ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, December 19, 2019

A True Friend Will Take You to Your Destiny

ဆောင်းပါးရှင် - ကိုညီညီ (‌‌တောင်ကြီး)

မကြာသေးခင်လေးကမှဖတ်ထားဖူးတဲ့စာသားလေးတစ်ကြောင်းဟာ ကျွန်တော့်ခေါင်းထဲကနေပြန်မထွက်သွားနိုင်ဘဲ စိတ်ထဲစွဲလို့ ရင်ထဲမှာမြဲနေတဲ့အတွေးတွေဟာ အချိန်ပြည့်စိုးမိုးနေပါတယ်။ A True Friend ဆိုတာဘာလဲ? Destiny ဆိုတာဘာလဲ? ဒီနှစ်ခုက ဘယ်လိုဆက်စပ်နေပါသလဲ? တစ်ဆက်တည်း အတွေးနယ်ချဲ့နေမိရင်း ကိုယ့်ဟာကိုယ် စာရေးဖို့အချိန်နည်းနေတဲ့အကြောင်းကို အပြစ်ဖို့နေမိတယ်။

Google မှာ A True Friend လို့ရိုက်ချလိုက်တာ ရှာဖွေနိုင်တဲ့အဖြေပေါင်း (2,670,000,000) ခု ရှိပါတယ်။ အဖြေတွေဘယ်လောက်ပဲများပြားနေပါစေ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်းကောင်းရှားတယ်လို့အမြဲကြားနေရတာတွေက လူသားတွေရဲ့ဘဝကို အထီးကျန်စေတယ်၊ အကျည်းတန်စေပါတယ်။
သန်းပေါင်းများစွာသောလူတွေကြားထဲမှာ သူငယ်ချင်းကောင်းတစ်ယောက်ရဖို့ဘာကြောင့်ခက်ခဲနေကြတာပါလဲ? Destiny အကြောင်းဆက်မဆွေးနွေးခင် သူငယ်ချင်းကောင်းတစ်ယောက်မှာရှိသင့် ရှိအပ်တဲ့အချက်တွေထဲက ရင်ကိုလာစိုက်တဲ့သံယောဇဉ်အပ်လေးတွေကိုထုတ်နှုတ်ပြသချင်မိတယ်။

သူငယ်ချင်းကောင်းတစ်ယောက်ဟာ . . .

၁.. မိတ်ဆွေအတွက်အမြဲရပ်တည်တယ်-A True Friend Has Your Back
ရုပ်အားဖြင့်ဖြစ်စေ၊ စိတ်ဓါတ်အားဖြင့်ဖြစ်စေ သူငယ်ချင်းကောင်းတစ်ယောက်ဟာ မိတ်ဆွေရဲ့အကျိုးကိုအမြဲလိုလားသူတစ်ယောက်ဖြစ်ပါတယ်။ ဘယ်သူတွေက ဘယ်နေရာကနေရန်ပြုနေပါစေ သူငယ်ချင်းတစ်ယောက်ဟာ မိတ်ဆွေကိုကာကွယ်ဖို့ဝန်မလေးတတ်ဘူး။ တကယ်လိုအပ်တဲ့အချိန်မှာ ဘာအကျိုးပြန် အကျိုးစားမှမမျှော်လင့်ဘဲ ကူညီတတ်တာ သူငယ်ချင်းကောင်းတစ်ယောက်လို့ နိဒါန်းပျိုး မော်ကွန်းထိုးချင်တယ်။


၂.. အစစ်အမှန်ဖြစ်ပြီးရိုးသားတယ်-They're Authentic and Honest with You
ရှင်းလင်းပြတ်သားတဲ့ဘယ်ကိစ္စမဆိုရိုးသားမှုမှာအခြေတည်ကြရတယ်။ သူငယ်ချင်းကောင်းအချင်းချင်းဆက်နွယ်မှုအရ ဘယ်နေရာပဲရောက်နေနေ ရှေ့တင်မှာရော မမြင်ကွယ်ရာနောက်အခြေအနေတစ်ခုမှာရော "အစစ်အမှန်ဖြစ်ဖို့" လိုအပ်လှပါတယ်။
သူငယ်ချင်းကောင်းတစ်ယောက်ဟာ သူအောင်မြင်ဖို့ထက် မိတ်ဆွေအောင်မြင်တာကိုပိုမြင်ချင်တယ်။ သူငယ်ချင်းကောင်းတစ်ယောက်က မိတ်ဆွေအပေါ်တကယ်ကောင်းရဲ့လားဆိုတာ အခက်အခဲတွေကိုပြောပြရင်းစမ်းသပ်ကြည့်လို့ရတယ်။ မိတ်ဆွေအပေါ်ထားတဲ့သူ့ရဲ့ယုံကြည်မှု နဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာ ဒီနေရာမှာမှတ်ကျောက်အတင်ခံပါလိမ့်မယ်။

၃.. အရှိကိုအရှိအတိုင်းလက်ခံတယ်-They Accept You for You
အင်မတန်ရင်းနှီးချင်ယောင်ဆောင်၊ ကောင်းချင်ယောင်ဆောင်သူတွေဟာ ဒီလိုကောင်းရခြင်းရဲဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုထက်မက ရှိကြတယ်။ အကျိုးအမြတ်တစ်ခုခုလိုချင်လ်ို့ဖြစ်ဖြစ်၊ မလွဲသာမေရှောင်သာလိုက်လျောရတာဖြစ်ဖြစ်၊ မကောင်းတာကိုကောင်းအောင်၊ ကောင်းနေတာကိုရွှန်းရွှန်းဝေနေအောင်ချီးမွမ်းတတ်ကြတယ်။ ဒါဟာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်နဲ့ဆန့်ကျင်ဘက်ပါပဲ။
တကယ်ကောင်းတဲ့သူဟာ မိတ်ဆွေရဲ့အရေပြားအောက်မှာရှိတဲ့ပကတိအခြေအနေအားလုံးအပေါ်မှာ အရှိကိုအရှိအတိုင်းလက်ခံတယ်။ ကောင်းတာကိုသာရွေးချယ်လုပ်ကိုင်ဖို့အမြဲတိုက်တွန်းမယ်။ သူတို့ဖြစ်စေချင်တဲ့ပုံစံကိုသွင်းမယ့်အစား မိတ်ဆွေမှာရှိနေပြီးသားအရည်အချင်းတွေထဲက အကောင်းဆုံးဆိုတာကို ထုတ်နှုတ်ရွေးချယ်ပေါင်းသင်းတတ်ကြတယ်။

၄.. ပစ်မထားပါ-They Don't Abandon You
ငယ်ငယ်ကတည်းကခင်ခဲ့တဲ့သူငယ်ချင်းတွေ မိတ်ဆွေရဲ့ပတ်ပတ်လည်မှာဘယ်နှစ်ယောက်များကျန်ရှိကူညီနေပါသလဲ? အဖြေကတော့သိပ်ရှားပါတယ်လို့ထွက်ပါလိမ့်မယ်။ နတ်သမီးအတောင်ပံပါတဲ့သူငယ်ချင်းတွေဟာ မိတ်ဆွေအောင်မြင်နေတုန်း၊ သူတို့အကျိုးကိုမြှင့်တင်ပေးနိုင်တုန်းမှာတော့ ရစ်တွယ်နေမှာပါ။ မိတ်ဆွေကအခြေအနေနိမ့်ပါး၊ ချို့တဲ့၊ စီးပွားရေးကျ၊ အမှုအခင်းဖြစ် စတဲ့ ပျော်ရွှင်မှုမပါတဲ့လူမှုကိစ္စရပ်တွေကြုံလာရင်တော့ သူတို့ပါလာတဲ့အတောင်ပံကိုသုံးပြီးပျံသန်းသွားကြမှာမလွဲပါပဲ။
တကယ်ခင်တတ်သူတစ်ယောက်ဟာ သူ့သူငယ်ချင်းကိုပစ်မထားပါဘူး။ မိတ်ဆွေအောင်မြင်ကျော်ကြား လူရှေ့မှာကြွားနေတဲ့အချိန်မှာ မျက်စိရှေ့မှာ “ဘွားကနဲ” ပေါ်လာချင်မှပေါ်လာမယ်။ မိတ်ဆွေအခက်အခဲဖြစ်နေချိန် အိမ်ရှေ့မှာတံခါးလာခေါက်သူ၊ ဖုန်းတစ်ချက်ဆက်သူ၊ မက်ဆင်ဂျာမှာ ဒင်ကနဲလှန့်နှိုးပြီး “သူငယ်ချင်း ငါ ဘာကူညီရမလဲ?” လို့ မေးဖော်ရသူဟာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့အကြင်လက္ခဏာပါပဲ။

၅.. ကိုယ်တိုင်သတ်မှတ်သင့်တဲ့သူငယ်ချင်းကောင်း-Finding Your Own Definition of a True Friend
လူတိုင်းလူတိုင်းမှာစံထားသတ်မှတ်ထားတဲ့ယုံကြည်မှုတွေရှိပါတယ်။ သူငယ်ချင်းတစ်ယောက်ဟာ မိတ်ဆွေရဲ့စိတ်ထဲကသတ်မှတ်ထားတဲ့စံနှုန်းနဲ့ကိုက်ညီမကိုက်ညီဆိုတာကိုသိဖို့ ကိုယ်တိုင်ဒုက္ခအရောက်ခံစရာမလိုပါဘူး။ ဖတ်ထားတဲ့စာအုပ်တွေထဲက အသိပညာထုတ်ယူမယ်၊ ကြုံဖူးထားသူတွေပြောပြလာတဲ့အထဲက သင်ခန်းစာထုတ်ယူမယ်၊ ကိုယ်ပိုင်စွမ်းအားနဲ့လေ့လာရင်း ဉာဏ်ပညာကြီးမားအောင်ထုတ်လုပ်ရယူမယ်ဆိုရင် အနည်းဆုံးသူငယ်ချင်းကောင်းတစ်ယောက်ကတော့ လက်ရှိဘဝမှာရနိုင်ပါတယ်။
တစ်ချိန်တည်းမှာ မိတ်ဆွေဆီမှာမရှိတဲ့ဘယ်အရည်အချင်းကို သူငယ်ချင်းကောင်းဆီကလိုချင်တာလဲဆိုတာသိနေရပါမယ်။ ဒါမှသာ အပေး နဲ့ အယူ ချိန်ခွင်ညှာမှာ သူသာနေသလား ကိုယ်ကအလေးချိန်စီးရဲ့လားဆိုတာထည့်သွင်းစဉ်းစားရင်း မိတ်ဆွေကိုယ်တိုုင် အကူအညီလိုနေသူနောက်ထပ်သူငယ်ချင်းတစ်ယောက်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လာအောင်ကြိုးစားနိုင်ပါတယ်။

မိတ်ဆွေကိုယ်တိုင် သူငယ်ချင်းကောင်းရထားပြီ၊ ကိုယ်တိုင်လည်း
တစ်ပါးသူတစ်ဦးတစ်ယောက်အတွက် သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ရပ်တည်နေထိုင်ဖို့နည်းလမ်းကိုသိပြီဆိုရင် Destiny ဆိုတဲ့ ကံကြမ္မာအကြောင်းဆက်ဆွေးနွေးလို့ရပါပြီ။

မိတ်ဆွေဘယ်လိုမျိုးအဆက်ဆံခံချင်သလဲဆိုတာကိုသိလာတာနဲ့အမျှ သူတစ်ပါးကိုမိတ်ဆွေဘယ်လိုဆက်ဆံသင့်သလဲဆိုတဲ့အဖြေက နောက်ကနေ အလိုလိုလိုက်ပါလာမှာဖြစ်ပါတယ်။

ဒီလိုပါပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြတဲ့ဒီလောကကြီးထဲမှာ အရာရာတိုင်းကိုသူတစ်ပါးလုပ်ပေးမှအောင်မြင်ကြတာမဟုတ်ပါဘူး။ ကောင်းတာချည်းပြောနေတဲ့သူငယ်ချင်းဟာသူငယ်ချင်းကောင်းလို့တပ်အပ်မပြောနိုင်သလို အပြစ်တင်ပြင်ဆင်ပေးတတ်တဲ့ ပါးစပ်ကြမ်းတဲ့သူငယ်ချင်းဟာ မိတ်ဆွေရဲ့အကျိုးကိုမလိုလားတဲ့သူငယ်ချင်းလို့သတ်မှတ်လိုက်လို့မရပါဘူး။

ဒီအထဲမှာအလွယ်ကူဆုံး၊ အရှင်းလင်းဆုံး၊ အမှန်အကန်ဆုံး နဲ့ ရှေးအကျဆုံးဆုံးမစကားကိုပြပါဆိုရင် ဘုရားဟောထားတဲ့ "လူမိုက်နဲ့မပေါင်းနဲ့" ဆိုတဲ့တရားအနက်အဓိပ္ပာယ်ဆီကိုပြန်ခေါ်သွားချင်ပါတယ်။

ကောင်းမှုလုပ်ဆောင်ဖို့တိုက်တွန်းရုံသာမက မကောင်းမှုကိုတားမြစ်တတ်တဲ့သူငယ်ချင်းကောင်း (တွေ) နဲ့ အတူ ဘဝရည်မှန်းချက်လိုရာခရီးအတွက် ကံကြမ္မာရထားကိုစီးပြီး အောင်မြင်မှုရလဒ်အကြီးကြီးရရှိပိုင်ဆိုုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
12-19-2019

<Zawgyi>

"A True Friend Will Take You to Your Destiny"
မၾကာေသးခင္ေလးကမွဖတ္ထားဖူးတဲ့စာသားေလးတစ္ေၾကာင္းဟာ ကၽြန္ေတာ့္ေခါင္းထဲကေနျပန္မထြက္သြားနိုင္ဘဲ စိတ္ထဲစြဲလို႕ ရင္ထဲမွာျမဲေနတဲ႕အေတြးေတြဟာ အခ်ိန္ျပည္႕စုိးမိုးေနပါတယ္။ A True Friend ဆိုတာဘာလဲ? Destiny ဆုိတာဘာလဲ? ဒီႏွစ္ခုက ဘယ္လိုဆက္စပ္ေနပါသလဲ? တစ္ဆက္တည္း အေတြးနယ္ခ်ဲ႕ေနမိရင္း ကိုယ္႕ဟာကိုယ္ စာေရးဖို႕အခ်ိန္နည္းေနတဲ႕အေၾကာင္းကုိ အျပစ္ဖို႕ေနမိတယ္။

Google မွာ A True Friend လို႕ရိုက္ခ်လိုက္တာ ရွာေဖြႏုိင္တဲ႕အေျဖေပါင္း (2,670,000,000) ခု ရွိပါတယ္။ အေျဖေတြဘယ္ေလာက္ပဲမ်ားျပားေနပါေစ ကြ်န္ေတာ္တုိ႕ရဲ႕ပတ္ဝန္းက်င္မွာ သူငယ္ခ်င္းေကာင္းရွားတယ္လို႕အျမဲၾကားေနရတာေတြက လူသားေတြရဲ႕ဘဝကို အထီးက်န္ေစတယ္၊ အက်ည္းတန္ေစပါတယ္။
သန္းေပါင္းမ်ားစြာေသာလူေတြၾကားထဲမွာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရဖို႕ဘာေၾကာင္႕ခက္ခဲေနၾကတာပါလဲ? Destiny အေၾကာင္းဆက္မေဆြးေႏြးခင္ သူငယ္ခ်င္းေကာင္းတစ္ေယာက္မွာရွိသင္႕ ရွိအပ္တဲ႕အခ်က္ေတြထဲက ရင္ကိုလာစုိက္တဲ႕သံေယာဇဥ္အပ္ေလးေတြကိုထုတ္ႏႈတ္ျပသခ်င္မိတယ္။

သူငယ္ခ်င္းေကာင္းတစ္ေယာက္ဟာ . . .

၁.. မိတ္ေဆြအတြက္အျမဲရပ္တည္တယ္-A True Friend Has Your Back
ရုပ္အားျဖင္႕ျဖစ္ေစ၊ စိတ္ဓါတ္အားျဖင္႕ျဖစ္ေစ သူငယ္ခ်င္းေကာင္းတစ္ေယာက္ဟာ မိတ္ေဆြရဲ႕အက်ိဳးကိုအျမဲလိုလားသူတစ္ေယာက္ျဖစ္ပါတယ္။ ဘယ္သူေတြက ဘယ္ေနရာကေနရန္ျပဳေနပါေစ သူငယ္ခ်င္းတစ္ေယာက္ဟာ မိတ္ေဆြကိုကာကြယ္ဖို႕ဝန္မေလးတတ္ဘူး။ တကယ္လိုအပ္တဲ႕အခ်ိန္မွာ ဘာအက်ိဳးျပန္ အက်ိဳးစားမွမေမွ်ာ္လင္႕ဘဲ ကူညီတတ္တာ သူငယ္ခ်င္းေကာင္းတစ္ေယာက္လို႕ နိဒါန္းပ်ိဳး ေမာ္ကြန္းထုိးခ်င္တယ္။


၂.. အစစ္အမွန္ျဖစ္ျပီးရုိးသားတယ္-They're Authentic and Honest with You
ရွင္းလင္းျပတ္သားတဲ႕ဘယ္ကိစၥမဆုိရုိးသားမႈမွာအေျခတည္ၾကရတယ္။ သူငယ္ခ်င္းေကာင္းအခ်င္းခ်င္းဆက္ႏြယ္မႈအရ ဘယ္ေနရာပဲေရာက္ေနေန ေရွ႕တင္မွာေရာ မျမင္ကြယ္ရာေနာက္အေျခအေနတစ္ခုမွာေရာ "အစစ္အမွန္ျဖစ္ဖို႕" လိုအပ္လွပါတယ္။ သူငယ္ခ်င္းေကာင္းတစ္ေယာက္ဟာ သူေအာင္ျမင္ဖို႕ထက္ မိတ္ေဆြေအာင္ျမင္တာကုိပိုျမင္ခ်င္တယ္။ သူငယ္ခ်င္းေကာင္းတစ္ေယာက္က မိတ္ေဆြအေပၚတကယ္ေကာင္းရဲ႕လားဆုိတာ အခက္အခဲေတြကုိေျပာျပရင္းစမ္းသပ္ၾကည္႕လို႕ရတယ္။ မိတ္ေဆြအေပၚထားတဲ႕သူ႕ရဲ႕ယံုၾကည္မႈ နဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရဲ႕တန္ဖိုးဟာ ဒီေနရာမွာမွတ္ေက်ာက္အတင္ခံပါလိမ္႕မယ္။

၃.. အရွိကုိအရွိအတုိင္းလက္ခံတယ္-They Accept You for You
အင္မတန္ရင္းႏွီးခ်င္ေယာင္ေဆာင္၊ ေကာင္းခ်င္ေယာင္ေဆာင္သူေတြဟာ ဒီလိုေကာင္းရျခင္းရဲဲ႕ေနာက္ကြယ္မွာအေၾကာင္းရင္းတစ္ခုထက္မက ရွိၾကတယ္။ အက်ိဳးအျမတ္တစ္ခုခုလုိခ်င္လ္ို႕ျဖစ္ျဖစ္၊ မလြဲသာမေေရွာင္သာလိုက္ေလ်ာရတာျဖစ္ျဖစ္၊ မေကာင္းတာကုိေကာင္းေအာင္၊ ေကာင္းေနတာကိုရႊန္းရႊန္းေဝေနေအာင္ခ်ီးမြမ္းတတ္ၾကတယ္။ ဒါဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရဲ႕က်င္႕ဝတ္နဲ႕ဆန္႕က်င္ဘက္ပါပဲ။
တကယ္ေကာင္းတဲ႕သူဟာ မိတ္ေဆြရဲ႕အေရျပားေအာက္မွာရွိတဲ႔ပကတိအေျခအေနအားလံုးအေပၚမွာ အရွိကုိအရွိအတုိင္းလက္ခံတယ္။ ေကာင္းတာကုိသာေရြးခ်ယ္လုပ္ကိုင္ဖို႕အျမဲတိုက္တြန္းမယ္။ သူတို႕ျဖစ္ေစခ်င္တဲ႕ပံုစံကုိသြင္းမယ္႕အစား မိတ္ေဆြမွာရွိေနျပီးသားအရည္အခ်င္းေတြထဲက အေကာင္းဆံုးဆုိတာကို ထုတ္ႏွဳတ္ေရြးခ်ယ္ေပါင္းသင္းတတ္ၾကတယ္။

၄.. ပစ္မထားပါ-They Don't Abandon You
ငယ္ငယ္ကတည္းကခင္ခဲ႕တဲ႕သူငယ္ခ်င္းေတြ မိတ္ေဆြရဲ႕ပတ္ပတ္လည္မွာဘယ္ႏွစ္ေယာက္မ်ားက်န္ရွိကူညီေနပါသလဲ? အေျဖကေတာ႕သိပ္ရွားပါတယ္လို႕ထြက္ပါလိမ္႕မယ္။ နတ္သမီးအေတာင္ပံပါတဲ႕သူငယ္ခ်င္းေတြဟာ မိတ္ေဆြေအာင္ျမင္ေနတုန္း၊ သူတို႕အက်ိဳးကိုျမွင္႕တင္ေပးႏုိင္တုန္းမွာေတာ႕ ရစ္တြယ္ေနမွာပါ။ မိတ္ေဆြကအေျခအေနနိမ္႕ပါး၊ ခ်ိဳ႕တဲ႕၊ စီးပြားေရးက်၊ အမႈအခင္းျဖစ္ စတဲ႕ ေပ်ာ္ရႊင္မႈမပါတဲ႕လူမႈကိစၥရပ္ေတြၾကံဳလာရင္ေတာ႕ သူတို႕ပါလာတဲ႕အေတာင္ပံကုိသံုးျပီးပ်ံသန္းသြားၾကမွာမလဲြပါပဲ။
တကယ္ခင္တတ္သူတစ္ေယာက္ဟာ သူ႕သူငယ္ခ်င္းကိုပစ္မထားပါဘူး။ မိတ္ေဆြေအာင္ျမင္ေက်ာ္ၾကား လူေရွ႕မွာၾကြားေနတဲ႕အခ်ိန္မွာ မ်က္စိေရွ႕မွာ “ဘြားကနဲ” ေပၚလာခ်င္မွေပၚလာမယ္။ မိတ္ေဆြအခက္အခဲျဖစ္ေနခ်ိန္ အိမ္ေရွ႕မွာတံခါးလာေခါက္သူ၊ ဖုန္းတစ္ခ်က္ဆက္သူ၊ မက္ဆင္ဂ်ာမွာ ဒင္ကနဲလွန္႕ႏႈိးျပီး “သူငယ္ခ်င္း ငါ ဘာကူညီရမလဲ?” လို႕ ေမးေဖာ္ရသူဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ရဲ႕အၾကင္လကၡဏာပါပဲ။

၅.. ကုိယ္တုိင္သတ္မွတ္သင္႕တဲ႕သူငယ္ခ်င္းေကာင္း-Finding Your Own Definition of a True Friend
လူတိုင္းလူတုိင္းမွာစံထားသတ္မွတ္ထားတဲ႕ယံုၾကည္မႈေတြရွိပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ဟာ မိတ္ေဆြရဲ႕စိတ္ထဲကသတ္မွတ္ထားတဲ့စံႏႈန္းနဲ႕ကိုက္ညီမကုိက္ညီဆိုတာကိုသိဖို႕ ကုိယ္တုိင္ဒုကၡအေရာက္ခံစရာမလိုပါဘူး။ ဖတ္ထားတဲ႕စာအုပ္ေတြထဲက အသိပညာထုတ္ယူမယ္၊ ၾကံဳဖူးထားသူေတြေျပာျပလာတဲ႕အထဲက သင္ခန္းစာထုတ္ယူမယ္၊ ကိုယ္ပိုင္စြမ္းအားနဲ႕ေလ႕လာရင္း ဥာဏ္ပညာၾကီးမားေအာင္ထုတ္လုပ္ရယူမယ္ဆုိရင္ အနည္းဆံုးသူငယ္ခ်င္းေကာင္းတစ္ေယာက္ကေတာ႕ လက္ရွိဘဝမွာရႏုိင္ပါတယ္။

တစ္ခ်ိန္တည္းမွာ မိတ္ေဆြဆီမွာမရွိတဲ႕ဘယ္အရည္အခ်င္းကို သူငယ္ခ်င္းေကာင္းဆီကလိုခ်င္တာလဲဆုိတာသိေနရပါမယ္။ ဒါမွသာ အေပး နဲ႕ အယူ ခ်ိန္ခြင္ညွာမွာ သူသာေနသလား ကိုယ္ကအေလးခ်ိန္စီးရဲ႕လားဆုိတာထည္႕သြင္းစဥ္းစားရင္း မိတ္ေဆြကုိယ္တုိုင္ အကူအညီလုိေနသူေနာက္ထပ္သူငယ္ခ်င္းတစ္ေယာက္ရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္လာေအာင္ၾကိဳးစားႏုိင္ပါတယ္။

မိတ္ေဆြကိုယ္တုိင္ သူငယ္ခ်င္းေကာင္းရထားျပီ၊ ကုိယ္တုိင္လည္း
တစ္ပါးသူတစ္ဦးတစ္ေယာက္အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္အျဖစ္ရပ္တည္ေနထုိင္ဖို႕နည္းလမ္းကုိသိျပီဆုိရင္ Destiny ဆိုတဲ႕ ကံၾကမၼာအေၾကာင္းဆက္ေဆြးေႏြးလို႕ရပါျပီ။

မိတ္ေဆြဘယ္လိုမ်ိဳးအဆက္ဆံခံခ်င္သလဲဆုိတာကုိသိလာတာနဲ႕အမွ် သူတစ္ပါးကိုမိတ္ေဆြဘယ္လုိဆက္ဆံသင္႕သလဲဆုိတဲ႕အေျဖက ေနာက္ကေန အလုိလုိလိုက္ပါလာမွာျဖစ္ပါတယ္။

ဒီလိုပါပဲ ကိုယ္႕ၾကမၼာကိုယ္ဖန္တီးၾကတဲ႕ဒီေလာကၾကီးထဲမွာ အရာရာတုိင္းကုိသူတစ္ပါးလုပ္ေပးမွေအာင္ျမင္ၾကတာမဟုတ္ပါဘူး။ ေကာင္းတာခ်ည္းေျပာေနတဲ႕သူငယ္ခ်င္းဟာသူငယ္ခ်င္းေကာင္းလို႕တပ္အပ္မေျပာႏုိင္သလို အျပစ္တင္ျပင္ဆင္ေပးတတ္တဲ့ ပါးစပ္ၾကမ္းတဲ႕သူငယ္ခ်င္းဟာ မိတ္ေဆြရဲ႕အက်ိဳးကိုမလိုလားတဲ႕သူငယ္ခ်င္းလို႕သတ္မွတ္လိုက္လို႕မရပါဘူး။

ဒီအထဲမွာအလြယ္ကူဆံုး၊ အရွင္းလင္းဆံုး၊ အမွန္အကန္ဆံုး နဲ႕ ေရွးအက်ဆံုးဆံုးမစကားကုိျပပါဆုိရင္ ဘုရားေဟာထားတဲ႕ "လူမိုက္နဲ႕မေပါင္းနဲ႔" ဆုိတဲ႕တရားအနက္အဓိပၸာယ္ဆီကိုျပန္ေခၚသြားခ်င္ပါတယ္။

ေကာင္းမႈလုပ္ေဆာင္ဖို႕တုိက္တြန္းရံုသာမက မေကာင္းမႈကုိတားျမစ္တတ္တဲ႕သူငယ္ခ်င္းေကာင္း (ေတြ) နဲ႕ အတူ ဘဝရည္မွန္းခ်က္လုိရာခရီးအတြက္ ကံၾကမၼာရထားကုိစီးျပီး ေအာင္ျမင္မႈရလဒ္အၾကီးၾကီးရရွိပိုင္ဆုိုင္ႏုိင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

ခင္လ်က္
ကိုညီညီ (ေတာင္ၾကီး)
12-19-2019

No comments: