ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, October 16, 2015

အမွန္အတိုင္း .. ေျဖပါ

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
မွန္အေၾကာင္းစဥ္းစားခ်င္တာေတာ႕မဟုတ္ဘူး .. ကားအေၾကာင္းစဥ္းစားေနတာ။ ခက္တာက ကားက စဥ္းစားစရာမလိုတဲ႕ ဦးေႏွာက္ေသးေသးေလး - Auto Pilot နဲ႕ အျမဲေမာင္းေနေတာ႕ သတိထားေစခိုင္းစရာမလိုေတာ႕ဘူးေလ။
.
ေလတားမွန္ - Windshield ကေန ကားေရွ႕က ကတၱရာလမ္းကိုျမင္ရတယ္။
ေနာက္ၾကည္႕မွန္ကေန ကိုယ္႕ေနာက္ကပ္လ်က္လုိက္လာတဲ႕ယာဥ္ေတြကိုျမင္ရတယ္။
ဘယ္ဘက္ေနာက္ၾကည္႕မွန္ကေန ကုိယ္႕ကိုေက်ာ္တက္သြားမယ္႕ကားေတြကိုျမင္ရတယ္။
ေဟာ .. အခု ညာဘက္ေနာက္ၾကည္႕မွန္ကေန ကိုယ္ထားခဲ႕မယ္႕အရာေတြကုိျမင္ရတယ္ေလ။
.
အဲဒီထဲမွာ လူေတြသိပ္သတိမထားမိတဲ႕ ေခါင္းေစာင္းလွည္႕ၾကည္႕ရတဲ႕ မွန္ေတြက ရွိေသးတယ္။ အေနာက္ပါဆင္ဂ်ာထုိင္ခံုေဘးကမွန္ ( ၂ ) ခ်ပ္ ကိုေျပာတာ။ ႏုိင္ငံတစ္ခ်ိဳ႕မွာ ဒီမွန္ေတြကေန “ မျမင္ရတဲ႕အကြက္ - Blind Spot ” ကို မစစ္ေဆးတတ္ရင္ ယာဥ္ေမာင္းလုိင္စင္ မထုတ္ေပးဘူး။
ဒီမွန္ေတြကေန ကြ်န္ေတာ္တုိ႕အမွန္တရားကိုဘယ္လိုရွာမလဲ .. ဆက္ေတြးၾကည္႕မိတယ္..။
.
.
ကြ်န္ေတာ္တုိ႕အတၱကိုေအာင္ႏုိင္ဖုိ႕ ေလတားမွန္ကေန အေရွ႕ကိုၾကည္႕တယ္ .. အနာဂါတ္ကိုၾကည္႕တယ္။ အဲဒီအမွန္တရားဆိုတာၾကီးကိုမျမင္ပဲ “  မွန္ ” ကုိ ေက်ာ္ၾကည္႕တယ္။ ေန႕တုိင္းရွိေနမွန္းသိေပမယ္႕ ဒီမွန္ရွိတယ္လို႕ ဘယ္သူမွမထင္ဘူး။ တစ္ခါတစ္ေလ ေကာင္းကင္က ငွက္ေခ်းပါခ်ေတာ႕ မွန္ေပၚကအကြက္ၾကီးကိုျမင္မွ မွန္ရွိမွန္းသတိထားမိတယ္။ ဒါေတာင္ ဒီအမွန္တရားကို ရွင္းရွင္းလင္းလင္းျမင္ရဖို႕ ကားေပၚကဆင္းျပီးသန္႕ရွင္းေရးမလုပ္ခ်င္ဘူး။

.
.
ဘယ္ဘက္ေနာက္ၾကည္႕မွန္က ကုိယ္႕ကိုဘယ္သူေက်ာ္တက္မလဲဆိုတာကို အျမဲစိုးရိမ္ေနပံုပဲ။ ဒါေၾကာင္႕ သူ႕ကိုအျမဲ လွည္႕ၾကည္႕လွည္႕ၾကည္႕လုပ္ေနရတယ္။ ကုိယ္႕ရထားတဲ႕ အျမန္ႏႈန္းကို သူတစ္ပါးေက်ာသြားမွာ မလုိလားဘူး။ အရွိန္မ်ားလို႕ ဒါမွမဟုတ္ သူ႕ကားသူေကာင္းေကာင္းထိန္းေက်ာင္းႏုိင္လို႕ ကိုယ္႕ကားကုိေက်ာ္သြားမွာကို မေနသိထုိင္မသာ အဘိဇၨာပြားျပီး ဒီမွန္ကုိ အျမဲၾကည္႕မိၾကတယ္။ အဲဒီေတာ႕ အဆုိပါမွန္ကေပးတဲ႕ အမွန္တရားဆိုတာ ဘယ္လုိယံုၾကည္ရမွာလဲ?
.
.
ကြ်န္ေတာ္တုိ႕ရဲ႕ဘဝကားေလး အရွိန္ေကာင္းလာေတာ႕ တစ္ျခားကားေတြကုိျဖတ္တက္ၾကတယ္။ လမ္းေတြ၊ ဆိုင္ေတြ၊ အိမ္ေတြ၊ အေဆာက္အဦေတြကိုထားခဲ႕ျပီး ေက်ာ္တက္ၾကတယ္။ စီးပြားျပိဳင္ဘက္ကိုလည္း ေက်ာ္တက္တာပဲ။ မခ်စ္မႏွစ္သက္ေသာသူကိုလည္း ထားခဲ႕တာပဲ။ ပစၥည္းဥစၥာ နဲ႕ ဂုဏ္ပကာသနေတြကုိလည္း ထားရစ္ခဲ႕ရတာပါပဲ။
.
ဒီအရာေတြကုိေတာ႕ ကြ်န္ေတာ္တုိ႕က ညာဘက္ေနာက္ၾကည္႕မွန္နဲ႕ Check တယ္။ သုိ႕႔ေပမယ္႕ ေနာက္လွည္႕မၾကည္႕ဘူး .. ေစာင္းငဲ႕မၾကည္႕ဘူး .. မွန္ထဲကတစ္ဆင္႕ပဲၾကည္႕တယ္။ တစ္နည္းအားျဖင္႕ တစ္ဆင္႕ခံအမွန္တရားနဲ႕ပဲေက်နပ္ေနၾကတယ္။
.
ပိုဆိုးတာက မွန္မွာေရးထားတဲ႕စာကို မျမင္္ၾကဘူး။ တိုက္ရုိက္အဓိပၸာယ္ျပန္ရင္ေတာ႕ “ မွန္ထဲမွအရာဝတၱဳမ်ားသည္ ျမင္ေနရာထက္ပိုနီးကပ္ပါသည္ - Objects In Mirror Are Closer Than They Appear ” လို႕ ဆုိတယ္။
.
.
ဒါေၾကာင္႕ ဒီစာစုေလးကုိ ေမးခြန္းေလးတစ္ခုနဲ႕ပဲ အဆံုးသတ္ခ်င္မိတယ္ ..
.
“ မိတ္ေဆြတို႕ရဲ႕ဘဝေတြမွာ ဘယ္လိုအရာဝတၱဳေတြနဲ႕အေတာ္နီးကပ္ေနပါျပီလဲ ? ”  .. အမွန္အတုိင္္း ေျဖပါ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
10-16-2015
.
.
.
Myanmar Unicode Version:
.
.
“  အမှန်အတိုင်း .. ဖြေပါ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
မှန်အကြောင်းစဉ်းစားချင်တာတော့မဟုတ်ဘူး .. ကားအကြောင်းစဉ်းစားနေတာ။ ခက်တာက ကားက စဉ်းစားစရာမလိုတဲ့ ဦးနှောက်သေးသေးလေး - Auto Pilot နဲ့ အမြဲမောင်းနေတော့ သတိထားစေခိုင်းစရာမလိုတော့ဘူးလေ။
.
လေတားမှန် - Windshield ကနေ ကားရှေ့က ကတ္တရာလမ်းကိုမြင်ရတယ်။
နောက်ကြည့်မှန်ကနေ ကိုယ့်နောက်ကပ်လျက်လိုက်လာတဲ့ယာဉ်တွေကိုမြင်ရတယ်။
ဘယ်ဘက်နောက်ကြည့်မှန်ကနေ ကိုယ့်ကိုကျော်တက်သွားမယ့်ကားတွေကိုမြင်ရတယ်။
ဟော .. အခု ညာဘက်နောက်ကြည့်မှန်ကနေ ကိုယ်ထားခဲ့မယ့်အရာတွေကိုမြင်ရတယ်လေ။
.
အဲဒီထဲမှာ လူတွေသိပ်သတိမထားမိတဲ့ ခေါင်းစောင်းလှည့်ကြည့်ရတဲ့ မှန်တွေက ရှိသေးတယ်။ အနောက်ပါဆင်ဂျာထိုင်ခုံဘေးကမှန် ( ၂ ) ချပ် ကိုပြောတာ။ နိုင်ငံတစ်ချို့မှာ ဒီမှန်တွေကနေ “ မမြင်ရတဲ့အကွက် - Blind Spot ” ကို မစစ်ဆေးတတ်ရင် ယာဉ်မောင်းလိုင်စင် မထုတ်ပေးဘူး။
ဒီမှန်တွေကနေ ကျွန်တော်တို့အမှန်တရားကိုဘယ်လိုရှာမလဲ .. ဆက်တွေးကြည့်မိတယ်..။
.
.
ကျွန်တော်တို့အတ္တကိုအောင်နိုင်ဖို့ လေတားမှန်ကနေ အရှေ့ကိုကြည့်တယ် .. အနာဂါတ်ကိုကြည့်တယ်။ အဲဒီအမှန်တရားဆိုတာကြီးကိုမမြင်ပဲ “  မှန် ” ကို ကျော်ကြည့်တယ်။ နေ့တိုင်းရှိနေမှန်းသိပေမယ့် ဒီမှန်ရှိတယ်လို့ ဘယ်သူမှမထင်ဘူး။ တစ်ခါတစ်လေ ကောင်းကင်က ငှက်ချေးပါချတော့ မှန်ပေါ်ကအကွက်ကြီးကိုမြင်မှ မှန်ရှိမှန်းသတိထားမိတယ်။ ဒါတောင် ဒီအမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ ကားပေါ်ကဆင်းပြီးသန့်ရှင်းရေးမလုပ်ချင်ဘူး။
.
.
ဘယ်ဘက်နောက်ကြည့်မှန်က ကိုယ့်ကိုဘယ်သူကျော်တက်မလဲဆိုတာကို အမြဲစိုးရိမ်နေပုံပဲ။ ဒါကြောင့် သူ့ကိုအမြဲ လှည့်ကြည့်လှည့်ကြည့်လုပ်နေရတယ်။ ကိုယ့်ရထားတဲ့ အမြန်နှုန်းကို သူတစ်ပါးကျောသွားမှာ မလိုလားဘူး။ အရှိန်များလို့ ဒါမှမဟုတ် သူ့ကားသူကောင်းကောင်းထိန်းကျောင်းနိုင်လို့ ကိုယ့်ကားကိုကျော်သွားမှာကို မနေသိထိုင်မသာ အဘိဇ္ဇာပွားပြီး ဒီမှန်ကို အမြဲကြည့်မိကြတယ်။ အဲဒီတော့ အဆိုပါမှန်ကပေးတဲ့ အမှန်တရားဆိုတာ ဘယ်လိုယုံကြည်ရမှာလဲ?
.
.
ကျွန်တော်တို့ရဲ့ဘဝကားလေး အရှိန်ကောင်းလာတော့ တစ်ခြားကားတွေကိုဖြတ်တက်ကြတယ်။ လမ်းတွေ၊ ဆိုင်တွေ၊ အိမ်တွေ၊ အဆောက်အဦတွေကိုထားခဲ့ပြီး ကျော်တက်ကြတယ်။ စီးပွားပြိုင်ဘက်ကိုလည်း ကျော်တက်တာပဲ။ မချစ်မနှစ်သက်သောသူကိုလည်း ထားခဲ့တာပဲ။ ပစ္စည်းဥစ္စာ နဲ့ ဂုဏ်ပကာသနတွေကိုလည်း ထားရစ်ခဲ့ရတာပါပဲ။
.
ဒီအရာတွေကိုတော့ ကျွန်တော်တို့က ညာဘက်နောက်ကြည့်မှန်နဲ့ Check တယ်။ သို့ပေမယ့် နောက်လှည့်မကြည့်ဘူး .. စောင်းငဲ့မကြည့်ဘူး .. မှန်ထဲကတစ်ဆင့်ပဲကြည့်တယ်။ တစ်နည်းအားဖြင့် တစ်ဆင့်ခံအမှန်တရားနဲ့ပဲကျေနပ်နေကြတယ်။
.
ပိုဆိုးတာက မှန်မှာရေးထားတဲ့စာကို မမြင်ကြဘူး။ တိုက်ရိုက်အဓိပ္ပာယ်ပြန်ရင်တော့ “ မှန်ထဲမှအရာဝတ္တုများသည် မြင်နေရာထက်ပိုနီးကပ်ပါသည် - Objects In Mirror Are Closer Than They Appear ” လို့ ဆိုတယ်။
.
.
ဒါကြောင့် ဒီစာစုလေးကို မေးခွန်းလေးတစ်ခုနဲ့ပဲ အဆုံးသတ်ချင်မိတယ် ..
.
မိတ်ဆွေတို့ရဲ့ဘဝတွေမှာ ဘယ်လိုအရာဝတ္တုတွေနဲ့အတော်နီးကပ်နေပါပြီလဲ ? ”  .. အမှန်အတိုင်း ဖြေပါ။
.
ခင်မင်ခြင်းများစွာဖြင့်
.
10-16-2015



No comments: