ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Thursday, May 2, 2019

Ownership

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
              "ဘယ္အရာေတြကိုလုပ္သင့္ၿပီး တူညီတဲ့အမွားေတြထပ္မလုပ္မိေစဖို႔ဘယ္လိုအႀကံေပးမလဲ?" မယ္လင္ဒါဂိတ္ က ေမးလိုက္တယ္။ 

              "မင္းတို႔ကမ႓ာပတ္ၿပီး ဒါနရွင္လုပ္၊ သုေတသနျပဳ၊ လူေတြကိုကူညီတာသိပ္ေကာင္းတယ္။ မယ္လင္ဒါ ေရ . . မင္းကိုအႀကံတစ္ခုေပးရမယ္ဆိုရင္ "ေဒသခံေတြကို ပိုင္ဆိုင္ခြင့္-Ownership ေပးရမယ္"

              "အဲဒီ Ownership ထဲမွာ တာဝန္ယူတတ္ျခင္း၊ ျပဳျပင္မြမ္းမံတတ္ျခင္း နဲ႔ ေရရွည္တည္တံ့ေအာင္ ဆက္လက္လုပ္ေဆာင္တတ္ျခင္းတို႔ပါသေပါ့ကြယ္"

              "မင္းတို႔ေငြနဲ႔ထားခဲ့တဲ့ပေရာဂ်က္၊ မင္းတို႔လုပ္အားနဲ႔လႉခဲ့တဲ့ဝန္ေဆာင္မႈေတြကို မင္းတို႔ျပန္သြားေတာ့ အလႆဟမျဖစ္သြားေစဖို႔ ေဒသခံေတြက _သူတို႔ပိုင္တဲ့ပေရာဂ်က္-To See It As Their Project_ လို႔ ခံယူထားေအာင္လုပ္ေပးခဲ့လိုက္ပါ။ ဒါကို Ownership လို႔ ေခၚပါတယ္" သမၼတေဟာင္း ဂ်င္မီကာတာက ကမ႓ာေပၚမွာ ဒုတိယအခ်မ္းသာဆံုးသူေဌးႀကီး ဘီလ္ဂိတ္ရဲ့ဇနီး မယ္လင္ဒါဂိတ္ကို ေဖာင္ေဒးရွင္းတစ္ခုမွာေျပာခဲ့တဲ့မွတ္သားစရာစကားကိုဖတ္မိေတာ့ . .။

              ကြၽန္ေတာ္မလုပ္ႏိုင္တာကိုလုပ္ေနတဲ့လူမႈအဖြဲ႔အစည္းေတြ နဲ႔ တစ္သီးပုဂၢလအႏုပညာရွင္ေတြကိုေလးစားလြန္းလို႔ အႀကံတစ္ခုေပးခ်င္မိတယ္။

              #CleanYangon လႈပ္ရွားမႈအတြက္လုပ္အားေပးေနသူေတြကို တစ္ခုေျပာျပခ်င္တယ္။

              "အမိႈက္ရွင္းၿပီးသြားတဲ့လမ္း၊ တံတား၊ ‌ေျမာင္းေတြကို မူလပိုင္ရွင္ျဖစ္တဲ့ လမ္းသူလမ္းသားေတြကို ျပန္ေပးလုိက္ပါ" စည္ပင္သာယာကိုေပးရမွာ မဟုတ္ဘူးေနာ္ . . ထပ္ေျပာပါမယ္။

"လမ္း နဲ႔ ‌ေျမာင္းေတြရွင္းေပးၿပီးရင္ အိမ္ရွင္ေတြကို Ownership ျပန္ေပးလိုက္ပါ"

ခင္လ်က္
ကိုညီညီ (ေတာင္ႀကီး)
05-02-2019


Unicode Version:

"Ownership"

  "ဘယ်အရာတွေကိုလုပ်သင့်ပြီး တူညီတဲ့အမှားတွေထပ်မလုပ်မိစေဖို့ဘယ်လိုအကြံပေးမလဲ?" မယ်လင်ဒါဂိတ် က မေးလိုက်တယ်။ 

              "မင်းတို့ကမ႓ာပတ်ပြီး ဒါနရှင်လုပ်၊ သုတေသနပြု၊ လူတွေကိုကူညီတာသိပ်ကောင်းတယ်။ မယ်လင်ဒါ ရေ . . မင်းကိုအကြံတစ်ခုပေးရမယ်ဆိုရင် "ဒေသခံတွေကို ပိုင်ဆိုင်ခွင့်-Ownership ပေးရမယ်"

              "အဲဒီ Ownership ထဲမှာ တာဝန်ယူတတ်ခြင်း၊ ပြုပြင်မွမ်းမံတတ်ခြင်း နဲ့ ရေရှည်တည်တံ့အောင် ဆက်လက်လုပ်ဆောင်တတ်ခြင်းတို့ပါသပေါ့ကွယ်"

              "မင်းတို့ငွေနဲ့ထားခဲ့တဲ့ပရောဂျက်၊ မင်းတို့လုပ်အားနဲ့လှူခဲ့တဲ့ဝန်ဆောင်မှုတွေကို မင်းတို့ပြန်သွားတော့ အလဿဟမဖြစ်သွားစေဖို့ ဒေသခံတွေက _သူတို့ပိုင်တဲ့ပရောဂျက်-To See It As Their Project_ လို့ ခံယူထားအောင်လုပ်ပေးခဲ့လိုက်ပါ။ ဒါကို Ownership လို့ ခေါ်ပါတယ်" သမ္မတဟောင်း ဂျင်မီကာတာက ကမ႓ာပေါ်မှာ ဒုတိယအချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်ရဲ့ဇနီး မယ်လင်ဒါဂိတ်ကို ဖောင်ဒေးရှင်းတစ်ခုမှာပြောခဲ့တဲ့မှတ်သားစရာစကားကိုဖတ်မိတော့ . .။

              ကျွန်တော်မလုပ်နိုင်တာကိုလုပ်နေတဲ့လူမှုအဖွဲ့အစည်းတွေ နဲ့ တစ်သီးပုဂ္ဂလအနုပညာရှင်တွေကိုလေးစားလွန်းလို့ အကြံတစ်ခုပေးချင်မိတယ်။ 

              #CleanYangon လှုပ်ရှားမှုအတွက်လုပ်အားပေးနေသူတွေကို တစ်ခုပြောပြချင်တယ်။ 

              "အမှိုက်ရှင်းပြီးသွားတဲ့လမ်း၊ တံတား၊ ‌မြောင်းတွေကို မူလပိုင်ရှင်ဖြစ်တဲ့ လမ်းသူလမ်းသားတွေကို ပြန်ပေးလိုက်ပါ" စည်ပင်သာယာကိုပေးရမှာ မဟုတ်ဘူးနော် . . ထပ်ပြောပါမယ်။ 

"လမ်း နဲ့ ‌မြောင်းတွေရှင်းပေးပြီးရင် အိမ်ရှင်တွေကို Ownership ပြန်ပေးလိုက်ပါ"

ခင်လျက်
ကိုညီညီ (တောင်ကြီး)

05-02-2019

No comments: