ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
.
ဒီဘက္ႏုိင္ငံကိုေရာက္စတုန္းက
မျဖစ္မေနလုပ္မိတဲ႕အလုပ္ ( ၂ ) ခု ရွိပါတယ္။ အဲဒါေတြကေတာ႕ အိမ္ရွင္ေတြဘယ္သြားသြား
ကားနဲ႕တစ္ေကာက္ေကာက္လုိက္တာ နဲ႕ စတိုးဆိုင္ေတြကိုလုိက္ေငးတာပါပဲ။ အပိုဆုအေနနဲ႕
ကုန္ပစၥည္းတစ္ခုေကာက္ကိုင္လိုက္ရင္ “ ဟင္း .. ေစ်းၾကီးလိုက္တာ .. ဒါမ်ိဳး
ရန္ကုန္မွာဆိုရင္ ဘယ္ေလာက္ပဲ ” ဆိုတာက အက်င္႕ပါေနခဲ႕တယ္။ ဘာပဲျဖစ္ျဖစ္ ေနရာသစ္၊
နယ္ေျမသစ္၊ ကားလမ္းနဲ႕ကားေတြကအသစ္ နဲ႕ ေနာက္ဆံုး ေစ်းဆုိင္မွာ ကုန္ပစၥည္းဝယ္တာကအစ
အားလံုးအသစ္ျဖစ္ေနပါတယ္။ ဒါကို အကြ်မ္းတဝင္ျဖစ္ဖို႕ လိုက္လံေလ႕လာရမယ္ မဟုတ္ပါလား?
.
.
ေက်းဇူးရွိတဲ႕အစ္မေခၚသြားတဲ႕
မီးဖိုေခ်ာင္သံုးပစၥည္းေတြဝယ္တဲ႕အခါ ေပ်ာ္ရပါတယ္။ ဒါေပမယ္႕ စိတ္လည္းညစ္ရတယ္။
ျမန္မာႏုိင္ငံကေန ကိုယ္႕မရွိမဲ႕ရွိမဲ႕ က်ပ္ေငြကို ေဒၚလာေစ်း ( ၁၃ဝဝ ) နဲ႕
လဲခဲ႕ရသူဆိုေတာ႕ အစ္မဘာဝယ္ဝယ္ေစ်းၾကီးတယ္လို႕ပဲ ထင္ေနမိတယ္။
စဥ္းစားၾကည္႕ေတာ႕လည္း ေစ်းတစ္ခါဝယ္ ေဒၚလာ ( ၃ဝ ) ဆိုတာ နည္းမွမနည္းပဲ။ ျမန္မာေငြ (
၄ဝဝဝဝ ) ရွိတယ္ေလ။ ျပီးေတာ႕ တစ္ခါေစ်းသံုးသြားရင္ အနည္းဆံုးကြ်တ္ကြ်တ္အိတ္ ( ၆ )
ဆြဲစာေလာက္ရွိတယ္။ အိမ္ျပန္ေရာက္လာရင္ ေရခဲေသတၱာထဲကို အစီအစဥ္တက်ထည္႕ရေသးတယ္။
ကြ်န္ေတာ္တို႕ျမန္မာႏုိင္ငံကလုိ မနက္တိုင္းဟင္းစားသြားဝယ္လို႕ မရဘူးလားလို႕ေမးေတာ႕
" ငါက နင္တုိ႕လို မအားဘူး " ဆုိျပီး အပိုအဆူခံရတာကို အမွတ္ရမိေသးတယ္။
.
အခုဆိုရင္ ကြ်န္ေတာ္တို႕မိသားစု
မၾကံဳဖူးတဲ႕အေတြ႕အၾကံဳဆိုတာ ရာခုိင္ႏႈန္းနည္းနည္းပဲက်န္လာေတာ႕တဲ႕အခါ
အစ္မစကားကမွန္ေနတာကို ကုိယ္ခ်င္းစာမိတယ္။ တစ္ဆက္တည္း အသစ္ေရာက္လာသူ ေဆြမ်ိဳးအေယာက္
( ၂ဝ ) ေက်ာ္ကို ေျမေတာင္ေျမွာက္ ေပါင္းသင္ပ်ိဳးေထာင္ေပးႏုိင္တဲ႕
အစ္မတုိ႕လင္မယားလိုသာဆို ကြ်န္ေတာ္တုိ႕ေတာ႕ တတ္ႏိုင္မွာမဟုတ္ဘူးဆိုျပီး လိုက္မေျပာျပေပမယ္႕
စိတ္ထဲက ၾကိတ္ျပီး ေက်းဇူးတင္ေနရဆဲပါ။
.
.
ဟုတ္ပါတယ္ .. တစ္ပတ္ ( ၅ ) ရက္၊
တစ္ရက္ ( ၈ ) နာရီလုပ္၊ အိမ္မႈကိစၥ၊ သားသမီးေက်ာင္းကိစၥ၊ ရံုးကိစၥ၊ ဘဏ္ကိစၥ၊
ကားကိစၥအျပင္ အိမ္သန္႕ရွင္းေရး၊ စားဖို႕၊ ေသာက္ဖို႕ အားလံုးကိုစီမံခန္႕ခြဲရတဲ႕
အေမရိကားေရာက္ျမန္မာအမ်ိဳးသမီးေတြဆုိတာ ကိုယ္တိုင္မန္ေနဂ်ာ၊ ကိုယ္တိုင္စားပြဲထုိး၊
ကိုယ္တုိင္ကားသမားဘဝ တစ္ပင္တိုင္တစ္ကိုယ္ေတာ္ကရတဲ႕ဇာတ္ပြဲတစ္ခုလိုပါပဲ။ ဒါေၾကာင္႕
ရံုးပိတ္တဲ႕ စေန၊ တနဂၤေႏြက်ရင္ တစ္ပတ္စာ ဟင္းစားဝယ္တာ အဟုတ္သ႑န္ထဲက
သရုပ္မွန္ပါပဲဗ်ာ..။
.
တစ္ခ်ိဳ႕ဟာေတြက ဝယ္ရတာပိုဆိုးတယ္။
ႏြားႏို႕ေလးတစ္ပံုးဝယ္ဖို႕ ေမာင္းလိုက္ရတဲ႕ကား၊ ရွာလိုက္ရတဲ႕ပါကင္၊
ေငြရွင္းဖို႕ေစာင္႕လုိက္ရတဲ႕လူတန္းရွည္ တို႕နဲ႕တင္မကေသးဘူး ..
ကိုယ္အျပင္ထြက္ေစ်းဝယ္ရင္ အိမ္ကမိသားစုက ကားထဲမွာေစာင္႕ရင္းတန္းလန္းနဲ႕ တစ္ခုခုဆုိ
အၾကာၾကီးကုန္လိုက္တဲ႕အခ်ိန္ေတြဆိုတာ ..။
.
.
ဒါေၾကာင္႕ ကြ်န္ေတာ္တုိ႕လည္း
သူ႕ရက္နဲ႕သူ႕ကိစၥ - Task ေတြကို ခြဲျခားသတ္မွတ္ထားရတယ္။ စေနေန႕အဝတ္ေလွ်ာ္၊
ေစ်းသံုး ဒါအျပတ္ပဲ။ တနဂၤေႏြေန႕ နားမလား၊ စားမလား၊ လည္လည္သြားမလား တစ္ခုခု
လုပ္ခ်င္ရင္ လုပ္လို႕ရေသးတယ္။ ဒီအေျခအေနေတြဟာ အေမရိကားရဲ႕ ရံုးလုပ္ငန္းစဥ္ - 9 to
5 Job ၊ ရံုးဖြင္႕ရက္ - Weekdays နဲ႕ ရံုးပိတ္ရက္ - Weekends တုိ႕က
လူ႕ဘဝရဲ႕တစ္ပတ္စာလုပ္ေဆာင္ရန္ Chore ေတြကို ဘယ္လိုကုိင္တြယ္ရမယ္ဆိုတာကို
သင္ေပးလိုက္တာလို႕ နားလည္မိပါေတာ႕တယ္။ အခု ဒီေအာက္မွာေတာ႕ ဒီသီတင္းပတ္
ကြ်န္ေတာ္တုိ႕ေစ်းသံုးတဲ႕ခ်က္ျပဳတ္စရာပစၥည္းမ်ား နဲ႕ ေစ်းႏႈန္းေတြကို
ေျပာျပေပးသြားမွာပါ။
.
.
----- အမ်ိဳးအမည္ ----
ေစ်းႏႈန္း ---- အေရအတြက္ ---- က်သင္႕ေငြ
.
1.. ၾကက္ေပါင္ ---- $0.75
---- 2.49 Lbs ---- $1.87
.
2.. ဝက္သားအဆီပါ ---- $1.42 ----
3.95 Lbs ---- $5.61
.
3.. ဝက္အူေခ်ာင္း ---- $4.74 ---- 1
Bag ---- $4.74
.
4.. ထိုဟူးျဖဴ ---- $1.32 ----
1 Pack ---- $1.32
.
5.. ေဂၚဖီထုပ္ ---- $0.66 ---- 1.1
Lbs ---- $0.76
.
6.. အုန္းႏုိ႕ဗူး ---- $1.13 ---- 1
Can ---- $1.13
.
7.. ထန္းလ်က္ခဲ ---- $1.51 ---- 1
Bag ---- $1.51
.
8.. အီၾကာေကြး ---- $2.84 ---- 1 Bag
---- $2.84
.
9.. မိႈေပါက္စ ---- $1.32 ---- 1 Bag
---- $1.32
.
10.. နံနံပင္ ---- 3 for 1 Dollar
---- 3 စည္း ---- $0.96
.
11.. ၾကက္သြန္နီအလံုးၾကီး ( အဝါေရာင္
) ---- 2 Lbs 1 Dollar ---- 2.53 Lbs ---- $1.21
.
12.. မုံလာဥျဖဴ ---- $1.23
---- 0.77 Lb ---- $0.95
.
13.. ဆလပ္ရြက္ကြ်တ္ ---- $0.66 ----
1 Bag ---- $0.66
.
14.. မုံညွင္းစိမ္း ---- $0.94 ----
0.96 Lb ---- $0.86
.
15.. ငံုးဥစည္သြပ္ဗူး ---- $2.08
---- 1 Can ---- $2.08
.
16.. ပန္းေဂၚဖီ ---- $1.23 ---- 1
Bag --- $1.23
.
17.. ေဟာ႕ေပါ႕ထဲထည္႕စားတဲ႕အရြက္ ----
$0.85 ---- 0.86 Lb ---- $0.73
.
18.. ခရမ္းခ်ဥ္သီး ---- $0.94 ----
1.97 Lbs ---- $1.85
.
19.. ကီဝီသီး ---- $0.24 ---- 4
Counts ---- $0.96
.
20.. ဖူဂ်ီပန္းသီး ---- $0.94 ----
2.68 Lbs ---- $2.52
.
21.. ၾကက္သြန္ျမိတ္ ---- 3 for 1 Dollar ---- 3 စည္း ---- $0.96
.
22..
အင္ဒုိနီးရွားဆီက်က္ေခါက္ဆြဲေျခာက္ ---- $0.37 ---- 3 Bags ---- $0.37
.
23.. သံပုရာသီး ---- $0.16 ---- 6
Count ---- $0.16
.
24.. ေရွာက္သီး ---- $0.24 ---- 4.6
Lbs ---- $1.10
.
25.. မုံ႕ဟင္းခါးဖတ္ ---- $0.85 ----
2 Bags ---- $1.70
.
26.. မံု႕တီဖတ္ ---- $0.85 ---- 2 Bags ---- $1.70
.
27.. ေဂၚဖီစိမ္း ---- $0.66 ---- 1
Lb ---- $0.66
.
စုစုေပါင္းေဗာက္ခ်ာတန္ဖိုး ----
$44.92 ကုန္က်ပါတယ္။ အမွန္က
$47.17 ကုန္မွာပါ။ ဒီတရုတ္ဆုိင္က စေန၊ တနဂၤေႏြဆို ေဗာက္ခ်ာတန္ဖိုးရဲ႕ ( ၅ % )
ေလွ်ာ႕ေပးထားတာေၾကာင္႕ ဒီေလာက္ပဲ ကုန္တာ ျဖစ္ပါတယ္။
.
.
အေပၚကစာရင္းကို ျမန္မာေငြေစ်း ( ၁၂၂ဝ
) နဲ႕ ေျမွာက္ၾကည္႕ရင္ ( ၅၄၈ဝဝ ) က်ပ္ ကုန္က်တဲ႕သေဘာရွိပါတယ္။
အခုေလာက္ကုန္က်ေအာင္လည္း ကြ်န္ေတာ္တို႕ဇနီးေမာင္ႏွံ ဝယ္ေနက်မဟုတ္ပါဘူး။ ဒီအပတ္မွသာ
နည္းနည္းမ်ားသြားတာပါ။ ပံုမွန္ဆိုရင္ ကြ်န္ေတာ္တုိ႕အိမ္အတြက္ တစ္ပတ္ကုိ ( ၂၈ ) ေဒၚလာေလာက္သံုးရင္ကို ဟင္းစားဖိုးေလာက္တဲ႕အေနအထားမ်ိဳးပါ။
ဒါေၾကာင္႕ ဆန္ဖိုး၊ ဆီဖိုးပါထည္႕တြက္ရင္ တစ္လကို (
ေနတဲ႕ျပည္နယ္ေပၚလိုက္ျပီးေစ်းကြာႏုိင္ပါတယ္ ) ေဒၚလာ ( ၁၈ဝ ) ဆိုရင္ လူဦးေရ ( ၅ )
ေယာက္ အိမ္ေထာင္စု စားပါေလ႕ ..။ တစ္ကယ္ကုန္တာက သားေရစာဝယ္မွပါ။
.
ေဗာက္ခ်ာနံပါတ္ 22.. နဲ႕ 23..
မွာ စာရင္းမွားေနတာ သတိထားမိပါသလား? အမွန္က ဆီက်က္ေခါက္ဆြဲက ( ၃ )
ထုတ္ယူလာတာကို ( ၁ ) ထုတ္ပဲတြက္ယူထားပါတယ္။ သံပုရာသီး ( ၆ ) လံုးကို စာေရးမက ( ၁ )
လံုးနဲ႕တြက္ထားတယ္။ ေနာက္တစ္ေခါက္သြားမွ ေငြျပန္ေပးရဦးမယ္။ သူတုိ႕ကေတာ႕ သိမွာမဟုတ္ပါဘူး။
.
.
တစ္ခါတစ္ခါမွာ
ကြ်န္ေတာ္တုိ႕သာတာရွိတယ္ .. နာတဲ႕အခါလည္းရွိတယ္။ ကြ်န္ေတာ္ကေတာ႕ အတိအက်ပဲ
ျပန္တြက္ယူခုိင္းပါတယ္။ လုိရင္လည္း မေကာင္း၊ ပိုယူထားရင္လည္း
ကိုယ္႕ဘက္ကမေကာင္းေတာ႕ သတိထားပါတယ္။ ဒါေပမယ္႕ ေန႕စဥ္ေဗာက္ခ်ာေတြကို ဘယ္သူေတြက
အျမဲတမ္းစစ္ႏုိင္ပါ႕မလဲ?
.
ဒါေၾကာင္႕ ေစ်းစဝယ္တုန္းက
ေက်းဇူးရွိတဲ႕အစ္မက သင္ေပးတယ္။ ေဗာက္ခ်ာမွာေငြဘယ္ေလာက္က်ႏုိင္တယ္ဆိုတာကို
စိတ္တြက္နဲ႕ခန္းမွန္းေျခတြက္ထား .. တဲ႕။ ဒါမွ သူတို႕မွားတြက္တဲ႕အခါ
ကိန္းဂဏန္းကြာေနရင္ ခ်က္ခ်င္းေျဖရွင္းလို႕ရတယ္ ဆိုတာ အေသမွတ္ထားခဲ႕တယ္။
အခုလိုမ်ိဳး ျပန္စစ္ၾကည္႕တဲ႕အခါ အသံုးဝင္တာ လက္ေတြ႕ပါပဲ။
.
.
ဘာဟင္းခ်က္စားဖို႕ ဘာေတြဝယ္ရမယ္ဆိုတာ
ကြ်န္ေတာ႕အမ်ိဳးသမီးက အျမဲေခါင္းကိုက္ပါတယ္။ ဒါေၾကာင္႕ အပတ္စဥ္ေစ်းသံုးသြားရမွာကုိ
သူစိတ္ညစ္တာလည္း ကိုယ္ခ်င္းစာပါတယ္။ ဒါေပမယ္႕ အေမရိကားကိုလာေတာ႕မယ္႕
ျမန္မာမိသားစုေတြရဲ႕ စိုးရိမ္ေၾကာင္႕ၾကမႈကို ပုိျပီး သနားသက္ဝင္မိတယ္။ အခုအခ်ိန္မ်ိဳးမွာေတာ႕
တစ္ရက္တစ္ရက္ ဘာခ်က္စားရမယ္ဆုိတာထက္ ၾကံဳရတဲ႕အခက္အခဲ နဲ႕ မလုပ္တတ္မကိုင္တတ္ျဖစ္ရတဲ႕ကိစၥေတြကို
ရင္ဆိုင္ေက်ာ္ျဖတ္ႏုိင္ၾကဖို႕ မေရာက္ဖူးေသးသူမ်ားကို ကိုယ္သိထားတာသမွ်အေတြ႕အၾကံဳေတြမွ်ေဝေပးေနတဲ႕အခ်ိန္ေလ..။
.
ခင္လ်က္
.
03-13-2016
.
အရင္ေရးဖူးတဲ႕ “ ကုန္က်စားရိတ္ရယ္တဲ႕အေထြေထြ
” ေဆာင္းပါး ျပန္ဖတ္ႏုိင္ရန္ ။။။။။။။။။ http://konyinyitaunggyi.blogspot.com/2015/01/blog-post_18.html
.
.
.
Myanmar Unicode Version:
.
.
" သူ့နေရာနဲ့သူ့ဈေးနဲ့ "
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး
)
.
ဒီဘက်နိုင်ငံကိုရောက်စတုန်းက မဖြစ်မနေလုပ်မိတဲ့အလုပ်
( ၂ ) ခု ရှိပါတယ်။ အဲဒါတွေကတော့ အိမ်ရှင်တွေဘယ်သွားသွား ကားနဲ့တစ်ကောက်ကောက်လိုက်တာ
နဲ့ စတိုးဆိုင်တွေကိုလိုက်ငေးတာပါပဲ။ အပိုဆုအနေနဲ့ ကုန်ပစ္စည်းတစ်ခုကောက်ကိုင်လိုက်ရင်
“ ဟင်း .. ဈေးကြီးလိုက်တာ .. ဒါမျိုး ရန်ကုန်မှာဆိုရင် ဘယ်လောက်ပဲ ” ဆိုတာက အကျင့်ပါနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် နေရာသစ်၊ နယ်မြေသစ်၊ ကားလမ်းနဲ့ကားတွေကအသစ် နဲ့ နောက်ဆုံး ဈေးဆိုင်မှာ
ကုန်ပစ္စည်းဝယ်တာကအစ အားလုံးအသစ်ဖြစ်နေပါတယ်။ ဒါကို အကျွမ်းတဝင်ဖြစ်ဖို့ လိုက်လံလေ့လာရမယ်
မဟုတ်ပါလား?
.
.
ကျေးဇူးရှိတဲ့အစ်မခေါ်သွားတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေဝယ်တဲ့အခါ
ပျော်ရပါတယ်။ ဒါပေမယ့် စိတ်လည်းညစ်ရတယ်။ မြန်မာနိုင်ငံကနေ ကိုယ့်မရှိမဲ့ရှိမဲ့ ကျပ်ငွေကို
ဒေါ်လာဈေး ( ၁၃ဝဝ ) နဲ့ လဲခဲ့ရသူဆိုတော့ အစ်မဘာဝယ်ဝယ်ဈေးကြီးတယ်လို့ပဲ
ထင်နေမိတယ်။ စဉ်းစားကြည့်တော့လည်း ဈေးတစ်ခါဝယ် ဒေါ်လာ ( ၃ဝ ) ဆိုတာ နည်းမှမနည်းပဲ။
မြန်မာငွေ ( ၄ဝဝဝဝ ) ရှိတယ်လေ။ ပြီးတော့ တစ်ခါဈေးသုံးသွားရင် အနည်းဆုံးကျွတ်ကျွတ်အိတ်
( ၆ ) ဆွဲစာလောက်ရှိတယ်။ အိမ်ပြန်ရောက်လာရင် ရေခဲသေတ္တာထဲကို အစီအစဉ်တကျထည့်ရသေးတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံကလို မနက်တိုင်းဟင်းစားသွားဝယ်လို့ မရဘူးလားလို့မေးတော့
" ငါက နင်တို့လို မအားဘူး " ဆိုပြီး အပိုအဆူခံရတာကို အမှတ်ရမိသေးတယ်။
.
အခုဆိုရင် ကျွန်တော်တို့မိသားစု မကြုံဖူးတဲ့အတွေ့အကြုံဆိုတာ
ရာခိုင်နှုန်းနည်းနည်းပဲကျန်လာတော့တဲ့အခါ အစ်မစကားကမှန်နေတာကို ကိုယ်ချင်းစာမိတယ်။
တစ်ဆက်တည်း အသစ်ရောက်လာသူ ဆွေမျိုးအယောက် ( ၂ဝ ) ကျော်ကို မြေတောင်မြှောက် ပေါင်းသင်ပျိုးထောင်ပေးနိုင်တဲ့
အစ်မတို့လင်မယားလိုသာဆို ကျွန်တော်တို့တော့ တတ်နိုင်မှာမဟုတ်ဘူးဆိုပြီး လိုက်မပြောပြပေမယ့်
စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်နေရဆဲပါ။
.
.
ဟုတ်ပါတယ် .. တစ်ပတ် ( ၅ ) ရက်၊ တစ်ရက်
( ၈ ) နာရီလုပ်၊ အိမ်မှုကိစ္စ၊ သားသမီးကျောင်းကိစ္စ၊ ရုံးကိစ္စ၊ ဘဏ်ကိစ္စ၊ ကားကိစ္စအပြင်
အိမ်သန့်ရှင်းရေး၊ စားဖို့၊ သောက်ဖို့ အားလုံးကိုစီမံခန့်ခွဲရတဲ့ အမေရိကားရောက်မြန်မာအမျိုးသမီးတွေဆိုတာ
ကိုယ်တိုင်မန်နေဂျာ၊ ကိုယ်တိုင်စားပွဲထိုး၊ ကိုယ်တိုင်ကားသမားဘဝ တစ်ပင်တိုင်တစ်ကိုယ်တော်ကရတဲ့ဇာတ်ပွဲတစ်ခုလိုပါပဲ။
ဒါကြောင့် ရုံးပိတ်တဲ့ စနေ၊ တနင်္ဂနွေကျရင် တစ်ပတ်စာ ဟင်းစားဝယ်တာ အဟုတ်သဏ္ဍန်ထဲက သရုပ်မှန်ပါပဲဗျာ..။
.
တစ်ချို့ဟာတွေက ဝယ်ရတာပိုဆိုးတယ်။ နွားနို့လေးတစ်ပုံးဝယ်ဖို့
မောင်းလိုက်ရတဲ့ကား၊ ရှာလိုက်ရတဲ့ပါကင်၊ ငွေရှင်းဖို့စောင့်လိုက်ရတဲ့လူတန်းရှည် တို့နဲ့တင်မကသေးဘူး
.. ကိုယ်အပြင်ထွက်ဈေးဝယ်ရင် အိမ်ကမိသားစုက ကားထဲမှာစောင့်ရင်းတန်းလန်းနဲ့ တစ်ခုခုဆို
အကြာကြီးကုန်လိုက်တဲ့အချိန်တွေဆိုတာ ..။
.
.
ဒါကြောင့် ကျွန်တော်တို့လည်း သူ့ရက်နဲ့သူ့ကိစ္စ
- Task တွေကို ခွဲခြားသတ်မှတ်ထားရတယ်။ စနေနေ့အဝတ်လျှော်၊ ဈေးသုံး ဒါအပြတ်ပဲ။ တနင်္ဂနွေနေ့
နားမလား၊ စားမလား၊ လည်လည်သွားမလား တစ်ခုခု လုပ်ချင်ရင် လုပ်လို့ရသေးတယ်။ ဒီအခြေအနေတွေဟာ
အမေရိကားရဲ့ ရုံးလုပ်ငန်းစဉ် - 9 to 5 Job ၊ ရုံးဖွင့်ရက် - Weekdays နဲ့ ရုံးပိတ်ရက်
- Weekends တို့က လူ့ဘဝရဲ့တစ်ပတ်စာလုပ်ဆောင်ရန် Chore တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို
သင်ပေးလိုက်တာလို့ နားလည်မိပါတော့တယ်။ အခု ဒီအောက်မှာတော့ ဒီသီတင်းပတ် ကျွန်တော်တို့ဈေးသုံးတဲ့ချက်ပြုတ်စရာပစ္စည်းများ
နဲ့ ဈေးနှုန်းတွေကို ပြောပြပေးသွားမှာပါ။
.
.
----- အမျိုးအမည် ---- ဈေးနှုန်း
---- အရေအတွက် ---- ကျသင့်ငွေ
.
1.. ကြက်ပေါင် ---- $0.75
---- 2.49 Lbs ---- $1.87
.
2.. ဝက်သားအဆီပါ ---- $1.42 ----
3.95 Lbs ---- $5.61
.
3.. ဝက်အူချောင်း ---- $4.74 ---- 1
Bag ---- $4.74
.
4.. ထိုဟူးဖြူ ---- $1.32 ---- 1 Pack ---- $1.32
.
5.. ဂေါ်ဖီထုပ် ---- $0.66 ---- 1.1
Lbs ---- $0.76
.
6.. အုန်းနို့ဗူး ---- $1.13 ---- 1
Can ---- $1.13
.
7.. ထန်းလျက်ခဲ ---- $1.51 ---- 1
Bag ---- $1.51
.
8.. အီကြာကွေး ---- $2.84 ---- 1 Bag
---- $2.84
.
9.. မှိုပေါက်စ ---- $1.32 ---- 1
Bag ---- $1.32
.
10.. နံနံပင် ---- 3 for 1 Dollar
---- 3 စည်း ---- $0.96
.
11.. ကြက်သွန်နီအလုံးကြီး ( အဝါရောင်
) ---- 2 Lbs 1 Dollar ---- 2.53 Lbs ---- $1.21
.
12.. မုံလာဥဖြူ ---- $1.23 ---- 0.77 Lb ---- $0.95
.
13.. ဆလပ်ရွက်ကျွတ် ---- $0.66 ----
1 Bag ---- $0.66
.
14.. မုံညှင်းစိမ်း ---- $0.94 ----
0.96 Lb ---- $0.86
.
15.. ငုံးဥစည်သွပ်ဗူး ---- $2.08
---- 1 Can ---- $2.08
.
16.. ပန်းဂေါ်ဖီ ---- $1.23 ---- 1
Bag --- $1.23
.
17.. ဟော့ပေါ့ထဲထည့်စားတဲ့အရွက် ----
$0.85 ---- 0.86 Lb ---- $0.73
.
18.. ခရမ်းချဉ်သီး ---- $0.94 ----
1.97 Lbs ---- $1.85
.
19.. ကီဝီသီး ---- $0.24 ---- 4
Counts ---- $0.96
.
20.. ဖူဂျီပန်းသီး ---- $0.94 ----
2.68 Lbs ---- $2.52
.
21.. ကြက်သွန်မြိတ် ---- 3 for 1
Dollar ---- 3 စည်း ---- $0.96
.
22.. အင်ဒိုနီးရှားဆီကျက်ခေါက်ဆွဲခြောက်
---- $0.37 ---- 3 Bags ---- $0.37
.
23.. သံပုရာသီး ---- $0.16 ---- 6
Count ---- $0.16
.
24.. ရှောက်သီး ---- $0.24 ---- 4.6
Lbs ---- $1.10
.
25.. မုံ့ဟင်းခါးဖတ် ---- $0.85 ----
2 Bags ---- $1.70
.
26.. မုံ့တီဖတ် ---- $0.85 ---- 2
Bags ---- $1.70
.
27.. ဂေါ်ဖီစိမ်း ---- $0.66 ---- 1
Lb ---- $0.66
.
စုစုပေါင်းဗောက်ချာတန်ဖိုး ----
$44.92 ကုန်ကျပါတယ်။ အမှန်က $47.17 ကုန်မှာပါ။ ဒီတရုတ်ဆိုင်က စနေ၊ တနင်္ဂနွေဆို ဗောက်ချာတန်ဖိုးရဲ့
( ၅ % ) လျှော့ပေးထားတာကြောင့် ဒီလောက်ပဲ ကုန်တာ ဖြစ်ပါတယ်။
.
.
အပေါ်ကစာရင်းကို မြန်မာငွေဈေး ( ၁၂၂ဝ
) နဲ့ မြှောက်ကြည့်ရင် ( ၅၄၈ဝဝ ) ကျပ် ကုန်ကျတဲ့သဘောရှိပါတယ်။ အခုလောက်ကုန်ကျအောင်လည်း
ကျွန်တော်တို့ဇနီးမောင်နှံ ဝယ်နေကျမဟုတ်ပါဘူး။ ဒီအပတ်မှသာ နည်းနည်းများသွားတာပါ။ ပုံမှန်ဆိုရင်
ကျွန်တော်တို့အိမ်အတွက် တစ်ပတ်ကို ( ၂၈ ) ဒေါ်လာလောက်သုံးရင်ကို
ဟင်းစားဖိုးလောက်တဲ့အနေအထားမျိုးပါ။ ဒါကြောင့် ဆန်ဖိုး၊ ဆီဖိုးပါထည့်တွက်ရင် တစ်လကို
( နေတဲ့ပြည်နယ်ပေါ်လိုက်ပြီးဈေးကွာနိုင်ပါတယ် ) ဒေါ်လာ ( ၁၈ဝ ) ဆိုရင် လူဦးရေ ( ၅
) ယောက် အိမ်ထောင်စု စားပါလေ့ ..။ တစ်ကယ်ကုန်တာက သားရေစာဝယ်မှပါ။
.
ဗောက်ချာနံပါတ် 22.. နဲ့ 23.. မှာ စာရင်းမှားနေတာ သတိထားမိပါသလား? အမှန်က ဆီကျက်ခေါက်ဆွဲက
( ၃ ) ထုတ်ယူလာတာကို ( ၁ ) ထုတ်ပဲတွက်ယူထားပါတယ်။ သံပုရာသီး ( ၆ ) လုံးကို စာရေးမက
( ၁ ) လုံးနဲ့တွက်ထားတယ်။ နောက်တစ်ခေါက်သွားမှ ငွေပြန်ပေးရဦးမယ်။ သူတို့ကတော့ သိမှာမဟုတ်ပါဘူး။
.
.
တစ်ခါတစ်ခါမှာ ကျွန်တော်တို့သာတာရှိတယ်
.. နာတဲ့အခါလည်းရှိတယ်။ ကျွန်တော်ကတော့ အတိအကျပဲ ပြန်တွက်ယူခိုင်းပါတယ်။ လိုရင်လည်း
မကောင်း၊ ပိုယူထားရင်လည်း ကိုယ့်ဘက်ကမကောင်းတော့ သတိထားပါတယ်။ ဒါပေမယ့် နေ့စဉ်ဗောက်ချာတွေကို
ဘယ်သူတွေက အမြဲတမ်းစစ်နိုင်ပါ့မလဲ?
.
ဒါကြောင့် ဈေးစဝယ်တုန်းက ကျေးဇူးရှိတဲ့အစ်မက
သင်ပေးတယ်။ ဗောက်ချာမှာငွေဘယ်လောက်ကျနိုင်တယ်ဆိုတာကို စိတ်တွက်နဲ့ခန်းမှန်းခြေတွက်ထား
.. တဲ့။ ဒါမှ သူတို့မှားတွက်တဲ့အခါ ကိန်းဂဏန်းကွာနေရင် ချက်ချင်းဖြေရှင်းလို့ရတယ် ဆိုတာ
အသေမှတ်ထားခဲ့တယ်။ အခုလိုမျိုး ပြန်စစ်ကြည့်တဲ့အခါ အသုံးဝင်တာ လက်တွေ့ပါပဲ။
.
.
ဘာဟင်းချက်စားဖို့ ဘာတွေဝယ်ရမယ်ဆိုတာ
ကျွန်တော့အမျိုးသမီးက အမြဲခေါင်းကိုက်ပါတယ်။ ဒါကြောင့် အပတ်စဉ်ဈေးသုံးသွားရမှာကို သူစိတ်ညစ်တာလည်း
ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် အမေရိကားကိုလာတော့မယ့် မြန်မာမိသားစုတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို
ပိုပြီး သနားသက်ဝင်မိတယ်။ အခုအချိန်မျိုးမှာတော့ တစ်ရက်တစ်ရက် ဘာချက်စားရမယ်ဆိုတာထက်
ကြုံရတဲ့အခက်အခဲ နဲ့ မလုပ်တတ်မကိုင်တတ်ဖြစ်ရတဲ့ကိစ္စတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြဖို့
မရောက်ဖူးသေးသူများကို ကိုယ်သိထားတာသမျှအတွေ့အကြုံတွေမျှဝေပေးနေတဲ့အချိန်လေ..။
.
ခင်လျက်
.
03-13-2016
.
အရင်ရေးဖူးတဲ့ “ ကုန်ကျစားရိတ်ရယ်တဲ့အထွေထွေ
” ဆောင်းပါး ပြန်ဖတ်နိုင်ရန် ။။။။။။။။။
http://konyinyitaunggyi.blogspot.com/2015/01/blog-post_18.html
No comments:
Post a Comment