|
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး ) |
. လူသားေတြဟာ ေရၾကည္ရာျမက္ႏုရာရွာရင္း နယ္ေျမသစ္ေတြကိုေတြ႕ခဲ႕ၾကတယ္။ တစ္ခ်ို႕က နယ္ေျမလြတ္ေတြ၊ စားက်က္ေျမေတြ၊ တစ္ခ်ိဳ႕က်ေတာ႕ သူမ်ားတကာအေျခက်ေနထုိင္ျပီးသားေနရာေတြကို အေပးအယူလုပ္လို႕တစ္မ်ိဳး အတင္းလုယူလို႕တစ္သြယ္ ခ်ဲ႕ထြင္ခဲ႕တယ္။ ဒါက ေရွးေရွးတုန္းက လူသားေတြလုပ္ခဲ႕တာေတြေပါ႕။
.
အခုေခတ္မွာေတာ႕ နည္းပညာထြန္းကားလာတာကတစ္ေၾကာင္း၊ ဘယ္သြားသြား ေလေၾကာင္း နဲ႕ ေရေၾကာင္းကိုအားကိုးရတာျဖစ္လို႕ သြားေရာက္မယ္႕ေနရာ၊ ႏုိင္ငံရဲ႕စည္းမ်ဥ္းနဲ႕ဥပေဒအတိုင္းလိုက္နာႏိုင္မွ ျပည္ဝင္ခြင္႕ရဖို႕အေၾကာင္းရွိပါတယ္။ ဒါေပမယ္႕ ျပည္ဝင္ခြင္႕ဗီဆာမလိုပဲ အေမရိကားကိုေရာက္ခဲ႕သူတစ္ဦး ရွိခဲ႕တာက ဒီလိုပါ..။
.
.
ဒိုရီ - Dory ဆိုတဲ႕ ငါးသူငယ္ေလးက မိဘနဲ႕ခြဲေနခဲ႕ရတဲ႕ ၾသစေတးလ်တိုက္ကိုစြန္႕ခြာျပီး အေမရိကားက ကမ္းေျခတစ္ခုကိုဆိုက္ေရာက္လာတဲ႕အေၾကာင္းေလးက စိတ္ဝင္စားစရာ..။ သူ႕ရဲ႕မိဘေတြကိုေမြးထား ( ထိန္းသိမ္းထား ) တဲ႕ ငါးျပတုိက္ - Aquarium တစ္ခုေရွ႔ေရာက္ေတာ႕ ေမွ်ာ္လင္႕မထားတဲ႕ျမင္႕ျမင္႕မားမား နံရံတံတုိင္းၾကီးတစ္ခုခံေနတာကို ဒိုရီ ေတြ႕လိုက္ရပါတယ္။
.
ဒီေနရာမွာ ဘာအမ်ိဳးအစား၊ ဘာအရြယ္အစား၊ ဘာေၾကးခြံအေရာင္မွမတူညီပဲ တစ္ျခားငါးေတြ၊ ေရသတၱဝါမ်ိဳးစံုတို႕က ဒိုရီ မေတာင္းဆုိေပမယ္႕ကူညီၾကတယ္။ တစ္ကယ္ေတာ႕ သူတို႕မွာ ဒိုရီ နဲ႕ နဂုိကတည္းက ရင္းႏွီးကြ်မ္းဝင္မႈမရွိသလို ဘယ္လိုအခ်ိတ္အဆက္မွလည္း မရွိခဲ႕ပါဘူး။
.
.
အမွန္ေတာ႕ တစ္ဦးတစ္ေယာက္အခက္အခဲနဲ႕ၾကံဳရတဲ႕အခါ တစ္ျခားတစ္ဦးက ဘာအက်ိဳးအျမတ္မွမပါပဲကူညီၾကတာက အေမရီကန္ေတြရဲ႕စံတန္ဖိုးနဲ႕ကိုက္ညီတယ္ဆိုတာသိရေတာ႕ တစ္ခါတစ္ခါ တစ္ကိုယ္ေကာင္းဆန္သူေတြကိုေတြ႕မိတိုင္း " စေကာေလာက္မွေစာက္မနက္ .. အဲ .. ငါးေလာက္မွအသိဥာဏ္မရွိပါလား " လို႕ ႏွလံုးသြင္းမိတယ္။
.
မအားလို႕လည္း ျဖစ္မွာပါ..။ မလႈပ္ရွားလို႕လည္း အသုိင္းအဝုိင္းနဲ႕ေဝးကြာလာသူေတြဟာ မိမိကိုယ္တုိင္ လူေတြနဲ႕ကင္းကြာလာတာကိုသတိမထားမိတာရဲ႕အက်ိဳးဆက္အေနနဲ႕ သူတစ္ပါးကိုအားမေပးႏုိင္ေတာ႕သလို ဘယ္သူ႕နားကမွလည္း ေဖးေဖးမမအကူအညီဆိုတာမရႏုိင္ေတာ႕ပါဘူး။ ဒီလိုနဲ႕ ကုိယ္ကသူ႕ကိုေမ႕ .. သူကလည္းကိုယ္႕ကိုေမ႕ ျဖစ္လာၾကတာ ဓမၼတာ ပါ။
.
.
ဒါေၾကာင္႕ လူျဖစ္ခြင္႕ရလာတဲ႕ ခဏတာဒီကမၻာမွာ သတၱဝါတစ္ခု ကံတစ္ခုဆုိတာ ျမဴမႈန္ေလးတစ္မွ်ေသးငယ္တဲ႕ အစက္အေပ်ာက္ေလး - Spot တစ္ခုသာသာဆုိတာ မေမ႕ပါနဲ႕။ ပိုျပီးဆိုရရင္ ကိန္းတစ္ခု၊ စာလံုးတစ္ခု၊ အသိပညာပါတဲ႕အဆိုအမိန္႕တစ္ခုရလာျပီး ေနာက္မ်ိဳးဆက္ေတြကိုလက္ဆင္႕ကမ္းဖို႕က ဒီအစက္ေလးေတြကုိစုစည္းပံုေဖာ္လို႕ျဖစ္ေပၚလာတဲ႕ရလဒ္တစ္ခုဆိုတာ ဘယ္သူမွျငင္းလို႕မရပါဘူး။
.
တစ္ဆက္တည္း အခုလုိ သင္းဖြဲ႕ေပါင္းစည္းကူညီျခင္းဆိုတဲ႕ အတြင္းပိုင္းခြန္အား၊ စိတ္အင္အားေတြနဲ႕ ျပန္လည္ျဖန္႕ေဝျခင္းအသိပညာေတြကုိကိုင္ဆြဲကာ ကိုယ္က်င္လည္ရာလူမႈအသိုင္းအဝုိင္းကိုထူေထာင္ဖို႕ ပါဝင္မယ္ မပါဝင္ဘူးဆိုတာကေတာ႕ စာဖတ္သူေတြရဲ႕ ကိုယ္ပိုင္အျမင္သာျဖစ္ေၾကာင္း Ellen Show ရဲ႕ Finding Dory Plot ကို ၾကည္႕ျပီး ေျပာခ်င္မိပါတယ္။
.
.
ခင္လ်က္
.
ကိုညီညီ ( ေတာင္ၾကီး )
02-02-2017
.
.
. Unicode Version:
.
.
. " Dory ရဲ့ Digital Story "
. လူသားတွေဟာ ရေကြည်ရာမြက်နုရာရှာရင်း နယ်မြေသစ်တွေကိုတွေ့ခဲ့ကြတယ်။ တစ်ချို့က နယ်မြေလွတ်တွေ၊ စားကျက်မြေတွေ၊ တစ်ချို့ကျတော့ သူများတကာအခြေကျနေထိုင်ပြီးသားနေရာတွေကို အပေးအယူလုပ်လို့တစ်မျိုး အတင်းလုယူလို့တစ်သွယ် ချဲ့ထွင်ခဲ့တယ်။ ဒါက ရှေးရှေးတုန်းက လူသားတွေလုပ်ခဲ့တာတွေပါ။
.
အခုခေတ်မှာတော့ နည်းပညာထွန်းကားလာတာကတစ်ကြောင်း၊ ဘယ်သွားသွား လေကြောင်း နဲ့ ရေကြောင်းကိုအားကိုးရတာဖြစ်လို့ သွားရောက်မယ့်နေရာ၊ နိုင်ငံရဲ့စည်းမျဉ်းနဲ့ဥပဒေအတိုင်းလိုက်နာနိုင်မှ ပြည်ဝင်ခွင့်ရဖို့အကြောင်းရှိပါတယ်။ ဒါပေမယ့် ပြည်ဝင်ခွင့်ဗီဆာမလိုပဲ အမေရိကားကိုရောက်ခဲ့သူတစ်ဦး ရှိခဲ့တာက ဒီလိုပါ..။
.
.
ဒိုရီ - Dory ဆိုတဲ့ ငါးသူငယ်လေးက မိဘနဲ့ခွဲနေခဲ့ရတဲ့ သြစတေးလျတိုက်ကိုစွန့်ခွာပြီး အမေရိကားက ကမ်းခြေတစ်ခုကိုဆိုက်ရောက်လာတဲ့အကြောင်းလေးက စိတ်ဝင်စားစရာ..။ သူ့ရဲ့မိဘတွေကိုမွေးထား ( ထိန်းသိမ်းထား ) တဲ့ ငါးပြတိုက် - Aquarium တစ်ခုရှေ့ရောက်တော့ မျှော်လင့်မထားတဲ့မြင့်မြင့်မားမား နံရံတံတိုင်းကြီးတစ်ခုခံနေတာကို ဒိုရီ တွေ့လိုက်ရပါတယ်။
.
ဒီနေရာမှာ ဘာအမျိုးအစား၊ ဘာအရွယ်အစား၊ ဘာကြေးခွံအရောင်မှမတူညီပဲ တစ်ခြားငါးတွေ၊ ရေသတ္တဝါမျိုးစုံတို့က ဒိုရီ မတောင်းဆိုပေမယ့်ကူညီကြတယ်။ တစ်ကယ်တော့ သူတို့မှာ ဒိုရီ နဲ့ နဂိုကတည်းက ရင်းနှီးကျွမ်းဝင်မှုမရှိသလို ဘယ်လိုအချိတ်အဆက်မှလည်း မရှိခဲ့ပါဘူး။
.
.
အမှန်တော့ တစ်ဦးတစ်ယောက်အခက်အခဲနဲ့ကြုံရတဲ့အခါ တစ်ခြားတစ်ဦးက ဘာအကျိုးအမြတ်မှမပါပဲကူညီကြတာက အမေရီကန်တွေရဲ့စံတန်ဖိုးနဲ့ကိုက်ညီတယ်ဆိုတာသိရတော့ တစ်ခါတစ်ခါ တစ်ကိုယ်ကောင်းဆန်သူတွေကိုတွေ့မိတိုင်း " စကောလောက်မှစောက်မနက် .. အဲ .. ငါးလောက်မှအသိဉာဏ်မရှိပါလား " လို့ နှလုံးသွင်းမိတယ်။
.
မအားလို့လည်း ဖြစ်မှာပါ..။ မလှုပ်ရှားလို့လည်း အသိုင်းအဝိုင်းနဲ့ဝေးကွာလာသူတွေဟာ မိမိကိုယ်တိုင် လူတွေနဲ့ကင်းကွာလာတာကိုသတိမထားမိတာရဲ့အကျိုးဆက်အနေနဲ့ သူတစ်ပါးကိုအားမပေးနိုင်တော့သလို ဘယ်သူ့နားကမှလည်း ဖေးဖေးမမအကူအညီဆိုတာမရနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကိုယ်ကသူ့ကိုမေ့ .. သူကလည်းကိုယ့်ကိုမေ့ ဖြစ်လာကြတာ ဓမ္မတာ ပါ။
.
.
ဒါကြောင့် လူဖြစ်ခွင့်ရလာတဲ့ ခဏတာဒီကမ္ဘာမှာ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာ မြူမှုန်လေးတစ်မျှသေးငယ်တဲ့အစက်အပျောက်လေး - Spot တစ်ခုသာသာဆိုတာ မမေ့ပါနဲ့။ ပိုပြီးဆိုရရင် ကိန်းတစ်ခု၊ စာလုံးတစ်ခု၊ အသိပညာပါတဲ့အဆိုအမိန့်တစ်ခုရလာပြီး နောက်မျိုးဆက်တွေကိုလက်ဆင့်ကမ်းဖို့က ဒီအစက်လေးတွေကိုစုစည်းပုံဖော်လို့ဖြစ်ပေါ်လာတဲ့ရလဒ်တစ်ခုဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။
.
တစ်ဆက်တည်း အခုလို သင်းဖွဲ့ပေါင်းစည်းကူညီခြင်းဆိုတဲ့ အတွင်းပိုင်းခွန်အား၊ စိတ်အင်အားတွေနဲ့ ပြန်လည်ဖြန့်ဝေခြင်းအသိပညာတွေကိုကိုင်ဆွဲကာ ကိုယ်ကျင်လည်ရာလူမှုအသိုင်းအဝိုင်းကိုထူထောင်ဖို့ ပါဝင်မယ် မပါဝင်ဘူးဆိုတာကတော့ စာဖတ်သူတွေရဲ့ ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း Ellen Show ရဲ့ Finding Dory Plot ကို ကြည့်ပြီး ပြောချင်မိပါတယ်။
.
.
ခင်လျက်
.
ကိုညီညီ ( တောင်ကြီး )
02-02-2017
No comments:
Post a Comment