ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, July 19, 2020

ပြောင်းလဲလာတဲ့ Review ဈေးရောင်းနည်းပုံစံ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
လူတွေအိမ်ထဲမှာအနေများလို့ အွန်လိုင်းရောင်းအားတွေတဟုန်ထိုးတိုးတက်လာတဲ့ကုမ္ပဏီကြီးတွေရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ပလက်ဖောင်းပေါ်မှာတက်ရောင်းပေမဲ့ ရောင်းပန်းမလှတဲ့တနိုင်တပိုင်လုပ်ငန်းငယ်လေးတွေဟာ အွန်လိုင်းဈေးရောင်းတဲ့ပုံစံပြောင်းလဲလုပ်ကိုင်လာတာကို ဒီဆောင်းပါးနဲ့ဗဟုသုတမျှဝေချင်ပါတယ်။ 


          အများသိကြတဲ့အတိုင်း ကပ်ရောဂါကြောင့် ကမ္ဘာ့လူထုတော်တော်များများဟာ အိမ်မှာနေရင်းဈေးဝယ်ကြပါတယ်။
အသားစို၊ အသားခြောက်၊ လတ်လတ်ဆတ်ဆတ်သစ်သီးဝလံ နဲ့ ဆရာဝန်ညွန်ကြားမှဝယ်လို့ရတဲ့
ဆေးခန်းပေးဆေး-Prescription တွေကလွဲပြီး လိုတာမှန်သမျှ ဝယ်ကြ ခြမ်းကြပါတယ်။
ဒါကြောင့်ပဲ ဝေါမတ်၊ တားဂက်၊ ကော်စကို၊ ဟုမ်းဒီပို့ လို ကပ်ရောဂါအချိန်အတွင်းဖွင့်ခွင့်ရတဲ့စတိုးဆိုင်တွေသာမက
အမ်မဇွန်ဆိုတဲ့အွန်လိုင်းဈေးရောင်းပလက်ဖောင်း ကုန်သည်သောင်းပြောင်းဟာ
ဘဏ်အကောင့်တွေမှာ ငွေချောင်းစီးခဲ့ကြပါတယ်။


သူတို့အဆင်ပြေပေမဲ့ တကယ်မရောင်းရတဲ့၊ ရောင်းရဖို့ကြိုးစားနေတဲ့၊ ကုန်ပစ္စည်းတူပေမဲ့ နာမည်ရတံဆိပ်မဟုတ်တဲ့
လုပ်ငန်းငယ်တွေဟာ အရောင်းမြှင့်တင်ရေးတစ်မျိုးနဲ့ လူတွေအသုံးများတဲ့ Facebook ၊ Amazon နဲ့
အွန်လိုင်းငွေပေးချေမှုကုမ္ပဏီ-PayPal တို့ကိုသုံးပြီး သူတို့ပစ္စည်းအသစ်ကိုလူသုံးများအောင်လုပ်ပုံအဆင့်ဆင့်က
ဒီလိုပါ။


၁. Facebook မှာပေါ်လာတဲ့ကြော်ငြာကိုနှိပ်ပါ 

၂. Messenger မှာ စိတ်ဝင်စားတယ်-Interested လို့ မက်ဆေ့ပို့ပါ

၃. သတ်မှတ်ထားတဲ့ပစ္စည်းကို Amazon အကောင့်သုံးပြီးဝယ်ပါ

၄. အော်ဒါအတည်ဖြစ်ကြောင်းကိုအကြောင်းကြားပါ

၅. အိမ်ရောက်လာတဲ့ပစ္စည်းကို စမ်းသပ်သုံးစွဲကြည့်ပါ

၆. Review ကိုချောမွေ့အောင်ရေးပြီး 5 Stars ပေးပါ

၇. Screenshot ရိုက်ပြီး ရောင်းသူ-Vendor ကို မက်ဆင်ဂျာကနေပြန်ပို့ပါ

၈. ငွေပြန်လွဲပေးရမယ့် မိတ်ဆွေရဲ့ PayPal အကောင့် (အီးမေးလ်) ကို ပေးလိုက်ပါ

၉. Review အတည်ပြုကြောင်း (၇၂ နာရီအတွင်း) Amazon က အီးမေးလ်ပြန်လာရင်ငွေပြန်လွှဲဖို့သတိပေးပါ

၁ဝ. Vendor ပေါ်မူတည်ပြီး ၂-၅ ရက်အတွင်း PayPal ကို ငွေပြန်ဝင်လာပါမယ်

(မှတ်ချက်။  ။ ငွေပြန်ရပြီးရင် ပစ္စည်းကိုပြန် Return မလုပ်သင့်ပါ)

          ဒီဆောင်းပါးဟာ Amazon Payment ရှိသူ နဲ့ PayPal Online Bank Account
ရှိသူတွေသာဝယ်ယူနိုင်မှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေ “စမ်းသပ်ကြဖို့တိုက်တွန်းတဲ့စာစုမဟုတ်ပါ”