဒီတစ်ခေါက်တော့ .. ဟဲဟဲ ..
နည်းနည်းနလံထူလာသလိုထင်ရတဲ့တောင်ကြီးဟာ
သူရခဲ့တဲ့ နာတာရှည်အနာကွက်တွေကိုကုတ်ဖဲ့ရင်း
စူဠာမုနိဘုရားရဲ့ရှေ့မှာ
လောင်းကစားတန်ဆောင်တိုင်ပွဲကို
အရက်သေစာကန်တော့ပွဲနဲ့
မျှော်နေလေရဲ့..။
.
ကောင်းဦးမယ် .. ကောင်းဦးမယ် ..
တောင်ကြီးမြို့ကြီးရဲ့
ကျန်းမာရေးကြီး
ပြန်ကောင်းဦးမယ် .. စောင့်နေ ..။
.
.
အရင်
တောင်ကြီးရဲ့ရင်ခုန်သံက “ ဒိန်းတပ်တပ် … ဒိန်းတပ်တပ် ”
.
အခု တောင်ကြီးရဲ့အသက်ရှူသံက
ဆိုင်ကယ်ပါကင်စလစ်ပြားကြီးအောက်က
ရေမြောင်းကြီးရဲ့
ရေပုပ်ရေမည်း
စီးဆင်းသံလောက်တောင်
မကြားရတော့ပါလား!
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
တောင်ကြီးမြို့
.
10-30-2016




No comments: