ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, June 13, 2018

အင်္ဂလိပ်စာကို (၁) လ အတွင်း သိသာနည်း


.
အင်္ဂလိပ်စာကို တတ်အောင် မလေ့လာပါနဲ့... လွယ်လာအောင်သာ လုပ်ခဲ့ပါ... လွယ်တယ်လို့ထင်လာတဲ့အခါ ဘာသာစကားတစ်ခုဟာ လေ့လာဖို့ချောမွေ့လာတယ်။ ဘဝရဲ့အကွေ့တွေမှာ စတီယာရင်ကိုင်ရသလို ချိုးကွေ့တတ်လာတယ်။ နောက်တော့ ကိုယ်တိုင် စက်နှိုး ကိုယ်တိုင်ဘရိတ်အုပ်ရာကနေ ဂီယာတွေထိုးတတ်လာရင် နောက်ဆုံးမောင်းနှင်တတ်လာမယ်။
.
ကားမောင်းတာက မောင်းတတ်ဖို့အဓိကလား? 
ကားအကြောင်းနားလည်ဖို့အဓိကလား?
ကားအကြောင်းနားလည်ဖို့ နဲ့
ကားရဲ့ အစိတ်အပိုင်းတွေနားလည်ဖို့က အဓိကလား?
.
.
ကားအစိတ်အပိုင်းတွေကိုနားလည်ဖို့ နဲ့
ကားအစိတ်အပိုင်းတွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို
နားလည်ဖို့ အဓိကလား?
အစိတ်အပိုင်းတွေကိုနားလည်ဖို့နဲ့
အစိတ်အပိုင်းတွေကိုဘယ်လိုခေါ်တယ်ဆိုတာ
ကနဦးနားလည်ဖို့ မလိုအပ်ဖူးလား?
.
အခုလို ခွဲခြားစိတ်ဖြာလိုက်တဲ့အခါ ကားမောင်းတတ်ဖို့ Wiper, Brake. Steering Wheel နဲ့ Gear တို့ကို သိဖို့ နဲ့ သူတို့ရဲ့နေရာ သူတို့ရဲ့အသုံးဝင်မှု / နောက်ဆုံး သူတို့တွေ သူ့နေရာနဲ့သူ အလုပ်ကိုယ်စီလုပ်ကြလို့ ကားဆိုတဲ့ Vehicle တစ်စီးလုံးရွေ့သွားနိုင်တယ်ဆိုတာက ဓမ္ပဓိဌာန်ကျတဲ့ စံနစ်မှန်လေ့လာမှုပါဘဲ။ ဒါကိုမသိပဲ ကားဆိုပြီး သော့ဖွင့်လီဗာနင်းရုံနဲ့ ထထွက်သွားပြီး တွေ့ကရာကို လိုက်တိုက်တော့မပေါ့။

.
.
ဒါကြောင့် အချုပ်အနေနဲ့ ပြန်ပြောရရင် ကားမမောင်းတတ်တာကိုစိတ်မညစ်ပါနဲ့... ကားမောင်းတတ်ချင်တဲ့စိတ်ရှိတာကို မြတ်နိုးပါ။
.
ဒီလိုပဲ... အင်္ဂလိပ်စာမတတ်မြောက်နေတာကို စိတ်မညစ်ပါနဲ့... အင်္ဂလိပ်စာတတ်ချင်နေတာကိုမြတ်နိုးပါ။
.
.
ဒါကြောင့် အခြေခံရစ ပြန်သင်ရတာကို
ဝမ်းသာပါ။
လက်ခံပါ။
စတင်ပါ။
အခု ပြန်လုပ်ပါ။
.
နောက်တော့
Grammar,
Tense,
Conjunction,
Proposition,
Phrase,
Clause တို့အပြင် အရေးအသားတွေကို ကိုယ်တတ်တဲ့နည်းနဲ့ဖတ်ပါ။ အော်ဖတ်ပါ။ စာတန်းထိုးထားတဲ့ YouTube အင်တာဗျူးတွေကို အသံနဲ့အကိုက်လေ့လာပါ။ မသိရင်ရပ်ထား ပြန်ဖတ် ပြန်နားထောင်
အဘိဓာန်မှာရှာ . . ကျော်မသွားပါနဲ့။
.
.
ပိုကောင်းချင်ရင် သင့်မှာ တစ်ရက်ကို (၂) နာရီရှိရင် Facebook ကို ပိတ်ထားပါ။ တခြားလေ့လာစရာ - Learning Sources တစ်ခုခုကို ဖွင့်ထားပါ။ ဘေးမှာ Dictionary ချထားပါ။ နားကြပ်တပ်ပြီး အသံဖိုင်တွေနားထောင်ပါ။ ပထမပိုင်း ပါးစပ်လှုပ်တာကိုလိုက်ကြည့်ပြီး လိုက်ပြောပါ။
.
နောက်ပိုင်း ကျွမ်းလာရင် ပါးစပ်မကြည့်ပဲနဲ့ အသံဖိုင်တွေနားထောင်နိုင်ဖို့ Podcast ဖိုင် (https://play.google.com/store/apps/details…) အနှေးလေးတွေ စနားထောင်ပါ။ ပိုလိုက်မှီလာရင် နောက်ပိုင်း ပုံမှန် အမေရိကန်အသံတွေပါတဲ့ Podcast တွေ တစ်ဆင့်တက်နားထောင်ပါ။ (၁) လဆိုတာနဲ့ သိသာလာစေရမယ်။
.
.
အရင် Secret Group မှာ ပြောခဲ့တာလေးကို နှလုံးသားမှာထင်ကျန်ရစ်အောင်လို့ Public ဖွင့်လိုက်ပါတယ်။
.
.
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-13-2018

No comments: