ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, January 24, 2018

လူငယ္တစ္ေယာက္ကို ဘဝအေၾကာင္းနားလည္ေအာင္ေျပာျပျခင္း


. ကြ်န္ေတာ္လူငယ္တစ္ေယာက္နဲ႕အြန္လိုင္းကေနစကားေျပာျဖစ္တယ္။ ကြ်န္ေတာ္စာေရးေနက် အေမရိကားနဲ႕သက္ဆိုင္တဲ႕အေၾကာင္းထဲက ကြ်န္ေတာ႕စာေတြအျမဲဖတ္တဲ႕အေမရိကားေရာက္လူငယ္ေလးတစ္ေယာက္ဆိုရင္ ပိုမွန္ပါတယ္။
.
.
သူက တိုင္းရင္းသားေလးတစ္ေယာက္၊ စကားေျပာၾကည္႕ေတာ႕ တရုတ္ေသြးနည္းနည္းပါတယ္လုိ႕သိရတယ္။ သူ႕မွာ အီေကြေဒါ ကေန တရားမဝင္လာအလုပ္လုပ္သူ လုပ္ေဖာ္ကိုင္ဘက္တစ္ေယာက္ရွိတယ္။ အဂၤလိပ္စာလံုးဆိုပါေတာ႕ . . ပန္းသီး ဆိုရင္ A P P L E လို႕ တစ္လံုးခ်င္းေပါင္းေပးရသူက အဂၤလိပ္စကားက်ေတာ႕ မႊတ္ေနေအာင္ေျပာတတ္ပါသတဲ႕။ ဒါကို သူကလည္း အဂၤလိပ္စကား အင္မတန္တတ္ခ်င္တယ္ . . ဒါေပမယ္႕ သူက တစ္ပတ္ကို (၆) ရက္ အလုပ္လုပ္ရတယ္။ စေန နဲ႕ တနဂၤေႏြမဟုတ္တဲ႕ၾကားရက္တစ္ရက္မွာ အလုပ္အျမဲနားရတယ္။ အလုပ္နဲ႕အိမ္၊ အိမ္ နဲ႕ အလုပ္ ျဖစ္ေနတဲ႕ဘဝမွာ ဘယ္အရာကိုမွမေပ်ာ္ပိုက္ရင္ ဘဝဆုိတာ မေနေပ်ာ္ဘူးလို႕ ေဆြးေႏြးျဖစ္သလို သူကလည္းသေဘာတူတယ္။
.
.
ေနာက္တစ္ခုက "ဘဝ" ဆိုတဲ႕ စာလံုး (၂) လံုးဟာ ျဖစ္စဥ္ (၂) မ်ိဳးပဲရွိတယ္လို႕ သူ႕ကုိေျပာျပျဖစ္တယ္။
ပထမတစ္ဆင္႕က ဘဝကိုဘယ္လိုရေအာင္လုပ္မလဲ ဆုိတာ နဲ႕
ဒုတိယတစ္ဆင္႕က ရလာတဲ႕ဘဝကုိဘယ္လိုျပန္ေပးမလဲ ဆိုတာပါဘဲ။
.
.
အက်ယ္ျပန္ေျပာရရင္ ကြ်န္ေတာ္တုိ႕ဘဝမွာ ရုန္းကန္စရာ၊ ေနထုိင္စားေသာက္စားရိတ္ - Bill ေတြအတြက္ လုပ္စရာကိုင္စရာေတြအတြက္ ဘဝရဲ႕အခ်ိန္ေတြကိုေတာ္ေတာ္သံုးစြဲရတယ္။ ဒီအတြက္ ကိုယ္႕ဟာကိုယ္မတန္ဘူးလို႕ထင္ေနျပီဆိုရင္ မေပ်ာ္တဲ႕အလုပ္ကိုေရြးခ်ယ္မိေနလို႕ပါ။
.
.
ဒါကိုသတ္သတ္ထားျပီး အလုပ္အားတဲ႕အခ်ိန္မွာ ဟုိဟာ ဒီဟာ နဲ႕ အခ်ိန္အကုန္မခံပဲ ကိုယ္အမွန္တကယ္ဝါသနာပါတာကိုအခ်ိန္ေပးေလ႕လာရင္း ကိုယ္သိပ္အားသန္ပါတယ္ဆိုတဲ႕ကိစၥရပ္တစ္ခု၊ ပညာရပ္တစ္ခုမွာ ထိပ္ပိုင္းအထိကြ်မ္းက်င္ႏွံ႕စပ္တာမ်ိုးျဖစ္ေအာင္လုပ္တာက "ဘဝ" လုိ႕ ေျပာျပလိုက္တယ္။
.
.
ဒုတိယအပိုင္းကေတာ႕ ပိုရွင္းပါတယ္။ ပထမပိုင္းမွာ ကိုယ္႕ၾကိဳးစားမႈေၾကာင္႕ရလာတဲ႕ဘဝကုိ လူ႕ေလာကအတြက္ဘယ္လုိျပန္ေပးသလဲဆိုတဲ႕နည္းလမ္းက ဒုတိယပိုင္းဘဝရဲ႕အေျဖပါဘဲ။
.
.
ဒါေၾကာင္႕ ဘဝတစ္ခုကိုပုိင္ဆိုင္ၾကတဲ႕လူေတြမွာ အကုန္လံုးကိုေအာင္ျမင္ဖို႕ခက္ခဲၾကတာေတြ႕ရတတ္တယ္။ ဘာျဖစ္လို႕လည္းဆိုေတာ႕ သူတုိ႕ရထားတဲ႕ဘဝကိုေနာက္လူေတြအက်ိဳးရွိေအာင္ဘယ္လုိျပန္မ််ေဝမလဲဆိုတာကိုမသိၾကေတာ႕ ခက္ခက္ခဲခဲရထားတဲ႕ဘဝဟာ ေအာင္ျမင္သင္႕သေလာက္မေအာင္ျမင္ၾကဘူး။
.
.
ဒါကို လူငယ္ေလးက ေကာင္းေကာင္းသေဘာေပါက္သြားတယ္။ သူတတ္ခ်င္တဲ႕အဂၤလိပ္စာကို အေကာင္းဆံုးနဲ႕အျမန္ဆံုးတတ္ေအာင္လုပ္မယ္လို႕ သံဓိ႒ာန္ခ်ေျပာျပသြားတယ္။ အလုပ္ကိုလည္း ဒီ႕ထက္ပိုေကာင္းေအာင္လုပ္ရင္းနဲ႕ စိတ္ေကာင္းေစတနာေကာင္းေတြမ်ားမ်ားေမြးမယ္ဆုိတာကိုလည္း ျပန္ေျပာလာတယ္။
.
.
ျပီးေတာ႕ ကြ်န္ေတာ္က သူ႕ကိုအခ်ိန္ေပးျပီး စကားလက္ခံေျပာတာကို သူသိပ္ဝမ္းသာတယ္ဆုိတာ ရင္ဖြင္႕တယ္။ ကြ်န္ေတာ္သိတာေပါ႕ . . ကြ်န္ေတာ္သိပ္သိတာေပါ႕ . . ကြ်န္ေတာ႕တုန္းက ကြ်န္ေတာ္သိခ်င္သမွ် Google ေခါက္ရင္း ရန္ကုန္ကအင္တာနက္ကေဖးမွာ အလုပ္ပစ္အကိုင္ပစ္ ရွာေဖြခဲ႕ရတာ ေတာ္ေတာ္ခက္ခဲခဲ႕တယ္။ ဒါေၾကာင္႕ ဒီလိုျပန္မွ်ေဝတဲ႕အလုပ္ျဖစ္တဲ႕စာေရးတာကိုလုပ္ျဖစ္ေနတဲ႕အေၾကာင္းကိုလည္း သူ႕ကုိေျပာျပျဖစ္တယ္။ အမွန္တကယ္ ကြ်န္ေတာ႕ရင္ထဲမွာလည္း အတုိင္းမသိေပ်ာ္ရႊင္ရတဲ႕ဘဝအပိုင္းအျခားေလးတစ္ခုကိုရလိုက္သလို ပီတိျဖစ္ရတယ္။
.
.
ေနာက္ဆံုးထပ္ေဆြးေႏြးျဖစ္တာကေတာ႕ "လူဆိုတာ ဘဝ မေမ႕ဖို႕လုိတယ္"။
.
.
ဆိုလိုတာက ကိုယ္ကတစ္ခ်ိန္တုန္းက အေမရိကားေရာက္ဖို႕ဘယ္ေလာက္ခက္ခဲခဲ႕သလဲ . . အခုေရာက္လာျပီဆုိေတာ႕ အေျခေလးဘာေလးက်ရင္း မအားမလပ္လာေတာ႕ ေနာက္လူေတြသိခ်င္တာကိုမေျပာေပးႏုိင္ေတာ႕ဘူး။ ေမးခြန္းေတြရွိလာရင္ ေျဖဖို႕စိတ္မရွည္ခ်င္ေတာ႕ဘူး။ အလုပ္မ်ား အခ်ိန္မရွိတာကိုဗန္းျပျပီး အခ်ိန္မေပးခ်င္ၾကေတာ႕ဘူး။ ဒါေၾကာင္႕ ဘဝေမ႕လြယ္တယ္ဆုိတာ လူေတြမွာအျဖစ္မ်ားတယ္။
.
.
ဒါပါပဲ . . ကုိယ္ဟာဘဝေမ႕တတ္သူတစ္ေယာက္ဆိုရင္ ဘဝကလည္း ကိုယ္႕ကိုေနာင္တစ္ခ်ိန္မွာေမ႕သြားလိမ္႕မယ္။ အဲဒီအခါက်ရင္ "လူအမ်ားၾကားမွာျဖစ္ေနေပမဲ႕ တစ္ေယာက္တည္းအထီးက်န္စြာေနေပေရာ႕" ဘဲေလ။ ဒါေလးပဲ ေဆြးေႏြးျဖစ္ပါတယ္။
.
.
ခင္လ်က္
.
ကိုညီညီ (ေတာင္ၾကီး)
01-24-2018
.
.
Unicode Version:
.
"လူငယ္တစ္ေယာက္ကို ဘဝအေၾကာင္းနားလည္ေအာင္ေျပာျပျခင္း"
.
 ကျွန်တော်လူငယ်တစ်ယောက်နဲ့အွန်လိုင်းကနေစကားပြောဖြစ်တယ်။
ကျွန်တော်စာရေးနေကျ အမေရိကားနဲ့သက်ဆိုင်တဲ့အကြောင်းထဲက ကျွန်တော့စာတွေအမြဲဖတ်တဲ့အမေရိကားရောက်လူငယ်လေးတစ်ယောက်ဆိုရင်
ပိုမှန်ပါတယ်။
.
.
သူက တိုင်းရင်းသားလေးတစ်ယောက်၊
စကားပြောကြည့်တော့ တရုတ်သွေးနည်းနည်းပါတယ်လို့သိရတယ်။ သူ့မှာ အီကွေဒေါ ကနေ တရားမဝင်လာအလုပ်လုပ်သူ
လုပ်ဖော်ကိုင်ဘက်တစ်ယောက်ရှိတယ်။ အင်္ဂလိပ်စာလုံးဆိုပါတော့ . . ပန်းသီး ဆိုရင် A P P
L E လို့ တစ်လုံးချင်းပေါင်းပေးရသူက အင်္ဂလိပ်စကားကျတော့ မွှတ်နေအောင်ပြောတတ်ပါသတဲ့။ ဒါကို
သူကလည်း အင်္ဂလိပ်စကား အင်မတန်တတ်ချင်တယ် . . ဒါပေမယ့် သူက တစ်ပတ်ကို (၆) ရက် အလုပ်လုပ်ရတယ်။
စနေ နဲ့ တနင်္ဂနွေမဟုတ်တဲ့ကြားရက်တစ်ရက်မှာ အလုပ်အမြဲနားရတယ်။ အလုပ်နဲ့အိမ်၊ အိမ် နဲ့
အလုပ် ဖြစ်နေတဲ့ဘဝမှာ ဘယ်အရာကိုမှမပျော်ပိုက်ရင် ဘဝဆိုတာ မနေပျော်ဘူးလို့ ဆွေးနွေးဖြစ်သလို
သူကလည်းသဘောတူတယ်။
.
.
နောက်တစ်ခုက "ဘဝ"
ဆိုတဲ့ စာလုံး (၂) လုံးဟာ ဖြစ်စဉ် (၂) မျိုးပဲရှိတယ်လို့ သူ့ကိုပြောပြဖြစ်တယ်။

ပထမတစ်ဆင့်က ဘဝကိုဘယ်လိုရအောင်လုပ်မလဲ
ဆိုတာ နဲ့

ဒုတိယတစ်ဆင့်က ရလာတဲ့ဘဝကိုဘယ်လိုပြန်ပေးမလဲ
ဆိုတာပါဘဲ။
.
.
အကျယ်ပြန်ပြောရရင် ကျွန်တော်တို့ဘဝမှာ
ရုန်းကန်စရာ၊ နေထိုင်စားသောက်စားရိတ် - Bill တွေအတွက် လုပ်စရာကိုင်စရာတွေအတွက် ဘဝရဲ့အချိန်တွေကိုတော်တော်သုံးစွဲရတယ်။
ဒီအတွက် ကိုယ့်ဟာကိုယ်မတန်ဘူးလို့ထင်နေပြီဆိုရင် မပျော်တဲ့အလုပ်ကိုရွေးချယ်မိနေလို့ပါ။
.
.
ဒါကိုသတ်သတ်ထားပြီး အလုပ်အားတဲ့အချိန်မှာ
ဟိုဟာ ဒီဟာ နဲ့ အချိန်အကုန်မခံပဲ ကိုယ်အမှန်တကယ်ဝါသနာပါတာကိုအချိန်ပေးလေ့လာရင်း ကိုယ်သိပ်အားသန်ပါတယ်ဆိုတဲ့ကိစ္စရပ်တစ်ခု၊
ပညာရပ်တစ်ခုမှာ ထိပ်ပိုင်းအထိကျွမ်းကျင်နှံ့စပ်တာမျိုးဖြစ်အောင်လုပ်တာက "ဘဝ"
လို့ ပြောပြလိုက်တယ်။
.
.
ဒုတိယအပိုင်းကတော့ ပိုရှင်းပါတယ်။
ပထမပိုင်းမှာ ကိုယ့်ကြိုးစားမှုကြောင့်ရလာတဲ့ဘဝကို လူ့လောကအတွက်ဘယ်လိုပြန်ပေးသလဲဆိုတဲ့နည်းလမ်းက
ဒုတိယပိုင်းဘဝရဲ့အဖြေပါဘဲ။
.
.
ဒါကြောင့် ဘဝတစ်ခုကိုပိုင်ဆိုင်ကြတဲ့လူတွေမှာ
အကုန်လုံးကိုအောင်မြင်ဖို့ခက်ခဲကြတာတွေ့ရတတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရထားတဲ့ဘဝကိုနောက်လူတွေအကျိုးရှိအောင်ဘယ်လိုပြန်မျျဝေမလဲဆိုတာကိုမသိကြတော့
ခက်ခက်ခဲခဲရထားတဲ့ဘဝဟာ အောင်မြင်သင့်သလောက်မအောင်မြင်ကြဘူး။
.
.
ဒါကို လူငယ်လေးက ကောင်းကောင်းသဘောပေါက်သွားတယ်။
သူတတ်ချင်တဲ့အင်္ဂလိပ်စာကို အကောင်းဆုံးနဲ့အမြန်ဆုံးတတ်အောင်လုပ်မယ်လို့ သံဓိဋ္ဌာန်ချပြောပြသွားတယ်။
အလုပ်ကိုလည်း ဒီ့ထက်ပိုကောင်းအောင်လုပ်ရင်းနဲ့ စိတ်ကောင်းစေတနာကောင်းတွေများများမွေးမယ်ဆိုတာကိုလည်း
ပြန်ပြောလာတယ်။
.
.
ပြီးတော့ ကျွန်တော်က
သူ့ကိုအချိန်ပေးပြီး စကားလက်ခံပြောတာကို သူသိပ်ဝမ်းသာတယ်ဆိုတာ ရင်ဖွင့်တယ်။ ကျွန်တော်သိတာပေါ့
. . ကျွန်တော်သိပ်သိတာပေါ့ . . ကျွန်တော့တုန်းက ကျွန်တော်သိချင်သမျှ Google ခေါက်ရင်း
ရန်ကုန်ကအင်တာနက်ကဖေးမှာ အလုပ်ပစ်အကိုင်ပစ် ရှာဖွေခဲ့ရတာ တော်တော်ခက်ခဲခဲ့တယ်။ ဒါကြောင့်
ဒီလိုပြန်မျှဝေတဲ့အလုပ်ဖြစ်တဲ့စာရေးတာကိုလုပ်ဖြစ်နေတဲ့အကြောင်းကိုလည်း သူ့ကိုပြောပြဖြစ်တယ်။
အမှန်တကယ် ကျွန်တော့ရင်ထဲမှာလည်း အတိုင်းမသိပျော်ရွှင်ရတဲ့ဘဝအပိုင်းအခြားလေးတစ်ခုကိုရလိုက်သလို
ပီတိဖြစ်ရတယ်။
.
.
နောက်ဆုံးထပ်ဆွေးနွေးဖြစ်တာကတော့
"လူဆိုတာ ဘဝ မမေ့ဖို့လိုတယ်"။
.
.
ဆိုလိုတာက ကိုယ်ကတစ်ချိန်တုန်းက
အမေရိကားရောက်ဖို့ဘယ်လောက်ခက်ခဲခဲ့သလဲ . . အခုရောက်လာပြီဆိုတော့ အခြေလေးဘာလေးကျရင်း
မအားမလပ်လာတော့ နောက်လူတွေသိချင်တာကိုမပြောပေးနိုင်တော့ဘူး။ မေးခွန်းတွေရှိလာရင် ဖြေဖို့စိတ်မရှည်ချင်တော့ဘူး။
အလုပ်များ အချိန်မရှိတာကိုဗန်းပြပြီး အချိန်မပေးချင်ကြတော့ဘူး။ ဒါကြောင့် ဘဝမေ့လွယ်တယ်ဆိုတာ
လူတွေမှာအဖြစ်များတယ်။
.
.
ဒါပါပဲ . . ကိုယ်ဟာဘဝမေ့တတ်သူတစ်ယောက်ဆိုရင်
ဘဝကလည်း ကိုယ့်ကိုနောင်တစ်ချိန်မှာမေ့သွားလိမ့်မယ်။ အဲဒီအခါကျရင် "လူအများကြားမှာဖြစ်နေပေမဲ့
တစ်ယောက်တည်းအထီးကျန်စွာနေပေရော့" ဘဲလေ။ ဒါလေးပဲ ဆွေးနွေးဖြစ်ပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ (တောင်ကြီး)
01-24-2018



No comments: