ခရီးျပန္ေရာက္သူ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ကြ်န္ေတာ္အျမဲေျပာတယ္ .. ကြ်န္ေတာ္ဟာ
ေတာသား .. ေန႕တုိင္းအသစ္တစ္ခုခုကိုသင္ယူေနတုန္းပဲ .. လို႕..။ ထင္တဲ႕အတိုင္းပဲေလ ပုိင္လွျပီဆိုတဲ႕
ကိုယ္႕လုပ္ရပ္ဟာ ျဖစ္ခ်င္ျပီဆိုရင္ အေျခမလွတဲ႕အျဖစ္တစ္ခုကေတာ႕ ၾကံဳရျမဲပဲ။ ရန္ကုန္ကေန
အေမရိကားကုိသြားတုန္း တစ္ေထာက္နားတဲ႕လမ္းေၾကာင္းအတိုင္း ဒီေန႕ ထုိင္ဝမ္ေလဆိပ္ကို (
၆ ) ႏွစ္ေက်ာ္အတြင္း တစ္လွည္႕ျပန္ေရာက္တယ္။ ဟုိတစ္ေခါက္တုန္းက ပက္လက္လွန္လဲက်ခဲ႕တဲ႕
စက္ေလွခါးကိုျပန္ေရာက္ခ်င္တဲ႕ စိတ္အေၾကြးေက်သြားျပီ။ ဒီမွာတင္ ကုိယ္႕ဟာကိုယ္ဟုတ္လွျပီေပါ႕
.. ငါ႕ေလာက္သင္ယူမႈေကာင္းသူ ဒီဇဗၼ်ဴမွာဘယ္သူရွိဦးမလဲ ဆိုျပီး ေလယာဥ္ေပၚကိုေကာ႕ေကာ႕ေလးတက္သြားတာ
မလိမ္႕တစ္ပတ္လုပ္ခ်င္တဲ႕ ျပည္ခ်စ္စိတ္က မေပ်ာက္ဘူး။
.
လြယ္မယ္ဆိုတဲ႕အခ်က္က တစ္ခါတစ္ေလ ေဘးၾကပ္နံၾကပ္ျဖစ္တတ္ပါတယ္။
ဒါကိုေက်ာ္လႊားဖို႕အေကာင္းဆံုးက သတိတရား နဲ႕ အေျခအေနကို ဆင္ျခင္သံုးသပ္ႏုိင္မႈပါ။ က်ေရာက္လာတဲ႕အေျခအေနကို
ပကတိအတိုင္းျမင္တတ္ျပီး အမွား နဲ႕ အမွန္ဆံုးျဖတ္တတ္ရမွာက ရင္႕က်က္ျပီးသားသူတစ္ေယာက္ရဲ႕လုပ္ရိုးလုပ္စဥ္
မဟုတ္ပါလား? ဒီေနရာမွာ ကြ်န္ေတာ္မရင္႕က်က္ေသးတဲ႕အခ်က္တစ္ခုကို ဝန္ခံပါရေစ။
.
.
ေလယာဥ္ဆင္းခါနီး နာရီပိုင္းအလိုမွာ ကဒ္အျဖဴလို႕အမ်ားသိၾကတဲ႕
U.S Customs and Border Protection အစိုးရ႒ာနက အေကာက္ခြန္ေၾကျငာျခင္းစာရြက္ -
Customs Declaration ဆုိတာျဖည္႕ရတယ္။ ေလယာဥ္မယ္ကလုိက္ေဝေပးတဲ႕အခ်ိန္ အေမရိကန္စံေတာ္ခ်ိန္
ေန႕လည္ ( ၂ ) နာရီေလာက္ေရာက္ေနေပမယ္႕ ျမန္မာနဲ႕ထုိင္ဝမ္းစံေတာ္ခ်ိန္အရထြက္လာတဲ႕ ကြ်န္ေတာ႕အဖို႕က
အိပ္လို႕ေကာင္းတုန္း။ စာရြက္ကုိျဖည္႕ရမယ္ဆုိတာကလြဲျပီး ဘာမွ အာရံုသိပ္မထားမိလိုက္ဘူး။
အေရးထဲ ေဘာပင္က မပါလို႕ ေလယာဥ္မယ္နားငွားရေသးတယ္။ တစ္ဆက္တည္း ( အိပ္ရာႏိုးခ်ိန္ ) မနက္စာေကြ်းတဲ႕အခါဆိုေတာ႕
စားရင္း ျဖည္႕ရင္း နဲ႕ ကဒ္ျပားေပၚမွာပါတဲ႕စာေတြကို မီးမွိန္မွိန္ေလးနဲ႕ ဖတ္ေနမိတယ္။
.
ဒီစာကိုမျဖည္႕ရတာ China Airlines နဲ႕ဆို
( ၇ ) ႏွစ္နီးပါး၊ Singapore Airlines နဲ႕ဆို ( ၄ ) ႏွစ္ရွိသြားျပီေလ။ ဒါေၾကာင္႕ လိုရင္းကိုဖတ္ရင္း
ေမးခြန္းေတြကို No လို႕ အကုန္ျဖည္႕ပစ္လိုက္တယ္။ ဒီအထိက ျပသနာမရွိေသးဘူး။ ေအာက္နားမွာထပ္ဖတ္ရင္း
“ ခရီးသည္မွသယ္ေဆာင္လာေသာေငြသားမ်ား ကန္ေဒၚလာ ( ၁ဝဝဝဝ ) ေက်ာ္ပါသလား ” ဆုိတဲ႕အကြက္မွာ
No လို႕ ထပ္ျဖည္႕လိုက္တယ္။ ဒါလည္း အဆင္ေျပတာပဲေလ။
.
ေနာက္တစ္ေၾကာင္းကိုထပ္ဖတ္ၾကည္႕လိုက္ေတာ႕
“ အျမဲေန Residents ေတြဟာ ပါလာတဲ႕ပစၥည္းအားလံုး၊ ဝယ္ယူလာေသာပစၥည္းမ်ားအားလံုး ” ရဲ႕တန္ဖိုးကို
ေဖာ္ျပပါ ဆိုတဲ႕ေနရာမွာ Yes / No အကြက္မဟုတ္ေတာ႕ပဲ ေဒၚလာသေကၤတ ( $ ) နဲ႕ ေရးဖို႕အကြက္ေလး
ခ်န္ထားေပးျပန္တယ္။ ဒီေနရာမွာ ကြ်န္ေတာ႕ေခါင္းထဲကို တစ္စံုတစ္ခုက ဒိန္းကနဲေျပးဝင္လာတယ္။
ခရီးမထြက္ခင္က ( ၁ဝ၅ဝဝ ) ေဒၚလာကို မန္းနီခ်ိန္ဂ်ာ ကေန လဲခဲ႕ေသးတယ္ေလ။ သူက ( ၁ဝဝဝဝ
) ေက်ာ္ရင္ ေၾကျငာရမယ္ဆုိထားတဲ႕အျပင္ ဝယ္ယူလာတဲ႕ပစၥည္းတန္ဖိုးကိုေရးသြင္းခုိင္းေနတာ႕
( $7500 ) ဆုိျပီး ေရးထည္႕လုိက္တယ္။ ဇာတ္လမ္းက အဲဒီကေန စေတာ႕တာပါပဲ။
.
.
ေလယာဥ္ဆင္းလို႕ လူေလွ်ာက္လမ္းအရွည္ၾကီးကိုျဖတ္သန္းျပီးသကာလ
လူ ( ၂ဝ ) တစ္ျပိဳင္တည္းမတ္တပ္ရပ္ျပီး ေရာက္ရွိဗီဆာစာရင္းသြင္းတဲ႕ APC ( Automated
Passport Control ) Kiosk တစ္ခုေရွ႕ကုိ ကြ်န္ေတာ႕ကုိ ကိုယ္တိုင္လုပ္ခိုင္းပါတယ္။ စက္ရဲ႕ညႊန္ၾကားခ်က္အတိုင္း
ကြ်န္ေတာ႕ရဲ႕ အျမဲေနထုိင္ခြင္႕ကဒ္ျပား ဂရင္းကဒ္ - Alien Registration Number ကုိ စက္ထဲထည္႕တဲ႕အခါ
ဘာအေၾကာင္းေၾကာင္႕မွန္းမသိရပဲ စက္က စကင္မဖတ္ႏုိင္ဘူးျဖစ္ေနပါတယ္။ ဒါနဲ႕တာဝန္ရွိတဲ႕မိန္းမတစ္ေယာက္က
ဒီစက္ေတြတပ္ထားတာ ( ၇ ) လပဲရွိေသးတယ္ .. ဘာလို႕မဖတ္လဲမသိဘူးဆိုျပီး လူေစာင္႕တဲ႕ေနရာက
လူဝင္မႈၾကီးၾကပ္ေရးရဲအရာရွိဆီကို တန္းစီခိုင္းပါတယ္။
.
ကြ်န္ေတာ႕အလွည္႕ေရာက္တဲ႕အခါ ေဒၚလာ ( ၇၅ဝဝ
) ပါလာတယ္လို႕ေၾကျငာထားတဲ႕အတြက္ ( က ) ကြ်န္ေတာ္ဘယ္ႏုိင္ငံကလာတယ္ { ေျဖ။ ျမန္မာႏုိင္ငံက
} ( ခ ) ဒီေငြကိုဘယ္ကယူလာတယ္ { ေျဖ။ ျမန္မာႏုိင္ငံကြ်န္ေတာ႕ဆိုင္က } ( ဂ ) ဘာအတြက္သံုးမယ္
{ ေျဖ။ သမီးေက်ာင္းတက္ဖို႕ } ( ဃ ) သူတက္ေနတဲ႕ေက်ာင္း { ေျဖ။ ေက်ာင္းနံမယ္ } ( င )
အေမရိကားရွိအျမဲေနရပ္လိပ္စာ { ေျဖ။ လက္ရွိအိမ္လိပ္စာ } တို႕ကိုေျဖျပီးတဲ႕ေနာက္ ယူနီေဖာင္းအျပာဝတ္အရာရွိဟာ
ကြန္ပ်ဴတာထဲကို တစ္ေထာက္ေထာက္နဲ႕ရိုက္သြင္းပါတယ္။ ဒါနဲ႕ ကြ်န္ေတာ႕ရဲ႕ White Card မွာ
BCG လို႕ မာကာနဲ႕ေရးလုိက္ျပီး ကြ်န္ေတာ္လည္း အထုပ္ေတြကိုေရြးျပီး အေကာက္ခြန္႒ာနကို
ခ်ီတက္ပါေတာ႕တယ္။
.
.
တာဝန္က်လူမည္းအေကာက္ခြန္အရာရွိက ကြ်န္ေတာ႕အထုတ္
( ၃ ) ထုတ္ကုိ စင္ေပၚတင္ခုိင္းျပီး အားလံုးေငြသားေဒၚလာဘယ္ေလာက္ပါတယ္ဆုိတာ ထပ္စစ္ပါတယ္။
တစ္ဆက္တည္္း လိမ္လည္ျပီးထြက္ဆိုမိလို႕ ပုိတဲ႕ေဒၚလာေတြ သူတုိ႕စစ္ေဆးေတြ႕ရွိသြားရင္ ထိန္းသိမ္း
- Seize အလုပ္ခံရႏုိင္တယ္ဆိုတဲ႕ Currency Reporting ကဒ္ျပားကို ကြ်န္ေတာ႕ကိုဖတ္ခိုင္းျပီးရွင္းျပပါတယ္။
ဒီအခါမွာ ကြ်န္ေတာ္က ေငြသားဆိုရင္ေတာ႕ တစ္ေသာင္းေက်ာ္ပါပါတယ္ .. ေဘာင္းဘီအိပ္ထဲကေငြကိုပါ
ထည္႕ေပါင္းရင္ ကြ်န္ေတာ္ေရးထားတဲ႕ ( ၇၅ဝဝ ) မကဘူးလို႕ ေျပာလိုက္ေတာ႕ အရာရွိစိတ္ညစ္သြားတယ္။
ဒါနဲ႕ .. အတိအက်ဘယ္ေလာက္ရွိသလဲလို႕ ေမးျပန္တယ္။
.
ဒါနဲ႕ ကြ်န္ေတာ္က အတိအက်ကေတာ႕ ျပန္ေရၾကည္႕ရမယ္ဆိုျပီး
ရန္ကုန္မန္နီခ်ိန္ဂ်ာကေပးတဲ႕ေဗာက္ခ်ာကို ခ်ေပးလိုက္ပါတယ္။ ဒါနဲ႕ သူ႕အထက္အရာရွိေရာက္လာျပီး
အၾကမ္းဖ်ဥ္းပမာဏေရးခုိင္းတယ္။ ဒါနဲ႕ ဟုိေမး ဒီေမးလုပ္ရင္း စိတ္ရႈတ္လာတဲ႕အရာရွိဟာ ကြ်န္ေတာ႕ရဲ႕ငန္ျပာရည္ေစာ္နံေနတဲ႕အထုပ္ကိုေတာင္
စက္ထဲျဖတ္ဖို႕ေမ႕သြားျပီး ကြ်န္ေတာ႕ကုိေပးသြားပါတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ႕ရဲ႕ ေပါင္
( ၇ဝ ) ပါ ( ၃ ) ထုတ္ဟာ အပ်ိဳရည္မပ်က္ ဆန္ဖရန္စစၥကိုေလဆိပ္ကေန ထြက္ခြါခြင္႕ရေတာ႕မွ
အသက္ဆိုတာကို ဝဝရွဴမိေတာ႕တဲ႕ အေမရိကန္ေျမဆိုတာ အသစ္တစ္ဖန္ျပန္သင္ယူရပါေတာ႕တယ္။
.
.
ေလဆိပ္ကိုလာၾကိဳေပးတဲ႕ ေက်းဇူးရွိတဲ႕၊
အစ္ကုိလိုေလးစားရတဲ႕ အစ္မရဲ႕အမ်ိဳးသားကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပတဲ႕အခါ သူက “ ညီညီ
.. မင္းသိပ္ကံေကာင္းတယ္ ” လို႕ အစခ်ီျပီးရွင္းျပပါတယ္။ “ အေမရိကန္လူဝင္မႈၾကီးၾကပ္ေရး
နဲ႕ အေကာက္ခြန္အရာရွိေတြဟာ သူတို႕ႏိုင္ငံကိုဝင္လာသူမွန္သမွ် စစ္ေဆးရမယ္႕တာဝန္ရွိတယ္။
အစားအေသာက္ဆုိရင္ အပင္ေတြ အသီးေတြမပါရဘူး .. အသားငါးေတြ မ်ိဳးေစ႕ေတြမပါရဘူးဆိုတာ လူတုိင္းသိတယ္။
ဒါေၾကာင္႕ ေဖာင္ျဖည္႕တဲ႕အခါမွာ ျပဳျပင္ျပီးေသာအစားအစာ - Processed Food လို႕ ေရးရမယ္။
မင္းတုိ႕အရင္ေရးသလို Dried Food ဆိုရင္ အခုဒီမွာစားေနတဲ႕ လက္ဘက္ဆိုရင္ အေျခာက္မွမဟုတ္ပဲ
.. အစိုၾကီးေလ ”
.
ေနာက္တစ္ခု သူေျပာထားတာက “ ေငြသား ( ၁ဝဝဝဝ
) ေက်ာ္ရင္ - Over $10000 ” လို႕ေရးထားတာကို မင္းက ( $7500 ) လို႕သြားေရးတယ္။ ညီညီ
.. မင္း စာေသခ်ာဖတ္ရမယ္။ မင္းက တစ္ေသာင္းပိုပိုေလးရွိတာကို ေရးခ်င္ရင္လည္း အတိအက်ေရး။
မဟုတ္ရင္လည္း ဘာမွမေရးနဲ႕ေပါ႕။ အခုေတာ႕ မင္းကိုယ္တိုင္က ေငြ ( ၇၅ဝဝ ) ေဒၚလာပါလာတယ္လို႕
ေရးထားမွေတာ႕ အရာရွိက ပုိေနသလားလုိ႕ သူတုိ႕ဥပေဒနဲ႕တုိက္ဆိုင္စစ္ေဆးရမယ္ဆုိတာ သဘာဝက်တယ္ေလ
”
.
.
အမွန္က ျမန္မာႏိုင္ငံကပို႕လာၾကတဲ႕အစားအေသာက္ေတြအားလံုးဟာ
ေျခာက္ေသြ႕ထားတဲ႕အစာေတြခ်ည္းမဟုတ္ဘူး။ ဒါေၾကာင္႕ မပါဘူး No လို႕ေရးရံုနဲ႕မျပီးဘူး။
ဒါေၾကာင္႕ ျဖည္႕စရာအကြက္ရွိရင္ ျပဳျပင္ျပီးသားအစာ လုိ႕ေရးရမယ္။ အခု ေဒၚလာ ( ၇၅ဝဝ )
နဲ႕အလုပ္ရႈတ္သြားလို႕ မင္းရဲ႕အစားအေသာက္ပါကင္ ( ၃ ) လံုးကုိ ေဖာက္ဖြင္႕ဖုိ႕ရာ မစစ္ေဆးမိပဲ
ကံေကာင္းလို႕လြတ္လာတာ ” လုိ႕ ေစတနာအျပည္႕နဲ႕ရွင္းျပရင္း ကားဆက္ေမာင္းလာပါတယ္။
.
သူေျပာမွ ကြ်န္ေတာ္ကိုယ္တုိင္လည္း ေဒၚလာ
( ၁ဝဝဝဝ ) ေက်ာ္ေက်ာ္ေလးပါတာကို မလိမ္လည္ခ်င္ပါပဲလ်က္၊ ဘယ္လုိစိတ္ကူးနဲ႕ ( $7500 )
လို႕ ေရးမိသြားမွန္းကို မသိေတာ႕တာ အမွန္ပါ .. တစ္ကယ္ေျပာတာပါ..။ ငယ္ငယ္ကတည္းက အစုိးရအရာရွိဆုိရင္
အလိုလိုေၾကာက္ေနတာက တရားခံျဖစ္ေလာက္တယ္။ တစ္ကယ္ေျပာၾကစတမ္းဆို ျမန္မာ႕အစားအေသာက္ေတြဟာ
ေလယာဥ္နဲ႕သယ္ၾကတာမ်ားတယ္။ ဒါေၾကာင္႕ နယ္စပ္ကာကြယ္ေရးနဲ႕အေကာက္ခြန္ဥပေဒကုိ မျဖစ္မေနလုိက္နာၾကရပါတယ္။
.
.
“ သူတုိ႕သတ္မွတ္ခ်က္အတိုင္းမလိုက္နာရင္
မဝင္နဲ႕ ” ဆိုတဲ႕အဓိပၸာယ္သက္ေရာက္ေပမယ္႕ သိၾကတဲ႕အတိုင္း ကြ်န္ေတာ္တို႕စားခ်င္တာက ဆတ္သားေျခာက္၊
ငါးပိခ်က္၊ ငံျပာရည္ေၾကာ္၊ မရမ္းသီးငါးပိေထာင္း စတဲ႕ စုိစိစိျမန္မာ႕ရိုးရာအစားအစာေတြဆိုေတာ႕
သတိထားစစ္ေဆးစရာပါေနတာ မဆန္းေတာ႕ပါဘူး။ ခြင္႕မျပဳေပမယ္႕ စားခ်င္လြန္းလို႕ ျမန္မာ႕နည္းျမန္မာ႕ဟန္နဲ႕သယ္ေနၾကတာလည္း
ျမန္မာကယ္ရီေတြပါပဲ။
.
ဒီေဒၚလာဇာတ္လမ္းကေန အေမရိကန္ေျမမွာ မဆိုင္ရင္အပိုကိစၥေတြမလုပ္နဲ႕
ဆိုတာကို ဒီေန႕လတ္လတ္ဆတ္ဆတ္ၾကီး သင္ယူခဲ႕ရတယ္။ အမွန္က အစ္မတုိ႕လင္မယားက အရင္ကတည္းက
ေျပာျပထားျပီးသား။ ကြ်န္ေတာ္ကိုက အမွတ္သညာမရွိတာ။ ဒါေၾကာင္႕ ဘယ္ေလာက္သိထားတယ္၊ ဘယ္ေလာက္သင္ယူထားျပီးျပီလဲဆိုတာကအဓိကအဆံုးအျဖတ္မေပးပါဘူး
.. ၾကံဳလာတဲ႕အခါ အေရးၾကီးတဲ႕ကိစၥကို အေရးယူ-အရာလုပ္-အဟုတ္ျဖစ္ေစဖို႕ရာ လုပ္ႏုိင္ရပါမယ္။
ရင္ဆိုင္ရျပီဆုိတဲ႕အခါ ေသြးေအးေအးနဲ႕လုပ္သင္႕လုပ္ထုိက္တာေတြကို ေခါင္းေအးေအးထား စဥ္းစားတတ္ရပါမယ္။
အထူးသျဖင္႕ အေမရိကန္ေျမျပင္ေပၚမွာ၊ ေဝဟင္ေပၚမွာ စာဆိုရင္အကုန္ျပီးဆံုးေအာင္ ဖတ္ရပါမယ္။
ဟုတ္ပါတယ္ .. ကြ်န္ေတာ္သင္ယူလို႕မျပီးေသးဘူး။ ေန႕တိုင္းအသစ္တစ္ခုမဟုတ္တစ္ခု သင္ယူေနပါတယ္ဗ်ာ။
.
ခင္လ်က္
.
02-12-2016 ( ဆန္လီယန္းဒရို )
.
.
.
Myanmar Unicode Version:
.
.
“ ဒေါ်လာ ( ၇၅ဝဝ ) က ပေးတဲ့သင်ခန်းစာ ”
ခရီးပြန်ရောက်သူ - ကိုညီညီ ( တောင်ကြီး
)
.
ကျွန်တော်အမြဲပြောတယ် .. ကျွန်တော်ဟာ
တောသား .. နေ့တိုင်းအသစ်တစ်ခုခုကိုသင်ယူနေတုန်းပဲ .. လို့..။ ထင်တဲ့အတိုင်းပဲလေ ပိုင်လှပြီဆိုတဲ့
ကိုယ့်လုပ်ရပ်ဟာ ဖြစ်ချင်ပြီဆိုရင် အခြေမလှတဲ့အဖြစ်တစ်ခုကတော့ ကြုံရမြဲပဲ။ ရန်ကုန်ကနေ
အမေရိကားကိုသွားတုန်း တစ်ထောက်နားတဲ့လမ်းကြောင်းအတိုင်း ဒီနေ့ ထိုင်ဝမ်လေဆိပ်ကို (
၆ ) နှစ်ကျော်အတွင်း တစ်လှည့်ပြန်ရောက်တယ်။ ဟိုတစ်ခေါက်တုန်းက ပက်လက်လှန်လဲကျခဲ့တဲ့
စက်လှေခါးကိုပြန်ရောက်ချင်တဲ့ စိတ်အကြွေးကျေသွားပြီ။ ဒီမှာတင် ကိုယ့်ဟာကိုယ်ဟုတ်လှပြီပေါ့
.. ငါ့လောက်သင်ယူမှုကောင်းသူ ဒီဇဗ္မျူမှာဘယ်သူရှိဦးမလဲ ဆိုပြီး လေယာဉ်ပေါ်ကိုကော့ကော့လေးတက်သွားတာ
မလိမ့်တစ်ပတ်လုပ်ချင်တဲ့ ပြည်ချစ်စိတ်က မပျောက်ဘူး။
.
လွယ်မယ်ဆိုတဲ့အချက်က တစ်ခါတစ်လေ ဘေးကြပ်နံကြပ်ဖြစ်တတ်ပါတယ်။
ဒါကိုကျော်လွှားဖို့အကောင်းဆုံးက သတိတရား နဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်မှုပါ။
ကျရောက်လာတဲ့အခြေအနေကို ပကတိအတိုင်းမြင်တတ်ပြီး အမှား နဲ့ အမှန်ဆုံးဖြတ်တတ်ရမှာက ရင့်ကျက်ပြီးသားသူတစ်ယောက်ရဲ့လုပ်ရိုးလုပ်စဉ်
မဟုတ်ပါလား? ဒီနေရာမှာ ကျွန်တော်မရင့်ကျက်သေးတဲ့အချက်တစ်ခုကို ဝန်ခံပါရစေ။
.
.
လေယာဉ်ဆင်းခါနီး နာရီပိုင်းအလိုမှာ ကဒ်အဖြူလို့အများသိကြတဲ့
U.S Customs and Border Protection အစိုးရဋ္ဌာနက အကောက်ခွန်ကြေငြာခြင်းစာရွက် -
Customs Declaration ဆိုတာဖြည့်ရတယ်။ လေယာဉ်မယ်ကလိုက်ဝေပေးတဲ့အချိန် အမေရိကန်စံတော်ချိန်
နေ့လည် ( ၂ ) နာရီလောက်ရောက်နေပေမယ့် မြန်မာနဲ့ထိုင်ဝမ်းစံတော်ချိန်အရထွက်လာတဲ့ ကျွန်တော့အဖို့က
အိပ်လို့ကောင်းတုန်း။ စာရွက်ကိုဖြည့်ရမယ်ဆိုတာကလွဲပြီး ဘာမှ အာရုံသိပ်မထားမိလိုက်ဘူး။
အရေးထဲ ဘောပင်က မပါလို့ လေယာဉ်မယ်နားငှားရသေးတယ်။ တစ်ဆက်တည်း ( အိပ်ရာနိုးချိန် ) မနက်စာကျွေးတဲ့အခါဆိုတော့
စားရင်း ဖြည့်ရင်း နဲ့ ကဒ်ပြားပေါ်မှာပါတဲ့စာတွေကို မီးမှိန်မှိန်လေးနဲ့ ဖတ်နေမိတယ်။
.
ဒီစာကိုမဖြည့်ရတာ China Airlines နဲ့ဆို
( ၇ ) နှစ်နီးပါး၊ Singapore Airlines နဲ့ဆို ( ၄ ) နှစ်ရှိသွားပြီလေ။ ဒါကြောင့် လိုရင်းကိုဖတ်ရင်း
မေးခွန်းတွေကို No လို့ အကုန်ဖြည့်ပစ်လိုက်တယ်။ ဒီအထိက ပြသနာမရှိသေးဘူး။ အောက်နားမှာထပ်ဖတ်ရင်း
“ ခရီးသည်မှသယ်ဆောင်လာသောငွေသားများ ကန်ဒေါ်လာ ( ၁ဝဝဝဝ ) ကျော်ပါသလား ” ဆိုတဲ့အကွက်မှာ
No လို့ ထပ်ဖြည့်လိုက်တယ်။ ဒါလည်း အဆင်ပြေတာပဲလေ။
.
နောက်တစ်ကြောင်းကိုထပ်ဖတ်ကြည့်လိုက်တော့
“ အမြဲနေ Residents တွေဟာ ပါလာတဲ့ပစ္စည်းအားလုံး၊ ဝယ်ယူလာသောပစ္စည်းများအားလုံး ” ရဲ့တန်ဖိုးကို
ဖော်ပြပါ ဆိုတဲ့နေရာမှာ Yes / No အကွက်မဟုတ်တော့ပဲ ဒေါ်လာသင်္ကေတ ( $ ) နဲ့ ရေးဖို့အကွက်လေး
ချန်ထားပေးပြန်တယ်။ ဒီနေရာမှာ ကျွန်တော့ခေါင်းထဲကို တစ်စုံတစ်ခုက ဒိန်းကနဲပြေးဝင်လာတယ်။
ခရီးမထွက်ခင်က ( ၁ဝ၅ဝဝ ) ဒေါ်လာကို မန်းနီချိန်ဂျာ ကနေ လဲခဲ့သေးတယ်လေ။ သူက ( ၁ဝဝဝဝ
) ကျော်ရင် ကြေငြာရမယ်ဆိုထားတဲ့အပြင် ဝယ်ယူလာတဲ့ပစ္စည်းတန်ဖိုးကိုရေးသွင်းခိုင်းနေတာ့
( $7500 ) ဆိုပြီး ရေးထည့်လိုက်တယ်။ ဇာတ်လမ်းက အဲဒီကနေ စတော့တာပါပဲ။
.
.
လေယာဉ်ဆင်းလို့ လူလျှောက်လမ်းအရှည်ကြီးကိုဖြတ်သန်းပြီးသကာလ
လူ ( ၂ဝ ) တစ်ပြိုင်တည်းမတ်တပ်ရပ်ပြီး ရောက်ရှိဗီဆာစာရင်းသွင်းတဲ့ APC ( Automated
Passport Control ) Kiosk တစ်ခုရှေ့ကို ကျွန်တော့ကို ကိုယ်တိုင်လုပ်ခိုင်းပါတယ်။ စက်ရဲ့ညွှန်ကြားချက်အတိုင်း
ကျွန်တော့ရဲ့ အမြဲနေထိုင်ခွင့်ကဒ်ပြား ဂရင်းကဒ် - Alien Registration Number ကို စက်ထဲထည့်တဲ့အခါ
ဘာအကြောင်းကြောင့်မှန်းမသိရပဲ စက်က စကင်မဖတ်နိုင်ဘူးဖြစ်နေပါတယ်။ ဒါနဲ့တာဝန်ရှိတဲ့မိန်းမတစ်ယောက်က
ဒီစက်တွေတပ်ထားတာ ( ၇ ) လပဲရှိသေးတယ် .. ဘာလို့မဖတ်လဲမသိဘူးဆိုပြီး လူစောင့်တဲ့နေရာက
လူဝင်မှုကြီးကြပ်ရေးရဲအရာရှိဆီကို တန်းစီခိုင်းပါတယ်။
.
ကျွန်တော့အလှည့်ရောက်တဲ့အခါ ဒေါ်လာ (
၇၅ဝဝ ) ပါလာတယ်လို့ကြေငြာထားတဲ့အတွက် ( က ) ကျွန်တော်ဘယ်နိုင်ငံကလာတယ် { ဖြေ။ မြန်မာနိုင်ငံက
} ( ခ ) ဒီငွေကိုဘယ်ကယူလာတယ် { ဖြေ။ မြန်မာနိုင်ငံကျွန်တော့ဆိုင်က } ( ဂ ) ဘာအတွက်သုံးမယ်
{ ဖြေ။ သမီးကျောင်းတက်ဖို့ } ( ဃ ) သူတက်နေတဲ့ကျောင်း { ဖြေ။ ကျောင်းနံမယ် } ( င )
အမေရိကားရှိအမြဲနေရပ်လိပ်စာ { ဖြေ။ လက်ရှိအိမ်လိပ်စာ } တို့ကိုဖြေပြီးတဲ့နောက် ယူနီဖောင်းအပြာဝတ်အရာရှိဟာ
ကွန်ပျူတာထဲကို တစ်ထောက်ထောက်နဲ့ရိုက်သွင်းပါတယ်။ ဒါနဲ့ ကျွန်တော့ရဲ့ White Card မှာ
BCG လို့ မာကာနဲ့ရေးလိုက်ပြီး ကျွန်တော်လည်း အထုပ်တွေကိုရွေးပြီး အကောက်ခွန်ဋ္ဌာနကို
ချီတက်ပါတော့တယ်။
.
.
တာဝန်ကျလူမည်းအကောက်ခွန်အရာရှိက ကျွန်တော့အထုတ်
( ၃ ) ထုတ်ကို စင်ပေါ်တင်ခိုင်းပြီး အားလုံးငွေသားဒေါ်လာဘယ်လောက်ပါတယ်ဆိုတာ ထပ်စစ်ပါတယ်။
တစ်ဆက်တည်း လိမ်လည်ပြီးထွက်ဆိုမိလို့ ပိုတဲ့ဒေါ်လာတွေ သူတို့စစ်ဆေးတွေ့ရှိသွားရင် ထိန်းသိမ်း
- Seize အလုပ်ခံရနိုင်တယ်ဆိုတဲ့ Currency Reporting ကဒ်ပြားကို ကျွန်တော့ကိုဖတ်ခိုင်းပြီးရှင်းပြပါတယ်။
ဒီအခါမှာ ကျွန်တော်က ငွေသားဆိုရင်တော့ တစ်သောင်းကျော်ပါပါတယ် .. ဘောင်းဘီအိပ်ထဲကငွေကိုပါ
ထည့်ပေါင်းရင် ကျွန်တော်ရေးထားတဲ့ ( ၇၅ဝဝ ) မကဘူးလို့ ပြောလိုက်တော့ အရာရှိစိတ်ညစ်သွားတယ်။
ဒါနဲ့ .. အတိအကျဘယ်လောက်ရှိသလဲလို့ မေးပြန်တယ်။
.
ဒါနဲ့ ကျွန်တော်က အတိအကျကတော့ ပြန်ရေကြည့်ရမယ်ဆိုပြီး
ရန်ကုန်မန်နီချိန်ဂျာကပေးတဲ့ဗောက်ချာကို ချပေးလိုက်ပါတယ်။ ဒါနဲ့ သူ့အထက်အရာရှိရောက်လာပြီး
အကြမ်းဖျဉ်းပမာဏရေးခိုင်းတယ်။ ဒါနဲ့ ဟိုမေး ဒီမေးလုပ်ရင်း စိတ်ရှုတ်လာတဲ့အရာရှိဟာ ကျွန်တော့ရဲ့ငန်ပြာရည်စော်နံနေတဲ့အထုပ်ကိုတောင်
စက်ထဲဖြတ်ဖို့မေ့သွားပြီး ကျွန်တော့ကိုပေးသွားပါတယ်။ ဒါကြောင့် ကျွန်တော့ရဲ့ ပေါင်
( ၇ဝ ) ပါ ( ၃ ) ထုတ်ဟာ အပျိုရည်မပျက် ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ ထွက်ခွါခွင့်ရတော့မှ
အသက်ဆိုတာကို ဝဝရှူမိတော့တဲ့ အမေရိကန်မြေဆိုတာ အသစ်တစ်ဖန်ပြန်သင်ယူရပါတော့တယ်။
.
.
လေဆိပ်ကိုလာကြိုပေးတဲ့ ကျေးဇူးရှိတဲ့၊
အစ်ကိုလိုလေးစားရတဲ့ အစ်မရဲ့အမျိုးသားကို ဖြစ်ကြောင်းကုန်စင်ပြောပြတဲ့အခါ သူက “ ညီညီ
.. မင်းသိပ်ကံကောင်းတယ် ” လို့ အစချီပြီးရှင်းပြပါတယ်။ “ အမေရိကန်လူဝင်မှုကြီးကြပ်ရေး
နဲ့ အကောက်ခွန်အရာရှိတွေဟာ သူတို့နိုင်ငံကိုဝင်လာသူမှန်သမျှ စစ်ဆေးရမယ့်တာဝန်ရှိတယ်။
အစားအသောက်ဆိုရင် အပင်တွေ အသီးတွေမပါရဘူး .. အသားငါးတွေ မျိုးစေ့တွေမပါရဘူးဆိုတာ လူတိုင်းသိတယ်။
ဒါကြောင့် ဖောင်ဖြည့်တဲ့အခါမှာ ပြုပြင်ပြီးသောအစားအစာ - Processed Food လို့ ရေးရမယ်။
မင်းတို့အရင်ရေးသလို Dried Food ဆိုရင် အခုဒီမှာစားနေတဲ့ လက်ဘက်ဆိုရင် အခြောက်မှမဟုတ်ပဲ
.. အစိုကြီးလေ ”
.
နောက်တစ်ခု သူပြောထားတာက “ ငွေသား ( ၁ဝဝဝဝ
) ကျော်ရင် - Over $10000 ” လို့ရေးထားတာကို မင်းက ( $7500 ) လို့သွားရေးတယ်။ ညီညီ
.. မင်း စာသေချာဖတ်ရမယ်။ မင်းက တစ်သောင်းပိုပိုလေးရှိတာကို ရေးချင်ရင်လည်း အတိအကျရေး။
မဟုတ်ရင်လည်း ဘာမှမရေးနဲ့ပေါ့။ အခုတော့ မင်းကိုယ်တိုင်က ငွေ ( ၇၅ဝဝ ) ဒေါ်လာပါလာတယ်လို့
ရေးထားမှတော့ အရာရှိက ပိုနေသလားလို့ သူတို့ဥပဒေနဲ့တိုက်ဆိုင်စစ်ဆေးရမယ်ဆိုတာ သဘာဝကျတယ်လေ
”
.
.
အမှန်က မြန်မာနိုင်ငံကပို့လာကြတဲ့အစားအသောက်တွေအားလုံးဟာ
ခြောက်သွေ့ထားတဲ့အစာတွေချည်းမဟုတ်ဘူး။ ဒါကြောင့် မပါဘူး No လို့ရေးရုံနဲ့မပြီးဘူး။
ဒါကြောင့် ဖြည့်စရာအကွက်ရှိရင် ပြုပြင်ပြီးသားအစာ လို့ရေးရမယ်။ အခု ဒေါ်လာ ( ၇၅ဝဝ
) နဲ့အလုပ်ရှုတ်သွားလို့ မင်းရဲ့အစားအသောက်ပါကင် ( ၃ ) လုံးကို ဖောက်ဖွင့်ဖို့ရာ မစစ်ဆေးမိပဲ
ကံကောင်းလို့လွတ်လာတာ ” လို့ စေတနာအပြည့်နဲ့ရှင်းပြရင်း ကားဆက်မောင်းလာပါတယ်။
.
သူပြောမှ ကျွန်တော်ကိုယ်တိုင်လည်း ဒေါ်လာ
( ၁ဝဝဝဝ ) ကျော်ကျော်လေးပါတာကို မလိမ်လည်ချင်ပါပဲလျက၊် ဘယ်လိုစိတ်ကူးနဲ့ ( $7500 )
လို့ ရေးမိသွားမှန်းကို မသိတော့တာ အမှန်ပါ .. တစ်ကယ်ပြောတာပါ..။ ငယ်ငယ်ကတည်းက အစိုးရအရာရှိဆိုရင်
အလိုလိုကြောက်နေတာက တရားခံဖြစ်လောက်တယ်။ တစ်ကယ်ပြောကြစတမ်းဆို မြန်မာ့အစားအသောက်တွေဟာ
လေယာဉ်နဲ့သယ်ကြတာများတယ်။ ဒါကြောင့် နယ်စပ်ကာကွယ်ရေးနဲ့အကောက်ခွန်ဥပဒေကို မဖြစ်မနေလိုက်နာကြရပါတယ်။
.
.
“ သူတို့သတ်မှတ်ချက်အတိုင်းမလိုက်နာရင်
မဝင်နဲ့ ” ဆိုတဲ့အဓိပ္ပာယ်သက်ရောက်ပေမယ့် သိကြတဲ့အတိုင်း ကျွန်တော်တို့စားချင်တာက ဆတ်သားခြောက်၊
ငါးပိချက်၊ ငံပြာရည်ကြော်၊ မရမ္းသီးငါးပိေထာင္း စတဲ့ စိုစိစိမြန်မာ့ရိုးရာအစားအစာတွေဆိုတော့
သတိထားစစ်ဆေးစရာပါနေတာ မဆန်းတော့ပါဘူး။ ခွင့်မပြုပေမယ့် စားချင်လွန်းလို့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သယ်နေကြတာလည်း
မြန်မာကယ်ရီတွေပါပဲ။
.
ဒီဒေါ်လာဇာတ်လမ်းကနေ အမေရိကန်မြေမှာ မဆိုင်ရင်အပိုကိစ္စတွေမလုပ်နဲ့
ဆိုတာကို ဒီနေ့လတ်လတ်ဆတ်ဆတ်ကြီး သင်ယူခဲ့ရတယ်။ အမှန်က အစ်မတို့လင်မယားက အရင်ကတည်းက
ပြောပြထားပြီးသား။ ကျွန်တော်ကိုက အမှတ်သညာမရှိတာ။ ဒါကြောင့် ဘယ်လောက်သိထားတယ်၊ ဘယ်လောက်သင်ယူထားပြီးပြီလဲဆိုတာကအဓိကအဆုံးအဖြတ်မပေးပါဘူး
.. ကြုံလာတဲ့အခါ အရေးကြီးတဲ့ကိစ္စကို အရေးယူ-အရာလုပ်-အဟုတ်ဖြစ်စေဖို့ရာ လုပ်နိုင်ရပါမယ်။
ရင်ဆိုင်ရပြီဆိုတဲ့အခါ သွေးအေးအေးနဲ့လုပ်သင့်လုပ်ထိုက်တာတွေကို ခေါင်းအေးအေးထား စဉ်းစားတတ်ရပါမယ်။
အထူးသဖြင့် အမေရိကန်မြေပြင်ပေါ်မှာ၊ ဝေဟင်ပေါ်မှာ စာဆိုရင်အကုန်ပြီးဆုံးအောင် ဖတ်ရပါမယ်။
ဟုတ်ပါတယ် .. ကျွန်တော်သင်ယူလို့မပြီးသေးဘူး။ နေ့တိုင်းအသစ်တစ်ခုမဟုတ်တစ်ခု သင်ယူနေပါတယ်ဗျာ။
.
ခင်လျက်
.
02-12-2016 ( ဆန်လီယန်းဒရို )
No comments:
Post a Comment