ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, May 5, 2016

လူနည္းျပီး ပြြဲစည္တဲ႕ အက္စတုိးနီးယား

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
ေဘာ္လ္တစ္ပင္လယ္ေဒသ ဥေရာပရဲ႕ေျမာက္ဘက္က လူဦးေရ ( ၁.၃ ) သန္းသာရွိတဲ႕ အက္စတိုးနီးယားႏုိင္ငံအေၾကာင္းက ဆင္းရဲမႈနလံထစႏုိင္ငံမ်ားအတြက္ အထူးအတုယူစရာေကာင္းလွပါတယ္။ သူ႕ရဲ႕အိမ္နီးနားခ်င္းႏုိင္ငံေတြက ကမၻာမွာ လူေနမႈအဆင္႕အတန္းအျမင္႕ဆံုး နဲ႕ အလုပ္နဲ႕ဘဝမွ်ေျခ - Work–Life Balance ေကာင္းလွပါတယ္ဆုိတဲ႕ ဆီြဒင္ နဲ႕ ဖင္လန္ႏုိ္င္ငံတုိ႕ တည္ရွိပါတယ္။
.
သူ႕ပိုင္နက္ထဲမွာ အဓိကကုန္းေျမၾကီးတစ္ခု နဲ႕ အလုပ္မျဖစ္တဲ႕ ကြ်န္းငယ္ေပါင္း ( ၂၂၂၂ ) ခု နဲ႕ ဖြဲ႕စည္းထားတာမုိ႕လုိ႕ ကိုလိုနီကြ်န္ျပဳႏုိင္ငံအဆက္ဆက္ရဲ႕လက္ေအာက္ကေန ႏုိင္ငံရဲ႕ဆင္းရဲမြဲေတမႈ ကို ႏုိင္ငံၾကီးေတြၾကားမွာ ဘယ္လိုေက်ာ္ျဖတ္ပ်ိဳးေထာင္သြားသလဲဆုိတာ စိတ္ဝင္စားစရာပါ။
.
ေျပာလိုက္ရင္မယံုရက္ႏုိင္စရာေတြထဲမွာ ဥေရာပသမဂၢအဖြဲ႕ဝင္ အီးယူ - European Union ထဲမွာ လူဦးေရအနည္းဆံုးႏုိင္ငံတစ္ႏုိင္ငံျဖစ္ေနတာက တစ္ခုအပါအဝင္ပါ။ သူ႕မွာ လူ႕အရင္းအျမစ္အသံုးခ်မႈအျမင္႕မားဆံုးအညႊန္းကိန္း - Index ကို ပုိင္ဆိုင္ထားပါတယ္။ ဒါ႕အျပင္ စီးပြားေရးလြတ္လပ္မႈ၊ လူ႕အခြင္႕အေရးတန္းတူညီမွ်မႈ၊ အေျခခံပညာေရးေကာင္းမြန္မႈတုိ႕ကေန ( ၂ဝ၁၂ ) ခုႏွစ္မွာ ကမၻာေပၚမွာ စာနယ္ဇင္းလြတ္လပ္ခြင္႕ တတိယအျမင္႕မားဆံုးအဆင္႕ကို ေရာက္လာရတဲ႕အထိပါပဲ။
.
.
အမွန္က အက္စတိုးနီးယားႏုိင္ငံကုိ နည္းပညာဖြံ႕ျဖိဳးမႈဗိဗၼာန္ - Technology Paradise လို႕ ေခၚၾကပါတယ္။ ( ၂ဝဝ၅ ) ခုႏွစ္မွာ အြန္လုိင္းေလလံဝက္ဆိုဒ္ၾကီး eBay က ေဒၚလာ ( ၂.၅ ) ဘီလ်ံ၊ ထုိမွတစ္ဖန္ အခုေနာက္ဆံုး ( ၂ဝ၁၁ ) ခုႏွစ္မွာ မုိက္ခရိုေဆာ႕ဖ္ကုမၸဏီကုိ ( ၈.၅ ) ဘီလ်ံနဲ႕ေရာင္းခ်လုိက္တဲ႕ Skype ကုမၸဏီဟာ အက္စတိုးနီယမ္းတစ္ဦးက တီထြင္ထားတာဆိုရင္ အံ႕ၾသသြားမလား မဆိုႏုိင္ဘူး။ ဒီေလာက္အထိ လူနည္းနည္းေလးကိုတစ္ဦးခ်င္းတစ္ေယာက္ခ်င္း ညီညြတ္သြားေအာင္ စုစည္းေပးလုိက္တာကေတာ႕ အိမ္အျပင္ထြက္စရာမလိုတဲ႕ နည္းပညာ - Technology ျဖစ္ပါတယ္။
.
ဥပမာ - အက္စတိုးနီးယမ္းေတြဟာ မဲေပးတာ၊ အခြန္စာရြက္ေပၚမွာလက္မွတ္ထုိးတာ စတဲ႕ ရံုးအလုပ္ေတြကို အြန္လိုင္းကေနလုပ္ႏုိင္ပါတယ္။ သာမန္အရပ္သားကအစ အစုိးရရံုးလုပ္ငန္းေတြအထိသံုးႏုိင္တဲ႕ X-Road ဆုိတဲ႕ Web Portal ကို အစုိးရက ဖြင္႕ေပးထားရွိတယ္။ ဒီပလက္ေဖာင္းေပၚကေန စီးပြားေရးဆုိင္ရာကိန္းဂဏန္းေတြ၊ ခြင္႕ျပဳခ်က္လုိင္စင္ေတြ၊ အစုိးရပိုင္လုပ္ငန္းေတြရဲ႕ခြင္႕ျပဳမိန္႕ေတြသာမက ျပီးစီးဖို႕ၾကန္႕ၾကာတတ္တဲ႕ စာရြက္စာတမ္းအစံုအလင္ကို ေပၚတယ္ ထဲမွာ အကုန္ထည္႕ထားေပးတယ္။
.
.
အခု ဒီအေျခအေနေရာက္ေနေပမယ္႕ ယုိယြင္းပ်က္စီးေနတဲ႕ ကိုလုိနီရုန္းထ အစိုးရတစ္ေခတ္ကို အက္စတိုးနီးယားလည္း ျဖတ္သန္းခဲ႕ရတာပါပဲ။ အဓိကက်တဲ႕ အလုပ္မျဖစ္တဲ႕ အစုိးရရံုးစံနစ္အုိ စံနစ္ေဟာင္းေတြ၊ မ်ားစြာေသာဝန္ထမ္းေတြရဲ႕အက်င္႕ပ်က္ျခစားမႈေတြ၊ ေဖာင္းပြရႈတ္လီတဲ႕ ရံုးအလုပ္ေတြ၊ အသိဥာဏ္မပါတဲ႕ပညာသင္စံနစ္ေတြကို တုိက္ဖ်က္ပံုက ထူးျခားပါတယ္။
.
အစစအရာရာကို ျခံဳငံုသံုးသပ္ျပီးသြားတဲ႕ အက္စတိုးနီးယမ္းေတြဟာ နည္းပညာေတာ္ေပ႕ဆုိတဲ႕ ပညာတတ္ေတြကို ဆင္႕ေခၚတယ္။ အဲဒီကေန အၾကံဥာဏ္ေတြယူျပီး သန္႕ရွင္းတဲ႕အစိုးရကိုအရင္ဆံုးတည္ေဆာက္တယ္။ တစ္ဆက္တည္း လည္ပတ္လာတဲ႕ပြင္႕လင္းအစုိးရကေန အနာဂါတ္အတြက္ရင္းႏွီးျမွဳပ္ႏွံတယ္ .. ဒါပါပဲ..။
.
.
စံနမူနာျပရရင္ အသက္ ( ၇ ) ႏွစ္ေရာက္တဲ႕ကေလးငယ္တုိင္းကုိ ေက်ာင္းမွာ အေျခခံကြန္ပ်ဴတာပရုိဂရမ္းမင္း သင္ခိုင္းတယ္။ ဒါဟာ အေမရိကားမွာ ေက်ာင္းသား  ( ၄ ) ဦးမွာ ( ၁ ) ဦးသာ ပရုိဂရမ္းမင္းသင္ခြင္႕ရတာနဲ႕စာရင္ အမ်ားၾကီးသာလြန္စြာေတြးေတာထားတာ သိသာပါတယ္။ ေကာင္းမြန္တဲ႕အေျခခံမ်ိဳးေစ႕ေတြေၾကာင္႕ အပင္သန္သလို အျမဲလန္းဆန္းတဲ႕ အသီးအပြင္႕ေတြ ေဝေဝဆာဆာ ခံစားရလာတယ္။
.
အက္စတိုးနီးယမ္းေတြဟာ စိတ္ဓါတ္ေမာင္းႏွင္အားေကာင္းလာတယ္။ အေမွ်ာ္အျမင္ရွိျပီး စြန္႕ဦးတီထြင္တတ္တဲ႕စိတ္ေတြ ထားတတ္လာတယ္။ ဒီအက်ိဳးဆက္က အစုိးရအုပ္ခ်ဳပ္သူေတြထံကုိ အဆက္မျပတ္အေထာက္အပံ႕ေပးပါေတာ႕တယ္။
.
.
ဒီလိုနဲ႕ အက္စတုိးနီးယားႏုိင္ငံမွာ ကုမၸဏီတစ္ခုမွတ္ပံုတင္ဖုိ႕ ( ၅ ) မိနစ္သာၾကာတဲ႕အဆင္႕ကိုေရာက္လာတယ္။ ကမၻာေက်ာ္စီးပြားေရးမဂၢဇင္းတစ္ခုရဲ႕ေဖာ္ျပခ်က္အရ ( ၂ဝ၁၃ ) ခုႏွစ္မွာ ကမၻာေပၚမွာ လုပ္ငန္းသစ္ - Startup အမ်ားဆံုးေမြးထုတ္ေပးတဲ႕ႏုိင္ငံစာရင္း ဝင္ခဲ႕တယ္။
.
ေဒၚလာအစား ယူရုိုေငြသံုးတဲ႕ အက္စတိုးနီးယားႏုိင္ငံကေန ေအာင္ျမင္ခဲ႕တဲ႕ လုပ္ငန္းေတြထဲမွာ Skype, Transferwise, Pipedrive, Cloutex, Click & Grow, GrabCAD, Erply, Fortumo, နဲ႕ Lingvist တုိ႕ဟာ လူသိမ်ားေက်ာ္ၾကားပါတယ္။
.
.
လုပ္ငန္းသစ္တစ္ခုစလုပ္ဖို႕ အက္စတိုးနီးယားမွာ အင္မတန္လြယ္ကူေစတဲ႕အေၾကာင္းကေတာ႕ ႏုိင္ငံသားတိုင္းကုိ ဒစ္ဂ်စ္တယ္မွတ္ပံုတင္ - Transnational Digital Identity Card ထုတ္ေပးထားတာက စပါတယ္။ အင္တာနက္ကေန တစ္ျခားႏုိင္ငံသားေတြနဲ႕ဆက္သြယ္ႏုိ္င္တဲ႕ အခင္းအက်င္းက ေတာ္ေတာ္အားက်ဖို႕ေကာင္းသလို လုပ္ငန္းေျပျပစ္ျပီး အလုပ္ျပီးေျမာက္လြယ္ကူေစတယ္။
.
တစ္ဆက္တည္း အြန္လုိင္းဘဏ္စံနစ္ - e-Banking နဲ႕ အေဝးမွေငြလႊဲေျပာင္းျခင္း - Remote Money Transfer တို႕ေၾကာင္႕ စုိးရိမ္ေၾကာင္႕ၾကမႈမရွိပဲ အလုပ္လုပ္ႏုိင္ၾကတယ္။ ဒါ႕အျပင္ သန္းနဲ႕ခ်ီတဲ႕ အက္စတုိးနီးယမ္းေတြရဲ႕ က်န္းမာေရးအခ်က္အလက္ေတြကုိ လံုျခံဳတဲ႕ေဒတာသိမ္းစံနစ္ နဲ႕ ထိန္းသိမ္းထားရွိပါတယ္။
.
.
အက္စတုိးနီးယားႏုိင္ငံငယ္ေလးကေန က်န္ကမၻာ႕ႏုိင္ငံအမ်ားက ဘာကိုအတုယူႏုိင္ပါသလဲ?
.
.
( ၁ ) A country must be willing to adapt and change the infrastructure of both the government and the economy if needed - လိုအပ္ရင္ ႏုိင္ငံတစ္ခုဟာ အစုိးရ နဲ႕ စီးပြားေရး ေကာင္းမြန္ဖို႕ အေျခခံအေဆာက္အဦေတြကို ေျပာင္းလဲႏုိင္ရမယ္ျဖစ္သလို လက္ခံက်င္႕သံုးဖို႕ လိုအပ္ပါတယ္။
.
( ၂ ) And to continually optimize them - ထုိမွတစ္ဆင္႕ အေကာင္းဘက္မွ အျပဳသေဘာေဆာင္ေသာနည္း နဲ႕ အဆက္မျပတ္လုပ္ေဆာင္ရပါမယ္။
.
( ၃ ) A nation needs to understand that a change of mindset should be thorough and start with the young - ႏိုင္ငံတစ္ခုဟာ စိတ္ဓါတ္ေရးရာေျပာင္းလဲမႈဟာ ေက်ာသားရင္သားမခြဲျခားပဲ “ မခြ်င္းမခ်န္ ” လုပ္ေဆာင္ရမွာျဖစ္ျပီး လူငယ္မ်ိဳးဆက္သစ္ေတြကေန ျပန္စရမယ္ဆိုတာကို နားလည္ထားရပါမယ္။
.
( ၄ ) An education system should be designed in a way that doesn’t cripple young minds, or overburden them with too much irrelevant information - ပညာေရးစံနစ္တစ္ခုဟာ ငယ္ရြယ္တဲ႕စိတ္ေတြကုိေျခေခါက္လဲေအာင္လုပ္ဖို႕မဟုတ္သလို ဆီေလ်ာ္မႈမရွိတဲ႕သတင္းအခ်က္အလက္ေတြနဲ႕ ဝန္ထုတ္ဝန္ပိုးျဖစ္ေအာင္ မေရးဆြဲသင္႕ပါဘူး။
.
( ၅ ) And, finally, if you want entrepreneurship to thrive, it is necessary to remove bureaucratic and technical obstacles at all levels - ေနာက္ဆံုးမွာ ႏုိင္ငံသားတစ္ေယာက္ဟာ ကိုယ္ပိုင္လုပ္ငန္းနဲ႕ေအာင္ျမင္တိုးတက္ဖို႕ဆုိရင္ ေရွးရိုးစြဲ အရာရွိ အရာခံစံနစ္ကို ဖယ္ရွားပစ္ဖို႕လိုျပီး အလႊာအသီးသီးမွာရွိတဲ႕ နည္းပညာအခက္အခဲအဆီးအတားေတြကို ေက်ာ္ျဖတ္ႏိုင္ရပါမယ္။
.
.
ကဲ .. ကြ်န္ေတာ္တို႕ “ ေရႊ .. ေရႊ ” လို႕ ေခၚေနတဲ႕ ဗမာေတြ အက္စတိုးနီးယားထံက နည္းပညာအေပၚ စံထားတဲ႕စံနစ္ေတြကို ယူသံုးအသက္သြင္းဖို႕ ဘယ္ေလာက္နီးစပ္ေနပါျပီလဲဆိုတာ ေမးၾကည္႕ခ်င္ပါတယ္။
.
.
ခင္လ်က္
.
05-05-2016
.
Ref: MarketWatch, Wiki
.
.
.
Myanmar Unicode Version:
.
.
“ လူနည်းပြီး ပွဲစည်တဲ့ အက်စတိုးနီးယား ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဘော်လ်တစ်ပင်လယ်ဒေသ ဥရောပရဲ့မြောက်ဘက်က လူဦးရေ ( ၁.၃ ) သန်းသာရှိတဲ့ အက်စတိုးနီးယားနိုင်ငံအကြောင်းက ဆင်းရဲမှုနလံထစနိုင်ငံများအတွက် အထူးအတုယူစရာကောင်းလှပါတယ်။ သူ့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေက ကမ္ဘာမှာ လူနေမှုအဆင့်အတန်းအမြင့်ဆုံး နဲ့ အလုပ်နဲ့ဘဝမျှခြေ - Work–Life Balance ကောင်းလှပါတယ်ဆိုတဲ့ ဆွီဒင် နဲ့ ဖင်လန်န်ိုင်ငံတို့ တည်ရှိပါတယ်။
.
သူ့ပိုင်နက်ထဲမှာ အဓိကကုန်းမြေကြီးတစ်ခု နဲ့ အလုပ်မဖြစ်တဲ့ ကျွန်းငယ်ပေါင်း ( ၂၂၂၂ ) ခု နဲ့ ဖွဲ့စည်းထားတာမို့လို့ ကိုလိုနီကျွန်ပြုနိုင်ငံအဆက်ဆက်ရဲ့လက်အောက်ကနေ နိုင်ငံရဲ့ဆင်းရဲမွဲတေမှု ကို နိုင်ငံကြီးတွေကြားမှာ ဘယ်လိုကျော်ဖြတ်ပျိုးထောင်သွားသလဲဆိုတာ စိတ်ဝင်စားစရာပါ။
.
ပြောလိုက်ရင်မယုံရက်နိုင်စရာတွေထဲမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် အီးယူ - European Union ထဲမှာ လူဦးရေအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေတာက တစ်ခုအပါအဝင်ပါ။ သူ့မှာ လူ့အရင်းအမြစ်အသုံးချမှုအမြင့်မားဆုံးအညွှန်းကိန်း - Index ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် စီးပွားရေးလွတ်လပ်မှု၊ လူ့အခွင့်အရေးတန်းတူညီမျှမှု၊ အခြေခံပညာရေးကောင်းမွန်မှုတို့ကနေ ( ၂ဝ၁၂ ) ခုနှစ်မှာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် တတိယအမြင့်မားဆုံးအဆင့်ကို ရောက်လာရတဲ့အထိပါပဲ။
.
.
အမှန်က အက်စတိုးနီးယားနိုင်ငံကို နည်းပညာဖွံ့ဖြိုးမှုဗိဗ္မာန် - Technology Paradise လို့ ခေါ်ကြပါတယ်။ ( ၂ဝဝ၅ ) ခုနှစ်မှာ အွန်လိုင်းလေလံဝက်ဆိုဒ်ကြီး eBay က ဒေါ်လာ ( ၂.၅ ) ဘီလျံ၊ ထိုမှတစ်ဖန် အခုနောက်ဆုံး ( ၂ဝ၁၁ ) ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို ( ၈.၅ ) ဘီလျံနဲ့ရောင်းချလိုက်တဲ့ Skype ကုမ္ပဏီဟာ အက်စတိုးနီယမ်းတစ်ဦးက တီထွင်ထားတာဆိုရင် အံ့ဩသွားမလား မဆိုနိုင်ဘူး။ ဒီလောက်အထိ လူနည်းနည်းလေးကိုတစ်ဦးချင်းတစ်ယောက်ချင်း ညီညွတ်သွားအောင် စုစည်းပေးလိုက်တာကတော့ အိမ်အပြင်ထွက်စရာမလိုတဲ့ နည်းပညာ - Technology ဖြစ်ပါတယ်။
.
ဥပမာ - အက်စတိုးနီးယမ်းတွေဟာ မဲပေးတာ၊ အခွန်စာရွက်ပေါ်မှာလက်မှတ်ထိုးတာ စတဲ့ ရုံးအလုပ်တွေကို အွန်လိုင်းကနေလုပ်နိုင်ပါတယ်။ သာမန်အရပ်သားကအစ အစိုးရရုံးလုပ်ငန်းတွေအထိသုံးနိုင်တဲ့ X-Road ဆိုတဲ့ Web Portal ကို အစိုးရက ဖွင့်ပေးထားရှိတယ်။ ဒီပလက်ဖောင်းပေါ်ကနေ စီးပွားရေးဆိုင်ရာကိန်းဂဏန်းတွေ၊ ခွင့်ပြုချက်လိုင်စင်တွေ၊ အစိုးရပိုင်လုပ်ငန်းတွေရဲ့ခွင့်ပြုမိန့်တွေသာမက ပြီးစီးဖို့ကြန့်ကြာတတ်တဲ့ စာရွက်စာတမ်းအစုံအလင်ကို ပေါ်တယ် ထဲမှာ အကုန်ထည့်ထားပေးတယ်။
.
.
အခု ဒီအခြေအနေရောက်နေပေမယ့် ယိုယွင်းပျက်စီးနေတဲ့ ကိုလိုနီရုန်းထ အစိုးရတစ်ခေတ်ကို အက်စတိုးနီးယားလည်း ဖြတ်သန်းခဲ့ရတာပါပဲ။ အဓိကကျတဲ့ အလုပ်မဖြစ်တဲ့ အစိုးရရုံးစံနစ်အို စံနစ်ဟောင်းတွေ၊ များစွာသောဝန်ထမ်းတွေရဲ့အကျင့်ပျက်ခြစားမှုတွေ၊ ဖောင်းပွရှုတ်လီတဲ့ ရုံးအလုပ်တွေ၊ အသိဥာဏ်မပါတဲ့ပညာသင်စံနစ်တွေကို တိုက်ဖျက်ပုံက ထူးခြားပါတယ်။
.
အစစအရာရာကို ခြုံငုံသုံးသပ်ပြီးသွားတဲ့ အက်စတိုးနီးယမ်းတွေဟာ နည်းပညာတော်ပေ့ဆိုတဲ့ ပညာတတ်တွေကို ဆင့်ခေါ်တယ်။ အဲဒီကနေ အကြံဥာဏ်တွေယူပြီး သန့်ရှင်းတဲ့အစိုးရကိုအရင်ဆုံးတည်ဆောက်တယ်။ တစ်ဆက်တည်း လည်ပတ်လာတဲ့ပွင့်လင်းအစိုးရကနေ အနာဂါတ်အတွက်ရင်းနှီးမြှုပ်နှံတယ် .. ဒါပါပဲ..။
.
.
စံနမူနာပြရရင် အသက် ( ၇ ) နှစ်ရောက်တဲ့ကလေးငယ်တိုင်းကို ကျောင်းမှာ အခြေခံကွန်ပျူတာပရိုဂရမ်းမင်း သင်ခိုင်းတယ်။ ဒါဟာ အမေရိကားမှာ ကျောင်းသား  ( ၄ ) ဦးမှာ ( ၁ ) ဦးသာ ပရိုဂရမ်းမင်းသင်ခွင့်ရတာနဲ့စာရင် အများကြီးသာလွန်စွာတွေးတောထားတာ သိသာပါတယ်။ ကောင်းမွန်တဲ့အခြေခံမျိုးစေ့တွေကြောင့် အပင်သန်သလို အမြဲလန်းဆန်းတဲ့ အသီးအပွင့်တွေ ဝေဝေဆာဆာ ခံစားရလာတယ်။
.
အက်စတိုးနီးယမ်းတွေဟာ စိတ်ဓါတ်မောင်းနှင်အားကောင်းလာတယ်။ အမျှော်အမြင်ရှိပြီး စွန့်ဦးတီထွင်တတ်တဲ့စိတ်တွေ ထားတတ်လာတယ်။ ဒီအကျိုးဆက်က အစိုးရအုပ်ချုပ်သူတွေထံကို အဆက်မပြတ်အထောက်အပံ့ပေးပါတော့တယ်။
.
.
ဒီလိုနဲ့ အက်စတိုးနီးယားနိုင်ငံမှာ ကုမ္ပဏီတစ်ခုမှတ်ပုံတင်ဖို့ ( ၅ ) မိနစ်သာကြာတဲ့အဆင့်ကိုရောက်လာတယ်။ ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်းတစ်ခုရဲ့ဖော်ပြချက်အရ ( ၂ဝ၁၃ ) ခုနှစ်မှာ ကမ္ဘာပေါ်မှာ လုပ်ငန်းသစ် - Startup အများဆုံးမွေးထုတ်ပေးတဲ့နိုင်ငံစာရင်း ဝင်ခဲ့တယ်။
.
ဒေါ်လာအစား ယူရိုငွေသုံးတဲ့ အက်စတိုးနီးယားနိုင်ငံကနေ အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ Skype, Transferwise, Pipedrive, Cloutex, Click & Grow, GrabCAD, Erply, Fortumo, နဲ့ Lingvist တို့ဟာ လူသိများကျော်ကြားပါတယ်။
.
.
လုပ်ငန်းသစ်တစ်ခုစလုပ်ဖို့ အက်စတိုးနီးယားမှာ အင်မတန်လွယ်ကူစေတဲ့အကြောင်းကတော့ နိုင်ငံသားတိုင်းကို ဒစ်ဂျစ်တယ်မှတ်ပုံတင် - Transnational Digital Identity Card ထုတ်ပေးထားတာက စပါတယ်။ အင်တာနက်ကနေ တစ်ခြားနိုင်ငံသားတွေနဲ့ဆက်သွယ်န်ိုင်တဲ့ အခင်းအကျင်းက တော်တော်အားကျဖို့ကောင်းသလို လုပ်ငန်းပြေပြစ်ပြီး အလုပ်ပြီးမြောက်လွယ်ကူစေတယ်။
.
တစ်ဆက်တည်း အွန်လိုင်းဘဏ်စံနစ် - e-Banking နဲ့ အဝေးမှငွေလွှဲပြောင်းခြင်း - Remote Money Transfer တို့ကြောင့် စိုးရိမ်ကြောင့်ကြမှုမရှိပဲ အလုပ်လုပ်နိုင်ကြတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ အက်စတိုးနီးယမ်းတွေရဲ့ ကျန်းမာရေးအချက်အလက်တွေကို လုံခြုံတဲ့ဒေတာသိမ်းစံနစ် နဲ့ ထိန်းသိမ်းထားရှိပါတယ်။
.
.
အက်စတိုးနီးယားနိုင်ငံငယ်လေးကနေ ကျန်ကမ္ဘာ့နိုင်ငံအများက ဘာကိုအတုယူနိုင်ပါသလဲ?
.
.
( ၁ ) A country must be willing to adapt and change the infrastructure of both the government and the economy if needed - လိုအပ်ရင် နိုင်ငံတစ်ခုဟာ အစိုးရ နဲ့ စီးပွားရေး ကောင်းမွန်ဖို့ အခြေခံအဆောက်အဦတွေကို ပြောင်းလဲနိုင်ရမယ်ဖြစ်သလို လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။
.
( ၂ ) And to continually optimize them - ထိုမှတစ်ဆင့် အကောင်းဘက်မှ အပြုသဘောဆောင်သောနည်း နဲ့ အဆက်မပြတ်လုပ်ဆောင်ရပါမယ်။
.
( ၃ ) A nation needs to understand that a change of mindset should be thorough and start with the young - နိုင်ငံတစ်ခုဟာ စိတ်ဓါတ်ရေးရာပြောင်းလဲမှုဟာ ကျောသားရင်သားမခွဲခြားပဲ “ မချွင်းမချန် ” လုပ်ဆောင်ရမှာဖြစ်ပြီး လူငယ်မျိုးဆက်သစ်တွေကနေ ပြန်စရမယ်ဆိုတာကို နားလည်ထားရပါမယ်။
.
( ၄ ) An education system should be designed in a way that doesn’t cripple young minds, or overburden them with too much irrelevant information - ပညာရေးစံနစ်တစ်ခုဟာ ငယ်ရွယ်တဲ့စိတ်တွေကိုခြေခေါက်လဲအောင်လုပ်ဖို့မဟုတ်သလို ဆီလျော်မှုမရှိတဲ့သတင်းအချက်အလက်တွေနဲ့ ဝန်ထုတ်ဝန်ပိုးဖြစ်အောင် မရေးဆွဲသင့်ပါဘူး။
.
( ၅ ) And, finally, if you want entrepreneurship to thrive, it is necessary to remove bureaucratic and technical obstacles at all levels - နောက်ဆုံးမှာ နိုင်ငံသားတစ်ယောက်ဟာ ကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်တိုးတက်ဖို့ဆိုရင် ရှေးရိုးစွဲ အရာရှိ အရာခံစံနစ်ကို ဖယ်ရှားပစ်ဖို့လိုပြီး အလွှာအသီးသီးမှာရှိတဲ့ နည်းပညာအခက်အခဲအဆီးအတားတွေကို ကျော်ဖြတ်နိုင်ရပါမယ်။
.
.
ကဲ .. ကျွန်တော်တို့ “ ရွှေ .. ရွှေ ” လို့ ခေါ်နေတဲ့ ဗမာတွေ အက်စတိုးနီးယားထံက နည်းပညာအပေါ် စံထားတဲ့စံနစ်တွေကို ယူသုံးအသက်သွင်းဖို့ ဘယ်လောက်နီးစပ်နေပါပြီလဲဆိုတာ မေးကြည့်ချင်ပါတယ်။
.
.
ခင်လျက်
.
05-05-2016
.
Ref: MarketWatch, Wiki


No comments: