ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, April 28, 2019

အကၡရာစံုသူငယ္ခ်င္းမ်ားစြာ

ေဆာင္းပါးရွင္ - ကိုညီညီ (ေတာင္ၾကီး)
ကြ်န္ေတာ႕မွာသူငယ္ခ်င္းမ်ိဳးစံုရွိတယ္။ သူငယ္ခ်င္းတစ္မ်ိဳးစီက ကြ်န္ေတာ႕ကိုအတတ္ပညာတစ္ခုစီသင္ေပးတယ္။ ဒီအတြက္ေၾကာင္႕ အခြင္႕အေရးတစ္ခုရတုိင္း သူငယ္ခ်င္းတစ္မ်ိဳးစီကုိေက်းဇူးတင္ေနပါတယ္။ ဘာအခြင္႕မွမၾကံဳခဲ႕ရင္ေတာ႕ အြန္လိုင္းေပၚမွာစာေရးျပီးေက်းဇူးတင္လုိက္တယ္။

င သူငယ္ခ်င္းမ်ား
ငယ္ငယ္တုန္းကသူငယ္ခ်င္းေတြ ကြ်န္ေတာ္နဲ႕အဆက္အသြယ္ရွိတာသိပ္နည္းကုန္တယ္။ သူတုိ႕အလုပ္သူတို႕ရႈပ္ေနရံုမက ကြ်မ္းက်င္တဲ႕နယ္ပယ္ေတြကြာလာေတာ႕ ငယ္ငယ္တုန္းကသူငယ္ခ်င္းေတြဟာ ေဝးျမဲေဝးေနခဲ႕တယ္။

က သူငယ္ခ်င္းမ်ား
ေက်ာင္းေနဘက္သူငယ္ခ်င္းေတြထဲက အသက္အပိုင္းအျခား (၃) ပိုင္းထဲမွာ အုပ္စု (၄) စု ေလာက္ကြဲျပားတယ္။ အေပၚမွာေျပာခဲ႕သလို (၈) တန္းအထိေပါင္းခဲ႕တဲ႕ က သူငယ္ခ်င္းေတြနဲ႕ပုိေဝးကြာၾကတဲ႕အျပင္ (၉) တန္း (၁ဝ) တန္းက က သူငယ္ခ်င္းေတြနဲ႕ေတာ႕အနည္းငယ္အဆက္အသြယ္ရွိေသးတယ္။ ဒါေပမဲ႕ သက္တမ္းအရင္႕ဆံုးနဲ႕ ရင္႕က်က္မႈမရွိလာတဲ႕ က သူငယ္ခ်င္းေတြကို ေကာလိပ္မွာေတြ႕ခဲ႕တယ္။

သူတုိ႕ဟာသူတုိ႕ေခတ္ပညာတတ္ေတြျဖစ္တယ္ . . ပစၥည္းဥစၥာေတြျပည္႕စံုၾကတယ္ဆိုေပမဲ့ အခုလို အသက္ (၅ဝ) နားကပ္လာတဲ႕အထိ သားသမီးေတြေရွ႕မွာအရက္ေသာက္ျပေနတုန္း၊ သူငယ္ခ်င္းတစ္ေယာက္ကိုေတြ႕ရင္ ဝသေလး ပိန္သေလး နဲ႕ ငယ္က်ိဳးငယ္နာေဖာ္ေကာင္းေနၾကတုန္း။ ဒီ က သူငယ္ခ်င္းေတြနဲ႕လည္း ကြ်န္ေတာ္ေဝးေနပါတယ္။
လ သူငယ္ခ်င္းမ်ား
လုပ္ငန္းနဲ႕ပတ္သက္တဲ႕ စီးပြားကုန္သြယ္ဘက္ေတြထဲမွာ အက်ိဳးစီးပြားအေပၚမူတည္ျပီး လ သူငယ္ခ်င္းေတြရွိခဲ႕တယ္။ အထူးသျဖင္႕ လ သူငယ္ခ်င္းေတြဟာ တစ္ေယာက္ရဲ႕အားနည္းခ်က္ကုိေနာက္တစ္ေယာက္ကၾကည္႕ျပီး အငိုက္မွာ အျမတ္အစြန္းရွာတတ္ၾကတယ္။

ကုန္သည္အလုပ္ဆိုတာ ပိန္လိုက္ ေဖာင္းလုိက္ျဖစ္ေနတဲ႕ ေရႊေလွာ္ဖိုက ဖားဖိုလိုပဲ။ ကိုယ္ကေဖာင္းေနရင္ ေပါင္းမယ္႕သူကေပါမွေပါ။ ကိုယ္က ပိန္ေနရင္ ရွိန္တိန္တိန္နဲ႕ လိန္ဖယ္ လိန္ဖယ္ အနားနားကဖယ္ခြာသြားၾကတယ္။ ေလာကရဲ႕အထုအေထာင္းသင္ခန္းစာကို အျမဲသင္ၾကားေပးတဲ႕ လ သူငယ္ခ်င္းေကာင္းေတြ ကြ်န္ေတာ႕ရင္ထဲမွာရွိေနတုန္းပါပဲ။

အ သူငယ္ခ်င္းမ်ား
အြန္လိုင္းမွာေတြ႕ရတဲ႕သူငယ္ခ်င္းေတြဆုိေတာ႕ တစ္ေယာက္နဲ႕တစ္ေယာက္မဆံုဖူးေပမယ္႕ ခင္မင္ရင္းစြဲရွိၾကတယ္။ အထူးသျဖင္႕ ကြ်န္ေတာ႕စာေတြဖတ္ရင္း အျပန္အလွန္ေဆြးေႏြးၾက၊ တုိင္ပင္ၾက၊ အၾကံအဥာဏ္ယူၾက၊ ဘေလာ႕ဂ္စာမ်က္ႏွာမွာ ဝိုင္းဝန္းတိုင္ပင္ရင္ခုန္ၾက . . ဒီကာလေတြကို ျမတ္ႏိုးမိတယ္။ သူတို႕လည္း ဘေလာ႕ဂ္ေခတ္ကအရွိန္ေလ်ာ႕လာေတာ႕ အ သူငယ္ခ်င္းေတြ တစ္ေယာက္နဲ႕တစ္ေယာက္မသိေတာ႕တဲ႕အဆင္႕ကိုေရာက္လာၾကတယ္။

ဂ သူငယ္ခ်င္းမ်ား
ဂ်ာနယ္ဖတ္ျပီးကြ်န္ေတာ႕ကိုသိတဲ႕ ဂ သူငယ္ခ်င္းေတြကုိ ကြ်န္ေတာ္ကမသိပါ။ သူတို႕က ကြ်န္ေတာ႕ကိုတစ္ဖက္သတ္သိၾကတာ ပံုႏွိပ္ဂ်ာနယ္ရဲ႕အားနည္းခ်က္လို႕ကြ်န္ေတာ္ထင္တယ္။ ဒါေပမဲ႕ ဒီ ဂ သူငယ္ခ်င္းေတြက သစၥာရွိတယ္။ ကြ်န္ေတာ္နဲ႕အဆက္အသြယ္လုပ္လို႕မရေပမဲ႕ ကြ်န္ေတာ႕ေဆာင္းပါးပါတဲ႕ဂ်ာနယ္ကုိ အပတ္စဥ္ေငြေပးဝယ္ျပီး ဖတ္ရႈေပးၾကတယ္။ သူတို႕ကို အစဥ္အျမဲေလးစားလ်က္ပါ။

ဖ သူငယ္ခ်င္းမ်ား
ေဖ႕စ္ဘြတ္ခ္ ေပၚလာေတာ႕ ေဖ႕စ္ဘြတ္ခ္ေပၚမွာစာေရးေနတဲ႕ကြ်န္ေတာ႕ကုိ သူငယ္္ခ်င္း Request Send လာၾကတယ္။ တစ္ေယာက္ေရးတာကိုေနာက္တစ္ေယာက္ကဖတ္၊ ေနာက္တစ္ေယာက္ရဲ႕ေအာက္မွာ ေနာက္ထပ္တစ္ေယာက္ကမွတ္ခ်က္ေပးနဲ႕ အေတာ္ၾကီးကိုစည္ပင္တဲ႕ ဖ သူငယ္ခ်င္းမ်ားစြာရခဲ႕တယ္။

စရုိက္အမ်ိဳးမ်ိဳးနဲ႕ ဖ သူငယ္ခ်င္းေတြၾကားမွာ ကြ်န္ေတာ္မူးတယ္။ ေကာင္းတဲ႕အေၾကာင္းကုိေကာင္းသလိုေရးတာ ရွိတယ္။
မေကာင္းတဲ႕အေၾကာင္းကို ေကာင္းခ်င္ဟန္ေဆာင္ျပီးေရးတဲ႕ ဖ သူငယ္ခ်င္းရွိတယ္။ ဖ သူငယ္ခ်င္းတစ္ခ်ိဳ႕က ကြ်န္ေတာ္ေပးေဝေနက်အသိပညာေတြလက္ခံဖို႕လာတယ္။ တစ္ခ်ိဳ႕က သူတုိ႕သိထားတဲ႕အသိပညာေတြေဆြးေႏြးဖို႕ လာၾကတယ္။

ကြ်န္ေတာ္အင္တာဗ်ဴးခဲ႕တဲ႕ ဖ သူငယ္ခ်င္းေတြက သူတို႕သိထားတဲ႕အေၾကာင္းအရာေတြကို ရာႏႈန္းျပည္႕ရုိးရုိးသားသားေျပာျပၾကလို႕ ကြ်န္ေတာ္ေက်းဇူးတင္တယ္။ ဘယ္ ဖ သူငယ္ခ်င္းရဲ႕ေက်ာ္ၾကားမႈကိုမွ ကြ်န္ေတာ္ ဖေယာင္းတုိင္မီးမကူးပါဘူး။ သူတို႕သိထားတဲ႕ အသိပညာဦးေႏွာက္ကိုသာ ကြ်န္ေတာ္ ဖေယာင္းတုိင္မီးကူးပါတယ္။

စ သူငယ္ခ်င္းမ်ား
စာအုပ္ထုတ္မွစာေရးဆရာျဖစ္မယ္ဆိုရင္ ကြ်န္ေတာ႕မွာ စ သူငယ္ခ်င္းမရွိေသးပါဘူး။ အခ်ိန္တစ္ခ်ိန္ေရာက္လာရင္ အေပၚကေျပာခဲ႕တဲ႕ အကၡရာစံုသူငယ္ခ်င္းေတြအားလံုး ကြ်န္ေတာ႕ရဲ႕ စ သူငယ္ခ်င္းေတြျဖစ္လာခဲ႕မယ္ဆုိရင္ သိပ္ေကာင္းမွာပဲ။ ကြ်န္ေတာ္ေပးေနက်အတိုင္း အသိပညာေတြပါဝင္ဖို႕အာမခံပါတယ္။ ကြ်န္ေတာ႕ဆုေတာင္းျပည္႕ဝပါရေစေနာ္။

ဘ သူငယ္ခ်င္းမ်ား
ဘဝအတြက္ေပါင္းတဲ႕ ဘ သူငယ္ခ်င္းဟာ ကြ်န္ေတာ႕မွာ မ်ားမ်ားစားစားမရွိဘူး။ ေလွအဆင္း ျမင္းအတက္၊ ေယာက္်ားေဖာင္စီး မိန္းမမီးေန၊ ေပ်ာ္ရာမွာမေနရ ေတာ္ရာမွာေနေပးၾကတဲ႕ ေလာကဓံအတူခံစား ဘဝခရီးအတူသြားေနၾကတဲ႕ ကြ်န္ေတာ႕ခ်စ္ဇနီး၊ ခ်စ္သမီး နဲ႕ ခ်စ္သား တို႕ဟာ ကြ်န္ေတာ႕ရဲ႕ ဘ သူငယ္ခ်င္းမ်ားပါပဲ။

ခင္လ်က္
ကုိညီညီ (ေတာင္ၾကီး)
04-28-2019

Unicode Version:

“အက္ခရာစုံသူငယ်ချင်းများစွာ”
          ကျွန်တော့မှာသူငယ်ချင်းမျိုးစုံရှိတယ်။ သူငယ်ချင်းတစ်မျိုးစီက ကျွန်တော့ကိုအတတ်ပညာတစ်ခုစီသင်ပေးတယ်။ ဒီအတွက်ကြောင့် အခွင့်အရေးတစ်ခုရတိုင်း သူငယ်ချင်းတစ်မျိုးစီကိုကျေးဇူးတင်နေပါတယ်။ ဘာအခွင့်မှမကြုံခဲ့ရင်တော့ အွန်လိုင်းပေါ်မှာစာရေးပြီးကျေးဇူးတင်လိုက်တယ်။

င သူငယ်ချင်းများ
          ငယ်ငယ်တုန်းကသူငယ်ချင်းတွေ ကျွန်တော်နဲ့အဆက်အသွယ်ရှိတာသိပ်နည်းကုန်တယ်။ သူတို့အလုပ်သူတို့ရှုပ်နေရုံမက ကျွမ်းကျင်တဲ့နယ်ပယ်တွေကွာလာတော့ ငယ်ငယ်တုန်းကသူငယ်ချင်းတွေဟာ ဝေးမြဲဝေးနေခဲ့တယ်။

က သူငယ်ချင်းများ
          ကျောင်းနေဘက်သူငယ်ချင်းတွေထဲက အသက်အပိုင်းအခြား (၃) ပိုင်းထဲမှာ အုပ်စု (၄) စု လောက်ကွဲပြားတယ်။ အပေါ်မှာပြောခဲ့သလို (၈) တန်းအထိပေါင်းခဲ့တဲ့ က သူငယ်ချင်းတွေနဲ့ပိုဝေးကွာကြတဲ့အပြင် (၉) တန်း (၁ဝ) တန်းက က သူငယ်ချင်းတွေနဲ့တော့အနည်းငယ်အဆက်အသွယ်ရှိသေးတယ်။ ဒါပေမဲ့ သက်တမ်းအရင့်ဆုံးနဲ့ ရင့်ကျက်မှုမရှိလာတဲ့ က သူငယ်ချင်းတွေကို ကောလိပ်မှာတွေ့ခဲ့တယ်။

          သူတို့ဟာသူတို့ခေတ်ပညာတတ်တွေဖြစ်တယ် . . ပစ္စည်းဥစ္စာတွေပြည့်စုံကြတယ်ဆိုပေမဲ့ အခုလို အသက် (၅ဝ) နားကပ်လာတဲ့အထိ သားသမီးတွေရှေ့မှာအရက်သောက်ပြနေတုန်း၊ သူငယ်ချင်းတစ်ယောက်ကိုတွေ့ရင် ဝသလေး ပိန်သလေး နဲ့ ငယ်ကျိုးငယ်နာဖော်ကောင်းနေကြတုန်း။ ဒီ က သူငယ်ချင်းတွေနဲ့လည်း ကျွန်တော်ဝေးနေပါတယ်။

လ သူငယ်ချင်းများ
          လုပ်ငန်းနဲ့ပတ်သက်တဲ့ စီးပွားကုန်သွယ်ဘက်တွေထဲမှာ အကျိုးစီးပွားအပေါ်မူတည်ပြီး လ သူငယ်ချင်းတွေရှိခဲ့တယ်။ အထူးသဖြင့် လ သူငယ်ချင်းတွေဟာ တစ်ယောက်ရဲ့အားနည်းချက်ကိုနောက်တစ်ယောက်ကကြည့်ပြီး အငိုက်မှာ အမြတ်အစွန်းရှာတတ်ကြတယ်။

           ကုန်သည်အလုပ်ဆိုတာ ပိန်လိုက် ဖောင်းလိုက်ဖြစ်နေတဲ့ ရွှေလှော်ဖိုက ဖားဖိုလိုပဲ။ ကိုယ်ကဖောင်းနေရင် ပေါင်းမယ့်သူကပေါမှပေါ။ ကိုယ်က ပိန်နေရင် ရှိန်တိန်တိန်နဲ့ လိန်ဖယ် လိန်ဖယ် အနားနားကဖယ်ခွာသွားကြတယ်။ လောကရဲ့အထုအထောင်းသင်ခန်းစာကို အမြဲသင်ကြားပေးတဲ့ လ သူငယ်ချင်းကောင်းတွေ ကျွန်တော့ရင်ထဲမှာရှိနေတုန်းပါပဲ။

အ သူငယ်ချင်းများ
          အွန်လိုင်းမှာတွေ့ရတဲ့သူငယ်ချင်းတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မဆုံဖူးပေမယ့် ခင်မင်ရင်းစွဲရှိကြတယ်။ အထူးသဖြင့် ကျွန်တော့စာတွေဖတ်ရင်း အပြန်အလှန်ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ အကြံအဉာဏ်ယူကြ၊ ဘလော့ဂ်စာမျက်နှာမှာ ဝိုင်းဝန်းတိုင်ပင်ရင်ခုန်ကြ . . ဒီကာလတွေကို မြတ်နိုးမိတယ်။ သူတို့လည်း ဘလော့ဂ်ခေတ်ကအရှိန်လျော့လာတော့ အ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်မသိတော့တဲ့အဆင့်ကိုရောက်လာကြတယ်။

ဂ သူငယ်ချင်းများ
          ဂျာနယ်ဖတ်ပြီးကျွန်တော့ကိုသိတဲ့ ဂ သူငယ်ချင်းတွေကို ကျွန်တော်ကမသိပါ။ သူတို့က ကျွန်တော့ကိုတစ်ဖက်သတ်သိကြတာ ပုံနှိပ်ဂျာနယ်ရဲ့အားနည်းချက်လို့ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီ ဂ သူငယ်ချင်းတွေက သစ္စာရှိတယ်။ ကျွန်တော်နဲ့အဆက်အသွယ်လုပ်လို့မရပေမဲ့ ကျွန်တော့ဆောင်းပါးပါတဲ့ဂျာနယ်ကို အပတ်စဉ်ငွေပေးဝယ်ပြီး ဖတ်ရှုပေးကြတယ်။ သူတို့ကို အစဉ်အမြဲလေးစားလျက်ပါ။

ဖ သူငယ်ချင်းများ
          ဖေ့စ်ဘွတ်ခ် ပေါ်လာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာစာရေးနေတဲ့ကျွန်တော့ကို သူငယ််ချင်း Request Send လာကြတယ်။ တစ်ယောက်ရေးတာကိုနောက်တစ်ယောက်ကဖတ်၊ နောက်တစ်ယောက်ရဲ့အောက်မှာ နောက်ထပ်တစ်ယောက်ကမှတ်ချက်ပေးနဲ့ အတော်ကြီးကိုစည်ပင်တဲ့ ဖ သူငယ်ချင်းများစွာရခဲ့တယ်။

          စရိုက်အမျိုးမျိုးနဲ့ ဖ သူငယ်ချင်းတွေကြားမှာ ကျွန်တော်မူးတယ်။ ကောင်းတဲ့အကြောင်းကိုကောင်းသလိုရေးတာ ရှိတယ်။
မကောင်းတဲ့အကြောင်းကို ကောင်းချင်ဟန်ဆောင်ပြီးရေးတဲ့ ဖ သူငယ်ချင်းရှိတယ်။ ဖ သူငယ်ချင်းတစ်ချို့က ကျွန်တော်ပေးဝေနေကျအသိပညာတွေလက်ခံဖို့လာတယ်။ တစ်ချို့က သူတို့သိထားတဲ့အသိပညာတွေဆွေးနွေးဖို့ လာကြတယ်။

          ကျွန်တော်အင်တာဗျူးခဲ့တဲ့ ဖ သူငယ်ချင်းတွေက သူတို့သိထားတဲ့အကြောင်းအရာတွေကို ရာနှုန်းပြည့်ရိုးရိုးသားသားပြောပြကြလို့ ကျွန်တော်ကျေးဇူးတင်တယ်။ ဘယ် ဖ သူငယ်ချင်းရဲ့ကျော်ကြားမှုကိုမှ ကျွန်တော် ဖယောင်းတိုင်မီးမကူးပါဘူး။ သူတို့သိထားတဲ့ အသိပညာဦးနှောက်ကိုသာ ကျွန်တော် ဖယောင်းတိုင်မီးကူးပါတယ်။

စ သူငယ်ချင်းများ
          စာအုပ်ထုတ်မှစာရေးဆရာဖြစ်မယ်ဆိုရင် ကျွန်တော့မှာ စ သူငယ်ချင်းမရှိသေးပါဘူး။ အချိန်တစ်ချိန်ရောက်လာရင် အပေါ်ကပြောခဲ့တဲ့ အက္ခရာစုံသူငယ်ချင်းတွေအားလုံး ကျွန်တော့ရဲ့ စ သူငယ်ချင်းတွေဖြစ်လာခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ကျွန်တော်ပေးနေကျအတိုင်း အသိပညာတွေပါဝင်ဖို့အာမခံပါတယ်။ ကျွန်တော့ဆုတောင်းပြည့်ဝပါရစေနော်။

ဘ သူငယ်ချင်းများ
          ဘဝအတွက်ပေါင်းတဲ့ ဘ သူငယ်ချင်းဟာ ကျွန်တော့မှာ များများစားစားမရှိဘူး။ လှေအဆင်း မြင်းအတက်၊ ယောက်ျားဖောင်စီး မိန်းမမီးနေ၊ ပျော်ရာမှာမနေရ တော်ရာမှာနေပေးကြတဲ့ လောကဓံအတူခံစား ဘဝခရီးအတူသွားနေကြတဲ့ ကျွန်တော့ချစ်ဇနီး၊ ချစ်သမီး နဲ့ ချစ်သား တို့ဟာ ကျွန်တော့ရဲ့ ဘ သူငယ်ချင်းများပါပဲ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-28-2019



No comments: