ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, June 7, 2018

အလုပ္ၾကိဳးစားတုိင္းေခါင္းေဆာင္မျဖစ္

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)


. ဒီဘက္ႏုိင္ငံေရာက္ေတာ႕ လူေတြကုိ အလုပ္ရွာေပးျပီး ကူညီတတ္တဲ႕အစ္မတစ္ေယာက္ကေျပာဖူးတယ္ "သူက အလုပ္ၾကိဳးစားတယ္ ေခါင္းေဆာင္ျဖစ္တာမဆန္းပါဘူး" တဲ႕။ ကြ်န္ေတာ္တို႕ေျပာေနတာက လုပ္သက္ၾကာတဲ႕ အမ်ိဳးထဲကတစ္ေယာက္က အလုပ္ၾကိဳးစားရင္း နဲ႕ ေနာက္ပုိင္းေခါင္းေဆာင္ျဖစ္လာတာကို ျပန္ေဆြးေႏြးေနခဲ႕တာျဖစ္ပါတယ္။
.
. ရုတ္တရက္နားေထာင္လုိက္ရင္ေတာ႕ ဒီစကားကေနရာတိုင္းက တံခါးတုိင္းကိုဖြင္႕လုိ႕ရမယ္႕ "စြယ္စံုေသာ႕ - Master Key" တစ္ေခ်ာင္းလုိ႕ထင္မိၾကလိမ္႕မယ္။ ဒါေပမယ္႕ စာဖတ္သူေတြအေပၚထားတဲ႕ရုိးသားမႈကိုေရွ႕တန္းတင္ျပီးေျပာရရင္ တစ္ခ်ိဳ႕ေနရာမွာ "ေခါင္းေဆာင္မႈ - Leadership" ဆိုတာ အလုပ္ၾကိဳးစားတတ္၊ အျမန္လုပ္တတ္၊ ကုန္ပစၥည္းမ်ားမ်ားထြက္တာနဲ႕ တုိက္ရိုက္အခ်ိဳးက်တယ္လို႕ မဆိုသာပါဘူး။
.
.
. ကိုယ္ေတြ႕နဲ႕ယွဥ္ျပီးေျပာရရင္ ေခါင္းေဆာင္ေပါင္းမ်ားစြာကုိ ကြ်န္ေတာ္ေတြ႕ဖူးတယ္။ အလုပ္ၾကိဳးစားသူတစ္ခ်ိဳ႕ေခါင္းေဆာင္ျဖစ္လာတာေတြ႕ဖူးသလို ေခါင္းေဆာင္တုိင္းအလုပ္မၾကိဳးစားပါဘူး။ သူတို႕အလုပ္မၾကိဳးစားဘူးဆုိတာ အလုပ္မလုပ္ဘူးလို႕ အညံ႕ဘက္ကေနေျပာတာမဟုတ္ပါ။ သူက ေခါင္းေဆာင္အလုပ္ကိုလုပ္တဲ႕ေနရာမွာ ေသသပ္ဖ်တ္လတ္သေလာက္ တစ္ခ်ိန္လံုး တကုတ္ကုတ္အလုပ္လုပ္ေနတာမဟုတ္ဘူးလို႕ ေျပာခ်င္တာပါ။
.
. "L E A D E R S" လို႕ အင္တာနက္မွာရုိက္ခ်လိုက္ရင္ အဓိပၸာယ္ဖြင္႕ဆိုခ်က္ေတြ မ်ားျပားစြာေတြ႕ရမွာပါ။ ကြ်န္ေတာ္ၾကိဳက္မိတဲ႕ စကားလံုးအတြဲကေတာ႕
.
.
L for L E A R N : သင္ယူမယ္
.
E for E A R N : ေငြရွာေပးမယ္
.
A for A T T I T U D E : ရပ္တည္မႈမွန္ကန္မယ္
.
D for D E V E L O P E : တိုးတက္ေအာင္လုပ္မယ္
.
E for E M P L O Y M E N T : အလုပ္ျမဲေအာင္ထိန္းေပးမယ္
.
R for R E A D I N E S S : ေျဖရွင္းဖို႕အျမဲအသင္႕ရွိေနမယ္
.
S for S K I L L S : အရည္အခ်င္းမ်ားစြာရွိမယ္ စတဲ႕ အနက္ေတြပါတဲ႕ Acronym စကားလံုးေတြပါပဲ။
.
. အဲဒီစာလံုးေတြက ျမင္သာတဲ႕လုပ္ေဆာင္ရမယ္႕တာဝန္ေတြကုိ တည္႕တည္႕နဲ႕ရွင္းရွင္းေျပာေပးႏုိင္တာမို႕လို႕ ထပ္မံျပီး အဓိပၸာယ္မခ်ဲ႕ခ်င္ေတာ႕ပါ။ ေသေသခ်ာခ်ာဖတ္ၾကည္႕မိရင္ အဲဒီစာလံုးေတြမွာ "အလုပ္ၾကိဳးစားတယ္ - Working Hard" ဆိုတဲ႕စကားလံုးမပါတာကုိ သတိထားမိမွာပါ။
.
.
. ဒါေပမယ္႕ ကြ်န္ေတာ္လိုခ်င္တဲ႕ "အလုပ္ၾကိဳးစားတုိင္းေခါင္းေဆာင္မျဖစ္" ဆုိတဲ႕ေခါငး္စဥ္ကုိေရာက္ဖို႕ အေပၚက စာလံုးေတြနဲ႕မလံုေလာက္ေသးေတာ႕ ရွာပံုေတာ္ဆက္ဖြင္႕ၾကည္႕တယ္။ ဘာလိုလို အင္တာနက္မွာရွိပါတယ္။ ရွာတတ္ဖို႕သာလုိပါတယ္။ တစ္ေနရာမွာေတြ႕တဲ႕အခ်က္ (၅) ခ်က္ကုိဖတ္ျပီးတဲ႕အခါမွာေတာ႕ "ေအာ္ ငါ ေခါင္းေဆာင္ျဖစ္ဖို႕ ဒီအခ်က္ေတြလုိေနပါေသးလား" ဆိုတာကုိ သံေဝဂ ရ မွတ္သားလိုက္ရပါတယ္။
.
.
ေအာ္ . . ၁။ ေပ်ာ႕ေပ်ာင္းရန္ လိုေနျခင္း။
.
. ေခါင္းေဆာင္တစ္ေယာက္ဟာ သူက်င္လည္တဲ႕ ေရေျမေဒသ နဲ႕ အဦးေဆာင္ခံလူတန္းစားေတြကိုဆက္ဆံတဲ႕အခါ တင္းမာျခင္း၊ ေပ်ာ႕ေျပာင္းျခင္း တုိ႕ကုိ အတြင္းလွ အျပင္လွ မၾကာခဏ ဘက္ေျပာင္းျပီးသံုးတတ္ရပါတယ္။ ငယ္ငယ္ကတည္းက ၾကိမ္းေမာင္းျခင္းခံလာရတဲ႕လူတစ္ေယာက္အဖို႕ သူေခါင္းေဆာင္အျဖစ္တင္ေျမွာက္ခံရတဲ႕အခါ ခပ္တင္းတင္းျဖစ္ေနသမွ် အာဏာစက္ကြင္းကေန သက္ဆင္းရတဲ႕အခါ ဘယ္သူမွ အဖက္မလုပ္ေတာ႕ပဲ ရြံ-ေၾကာက္ဘဝ ကေန ရြံ-ပစ္ဘဝ ကို ေရာက္သြားရတာ မဆန္းပါဘူး။
.
.
ေအာ္ . . ၂။ ေပါင္းသင္းဆက္ဆံေရးေကာင္းရန္ လုိေနျခင္း။
.
. ဒီေခါင္းစဥ္က သိပ္မထူးဆန္းေပမယ္႕ လူကိုလူခ်င္းတန္ဖိုးထားတဲ႕တုိင္းျပည္မွာ ဒီအရည္အခ်င္းမပါရင္ ေခါင္းေဆာင္မျဖစ္ႏုိင္ပါဘူး။ မ်က္ႏွာလိုက္လို႕၊ လုပ္သက္ရင္႕လို႕၊ ပိုင္ရွင္ျဖစ္လို႕ ေခါင္းေဆာင္ျဖစ္ခဲ႕ရင္ေတာင္မွ ေအာက္ကအလုပ္လုပ္တဲ႕အလႊာကမၾကိဳက္ရင္ ထုိင္ခံုလႈပ္ပါတယ္။ ဒါ႕အျပင္ ေခါင္းေဆာင္ျဖစ္ေနေပမယ္႕ ဆက္ဆံေရးမေကာင္းလို႕ မၾကာခဏအတိုင္ခံရတာေတြ၊ ခံဝန္ခ်က္ထိုးခံရတာေတြၾကားေနရေတာ႕ ဒီတန္ဖိုးမပါပဲ ေခါင္းေဆာင္ျဖစ္ေနရတာ သိပ္ျပီးအႏွစ္သာရရွိတယ္လို႕ မခံစားရပါဘူး။
.
.
ေအာ္ . . ၃။ သတိၱ၊ စိတ္ရွည္ျခင္း ႏွင္႕ အၾကင္နာတရားရွိရန္ လုိေနျခင္း။
.
. ေခါင္းေဆာင္ေကာင္းတစ္ေယာက္ဟာ တစ္ခုခုကုိရင္ဆုိင္ဖို႕အတြက္ သတိၱရွိရပါမယ္။ အခက္အခဲေတြေက်ာ္လႊားဖို႕ စိတ္ရွည္ရပါမယ္။ လုပ္သားေတြအေပၚ၊ အတူတူလုပ္ကုိင္သူေတြအေပၚ ပူးေပါင္းေဆာင္ရြက္မႈရွိျပီး သနားၾကင္နာတတ္ဖို႕ အင္မတန္အေရးၾကီးပါတယ္။ အခုေတာ႕ ဒီလိုမဟုတ္တဲ႕ေခါင္းေဆာင္ေတြအုပ္ခ်ဳပ္ေနတဲ႕တုိင္းျပည္မွာၾကီးျပင္းခဲ႕ရလို႕ ငါ႕အလွည္႕က်ရင္ ငါလည္း ဒီလမ္းစဥ္လုိက္မယ္ဆိုတဲ႕ ထိုင္ခံုမျမဲတဲ႕ေခါင္းေဆာင္ေတြရဲ႕ေရွ႕ေရးဟာ ေျပာျပရမယ္ဆုိရင္ စိတ္ေလး ရင္ေလးစရာပါပဲ။
.
.
ေအာ္ . . ၄။ လူသားဆန္မႈႏွင္႕ပကတိအေျခအေနကုိျမင္တတ္ရန္ လုိေနျခင္း။
.
. ကုမၸဏီတစ္ခုမွာ ေခါင္းေဆာင္တစ္ေယာက္ရဲ႕တာဝန္ဟာ ေအာက္ကကိုယ္အုပ္ခ်ဳပ္သူနဲ႕သာ ဆက္ဆံရတာမဟုတ္ပဲ အေပၚကစီမံေရးအဖြဲ႕နဲ႕ပါ ဆက္ဆံေရးေကာင္းရပါတယ္။ သတင္းပုိ႕ရင္လည္း ပုဂၢိဳလ္စြဲ၊ ပစၥည္းစြဲ၊ ရာထူးစြဲ၊ အစားအေသာက္စြဲ . . ဘာအစြဲမွမပါပဲ ပကတိေျမျပင္အေျခအေနကုိတင္ျပဖို႕လုိတယ္။ ဒီလုိ ၾကားခံေပါင္းဆက္ေပးသူက သတင္းအခ်က္အလက္အမွန္ေတြကုိေပးမွသာ ဆံုးျဖတ္ခ်က္ေတြခ်တဲ႕အခါ လုိအပ္တဲ႕ ေဘးက က်ားကန္အေျခအေနေတြအေပၚမွာ လူသားဆန္ဆန္သံုးသပ္ႏုိင္မွာျဖစ္ပါတယ္။
.
.
ေအာ္ . . ၅။ တာဝန္ယူတတ္မႈ လုိေနျခင္း။
.
. ဒီအခ်က္က အခုလုိ အင္တာနက္ေခတ္စားလာတဲ႕အခ်ိ္န္မွာ လူေတြ စာထဲအထည္႕အေရးဆံုး၊ Vlogger ေတြ ဗီဒီယုိထဲမွာထည္႕အေျပာဆံုး နဲ႕ ႏုိင္ငံေရးသမားေတြ စင္ေပၚတက္အေျပာဆံုးစကားပါ။ လူေတြဟာ ေျပာဖို႕သာအားသန္ျပီး လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႕အားနည္းရတဲ႕အေၾကာင္းရင္းေၾကာင္႕ ဒီစကားလံုးကုိသနားမိပါတယ္။ ကိုယ္လုပ္တာ ကုိယ္တာဝန္ယူ၊ ကုိယ္ျမင္သမွ် ကိုယ္တာဝန္က်တဲ႕ေနရာကေနေျဖရွင္း၊ ကိုယ္ခ်တဲ႕အမိႈက္ ကိုယ္ျပန္ေကာက္ အားလံုးသက္ေရာက္တဲ႕ ခ်မ္းေျမ႕တဲ႕ကမၻာၾကီးကို ဒီလုိေခါင္းေဆာင္ေတြတည္ခဲ႕တာ ထပ္ရွင္းျပဖို႕လိုေတာ႕မယ္ မထင္ပါဘူး။
.
.
. ကြ်န္ေတာ္ေခါင္းေဆာင္မျဖစ္ခင္တုန္းက ဘာေၾကာင္႕ေခါင္းေဆာင္မျဖစ္ရသလဲဆုိတာကုိ အၾကိမ္ေပါင္းမ်ားစြာစဥ္းစားခဲ႕ေပမယ္႕ အင္တာနက္မွာေသခ်ာဖတ္ဖို႕ မွတ္ဖို႕ ျပဳျပင္ခဲ႕ဖို႕ သတိမရွိခဲ႕ဘူး။ အဲဒီအစား ကိုယ္႕မွာလုိေနတဲ႕အားနည္းခ်က္ေတြကိုသာ တတြင္တြင္ အျပစ္တင္ေနမိခဲ႕တယ္။
.
. အခုလို ေခါင္းေဆာင္ျဖစ္လာတဲ႕အခါက်ေတာ႕ အလုပ္ၾကိဳးစားတုိင္းေခါင္းေဆာင္မျဖစ္ဘူးဆုိတာ လက္ေတြ႕က်က်သိလာတယ္။ ကိုယ္ကိုယ္တိုင္ ပစၥည္းမ်ားမ်ားထြက္ဖို႕၊ အလုပ္ျမန္ျမန္ျပီးဖို႕ထက္စာရင္ အဲဒီလုိ အရင္းအျမစ္ေတြကို အသံုးခ်တာမွန္ကန္ျပီး ကုန္ထုတ္လုပ္မႈေတြကို နည္းစံနစ္မွန္ နဲ႕ မွန္မွန္နဲ႕မ်ားမ်ားထြက္ႏုိင္ေအာင္ ဦးေဆာင္မႈေပးရတာျဖစ္လို႕ "ေခါင္းေဆာင္မႈ - L E A D E R S H I P" ကုိ ေစ႕ေစ႕ေပါက္ေပါက္ေတြးေခၚလာႏုိင္တာနဲ႕အမွ် ေနာက္တစ္ဖန္ ျပန္လည္မွ်ေဝလိုက္ရပါတယ္။ (သိပ္ၾကိဳက္ရတဲ႕စကားေတြက်န္ပါေသးတယ္)
.
. ခင္လ်က္
.
. ကိုညီညီ (ေတာင္ၾကီး)
. 06-07-2018
.
.
Unicode Version:
.
.
. "အလုပ်ကြိုးစားတိုင်းခေါင်းဆောင်မဖြစ်"
. ဒီဘက်နိုင်ငံရောက်တော့ လူတွေကို အလုပ်ရှာပေးပြီး ကူညီတတ်တဲ့အစ်မတစ်ယောက်ကပြောဖူးတယ် "သူက အလုပ်ကြိုးစားတယ် ခေါင်းဆောင်ဖြစ်တာမဆန်းပါဘူး" တဲ့။ ကျွန်တော်တို့ပြောနေတာက လုပ်သက်ကြာတဲ့ အမျိုးထဲကတစ်ယောက်က အလုပ်ကြိုးစားရင်း နဲ့ နောက်ပိုင်းခေါင်းဆောင်ဖြစ်လာတာကို ပြန်ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။
.
. ရုတ်တရက်နားထောင်လိုက်ရင်တော့ ဒီစကားကနေရာတိုင်းက တံခါးတိုင်းကိုဖွင့်လို့ရမယ့် "စွယ်စုံသော့ - Master Key" တစ်ချောင်းလို့ထင်မိကြလိမ့်မယ်။ ဒါပေမယ့် စာဖတ်သူတွေအပေါ်ထားတဲ့ရိုးသားမှုကိုရှေ့တန်းတင်ပြီးပြောရရင် တစ်ချို့နေရာမှာ "ခေါင်းဆောင်မှု - Leadership" ဆိုတာ အလုပ်ကြိုးစားတတ်၊ အမြန်လုပ်တတ်၊ ကုန်ပစ္စည်းများများထွက်တာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ မဆိုသာပါဘူး။
.
.
. ကိုယ်တွေ့နဲ့ယှဉ်ပြီးပြောရရင် ခေါင်းဆောင်ပေါင်းများစွာကို ကျွန်တော်တွေ့ဖူးတယ်။ အလုပ်ကြိုးစားသူတစ်ချို့ခေါင်းဆောင်ဖြစ်လာတာတွေ့ဖူးသလို ခေါင်းဆောင်တိုင်းအလုပ်မကြိုးစားပါဘူး။ သူတို့အလုပ်မကြိုးစားဘူးဆိုတာ အလုပ်မလုပ်ဘူးလို့ အညံ့ဘက်ကနေပြောတာမဟုတ်ပါ။ သူက ခေါင်းဆောင်အလုပ်ကိုလုပ်တဲ့နေရာမှာ သေသပ်ဖျတ်လတ်သလောက် တစ်ချိန်လုံး တကုတ်ကုတ်အလုပ်လုပ်နေတာမဟုတ်ဘူးလို့ ပြောချင်တာပါ။
.
. "L E A D E R S" လို့ အင်တာနက်မှာရိုက်ချလိုက်ရင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ များပြားစွာတွေ့ရမှာပါ။ ကျွန်တော်ကြိုက်မိတဲ့ စကားလုံးအတွဲကတော့
.
.
L for L E A R N : သင်ယူမယ်
.
E for E A R N : ငွေရှာပေးမယ်
.
A for A T T I T U D E : ရပ်တည်မှုမှန်ကန်မယ်
.
D for D E V E L O P E : တိုးတက်အောင်လုပ်မယ်
.
E for E M P L O Y M E N T : အလုပ်မြဲအောင်ထိန်းပေးမယ်
.
R for R E A D I N E S S : ဖြေရှင်းဖို့အမြဲအသင့်ရှိနေမယ်
.
S for S K I L L S : အရည်အချင်းများစွာရှိမယ် စတဲ့ အနက်တွေပါတဲ့ Acronym စကားလုံးတွေပါပဲ။
.
. အဲဒီစာလုံးတွေက မြင်သာတဲ့လုပ်ဆောင်ရမယ့်တာဝန်တွေကို တည့်တည့်နဲ့ရှင်းရှင်းပြောပေးနိုင်တာမို့လို့ ထပ်မံပြီး အဓိပ္ပာယ်မချဲ့ချင်တော့ပါ။ သေသေချာချာဖတ်ကြည့်မိရင် အဲဒီစာလုံးတွေမှာ "အလုပ်ကြိုးစားတယ် - Working Hard" ဆိုတဲ့စကားလုံးမပါတာကို သတိထားမိမှာပါ။
.
.
. ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ "အလုပ်ကြိုးစားတိုင်းခေါင်းဆောင်မဖြစ်" ဆိုတဲ့ခေါငး်စဉ်ကိုရောက်ဖို့ အပေါ်က စာလုံးတွေနဲ့မလုံလောက်သေးတော့ ရှာပုံတော်ဆက်ဖွင့်ကြည့်တယ်။ ဘာလိုလို အင်တာနက်မှာရှိပါတယ်။ှာတတ်ဖို့သာလိုပါတယ်။ တစ်နေရာမှာတွေ့တဲ့အချက် (၅) ချက်ကိုဖတ်ပြီးတဲ့အခါမှာတော့ "အော် ငါ ခေါင်းဆောင်ဖြစ်ဖို့ ဒီအချက်တွေလိုနေပါသေးလား" ဆိုတာကို သံဝေဂ ရ မှတ်သားလိုက်ရပါတယ်။
.
.
အော် . . ၁။ ပျော့ပျောင်းရန် လိုနေခြင်း။
.
. ခေါင်းဆောင်တစ်ယောက်ဟာ သူကျင်လည်တဲ့ ရေမြေဒေသ နဲ့ အဦးဆောင်ခံလူတန်းစားတွေကိုဆက်ဆံတဲ့အခါ တင်းမာခြင်း၊ ပျော့ပြောင်းခြင်း တို့ကို အတွင်းလ အပြင်လ မကြာခဏ ဘက်ပြောင်းပြီးသုံးတတ်ရပါတယ်။ ငယ်ငယ်ကတည်းက ကြိမ်းမောင်းခြင်းခံလာရတဲ့လူတစ်ယောက်အဖို့ သူခေါင်းဆောင်အဖြစ်တင်မြှောက်ခံရတဲ့အခါ ခပ်တင်းတင်းဖြစ်နေသမျ အာဏာစက်ကွင်းကနေ သက်ဆင်းရတဲ့အခါ ဘယ်သူမ အဖက်မလုပ်တော့ပဲ ရွံ-ကြောက်ဘဝ ကနေ ရွံ-ပစ်ဘဝ ကို ရောက်သွားရတာ မဆန်းပါဘူး။
.
.
အော် . . ၂။ ပေါင်းသင်းဆက်ဆံရေးကောင်းရန် လိုနေခြင်း။
.
. ဒီခေါင်းစဉ်က သိပ်မထူးဆန်းပေမယ့် လူကိုလူချင်းတန်ဖိုးထားတဲ့တိုင်းပြည်မှာ ဒီအရည်အချင်းမပါရင် ခေါင်းဆောင်မဖြစ်နိုင်ပါဘူး။ မျက်နှာလိုက်လို့၊ လုပ်သက်ရင့်လို့၊ ပိုင်ရှင်ဖြစ်လို့ ခေါင်းဆောင်ဖြစ်ခဲ့ရင်တောင်မ အောက်ကအလုပ်လုပ်တဲ့အလွှာကမကြိုက်ရင် ထိုင်ခုံလှုပ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်ဖြစ်နေပေမယ့် ဆက်ဆံရေးမကောင်းလို့ မကြာခဏအတိုင်ခံရတာတွေ၊ ခံဝန်ချက်ထိုးခံရတာတွေကြားနေရတော့ ဒီတန်ဖိုးမပါပဲ ခေါင်းဆောင်ဖြစ်နေရတာ သိပ်ပြီးအနှစ်သာရရှိတယ်လို့ မခံစားရပါဘူး။
.
.
အော် . . ၃။ သတ္တိ၊ စိတ်ရှည်ခြင်းှင့် အကြင်နာတရားရှိရန် လိုနေခြင်း။
.
. ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ တစ်ခုခုကိုရင်ဆိုင်ဖို့အတွက် သတ္တိရှိရပါမယ်။ အခက်အခဲတွေကျော်လွှားဖို့ စိတ်ရှည်ရပါမယ်။ လုပ်သားတွေအပေါ်၊ အတူတူလုပ်ကိုင်သူတွေအပေါ် ပူးပေါင်းဆောင်ရွက်မှုရှိပြီး သနားကြင်နာတတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ အခုတော့ ဒီလိုမဟုတ်တဲ့ခေါင်းဆောင်တွေအုပ်ချုပ်နေတဲ့တိုင်းပြည်မှာကြီးပြင်းခဲ့ရလို့ ငါ့အလှည့်ကျရင် ငါလည်း ဒီလမ်းစဉ်လိုက်မယ်ဆိုတဲ့ ထိုင်ခုံမမြဲတဲ့ခေါင်းဆောင်တွေရဲ့ရှေ့ရေးဟာ ပြောပြရမယ်ဆိုရင် စိတ်လေး ရင်လေးစရာပါပဲ။
.
.
အော် . . ၄။ လူသားဆန်မှုနှင့်ပကတိအခြေအနေကိုမြင်တတ်ရန် လိုနေခြင်း။
.
. ကုမ္ပဏီတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ဟာ အောက်ကကိုယ်အုပ်ချုပ်သူနဲ့သာ ဆက်ဆံရတာမဟုတ်ပဲ အပေါ်ကစီမံရေးအဖွဲ့နဲ့ပါ ဆက်ဆံရေးကောင်းရပါတယ်။ သတင်းပို့ရင်လည်း ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲ၊ ရာထူးစွဲ၊ အစားအသောက်စွဲ . . ဘာအစွဲမှမပါပဲ ပကတိမြေပြင်အခြေအနေကိုတင်ပြဖို့လိုတယ်။ ဒီလို ကြားခံပေါင်းဆက်ပေးသူက သတင်းအချက်အလက်အမှန်တွေကိုပေးမှသာ ဆုံးဖြတ်ချက်တွေချတဲ့အခါ လိုအပ်တဲ့ ဘေးက ကျားကန်အခြေအနေတွေအပေါ်မှာ လူသားဆန်ဆန်သုံးသပ်နိုင်မှာဖြစ်ပါတယ်။
.
.
အော် . . ၅။ တာဝန်ယူတတ်မှု လိုနေခြင်း။
.
. ဒီအချက်က အခုလို အင်တာနက်ခေတ်စားလာတဲ့အချိ်န်မှာ လူတွေ စာထဲအထည့်အရေးဆုံး၊ Vlogger တွေ ဗီဒီယိုထဲမှာထည့်အပြောဆုံး နဲ့ နိုင်ငံရေးသမားတွေ စင်ပေါ်တက်အပြောဆုံးစကားပါ။ လူတွေဟာ ပြောဖို့သာအားသန်ပြီး လက်တွေ့အကောင်အထည်ဖော်ဖို့အားနည်းရတဲ့အကြောင်းရင်းကြောင့် ဒီစကားလုံးကိုသနားမိပါတယ်။ ကိုယ်လုပ်တာ ကိုယ်တာဝန်ယူ၊ ကိုယ်မြင်သမျ ကိုယ်တာဝန်ကျတဲ့နေရာကနေဖြေရှင်း၊ ကိုယ်ချတဲ့အမှိုက် ကိုယ်ပြန်ကောက် အားလုံးသက်ရောက်တဲ့ ချမ်းမြေ့တဲ့ကမ္ဘာကြီးကို ဒီလိုခေါင်းဆောင်တွေတည်ခဲ့တာ ထပ်ရှင်းပြဖို့လိုတော့မယ် မထင်ပါဘူး။
.
.
. ကျွန်တော်ခေါင်းဆောင်မဖြစ်ခင်တုန်းက ဘာကြောင့်ခေါင်းဆောင်မဖြစ်ရသလဲဆိုတာကို အကြိမ်ပေါင်းများစွာစဉ်းစားခဲ့ပေမယ့် အင်တာနက်မှာသေချာဖတ်ဖို့ှတ်ဖို့ ပြုပြင်ခဲ့ဖို့ သတိမရှိခဲ့ဘူး။ အဲဒီအစား ကိုယ့်မှာလိုနေတဲ့အားနည်းချက်တွေကိုသာ တတွင်တွင် အပြစ်တင်နေမိခဲ့တယ်။
.
. အခုလို ခေါင်းဆောင်ဖြစ်လာတဲ့အခါကျတော့ အလုပ်ကြိုးစားတိုင်းခေါင်းဆောင်မဖြစ်ဘူးဆိုတာ လက်တွေ့ကျကျသိလာတယ်။ ကိုယ်ကိုယ်တိုင် ပစ္စည်းများများထွက်ဖို့၊ အလုပ်မြန်မြန်ပြီးဖို့ထက်စာရင် အဲဒီလို အရင်းအမြစ်တွေကို အသုံးချတာမှန်ကန်ပြီး ကုန်ထုတ်လုပ်မှုတွေကို နည်းစံနစ်မှန် နဲ့ မှန်မှန်နဲ့များများထွက်နိုင်အောင် ဦးဆောင်မှုပေးရတာဖြစ်လို့ "ခေါင်းဆောင်မှု - L E A D E R S H I P" ကို စေ့စေ့ပေါက်ပေါက်တွေးခေါ်လာနိုင်တာနဲ့အမျ နောက်တစ်ဖန် ပြန်လည်မျှဝေလိုက်ရပါတယ်။ (သိပ်ကြိုက်ရတဲ့စကားတွေကျန်ပါသေးတယ်)
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 06-07-2018

No comments: