ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, July 15, 2017

လိမၼာတဲ႕ သမီးေလး ရယ္

ေဆာင္းပါးရွင္ - ကုိညီညီ (ေတာင္ၾကီး)
.
" ယီးေလးေလ႕ ယီးေလ႕ယုိ ေတးသီခ်င္းေလးဆုိ
သမီးေလးငိုသံၾကားေနတယ္ေလ "

" ယီးေလးေလ႕ ယီးေလ႕ယုိ ေတးသီခ်င္းေလးဆုိ
သမီးေလးေခ်ာ႕ဖို႕လွည္႕ျပန္ျပီလား? "
.
. ငယ္ငယ္တုန္းက သမီးကိုခ်ီျပီးေခ်ာ႕သိပ္ရင္းဆိုခဲ႕တဲ႕ ကုိခင္ေမာင္တုိးသီခ်င္းက ကြ်န္ေတာ႕ရဲ႕အားနည္းခ်က္ကုိေထာက္ျပရင္း တစ္ခ်က္တစ္ခ်က္မွာ ရင္ဝကိုတက္ေဆာင္႕ပါတယ္။ အေဝးတစ္ေနရာဆီေရာက္ေနတဲ႕မိသားစုဝင္ေတြရဲ ႔အေျခအေနကလည္း သမီးကိုေခ်ာ႕ဖို႕ပ်က္ကြက္ေနတဲ႕ အေဖတစ္ေယာက္အျဖစ္ ဖန္တီးေပးထားတယ္။ ဒီေတာ႕ ကြ်န္ေတာ္ဘာလုပ္သလဲ? ေလာကဓံကုိ အျပစ္ပံုခ်ဖို႕ အၾကံရပါတယ္။
.
.
. ငယ္ငယ္ေလးကတည္းက သမီးဟာ ဗီဇေကာင္းတယ္။ သမီးဦးျဖစ္တာကတစ္ေၾကာင္း၊ ကြ်န္ေတာ္ကအအိပ္ဆတ္ေတာ႕ ခင္းႏွီးလဲတာ၊ ႏို႕ေဖ်ာ္တာဆုိ ညဘက္ၾကီးကြ်န္ေတာ္ပဲ ထေနက်။ ပင္ပင္ပန္းပန္းေမြးဖြားေပးခဲ႕တဲ႕ မီးေနသည္ခ်စ္ဇနီးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေပးအိပ္တယ္ေလ။
.
. ဘုစုခရုအရြယ္ကေန ေလးဘက္ေထာက္ ေတာက္ေတာက္သြားတဲ႕ေနာက္ ထမင္းေကြ်းရင္ သမီးက သူမၾကိဳက္တာဆုိ မစားပါဘူး။ ေနာက္ပိုင္းနားလည္လာတဲ႕အခါ အတင္းလုပ္ခုိင္းတာမွန္သမွ် . . သူမၾကိဳက္တာဆို ဘာမွမလုပ္ခဲ႔ဘူး။ သူမွန္တယ္ထင္တာကိုပဲ အၿမဲေရြးခ်ယ္လုပ္ေဆာင္ခဲ႔တယ္။ မၾကိဳက္တာကိုၾကိဳက္တယ္လို႕တစ္ခါမွမေျပာဘူး။ မလိမ္တတ္ဘူး။
.
.
. အဲဒီကေန မ်ိဳးေစ႕ခ်ခဲ႕တဲ႕ သမီးရဲ႕ မွန္ကန္စြာေရြးခ်ယ္တတ္မႈဟာ အခုလို နယ္ျခားေျမေဝးမွာ ပညာသင္ၾကားရတဲ႕အခါ ဒီဥာဥ္ေလးကပဲ သူ႕ကုိ သူလိုခ်င္တဲ႕အထြဋ္အထိပ္ကို ပို႕ေပးခဲ႕တယ္။ စားတာခ်င္းတူရင္ သူစားတဲ႔အစားအေသာက္က အရသာပိုေကာင္းတယ္။ သြားတာခ်င္းတူရင္ သူသြားတဲ႔ေနရာက ရႈခင္းပိုလွတယ္။ ေနာက္ဆံုး ဒီဇိုင္းဆြဲတာခ်င္းတူရင္ေတာင္ သူေတြးတာက အေရာင္ပိုလွက္ ပုိေတာက္ပျပီး အရုပ္ေလးေတြက ပုိမိုအသက္ဝင္လႈပ္ရွားတယ္ဆုိတာ သိလာရတယ္။

.
. ပညာရွင္တစ္ေယာက္ျဖစ္လာေအာင္ၾကိဳးစားေပးတာ သားသမီးက မိဘကို ကုန္က်ထားသမွ်ေငြေၾကး နဲ႕ ေမြးရ ေကြ်းရ အရာအားလံုးအတြက္ ေက်းဇူးဆပ္တာနဲ႕အတူတူပဲ လုိ႕ ကြ်န္ေတာ္ခံယူထားတယ္။ အခုလို အရြယ္ေရာက္၊ ေက်ာင္းတက္၊ ကမၻာ႕အဆင္႕မီတကၠသိုလ္တစ္ခုမွာဘြဲ႕ရ၊ ပညာတတ္တစ္ေယာက္ျဖစ္လာတဲ႔အခါမွာ သူ႔ရဲ ႔ငယ္ဘဝကို ဗိုလ္က်ခ်ယ္လွယ္ခဲ႔တဲ႔ ေလာကၾကီးက ဒီတစ္ၾကိမ္မွာေတာ႔ သူ႔အတြက္တရားမွ်တမႈေပးဖို႕ ကြၽန္ေတာ္လုိလားပါတယ္။
.
.
. ျမန္မာႏိုင္ငံမွာေက်ာင္းတက္တုန္းကသူငယ္ခ်င္းေတြနဲ႕ သူ႔ကိုျပန္္ေတြ႕ေစခ်င္တယ္။ ဂုဏ္ထူး (၅) ခုထြက္တယ္တဲ႔ေန႔ ဆယ္တန္းေအာင္စာရင္းသြားၾကည္႕တုန္းက ရင္ခုန္သံေလးေတြ သူငယ္ခ်င္းေတြၾကားမွာ ျပန္လည္ၾကားေယာင္ေနေစခ်င္တယ္။ အေဆာင္ေန၊ အတူစား၊ အတူသြား၊ အတူစာက်က္၊ အတူတူေရခ်ိဳးခန္းလုတုန္းကအေၾကာင္းေတြနဲ႕ သူတို႕ကုိ စကားေဖာင္ျပန္ဖြဲ႕ေစခ်င္တယ္။ သူ႕ကို အသစ္တစ္ဖန္ အသက္ျပန္ငယ္သြားေစခ်င္ပါတယ္။
.
. တစ္ျခားသူေတြေတာ႕မေျပာတတ္ဘူး . . ကိုယ့္ဟာကိုယ္လူလတ္ပိုင္းအရြယ္ဝင္လာတာကိုေမ႕ျပီး ဘယ္သူနဲ႕စကားေျပာေျပာ ကြ်န္ေတာ႕အသက္ကုိ (၂၇) ႏွစ္လို႕ အျမဲထင္ေနမိတယ္။ ဒါေၾကာင္႕ ကြ်န္ေတာ္ဟာ လူငယ္ေတြနဲ႕ တည္႕တယ္။ ေျပာဆုိေဆြးေႏြးလုိ႕ရတယ္။ ဒါကိုသိတဲ႕လူငယ္ေတြက ရည္မွန္းခ်က္ေတြအေၾကာင္း ကြ်န္ေတာ႕ကိုတုိင္ပင္တယ္။
.
.
. သမီး နဲ႕ သား တို႕ဟာလည္း ကြ်န္ေတာ႕အေပၚ ဒီလိုပြင္႕ပြင္႕လင္းလငး္ဆက္ဆံၾကတယ္။ အခက္အခဲျဖစ္မွလာေျပာမယ္႕အစား ဘယ္လိုရင္ဆိုင္ရင္ေကာင္းမလဲဆုိတာမ်ိဳး သူတို႕ ၾကိဳတင္ျပင္ဆင္ၾကတယ္။ မ်က္စိေရွ႕ေရာက္လာတဲ႕အရာမွန္သမွ် ေကာင္းေကာင္းဆိုးဆိုး ေရတစ္ဝက္ျဖည္႕ထားတဲ႕ဖန္ခြက္တစ္ခြက္လို အျပဳသေဘာေဆာင္ - Objective အျမင္ေရာ၊ ေကာင္းမယ္႕ေရွ႕ေရးကိုေမွ်ာ္မွန္းအေျဖထုတ္တတ္တဲ႕ - Optimistic စဥ္းစားဥာဏ္ေတြေရာ သမီးဆီမွာ စုျပံဳေတြ႕ရတယ္။
.
. ဒီေတာ႕ သမီးေရ . . ဒီတစ္ေခါက္ ျမန္မာႏိုင္ငံျပန္တဲ႕အခါ

တစ္ခါမွမျမင္ဖူးတဲ႕ျမင္ကြင္းကို ရွာေဖြပါ
တစ္ခါမွမၾကားဖူးတဲ႕ သတင္းစကားကုိ နားစြင္႕ပါ
တစ္ခါမွမရခဲ႕ဖူးတဲ႕ေမႊးရနံ႕ေလးကို နမ္းရႈပ္ပါ။
.
.
. တကယ္ေတာ႕ ေလာကၾကီးကုိေရာက္လာတဲ႕ လူသားတုိ႕ရဲ႕ ဧည္႕သည္ရင္ေသြးမွန္သမွ် အျမဲတမ္း ငိုေနၾကတာေတာ႕မဟုတ္ပါဘူး။
ေပ်ာ္တဲ႕အခါ ရယ္ေနမယ္
နာက်င္တဲ႕အခါ ငိုေၾကြးမယ္
ဆာေလာင္တဲ႕အခါ သေကၤတ ျပမယ္
ဒါဟာ အျမဲမွန္ေနတဲ႕ သဘာဝဇာတ္လမ္းတြဲရွည္ၾကီးလို႕ ေျပာရလိမ္႕မယ္ သမီးရယ္။
.
. ဒါေၾကာင္႕

" ေျမျပင္ေပၚမွာစြမ္းအားအျပည္႕နဲ႕
အခ်စ္ေရစင္မ်ား စီးကာ
ကမၻာၾကီးသာယာပါေစ
သီခ်င္းေလး ညည္း . . ေန . . တယ္ "

" ကမၻာေျမၾကီး ကမၻာၾကီး . . ရယ္
ၾကင္နာစြာ သင္႕ . . ရင္ မွာ
ငါ စြန္႕စားလို႕ ေက်းဇူး ဆပ္ . . ပါ႕ . . မယ္ " . . ဆိုတဲ႕

ဦးေက်ာ္ဟိန္း သီဆုိတဲ႕
ဆရာသုခမိန္လိႈင္စာသားထဲကလို
ေပးဆပ္သူမိဘတို႕ရဲ႕ ခိုင္မာတဲ႕ေက်ာက္ေဆာင္ႏွလံုးသားက
သံေယာဇဥ္ေရလိႈင္းစီးပုခက္သြယ္ေလးနဲ႔
သီဆိုေခ်ာ႕သိပ္လိုက္ပါတယ္။
ပညာရွင္ျဖစ္္ဖို႕က သမီးရဲ႕ ေနာက္ထပ္ဆင္႕ပြား တာဝန္ပါပဲ
လိမၼာတဲ႔ ခ်စ္သမီးေလး ရယ္ . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 07-14-2017
.
.
Unicode Version:
.
.
. " လိမ္မာတဲ့ သမီးလေး ရယ် "
.
" ယီးလေးလေ့ ယီးလေ့ယို တေးသီချင်းလေးဆို
သမီးလေးငိုသံကြားနေတယ်လေ "

" ယီးလေးလေ့ ယီးလေ့ယို တေးသီချင်းလေးဆို
သမီးလေးချော့ဖို့လှည့်ပြန်ပြီလား? "
.
. ငယ်ငယ်တုန်းက သမီးကိုချီပြီးချော့သိပ်ရင်းဆိုခဲ့တဲ့ ကိုခင်မောင်တိုးသီချင်းက ကျွန်တော့ရဲ့အားနည်းချက်ကိုထောက်ပြရင်း တစ်ချက်တစ်ချက်မှာ ရင်ဝကိုတက်ဆောင့်ပါတယ်။ အဝေးတစ်နေရာဆီရောက်နေတဲ့မိသားစုဝင်တွေရဲ ့အခြေအနေကလည်း သမီးကိုချော့ဖို့ပျက်ကွက်နေတဲ့ အဖေတစ်ယောက်အဖြစ် ဖန်တီးပေးထားတယ်။ ဒီတော့ ကျွန်တော်ဘာလုပ်သလဲ? လောကဓံကို အပြစ်ပုံချဖို့ အကြံရပါတယ်။
.
.
. ငယ်ငယ်လေးကတည်းက သမီးဟာ ဗီဇကောင်းတယ်။ သမီးဦးဖြစ်တာကတစ်ကြောင်း၊ ကျွန်တော်ကအအိပ်ဆတ်တော့ ခင်းနှီးလဲတာ၊ နို့ဖျော်တာဆို ညဘက်ကြီးကျွန်တော်ပဲ ထနေကျ။ ပင်ပင်ပန်းပန်းမွေးဖွားပေးခဲ့တဲ့ မီးနေသည်ချစ်ဇနီးကို နှစ်နှစ်ခြိုက်ခြိုက် ပေးအိပ်တယ်လေ။
.
. ဘုစုခရုအရွယ်ကနေ လေးဘက်ထောက် တောက်တောက်သွားတဲ့နောက် ထမင်းကျွေးရင် သမီးက သူမကြိုက်တာဆို မစားပါဘူး။ နောက်ပိုင်းနားလည်လာတဲ့အခါ အတင်းလုပ်ခိုင်းတာမှန်သမျှ . . သူမကြိုက်တာဆို ဘာမှမလုပ်ခဲ့ဘူး။ သူမှန်တယ်ထင်တာကိုပဲ အမြဲရွေးချယ်လုပ်ဆောင်ခဲ့တယ်။ မကြိုက်တာကိုကြိုက်တယ်လို့တစ်ခါမှမပြောဘူး။ မလိမ်တတ်ဘူး။
.
.
. အဲဒီကနေ မျိုးစေ့ချခဲ့တဲ့ သမီးရဲ့ မှန်ကန်စွာရွေးချယ်တတ်မှုဟာ အခုလို နယ်ခြားမြေဝေးမှာ ပညာသင်ကြားရတဲ့အခါ ဒီဉာဉ်လေးကပဲ သူ့ကို သူလိုချင်တဲ့အထွဋ်အထိပ်ကို ပို့ပေးခဲ့တယ်။ စားတာချင်းတူရင် သူစားတဲ့အစားအသောက်က အရသာပိုကောင်းတယ်။ သွားတာချင်းတူရင် သူသွားတဲ့နေရာက ရှုခင်းပိုလှတယ်။ နောက်ဆုံး ဒီဇိုင်းဆွဲတာချင်းတူရင်တောင် သူတွေးတာက အရောင်ပိုလှက် ပိုတောက်ပပြီး အရုပ်လေးတွေက ပိုမိုအသက်ဝင်လှုပ်ရှားတယ်ဆိုတာ သိလာရတယ်။
.
. ပညာရှင်တစ်ယောက်ဖြစ်လာအောင်ကြိုးစားပေးတာ သားသမီးက မိဘကို ကုန်ကျထားသမျှငွေကြေး နဲ့ မွေးရ ကျွေးရ အရာအားလုံးအတွက် ကျေးဇူးဆပ်တာနဲ့အတူတူပဲ လို့ ကျွန်တော်ခံယူထားတယ်။ အခုလို အရွယ်ရောက်၊ ကျောင်းတက်၊ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုမှာဘွဲ့ရ၊ ပညာတတ်တစ်ယောက်ဖြစ်လာတဲ့အခါမှာ သူ့ရဲ ့ငယ်ဘဝကို ဗိုလ်ကျချယ်လှယ်ခဲ့တဲ့ လောကကြီးက ဒီတစ်ကြိမ်မှာတော့ သူ့အတွက်တရားမျှတမှုပေးဖို့ ကျွန်တော်လိုလားပါတယ်။
.
.
. မြန်မာနိုင်ငံမှာကျောင်းတက်တုန်းကသူငယ်ချင်းတွေနဲ့ သူ့ကိုပြန််တွေ့စေချင်တယ်။ ဂုဏ်ထူး (၅) ခုထွက်တယ်တဲ့နေ့ ဆယ်တန်းအောင်စာရင်းသွားကြည့်တုန်းက ရင်ခုန်သံလေးတွေ သူငယ်ချင်းတွေကြားမှာ ပြန်လည်ကြားယောင်နေစေချင်တယ်။ အဆောင်နေ၊ အတူစား၊ အတူသွား၊ အတူစာကျက်၊ အတူတူရေချိုးခန်းလုတုန်းကအကြောင်းတွေနဲ့ သူတို့ကို စကားဖောင်ပြန်ဖွဲ့စေချင်တယ်။ သူ့ကို အသစ်တစ်ဖန် အသက်ပြန်ငယ်သွားစေချင်ပါတယ်။
.
. တစ်ခြားသူတွေတော့မပြောတတ်ဘူး . . ကိုယ့်ဟာကိုယ်လူလတ်ပိုင်းအရွယ်ဝင်လာတာကိုမေ့ပြီး ဘယ်သူနဲ့စကားပြောပြော ကျွန်တော့အသက်ကို (၂၇) နှစ်လို့ အမြဲထင်နေမိတယ်။ ဒါကြောင့် ကျွန်တော်ဟာ လူငယ်တွေနဲ့ တည့်တယ်။ ပြောဆိုဆွေးနွေးလို့ရတယ်။ ဒါကိုသိတဲ့လူငယ်တွေက ရည်မှန်းချက်တွေအကြောင်း ကျွန်တော့ကိုတိုင်ပင်တယ်။
.
.
. သမီး နဲ့ သား တို့ဟာလည်း ကျွန်တော့အပေါ် ဒီလိုပွင့်ပွင့်လင်းလငး်ဆက်ဆံကြတယ်။ အခက်အခဲဖြစ်မှလာပြောမယ့်အစား ဘယ်လိုရင်ဆိုင်ရင်ကောင်းမလဲဆိုတာမျိုး သူတို့ ကြိုတင်ပြင်ဆင်ကြတယ်။ မျက်စိရှေ့ရောက်လာတဲ့အရာမှန်သမျှ ကောင်းကောင်းဆိုးဆိုး ရေတစ်ဝက်ဖြည့်ထားတဲ့ဖန်ခွက်တစ်ခွက်လို အပြုသဘောဆောင် - Objective အမြင်ရော၊ ကောင်းမယ့်ရှေ့ရေးကိုမျှော်မှန်းအဖြေထုတ်တတ်တဲ့ - Optimistic စဉ်းစားဉာဏ်တွေရော သမီးဆီမှာ စုပြုံတွေ့ရတယ်။
.
. ဒီတော့ သမီးရေ . . ဒီတစ်ခေါက် မြန်မာနိုင်ငံပြန်တဲ့အခါ

တစ်ခါမှမမြင်ဖူးတဲ့မြင်ကွင်းကို ရှာဖွေပါ
တစ်ခါမှမကြားဖူးတဲ့ သတင်းစကားကို နားစွင့်ပါ
တစ်ခါမှမရခဲ့ဖူးတဲ့မွှေးရနံ့လေးကို နမ်းရှုပ်ပါ။
.
.
. တကယ်တော့ လောကကြီးကိုရောက်လာတဲ့ လူသားတို့ရဲ့ ဧည့်သည်ရင်သွေးမှန်သမျှ အမြဲတမ်း ငိုနေကြတာတော့မဟုတ်ပါဘူး။
ပျော်တဲ့အခါ ရယ်နေမယ်
နာကျင်တဲ့အခါ ငိုကြွေးမယ်
ဆာလောင်တဲ့အခါ သင်္ကေတ ပြမယ်
ဒါဟာ အမြဲမှန်နေတဲ့ သဘာဝဇာတ်လမ်းတွဲရှည်ကြီးလို့ ပြောရလိမ့်မယ် သမီးရယ်။
.
. ဒါကြောင့်

" မြေပြင်ပေါ်မှာစွမ်းအားအပြည့်နဲ့
အချစ်ရေစင်များ စီးကာ
ကမ္ဘာကြီးသာယာပါစေ
သီချင်းလေး ညည်း . . နေ . . တယ် "

" ကမ္ဘာမြေကြီး ကမ္ဘာကြီး . . ရယ်
ကြင်နာစွာ သင့် . . ရင် မှာ
ငါ စွန့်စားလို့ ကျေးဇူး ဆပ် . . ပါ့ . . မယ် " . . ဆိုတဲ့

ဦးကျော်ဟိန်း သီဆိုတဲ့
ဆရာသုခမိန်လှိုင်စာသားထဲကလို
ပေးဆပ်သူမိဘတို့ရဲ့ ခိုင်မာတဲ့ကျောက်ဆောင်နှလုံးသားက
သံယောဇဉ်ရေလှိုင်းစီးပုခက်သွယ်လေးနဲ့
သီဆိုချော့သိပ်လိုက်ပါတယ်။
ပညာရှင်ဖြစ််ဖို့က သမီးရဲ့ နောက်ထပ်ဆင့်ပွား တာဝန်ပါပဲ
လိမ္မာတဲ့ ချစ်သမီးလေး ရယ် . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 07-14-2017

No comments: