![]() | ||
Car Sales |
မော်တော်ကားကောင်း / မကောင်း ကြည့်တတ်အောင် သင်ပေးခဲ့သော
မြန်မာနိုင်ငံမှ ရွေညီအစ်ကိုများကို ကျေးဇူးမမေ့ပါ ၊ အွန်လိုင်းပေါ်မှာ ကား၏အချက်အလက်တော်တော်များများကို
ကြည့်ခဲ့ပြီးဖြစ်သော်လည်း ပါးခြမ်း ၂ ဖက်ကို လက်ဆစ်လေးနှင့် တောက်၍ ပတ်တီးရိုက်ထားသည့်နေရာကို
ရှာဖွေနေမိသည် ၊ ဓါတ်ပုံအရလည်း သိပ်မဆိုးဟုယူဆ၍သာ ဤနေရာကို ရောက်လာခဲ့ပါပြီ ၊
အချို့ရောင်းသူများက ဓါတ်ပုံကို အလင်းကောင်းကောင်းနှင့် လှတ ပ,တ ရိုက်တင်ထားသည်မို့လို့ သိပ်အထင်ကြီးလို့မရ ၊ ကားသိပ်လှပြီး ဈေးပေါနေလျှင် “ တိုက်ကား ” ဖြစ်နေလျှင် မခက်ပါလော ၊ ကားကြိုက်လျှင်တောင်မှ ချေစရာငွေသား ( Cash ) မပါ၍ သိပ်စိတ်ပူစရာမရှိပါ ၊ ကားရောင်းမည့်သူက ဘာဆို ဘာမှ မပြော ၊ ဟုတ်ပါသည် ကားအကြောင်း သူဘာမှ သိပ်ရှင်းပြစရာမကျန်တော့ပါ ၊ ဝယ်မည့်သူကြည့်တတ်၍ “ ကံတိုက် “ ကံကောင်းလျှင် ကားကောင်းရပါလိမ့်မည် ။
အချို့ရောင်းသူများက ဓါတ်ပုံကို အလင်းကောင်းကောင်းနှင့် လှတ ပ,တ ရိုက်တင်ထားသည်မို့လို့ သိပ်အထင်ကြီးလို့မရ ၊ ကားသိပ်လှပြီး ဈေးပေါနေလျှင် “ တိုက်ကား ” ဖြစ်နေလျှင် မခက်ပါလော ၊ ကားကြိုက်လျှင်တောင်မှ ချေစရာငွေသား ( Cash ) မပါ၍ သိပ်စိတ်ပူစရာမရှိပါ ၊ ကားရောင်းမည့်သူက ဘာဆို ဘာမှ မပြော ၊ ဟုတ်ပါသည် ကားအကြောင်း သူဘာမှ သိပ်ရှင်းပြစရာမကျန်တော့ပါ ၊ ဝယ်မည့်သူကြည့်တတ်၍ “ ကံတိုက် “ ကံကောင်းလျှင် ကားကောင်းရပါလိမ့်မည် ။
![]() |
Pre – Owned Car |
ကားအောက်ပိုင်းကောင်းပါ့မလား ၊ ရေတိုင်ကီအောက်က
ဖရိန်တန်းလဲထားသလား ၊ ရှေ့ဘန်ပါ ညွတ်နေလား ၊ နောက်ဘန်ပါ စတစ်ကာတွေကပ်ထားသလား ဦးစွာစစ်ဆေးရသည် ၊ ကားစက်သံအခြေအနေဘယ်လိုရှိသည်ကို
ဟန်လုပ်၍သာနားထောင်နေရသည် အမေရိကန်တွင် ဝယ်မည့်ကား မြန်မာပြည်မှာ မတွေ့ဖူးခဲ့သောကြောင့်
ဘာကိုစစ်ဆေးရမည်မသိ ၊ အခြေခံသဘောတရားခြင်းတူညီသည်မို့ စက်သံညက်မညက်ကိုတော့ အကဲခတ်လို့ရပါသည်
၊ ရန်ကုန်ပွဲစားတန်းတွင် သူများကားများကို လက်နှင့်လိုက်တောက်ကြည့်တတ်သည့်အကျင့်ကြောင့်
ကားဘော်ဒီပတ်တီးကို အလွယ်တကူဖော်ထုတ်နိုင်ပါတော့သည် ၊ ကားတာယာကို စိတ်တိုင်းမကျလျှင် ဝယ်၍မဖြစ် ၊ ကိုယ့်လက်ထဲရောက်မှ တာယာ ၄ လုံး စလုံးလဲရလျှင် ဒေါ်လာ ၅ဝဝ ကွိကနဲထွက်မည်ဖြစ်သောကြောင့်
မသက်သာနိုင်ပါ ၊ ကားဝယ်ပြီးလျှင် ဘရိတ်ဆားဗစ်နှင့် အင်ဂျင်ဝိုင်လဲရန် ဒေါ်လာ ၁၅ဝ မဖြစ်မနေချန်ထားရဦးမည်
၊ နာမည်ပြောင်းဖို့နှင့် DMV ဝင်ရန် ကားရောင်းသူက စာရွက်စာတမ်းအကုန်ဆောင်ရွက်ပေးလို့
အချိန်ကုန်သက်သာသွားပါသည် ။
![]() |
Carfax Report |
အဓိက ကားရှာသည့် အွန်လိုင်းဝက်ဆိုဒ် ၂
ခု ရှိပါသည် ၊ မြန်မာပြည်မှနေ၍ အွန်လိုင်းပေါ်တက်ကြည့်နိုင်ရန် ဆန်ဖရန်စစ္စကို ဧရိယာဒေသ မြန်မာလူဦးရေအများဆုံးနေထိုင်သော Fremont မြို့၏
Zip Code = 94536 ထည့်ပေးရန်လိုအပ်ပါလိမ့်မည် ၊ http://autos.yahoo.com/
တွင် အထက်ပါ ဇစ်ကုတ်ထည့်ပြီး ဆက်လက်ရှာဖွေလျှင် ကားကုမ္ပဏီအများစုနှင့် ကားကိုယ်စားလှယ်များ
( Dealer ) တင်ထားသော ကားများကို ဓါတ်ပုံစုံလင်စွာဖြင့် ကား၏အသေးစိတ်အချက်အလက်များ
( Vehicle Features ) ကို လေ့လာခွင့်ရှိသည် ၊ ယခု ဝက်ဆိုဒ်တွင် ကားကြောတင်းသည့် အစစ်အမှန်များတွေ့ရနိုင်ပြီး
အလိမ်အညာခံနိုင်ရချေ အလွန်နည်းပါးသည် ၊ ကား၏အာမခံသက်တမ်း မည်မျှကျန်သေးသည်ကို မေးမြန်းစစ်ဆေးနိုင်ပါသေးသည်
၊ ကားပိုင်ဆိုင်မှုနှင့် အတိုက်အခိုက်သမိုင်းကို လေ့လာနိုင်သော ကြားခံ Carfax ကုမ္ပဏီ
၏ အသုံးဝင်ပုံသည် ဤနေရာတွင် အရေးကြီးလာပါတော့သည် ၊ ဤကဲ့သို့ ဒီလာများမှ ဝယ်ရန် ကားဝယ်သူသည်များ
မပါမဖြစ်တောင်းဆိုသည်မှာ Carfax စာရွက်ဖြစ်နေသည် ၊ သို့သော် Carfax သည် ကားရာဇဝင်ကို
ရာနှုန်းပြည့်ဖော်ပြနိုင်သည်တော့မဟုတ်ပါ ၊ DMV ကို သတင်းမပို့သော အချို့ ကားမတော်တဆထိခိုက်မှုများကို
Carfax တွင် ရှာတွေ့နိုင်စရာအကြောင်းမရှိပေ ၊ အားနည်းချက်ရှိသော်လည်း မရှိတာထက်တော့ကောင်းသေးသည်
( Better Than Nothing ) ဟု ယူဆရသည်ကလည်း Carfax ကို နာမည်ကြီးဖို့ အကြောင်းတစ်ခု ဖြစ်စေတော့သည်
၊ Pre-owned ဆိုသည်မှာ ကောင်းမွန်စွာပြုပြင်ပြီးသားဟု အဓိပ္ပါယ်ရပြီး Certified မှာ
ကားကောင်းကြောင်းစစ်ဆေးပြီး ဟု ဆိုလိုသည် ၊ Yahoo မှ တွေ့သောကားကို ဝယ်လျှင် ၁ဝ ရာခိုင်နှုန်း
အခွန်ဆောင်ရန်နှင့် DMV မှတ်ပုံတင်ကြေး ဒေါ်လာ ၁ဝဝဝ ခန့် ထပ်မံကုန်ကျမည်ကို ထည့်သွင်းတွက်ချက်ထားရန်လိုအပ်သည်
။
![]() |
www.craiglist.org
|
“ ကြုံရင်ဝယ် - ကြိုက်ရင်ရောင်း “ အားကိုးရသောဝက်ဆိုဒ်မှာ
http://sfbay.craigslist.org/cta/
ဖြစ်ပြီး အခမဲ့ ဖြစ်ကာ နိုင်ငံတကာသုံးဖြစ်သည် ၊ အိမ်ခြံမြေ ၊ ဖိုရမ် ၊ အလုပ်များ ၊
သတင်းများ ၊ လှုပ်ရှားမှုပွဲတော်များ ၊ တိုလီမုတ်စများ ၊ လက်မှတ်များ နှင့် လက်တွဲဖော်
ရှာနိုင်သည်အထိ ကျယ်ပြန့်သော အသုံးဝင်အကျိုးဆောင်ကွန်ယက်ဖြစ်သည် ၊ ရောင်းသူနှင့်ဝယ်သူ
မိနစ်ပိုင်းအတွင်း အလုပ်ဖြစ်နိုင်သလို စွန့်စားမှုရမှု ( Risk ) ရာခိုင်နှုန်းပိုများသည်
၊ အရေးပေါ်ရောင်းသူအလွန်များသောကြောင့် ဈေးသက်သာသောကားများ ရတတ်သည် ၊ ကုမ္ပဏီများ ဈေးရောင်းမကောင်းလျှင်
Craigslist တွင် လာရောက်တင်လေ့ရှိသည် ၊ ဟုတ်ပြီ - ကားတွေ့လျှင် ဖုံးအရင်ဆက်၍ မိမိတွေ့သောကား
ရောင်းသူလက်ထဲတွင်ရှိနေ / မနေ သေချာအောင် ထပ်မေးရန် အရေးကြီးသည် ၊ ထို့အပြင် ကားပြနိုင်သည့်နေရာ
( Location ) ကို မေးမြန်း၍ လူစည်ကားသောနေရာကို ရွေးသင့်ပါသည် ၊ ဥပမာ - ကားပိုင်ရှင်
က ပိုင်ရှင်ကိုယ်တိုင် ( OBO – Owned by Owner ) ဖြစ်နေပြီး ချိန်းသည့်နေရာမှာ မိမိစိတ်မသန့်သည့်နေရာဖြစ်နေလျှင်
လက်လွှတ်လိုက်၍ နောက် ၁ စီး ထပ်ရှာပါတော့ ၊ ကားအခြေအနေများကို အတိုချုံး ဖော်ပြထားပြီး
ဓါတ်ပုံများကိုလည်း လေ့လာနိုင်ပါလိမ့်မည် ၊ မကောင်း ( ကားစုတ် ) လျှင်လည်း လိုအပ်သောပြင်ဆင်ရန်အချက်အလက်များကို
ပွင့်လင်းမြင်သာစွာ ရေးသားထားမည်ဖြစ်သည် ၊ " Too Good To Be True " ဆိုရိုးစကားအရ ဈေးသက်သာလွန်းလျှင်ခံရတတ်သည်
ကို အထူးသတိပေးလိုပါသည် ။
![]() |
Kelley Blue Book |
ကားလောကမှ “ စံ ” သတ်မှတ်ထားသော
ဆရာကြီး ဝက်ဆိုဒ်တစ်ခုမှာ Kelley Blue Book ဖြစ်သည် ၊ ၎င်း၏ www.kbb.com စာမျက်နှာတွင် မည်သည့်ကား မည်မျှတန်သည် ကို အကဲဖြတ်ရန်
အသုံးဝင်လှသည် ၊ ထိုမှတဆင့် မိမိဝယ်ရန်ရည်မှန်းထားသောကား တန် / မတန်ကို အခမဲ့ နှိုင်းယှဉ်၍
ချင့်ချိန်ဆုံးဖြတ်နိုင်ပါသည် ။
![]() |
Salvage Certificate Sample |
အွန်လိုင်းပေါ်မှ ကားဝယ်လိုလျှင် မသိမဖြစ်
အခေါ်အဝေါ် ၂ ခု မှာ Clean Title နှင့် Salvage Title ဖြစ်သည် ၊ Salvage Title မှာ
ရေမြုပ် ၊ ခေါင်းကြေ ၊ ခါးကျိုး ၊ ခေါင်ပွင့် ၊ မှန်ကွဲ ၊ ဖရိန်တန်းလဲ ၊ သူခိုးလက်ရောက်
၊ နယ်ဝေးပျောက် စသည့် စိတ်မသက်သာစရာအခြေအနေများကို ကိုယ်စားပြုသည် ၊ ထိခိုက်မှုတစုံတရာကြောင့်
DMV မှ သက်တမ်းတိုးသည့်အခါ ကား၏ အဆင့်အတန်းကို နှိမ့်ချသတ်မှတ်လိုက်ခြင်းဖြစ်သော Salvage
Title ကဲ့သို့ကားမျိုးကို စွန့်စား၍ ဝယ်ယူသူများရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကွက်
အနည်းငယ်ကျန်ရှိနေပါသည် ၊ ဥပမာ - ကားပြခန်းမှ အသစ်စက်စက် ဝယ်ယူမောင်းထွက်လာသောကားသည်
လမ်းပေါ်အတက် အက်စီးဒင့်ဖြစ်လျှင် အာမခံ ကုမ္ပဏီက ၁ စီးစာလုံးကို လျှော်ပေးလိုက်စေဦးတော့ DMV မှ Salvage Title စာရင်းသွင်းလိုက်ပါပြီ ၊ ထိုကားကို
နောက်တဖန် ဈေးကွက်ပေါ်ပြန်ရောက်လာလျှင် ထိုကားသမိုင်းကို လိုက်နိုင်သူ အိမ်စီးမည့်သူ
က အလွန်သက်သာသောဈေးနှုန်းဖြင့် ရနိုင်သောကြောင့်ဖြစ်သည် ၊ လိုအပ်သော ပြုပြင်မွမ်းမံမှုများကို
တွက်ချက်၍ ဈေးတွက်ကိုက်အောင် တန်ဖိုးဖြတ်ယူရသည် ၊ သူပြန်ရောင်းလျှင်လည်း ဈေးလျှော့ရောင်းရမည်မှာ
ဧကန်မလွဲပေ ၊ Clean Title ဟု အရပ်နားလည်လွယ်သောစကားဖြင့် ဖော်ပြထားလျှင် ကားသည် နဂိုမူလ
စက်ရုံမှထွက်ခဲ့သောအခြေအနေများနှင့် ကိုက်ညီသည်ဟု စိတ်ချရနိုင်သည် ၊ ကားအုံနာစာရွက်
( Pink Slip ) ပေါ်တွင် မည်သို့မျှ အထူးမဖော်ပြထားဘဲ Certificate of Title ဟုသာရေးထားလျှင် Clean
Title ဖြစ်သည် ၊ သို့သော် Clean တိုင်းကားကောင်းမည်တော့မသေချာ ၊ Title ၂ မျိုးလုံးကို
ကားကောင်း / မကောင်း ၊ အင်ဂျင်ထိခိုက်မှုရှိ / မရှိ ၊ စက်ရုံမှကားကက်သလောက် (
Owner’s Manual ) ပါ / မပါ ၊ အဲကွန်းအေး / မအေး ၊ အတွင်းခန်း ၊ အပြင်သနပ်ခါး ၊ ဖရိန်ကြော
စသည့် မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မလွဲမသွေစစ်ဆေးသင့်လှပေသည် ။
![]() |
Casher’s Check |
ငွေစက္ကူဖြင့် ပေးချေမှုလွန်စွာနည်းပါးပြီး
မြန်မာပြည်မှ ပေးမင့်အော်ဒါနှင့်ဆင်တူသော Casher’s Check ဖြင့် အန္တရယ်ကင်းရှင်းစွာ
အပေးအယူလုပ်ကြသည် ၊ အမေရိကား၏မည်သည့်နေရာဒေသတွင် ကားဝယ်လိုသည်ဖြစ်စေ ကားသွားကြည့်ပြီဆိုလျှင်တော့
လိုင်စင်ရှိသော ၊ လမ်းကြောသိသော အဖော်တစ်ဦးပါမှသာလျှင် စိတ်အချရဆုံးဖြစ်ကြောင်း
တင်ပြလိုက်ရပါသည် ။
ကိုညီညီ - တောင်ကြီး
No comments:
Post a Comment