ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး) |
ျမန္မာႏုိင္ငံကပလက္ေဖာင္းလက္ဘက္ရည္ဆိုင္အရသာကုိ အေမရိကားမွာမရႏုိင္ပါဘူး။ ဒါေပမဲ႕ ျမန္မာေတြလုပ္တဲ႕ပြဲမွာ ေဖ်ာ္တတ္သူတစ္ခ်ိဳ႕ရွိလို႕ ခပ္ဆင္ဆင္အရသာကို ေသာက္ခြင္႕ရခဲ႕ဖူးပါတယ္။ ကုိယ္႕အိမ္နဲ႕ကုိယ္က်ေတာ႕ ကုိယ္တုိင္လုပ္တတ္မွစာသံုးခြင္႕ရတဲ႕ အေမရိကားေရာက္ျမန္မာတစ္ေယာက္ရဲ႕လက္ဘက္ရည္ခ်ဥ္ျခင္းတပ္ျခင္းအေၾကာင္းကိုေရးျပခ်င္ပါတယ္။
လူပံုမဟုတ္ပါဘူး။ ေနာက္ေနတာမဟုတ္ပါဘူး။ အခ်ိဳေျခာက္ (၃) ထုတ္ကို နမူနာျပထားတာပါ။ |
အစပိုင္းက ျမန္မာႏုိင္ငံက စိုးဝင္းအခ်ိဳေျခာက္ကိုမွာေသာက္ဖူးတယ္။ ေနာက္အေခါက္ေတြက်ေတာ႕ ယုိးဒယားစာတန္းနဲ႕တံဆိပ္အဝါသံုးဖူးျပန္တယ္။ အဲဒီအခ်ိန္အထိ ျမန္မာႏုိင္ငံအရသာကိုမွီေအာင္မေဖ်ာ္တတ္ေသးပါဘူး။ ေနာက္ပိုင္း လူၾကံဳမရွိေတာ႕ ဒီမွာပဲ ရွာရေဖြရတဲ႕အခါ အိႏိၵယမ္းစတုိးဆုိင္ေတြဆီေရာက္သြားပါတယ္။
ပြက္ပြက္ဆူေအာင္ၾကိဳျပီး (၁) ၾကိမ္နား၊ ေနာက္တစ္ေခါက္ျပန္ၾကိဳ (၁) ၾကိမ္ထပ္နား၊ ဒါမွက်တာ။ ျပီးေတာ႕မွာ စေဖ်ာ္။ |
ဒါေပမဲ႕ ခ်က္ခ်င္းမေျပလည္ပါဘူး။ ဘာတံဆိပ္က ဘာအရသာမွန္းမသိ။ အိမ္နီးနားခ်င္းႏုိင္ငံက အရသာ-Flavor နဲ႕ အေရာင္-Coloring တို႕က စံုပါဘိ။ ေနာက္ဆံုးမွာေတာ႕ ျမန္မာႏိုင္ငံမွာသံုးေနၾကတဲ႕အရသာကိုျပန္လည္ယူေဆာင္လာေပးမယ္႕တံဆိပ္နဲ႕ ေဖ်ာ္ရမယ္႕အမ်ိဳးအစားကိုေတြ႕ပါတယ္ “Orange Pekoe Black Tea” ကို စဝယ္ပါတယ္။
သၾကား-Sugar အစား ဓါတုသၾကား-Saccharine သံုးတယ္။ သူက Sucrose အပ်စ္စားပံုေဆာင္ခဲတစ္မ်ိဳးေပါ႕။ |
ေဖ်ာ္ပံုကေတာ႕ ပူတဲ႕အခါ ျပန္ႏွပ္လို႕လြယ္မယ္႕အိုးထဲကုိ အခ်ိဳေျခာက္ထုပ္ ( ၃) ဂရမ္ပါတာ (၃) ထုတ္ထည္႕ပါတယ္။ ေရက (၂၄) ေအာင္စ နဲ႕ ဟင္းရည္ပြက္ေလာက္တဲ႕အပူခ်ိန္မ်ိဳးမွာ အနည္းငယ္ခမ္းေအာင္တည္ပါတယ္ (မီးခလုပ္ျပန္ပိတ္ဖို႕ေမ႕လုိ႕ကေတာ႕တစ္ဝက္ေလာက္ကုန္သြားျပီသာမွတ္။ ဤကားစကားခ်ပ္)။
Nestle တံဆိပ္မဟုတ္ရင္ ႏို႕ဆီက (၃) ဇြန္းခြဲပဲ။ |
ခပ္က်ဲက်ဲႏုိ႕ဆီက အခ်ိဳနည္းျပီးေတာ႕ပုိထည္႕ရတယ္။ ဒါေပမဲ႕ လက္ဘက္ရည္ျဖစ္သြားျပိးတဲ႕ေနာက္မွာ ျပန္ေႏႊးေသာက္ေလ ပုိေကာင္းေလ၊ ပုိစိမ္႕ေလ။ |
ကာေနးရွင္းႏို႕ဆီ ဒီမွာရွိပါ႕။ ႏို႕စိမ္းထည္႕ျပီး မီးကိုပိတ္ ျမည္းၾကည္႕ . . ကြက္တိ။ |
ေနာက္က်ေတာ႕ လက္ဘက္ရည္အေရာင္ထြက္ျပီးသားအုိးကုိ မီးဖိုေပၚကမခ်ပဲ မလိုင္တက္ေအာင္ (၄) မိနစ္ခန္႕ ဆက္တည္ပါတယ္။ ဒါေပမဲ႕ ျမန္မာႏိုင္ငံလမ္းေဘးကလက္ဘက္ရည္ဆိုင္နဲ႕အရသာတူဖို႕တစ္ခုလုိေသးတယ္။ အဲဒါက “ဆားအနည္းငယ္” ထည္႕။ အဲဒါက အသက္။
ဆရာစားလား ဆရာဆားလား။ ဒါက အသက္။ ဒီေလာက္ေလးပဲထည္႕ရတာ။ |
ဆားကို နည္းနည္းေလးမွ တကယ္႕ကိုနည္းနည္းေလးပဲခတ္ေပးရတာပါ။ ဘယ္ေလာက္နည္းသလဲဆိုေတာ႕ အိမ္ေတြမွာဟင္းရည္ေသာက္တဲ႕အခါ ျငဳပ္ေကာင္းခတ္သေလာက္သာထည္႕ေပးပါ။ မ်ားသြားရင္ လုပ္ၾကံလက္ဘက္ရည္မွန္းလူေတြသိသြားၾကလိမ္႕မယ္😊။
မလိုင္ညိဳညိဳလုိခ်င္လို႕ မီးဖိုနားကမခြဲရဲ။ မေမႊမိရင္ ကပ္ကုန္ေရာ၊ အေမႊလြန္ေတာ႕ေၾကကုန္ေရာ။ မီးဖိုနားမွာလူမေစာင္႕ေတာ႕ ေမ႕သြားတဲ႕အခါ ခမ္းကုန္ေရာ။ သိပ္ႏွေျမာဖို႕ေကာင္းတာ။ |
ေနာက္ဆံုးက်မွ မီးကိုပိတ္ျပီဆိုတဲ႕အခါက်မွ ႏို႕စိမ္း (၄) ဇြန္းထည္႕ျပီးထပ္ေပးႏွပ္ျပီးမွေသာက္ရင္ အေကာင္းဆံုးျမန္မာႏုိင္ငံအရသာကုိေသာက္သံုးႏိုင္ပါျပီ။
တစ္ခုထပ္မွာဖို႕လိုတာက မီးဖိုမပိတ္ခင္ အိုးထဲကေနက်ီစယ္ေနတဲ႕လက္ဘက္ရည္ကို အပူခ်ိန္မက်ခင္ ဇြန္းနဲ႕ေမႊေပးလိုက္ပါဦး။
လေခ်းထုတ္နဲ႕ အထဲက Sachet ေလးေတြ (၃၆) ထုတ္ကို အနံံ႕မျပယ္ေအာင္ခြဲထုတ္ထားတာ။ |
ႏုိ႕မုိ႕ဆိုရင္ ကိုယ္တကယ္ေသာက္မယ္႕အခ်ိန္က်ေတာ႕ မလိုင္ညိဳညိဳက အဖတ္လိုက္ၾကီးနဲ႕ ဖိတ္က်သြားရင္ သိပ္ႏွေျမာစရာေကာင္းတာ။ ေအာ္ . . ေစ်းေျပာဖို႕ေမ႕ေနတယ္။ (၂၁၆) ထုတ္ပါတဲ႕ တစ္ပါကင္ကို (၉) ေဒၚလာေပးရပါတယ္။
tea India တံဆိပ္က ဒီဘက္မွာနာမည္အရဆံုး (၂၁၆) ထုတ္ပါတာကို $8.99 |
ဘာအရသာဝယ္ရမွန္းမသိရင္ Black Tea လို႕ေရးထားတဲ႕အထုတ္ကိုသာေရြးဝယ္ပါ။ အထဲမွာ (၃၆) ထုတ္ပါတာ လေခ်းထုတ္ (၆) ထုပ္ထပ္ခြဲထားေတာ႕ တစ္ထုတ္လုိရင္တစ္ထုတ္ မလတ္ဆတ္မွာမပူရေတာ႕ဘူးေပါ႕။
ဒီတံဆိပ္စမ္းသံုးတာလည္းအဆင္ေျပတယ္။ အက်ရည္အတူတူပဲ။ အဓိက Black Tea ျဖစ္ဖုိ႕သာလိုတယ္။ |
ပြဲလမ္းသဘင္ေတြက်ေတာ႕ အထဲမွာ ဘာမွမခြဲထားတဲ႕ အလြတ္ထုတ္-Loose Bag (၁) ေပါင္ထုတ္ေတြဝယ္ေဖ်ာ္ၾကတယ္။ အိမ္သူအိမ္သားေတြေသာက္ဖို႕ဆိုရင္ေတာ႕ အထုတ္ျပန္ခြဲထုတ္ထားတဲ႕အထုတ္ေသးေလးေတြပါဖို႕လည္းလိုတာေပါ႕။ ဒါမွာ ေရစစ္နဲ႕ျပန္စစ္စရာမလိုေတာ႕မွာ။
ျမန္မာႏိုင္ငံကိုလြမ္းရတဲ႕အထဲမွာ လမ္းေဘးပလက္ေဖာင္းလက္ဘက္ရည္ကိုလြမ္းရတဲ႕အလြမ္းဟာ အလြမ္းမေျပဆံုးပဲ . . တကဒဲ . .။
မွတ္ခ်က္။။။။။။။။။။အမိေျမနဲ႕ေဝးသူေတြအတြက္ လုပ္ပံုလုပ္နည္းအေသးစိတ္ကုိ တစ္ပံုခ်င္းစီမွာျဖည္႕ေရးေပးထားပါတယ္။ ျမန္မာႏုိင္ငံကလူေတြေက်ာ္သြားၾကေစေသာဝ္ . .။
လြမ္းလ်က္
ကိုညီညီ (ေတာင္ၾကီး)
06-29-2019
Unicode Version:
“လွမ်းရပါသော မြန်မာ့ပလက်ဖောင်းလက်ဘက်ရည် (၂)”
မြန်မာနိုင်ငံကပလက်ဖောင်းလက်ဘက်ရည်ဆိုင်အရသာကို အမေရိကားမှာမရနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာတွေလုပ်တဲ့ပွဲမှာ ဖျော်တတ်သူတစ်ချို့ရှိလို့ ခပ်ဆင်ဆင်အရသာကို သောက်ခွင့်ရခဲ့ဖူးပါတယ်။ ကိုယ့်အိမ်နဲ့ကိုယ်ကျတော့ ကိုယ်တိုင်လုပ်တတ်မှစာသုံးခွင့်ရတဲ့ အမေရိကားရောက်မြန်မာတစ်ယောက်ရဲ့လက်ဘက်ရည်ချဉ်ခြင်းတပ်ခြင်းအကြောင်းကိုရေးပြချင်ပါတယ်။
အစပိုင်းက မြန်မာနိုင်ငံက စိုးဝင်းအချိုခြောက်ကိုမှာသောက်ဖူးတယ်။ နောက်အခေါက်တွေကျတော့ ယိုးဒယားစာတန်းနဲ့တံဆိပ်အဝါသုံးဖူးပြန်တယ်။ အဲဒီအချိန်အထိ မြန်မာနိုင်ငံအရသာကိုမှီအောင်မဖျော်တတ်သေးပါဘူး။ နောက်ပိုင်း လူကြုံမရှိတော့ ဒီမှာပဲ ရှာရဖွေရတဲ့အခါ အိန္ဒိယမ်းစတိုးဆိုင်တွေဆီရောက်သွားပါတယ်။
ဒါပေမဲ့ ချက်ချင်းမပြေလည်ပါဘူး။ ဘာတံဆိပ်က ဘာအရသာမှန်းမသိ။ အိမ်နီးနားချင်းနိုင်ငံက အရသာ-Flavor နဲ့ အရောင်-Coloring တို့က စုံပါဘိ။ နောက်ဆုံးမှတော့ မြန်မာနိုင်ငံမှာသုံးနေကြတဲ့အရသာကိုပြန်လည်ယူဆောင်လာပေးမယ့်တံဆိပ်နဲ့ ဖျော်ရမယ့်အမျိုးအစားကိုတွေ့ပါတယ် “Orange Pekoe Black Tea” ကို စဝယ်ပါတယ်။
ဖျော်ပုံကတော့ ပူတဲ့အခါ ပြန်နှပ်လို့လွယ်မယ့်အိုးထဲကို အချိုခြောက်ထုပ် ( ၃) ဂရမ်ပါတာ (၃) ထုတ်ထည့်ပါတယ်။ ရေက (၂၄) အောင်စ နဲ့ ဟင်းရည်ပွက်လောက်တဲ့အပူချိန်မျိုးမှာ အနည်းငယ်ခမ်းအောင်တည်ပါတယ် (မီးခလုပ်ပြန်ပိတ်ဖို့မေ့လို့ကတော့တစ်ဝက်လောက်ကုန်သွားပြီသာမှတ်။ ဤကားစကားချပ်)။
အခုပြောနေတာက အစကနေတည်တဲ့ပုံပါ။ နို့ဆီတကယ်ထည့်ပြီဆိုတဲ့အခါကျတော့ ဒီလို တည်ပြီးသား၊ နှပ်ပြီးသား (၃) ကြိမ်မြှောက်လောက်ကျမှ လက်ဘက်ရည်က ကာရီဝါလားဖျော်သလို အရသာကိုရမှာပါ။
ကဲ . . ဖျော်နေပြီဆိုပါစို့ . .။ သကြားအစားထိုးထည့်သုံးတဲ့ Saccharine (၂) ထုတ် အရင်ထည့်မွှေပါတယ်။ ဇွန်းနဲ့အနည်းငယ်မွှေပြီးတဲ့နောက် နက်စလေနို့ဆီဆိုရင် (၂) ဇွန်းခွဲ၊ ကျဲတဲ့နို့ဆီဆိုရင် (၃) ဇွန်းထည့်ပြီး ပြန်မွှေပါတယ််။
နောက်ကျတော့ လက်ဘက်ရည်အရောင်ထွက်ပြီးသားအိုးကို မီးဖိုပေါ်ကမချပဲ မလိုင်တက်အောင် (၄) မိနစ်ခန့် ဆက်တည်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလမ်းဘေးကလက်ဘက်ရည်ဆိုင်နဲ့အရသာတူဖို့တစ်ခုလိုသေးတယ်။ အဲဒါက “ဆားအနည်းငယ်” ထည့်။ အဲဒါက အသက်။
ဆားကို နည်းနည်းလေးမှ တကယ့်ကိုနည်းနည်းလေးပဲခတ်ပေးရတာပါ။ ဘယ်လောက်နည်းသလဲဆိုတော့ အိမ်တွေမှာဟင်းရည်သောက်တဲ့အခါ ငြုပ်ကောင်းခတ်သလောက်သာထည့်ပေးပါ။ များသွားရင် လုပ်ကြံလက်ဘက်ရည်မှန်းလူတွေသိသွားကြလိမ့်မယ်😊။
နောက်ဆုံးကျမှ မီးကိုပိတ်ပြီဆိုတဲ့အခါကျမှ နို့စိမ်း (၄) ဇွန်းထည့်ပြီးထပ်ပေးနှပ်ပြီးမှသောက်ရင် အကောင်းဆုံးမြန်မာနိုင်ငံအရသာကိုသောက်သုံးနိုင်ပါပြီ။
တစ်ခုထပ်မှာဖို့လိုတာက မီးဖိုမပိတ်ခင် အိုးထဲကနေကျီစယ်နေတဲ့လက်ဘက်ရည်ကို အပူချိန်မကျခင် ဇွန်းနဲ့မွှေပေးလိုက်ပါဦး။
နို့မို့ဆိုရင် ကိုယ်တကယ်သောက်မယ့်အချိန်ကျတော့ မလိုင်ညိုညိုက အဖတ်လိုက်ကြီးနဲ့ ဖိတ်ကျသွားရင် သိပ်နှမြောစရာကောင်းတာ။ အော် . . စျေးပြောဖို့မေ့နေတယ်။ (၂၁၆) ထုတ်ပါတဲ့ တစ်ပါကင်ကို (၉) ဒေါ်လာပေးရပါတယ်။
ဘာအရသာဝယ်ရမှန်းမသိရင် Black Tea လို့ရေးထားတဲ့အထုတ်ကိုသာရွေးဝယ်ပါ။ အထဲမှာ (၃၆) ထုတ်ပါတာ လချေးထုတ် (၆) ထုပ်ထပ်ခွဲထားတော့ တစ်ထုတ်လိုရင်တစ်ထုတ် မလတ်ဆတ်မှာမပူရတော့ဘူးပေါ့။
ပွဲလမ်းသဘင်တွေကျတော့ အထဲမှာ ဘာမှမခွဲထားတဲ့ အလွတ်ထုတ်-Loose Bag (၁) ပေါင်ထုတ်တွေဝယ်ဖျော်ကြတယ်။ အိမ်သူအိမ်သားတွေသောက်ဖို့ဆိုရင်တော့ အထုတ်ပြန်ခွဲထုတ်ထားတဲ့အထုတ်သေးလေးတွေပါဖို့လည်းလိုတာပေါ့။ ဒါမှာ ရေစစ်နဲ့ပြန်စစ်စရာမလိုတော့မှာ။
မြန်မာနိုင်ငံကိုလွမ်းရတဲ့အထဲမှာ လမ်းဘေးပလက်ဖောင်းလက်ဘက်ရည်ကိုလွမ်းရတဲ့အလွမ်းဟာ အလွမ်းမပြေဆုံးပဲ . . တကဒဲ . .။
မှတ်ချက်။။။။။။။။။။အမိမြေနဲ့ဝေးသူတွေအတွက် လုပ်ပုံလုပ်နည်းအသေးစိတ်ကို တစ်ပုံချင်းစီမှာဖြည့်ရေးပေးထားပါတယ်။ မြန်မာနိုင်ငံကလူတွေကျော်သွားကြစေသောဝ် . .။
လွမ်းလျက်
ကိုညီညီ (တောင်ကြီး)
06-29-2019
No comments:
Post a Comment